← Chapters

အခန်း (၁၆၁၅-၁၆၁၇)

Vol. 108 Ch. 1615-1617

အခန်း (၁၆၁၅-၁၆၁၇)

Vol. 108 Ch. 1615-1617

အခန်း(၁၆၁၅)

ယောင်ဟုန်ရှန်၏ ဒေါသတကြီး ကြုံးဝါးသံကြောင့် မဟာနဂါးကျောက်တိုင်ကို လေ့လာနေကြသော ပါရမီရှင်များစွာသည် သတိဝင်လာကြသည်။

သူတို့က မကျေမနပ် အမူအရာများဖြင့် ယောင်ဟုန်ရှန်ကို ကြည့်လိုက်ကြ၏။

မဟာနဂါးကျောက်တိုင်သည် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲတွင် လူတိုင်းရရှိနိုင်သော အခွင့်အလမ်းတစ်ခု ဖြစ်ပြီး မည်သည့်အန္တရာယ်မှ မရှိပေ။

အကျိုးကျေးဇူး မည်မျှရရှိနိုင်မည် ဆိုသည်ကမူ တစ်ဦးချင်းစီ၏ စွမ်းရည်ပေါ်တွင်သာ မူတည်သည်။

မဟာနဂါးကျောက်တိုင်ကို ငြိမ်းချမ်းစွာ နားလည်သဘောပေါက်နိုင်ရန် အတွက် နယ်မြေကြီး၄ခုသည် မဟာနဂါးကျောက်တိုင် ရှေ့တွင် မည်သူမှ တိုက်ပွဲ မဖော်ဆောင်ရဟု သဘောတူထားခဲ့ကြသည်။

"ယောင်ဟုန်ရှန် မဟာနဂါးကျောက်တိုင်ရှေ့မှ တိုက်ခိုက်တာကို တားမြစ်ထားတယ်.. မင်းဘာလုပ်ချင်နေတာလဲ"

ပိုင်ယွင်နန်းတော်မှ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ဦးက ယောင်ဟုန်ရှန်ကို အော်ငေါက်လိုက်သည်။

"အကိုဖေး.. နယ်မြေ၄ခုက လူတွေက သူတော်စင် ကျောက်တိုင်ရှေ့မှ အချင်းချင်း တိုက်ခိုက်လို့ မရဘူးဆိုတာ ကျွန်တော်သိပါတယ်.. ဒါပေမဲ့ ဒီကောင်က နယ်မြေ၄ခုက မဟုတ်ဘူး"

ယောင်ဟုန်ရှန်က အေးစက်စက် ပြောလိုက်သည်။

"သူက သက်မဲ့တောင်ကြားမှာ ကျွန်တော့်ဆီကနေ အခွင့်အလမ်းတွေ လုယူသွားတဲ့ ရှေးဟောင်းနဂါးမျိုးနွယ်စုက လူပဲ"

ယောင်ဟုန်ရှန်၏ စကားကိုကြားလျှင် လူတိုင်း၏ အကြည့်သည် ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

သူတို့အားလုံးသည် ကျန်းချန်ကို ထူးဆန်းစွာ ကြည့်နေခဲ့ကြသည်။

နယ်မြေ၄ခုမှ တပည့်များသည် ရှေးဟောင်းနဂါးမျိုးနွယ်စုဟူသော နာမည်နှင့် မစိမ်းကြပေ။

ဆိုရလျှင် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ ဖွင့်တိုင်းတွင် သူတို့နယ်မြေ၄ခုသည် ပြင်ပမှ လူအချို့နှင့် ရင်ဆိုင်ရလေ့ရှိသည်။

ထိုသူများသည် ရှေးဟောင်းနဂါး မျိုးနွယ်စုမှဟု အခိုင်အမာ ကြွေးကြော်တတ်ကြသည်။

ထို့အပြင် သူတို့ နယ်မြေလေးခုသည် ရှေးဟောင်းနဂါးမျိုးနွယ်စုမှ လူများကို မဟာနဂါးနန်းတော်၏ မျိုးဆက်များ ဖြစ်နိုင်သည်ဟု ယုံကြည်ခဲ့ကြသည်။

"လက်စသတ်တော့ ဒီကောင်လေးကိုး"

ထိုအခိုက်အတန့်မှာပင် ထျန်းလဲ့ဂိုဏ်းမှ လဲ့ခွမ်းသည် ကျန်းချန်ကို သတိပြုမိသွားခဲ့သည်။

သူ၏မျက်ဝန်းများက ချက်ချင်းပင် မီးဝင်းဝင်း တောက်လာခဲ့၏။

လဲ့ခွမ်း၏ ဒေါသတရားကို မြင်လိုက်ရလျှင် သူ၏ နံဘေးရှိ ငွေရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် စူးစမ်းစွာ မေးလိုက်သည်။

"လဲ့ခွမ်း မင်းဒီကောင်လေးကို သိလို့လား"

"ဒီကောင်က ငါ့ရဲ့ဝူရှို့နတ်သစ်သီးကို လုယူသွားတဲ့သူပဲ"

လဲ့ခွမ်း၏ မျက်ဝန်းတွင် အေးစက်သော အကြည့်များ ဖြစ်ပေါ်နေခဲ့သည်။

"ဒီနေ့ ငါသူ့ကို ကြီးမားတဲ့ အဖိုးအခပေးဆပ်ရအောင် လုပ်ရမယ်"

"လောလောဆယ်မတိုက်နဲ့ဦး လဲ့ခွမ်း.. ဒီကောင်က သာမန်မဟုတ်လောက်ဘူး.. ပိုင်ယွင်နန်းတော်က လူနဲ့ တိုက်ခိုက်တာကို ငါတို့အရင် စောင့်ကြည့်ကြတာပေါ့"

‌‌ငွေရောင်ဝတ်စုံဝတ်လူငယ်က လေးနက်စွာ ကြည့်၍ ပြောလိုက်သည်။

ကျန်းချန်ကို ကြည့်နေသော သူ၏အကြည့်တွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်နေခဲ့၏။

လဲ့ခွမ်းနှင့် ငွေရောင်ဝတ်စုံဝတ်လူငယ် စကားပြောဆိုနေသောအချိန်မှာပင် အခြားတစ်ဖက်တွင်လည်း အစ်ကိုဖေးသည် ယောင်ဟုန်ရှန်၏ စကားကိုကြားလျှင် အံ့အားသင့်သွားခဲ့သည်။

မကြာမီမှာပင် သူက ကျန်းချန်ဘက်သို့ လှမ်းကြည့်ကာ လေးနက်စွာ မေးလိုက်သည်။

"မင်းက တကယ်ပဲ ရှေးဟောင်းနဂါး မျိုးနွယ်စုကလား"

ကျန်းချန်က အရေးမစိုက်သော အမူအရာဖြင့် ပြန်ဖြေလိုက်သည်။

"ဟုတ်တော့ရော မင်းဘာလုပ်ချင်လို့လဲ"

"ကောင်လေး.. မင်းက သေတော့မှာကိုတောင် မောက်မာရဲတယ်လား"

ယောင်ဟုန်ရှန်၏ ခန္ဓာကိုယ်ထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေခဲ့သည်။

"မင်းဘယ်သူပဲဖြစ်နေပါစေ.. ဒီနေ့မဟာနဂါးတောင်က‌နေ အသက်ရှင်လျက် ထွက်မသွားစေရဘူး"

"ဟားဟား မင်းလိုအရှုံးသမားကလည်း ငါ့ရှေ့မှာ လေကြီးလေကျယ် ပြောရဲတယ်လား"

ကျန်းချန်က ခနဲ့တဲ့တဲ့ပြုံးကာ ပြောလိုက်သည်။

"သက်မဲ့တောင်ကြားတုန်းကတောင် မင်းက ငါ့ရဲ့ပြိုင်ဘက်မဟုတ်ခဲ့ဘူး.. အခုအချိန်မှာဆိုရင် ပိုလို့တောင် မဖြစ်နိုင်တော့ဘူး.. မင်းရဲ့စွမ်းအားက ငါ့ကိုရင်ဆိုင်ဖို့ မလုံလောက်သေးဘူး"

"သူ့ရဲ့စွမ်းအားက မလုံလောက်ဘူးဆိုရင် ငါ့ကိုပါ ထည့်တွက်လိုက်"

ထိုအခိုက်အတန့်တွင် အစ်ကိုဖေး၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

သူက ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်နေခဲ့၏။

"မင်းက ငါတို့ ပိုင်ယွင်နန်းတော်က တပည့်အချို့ကို သတ်ခဲ့တယ်.. ဒီနေ့ မင်း ငါ့ကို ကျေနပ်လောက်တဲ့ ရှင်းပြချက် မပေးနိုင်ရင် ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့"

အစ်ကိုဖေး၏နာမည်မှာ ဖေးချင်း ဖြစ်ပြီး ပိုင်ယွင်နန်းတော်၏ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားတစ်ပါး ဖြစ်သည်။

လွန်ခဲ့သည့် ၁၀ရက်ကျော်ခန့်က ကျန်းချန်၏ အနိုင်ယူခြင်းကို ခံရပြီးနောက်တွင် ယောင်ဟုန်ရှန်သည် ထွက်ပြေးလာခဲ့ပြီး ဖေးချင်းကို ဆက်သွယ်ခဲ့သည်။

ထို့နောက်တွင် ယောင်ဟုန်ရှန်သည် အရှင်ဝူရှန့်၏ လိုဏ်ဂူကို ရှာဖွေတွေ့ရှိခဲ့ပြီး ထိုအထဲတွင် နယ်မြေနတ်ဘုရားသလင်းကျောက်ကို တွေ့ရှိခဲ့သည်ဟု ပြောပြခဲ့သည်။

ဤသို့ဖြင့် ဖေးချင်းသည် ယောင်ဟုန်ရှန်နှင့် ပူးပေါင်းကာ နယ်မြေနတ်ဘုရား သလင်းကျောက်ကို ရယူရန်အတွက် သက်မဲ့တောင်ကြားထဲကို ဝင်‌ရောက်လာခဲ့၏။

သို့‌သော်လည်း သက်မဲ့တောင်ကြားထဲသို့ ရောက်လာသောအခါ ကျန်းချန်သည် ရတနာများနှင့်အတူ ထွက်ခွာသွားခဲ့၍ အလာကောင်းသော်လည်း အခါနှောင်းသွားခဲ့သည်။

ယခုအခါ သူက ကျန်းချန်နှင့် ဆုံတွေ့နေပြီဖြစ်ရာ ဖေးချင်းသည် နယ်မြေနတ်ဘုရား သလင်းကျောက်ကို ကျန်းချန်ထံကနေ ပြန်ယူလိုခဲ့သည်။

ရှေးခတ်ကာလတွင် အရှင်ဝူရှန့်သည် မဟာနဂါးနယ်မြေ၏ အစွမ်းအထက်ဆုံး နယ်မြေနတ်ဘုရားတစ်ပါး ဖြစ်၍ သူ၏နယ်မြေနတ်ဘုရား သလင်းကျောက်တွင် ပါဝင်သောစွမ်းအားသည် ပိုင်ယွင်နန်းတော်၏ နံပါတ်(၁)ပါရမီရှင် ရရှိထားသော နယ်မြေနတ်ဘုရား သလင်းကျောက်ထက်ပင် ပို၍ စွမ်းအင်များပြားသည်။

အကယ်၍ သူသာ ကျန်းချန်ထံမှ နယ်မြေနတ်ဘုရား သလင်းကျောက်ကို ရရှိခဲ့လျှင် ပိုင်ယွင်နန်းတော်၏ နံပါတ်(၁)တပည့်ဖြစ်လာနိုင်ပြီး ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်အောက်တွင် ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်လာနိုင်သည် မဟုတ်ပါလော။

ကျန်းချန်က အစ်ကိုဖေးကို လှမ်း၍ အကဲခတ်လိုက်သည်။

ဤလူ၏ ခွန်အားသည် ယောင်ဟုန်ရှန်ထက် ပို၍ အားကောင်းပြီး ကိုယ်ခံပညာဥပဒေသ၏ မူလစွမ်းအားကိုပါ နားလည်ထား၍ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကိုပင် ရောက်နှင့်နေပြီ ဖြစ်သည်။

သို့သော် သူ၏ လက်ရှိ အခြေအနေဖြင့် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်လောက်ကို မည်ကဲ့သို့ ကြောက်ရပါမည်နည်း။

ကျန်းချန်က စိတ်ထဲတွင် ပြုံးရယ်လိုက်ပြီး စကားပြောရန် ပြင်လိုက်စဥ်မှာပင် အရှိန်အဝါ သြဇာကြီးသော အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"ဟားဟား မင်းက ငါတို့ ရှေးဟောင်းနဂါးမျိုးနွယ်စုက လူကို ထိချင်ရင် ငါသဘောတူမတူ အရင်မေးရလိမ့်မယ်"

စကားသံနှင့်အတူ နောက်ကျောတွင် ဓားရှည်တစ်လက်ကို လွယ်ထားသော ခရမ်းရောင်ဝတ်စုံဝတ် လူတစ်ဦးသည် ကျန်းချန်တို့၏ ရှေ့ကို လေထဲကနေ လျှပ်တစ်ပြက် ရောက်ရှိလာခဲ့သည်။

ရုတ်တရက် ထွက်ပေါ်လာသော ခရမ်းရောင်ဝတ်စုံဝတ်လူကိုမြင်လျှင် ကျန်းချန်နှင့် လျှိုထျန်းရှင်းတို့ နှစ်ဦးစလုံးသည် အံ့အားသင့်သွားခဲ့သည်။

ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသောလူသည် အခြားသူ မဟုတ်ပေ။

ရှေးဟောင်းနဂါး မျိုးနွယ်စု၏ နဂါးအစောင့်အရှောက်များထဲတွင် ပထမနေရာတွင် ရှိသည့် လုံချီရှောင် ဖြစ်သည်။

"မင်းက ဘယ်သူလဲ"

သူတို့ရှေ့တွင် ရုတ်တရက် ပေါ်လာသော ခရမ်းရောင်ဝတ်စုံဝတ်လူကို ကြည့်ကာ ဖေးချင်း၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

ဤခရမ်းရောင်ဝတ်စုံဝတ် လူ၏ အရှိန်အဝါသည် သူ့ထက် လုံးဝ မနိမ့်ကျပေ။

ဆိုရလျှင် သူ့လိုပင် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်၏။

"ငါက ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ နဂါးအစောင့်အရှောက် လုံချီရှောင်ပဲ"

လုံချီရှောင်က သတ်ဖြတ်လိုစိတ်ဖြင့် ဖေးချင်းကို စိုက်ကြည့်လိုက်သည်။

"ငါလုံချီရှောင် ရှိနေသမျှ ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ လူကို မင်းတို့ ထိခွင့်မရှိဘူး"

"အစ်ကိုလုံ"

ကျန်းချန်နှင့် လျှိုထျန်းရှင်းတို့က မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် ရှေ့သို့ တက်ကာ လုံချီရှောင်ကို နှုတ်ဆက်လိုက်ကြသည်။

"ညီလေးနှစ်ယောက် အဆင်ပြေတယ်မဟုတ်လား"

လုံချီရှောင်က သူ၏လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

ချက်ချင်းဆိုသလိုပင် သူ၏အကြည့်သည် ကျန်းချန်၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့ပြီး ပြုံးရွှင်စွာ ပြောလိုက်၏။

"ကျန်းချန်.. ငါ့ဆရာနဲ့ အကြီးအကဲတွေဆီကနေ မင်းရဲ့နာမည်ကို မကြာခဏ ကြားခဲ့ရတယ်"

ကျန်းချန်က ရုတ်တရက် အံ့အားသင့်သွားခဲ့သည်။

"အစ်ကိုလုံက အကြီးအကဲချုပ် လုံကျန့်ရှင်းရဲ့ တပည့်လား"

လုံချီရှောင်လို ပါရမီရှင်တစ်ဦးကို မွေးထုတ်နိုင်သော ပုဂ္ဂိုလ်သည် ရှေးဟောင်းနဂါး မျိုးနွယ်စုတွင် သြဇာကြီးမားသောပုဂ္ဂိုလ်တစ်ဦး ဖြစ်မည်ဟု သူ ခန့်မှန်းမိခဲ့သည်။

သူ့အပေါ်တွင် ဂရုစိုက်သော ရှေးဟောင်းနဂါးမျိုးနွယ်စုမှ သြဇာကြီးမားသည့် ပုဂ္ဂိုလ်များထဲတွင် ဖန်းချင်းယွမ် အပြင် အကြီးအကဲချုပ် လုံကျန့်ရှင်း သာလျှင် ရှိ၏။

ထို့ကြောင့် ကျန်းချန်အတွက် လုံချီရှောင်က လုံကျန့်ရှင်း၏ တပည့်မှန်း ခန့်မှန်းရန် မခက်ခဲခဲ့ပေ။

"ဆရာက ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲကို ရောက်ရင် မင်းကို ဂရုစိုက်ပေးဖို့ ငါ့ကို အကြိမ်ကြိမ် မှာခဲ့တယ်.. ဒီရက်ပိုင်းအတွင်း မင်းရဲ့ သတင်းအစအနကို ငါမတွေ့ခဲ့လို့ ငါ့ရဲ့ကံတရားကို စမ်းသပ်ကြည့်ဖို့အတွက် ဒီနေရာကို ရောက်လာခဲ့တာပဲ.. မင်းလည်း ဒီကိုရောက်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"

လုံချီရှောင်က ပြုံးရွှင်စွာ ပြောလိုက်သည်။

"ဘာမှမစိုးရိမ်နဲ့ ငါရှိနေသရွေ့ ဘယ်သူကမှ မင်းရဲ့ဆံချည်တစ်မျှင်ကိုတောင် မထိစေရဘူး"

"ဟမ့် လေလုံးထွားလှချည်လား"

လုံချီရှောင်၏ စကားကိုကြားလျှင် ဖေးချင်း၏ မျက်ဝန်းတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

"ဒီနေ့ ငါဖေးချင်းက မင်းဆီကနေ သင်ယူပါရစေ"

စကားသံဆုံးသည်နှင့် ဖေးချင်းထံမှ ကြောက်မက်ဖွယ် အအေးစွမ်းအင် တစ်ခုသည် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

"ဟားဟား ငါလုံချီရှောင်ကလည်း မင်းတို့ ပြင်ပနယ်မြေက ပါရမီရှင်တွေရဲ့ ခွန်အားကို လေ့လာချင်နေတာနဲ့ အတော်ပဲ"

လုံချီရှောင်က ရယ်မော၍ ပြောလိုက်ပြီး နောက်ကျောမှ ဓားကိုဆွဲထုတ်ကာ ဓားလမ်းစဥ် ဥပဒေသစွမ်းအားကို ထုတ်ဖော်၍ ဖေးချင်းကို တိုက်ခိုက်လိုက်သည်။

အခန်း(၁၆၁၅)ပြီး၏။

အခန်း(၁၆၁၆)

ဖေးချင်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။

သူက ချက်ချင်းပင် ရေခဲလမ်းစဥ် ဥပဒေသ၏ စွမ်းအားကို ထုတ်ဖော်ကာ ဧရာမ ရေခဲလက်သည်းအဖြစ်သို့ ပြောင်းလဲ၍ လုံချီရှောင်၏ ဓားချက်ကို ရင်ဆိုင်လိုက်၏။

"ဝုန်း.."

ထိတ်လန့်ဖွယ်ရာပေါက်ကွဲသံသည် ကမ္ဘာတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့ပြီး ကြောက်မက်ဖွယ်ရာ ကောင်းသော အဖျက်စွမ်းအင် မုန်တိုင်းတစ်ခုသည် အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံ့သွားခဲ့ပြီး တိုက်ပွဲကို ကြည့်ရှုနေသည့် လူအများအား နောက်သို့ အလျင်အမြန် ဆုတ်ခွာစေခဲ့သည်။

ဖေးချင်းက မြေပြင်ကို ခြေတစ်ချက် ဆောင့်နင်းလိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။

သို့သော်လည်း သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီးစ အချိန်မှာပင် လုံချီရှောင်၏ ဒုတိယမြောက်ဓားချက်သည် သူ့ထံသို့ သက်ရောက်လာခဲ့၏။

ဖေးချင်းက မျက်မှောင်ကြုတ်သွားခဲ့ပြီး အနည်းငယ်မျှပင် ပေါ့ဆရဲခြင်း မရှိတော့ဘဲ ခန္ဓာကိုယ်တစ်ခုလုံးမှ ခွန်အားများကို အလျင်အမြန် လှုံ့ဆော်ကာ လုံချီရှောင်၏ ဓားချက်ကို ရင်ဆိုင်လိုက်သည်။

"ဝုန်း.."

ကြောက်မက်ဖွယ် ပေါက်ကွဲသံသည် မဟာနဂါးတောင်ထိပ်တွင် ပဲ့တင်ထပ်သွားခဲ့သည်။

သူတို့နှစ်ဦးသည် အသက်ရှူကြိမ် အနည်းငယ် အတွင်းမှာပင် တိုက်ကွက်၇ကွက်၊ ၈ကွက်ခန့် တိုက်ခိုက်ခဲ့ပြီးပြီ ဖြစ်သည်။

လုံချီရှောင်သည် ဓားလမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကို နားလည်ထားသော ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားဖြစ်၍ ဖေးချင်းထက် လုံးဝမနိမ့်ကျပေ။

ထို့အပြင် သူ၏ တိုက်ကွက်များသည် ဖေးချင်း၏ တိုက်ကွက်များထက် အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းပြီး ပြိုင်ဘက်ကို ဖိနှိပ်နိုင်သော စွမ်းအားလည်း ရှိသည်။

ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားချင်း အတူတူ ဖြစ်နေလျှင်ပင် ‌ဖေးချင်းသည် ကဏ္ဍအားလုံးတွင် လုံချီရှောင်၏ အသာစီးရယူခြင်းကို ခံခဲ့ရ၏။

"အစ်ကိုလုံရဲ့ ခွန်အားက ဒီလောက်အထိ သန်မာလိမ့်မယ်လို့ မထင်ထားမိဘူး"

တိုက်ပွဲတွင် လုံးဝ အသာစီးရနေသော လုံချီရှောင်ကို ကြည့်ရင်း လျှိုထျန်းရှင်း၏ မျက်ဝန်းများတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်က ခေါင်းညိတ်လိုက်၏။

ရှေးဟောင်းနဂါး မျိုးနွယ်စု၏ နဂါးအစောင့်အရှောက်ထဲတွင် ပထမနေရာ၌ ရှိသော လုံချီရှောင်သည် အမှန်တကယ်ပင် အထင်ကြီးစရာ ကောင်းလွန်းလှသည်။

ဒုတိယနေရာတွင် ရှိသည့် ကျွမ်းရှန့်ယန်နှင့် နှိုင်းယှဥ်လျှင် လုံချီရှောင်၏ ခွန်အားသည် အဆပေါင်းများစွာ ပိုမို အားကောင်း၏။

နယ်မြေ၄ခုမှ ပါရမီရှင်များထဲမှာပင် သူ့ကို အနိုင်ယူနိုင်သူသည် လက်ချိုးရေတွက်၍ ရသည်။

ပိုင်ယွင်နန်းတော်မှ ဖေးချင်းကို လုံချီရှောင်က လုံးဝ အသာစီး ရယူထားသည်ကို မြင်ပြီးနောက်တွင် ကျန်းချန်၏ အေးစက်စက် အကြည့်သည် ယောင်ဟုန်ရှန် ဆီသို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့၏။

"ယောင်ဟုန်ရှန်.. အဲဒီနေ့က မင်းထွက်ပြေးဖို့ အခွင့်အရေးရခဲ့တယ်.. ဒီနေ့တော့ မင်းဘယ်ကို ထွက်ပြေးနိုင်ဦးမလဲဆိုတာ ငါကြည့်ချင်သေးတယ်"

ကျန်းချန်၏ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော အေးစက်စက် မျက်ဝန်းများကို ခံစားမိလျှင် ယောင်ဟုန်ရှန်၏ မျက်နှာအမူအရာသည် ချက်ချင်းပင် အလွန်တရာ အကျည်းတန်သွားခဲ့သည်။

သူက ဂိုဏ်းဝင်တချို့နှင့် အတူ သက်မဲ့တောင်ကြားထဲတွင် ရှေးခေတ်မှ အင်အားကြီးမားသော ပုဂ္ဂိုလ်တစ်ဦး၏ လိုဏ်ဂူကို ရှာဖွေတွေ့ရှိခဲ့သည်။

သို့သော်လည်း တစ်ချိန်တည်းမှာပင် ရှေးဟောင်းနဂါးမျိုးနွယ်စုမှ အဖွဲ့ဝင်နှစ်ဦးနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည်။

သူက ရှေးဟောင်းနဂါး မျိုးနွယ်စုမှ ကျင့်ကြံသူနှစ်ယောက်ကို တိုက်ကွက်တစ်ကွက်တည်းဖြင့်ပင် အပြင်းအထန် ထိခိုက်ဒဏ်ရာရစေခဲ့ပြီး သူ၏ အဖော်သုံးဦးကို လိုက်လံ သတ်ဖြတ်စေခဲ့သည်။

သို့သော်လည်း ရှေးဟောင်းနဂါးမျိုးနွယ်စုတွင် ကျန်းချန်ဟု ခေါ်သည့် ပါရမီရှင်တစ်ဦး ထွက်ပေါ်လာခဲ့ပြီး သူ၏ အဖော်သုံးဦးကို သတ်ပစ်လိုက်ရုံသာမက ရှေးဟောင်းလိုဏ်ဂူ ဆီသို့ပါ ရောက်ရှိလာပြီး သူပိုင်ဆိုင်သင့်သည့် အခွင့်အရေးကို လုယူသွားခဲ့သည်။

ယခု မဟာနဂါး‌တောင်တွင် ကျန်းချန်နှင့် ပြန်လည်ဆုံတွေ့သောအခါဝယ် ယောင်ဟုန်ရှန်သည် ထိုစဥ်က ကိစ္စကို ပြန်လည် အမှတ်ရပြီး မကျေမနပ် ဖြစ်နေခဲ့၏။

ပိုင်ယွင်နန်းတော်၏ တပည့်များထဲတွင် ဒုတိယနေရာတွင် ရှိသည့် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် ဖေးချင်းဖြင့်သာ ဆိုလျှင် ကျန်းချန်ကို ရှင်းလင်းရန်မှာ လွယ်ကူသောကိစ္စမျှသာ ဖြစ်သည်ဟု မူလက သူတွေးခဲ့သည်။

သို့သော်လည်း အရေးပါသော အခိုက်အတန့်တွင် ရှေးဟောင်းနဂါးမျိုးနွယ်စုမှ ပါရမီရှင်တစ်ဦး ထပ်မံ ထွက်ပေါ်လာခဲ့ပြီး ဖေးချင်းကို အသာစီးရယူကာ ဖိနှိပ်ထားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ဤနေရာတွင် ပိုင်ယွင်နန်းတော်မှ တပည့်၇ဦး၊၈ဦး စုရုံး၍ ရှိနေကြသည်။

သို့သော်လည်း ဖေးချင်းအပြင် ကျန်ရှိနေသော လူအနည်းငယ်ထဲတွင် သူသာလျှင် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားအဆင့် ဖြစ်သည်။

သက်မဲ့တောင်ကြားတွင်ရှိစဥ်က ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်ကို ပြန်တွေးမိလိုက်သောအခါတွင် ယောင်ဟုန်ရှန်သည် ကူကယ်ရာမဲ့စွာဖြင့် တုံ့ဆိုင်းနေခဲ့၏။

သူတစ်ဦးတည်း၏ ခွန်အားဖြင့်ဆိုလျှင် ကျန်းချန်၏ ပြိုင်ဘက် မဖြစ်နိုင်မှန်း သူကောင်းစွာသိသည်။

"ဖန်ယွင်.. ဒီကောင်လေးကို သတ်ဖို့ ငါ့ကို ကူညီပေးနိုင်မလား.. ဒီအတွက် ငါယောင်ဟုန်ရှန်က မင်း တောင်းဆိုတာကို ဖြည့်ဆည်းပေးပါ့မယ်"

ယောင်ဟုန်ရှန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး သူ၏နံဘေးမှ အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးကို ပြောလိုက်သည်။

ထိုလူငယ်သည် ပိုင်ယွင်နယ်မြေမှ အခြားသော နယ်မြေနတ်ဘုရား အင်အားစု၏ ထိပ်တန်းပါရမီရှင် တစ်ဦး ဖြစ်ပြီး ခွန်အားအရာတွင်လည်း သူ့ထက် များစွာမနိမ့်ကျပေ။

ထို့ကြောင့် ယောင်ဟုန်ရှန်က ကျန်းချန်ကို ရင်ဆိုင်ရန်အတွက် ဖန်ယွင်နှင့် ပူးပေါင်းရန် ဆုံးဖြတ်ခဲ့ခြင်းပင်။

ဖန်ယွင်က ပေါ့ပါးစွာပင် ပြောလိုက်သည်။

"ပိုင်လင်ဆေးလုံး ၁၀လုံး"

"ကောင်းပြီ ငါသဘောတူတယ်"

ယောင်ဟုန်ရှန်က သွားများကို အံကြိတ်လိုက်ပြီး အဆုံးသတ်တွင် သဘောတူလိုက်သည်။

ပိုင်လင်ဆေးလုံးသည် ပိုင်ယွင်နန်းတော်၏ ထူးခြားသော ပကတိနတ်ဘုရားအဆင့် ဆေးလုံးတစ်မျိုး ဖြစ်ပြီး ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားအဆင့်တွင် ကိုယ်ခံပညာဥပဒေသ၏ မူလစွမ်းအားအပေါ် နားလည်သဘောပေါက်ခြင်းအရှိန်အဟုန်အား တိုးလာစေနိုင်သော စွမ်းရည် ရှိသည်။

ဆိုရလျှင် ပိုင်လင်ဆေးလုံးသည် ခြေလှမ်းတစ်တက်ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် ကျင့်ကြံသူများ မက်မောသည့် ဆေးလုံး အမျိုးအစား ဖြစ်သည်။

သို့‌သော်လည်း ယခု ကျန်းချန်နှင့် ရင်ဆိုင်နေရသည် ဖြစ်ရာ သူ့အနေဖြင့် ကြီးလေးသော အဖိုးအခများအား ရင်းနှီးရလိမ့်မည် မဟုတ်ပါလား။

ယောင်ဟုန်ရှန်က အပေးအယူအား သဘောတူလိုက်သည်ကိုမြင်လျှင် အနက်ရောင်ဝတ်စုံဝတ်လူငယ်သည် တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်းဆိုသလိုပင် ယောင်ဟုန်ရှန်နှင့်ဘေးချင်းယှဥ်၍ ရပ်နေလိုက်သည်။

သူက ကျန်းချန်ကို ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။

"မိတ်ဆွေ စိတ်မကောင်းပါဘူး.. ယောင်ဟုန်ရှန်က ပိုင်လင်ဆေးလုံး ၁၀လုံးကို ပေးဖို့ဆန္ဒရှိနေတဲ့ အတွက် ငါမင်းကို မဖြစ်မနေ တိုက်ခိုက်ရတော့မယ်"

ထိုစကားကိုကြားလျှင် ကျန်းချန်သည် ဖန်ယွင်ကို ပေါ့ပါးစွာကြည့်၍ တုံ့ပြန် ပြောဆိုလိုက်သည်။

"ငါတို့နှစ်ယောက်ကြားမှာ ဝင်မစွက်ဖက်ဖို့ ငါမင်းကို အကြံပေးချင်တယ်.. မင်းအခု နောက်ဆုတ်မယ်ဆိုရင် အချိန်မီကောင်း မီနိုင်သေးတယ်.. ဆေးလုံး၁၀လုံးအတွက်နဲ့ အသက်ကို အဆုံးရှုံးခံတာ အဓိပ္ပါယ်မရှိဘူး"

"ဟားဟား ကောင်လေး.. မင်းက‌ လေလုံးထွားလှချည်လား"

ဖန်ယွင်က မထီမဲ့မြင် ရယ်မောလိုက်သည်။

"ငါ့အသက်ကို လိုချင်တယ် ဆိုရင်တော့ မင်းက အရည်အချင်းမပြည့်မီသေးဘူး"

သူနှင့် ယောင်ဟုန်ရှန်တို့သည် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

သူတို့နှစ်ဦးသာ ပူးပေါင်းလိုက်လျှင် အနှိုင်းမဲ့ပါရမီရှင် အချို့ပင် သူတို့ကို အနိုင်ယူရန် လွယ်ကူတော့မည် မဟုတ်ပေ။

နယ်မြေ၄ခုရှိ ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်နှင့်အလွန်တရာ နီးကပ်နေသော အထွတ်အထိပ် ပါရမီရှင်များမှ လွဲလျှင် ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေထဲတွင် မည်သူကမှ သူတို့ကို သတ်ဖြတ်ရန် မဖြစ်နိုင်ချေ။

သူတို့ရှေ့မှ ကောင်လေးက ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် နီးပါးလောက် အစွမ်းထက်လိမ့်မည်ဟု ဖန်ယွင် မယုံကြည်ခဲ့ပေ။

"ဖန်ယွင် အပိုစကားတွေ မပြောနဲ့တော့.. သူ့ကို ရှင်းပစ်လိုက်ကြစို့"

ယောင်ဟုန်ရှန်က ကြုံးဝါးလိုက်ပြီး အဆင့်မြင့် ပကတိနတ်ဘုရား အထွတ်အထိပ်အဆင့် နတ်စွမ်းအားနှင့် ရေခဲလမ်းစဥ်ဥပဒေသ၏ မူလစွမ်းအားများကို ထုတ်ဖော်လိုက်သည်။

"ညီနောင်ကျန်းချန် မင်းယောင်ဟုန်ရှန်နဲ့ပဲ ရင်ဆိုင်လိုက်.. ငါ ဒီကောင့်ကို တာဝန်ယူလိုက်မယ်"

လျှိုထျန်းရှင်းက ယောင်ဟုန်ရှန်တို့ နှစ်ဦး ကျန်းချန်အားတိုက်ခိုက်ရန် အသင့်ဖြစ်နေသည်ကို မြင်လျှင် ဓားဥပဒေသ၏ မူလစွမ်းအားကို ထုတ်ဖော်ကာ ဖန်ယွင် ဆီသို့ တိုက်ရိုက်ပင် ပြေးဝင်သွားခဲ့သည်။

"ဓားဥပဒေစွမ်းအင်ရဲ့ မူလစွမ်းအားကို အခုမှ နားလည်တဲ့ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကများ ငါ့ကို တိုက်ခိုက်ရဲတယ်လား.. မင်းက ဒီလောက်အထိ သေချင်နေမှတော့ ငါမင်းကို ဘယ်လိုသတ်မလဲ ဆိုတာ စောင့်ကြည့်နေလိုက်"

ဖန်ယွင်၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

သူ၏ ခန္ဓာကိုယ်ကနေ လေဓား ထောင်ပေါင်းများစွာ ထွက်ပေါ်လာခဲ့ပြီး အဆုံးသတ်တွင် ပေထောင်ချီ ရှည်လျားသော ဧရာမ ဓားရှည်တစ်လက် အဖြစ်သို့ ပြောင်းလဲကာ လျှိုထျန်းရှင်းကို တိုက်ခိုက်လိုက်သည်။

"ဒီကောင်က ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကိုတောင် ရောက်သွားပြီလား"

လျှိုထျန်းရှင်း ထုတ်ဖော်လိုက်သော ဓားဥပဒေသ မူလစွမ်းအားကို မြင်လျှင် ယောင်ဟုန်ရှန်သည် အံ့အားသင့်နေခဲ့သည်။

သက်မဲ့တောင်ကြားတွင် ရှိစဥ်က သူ၏ လက်ဝါးရိုက်ချက်ဖြင့် ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့သော ထိုကောင်လေးသည် ယခုအခါတွင် ခြေလှမ်းတစ်ဝက် ကေားင်ကင်နတ်ဘုရားနယ်ပယ်အဆင့်ကို ထိုးဖောက်သွားခဲ့ပြီ ဖြစ်၏။

ကံကောင်းစွာဖြင့် သူက ဖန်ယွင်ကို အကူအညီ တောင်း၍ရခဲ့သည်။

သို့မဟုတ်လျှင် သူ့အတွက် အမှန်တကယ် ပြဿနာရှိလာနိုင်၏။

"ကျန်းချန်.. ဒီကောင်က ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို ထိုးဖောက်လိုက်တာနဲ့ပဲ ဖန်ယွင်ကို တားဆီးနိုင်လိမ့်မယ်လို့ မင်းထင်နေတာလား"

ယောင်ဟုန်ရှန်က လှောင်ပြောင်ကာ ပြောလိုက်သည်။

"ဒီကောင့်လောက်ကို ဖန်ယွင်က သုံးကွက်အတွင်း သတ်ဖြတ်နိုင်တယ်.. ပြီးရင်တော့ ငါနဲ့ဖန်ယွင်ရဲ့လက်ထဲမှာ မင်းမုချ သေရလိမ့်မယ်"

လျှိုထျန်းရှင်းက ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို ထိုးဖောက်ခဲ့သော်လည်း ဖန်ယွင်၏ အကူအညီကို ရရှိနေသဖြင့် ယောင်ဟုန်ရှန်သည် စိုးရိမ်မှု မရှိခဲ့ပေ။

သူက ကျန်းချန်၏ တိုက်ကွက်နှစ်ကွက်၊ သုံးကွက်ခန့်ကို တားဆီးထားနိုင်သရွေ့ ဖန်ယွင်သည် လျှိုထျန်းရှင်းအား ရှင်းလင်းပြီးနောက်တွင် သူနှင့် ပူးပေါင်းကာ ကျန်းချန်အား ရင်ဆိုင်လိမ့်မည် ဖြစ်သည်။

သူတို့နှစ်ယောက်၏ စွမ်းရည်ဖြင့်ဆိုလျှင် ကျန်းချန်အားရှင်းလင်းရန်မှာ ပြဿနာကြီးကြီးမားမား ရှိမည်မဟုတ်တော့ချေ။

"သူက လျှိုထျန်းရှင်းကို သုံးကွက်တည်းနဲ့ အနိုင်ယူကောင်းယူနိုင်တယ် ဒါပေမဲ့မင်းကို အနိုင်ယူဖို့က ဘာအတွက်နဲ့ သုံးကွက်အထိ လိုအပ်ရမှာလဲ"

ကျန်းချန်က မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။

သူ၏ အေးစက်စက် အသံသည် ကမ္ဘာတစ်ဝန်းလုံးတွင် ပဲ့တင်ထပ်သွားခဲ့၏။

"ငါမင်းကို အနိုင်ယူချင်ရင် တိုက်ကွက်တစ်ကွက်တည်းနဲ့တင် လုံလောက်တယ်"

အခန်း(၁၆၁၆)ပြီး၏။

အခန်း(၁၆၁၇)

ကျန်းချန်၏ မောက်မာသောစကားကိုကြားလျှင် ပတ်ဝန်းကျင်ရှိ နယ်မြေ၄ခုမှ လူများသည် ကျန်းချန်ကို တအံ့တသြ ကြည့်ရှုလိုက်ကြသည်။

အထူးသဖြင့် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်ကို သိမြင်ခဲ့သော လူတချို့၏ အမူအရာသည် ပို၍ပင် အံ့အားသင့်နေခဲ့သည်။

ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်တွင် မူလစွမ်းအားအပေါ် နားလည်မှုအား လိုက်၍ အစောပိုင်းအဆင့်၊ အလယ်အလတ်အဆင့်၊ နှောင်းပိုင်းအဆင့် ဟူ၍ ခွဲခြားထားသည်။

ယောင်ဟုန်ရှန်သည် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားအလယ်အလတ်အဆင့် ပါရမီရှင်တစ်ဦး ဖြစ်သည်။

ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား နှောင်းပိုင်းအဆင့် ကျင့်ကြံသူပင် ယောင်ဟုန်ရှန်ကို တိုက်ကွက် တစ်ကွက်တည်းဖြင့် အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။

ထို့အပြင် ရှေးဟောင်းနဂါး မျိုးနွယ်စုမှ ကောင်လေး၏ ကျင့်ကြံခြင်းအဆင့်သည် အဆင့်မြင့် ပကတိနတ်ဘုရား အစောပိုင်း အဆင့်သာ ရှိ၏။

ထို့ကြောင့် ထိုလူငယ်ထံတွင် ယောင်ဟုန်ရှန်ကို အနိုင်ယူနိုင်လောက်သည့် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားမျိုး ရှိနေရန်မှာ လုံးဝမဖြစ်နိုင်ချေ။

"ဟားဟား မင်းက ငါ့ကို တိုက်ကွက်တစ်ကွက်တည်းနဲ့ ဘယ်လိုအနိုင်ယူမလဲဆိုတာ ငါကြည့်ချင်သေးတယ်"

ယောင်ဟုန်ရှန်က ကမ္ဘာပေါ်တွင် အရယ်ရဆုံး ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ မထီမဲ့မြင် ရယ်မောလိုက်သည်။

သူက သက်မဲ့တောင်ကြားတွင် ကျန်းချန်နှင့် တိုက်ခိုက်ဖူး၍ ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်ကို ကောင်းစွာ သိရှိနေခဲ့ပြီး ဖြစ်သည်။

ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်သည် အလွန်တရာပင် အားကောင်းပြီး တစ်ဦးချင်း တိုက်ခိုက်မည်ဆိုလျှင် သူ့အနေဖြင့် ရှုံးနိမ့်ရန်မှာ သေချာသလောက်ပင်။

သို့သော် တစ်ကွက်တည်းဖြင့် အနိုင်ယူရန်မှာမူ လုံးဝမဖြစ်နိုင်ပေ။

"ဒါဆိုလည်း မင်းကိုအမြင်ကျယ်အောင် လုပ်ပေးရသေးတာပေါ့"

ကျန်းချန်ကလည်း ကြုံးဝါးလိုက်ပြီး ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို အဆုံးစွန်အထိ ထုတ်ဖော်လိုက်သည်။

သူ၏ ခန္ဓာကိုယ်ကနေ အလွန်တရာ အားကောင်းသော နတ်စွမ်းအားသည် တိုက်ရိုက်ပင် ပေါက်ကွဲထွက်လာခဲ့၏။

"ဝုန်း.."

ကြောက်မက်ဖွယ် ဖိအားလှိုင်းတစ်ခုသည် ချက်ချင်းဆိုသလိုပင် ယောင်ဟုန်ရှန် ဆီသို့ သက်ရောက်လာခဲ့သည်။

ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ နယ်မြေ၄ခုမှ တပည့်များသည်ပင် ကြောက်မက်ဖွယ်ဖိအားကို ခံစားမိခဲ့သည်။

"ဒါ ဒါက သိုင်းစွမ်းအားပုံရိပ်ပါလား"

ကျန်းချန် ထုတ်ဖော်လိုက်သော လျှို့ဝှက်နည်းစနစ်၏ ပုံရိပ်ကိုမြင်လျှင် ပါရမီရှင်များစွာသည် မှင်တက်သွားခဲ့ကြပြီး သူတို့၏ မျက်လုံးကိုပင် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ကြသည်။

ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲကို ဝင်ရောက်နိုင်သူများသည် နယ်မြေ၄ခုထဲရှိ ထိပ်တန်းပါရမီရှင်များချည်း ဖြစ်ကြသည်။

ထိုကြောင့် ထိုပါရမီရှင်များထဲမှ အများစုသည် သိုင်းစွမ်းအားပုံရိပ်ကို ထုတ်ဖော်နိုင်သော နယ်မြေနတ်ဘုရားအဆင့်လျှို့ဝှက်နည်းစနစ်များအား လေ့ကျင့်ခဲ့ကြသည်။

သို့‌သော်လည်း ဤမျှကြောက်မက်ဖွယ်ကောင်းသော သိုင်းစွမ်းအားကို ထုတ်ဖော်နိုင်သည့် နည်းစနစ်မျိုး သူတို့တစ်ခါမှ မမြင်ဖူးခဲ့ပေ။

"ဒီလျှို့ဝှက်နည်းစနစ်က နယ်မြေ၄ခုက ထိပ်တန်းနည်းစနစ်တွေထက် ၁၀ဆ အထိ ပိုမို အားကောင်းနေတယ်"

ဤမြင်ကွင်းကိုကြည့်ရင်း ထျန်းလဲ့ဂိုဏ်းမှ ငွေရောင်ဝတ်စုံဝတ် လူငယ်၏မျက်ဝန်းထဲတွင် အံ့သြထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

"ဒါက နတ်ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်ပဲ ဖြစ်ရမယ် ဒဏ္ဍာရီလာ လျှို့ဝှက်နည်းစနစ်ကသာ ဒီလို ကြောက်မက်ဖွယ်ရာကောင်းတဲ့ သိုင်းစွမ်းအားပုံရိပ်ကို ထုတ်ဖော်နိုင်လောက်မယ်ထင်တယ်.. နတ်ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်ကိုတောင် ပိုင်ဆိုင်ထားတယ်ဆိုတော့ ရှေးဟောင်းနဂါးမျိုးနွယ်စုက မဟာနဂါးနန်းတော်ရဲ့ အဆက်အနွှယ်တွေဆိုတာ သေချာသွားပြီိ"

ငွေရောင်ဝတ်စုံဝတ်လူငယ်က သူ့ဘာသာသူ တစ်ကိုယ်တည်းတီးတိုးရေရွတ်လိုက်သည်။

ကျန်းချန်ကိုကြည့်နေသော သူ၏ အကြည့်တွင် လောဘ၏ အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။

မဟာနဂါးနန်းတော် ပျက်စီးသွားပြီးနောက်တွင် နတ်ဘုရင်အဆင့် လျှို့ဝှက် နည်းစနစ်များသည် နယ်မြေ၄ခုတွင် ဒဏ္ဍာရီသဖွယ်သာ ကျန်ရှိခဲ့သည်။

ထို့နောက် နယ်မြေ၄ခုသည် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ ဖွင့်လှစ်သော အချိန်တွင် မဟာနဂါးနန်းတော်မှ နတ်ဘုရင်အဆင့် အမွေအနှစ်များကို အမြဲတစေ ရယူလိုခဲ့ကြသည်။

သို့သော်လည်း မဟာစစ်ပွဲကြီး ပြီးဆုံးသွားပြီးနောက်တွင် မဟာနဂါးနန်းတော်သည် မဟာနဂါး တောင်ထိပ်ကနေ လုံးဝကို‌ ပျောက်ကွယ်သွားခဲ့သည်။

ဤနှစ်များအတွင်း နယ်မြေ၄ခုသည် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲတွင် အကြိမ်ပေါင်းများစွာ မရေမတွက်နိုင်အောင် ရှာဖွေခဲ့ကြသော်လည်း မဟာနဂါးနန်းတော်၏ အစအနကိုပင် ရှာမတွေ့ခဲ့ကြပေ။

ဤတစ်ကြိမ်တွင်မူ သူသည် မဟာနဂါးနန်းတော်၏ မျိုးဆက်များထံမှ နတ်ဘုရင်အဆင့် အမွေအနှစ်ကို ရရှိကောင်း ရရှိရန် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

လူတိုင်းက ကျန်းချန် ထုတ်ဖော်ထားသော သိုင်းစွမ်းအားပုံရိပ်ကြောင့် အံ့သြထိတ်လန့်နေသော အချိန်တွင် ကျန်းချန်နှင့် ထိပ်တိုက် ရင်ဆိုင်နေရသော ယောင်ဟုန်ရှန်သည် သေခြင်းတရား၏ အရိပ်အ‌ငွေ့က သူ၏ တစ်ကိုယ်လုံးကို ဖုံးအုပ်ထားသလို ခံစားခဲ့ရသည်။

"သိုင်းစွမ်းအားပုံရိပ်လောက်နဲ့ ငါ့ကို ဖိနှိပ်ချင်တယ်လား"

ယောင်ဟုန်ရှန်က ဒေါသတကြီး ကြုံးဝါးလိုက်ပြီး နတ်စွမ်းအားနှင့် ရေခဲဥပဒေသ မူလစွမ်းအားကို အကန့်အသတ်အထိ ထုတ်ဖော်လိုက်ကာ ပကတိနတ်ဘုရား ကမ္ဘာငယ်လေးကို ဖန်တီး၍ ကျန်းချန်၏ သိုင်းစွမ်းအားပုံရိပ်နှင့် ရင်ဆိုင်လိုက်သည်။

"ဝုန်း.."

ထိတ်လန့်စရာကောင်းသော စွမ်းအင်ပေါက်ကွဲသံသည် မဟာနဂါးတောင်ထိပ်၏ ကောင်းကင်ယံ အထက်တွင် ပဲ့တင်ထပ်နေခဲ့သည်။

ယောင်ဟုန်ရှန်၏ ပကတိနတ်ဘုရား ကမ္ဘာငယ်လေးသည် သိုင်းစွမ်းအားပုံရိပ်၏ ဖိနှိပ်မှုအောက်တွင် တဖြည်းဖြည်း အက်ကွဲလာခဲ့၏။

တစ်ခဏအတွင်းမှာပင် ယောင်ဟုန်ရှန်၏ ရေခဲကမ္ဘာငယ်လေးသည် ရေခဲပွင့် ထောင်ပေါင်းများစွာ အဖြစ် ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်နှင့်မြေကြီး ကြားတွင် ဖြည်းဖြည်းချင်း ပျံ့နှံ့သွားခဲ့သည်။

"ဖူး.."

သူ၏ ပကတိနတ်ဘုရားကမ္ဘာငယ်လေး ဖြိုခွဲခံရပြီးနောက်တွင် ယောင်ဟုန်ရှန်သည် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ပေထောင်ချီ အကွာအဝေးအထိ လွင့်စင်သွားခဲ့သည်။

"နတ်ဘုရင်အဆင့် နည်းစနစ်က ငါထင်ထားတာထက် ပိုပြီးအားကောင်းနေပုံပဲ"

ဒဏ်ရာအပြင်းအထန် ရရှိကာ သွေးအလိမ်းလိမ်း ဖြစ်နေသော ယောင်ဟုန်ရှန်ကို ကြည့်ပြီး ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အဆင့်မြင့် ပကတိနတ်ဘုရားအဆင့်ကို ထိုးဖောက်ပြီးနောက်တွင် သူ၏ သိုင်းစွမ်းအားပုံရိပ်မှ စုစည်းထားသော စွမ်းအားသည် ယခင်ထက်ပိုပြီး ၁၀ဆကျော် အားကောင်းလာခဲ့သည်။

ထို့ကြောင့် ခြေလှမ်းတစ်ဝက်ကောင်းကင်နတ်ဘုရားနယ်ပယ်အလယ်အလတ်အဆင့်တွင် ရှိသည့် ယောင်ဟုန်ရှန်သည် ကျန်းချန်၏ သိုင်းစွမ်းအားပုံရိပ်အောက်တွင် သေလုနီးနီးဖြစ်သွားခဲ့ရခြင်းဆိုလည်းမမှားပေ။

"ဒီကောင်လေးက ယောင်ဟုန်ရှန်ကို တစ်ကွက်တည်းနဲ့ အနိုင်ယူသွားတယ်လား"

ထိုမြင်ကွင်းကိုမြင်လျှင် ပတ်ဝန်းကျင်မှ လူများသည် မှင်တက်နေခဲ့ကြပြီး အလွန်တရာပင် အံ့အားသင့်သွားခဲ့ကြသည်။

ဤအခိုက်အတန့်တွင် မဟာနဂါး တောင်ထိပ်သည် တစပြင်နှယ် လုံးဝကို တိတ်ဆိတ်သွားခဲ့သည်။

ထိုကောင်လေးသည် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား နယ်ပယ် အလယ်အလတ်အဆင့်တွင် ရှိသော ယောင်ဟုန်ရှန်ကို အလွယ်တကူပင် အနိုင်ယူလိုက်သည် မဟုတ်ပါလော။

"ဒါ ဒါက တကယ်ကို မယုံကြည်နိုင်စရာပဲ"

"လခွမ်း.. ဒီကောင်လေးက ဒီလောက်တောင် အစွမ်းထက်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ဒီကောင်က ငါမကူညီရင်တောင် ဒီအခြေအနေကို အေးအေးဆေးဆေး ကိုင်တွယ်နိုင်တဲ့ပုံပဲ"

သူ၏ရှေ့မှ အခြေအနေကိုမြင်လျှင် လုံချီရှောင်သည် စိတ်ထဲကနေ တအံ့တသြ ရေရွတ်လိုက်သည်။

ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားနယ်ပယ် အလယ်အလတ်အဆင့်ကို တစ်ကွက်တည်းဖြင့် အနိုင်ယူခဲ့သော ကျန်းချန်၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းအင်သည် သူ့ထက် လုံးဝ မနိမ့်ကျတော့ပေ။

သူ့ဆရာနှင့် အကြီးအကဲဖန်း တို့က ကျန်းချန်ကို အဘယ်ကြောင့် တန်ဖိုးထား ဆက်ဆံသလဲ ဆိုသည်ကို လုံချီရှောင်သည် အဆုံးသတ်တွင် နားလည်သွားခဲ့သည်။

ဆိုရလျှင် ကျန်းချန်ဟူသော ကောင်လေးသည် အမှန်တကယ်ပင် နတ်ဆိုးဆန်လွန်းသော ပါရမီရှင်တစ်ဦးပင် မဟုတ်ပါလား။

အခြားတစ်ဖက်တွင်လည်း ဖေးချင်းနှင့် ဖန်ယွင်တို့၏ အမူအရာသည် ရုတ်တရက် အလွန်တရာ အကျည်းတန်သွားခဲ့သည်။

အထူးသဖြင့် လျှိုထျန်းရှင်းနှင့် ရင်ဆိုင်နေသော ဖန်ယွင်၏ မျက်နှာထက်တွင် ထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့၏။

သူ၏ခွန်အားသည် ယောင်ဟုန်ရှန်နှင့် အတူတူ နီးပါးသာ ဖြစ်သည်။

ကျန်းချန်က ယောင်ဟုန်ရှန်ကို တစ်ကွက်တည်းဖြင့် အနိုင်ယူနိုင်လျှင် သူ့ကိုလည်း တစ်ကွက်တည်းဖြင့် အနိုင်ယူနိုင်သည်ဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလော။

ထိုသို့ တွေးမိသည်နှင့် ဖန်ယွင်သည် လျှိုထျန်းရှင်းနှင့် ဆက်လက် ရင်မဆိုင်ရဲတော့ဘဲ ထိတ်လန့်တကြားပင် ထွက်ပြေးသွားခဲ့သည်။

ကျန်းချန်က ထိတ်လန့်တကြား ထွက်ပြေးသွားသော ဖန်ယွင်ကို ဂရုမစိုက်ဘဲ လျစ်လျူရှုထားလိုက်သည်။

ထို့နောက်တွင် သူက မဟာနဂါးကျောက်တိုင်ကို လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။

အစောပိုင်းက ယောင်ဟုန်ရှန်ကို တိုက်ခိုက်ရန်အတွက် သိုင်းစွမ်းအားပုံရိပ်ကို ထုတ်ဖော်လိုက်သောအခါ မဟာနဂါးကျောက်တိုင်ထံကနေ ပြင်းထန်သော တုံ့ပြန်မှုတစ်ခုကို ရရှိခဲ့သည်။

"ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်နဲ့ မဟာနဂါးကျောက်တိုင်က မမျှော်လင့်ဘဲ ဆက်နွှယ်မှုတွေ ရှိနေတာကိုး"

ကျန်းချန်က မဟာနဂါးကျောက်တိုင်ကို အနီးကပ် စူးစိုက်စွာ ကြည့်နေခဲ့သည်။

သူ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်တစ်ခုသည် လင်းလက်သွားခဲ့၏။

အခန်း(၁၆၁၇)ပြီး၏။

All Chapters