← Chapters

အပိုင်း(၁၀၄)

Vol. 7 Ch. 104

အပိုင်း(၁၀၄)

Vol. 7 Ch. 104

ဟောက်ကျန်း၏ အနှောင့်အယှက်ကင်းသွားသဖြင့် ရှမြန်သည် စိတ်ဝင်တစားဖြင့် သင်ခန်းစာများကို နားထောင်နိုင်ခဲ့သည်။

အနီးကပ်သင်တန်းများအားလုံးကို အတွေ့အကြုံရင့်ဆရာများက သင်ကြားပေးသဖြင့် သင်ခန်းစာများက အမှန်တကယ် ကောင်းမွန်လှသည်။

ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့ကလည်း စာသင်ရာတွင် ရှားရှားပါးပါး စိတ်ဝင်စားမှုတစ်ခုကို ဖော်ပြနေ၏။

သူတို့၂ယောက်စလုံးသည် ယန်တက္ကသိုလ်တွဲဖက်အထက်တန်းကျောင်းသို့ ဝင်နိုင်ခဲ့သည်ဖြစ်သဖြင့် သူတို့၏ ဉာဏ်ရည်များမှာ ပြဿနာရှိလိမ့်မည် မဟုတ်ချေ။

အနီးကပ်သင်တန်းများသည် အခြေခံအသိပညာများကို တိုးမြင့်ပေးဖို့ ရန်ရည်ရွယ်လေသည်။ သူတို့သည် သေသေချာချာ နားထောင်ခဲ့ပြီးသည့်နောက်တွင် အမှီလိုက်နိုင်ရုံတမယ်သာ ရှိလေသည်။

အဓိကအချက်မှာ ရှမြန်ကလည်း အဆင့်၁ကျောင်းသားတစ်ယောက်သည် သူ၏ချစ်ခြင်းတရားကို မည်သို့မည်ပုံဝန်ခံနိုင်ကြောင်းကို သရုပ်ဖော်ပြခဲ့ခြင်းကြောင့် ဖြစ်လေသည်။

"လာခဲ့၊ ဓာတုဗေဒဘာသာရပ်နဲ့ အချစ်အကြောင်းကို ဘယ်လိုဖော်ထုတ်ရမလဲဆိုတာ ပြပေးမယ်။ periodic tableကိုပဲ ကြည့်လိုက်။ Os(Osmium), At(Astatine), Nb(Niobium) နင်တို့ ဒါတွေကိုမြင်လား။ ဒါကို မှတ်ထားနော်။ ဒါက အချစ်ကဗျာတွေထက် အများကြီး ပိုပြီး စိတ်ဝင်စားစရာကောင်းတယ် မဟုတ်လား"

"ရူပဗေဒ ရူပဗေဒဆိုရင်လည်း အဆင်ပြေတယ်။ ရူပဗေဒဖော်မြူလာထဲမှာ စာတွေဘယ်လောက် အများကြီး ပါနေလဲဆိုတာ ကြည့်လိုက်။ လုပ်၊ လုပ်၊ I love you စကားလုံးဖြစ်လာစေတဲ့ ဖော်မြူလာ တွေထဲကစာလုံးတွေ အားလုံးကို ငါ့အတွက် ချရေးပေး။ နင်တို့မှာ မရှိဘူးလို့တော့ မပြောနဲ့နော်။ ငါ့မှာတောင် အားလုံးရှိသေးတယ်။ တကယ်လို့ နင်တို့တွေ ဒါကို ချမရေးနိုင်ဘူးဆိုရင် နင်တို့တွေက သေသေချာချာ မလေ့လာခဲ့ဘူးဆိုတာ သက်သေပြနေတာပဲ"

"..."

သူတို့သည် မသိလိုက်ခင်မှာပင် တစ်မနက်ခင်းလုံး ကုန်ဆုံးသွားလေသည်။ သူတို့သည် ဆရာမက အတန်းချိန် ပြီးမြောက်သည်ဟု ကြေညာလိုက်သည့်အသံကို ကြားလိုက်ချိန်တွင် ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့မှာ ထွက်ခွာဖို့ရန် တွန့်ဆုတ်နေဆဲဖြစ်နေ၏။

"စာလေ့လာရတာကလည်း အရမ်းကို ပျော်စရာကောင်းနေတာပဲကိုး။ ကုကျိုးက အမြဲတမ်းပုစ္ဆာတွေကို ဖြေရှင်းနေရတာ ကြိုက်တာလည်း မဆန်းတော့ပါဘူး" လီလီကျန်းက သူ၏ကျောင်းလွယ်အိတ်ကို သိမ်းဆည်းရင်း သက်ပြင်းချလိုက်လေသည်။

"ဟုတ်တယ်" ရှမြန်က ပြုံးလိုက်ပြီး "ပုစ္ဆာရပ်တွေတိုင်းမှာ လျှို့ဝှက်ကုတ်တွေ ရှိတယ်လေ။ ဒါတွေကို ဖြေရှင်းလိုက်တယ်ဆိုရင် တကယ့်ကို ပြီးမြောက်တယ်လို့ ခံစားရစေတယ်"

၂ယောက်စလုံးက အားတက်သရော ခေါင်းညိတ်ပြလိုက်၏။

သူတို့၃ယောက်သည် စာသင်ခန်းထဲက ထွက်လာကြသည်။ ဆွန်းယွဲ့ရှင်းက ရုတ်တရက် သတိရသွား၏။

"ရှမြန် ဒါတော့ မဟုတ်သေးဘူး။ ဆရာမသင်တဲ့အားလုံးရော မသင်ပေးခဲ့တဲ့ဟာတွေရော နင်သိနေတာကို ငါ သတိထားမိတယ်။ နင်က ဘာဖြစ်လို့များ အနီးကပ်ကျောင်းကို တက်ဖို့လိုနေသေးတာလဲ"

ဘာဖြစ်လို့လဲဆိုတော့ အဒေါ်၂က ငါ အိမ်မှာ ပြဿနာရှာမှာစိုးလို့လေ။ ဒါဆိုရင်တော့ လက်ခံနိုင်တဲ့ အကြောင်းပြချက်တစ်ခု ဖြစ်တယ်မဟုတ်လား။

ဟုတ်ပါသည်။ ရှမြန်က ထိုသို့ပြောလိုက်မည် မဟုတ်ချေ။ ထို့ကြောင့် ရှမြန်က နှိမ့်ချစွာဖြင့်သာ ပြောလိုက်လေသည်။

"နှစ်သစ်ကူးပြီးရင် ငါ ဝင်ခွင့်စာမေးပွဲ ဖြေရမှာလေ။ ငါက တခြားပြည်နယ်ကဆိုတော့ ဒီနေရာက သင်ယူလေ့လာပုံကို အများကြီး မသိထားဘူး။ ဒါကြောင့်မို့လို့ သင်ခန်းစာတွေကို အမီလိုက်နိုင်အောင် ဒီကိုလာခဲ့တာပဲ"

"ကျောင်းအသစ်ကို ပြောင်းမလို့လား" လီလီကျန်းက တအံ့တဩ ဖြစ်သွားလေသည်။ "ငါထင်တာက နင့်ကို အမှတ်၅အလယ်တန်းကျောင်းကလို့ ထင်နေတာ။ ဒါဆို နင်က နောက်ထပ်ကျောင်းတစ်ခုကို ပြောင်းမှာလား။ ဘယ်ကျောင်းကို ပြောင်းမယ်လို့ စဉ်းစားထားတာလဲ"

ရှမြန်က သူမ၏ပါးစပ်ကို မဖွင့်ရသေးခင်မှာပင် ဆွန်းယွဲ့ရှင်းက လက်ခုပ်တီးကာ ဝမ်းသာအားရ ပြောလိုက်လေသည်။ "တွဲဖက် အထက်တန်းကျောင်းကို လာခဲ့။ တွဲဖက်အထက်တန်းကျောင်းမှာ အကောင်းဆုံး ဆရာတွေရှိတယ်။ နင် သေချာပေါက် စာမေးပွဲအောင်နိုင်တယ်"

လီလီကျန်းကလည်း ပြောလိုက်သည်။ "ဟုတ်တယ်။ နင်တွဲဖက်အထက်တန်းကျောင်းကို လာခဲ့ပါလား။ ပြောလို့မရဘူး ငါတို့တွေ တစ်ခန်းတည်းတောင် ကျနိုင်တယ်"

သူမသည် ရုတ်တရက်ဆိုသလို တစ်ခုခုကို စဉ်းစားမိသွားပြီး လက်ခုပ်တီးလိုက်လေသည်။ "နင်က အရမ်းလှပြီး စာလည်းတော်တာပဲ။ နင်က သေချာပေါက် ထျန်းရွှယ်ယာကို သေချင်လောက်တဲ့အထိ ဒေါသထွက်သွားအောင် သေချာပေါက်လုပ်နိုင်တယ်"

"ဟုတ်တယ်" ဆွန်းယွဲ့ရှင်းကလည်း လုံးဝထောက်ခံလေသည်။

ရှမြန်က ခေါင်းခါပြီး ရယ်မောလိုက်၏။ "သူက နင်တို့တွေကို ဘယ်လိုများ ပစ်မှားမိခဲ့လို့တုံး"

"ငါက သူ့ကို ရန်မစခဲ့ပါဘူး။ ငါသူ့ကို ဒီအတိုင်း အမြင်ကပ်ရုံသက်သက်ပဲရှိတာ။ နင် သူ့ကိုမြင်တဲ့အချိန်ကျရင် သိလာလိမ့်မယ်" ဆွန်းယွဲ့ရှင်းက ပြောပြီးသွားသည်နှင့်ချက်ချင်း ရှမြန်၏ လက်ကို ရုတ်တရက် လှမ်းပုတ်လိုက်ကာ ပြောလိုက်လေသည်။ "ဟဲ့ ဟဲ့ ပြောရင်းဆိုရင်းပဲ ပေါ်လာပြီ။ ကြည့်လိုက် အဲဒါ ထျန်းရွှယ်ယာပဲ"

ရှမြန်သည် သေသေချာချာ ကြည့်ဖို့ မလိုအပ်ဘဲနဲ့တင် ထျန်းရွှယ်ယာက မည်သူမှန်း သိလေသည်။

ကလေးမလေးက အလွန့်အလွန်မှ ဆွဲဆောင်မှုရှိလှပြီး ဖြူစင်သန့်ရှင်းသည့် အချစ်ဦးမျက်နှာလေးတစ်ခု ပိုင်ဆိုင်ထားသည်။ သူမသည် အဖြူရောင် လည်ထောင်ဆွယ်တာအင်္ကျီတစ်ထည်နှင့် အုန်းခွံရောင်သက္ကလပ် အနွေးထည်ရှည်ကြီးတစ်ထည်ကို ဝတ်ဆင်ထားရာ သူမ၏ပုံကိုသွယ်လျပြီး ကျက်ရေရှိနေစေသည်။ သူမသည် မှတ်စုစာအုပ်တစ်ခုကို ကိုင်ထားပြီး ပီယာနိုသင်တန်းမှ လျှောက်ထွက်လာသည်။ သူမ၏ပတ်ဝန်းကျင်က လူတိုင်းက သူမကို လည်ပြန်ကြည့်ရ၏။

အမှန်အတိုင်းပြောရလျှင် ရှမြန်ကလည်း လှပသည်ဟု ထင်မိသည်။

"ဒီလောက် ပါးပါးလေး ဝတ်ထားတာ အေးပြီးသေသွားမှာ မကြောက်ဘူးလား မသိပါဘူး"

ဆွန်းယွဲ့ရှင်းက နှာခေါင်းရှုံ့လိုက်သည်။

ရှမြန်က သူမ၏ခေါင်းကို လှည့်လိုက်ပြီး သူမ၏လယ်သာဂျက်ကက်ကို လှမ်းကြည့်လိုက်ကာ သူမ၏ မျက်လုံးများက အအေးဒဏ်ကြောင့် နီရဲနေသည့် သူမ၏နှာခေါင်းဆီသို့ ကျရောက်သွားသည်။ သူမက ပြောလိုက်၏။ "ငါ့အထင်တော့ နင့်မှာလည်း တခြားသူတွေကို ဝေဖန်ဖို့အခွင့်အရေး မရှိဘူး ထင်ပါတယ်"

ဆွန်းယွဲ့ရှင်းက သူမ၏နှာခေါင်းကို အုပ်ထားလိုက်ကာ ရှုံ့ချလိုက်၏။

သူမသည် ပြောရင်းဆိုရင်းက ရှမြန်သည် ထျန်းရွှယ်ယာက လမ်းချိုးလေးမှ ရုတ်တရက် ပေါ်လာသည့်မိန်းကလေးတစ်ယောက်နှင့် ဝင်တိုက်မိသည်ကို တွေ့လိုက်ရ၏။

မိန်းကလေးက ချက်ချင်း တောင်းပန်လိုက်သည်။ ရှမြန်ကတော့ ထျန်းရွှယ်ယာ ပြောလိုက်သည့်စကားကို မကြားရချေ။ သူမသည် မျက်မှောင်ကြုတ်သွားပြီး လုံးဝမကျေမနပ် ဖြစ်သွားဟန်တူသည်ကိုတော့ မြင်လိုက်ရသည်။

"ဟယ် ကုကျိုးလည်း ထွက်လာပြီ" လီလီကျန်းက တအံ့တဩဖြင့် မှတ်ချက်ပေးလိုက်သည်။

ရှမြန်က ထိုကျောင်းတော်၏မင်းသားချောလေးကို သတိထားမိရန် အချိန်မရသေးခင်မှာပင် ထျန်းရွှယ်ယာ၏ ပြောင်းလဲသွားသည့် အမူအရာကြောင့် ဆွဲဆောင်ခံလိုက်ရသည်။ သူမသည် ကုကျိုး ပေါ်လာသည်ကို မြင်လိုက်သည့်အခိုက်အတန့်တွင် သူမ၏ မကျေမနပ် ဖြစ်နေသည့် အမူအရာများက လုံးဝဆိုသလို သနားစဖွယ် အမူအရာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူမသည် ခုနက သူမနှင့် တိုက်မိသွားသည့်မိန်းကလေးအပေါ်တွင်ပင် နားလည်ပေးတတ်သည့်အမူအရာတစ်ခုကို ချက်ချင်း ပြောင်းလဲလိုက်လေသည်။

ကုကျိုးက သူမဆီသို့ လျှောက်လာသည့်အချိန်တွင် ချိုမြိန်သည့်အပြုံးတစ်ခုကိုပင် သူမ၏ မျက်နှာပေါ်တွင် ဆောင်ထားလိုက်သေးသည်။

အိမ်း။ ငါ ဒါကိုတွေ့လိုက်ပြီလေ။

ယောက်ျားလေးနဲ့ မိန်းကလေးကို ဆက်ဆံတဲ့နေရာမှာ မျက်နှာ၂ဖက်ရှိတဲ့လူတချို့က တကယ်ကို တော်တော်လေး များနေတာပဲ။ အရင်ဘဝတုန်းကလည်း ဒီလိုလူမျိုးတွေကို တွေ့ခဲ့ဖူးသားပဲ။ မိန်းကလေးရော ယောက်ျားလေးရော အတူတူပဲ။

ဆွန်းယွဲ့ရှင်းက ဒေါသတကြီး ပြောလိုက်၏။ "ငါလေ သူ့ရဲ့မျက်နှာ၂ဖက်နဲ့အမူအရာကို တကယ်သည်းမခံနိုင်တာပါ။ ကြည့်လိုက်လေ သူက တော်တော်လေးကို မြင့်မြတ်နေတဲ့ပုံ ဖြစ်မနေဘူးလား။ ကုကျိုး နားရောက်လာပြီဆိုရင် သူက ဘာဖြစ်လို့များ မျက်စိအောက်က အပျောက်မခံနိုင်တဲ့ ပါပီလေးတစ်ကောင်လို ဖြစ်သွားတာလဲ"

ထိုနောက်တွင် ရှမြန်သည် သူမ၏အာရုံကို ကုကျိုးဘက်သို့ ပြောင်းလိုက်လေသည်။ အရပ်မြင့်မြင့်ကောင်လေးက အပြာရောင် ခါးရှည်အနွေးထည်နှင့် ချည်သားဘောင်းဘီပွပွကို ဝတ်ဆင်ထားရာ ပွရောင်းရောင်း စစ်ဝတ်ကုတ်အင်္ကျီများကြားထဲတွင် အထင်းသား ဖြစ်နေလေသည်။ သူ့ရုပ်သွင်လေးက ချောမောလှပသည်မှာတော့ ပြောရန်ပင် မလိုချေ။ နားရွက်အုပ် ပါရှိသည့် လီဖုန်းဦးထုပ်က သူ၏ချောမောလှပသည့် မျက်နှာကို ဖုံးကွယ်မထားနိုင်ချေ။

ထိုအချိန်တွင် ထိုကောင်လေးသည် သူ့ခေါင်းကိုလှည့်ကာ သူ့ကို စကားလှမ်းပြောနေသည့်မိန်းကလေးကို သိမ်မွေ့သည့်အပြုံးတစ်ခုဖြင့် ပြုံးပြလိုက်၏။

ဆွန်းယွဲ့ရှင်းက လီလီကျန်းကို ကြည့်လိုက်ကာ ရုတ်တရက် ပြောလိုက်လေသည်။ "ကျန်းကျန်း ဒီဆောင်းတွင်း အားလပ်ရက်မှာ ငါတို့တွေ ကြိုးစားလေ့လာရအောင်။ ကျောင်းဖွင့်တာနဲ့ ငါတို့တွေ သူတို့ကို အထင်ကြီးသွားအောင် သေချာပေါက် လုပ်ရမယ်"

ရှမြန်ကလည်း ဒီအခွင့်အရေးကို ချက်ချင်းအသုံးချကာ ပြောလိုက်၏။ "မဟုတ်လို့လား။ တကယ်လို့ မိန်းမလှလေးတစ်ယောက်က ၀တ်ကောင်းစားလှ ဝတ်ထားမယ်ဆိုရင်လူတွေက ဒါကို နည်းနည်းလောက်ပဲ တအံ့တဩဖြစ်ကြပြီး ဒါကဘယ်လို ဝတ်စားဆင်ယင်သင့်တယ်လို့ပဲ ထင်ကြလိမ့်မယ်"

"ဒါပေမဲ့ တကယ်လို့ ရုပ်ဆိုးတဲ့မိန်းကလေးတစ်ယောက်ကသာ ရုတ်တရက် အရမ်းကို လှပလာရင်တော့ လူတွေက အံ့သြသွားကြလိမ့်မဲ့အပြင် သိချင်စိတ်လည်း ဖြစ်လာကြလိမ့်မယ်။ ဒီအပြင် စိတ်အနှောင့်အယှက်တောင် ဖြစ်ချင်ဖြစ်သွားကြလိမ့်မယ်လေ။ အို။ အရင်တုန်းက ငါ ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ကန်းခဲ့ရပါလိမ့်။ ငါ့ဘေးနားက ဒီဖုန်တက်နေတဲ့ပုလဲလုံးလေးကိုတောင်မှ သတိမထားမိလိုက်ဘူး ဆိုပြီးတော့လေ"

"နင်တို့တွေ ဒါကို မှန်တယ်လို့ မထင်ဘူးလား"

ဆွန်းယွဲ့ရှင်းက လက်ခုပ်တီးကာ ပြောလိုက်၏။ "နင် ပြောတာမှန်တယ်"

"..."

သူမသည် ဇဝေဇဝါဖြစ်သွားပြီး "နင်ခုနတုန်းက ငါတို့ကို ရုပ်ဆိုးတယ်လို့ ပြောချင်တာလား"

ရှမြန်က အသာအယာ ချောင်းဟန့်လိုက်ကာ ယုံကြည်ချက်ရှိရှိ ပြောလိုက်လေသည်။ "ငါက နင်တို့ရဲ့အဆင့်အကြောင်း ပြောနေတာပါ။ အဆင့်အကြောင်း။ နင်တို့ရဲ့အဆင့်တွေက ရုပ်ဆိုးနေတာပဲ မဟုတ်လား။ တကယ်လို့ အဲဒါတွေကသာ လှပလာမယ်ဆိုရင် ဒီနေရာအထိ ရောက်လာကြမှာ မဟုတ်ဘူးလေ"

ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်း...

ဒါက သောက်ကျိုးနည်း ငြင်းဆန်လို့မရတဲ့ အချက်တစ်ခုပဲ။

"ဒါကြောင့် ကြိုးစားကြပါလို့" ရှမြန်က သူတို့ကို အားပေးလိုက်လေသည်။ "တိတ်တိတ်လေး ကြိုးစားကြ။ ပြီးရင်တော့ ကျောင်းဖွင့်တဲ့အခါ အားလုံးကို တအံ့တဩ ဖြစ်သွားအောင်လုပ်ပေးလိုက်"

"စာသင်နှစ်ဝက်အစပိုင်းက စာမေးပွဲကိစ္စကို စဉ်းစားကြည့်လိုက်။ တကယ်လို့ နင်တို့တွေသာ နောက်ဆုံးနေရာကနေ ပထမဆုံးနေရာကို ရုတ်တရက်ခုန် တက်သွားမယ်ဆိုရင် နင်တို့ရဲ့ဆရာမတွေနဲ့ အတန်းဖော်တွေရဲ့မျက်နှာပေါ်က တအံ့တဩရုပ်တွေအပြင် ကုကျိုးက မျက်လုံးအဝိုင်းသားနဲ့ နင်တို့ကို ကြည့်နေတဲ့ပုံစံက ဒါက ရင်ထဲထိစရာကောင်းတယ် မဟုတ်လား"

ဆွန်းယွဲ့ရှင်းက လက်ခုပ်တီးလိုက်ပြီး "အရမ်းခံစားလို့ကောင်းတာပဲ"

"ဒါပေမဲ့ ငါတို့တွေက နောက်ဆုံးနေရာတော့ မဟုတ်ပါဘူး" ဆွန်းယွဲ့ရှင်းက ခေါင်းမာမာဖြင့် အမှန် ပြင်ပေးလိုက်သည်သည်။ "ငါတို့တွေက အလွန်ဆုံး အလယ်အလတ်နားလောက်နဲ့ အောက်နားလေး ရောက်ခါနီးလောက်ပါပဲ"

"ဟုတ်တယ် ငါတို့တွေ အနိုင်မရနိုင်ဘူးဆိုရင်တောင် ငါတို့မှာ နင်ရှိသေးတာပဲ"

လီလီကျန်းသည် သူမ စဉ်းစားနေသည့်အရာကို မသိချေ။ ခုနတုန်းက မှိန်ဖျော့သွားသည့် သူမ၏ မျက်နှာသည် ရုတ်တရက်ဆိုသလို တောက်ပလာတော့သည်။ "ရှမြန် နင် ငါတို့ကျောင်းကို သေချာပေါက်လာပြီးတော့ အချိန်တန်ရင် ကုကျိုးကို နင်း‌ချေပစ်မှရမယ်။ အဲဒီအခါကျရင် ငါက နင့်ကို သူ့ဆီကို ခေါ်သွားပြီးတော့ သူ့ကိုနင်းချေပစ်လိုက်တာက ငါ့ညီအစ်မဆိုတဲ့အကြောင်းကို ပြောပြရမယ်"

ရှမြန်...

ကလေးမရယ် အဲဒီလိုဆိုရင် သူ အမြဲတမ်းသတိရနေမဲ့လူက နင် မဟုတ်ဘဲ ငါ ဖြစ်သွားမှာပေါ့။

"သေစမ်း" ဟောက်ကျန်းရဲ့မြေးက ဒီနေရာမှာ တကယ်ပဲ လာစောင့်နေတယ်တဲ့" ဆွန်းယွဲ့ရှင်းသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားတော့သည်။

ရှမြန်က သူမ၏အကြည့်နောက်ကို လိုက်ကြည့်လိုက်သည်တွင် သိပ်မဝေးလှသည့်နေရာက ဖုန်းအိမ်လေးကို မှီနေသည့် အရပ်မြင့်မြင့်ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရ၏။ သူသည် ခေါင်းကိုဘေးသို့ စောင်းထားကာ သူ့ဘေးက မိန်းကလေးနှင့် စကားပြောနေပြီး ပေါ့ပျက်ပျက် အမူအရာတစ်ခု ဆောင်ထားသည်။ သူသည် မကြာခဏဆိုသလို စာသင်ခန်းရှိရာဘက်သို့ မော့ကြည့်နေတတ်၏။

သူသည် နောက်ဆုံးအကြိမ် မော့ကြည့်လိုက်သည့်အချိန်တွင် ရှမြန်၏အကြည့်များနှင့် ဆုံတွေ့သွားကာ ချက်ချင်းဆိုသလို ညစ်ကျယ်ကျယ် ရူးသွပ်သည်ဟုထင်ရသည့် အပြုံးတစ်ခုကို ချက်ချင်းပြုံးပြလိုက်၏။

ရှမြန်က ပခုံးတွန့်လိုက်ကာ ကိုယ်ကိုယ်လှည့်ပြီး ဆွန်းယွဲ့ရှင်းကို မေးလိုက်လေသည်။ "အဲဒီကောင်က ဘယ်ကနေ ရောက်လာတာလဲ"

"နင်မသိဘူးလား" ဆွန်းယွဲ့ရှင်းက တအံ့တဩ ပြောလိုက်သည်။ "အဲဒီအချိန်တုန်းက နင် ပြုံးနေခဲ့တာကို ငါ မြင်ခဲ့ပါသေးတယ်။ ဒါကြောင့်မလို့ နင်က သိတယ်လို့ထင်ပြီး သူ့ကို သွားမဆွချင်တာလို့ ထင်နေတာ"

"ဟင့်အင်း ငါက ဒီအတိုင်း ဟောက်ကျန်းနာမည်ကို ရယ်မိသွားတာပါ။ ဘယ်လိုမိဘမျိုးကများ သူတို့ရဲ့ကလေးကို ဒီလိုနာမည်ကြီး ပေးခဲ့ပါလိမ့်နော်"

လီလီကျန်းက ရွံရှာစွာဖြင့် ပြောလိုက်၏။ "သူ့ရဲ့မျိုးရိုးနာမည်ကို ဟောက်ဖြစ်ပါစေလို့ ဘယ်သူက ပေးခဲ့လို့လဲ။ ဟောက်ဆိုတဲ့အသံကတင် တော်တော်လေး ဆိုးရွားနေပြီ။ ဒါပေမဲ့လည်း နာမည်က တော်တော်လေး သင့်တော်တယ်လို့တော့ ထင်ပါတယ်"

"သူက တကယ်ပဲ ရွံစရာကောင်းပြီးတော့ အကျင့်ပုပ်တယ်လေ"

"ဒီကောင်က မိန်းကလေး အတန်းဖော်တွေကို နှောင့်ယှက်ရတာကို ထူးထူးခြားခြား သဘောကျနေတာလေ။ သူက ရွံစရာကောင်းတဲ့ လူမိုက်တစ်ယောက်သာသာပဲ"

ဒါက သိသာလှသည်။ ရှမြန်က နားမလည်နိုင်အောင်ဖြစ်သွား၏။ "ကျောင်းက ဒါကို ဂရုမစိုက်ဘူးလား"

"သူက ဒီအတိုင်း အင်အားပြထားတာလေ။ ဆရာမတွေကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမလုပ်နိုင်ကြပါဘူး။ အဓိကကတော့ မိဘခေါ်ရင်တောင်မှ အသုံးမဝင်ဘူးလေ"

ဆွန်းယွဲ့ရှင်းကလည်း ဒေါသထွက်နေသည့်ရုပ် ဖြစ်နေသည်။ "သူက သူ့အဖေခြေရာနောက် လိုက်နင်းမလို့ပဲ ဖြစ်မှာပေါ့"

"သူ့အဖေက အရင်တုန်းက အထည်လိပ်စက်ရုံက အလုပ်သမားတစ်ယောက် ဖြစ်ခဲ့တာလေ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက စီးပွားရေးလုပ်မယ်ဆိုပြီးတော့ တောင်ပိုင်းကို ဆင်းသွားခဲ့တာ။ ပြီးခဲ့တဲ့နှစ်က သူ့မိသားစုက အဝတ်အထည် စက်ရုံတစ်ခုကို ဖွင့်ခဲ့တယ်လေ။ ငါ ကြားထားတာတော့ သူငွေအများကြီး ရှာနိုင်ခဲ့တယ်တဲ့။ သူက ဒါကို အရမ်းဂုဏ်ယူချင်နေပြီး ဒီသတင်းကို လုံချန်တစ်မြို့လုံးကို ပျံ့နှံ့သွားစေချင်နေတာလေ"

"ဟောက်ကျန်းရဲ့အဖေက ငွေအများကြီး သုံးပြီးတော့ တွဲဖက်အလယ်တန်းကျောင်းဝင်ဖို့အတွက် ရမှတ်တွေကို ဝယ်ခဲ့တယ်လို့ ပြောတယ်။ ဟောက်ကျန်းက ကျောင်းမှာ ရန်ဖြစ်တာပဲဖြစ်ဖြစ် စည်းကမ်းကို ချိုးဖောက်တာပဲဖြစ်ဖြစ် ဆရာမက သူ့မိဘကိုခေါ်တဲ့အခါ သူ့မိဘတွေကလာဖို့ အချိန်မရှိဘူးတဲ့။ ဒီတော့ သူတို့တွေက အိမ်အကူအဒေါ်ကြီးကိုပဲ လာခိုင်းပြီးတော့ လျော်ကြေး တိုက်ရိုက်ပေးခဲ့တယ်တဲ့လေ"

"ကျောင်းကလည်းပဲ သူက ပြင်းပြင်းထန်ထန် အမှားတစ်ခုခု လုပ်ခဲ့တာကို တစ်ခါမှ မမိခဲ့ဘူးတဲ့လေ။ နောက်ပြီးတော့ ဆရာတွေကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမလုပ်နိုင်ကြဘူး။ ကျောင်းက ဒါကို မကိုင်တွယ်နိုင်ဘူးပေါ့ဟယ်။ ဒီတော့ လူအများစုက သူ့ကို အပြစ်မလုပ်ရဲကြဘူးပေါ့။ ဒီလိုနဲ့ သူတို့တွေကလည်း ဒီအတိုင်းပဲဆက်ပြီးတော့ သည်းခံနေလိုက်ကြတာ"

ရှမြန်သည် ချက်ချင်းနားလည်သွားတော့သည်။ "ဆင်းရဲသားတစ်ယောက်က ရုတ်တရက် ချမ်းသာလာတဲ့အခါ သူ့ရင်ဘတ်နဲ့ ဝမ်းဗိုက်တွေကလည်း ပူထွက်လာတာပဲ"

လီလီကျန်းမှာ အသံထွက်ကာ အော်ရယ်တော့သည်။ "ဟုတ်တယ် တကယ်ကိုတိကျတဲ့ ဖော်ပြချက်တစ်ခုပဲ"

"သူက ချမ်းသာတဲ့လူတွေက သခင်လို့ ထင်နေတာလေ။ မဟုတ်ပါဘူး သခင် မဟုတ်ဘူး၊ ဘုရင်လို့ ထင်နေတာ။ သူက ဒီလောကထဲက ဘယ်မိန်းကလေးကိုမဆို သူ့ရဲ့ကိုယ်လုပ်တော်အဖြစ် ရွေးချယ်နိုင်တယ်လို့ ထင်နေတာလေ"

ဆွန်းယွဲ့ရှင်းက သရော်ကာ ပြောလိုက်၏။ "ငွေအတွက် အရှက်မရှိတဲ့ ၀မ်ရန်ရန်လို လူမျိုးကလွဲရင် ဘယ်မိန်းမကောင်းလေးကမှ သူ့ကိုဂရုမစိုက်ပါဘူး"

ဒီလိုလူမျိုး၏ ကိုယ်ပိုင်အသိတရားကို လူအဖွဲ့အစည်းထံမှ နာနာလေး အရိုက်ခံရပြီးမှသာ အမှန်ပြင်ပေးနိုင်မည်။ သို့မဟုတ်လျှင်တော့ မျှော်လင့်ချက်မရှိတော့ဟု ရှမြန်က ထင်လေသည်။

သူမသည် ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့ကို အနည်းငယ် စိတ်ပူသွား၏။ "နင်တို့၂ယောက် အဆင်ပြေရဲ့လား"

"သူက မိန်းကလေးတစ်ယောက်အပေါ် အားနာတတ်မဲ့ပုံလည်း မပေါ်ပါဘူး"

"စိတ်မပူပါနဲ့" လီလီကျန်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး "သူ ဘယ်လောက်ပဲ မောက်မာနေပါစေ။ သူ ငါတို့ကို မထိရဲပါဘူး"

"ငါတို့တွေက ငါတို့ရဲ့အစိုးရအိမ်ရာဝင်းထဲမှာ လာရှုပ်လို့ရတဲ့သူတွေ မဟုတ်ဘူးလေ" ဆွန်းယွဲ့ရှင်းက ဂုဏ်ယူဝင့်ကြွားစွာဖြင့် သူမ၏ရင်ဘက်ကို ဖွင့်ထုတ်ထားလေသည်။ "မနှစ်တုန်းက သူက မကောင်းမှုကို မယုံကြည်ဘဲ ကျန်းကျန်းကို အနှောင့်အယှက်ပေးခဲ့တယ်လေ။ နောက်တစ်နေ့မှာ ငါတို့ရဲ့ ဘောစ့်က သူ့ကို အသေရိုက်နှက်ပစ်တာပဲ"

"သူ့အဖေဆိုရင် စကားတစ်ခွန်းမှတောင် မပြောရဲတော့ဘူးလေ။ သူက ငါတို့ဘော့စ်နဲ့ ကျန်းကျန်းရဲ့မိသားစုကို တောင်းပန်ဖို့ ငွေတွေယူလာခဲ့တယ်တဲ့"

အစိုးရအိမ်ရာဝင်းထဲက ကလေးတစ်ယောက်ဖြစ်နေခဲ့ခြင်းပင်။ လူချမ်းသာများသည် အမှန်ပင် အာဏာရှိသူများနှင့် မယှဉ်နိုင်‌ချေ။ ရှမြန်သည် ချက်ချင်းဆိုသလို စိတ်အေးသွား၏။

"နင့်အိမ်က ရောဝေးလား" ဆွန်းယွဲ့ရှင်းက မေးလိုက်သည်။ "ငါတို့တွေ နင့်ကိုပြန်ပို့ပေးမယ်လေ"

ရှမြန်က ပြောလိုက်သည်။ "ရပါတယ်။ နေ့ခင်းကျောင်းတောင်ကြီးမှာ သူက အတင့်ရဲပြီး လမ်းကိုပိတ်ရဲမှာလား"

"ဘယ်သူသိမှာလဲ ဒါကကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူးနော်။ ဒီတခါတော့ ငါ နင့်ကို ဒီအတိုင်း လွှဲထားလိုက်ပါ့မယ်" ဆွန်းယွဲ့ရှင်းက ပြောလိုက်သည်။ "နင် အဲဒီမြေးလေးကို ကြောက်သွားအောင် သေချာပေါက် လုပ်ရမယ်နော်"

ထိုတင်မကသေးချေ။ ဆွန်းယွဲ့ရှင်းက ရှမြန်၏ပခုံးကို လက်ဖြင့် သိုင်းဖက်ထားလိုက်ပြီး ဟောက်ကျန်းရှေ့သို့ လျှောက်သွားကာ သူ့နှာခေါင်းကို လက်ညှိုးထိုးပြီး သတိပေးလေသည်။

"ခွေးကောင် ရှမြန်က ငါတို့အဖွဲ့အစည်းရဲ့ အကာအကွယ်အောက်မှာ ရှိနေတာနော်။ တကယ်လို့ နင် သူ့ကို ထိရဲခဲ့မယ်ဆိုရင် သတိထား။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ငါနင့်ကို ဆေးရုံနောက်တစ်ခေါက် ထပ်ပို့ပေးရလိမ့်မယ်"

ဟောက်ကျန်း၏ မျက်နှာသည် အေးခဲသွားပြီး သူသည် နှာခေါင်းကို ရှုံ့လိုက်ကာ ခြိမ်းခြောက်ပြန်သည်။

"ဆွန်းယွဲ့ရှင်း နင်က ကျောက်ချန်းကို အားကိုးနေရတာပဲ မဟုတ်လား။ ငါ့ကို စောင့်နေလိုက်ပါ"

သူသည် ရွှီးလုံးထုတ်နေသည်မှာ သိသာပေသည်။ အကြောင်းမှာ မိန်းမလှလေးတစ်ယောက်ရှေ့တွင် မျက်နှာပျက်ရမည်ကို ကြောက်ရွံ့နေခြင်းကြောင့်ပင်။

ရှမြန်က စိတ်အေးသွား၏။ ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့က သူမကို ကာကွယ်ပေးနေသည်ဆိုလျှင် သူမသည် သူမ၏ နတ်သမီးငယ်လေးဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြင့် ဆက်ပြီးနေနိုင်ပေမည်။

ထို့နောက်တွင်တော့ အနီးကပ်ကျောင်းက ဘဝသည် အလွန်မှ ပျော်ရွှင်စရာကောင်းလှ၏။ ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့သည် တစ်ချို့သောသူများကို အထင်ကြီးစေချင်သောကြောင့်လား သူတို့ကိုယ်တိုင်က စာလေ့လာရသည်ကို အမှန်တကယ် နှစ်သက်နေကြသောကြောင့်လားတော့ မသိချေ။ တဖြည်းဖြည်းနှင့် သူတို့သည်ပိုပြီး တ‌လေးတနက် ရှိလာလေသည်။ သူတို့၂ယောက်စလုံး သတိမထားမိခင်မှာပင် တရုတ်နှစ်သစ်ကူးအတွက် အနီးကပ်ကျောင်းပိတ်ချိန် ရောက်လာတော့သည်။

...

All Chapters