← Chapters

ငါသေရင် မင်းတို့လည်း အသက်မရှင်ရဘူး။

Vol. 9 Ch. 113

ငါသေရင် မင်းတို့လည်း အသက်မရှင်ရဘူး။

Vol. 9 Ch. 113

လျစ်လျူရှုခြင်း၊ ငြိမ်သက်ခြင်း၊ လျှို့ဝှက်ဆန်းကြယ်ခြင်းစသည့် အရာရာအပေါ် မြင်နိုင်သော မျက်ဝန်းတစ်စုံဖြစ်၏။

ထိုမျက်လုံးများဖြင့် ရင်ဆိုင်ရသောအခါ အမျိုးသမီးတစ်ယောက် ကျောရိုးတစ်လျှောက် အေးစက်လာသည်။

“ ဝှစ် ... ။ ”

ကံကောင်းထောက်မစွာဖြင့် ထိုအချိန် မြေပြင်သည် အက်ကွဲလျက် စပျစ်နွယ်ပင်များ ရုတ်တရက် ထွက်လာသည်။

၎င်းတို့သည် နက်ပြာရောင်အဆင်းရှိပြီး ငွေရောင်အလင်းအလွှာများဖြင့် ဖုံးအုပ်ထား၏။ အသက်တရှိုက်စာအတွင်း ပစ်မှတ်အပေါ် တွယ်ငင်သွားချေပြီ။

“ မင်းသမီးချင်း၊ သူ့ဓားကိုဟန့်တားပါ။ ”

“ ဟမ့် ... ။ ”

အဖိုးအိုမှ အော်ဟစ်လိုက်သည်။ အမျိုးသမီးတစ်ယောက် သတိပြန်ဝင်လာပြီး ကျင့်ကျိဓားထံ လှည့်ကာ ရင်ဆိုင်လိုက်၏။

“ ထန် ... ထန် ... ။ ”

သတ္ထုရိုက်မိသံများ ထွက်ပေါ်လာသည်။ ထိုအချိန်တွင် ဖားပြုတ်အဖိုးအိုမှာ ထရပ်လာပြီး အဝတ်အစားများ ပေါက်ကွဲသွား၏။

“ ဒွမ် ... ။ ”

“ ဒွမ် ... ။ ”

အရပ်အမောင်းသည် ဆယ်ပေကျော်ကာ လေဘောလုံးကြီးတစ်ခုလို အလွန်ဖောင်းကား နေတော့၏။ လမ်းလျှောက်လိုက်သောအခါ ‘တဒွမ်ဒွမ်’နှင့် အသံများ ထွက်နေသည်။

အဘိုးအိုက ထိုမြင်ကွင်းကို ကြည့်ကာ မျက်နှာပျက်သွားသည်။ တစ်ဖက်လူသည်သာ ပေါက်ကွဲသွားသော် မည်မျှရွံ့စရာကောင်း နေမည်နည်း။

“ မင်းနည်းနည်းကြာအောင် ထိန်းထား ငါသူ့ကို အဆိပ်ဖြန်းပြီး အရည်ဖျော်ပစ်မယ်။ ”

ဖားပြုတ်အဖိုးအိုမှ ဗေဒင်အဖိုးအိုထံ အော်ဟစ်ကာ ပြေးတင်သွားသည်။ သို့သော် ကူချန်မှ ပြုံး၏။

“ ဒါအကြံကောင်းပဲ ... ဒါပေမယ့် ငါ့မှာဓားတစ်လက်ပဲ ရှိနေတယ်လို့ ... မင်းတို့ကို ဘယ်သူ ပြောလဲ။ ”

ရုတ်တရက် စပျစ်နွယ်ပင်များထံမှ အဆက်အသွယ် ပြတ်တောက်သွားသည်ကို သတိထားမိကာ အဖိုးအိုမှ မော့ကြည့်၏။

ပစ်မှတ်အပေါ် ရစ်သိုင်းထားသော နွယ်ပင်များအားလုံး ပြေလျော့လျက် ပြုတ်ကျ လာနေ‌တော့သည်။

များမကြာခင် လေဟာနယ်အတွင်း ဓားအလင်းများတောက်ပလျက် နုပ်နုပ်စင်းထား သကဲ့သို့ အပိုင်းအစများအဖြစ် ပြောင်းလဲကုန်၏။

“ ဒါ ... ။ ”

လူတိုင်း မျက်လုံးပြူးသွားသည်။ လေထုအလယ် လွင့်မျောနေသော ဝိညာဉ်ရေး ဓား(၁၁)လက်နှင့်အတူ ပစ်မှတ်က သူတို့ထံ ကြည့်နေချေပြီ။

“ ဒါ ... ဒါက (၁၁)လက်တောင်လား။ ”

ဖားပြုတ်အဖိုးအိုတစ်ယောက် ထိတ်လန့်လာကာ ပြေးဝင်နေသော သူ့အရှိန်ကို ရပ်တန့်ရန် ကြိုးစားတော့၏။ ကူချန်မှ ဖောင်းကားနေသော သူ့အသွင်ကို ကြည့်ပြီး၊

“ ငါ့ဓား မညစ်ပတ်လောက်ဘူးလို့ မျှော်လင့်ရတာပဲ။ ”

-ဟု ညည်းတွားလိုက်သည်။

ထိုစကားကို ကြားသောအခါ ဖားပြုတ်အဖိုးအိုတစ်ယောက် ပြန်လှည့်ရန် စိတ်ကူးကို စွန့်ကာ တံဆိပ်များ ချက်ချင်း ဖော်ဆောင်လိုက်ရ၏။

“ ပိတ်ဆို့ ... ။ ”

“ ရွှီး ... ။ ”

သူ့ စကားမဆုံးခင် လွင့်မျောနေသော ဓား(၁၁)လက်သည် မူလနေရာမှ ပျောက်ကွယ် သွားပြီဖြစ်သည်။

ထိုမြင်ကွင်းကြောင့် ဗေဒင်အဖိုးအိုက မြေပြင်မှထရပ်ပြီး ချက်ချင်းလှည့်ပြေး၏။ ဤမျှ များပြားလှသော ဝိညာဉ်ရေးဓားများကို မည်သူ တားဆီးနိုင်မည်နည်း။

“ ကျန်းဖူကျိ ... မင်းတိရစ္ဆာန် ... ။ ”

ဖားပြုတ်အဖိုးအိုမှ ပါးမို့များတုန်ခါလျက် သူ့ကိုယ်သူ ထိန်းမထားနိုင်တော့ချေ။ အော်ဟစ် လျက်ဖြင့် ပါးစပ်မှ အရည်များစီးကျလာသည်။

အဆုံးတွင် ပစ်မှတ်ကို တိုက်ခိုက်ရန် စုစည်းထားသည့် အဆိပ်များဖြင့် ထွေးထုတ် လိုက်တော့၏။

“ ထွီ ... ။ ”

“ ဖောက် ... ဖောက် ဖောက်။ ”

လေထုအတွင်း အဆိပ်ရနံ့များ ထုံမွှန်းသွားစဉ် ဝိညာဉ်ရေးဓား (၁၁)လက်မှာ အတားအဆီးမရှိဘဲ သူ့ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်သွားသည်။

“ ဝူး ... ။ ”

လေများပန်းထွက်လာပြီး ပြန်လည်ကျုံ့ဆင်းလာတော့၏။ တစ်ဖက်တွင် ထွက်ပြေးနေသော အဖိုးအိုသည် လှည့်ကြည့် လိုက်မိရာ အဆိပ်ရည်များ ထိမှန်သွားသည်။

“ ငါသေရင် မင်းလွတ်ဖို့ မစဉ်းစားနဲ့ ... ။ ”

ဖားပြုတ်အဖိုးအိုမှ ကျိန်ဆဲလျက် ကျေနပ်မှုအရိပ်အမြွက်များ ဖြစ်ပေါ်လာသည်။ ထို့နောက် ကူချန်ထံ ပြန်လှည့်ကြည့်ကာ၊

“ မင်းလဲသေရမယ်။ ”

ဟု ပြောကြားလိုက်သည်။

စကားဆုံးသည်နှင့် သွေးသားစွမ်းအင် လောင်မြိုက်လျက် ခန္ဓာကိုယ်တဝိုက်မီးလျှံများ တောက်လောင်လာစေ၏။

တခဏအတွင်းမှာပင် စစ်မှန်သော မီးတောက်ကြီးအလား လောင်ကျွမ်းလာကာ တစ်မိုင်ပတ်လည်အတွင်း မီးပင်လယ်အဖြစ် ပြောင်းလဲလိုက်သည်။

“ မင်းအရူးပဲ ... ။ ”

ဗေဒင်အဖိုးအိုက အဆိပ်များ တိုက်စားခံ နေရသည်ကို လျစ်လျူရှုလျက် ထိုမီးပင်လယ်မှ ရုန်းထွက်ရန် ကြိုးစားတော့၏။ သို့သော် မအောင်မြင်ချေ။

မျက်နှာတစ်ပြင်လုံးသည် အရည်ပျော်ကျသွားကာ ခန္ဓာကိုယ်လောင်မြိုက် သွားတော့၏။ ထိုစဉ် ဖားပြုတ်အဖိုးအိုသည် လောင်စာရရှိနေသော မီးတောက်အလား ပို၍ပြင်းပျလာခဲ့သည်။

“ ဖယ်ရှားခြင်းတံဆိပ် ... လေဖိနှိမ်ခြင်းတံဆိပ် ... အလင်းဒိုင်းတံဆိပ် ...။ ”

ကူချန်မှ အလင်းစက်ဝန်းကို ရုတ်သိမ်းလိုက်ကာ တံဆိပ်များတစ်ခုပြီး တစ်ခု ဖန်တီးလျက် မီးပင်လယ်ကို ခွဲခြားပစ်သည်။

“ ဘောင်း ... ။ ”

အဆုံးတွင် ဖားပြုတ်အဖိုးအိုသည် ပေါက်ကွဲလျက် မီးတောက်များအဖြစ် နေရာ အနှံ့သို့ ပျံကျဲသွားချေပြီ။ မီးတောက်ကျဆင်းရာ ဧရိယာတဝိုက် မီးဆွဲလောင်ကုန်၏။

ကူချန်တစ်ယောက် သူ့အနားဧရိယာသည် မီးကူးစက်လောက်မြိုက်ခြင်းမရှိဘဲ တည်ငြိမ်စွာ ရပ်ကြည့်နေတော့သည်။

ဤမတိုင်မီ ရန်သူသည် ယွမ်ဖူနယ်ပယ်သုံးယောက် ဖြစ်နေသောကြောင့် လေဟာနယ်ဓားအစီရင်ဖြင့် ပိတ်လှောင် သတ်ဖြတ်ရန် ကြံရွယ်ထားခဲ့၏။

သို့သော် မမျှော်လင့်ထားသော ရလာဒ်ဖြစ်လာခဲ့ချေပြီ။ ကူချန်က တစ်ဖက်တွင် ရပ်နေသော အမျိုးသမီးထံ မော့ကြည့်လိုက်၏။

ရေခဲမြူများသည် သူမခန္ဓာကိုယ်အပေါ် ရစ်သိုင်းနေသည်။ သူတို့နှစ်ဦး ဝန်းကျင်မှတပါး နေရာတိုင်းတွင် မီးများစွဲလောင်နေချေ၏။

***

All Chapters