တိုက်ပွဲ ... ။
Vol. 9 Ch. 112
“ ဘယ်သူလဲ ... ။ ”
အမျိုးသမီးက ဦးစွာ လှည့်ကြည့်သည်။ သန့်ရှင်းတောက်ပနေသော တာအိုဝတ်လုံဖြင့် လက်နှစ်ဖက်နောက်ပို့ထားသော လူငယ် တစ်ယောက် လှမ်းထွက်လာ၏။
“ ချောလိုက်တာ ... ။ ”
အမျိုးသမီးမှ မျက်ခုံးပင့်လိုက်စဉ် တာအိုအဖိုးအိုမှ တိုက်ခိုက်ရန် အသင့်ပြင်လိုက် တော့၏။ ခန္ဓာကိုယ်ဖောင်းကားလျက် ပါးမို့များ ပြည့်လျှံလာသည်။ ဖားပြုတ်ခန္ဓာကိုယ်ပေပင်။
“ သတိထား ... ဒါပစ်မှတ်ပဲ။ ”
ဗေဒင်အဖိုးအိုမှ သတိပေးလိုက်သည်။ ဤမတိုင်မီ အလုပ်ရှင်ထံမှ ထိုလူငယ်အသွင်ကို မြင်ဖူးထား၏။ ထို့ကြောင့် ပစ်မှတ်သည် သူတို့ရှေ့ ရောက်ရှိလာခဲ့သည်မှာ ကောင်းလှသည် မဟုတ်ချေ။
“ ဝူး ... ။ ”
သုံးယောက်သား တိုင်ပင်မထားဘဲ တပြိုင်နက်တည်း တိုက်ခိုက်ရန်ပြင်လိုက်၏။ တာအိုအဖိုးအိုသည် ဖောင်းကားနေသော ခန္ဓာကိုယ်ဖြင့် ပျံသန်းသွားသည်။
“ ဖွီး ... ။ ”
တစ်ဆက်တည်းမှာပင် ပါးမို့များ တုန်ခါလျက် အစိမ်းရောင် အဆိပ်ရည်များဖြင့် ထွေးထုတ်လိုက်၏။
ကူချန်မှ မျက်မှောင်ကြုတ်လျက် ခြေတစ်လှမ်းဆုတ်သည်။ ခန္ဓာကိုယ်တစ်ဝိုက် ပိုးစုန်းကြူးကဲ့သို့ အလင်းမှုန်များ ရစ်သိုင်းပြီး စက်ဝိုင်းအသွင် ဖြစ်တည်လာ၏။
ဝိညာဉ်စွမ်းအင်များသည် သတ်မှတ်ထားသော လမ်းကြောင်းများအတိုင်း ရွေ့လျားကာ နံရံတစ်ချပ်လို အဆိပ်ရည်များကို ဟန့်တားပေးတော့သည်။
“ ဗွမ်း ... ။ ”
အစိမ်းပုတ်ရောင် အဆိပ်ရည်များသည် ကျယ်လောင်သောအသံနှင့် အလင်းစက်ဝန်းထံ ထိမှန်သွား၏။
အလင်းစက်ဝန်းသည် သာမန်မျက်စိဖြင့် မြင်နိုင်သောအလျင်နှင့် တိုက်စားခြင်း ခံလိုက်ရ ချေပြီ။ သို့သော် ဝိညာဉ်စွမ်းအင်များမှ ပြန်လည် ကုစားသွား၏။
ထိုမြင်ကွင်းကြောင့် ဖားပြုတ်အဖိုးအိုက ဒေါသထွက်လာသည်။ ဤအဆိပ်ရည်များသည် အလွန်အစွမ်းထက်ပြီး ဝိညာဉ်လက်နက်ကိုပင် တိုက်စားနိုင်၏။
သို့သော် ပစ်မှတ်၏ အစီရင်အောက်တွင် ပျက်ပြယ်နေချေပြီ။ အံကြိတ်လျက် သူ့အဖော် နှစ်ယောက်ထံ လှည့်ကြည့်ရာ ပေ(၃၀)အကွာ၌ ရပ်နေဆဲဖြစ်သည်ကို မြင်လိုက်ရသဖြင့်၊
“ မင်းတို့ ဘာရပ်လုပ်နေတာလဲ ... ။ ”
-ဟု အော်ဟစ်လိုက်သည်။
အဘိုးအိုက သူ့ဘေးရှိ အမျိုးသမီးထံ ငဲ့စောင်းကြည့်လိုက်သည်။ အမျိုးသမီးမှလည်း သူ့ထံ ပြန်လှည့်ကြည့်၏။
“ မင်းသမီးချင်း ... မင်းရဲ့နောက်ခံကို ဘယ်သူ့ကိုမှ ငါဖွင့်ပြောမှာမဟုတ်ဘူး ... ငါ့ကို သွားခွင့်ပြုပါ။ ”
“ နေဦး ... ။ ”
အမျိုးသမီးက ဟန့်ထားလိုက်၏။ အဘိုးအိုမှအနည်းငယ် ဒေါသထွက်လာကာ စကားပြောရန်ပြင်သည်။
“ မင်းမြင်တဲ့ ကံကြမ္မာက ငါတို့မဟုတ်ဘဲ သူဖြစ်နေရင်ရော။ ”
အမျိုးသမီးစကားကြောင့် အဖိုးအိုခမျာ အနည်းငယ်တုန့်ဆိုင်းသွား၏။ ဖားပြုတ်အဖိုးအို တစ်ယောက် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိလာပြီး၊
“ ကျန်းဖူကျိ ... မင်းထွက်ပြေးချင်နေတာလား။ ”
-ဟု အော်ဟစ် မေးမြန်းလိုက်သည်။
“ နာမည် ကောင်းတယ်။ ”
ကူချန်မှ အဖိုးအိုအမည်ကြောင့် ခေါင်းညိတ်ပြီး မှတ်ချက်ပေးလိုက်တော့သည်။ သို့သော် ဤလူများသည် ဆူညံနေပြီး သူ့ကို လုံးဝ လေးစားမှုမရှိချေ။
“ ဘရူး ... ။ ”
ညာလက်ကို မြှောက်လိုက်ရာ ကျင့်ကျိဓားပြေးထွက်လာသည်။ စိတ်လှုပ်ရှား နေသကဲ့သို့ လေထဲတုန်ခါလျက်၊
( ဟေး ... ငါပြန်လာပြီ ... ဘယ်သူ့ကို သတ်ရမှာလဲ ... ဟမ့် ... ဒီဖားပြုတ်ကြီးလား မလုပ်နဲ့ ... ငါရွံတတ်တယ်။ )
-ဟု ဆူညံသံပေးချေပြီ။ ကူချန်တစ်ယောက် ရယ်ချင်စိတ်ကို ထိန်းထားရ၏။
တစ်ဖက်တွင် ထိုမြင်ကွင်းကြောင့် အမျိုးသမီးမှာ အေးစက်သွားပြီး၊
“ သတိထား ... ။ ”
-ဟု အော်ဟစ်လိုက်၏။
“ သွား ... ။ ”
ကျင့်ကျိဓားသည် ငြင်းဆန်လျက်ဖြင့် လေထဲပျောက်ကွယ်သွားကာ ဖားပြုတ်အဖိုးအို ရှေ့ပြန်ပေါ်လာသည်။
“ ဝှစ် ... ။ ”
ဖားပြုတ်အဖိုးအိုခမျာ ချက်ချင်း ဖောင်းကားလာပြီး ပြင်းပျသောလေဝဲတစ်ခုဖြင့် သူ့ခန္ဓာကိုယ်ကို လှည့်ပတ်ကာကွယ်၏။
“ ရွှပ် ... ။ ”
သို့တိုင် ကျင့်ကျိဓားသည် လေစုပ်ဝဲကိုဖြတ်သန်းကာ လက်မောင်းပေါ် ပွတ်ဆွဲသွားသေးသည်။ အဖိုးအိုခမျာ ချက်ချင်း လဲကျသွား၏။
ထိုစဉ်အမျိုးသမီးနှင့် အဖိုးအိုသည်လည်း လှုပ်ရှားလာတော့သည်။ အမျိုးသမီးမှလက်ဖဝါး နှစ်ဖက်ကို ဖြန့်ချလိုက်ရာ ရေခဲမြူများ ထွက်ပေါ်လာ၏။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် အေးခဲကုန်သည်။ အမြင်အာရုံ၊ အကြားအာရုံနှင့် အနံ့ခံနိုင်စွမ်းများ ဆုံးရှုံးသွား၏။ အမျိုးသမီးက အဖိုးအိုထံ လှည့်ကြည့်ကာ၊
“ သူ့ကို ပိတ်လှောင်ဖို့ကြိုးစားပါ။ ”
-ဟု ပြောကြားလျက် ဓားမြှောင်တစ်လက်ထုတ်ယူကာ ကူချန်ထံ တိုးဝင်သွားလေသည်။
အဖိုးအိုက ခေါင်းညိတ်ပြီး မြေပြင်ပေါ် လက်ဖဝါးဖိကပ်လျက် မျက်လုံးများ မှိတ်ကျ သွားတော့၏။
တစ်ဖက်တွင် ရေခဲမြူများသည် ကူချန်ထံရွေ့လျားနေသည်။ ဤသည်မှာ အမျိုးသမီး ကျင့်ကြံထားသော ရေခဲစွမ်းအင်မှ ဖြစ်ပေါ်လာခြင်းပေပင်။
တစ်စုံတစ်ဦး၏ အာရုံငါးပါးကို ဖြတ်တောက်နိုင်ပြီး ဝိညာဉ်အသိအပေါ်လည်း ဟန့်တားနိုင်၏။ ထို့ကြောင့် ရေခဲမြူအတွင်း ပိတ်မိသော မည်သူမဆို သားကောင်ပေပင်။
သို့သော် လက်ရှိပစ်မှတ်သည် တုန်လှုပ်ခြင်းမရှိဘဲ မျက်လုံးများ မှိတ်ချလိုက် သဖြင့် မျက်မှောင်ကြုတ်မိသွားသည်။
“ သေလိုက်တော့ ... ။ ”
ချက်ချင်းပင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း နားလည်လိုက်ကာ ဓားမြှောင်နှင့် ထိုးသွင်းလိုက်သည်။
ထိုအချိန်တွင် ပစ်မှတ်သည် မျက်ဝန်းများပြန်ဖွင့်ပြီး သူမမျက်ဝန်းများထံ တည့်မတ်စွာ စိုက်ကြည့်လာ၏။
( ဘာလဲ ဒီကောင် ငါ့ကို မြင်နေတာလား။)
“ စိတ်မကောင်းစရာဘဲ ... မင်းရဲ့ ရေခဲမြူတွေက ငါ့အပေါ် သက်ရောက်မှု လုံးလုံး မပေးနိုင်ဘူး။ ”
ရွှေရောင်အလင်းတန်းများနှင့် တောက်ပနေသော မျက်လုံးတစ်စုံသည် ကြယ် တာရာနှစ်စင်းကဲ့သို့ သူမထံကြည့်နေချေပြီ။
***