← Chapters

နဂါးနှင့်ကျား ... ။

Vol. 9 Ch. 110

နဂါးနှင့်ကျား ... ။

Vol. 9 Ch. 110

“ စီနီယာအစ်ကို၊ ချင်းဖန်ဆီက နောက်ထပ် စာတစ်စောင်လာတယ်။ ”

မင်ယွဲ့မှ စာတစ်စောင်ကို ကိုင်လျက် ဝင်ရောက်လာသည်။ ကူချန်က စားပွဲခုံတွင် ပုံအချို့ ရေးဆွဲနေချိန်ဖြစ်၏။

ချင်းဖန်ထံမှ ပထမဆုံးစာကို လက်ခံရရှိခဲ့သည်မှာ လွန်ခဲ့သော(၁၅)ရက်က ဖြစ်သည်။ ကူချန်က စာကို ယူလိုက်သည်။

မင်ယွဲ့မှ ကျောက်စားပွဲပေါ်ရှိ ကူချန်ရေးထားသော ပုံစံများ သတိထားမိကာ ကောက်ကိုင်ကြည့်ရှုလိုက်၏။

( စီနီယာအစ်ကို ... မင်း ပြန်ရောက်နေပြီလား ငါမသိဘူး ... ငါကတော့ ဟဲရှလမ်းမှာ ရှိနေတုန်းပါပဲ အရင်တုန်းက ဒီဒေသကို မရောက်ဖူးတော့ ...

... အခြေအနေဘယ်လိုရှိလဲ မသိဘူး ... အခုချိန်မှာတော့ တောင်တန်းတွေ စိမ်းစိုနေပြီး စမ်းချောင်းတွေက ကြည်လင်နေတယ် လွန်ခဲ့တဲ့ နှစ်တွေက ဒီဒေသမှာ မိုးခေါင်မှုဒဏ်ကို ခံစားခဲ့ရတယ်ဆိုတာတောင် ...

... တွေးကြည့်လို့မရဘူး ... လက်ရှိ ဟဲရှလမ်းတစ်လျှောက်မှာတော့ ရွာအများစုကို စွန့်ပစ်ထားပြီး အပျက်အစီးတွေသာ ကျန်ရှိတော့တယ် ...

... ပေါင်းပင်တွေ ထူထပ်ပြီး တိတ်ဆိတ်လွန်းတယ် ... သဘာဝတရားကြီးရဲ့ အငွေ့အသက်တွေရတယ်။ )

ထိုအရပ်သည် ဖူစုနိုင်ငံတစ်ခုလုံး၏ လူဦးရေအထူထပ်ဆုံးနေရာ ဖြစ်ခဲ့သော်လည်း ယခုအချိန်၌ ဆိတ်သုဉ်းသွားပုံပေပင်။ ကူချန်မှ သက်ပြင်းချလိုက်၏။

( စီနီယာအစ်ကို မင်းပြောဖူးတာကြောင့် လမ်းတစ်လျှောက်လုံးမှာ သွေးဝိညာဉ်ဂိုဏ်းကို ငါသတိထားခဲ့တယ် ... သူတို့က သူတို့အပေါ် ယုံကြည်သူတွေကို စုဆောင်းဖို့အတွက် ...

... အရမ်း စိတ်အားထက်သန်နေတယ် သူတို့နဲ့အတူ ဟဲရှလမ်းကို ပြောင်းရွှေ့နေထိုင်ဖို့ လူစိမ်းတွေအပေါ် ဖိတ်ခေါ်ကြတယ် ဒါကြောင့် ဟဲရှလမ်းတစ်လျှောက်မှာ ...

... သွေးဝိညာဉ်ဂိုဏ်းဝင်တွေနဲ့ ပြည့်နှက်နေပြီ ဒီကဓားပြတွေတောင် သူတို့ကို ထိပ်တိုက်ရင်ဆိုင်ဖို့ မဝံ့ရဲကြဘူး ... သူတို့ရဲ့ ဂိုဏ်းဝင်အင်အားက တော်တော် ကြီးထွားလာနေပြီ ...

... ဒီလိုသာ ဆက်ဖြစ်နေရင် ဟဲရှလမ်းတစ်ခုလုံးကို သွေးဝိညာဉ်ဂိုဏ်းက သိမ်းပိုက်သွားနိုင်တယ် ...

... စီနီယာအစ်ကို ဒီလူတွေက လူ့သွေးကိုစုဆောင်းဖို့ ပစ်မှတ်ထားနေတယ် ... ဟဲရှလမ်းက သူတို့ရဲ့ အုတ်မြစ်ဖြစ်နိုင်မယ်။ )

အကြောင်းအရာသည် ဤနေရာတွင် အဆုံးသတ်သွားသည်။ ကူချန်က စာရွက်ကို စားပွဲပေါ်တင်လိုက်၏။

သွေးဝိညာဉ်ဂိုဏ်း၏ အရေးကိစ္စသည် စဉ်းစားသင့်သည့်အရာမျိုး မဟုတ်ချေ။ သေမျိုး နိုင်ငံများတွင် ၎င်းတို့သည် အမြဲတမ်း ရှင်သန်နေထိုင်တတ်သည်။

ထို့ကြောင့် ခရမ်းရောင်နေမင်းနယ်ပယ် ကျင့်ကြံသူပင် အမြစ်ဖြတ်နိုင်မည် မဟုတ်ချေ။ အနိမ့်ဆုံး စင်ကြယ်ခြင်းနယ်ပယ်ရှိ ကျင့်ကြံသူသာ တာဝန်ယူနိုင်မည်။

ယခင် သူ သတ်ပစ်ခဲ့သော ယွမ်ဖူနယ်ပယ်ကျင့်ကြံသူသည် သွေးဝိညာဉ် ဂိုဏ်း၌ ငါးသေးသေးလေးမျှသာဖြစ်၏။

ကလဲ့စားချေခြင်း အတွက်မူ ပြောစရာမရှိချေ။ သွေးဝိညာဉ်ဂိုဏ်းသည် ထိုအမှုကို လစ်လျူရှုထားသည်။

ရွှမ်လင်ကုန်းမြေကြီးသည် လူသားမျိုးနွယ်စု၏ ဗဟိုဒေသကြီးဖြစ်သည်။ ထင်ပေါ်လာသည်နှင့်အမျှ အာရုံစိုက်မှုများ ခံရမည်ဖြစ်၏။

ထို့ကြောင့် သွေးဝိညာဉ်ဂိုဏ်းသည်သာ ကလဲ့စားချေရန် ကြိုးစားနေပါက လူတိုင်း၏ ပစ်မှတ်ဖြစ်လာပေမည်။

“ စီနီယာအစ်ကို ... မင်းဘာပုံဆွဲထားတာလဲ။ ”

“ အဂ္ဂိရတ်မီးဖို ... ။ ”

“ ဒါအဂ္ဂိရတ်မီးဖိုလား ... ။ ”

“ ဟုတ်တယ် ... ငါဆေးလုံးတွေကို လေဟာနယ်ထဲမှာ သန့်စင်နေရတာ ဒါက စွမ်းအင်ကို ဖြုန်းတီးရာရောက်တယ်။ ”

ထိုအရာသည် ဝိညာဉ်စွမ်းအင်နှင့် ဆေးအာနိသင်များကိုပင် များစွာဖြုန်းတီးစေ၏။ အရေအတွက်များစွာ ဖော်စပ်လိုသော် ထိုနည်းလမ်းသည် အဆင်မပြေချေ။

လက်ရှိအချိန်၌ သတ္တမတန်းအဆင့် ဆေးပြားများကိုပင် သန့်စင်နိုင်နေပြီဖြစ်သည်။ ထို့အတွက် သန့်စင်ချိန်ပိုကြာပြီး ဆေးဖက်ဝင် အပင်များ၏ အာနိသင်ကို ပေါင်းရာတွင်လည်း အချိန်ပေးလာရသည်။

ဆိုလိုသည်မှာ အဆင့်မြင့် ဆေးပြားများအတွက် သန့်စင်ရန်လိုအပ်သော အဆင့်မှာ များပြားလာခြင်းပေပင်။

လေဟာနယ်အတွင်း သတ္တမတန်း ဆေးပြားများကို လက်ရှိခွန်အားဖြင့် သန့်စင်ရန် မဖြစ်နိုင်တော့ချေ။ စွမ်းအင်ကို စဉ်ဆက်မပြတ် ကျွေးမွေးရသော မီးတောက်အမျိုးအစားများ လိုအပ်လာချေပြီ။

ထို့ကြောင့် အဂ္ဂိရတ်မီးဖိုတစ်လုံး သွန်းလုပ်ရန် စိတ်ကူးရလာ၏။ ထိုမီးဖိုပေါ်၌ ဝိညာဉ်စွမ်းအင်စုစည်းခြင်းအစီရင် ကိုလည်း ရေးထွင်းရန် စိတ်ကူးထားသည်။

အဂ္ဂိရတ်မီးဖိုအပြင် နောက်ထပ် လိုအပ်ချက်နှစ်ခု ရှိသေးသည်။ ယင်းသည် ဆန်းကြယ်မီးတောက်နှင့် သန့်စင်သော ဝိညာဉ်ဖြစ်၏။

ဆန်းကြယ်သောမီးတောက်သည် နားလည်ရန်လွယ်ကူသည်။ ဤကမ္ဘာပေါ်တွင် မီးတောက်ပေါင်း ထောင်နှင့်ချီရှိပြီး အများစုမှာ သဘာဝအတိုင်း ဖြစ်လာကြသည်။

ထိုသို့သော သဘာဝတရားဖြင့် မွေးဖွားကြီးပြင်းလာသော မီးတောက်များကို ဆန်းကြယ်မီးတောက်ဟု ခေါ်၏။။

ဥပမာအားဖြင့် လောင်မြိုက်ခြင်းခံရသော် ရေခဲကဲ့သို့အေးစက်နေခဲ့သည့် ရေခဲမီးတောက်၊ အပြာရောင်ကြာပန်းမီးတောက်တို့ ဖြစ်သည်။

ထို့ပြင် ကမ္ဘာမြေကြီး၏ ဗဟိုမှ ထွက်ပေါ်လာသော သွေးမီးတောက်နှင့် သာမန် မျက်စိဖြင့် မမြင်ရသော နှလုံးသားမီးတောက် စသည်တို့လည်း ရှိသေး၏။

ဆိုလိုသည်မှာ ထူးဆန်းသော သဘာဝတရားဖြင့် မွေးဖွားလာသည့် မီးတောက် မှန်သမျှတို့သည် ဆန်းကြယ်သော မီးတောက်ပေပင်။

နတ်ဆိုးသားရဲများရှိ မွေးရာပါ မီးတောက်များနှင့် တန်ခိုးရှင်များမှ ဖန်တီးသော မီးတောက်များသည်လည်း ထိုအမျိုးအစား အတွင်း ပါဝင်သည်။

သန့်စင်သော ဝိညာဉ်သည် အပင်များနှင့်တိရစ္ဆာန်များ၏ ဝိညာဉ်ဟုလည်း ခေါ်သည်။ ၎င်းသည် ကောင်းကင်နှင့်မြေကြီးမှ မွေးဖွားလာသော သဘာဝရတနာဖြစ်၏။

ဤအရာများသည် ဆန်းကြယ်မီးတောက်များထက်များစွာ အဖိုးတန်သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့တွင် အနှစ်သာရများပါဝင်၏။

ထို့ကြောင့် ဆေးပြားများ၏ အရည်အသွေးများနှင့် အောင်မြင်မှုနှုန်းအပေါ် မြှင့်တင်ပေးနိုင်သည်။ မင်ယွဲ့က သူ့လက်ထဲရှိ ရှုပ်ထွေးသောအစီရင်ပုံစံများကိုကြည့်ပြီး၊

“ စီနီယာအစ်ကို ဒါမင်းပြောတဲ့ ဆေးမီးဖိုပုံစံလား။ ”

“ အင်း ... ။ ”

ကူချန်မှ ခေါင်းညိတ်ကာ စာရွက်ကို ကောက်ယူကြည့်သည်။ သန့်စင်ခြင်း ကိရိယာ များကို ပြုလုပ်ရာတွင် စည်းမျဉ်းနှင့်ပုံသဏ္ဍန် သတ်မှတ်ချက် မရှိချေ။

ကြည့်ကောင်းအောင် လုပ်ယူခြင်းသည် သွန်းလုပ်သူ၏ စိတ်ကူးသာဖြစ်၏။ အချို့သော စက္ခုပသာဒရှိနေခြင်းသည် ကြည်နူးသည့် ခံစားချက်မျိုး ပေးစွမ်းနိုင်၏။ ။

ဤနည်းဖြင့် ထိုသူသည် စိတ်ခံစားချက် ကောင်းမွန်လာပြီးနောက် အဂ္ဂိရတ်လုပ်ငန်းစဉ်၌ အောင်မြင်မှုနှုန်း တိုးလာမည်ဖြစ်သည်။

အစီရင်ပုံစံထံ ကြည့်နေရာမှ ရုတ်တရက် တစ်စုံတစ်ရာကို သတိထားမိသွားကာ ဖူစုနိုင်ငံ မြောက်အရပ်သို့ မော့ကြည့်လိုက်သည်။

( လာပြီလား ... ။ )

“ ဧည့်သည်တချို့လာနေပြီ၊ ငါသွားပြီးတော့ ဧည်ခံပေးမယ် မင်းဒီမှာနေခဲ့။ ”

“ ဝှစ် ... ။ ”

စကားဆုံးသည်နှင့် ကူချန်တစ်ယောက် ထိုင်နေရာမှ ပျောက်ကွယ်သွားသည်။ ဆေးမီးဖို ပုံစံစာရွက်နှင့် ချင်းဖန်မှ ပေးပို့ထားသည့် စာရွက်သည်သာကျန်ရစ်၏။

***

မြောက်ဘက် မိုးကုပ်စက်ဝိုင်းမှနေ၍ လင်းရင်တောင်ဆီသို့ လူရိပ်သုံးရိပ် ပျံသန်းလာ နေသည်။ အမျိုးသမီးမှ မျက်မှောင်ကြုတ်လျက်၊

“ ဒီလို ဝေးလံခေါင်သီလွန်းတဲ့အရပ်မှာ တကယ်ပဲ ယွမ်ဖူနယ်ပယ် တစ်စုံတစ်ယောက် ရှိနေတာလား။ ”

-ဟု ညည်းတွားလိုက်၏။

သူ့ဘေးရှိ အဘိုးအိုက၊

“ ရှန်ရှင်းနယ်ပယ်ကနေ ယွမ်ဖူနယ်ပယ် တက်ရောက်ဖို့ဆိုတာ အရင်းအမြစ် မလိုအပ်ဘူး အရည်အချင်းပေါ်မူတည်ပြီး ရောက်နိုင်တယ် ... ယွမ်ဖူနယ်ပယ်ကို ကျော်လွန်ချင်မှသာ အရင်းအမြစ်တွေ လိုအပ်လာမယ်။ ”

-ဟု ထောက်ပြလိုက်သည်။

“ မှန်တယ် ... ပြီးတော့ ယွမ်ဖူနယ်ပယ် ကျင့်ကြံသူတွေက ဒီနေရာမျိုးမှာ တစ်သက်လုံး မနေဘူး ... အများစုက ပြင်ပကမ္ဘာကို စူးစမ်းလေ့လာဖို့ ခရီးထွက်ကြတယ်။ ”

တာအိုအဖိုးအိုမှ ခေါင်းညိတ်ကာ မှတ်ချက်ဝင်ပေးသည်။ အမျိုးသမီးအကြည့်များ အေးစက်လာ၏။ အဖိုးအိုက၊

“ တောင်ဘက်ဒေသကြီးဆီကို မင်း နက်နက်ရှိုင်းရှိုင်း တိုးဝင်သွားရင် လူသားမျိုးနွယ် ဗဟိုနယ်မြေကိုရောက်လိမ့်မယ် ...

... ဒါကြောင့် ဒီဒေသက ခေါင်သီတယ် ထင်ရပေမယ့် လူသားမျိုးနွယ်ရဲ့ ဗဟိုဒေသကြီး ဖြစ်နေတာမို့ ... ယွမ်ဖူတစ်ယောက်ရှိနေတာ သာမန်ပါပဲ ...

... ဒီဒေသလေးမှာ လျှို့ဝှက်နယ်မြေနဲ့ အန္တရာယ်ဇုန်ကြီးတွေ မရှိဘူး ... အရင်းအမြစ် ရှားပါးတယ် ... ဒါကြောင့် ယွမ်ဖူနယ်ပယ် ကျင့်ကြံသူတစ်ဦး ရှိနေတာက ...

... သူ့မွေးရပ်မြေကို ပြန်လာတဲ့ အဖိုးကြီးတွေရဲ့ လမ်းပြမှုကို ခံရထားဖို့များတယ် အဲဒီအဖိုးကြီးတွေက ကောက်ကျစ်ပြီး အရမ်း အန္တရာယ်များတယ် သတိထားပါ။ ”

-ဟု ပြောကြားလိုက်သည်။

ထိုစကားကြောင့် အမျိုးသမီးက လှောင်ပြုံးများဖြင့်၊

“ ဒါဆို ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ရပြီ။ ”

-ဟု တုန့်ပြန်၏။

သူမသည် မြောက်ပိုင်းရှိ ပစ်မှတ်များသာ တာဝန်ယူပြီး တောင်ပိုင်းကို အထင်သေးသည်။ ယခုမူ ထိုအရပ်၌ အရည်အချင်းရှိသူအချို့ ပုန်းအောင်းနေပုံပေပင်။

“ စိတ်ဝင်စားစရာပဲ ... ။ ”

***

All Chapters