မင်းသမီးချင်းယန် ... ။
Vol. 9 Ch. 114
“ ဘောင်း ဘောင်း ... ။ ”
လက်ကျန်သွေးသားစွမ်းအင်များက တဘောင်းဘောင်း ပေါက်လောင်နေခဲ့သည်။ လေထုအတွင်း အသားညှော်ရနံ့များဖြင့် အလွန်ရွံရှာဖွယ် ကောင်းချေပြီ။
အမျိုးသမီးမှ လွတ်မြောက်မည် မဟုတ်ကြောင်း သိရှိနေသောကြောင့်၊
“ ငါတို့ စကားပြောလို့ရမလား။ ”
-ဟု စတင်ပြောကြားလာ၏။
“ ဖြစ်နိုင်ပါတယ် ... ဒါပေမယ့် မိုက်မဲတဲ့စကားမျိုးတွေ မပြောတာတော့ အကောင်းဆုံးပဲ။ ”
ကူချန်စကားကြောင့် အမျိုးသမီးက သက်ပြင်းချကာ အကြောင်းပြချက် သုံးခုပေး လာခဲ့သည်။
“ သူ ... ဒီမစ်ရှင်ကို လက်ခံခဲ့တာ ငါတို့မသိဘူး ဒါကြောင့်ငါတို့နဲ့ မသက်ဆိုင်ဘူး ငါ့အသက်ကို ဝယ်နိုင်တယ် ... ငါက ချင်းယွမ်နိုင်ငံရဲ့ မင်းသမီးပဲ။ ”
ကူချန်က မျက်ခုံးပင့်လိုက်သည်။ တစ်ဖက်လူ၏ မင်းသမီးဟူသော နောက်ခံကို စိတ်ဝင်စားသွား၏။
မင်းသမီးသည် လုပ်ကြံသတ်ဖြတ်သူ တစ်ဦးဖြစ်နိုင်သည်လော။ ချမ်ယွမ်နိုင်ငံဟူသည် သူ့အတွက် ကြီးမားသောတောအုပ်ကြီး ဖြစ်နေဆဲပေပင်။
“ မင်းသမီးတစ်ပါးက လူသတ်သမားဖြစ်နိုင်လား ... မင်းဘဝက ဘယ်လောက် တန်ဖိုးရှိမယ်ထင်လဲ ... ဒီအလုပ်ကို လက်ခံလိုက်တာ ...
... မင်းတို့မသိရင်တောင် ဒီနေ့ ရောက်လာရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ရှင်းပြသင့်တယ်။ ”
ကူချန်မှ မေးခွန်းသုံးခု ဆက်တိုက် ပြန်မေးလိုက်သည်။ ချင်းယွမ် နိုင်ငံဟူသည် နှစ်ပေါင်း(၁၁၀၀)ကျော် သက်တမ်းရှိ၏။
ထို့ကြောင့် သူ့ရှေ့မှအမျိုးသမီးသည် ငယ်ရွယ်နေသော်လည်း အသက်ရာကျော်သည့် အဘွားအိုတစ်ယောက် ဖြစ်ဖွယ်ရှိသည်။
အနှစ်တစ်ထောင်ကျော် သက်တမ်းရှိသော နိုင်ငံတစ်ခုတွင် မင်းသမီးပေါင်း များစွာရှိမည်မှာ သေချာ၏။ အချို့သော မင်းသမီးများသည် အသက်ရာနှင့်ချီ ရှိနေနိုင်မည်။
သို့တိုင် နိုင်ငံစည်းမျဉ်းအရ ဧကရာဇ်၏ သမီးတော်သည်သာ မင်းသမီးဘွဲ့ကို အပ်နှင်းခံရ ပေမည်။
ထိုမင်းသမီး၏ သားတော်နှင့် သမီးတော်များအတွက် ထိုဘွဲ့ကိုဆက်ခံနိုင်ကာ ပြီးနောက် ပြည်သူတစ်ယောက်ကဲ့သို့ သာမန်ဖြစ်ပေမည်။
ဆိုလိုသည်မှာ မျိုးဆက်သုံးဆက် အထိသာလျှင် မင်းဆက်အဆောင်အယောင်ကို ခံစားစေရမည်။
ချင်းယွမ်မင်းဆက်တစ်လျောက် ထိုသူများအပေါ် မှတ်တမ်းတင်ပေးသော်လည်း တော်ဝင်မိသားစုထံမှ အကူအညီမရတော့ချေ။
ဤစည်းမျဉ်းသည် တော်ဝင်မိသားစုဝင် ဦးရေကို ထိန်းချုပ်ရန်လည်း ရည်ရွယ်ချေသည်။ မဟုတ်သော် တော်ဝင်မိသားစုဝင်ဦးရေသည် အကန့်အသတ်မရှိ ကြီးထွားနေပါက နိုင်ငံတစ်နိုင်ငံနီးပါး ဖြစ်လာနိုင်ပေမည်။
ထိုမျှသော မိသားစုဝင်များအတွက် အရင်းအမြစ်များသည်လည်း မြောက်များစွာ နေ့စဉ်ကုန်ဆုံးနိုင်မည်။
တစ်ဖက်တွင် တော်ဝင်မိသားစုသည် အရည်အချင်းရှိသူများအတွက်သာ အရင်းအမြစ် ထောက်ပံ့လျက် လူများစွာကို စွန့်လွှတ်ပေမည်။
သို့သော်ငြားလည်း မင်းသမီးတစ်ပါး အနေဖြင့် အရည်အချင်း အနည်းငယ်မျှ ရှိရုံနှင့် တော်ဝင်မိသားစုအကူအညီကြောင့် ရှန်ရှင်းနယ်ပယ်ကို ရရှိနိုင်မည်။
ရှန်ရှင်းနယ်ပယ်သည် သက်တမ်း (၁၅၀)ကိုပိုင်ဆိုင်သည်။ နှစ်ပေါင်းရာဂဏန်းခန့် အရင်းအမြစ်များကို ထပ်မံစုဆောင်းပြီးနောက် ယွမ်ဖူနယ်ပယ်ထံ လွယ်ကူစွာရောက်လာနိုင်၏။
ထိုမှတဆင့် ပြည်နယ်မင်းသမီး ရာထူးသို့တိုးမြှင့်ခံရကာ အရင်းအမြစ်များစွာကို ပြည်နယ်များထံမှ ထုတ်ယူနိုင်သည်။
စည်းမျဉ်းအရ မင်းသားတစ်ဦး သားသမီးသည် တော်ဝင်မျိုးရိုးအတွင်း မင်းသမီး ရာထူးပြန်မရနိုင်သော်လည်း ပြည်နယ်မင်းသမီး ဖြစ်နိုင်၏။
ထို့ကြောင့် ချင်းယွမ်နိုင်ငံတွင် မင်းသားမင်းသမီး အနည်းငယ်မျှသာရှိပြီး အချို့ အပေါ် တန်ခိုးထားခံရကာ အချို့သည် စွန့်ပယ်ခံထားရ၏။
မည်သို့ပင်ဆိုစေကာမူ ယွမ်ဖူနယ်ပယ် ရောက်ရှိသော် တော်ဝင်မိသားစု၏ အာရုံစိုက်မှု ပြန်ရလာပေမည်။
ဆိုလိုသည်မှာ ချင်းယွမ်မင်းဆက် အိမ်ထောင်စုစာရင်းမှတ်တမ်း၌ ပါရှိနေသည့် မည်သူမဆို ယွမ်ဖူနယ်ပယ်ရောက်ရှိသော် အရင်းအမြစ်များ ပြန်လည်ရရှိပေမည်။
ထို့ကြောင့် ဤအမျိုးသမီးသည် လျစ်လျူရှုခံထားရသော မင်းသမီးဖြစ်လျှင်ပင် လူသတ်သမား ဖြစ်လာရသည်အထိ မကျဆင်းသင့်ချေ။
ကူချန်၏ မေးခွန်းကြောင့် အမျိုးသမီးက မျက်မှောင်ကြုတ်ကာ၊
“ ငါ့မှာ အကြောင်းရင်းတွေရှိတယ်။ ”
-ဟု ပြန်ဖြေသည်။
“ ဒါပေမယ့် မင်းဘဝက ငါ့လက်ထဲမှာ မင်းရဲ့အကြောင်းအရင်းကို ငါမသိရင် လွှတ်ပေး နိုင်မယ်လို့ မင်းထင်လား။ ”
အမျိုးသမီးခမျာ တိတ်ဆိတ်သွားသည်။ အဆုံးတွင် အံကြိတ်လျက်၊
“ ငါအရင်းအမြစ် လိုတယ်။ ”
-ဟု ပြောကြားလာ၏။
ထိုအကြောင်းပြချက်သည် နည်းနည်း အဓိပ္ပါယ်ရှိသဖြင့် ကူချန်တစ်ယောက် ခဏမျှ စဉ်းစားပြီး၊
“ ရှင်းအောင်ပြောပါ ... ။ ”
-ဟု ထပ်မံ တောင်းဆိုလိုက်သည်။
ယွမ်ဖူနယ်ပယ် နှောင်းပိုင်း မင်းသမီး တစ်ပါးအနေဖြင့် ချင်းယွမ်နိုင်ငံ၌ နေထိုင်သော် လုံလောက်သော အရင်းအမြစ်များ ရရှိသင့်၏။
ယွမ်ဖူနယ်ပယ်နှောင်းပိုင်းသည် ခရမ်းရောင်နေမင်းနယ်ပယ်နှင့် ခြေလှမ်း တစ်ဝက်မျှသာဝေးသည်။
ချင်းယွမ်နိုင်ငံ၏ ဧကရာဇ်ချင်းသည် မဟာတန်ခိုးရှင်နယ်ပယ်ဖြစ်၏။ သူ့အောက်၌ စင်ကြယ်ခြင်းနယ်ပယ် ကျင့်ကြံသူသည် လက်ချိုးရေ၍ ရနိုင်ပေမည်။
ထို့ကြောင့် ခရမ်းရောင်နေမင်းနယ်ပယ် ဟူသည် တော်ဝင်မိသားစုတွင် ကျောရိုးကဲ့သို့ အရေးပါချေ၏။
ထိုအချင်းအရာကို သိရှိနေသော အမျိုးသမီးသည် အနည်းငယ်မျှ တိတ်ဆိတ် သွားကာ အဆုံးတွင်၊
“ အရင် ဧကရာဇ်က ငါ့အဖေ။ ”
-ဟု ဖွင့်ပြောလာ၏။
“ အိုး ... ။ ”
“ လက်ရှိဧကရာဇ်က ငါ့အဖေရဲ့ညီ ... ။ ”
“ ငါနားလည်ပြီ ... ။ ”
ကူချန်မှ ခေါင်းညိတ်လိုက်၏။ ရာဇပလ္လင်အတွက် ညီအစ်ကို အချင်းချင်း သတ်ဖြတ်ကြသည်မှာ ဖြစ်ရိုးဖြစ်စဉ် တစ်ခုသာပေပင်။
သို့သော် ဤနေရာတွင် အနည်းငယ် ရှုပ်ထွေးသောအရာများ ရှိနေသေးသည်။ ဥပမာ သူ သိသလောက် လက်ရှိဧကရာဇ်ချင်းသည် ပလ္လင်ကိုသိမ်းပိုက်ပြီးနောက် အကြီးစား သုတ်သင်ရှင်းလင်းမှု ပြုလုပ်ခဲ့၏။
“ မင်းကိုဘာလို့ မသတ်တာလဲ။ ”
ဤသည်မှာ သူ့ကို ရှုပ်ထွေးစေသော မေးခွန်းပေပင်။ ထို့ကြောင့် တိုက်ရိုက်မေးမိ၏။ အမျိုးသမီး၏ မျက်ဝန်းများတွင် လက်ရှိ ဧကရာဇ်ချင်းအပေါ် အလွန်မုန်းတီးနေသည်။
အလားတူပင် ဧကရာဇ်သည်လည်း မုန်းတီးနေနိုင်၏။ ယင်းကြောင့် တစ်ဖက်လူမှ သူမကိုမသတ်ဘဲ ယွမ်ဖူနယ်ပယ် နှောင်းပိုင်း အထိ ကျင့်ကြံခွင့်ပြုထားသည်မှာ နားမလည်နိုင်စရာပေပင်။
အမျိုးသမီးက ခေါင်းခါပြီး စိတ်ရှုပ်ထွေးသော အသွင်ဖြင့်၊
“ မသိဘူး ... ငါ့ကို မသတ်ခဲ့ပေမယ် ငါ့မိသားစုကို သတ်ခဲ့ပြီး တစ်ယောက်တည်း ချန်ထားခဲ့တယ် ...
... ငါ့အတွက် ကန့်သတ်ချက်မရှိ သွားလာနိုင်ပေမယ့် အထောက်အပံ့မှန်သမျှ ကိုတော့ ရပ်ဆိုင်းထားတယ် ... ။”
ကူချန်တစ်ယောက် တိတ်ဆိတ်သွားပြီး ရုတ်တရက် သူ့မှတ်ဉာဏ်ထဲတွင် နာမည်တစ်ခု ထွက်ပေါ်လာသည်။
“ မင်းသမီး ချင်းယန်။ ”
ချင်းယွမ်နိုင်ငံရှိ တော်ဝင်မိသားစုပင် သူတို့နိုင်ငံ၌ မင်းသမီးမည်မျှရှိမည်ကို မသိချေ။ သို့သော် မင်းသမီးချင်းယန်ကိုမူ လူတိုင်း သိထားသည်။
အဘယ့်ကြောင့်ဆိုသော် လက်ရှိဧကရာဇ်ချင်းသည် ရာဇပလ္လင်လုပွဲတွင် သူ့အစ်ကိုနှင့် မိတ်ဆွေများကို သတ်ပစ်ပြီး သူမ တစ်ဦးတည်းသာ ချန်ထား၏။
ကူချန်တစ်ယောက် သက်ပြင်းချသည်။ ဤအမျိုးသမီးကို သတ်၍မရတော့ချေ။ အခြား မင်းသမီးတစ်ပါးသာဆိုသော် သတ်ဝံ့၏။
ဤအမျိုးသမီးအတွက်မူ သူမ သေဆုံးခြင်းသည် အာရုံစူးစိုက်မှု ခံရနိုင်မည်။ ဧကရာဇ်ချင်းမဆိုနှင့် သူ့လက်အောက်ရှိ မဟာ တန်ခိုးရှင်နယ်ပယ်ကိုပင် စော်ကားရန် မတတ်နိုင်သေးချေ။
***
Book-9