← Chapters

အပိုင်း(၆၅)

Vol. 5 Ch. 65

အပိုင်း(၆၅)

Vol. 5 Ch. 65

အခုတော့ သူမသည် ရှင်းလေရှုပ်လေ သပွတ်အူကို ဖြတ်တောက်ပစ်ချင်ပြီး သူမကို ချက်ချင်း ပြန်ပို့ပေးချင်နေလေသည်။ အချိန်ကို တွက်ကြည့်လိုက်တော့ ဟော်ရွှယ်ဝမ် ပြန်ရောက်လာတော့မည့်အချိန် ဖြစ်နေသည်။

ကျိုးချန်ချန်သည် ဒါကို သေချာသဘောပေါက်သွားပြီး ပါးစပ်ကို ဒီအတိုင်းပိတ်ထားလိုက်ကာ ပွဲကိုစောင့်နေလိုက်၏။

“မိန်းကလေးရှ ရှင်က ချန်းချန်းကို ကယ်ပေးခဲ့တာပဲ။ ကျွန်မတို့က ရှင့်ကိုတကယ်ပဲ အရမ်းကျေးဇူးတင်ပါတယ်”

သခင်မကြီးဟော်က သူမ၏လက်ကို ဆန့်လိုက်သည်တွင် ဦးလေးဖူက သူမ၏လက်ထဲသို့ ဘောပင်တစ်ချောင်းနှင့် ချက်လက်မှတ်စာအုပ်တစ်အုပ်ကို ချက်ချင်း လှမ်းထည့်ပေးလိုက်၏။ “ဒီငွေနဲ့ဆိုရင် ယန်မြို့မှာ အခြေချပြီး ကျောင်းတက်ဖို့ လုံလောက်သင့်ပါတယ်” သခင်မကြီးဟော်က ချက်လက်မှတ်ထဲမှာ လက်မှတ်ထိုးပေးပြီး ပြောလိုက်သည်။ “ကျွန်မကြားထားတာတော့ ရှင်က ချန်းချန်းကို ကယ်တင်ပေးခဲ့တဲ့အတွက် ဘာမှမတောင်းဆိုခဲ့ဘူးတဲ့။ ယန်မြို့ကို လာတာကလည်း အခွင့်အရေးကောင်းတစ်ခု ကြုံကြိုက်သွားလို့ပါတဲ့”

“ဒါပေမဲ့ မင်းက ချန်းချန်းကို ကယ်ပေးခဲ့တဲ့သူပဲလေ။ ငါတို့ရဲ့ဟော်မိသားစုက ကျေးဇူးကန်းတဲ့ မိသားစုတစ်ခု မဟုတ်ပါဘူး။ ကျေးဇူးပြုပြီးတော့ ဒီချက်လက်မှတ်ကို လက်ခံပေးပါ”

နဥ်ရှောက်ယွင်က မျက်မှောင်ကြုတ်သွားသည်။ “အမေ ဒါက မသင့်တော်ပါဘူး”

သခင်မကြီးဟော်က သူမကို လှမ်းကြည့်လိုက်ကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ “ဒီအိမ်မှာ သခင်ဖြစ်ဖို့ နင့်အလှည့် မရောက်သေးပါဘူး။ နင်သာ လျှောက်ပတ်ပြီးတော့ သွားမနေခဲ့ရင် ဒီလိုရှုပ်ထွေးတဲ့ကိစ္စတွေလည်း ဖြစ်လာမှာမဟုတ်ဘူး”

“အခုချိန်ကစပြီး အိမ်မှာပဲနေပြီး နင့်ယောက်ျားနဲ့ကလေးကို စောင့်ရှောက်ပြီး သခင်ငယ်လေးကို သေသေချာချာ ပြုစုစောင့်ရှောက်”

နဥ်ရှောက်ယွင်၏ မျက်နှာသည် အေးစက်သွားသည်။ သို့သော်ငြားလည်း ရှမြန်က အင်မတန်မှ စိတ်ဝင်စားသည့်ဟန်ဖြင့် ချက်လက်မှတ်ကို လှမ်းယူလိုက်၏။

ဟဟ။ ဒါကချက်လက်မှတ်တစ်စောင်ကို လွှင့်ပစ်လိုက်တဲ့ နာမည်ကျော်မြင်ကွင်းတစ်ခုပေါ့လေ။

ငါ့အရင်ဘဝမှာဆိုရင် ဒီနည်းလမ်းက လုံးဝကို ဒိတ်အောက်နေပြီးသားပဲ။ ဒါပေမဲ့ ဒီနေရာမှာ ကိုယ်တိုင် တွေ့ကြုံလိုက်ရမယ်လို့ ထင်တောင်မထားခဲ့ဘူး။

ဒါပေမဲ့လည်း ဒီကိစ္စက ဒီခေတ်မှာတော့ တကယ် နာမည်ကြီးတဲ့ပုံပါပဲ။

“မင်းကို ချက်လက်မှတ်တစ်စောင် ပေးလိုက်ပြီ။ ငါ့သားကို ချန်ထားခဲ့ဆိုတဲ့ သဘောပေါ့”

နောက်ပိုင်းမျိုးဆက်တွေထဲက လူဘယ်နှစ်ယောက်လောက်များက ဒီလိုအရှက်ခွဲခံရမှာကို မျှော်လင့်မိမှာလဲ။ ဒါပေမဲ့ လူချမ်းသာတွေက ဉာဏ်ကောင်းလာကြပြီလေ။ ဘယ်သူမှ ဒီလိုကိစ္စမျိုးကို မလုပ်ကြတော့ပါဘူး။

ရှမြန်သည် အခိုက်အတန့်အနည်းငယ် အသစ်အဆန်း ဖြစ်သွားတော့သည်။

သခင်မကြီးဟော်သည် သူမ၏အမူအရာကို မြင်လိုက်ရချိန်တွင် ကိုယ့်ဟာကိုယ် ဘဝင်ခိုက်သွားသည့် အရိပ်အယောင်တစ်ခု သူ့မျက်နှာပေါ်တွင် ဖြတ်ပြေးသွားလေသည်။

ကျိုးချန်ချန်က သူမအတွက် ပြောပေးလေသည်။ “ယွမ်(၅)သောင်းက နင် ကောလိပ်ကျောင်းမှာ ဘွဲ့ရတဲ့အထိ လုံလောက်သင့်ပါတယ်။ ဒါပေမဲ့ ဟော်မိသားစုက နင့်ကို ခက်ခက်ထန်ထန် ဆက်ဆံတယ်လို့တော့ မပြောနဲ့ပေါ့”

ရှမြန်က မျက်စောင်းထိုးလိုက်ပြီး ”နင်က ဘာလို့ နေရာတိုင်း ပါနေတာလဲ။ နင်က ဟော်မိသားစုမှာ ဘယ်လိုလူမျိုးလဲ။ ရှင်က ကျွန်မကို ဒီလိုပြောပိုင်ခွင့် ဘာရှိလို့လဲ။ ကျွန်မတို့တွေက ရှင့်ထက် ပိုကောင်းသွားပြီး ရှင့်ကို တန်ဖိုးမရှိအောင်လုပ်မှာ စိုးရိမ်နေတာလား။ ဒါကြောင့် ရှင်က ကျွန်မတို့ကို အဲဒီလောက်အထိ ရန်လိုနေတာလား”

ထို့နောက်တွင် သူမသည် ကျိုးချန်ချန်ကို လျစ်လျူရှုထားလိုက်ပြီး မတ်မတ်ထိုင်ကာ သခင်မကြီးဟော်ကို ကြည့်လိုက်၏။ “သခင်မကြီးရဲ့အဓိပ္ပာယ်ကို ကျွန်မ သဘောပေါက်သွားပါပြီ။ သခင်မကြီးက ငွေပေးပြီးတော့ ချန်းချန်းရဲ့အသက် ကယ်တင်ခဲ့တဲ့ကျေးဇူးကို ခြေဖျက်ချင်နေတာပဲ”

သခင်မကြီးဟော်က မျက်လုံးများကို ကျဉ်းမြောင်းထားကာ ပြောလိုက်၏။ “ဒါမှမဟုတ်ရင်လည်း မင်းက အခြေအနေတစ်ခုကို တောင်းဆိုလို့ရပါတယ်။ တကယ်လို့ ကျိုးကြောင်းသင့်တယ်ဆိုရင် ငါက မင်းကို ဖြည့်ဆည်းပေးမှာပါ”

“မလိုပါဘူး” ရှမြန်က ချက်စာရွက်ကို ခါပြလိုက်ပြီး ပြုံးလိုက်လေသည်။ “ဒါက ကောင်းပါတယ်။ ဒါပေမဲ့ (၅)သောင်းကတော့ နည်းနည်းလေး အဆင်မပြေဘူးလို့ ထင်တာပဲ” ကျိုးချန်ချန်သည် ထင်ထားတဲ့အတိုင်းပဲဟူသည့် မျက်နှာထားကို ထုတ်ပြလိုက်လေသည်။

အဘွားကြီးကလည်း သူမ၏မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်ကာ မျက်နှာမဲ့လိုက်လေသည်။

ရှမြန်သည် သူမကို ဂရုမစိုက်ဘဲ သူမကို အခြေအနေ ခွဲခြမ်းစိတ်ဖြာပြလိုက်၏။ “သခင်မကြီးက ဒီကိစ္စကို ဖြေရှင်းဖို့ ငွေသုံးချင်နေတာပဲ။ တန်ဖိုးက ဒီနည်းလမ်းနဲ့ တွက်ချက်လို့ မရဘူးလေ။ ဒါက ကျွန်မ ငွေဘယ်လောက်နဲ့ ထိုက်တန်လဲဆိုတဲ့အပေါ်မှာ မူတည်တာမဟုတ်ဘဲ ချန်းချန်းက ဘယ်လောက်အထိ တန်ဖိုးရှိလဲဆိုတာပေါ် မူတည်တာပါ”

“ကျွန်မက ရှင်ပိုင်ဆိုင်ထားတဲ့ပစ္စည်းကို ရှာတွေ့ခဲ့ပြီး ရှင့်ကို ပြန်ပေးပေမဲ့ ကျွန်မက ပျောက်ဆုံးသွားလို့ ပြန်ပေးထားတဲ့ပစ္စည်းလောက် တန်ဖိုးမရှိတဲ့ပုံစံမျိုး ဖြစ်နေပြီ။ ကျွန်မကို ကိစ္စအဆုံးသတ်ဖို့အတွက် ငွေတချို့ပေးချင်နေတယ်ပေါ့”

“တကယ်လို့ ဒါက သံတုံးတစ်တုံးဆိုရင် ရှင်က ကျွန်မကို(၂)ပြားပဲ ပေးလိမ့်မယ်ပေါ့။ ဒါပေမဲ့ ဒါက ရွှေတုံးတစ်တုံးဆိုရင်တော့ ကျွန်မက တောကတက်လာလို့ ယွမ်(၂၀၀)တောင် မတန်ဘူးလို့ ပြောလို့မရတော့ဘူးလေ။ ရှင်က ကျွန်မကို (၂)ပြားလောက် ပေးပြီး မောင်းထုတ်လို့တော့ မရတော့ဘူးပေါ့ ဟုတ်တယ်မလား”

“ချန်းချန်းက ရှင်တို့ဟော်မိသားစုရဲ့ အကြီးဆုံးမြေးလေးပဲ။ သူက သံတုံးတစ်တုံးတော့ မဖြစ်နိုင်ဘူးလေ ဟုတ်တယ်မလား” ရှမြန်က ပြောလိုက်၏။ “ဒါဆိုရင် သူ့တန်ကြေးကို တွက်ချက်ကြည့်ကြမလား”

“အခုလောလောဆယ် မိသားစုအစီအစဉ် စည်းမျဉ်းစည်းကမ်းကို ကြည့်မယ်ဆိုရင် ချန်းချန်းက နောက်ဆိုရင် ညီအစ်ကိုမောင်နှမတွေ ရှိလာမှာ မဟုတ်ဘူး”

သူမသည် ကျိုးချန်ချန်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီး ပြောလိုက်၏။ “လူကြီးမင်းဟော်က မကွာရှင်းဘဲ နောက်အိမ်ထောင် မပြုခဲ့ဘူးဆိုရင် ကလေးကလည်း ယောကျ်ားလေးဖြစ်မလား မိန်းကလေးဖြစ်မလားဆိုတာ မသေချာသလို သူကလည်း ချန်းချန်းလောက် ဉာဏ်ကောင်းပါ့မလားဆိုတာလည်း မသေချာဘူးလေ”

“ဒါကို အခြေခံပြီးကြည့်မယ်ဆိုရင် ချန်းချန်းက ရှင်တို့ဟော်မိသားစုရဲ့ အမွေဆက်ခံသူပဲ” ရှမြန်က ပြောလိုက်၏။

“သခင်မကြီးရဲ့ ထည်ဝါခမ်းနားမှုကို ကြည့်မယ်ဆိုရင် ဟော်မိသားစုရဲ့ပိုင်ဆိုင်မှုက သန်းဆယ်နဲ့ချီပြီး ရှိမယ် မဟုတ်လား။ သန်း(၅၀)ပဲ တွက်ချက်ရအောင်။ နောက်ပိုင်း ရှုပ်ထွေးတဲ့တွက်ချက်မှုတွေအတွက် သခင်မကြီးက ကျွန်မ တွက်ပြတယ်ဆိုရင်တောင် နားမလည်မှာစိုးရိမ်မိလို့ပါ”

“ချန်းချန်းက သန်း(၅၀)ပဲတန်တယ်။ ဒါက ကျွန်မက ဟော်မိသားစုအတွက် သန်းငါးဆယ် ကယ်တင်ပေးထားတာနဲ့ ညီမျှတာပေါ့” ရှမြန်က ပြောလိုက်သည်။ “ရှင်က ကျွန်မဆီကနေ သန်း(၅၀) ပြန်ယူတဲ့အချိန်မှာ ကျွန်မကို ပြန်ပြီးတော့ ပေးရမယ်လေ။ ဒါဆိုရင် စျေးကွက်စည်းကမ်းအရဆိုရင် အကျိုးဆောင်ခရဲ့(၁၀)ရာခိုင်နှုန်းကို ကျွန်မကို ပေးသင့်တာပေါ့”

“ဒီတော့(၅)သန်းလောက်မှ ပိုပြီးကျိုးကြောင်းဆီလျော်မယ်လေ”

သခင်မကြီးဟော်၏မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားပြီး ကျိုးချန်ချန်က ချက်ချင်း အော်ဟစ်လိုက်တော့သည်။ “ရှမြန် နင် တကယ် အတင့်ရဲလှပါလား။ နင်က ဒီလောက်အများကြီး တောင်းနေရသလား”

“သခင်မကြီးက အရင်ဆုံး ကျွန်မကို စျေးတွက်တွက်ပြနေခဲ့တာ မဟုတ်လား” ရှမြန်က ပြောလိုက်သည်။

“အခုကျတော့ ရှင်တို့တွေက ဒါကို အရမ်းစျေးကြီးတယ်လို့ ထင်ကြတယ်။ ဒီတော့ ကျွန်မက ရှင်တို့တွေကို အစ်မနဥ်ရဲ့မျက်နှာနဲ့ (၁)ရာခိုင်နှုန်းနဲ့ပဲ ယူပေးမယ်။ အောက်ထစ်ဆုံး(၅)သိန်း”

သခင်မကြီးဟော်သည် သူမ၏ရင်ဘတ်ကိုအုပ်ထားကာ ပြောလိုက်၏။ “နင်.. နင်က တကယ်တော့ လူလိမ်လူညစ် တစ်ယောက်ပဲ”

သူမသည် နဥ်ရှောက်ယွင်ကို ကြည့်လိုက်ပြီး ”နင်ခေါ်လာတဲ့လူကို ကြည့်လိုက်စမ်း”

နဥ်ရှောက်ယွင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ “ရှမြန်က ချန်းချန်းရဲ့ ကျေးဇူးရှင်ပဲ။ ဒီအပြင် အမေလည်း အတင်းခေါ်ပြန်လာခိုင်းတဲ့သူလေ။ ကျွန်မ ခေါ်ပြန်လာတဲ့သူ မဟုတ်ပါဘူး”

“ဒါက မသင့်တော်ပါဘူးလို့ ကျွန်မလည်း ပြောထားပြီးသားပဲ”

အဘွားကြီးသည် ဒေါသတကြီး ပြောလိုက်၏။ “နင်သာ ချန်းချန်းကိုခေါ်ပြီး အိမ်ကနေသာ ထွက်မပြေးသွားခဲ့ရင် ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်လာမှာလဲ”

နဥ်ရှောက်ယွင်က အေးတိအေးစက် ပြောလိုက်ပြန်သည်။ “အိမ်ထဲကို ထိုးဖောက်ဝင်လာပြီးတော့ ကျွန်မရဲ့ ပန်းချီတွေကို ခိုးသွားခဲ့တာလေ။ ကျွန်မက ဒီလိုသူခိုးအသိုက်ထဲမှာ ဘယ်လိုလုပ်ပြီးနေရမှာလဲ”

“နင်က ဘယ်သူ့ကို သူခိုးလို့ပြောနေတာလဲ” အဘွားကြီးသည် ဒေါသတကြီး ပြောလိုက်၏။ “ဒါက ပန်းချီကားတစ်ချပ်ပဲ”

“သခင်မကြီး” ရှမြန်က ခနဲ့လိုက်လေသည်။ “သခင်မကြီးက မပေးချင်ဘူးဆိုရင်လည်း ဆင်ခြေတွေ ပေးမနေပါနဲ့တော့။ သခင်မကြီးက အစ်မရဲ့သန်းချီတန်ပန်းချီကားကို ဒီအတိုင်း အလွယ်တကူ လက်ဆောင်ပေးနိုင်ပြီးတော့မှ ကျွန်မကိုကျ ယွမ်(၅)သိန်းလေးနဲ့ ဘာလို့အဲဒီလောက် ကပ်စီးနည်းနေတာလဲ”

ကျိုးချန်ချန်က ခနဲ့လိုက်လေသည်။ “ချဲ့ကားပြီး ပြောမနေစမ်းပါနဲ့။ အဲဒီဖွတ်ကျားပန်းချီကားက ဘယ်လိုလုပ်ပြီး သန်းချီတန်မှာလဲ။ ဒါက ဒါရိုက်တာလော့ရဲ့အကြိုက်နဲ့ ကိုက်ညီနေလို့သာ နည်းနည်းလေး တန်ဖိုးရှိသွားတာ။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ယွမ်(၁၀၀)လောက်နဲ့ ပေးကြည့်ပါလား။ ငါက လိုချင်မလား ကြည့်လိုက်ဦးမယ်”

ရှမြန်သည် စားပွဲပေါ်ကကိတ်မုန့်ကို ဖိချေလိုက်ပြီး ကျိုးချန်ချန်၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်လေသည်။

“နင် လူစကားမပြောတတ်ဘူးဆိုရင်လည်း နင့်ရဲ့ခွေးပါးစပ်ကို ပိတ်ထားလိုက်။ နင့်ရဲ့ပါးစပ်ကိုဖွင့်တာနဲ့ ဟောင်နေတာ။ နင့်ဟာနင် ဘာများထင်နေတာလဲ”

ထို့နောက်တွင်တော့ သူမသည် ကျိုးချန်ချန်ကို လျစ်လျူရှုထားလိုက်ပြီး သခင်မကြီးကို ခနဲ့တဲ့တဲ့ ပြောလိုက်တော့သည်။

“သခင်မကြီး သခင်မကြီးကပဲ ငွေပေးမယ်လို့ ပြောတဲ့သူပါ။ အခုကျတော့ သခင်မကြီးက ငွေပေးဖို့ ငြင်းဆန်တဲ့သူ ဖြစ်နေပြန်ပြီ”

“ဒါကို သခင်မကြီးက ကိုယ့်ဟာကိုယ် မြင့်မြတ်တဲ့ အထက်တန်းစားမိသားစုတစ်ခုလို့ ခေါ်သေးသတဲ့လား။ သခင်မကြီးက ရွာက မျက်နှာချေတစ်ခုဆိုတာ ရှင်းလင်းနေတာပဲ။ နောက်ဆိုရင် ဒီနည်းလမ်းတွေနဲ့ ကိုယ့်ဟာကိုယ် ရွှေကပ်ဖို့ ကြိုးစားမနေပါနဲ့။ ဒါက ကိုယ့်ဟာကိုယ်ရယ် စရာဖြစ်အောင်ပဲ လုပ်နေတာပဲ ဖြစ်နေလိမ့်မယ်”

အဘွားကြီးသည် အလွန်မှ ဒေါသထွက်သွားပြီး ရင်ဘတ်ကို အုပ်ထားလိုက်ကာ ပြောလိုက်၏။ “နင် နင်...“

ရှမြန်က ပြောလိုက်၏။

“ကျေးဇူးပြုပြီးတော့ မေ့မလဲသွားပါနဲ့။ တကယ်လို့ သခင်မကြီးသာ မေ့လဲသွားတယ်ဆိုရင် ကျွန်မကတော့ သခင်မကြီးက အကြွေးယွမ်(၅)သိန်း ပေးဖို့ရှောင်လွှဲချင်တာနဲ့ သတိမေ့ချင်ဟန် ဆောင်တယ်လို့ အားလုံးကို ပြောပစ်လိုက်မယ်”

ကျိုးချန်ချန်သည် သူမ၏ပါးစပ်ထဲက ကိတ်မုန့်များကို သုတ်ပစ်လိုက်ပြီးနောက်တွင် ပြန်ရောက်လာကာ သခင်မကြီးကို အလျင်စလို နှစ်သိမ့်ပေးလိုက်ပြီး ရှမြန်ကို ပြောလိုက်လေသည်။

“အရမ်းလွန်မလာနဲ့နော်” ထို့နောက်တွင် သူမက နဥ်ရှောက်ယွင်ကို စွပ်စွဲလိုက်၏။ “ကျွန်မ ဒီကိစ္စကို အစ်ကိုရွှယ်ဝမ်ဆီကို ပြောရမယ်”

နဥ်ရှောက်ယွင်သည် သရော်ဟန်ဖြင့် သူမ၏နှုတ်ခမ်းထောင့်ကို ကွေးထားလိုက်ပြီး ”နင့်စိတ်ကြိုက်သာလုပ်ပါ”

“ဒီတော့ သခင်မကြီး ဘယ်လိုထင်လဲ။ သခင်မကြီးက ငွေကိုပေးမှာလား မပေးဘူးလား” ချက်လက်မှတ်ကို အပိုင်းပိုင်းအစစ ဖြစ်အောင် ဆုတ်ဖြဲလိုက်လေသည်။ “အာ... ကျွန်မ အစ်မနဥ်ဆီကနေ ကြားထားတာတော့ သခင်မကြီးက စည်းမျဥ်းစည်းကမ်းတွေကို တင်းကြပ်ပြီး ကျေးဇူးတရားကို တန်ဖိုးထားခဲ့တဲ့သူတဲ့။ ဟက်ဟက် သူက ဒီအတိုင်း နာမည်ရဖို့ ကြိုးစားနေတာသပ်သပ် ဖြစ်နေတာကိုး”

အဘွားကြီးသည် သူမ၏အထင်သေးသည့် သဘောထားကြောင့် အလွန်မှ ဒေါသထွက်သွားကာ ချက်လက်မှတ်စာအုပ်ကို တစ်ဖန် ကောက်ကိုင်လိုက်ပြီး ငွေတချို့ကို လက်မှတ်ထိုးပေးလိုက်ပြီးနောက် ရှမြန်ကို လှမ်းပေးလိုက်လေသည်။

သို့သော်ငြားလည်း သူမက ချက်လက်မှတ်ကို လှမ်းပေးလိုက်ချိန်တွင် သူမသည် ဒါကို နောင်တရသွားဟန်တူသည်။ ရှမြန်သည် ချက်လက်မှတ်စာရွက်ကို ဆွဲခါလိုက်ချိန်တွင် သူမ၏လက်က တုန်ယင်နေသလို ခံစားမိ၏။ သူမသည် အမှန်ပင်ရင်ကွဲနေသည်မှာ သိသာလေသည်။

သို့သော်ငြားလည်း ရှမြန်သည် စာရွက်ပေါ်က ကိန်းဂဏန်းကို မြင်လိုက်ချိန်တွင် သူမက ရယ်ချင်သွားလေသည်။ “ယွမ်(၂)သိန်းတဲ့လား”

အဘွားကြီးက သုန်မှုန်နေသည့်မျက်နှာတစ်ခုဖြင့် ပြောလိုက်၏။ “ချန်းချန်းက ယွမ်(၂)သိန်းပဲ တန်တယ်”

“ဪ” ရှမြန်သည် သံသယအပြည့် ဖြစ်သွားတော့သည်။ “ဒီလိုတော့ မဖြစ်သင့်ဘူး ထင်တယ်။ သခင်မကြီးရဲ့ ဝတ်စားဆင်ယင်ပုံနဲ့ ခမ်းနားထည်ဝါမှုကို မြင်လိုက်ရတော့ သန်း(၅၀)က အရမ်းနည်းနေသေးတယ် ထင်တယ်။ သန်း(၁၀၀)လောက်မှ ပုံမှန်ပဲဖြစ်မယ်”

အဘွားကြီး၏ မျက်နှာသည် ဖြူဆုတ်သွားတော့သည်။ “ဘာပဲဖြစ်ဖြစ် ဒီလောက်ပဲ။ တကယ်လို့ နင် ဆန္ဒရှိတယ်ဆိုရင် ယူသွားလိုက်။ တကယ်လို့ မလိုချင်ဘူးဆိုလည်း ထားလိုက်တော့”

ရှမြန်သည် သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။ “ထားလိုက်ပါလေ အစ်မနဥ်ရဲ့မျက်နှာကို ထောက်ထားလိုက်ပါမယ်”

ရှမြန်သည် ချက်လက်မှတ်စာရွက်ကို သိမ်းလိုက်ကာ နဥ်ရှောက်ယွင်ကို ပြောလိုက်၏။ “ဒီလိုဆိုရင်တော့ ချန်းချန်းရဲ့ အသက်ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးကို ချေပြီးသွားပြီပေါ့”

ဒီကလေးမ နောက်ထပ်ပြောမည့်စကားက အဘွားကြီးကို သေမလောက် ဒေါသထွက်သွားစေတော့မည်ဟု နဥ်ရှောက်ယွင်က အမြဲတမ်းခံစားမိနေရာ သူမက ထိုအဖြစ်အပျက်ကို မျှော်လင့်နေမိတော့သည်။

ဟုတ်ပါသည်။ ရှမြန်က ဝမ်းသာအားရအပြုံးတစ်ခုဖြင့် ဆက်ပြောလိုက်သည်။ “အခုအချိန်ကစပြီး ကျွန်မတို့တွေက ဒီအတိုင်း မိတ်ဆွေကောင်းတွေ ဖြစ်သွားပြီ”

သူမက ဒီအခြေအနေကို အသုံးချလိုက်ပြီး ချစ်စဖွယ်ဟန်ပန် လုပ်ပြလိုက်သေးသည်။

“ကျွန်မက အခုတော့ ကျေးဇူးရှင်တစ်ယောက် မဟုတ်တော့ဘူးဆိုတော့ အများကြီးပိုပြီး စိတ်အေးသွားသလို ခံစားရတယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် အစ်မနဲ့ လူကြီးမင်းဟော်တို့က ကျွန်မကို အရမ်းတွေ ယဉ်ကျေးပြနေတာလေ။ ဒါက ကျွန်မအတွက် အတော်လေး အဆင်မပြေတာပါ။ အခုတော့ ကောင်းသွားပြီ။ ညီတူညီမျှဖြစ်သွားပြီ”

အဘွားကြီး၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားပြီး ကျိုးချန်ချန်က ဒေါသတကြီးပြောလိုက်၏။ “နင် နင်လုပ်ရဲလား...“

“ငါက ဘာမှားလို့လဲ” ရှမြန်က ပြောလိုက်၏။ “ငါတို့ရဲ့မိတ်ဆွေဆက်ဆံရေးကိုတောင် ထိန်းချုပ်ချင်နေတာလား။ ငါက ချန်းချန်းရဲ့ ကျေးဇူးရှင် မဟုတ်တော့ဘူးနော်။ ဒီတော့ နင်က ငါနဲ့ပတ်သက်ပြီး ဘာတစ်ခုမှ ထိန်းချုပ်လို့မရဘူး”

သခင်မကြီးဟော်သည် စည်းမျဉ်းစည်းကမ်းများကို ဆက်ပြီး ဂရုမစိုက်နိုင်တော့ဘဲ ထရယ်လိုက်တော့သည်။ “ရှမြန် အရမ်းလွန်မလာနဲ့နော်။ နင် ယန်မြို့မှာ နေလို့မရအောင် ငါ သေချာပေါက် လုပ်ပေးနိုင်တယ်ဆိုတာ နင် ယုံရဲ့လား”

ရှမြန်သည် ကြောက်လန့်သွားသည့် အမူအရာတစ်ခုကို လုပ်ပြလိုက်ပြီး ”အမလေး ကျွန်မက အရမ်းကြောက်ပါတယ်။ သခင်မကြီးက ကျွန်မအတွက် တစ်နိုင်ငံလုံး အလိုရှိစာ တစ်ခုကို ထုတ်ရင်ပိုကောင်းလိမ့်မယ်လို့ ထင်တယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ကျွန်မက ဒီယွမ်(၂)သိန်းနဲ့ နေရာတိုင်းကို သွားလို့ရသေးတယ်လေ”

သခင်မကြီးဟော်သည် ထိုသို့ပြုလုပ်ရန် အရည်အချင်းမရှိပေ။ ကျိုးချန်ချန်ကလည်း သူတို့သည် ရှမြန်ကို မနိုင်တော့မှန်း သိနေသည်။ ထို့ကြောင့် သူမက နဥ်ရှောက်ယွင်ကို လက်ညှိုးထိုးလိုက်ပြီး ”ဒေါ်ဒေါ် ဒီကိစ္စက သူ လှုံ့ဆော်ထားတာပဲ ဖြစ်ရမယ်”

“သူက ဒေါ်ဒေါ် သူ့ရဲ့ပန်းချီကားကို ဒါရိုက်တာလော့ဆီ ပေးလိုက်တာကို ဒီအတိုင်း မုန်းတီးနေတာလေ။ ဒါကြောင့် သူက ဒီတောသူမကို ဒေါ်ဒေါ့်ကို ဒီလိုလာဆက်ဆံခိုင်းတာပဲ ဖြစ်ရမယ်”

သခင်မကြီးက နဥ်ရှောက်ယွင်ကို ခနဲ့ကာပြောလိုက်၏။ “ငါ သိသားပဲ။ နင်က ဘာဆန္ဒမှမရှိ။ နေ့တိုင်း ဘာတောင်းဆိုချက်မှမရှိတဲ့ မြေကြီးပေါ်ကို ဆင်းသက်လာတဲ့ နတ်သမီးတစ်ပါးလို ဟန်ဆောင်နေပေမဲ့ နင့်ရဲ့နှလုံးသားကတော့ ဘယ်သူမဆိုထက် ပိုပြီး မည်းညစ်တယ်ဆိုတာ ငါ သိတယ်”

“တော်လောက်ပြီ” နဥ်ရှောက်ယွင်က အော်ပြောလိုက်ပြီးနောက်တွင် ချန်းချန်း၏နားကို အုပ်ထားလိုက်ကာ အဘွားကြီးကို ပြောလိုက်၏။ “အမေ လိုချင်တဲ့ဟာကို ကျွန်မ သိပါတယ်”

“ကျွန်မ ဟော်ရွှယ်ဝမ်နဲ့ ကွာရှင်းမှာပါ”

ကျိုးချန်ချန်သည် ဝမ်းသာအားရဖြစ်သွားပြီး လွှတ်ခနဲ ထုတ်ပြောလိုက်၏။ “ဒီစကားကို နင်ကိုယ်တိုင် ပြောလိုက်တာနော်”

အဘွားကြီးကတော့ ဒါကိုသိပ်ပြီးမယုံချေ။ “နင်က ဘယ်လိုတောင်းဆိုချက်တွေ လုပ်ဦးမှာလဲ”

“ဘာတောင်းဆိုချက်မှ မရှိဘူး” နဥ်ရှောက်ယွင်က ပြောလိုက်သည်။ “ကျွန်မက ကျွန်မရဲ့လက်ဖွဲ့ပစ္စည်းတွေနဲ့ ချန်းချန်းကိုပဲ ယူသွားမှာ”

အဘွားကြီးက လုံးဝဂရုမစိုက်သလို စိတ်မဝင်စားသလိုလည်း ဟန်ဆောင်မနေခဲ့ချေ။ သူမက ဒီအတိုင်းမေးလိုက်၏။ “နင်က ဟော်ရွှယ်ဝမ်နဲ့ ကွာရှင်းမယ်လို့ ဘယ်လိုလုပ်ပြီး အာမခံနိုင်မှာလဲ”

နဥ်ရှောက်ယွင်က သူမ၏အိတ်ထဲက ကွာရှင်းစာချုပ်ကို ဆွဲထုတ်လာပြီး ပြောလိုက်လေသည်။ “ကျွန်မ ဒီမှာ လက်မှတ်ထိုးပြီးသွားပြီ။ ဟော်ရွှယ်ဝမ်က ဒါကို လက်မှတ်ထိုးလိုက်တာနဲ့ ဒီစာချုပ်က အသက်ဝင်သွားလိမ့်မယ်”

“အမေက နည်းလမ်းတစ်ခု ရှာတွေ့လိမ့်မယ်လို့ ကျွန်မ ယုံပါတယ်”

ကျိုးချန်ချန်သည် စာရွက်ကိုယူဖို့ရန် မစောင့်နိုင်အောင် ဖြစ်သွားပြီး အနီးကပ်တစ်ချက် ကြည့်လိုက်၏။ အဘွားကြီးက စာကောင်းကောင်း မတက်ချေ။ ကျိုးချန်ချန် စာဖတ်ပြီးသည့်အထိ စောင့်လိုက်ပြီးမှ မေးခွန်းမေးနေသည့် အကြည့်တစ်ခုဖြင့် လှမ်းကြည့်လိုက်လေသည်။

ကျိုးချန်ချန်က ဝမ်းသာအားရ ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ပျော်ရွှင်မှုကို ဆက်ပြီး မျိုသိပ်မထားတော့ချေ။ ဟော်မိသားစု၏ သခင်မလေးရာထူးက သူမ၏အိတ်ကပ်ထဲ ရောက်နှင့်နေပြီးသလိုပင်။

“ကျွန်မ ဒီနေ့ ဒီကိုလာခဲ့တာလည်း နောက်ဆုံး အလည်အပတ် လာခြင်းဖြစ်မယ်လို့ တွေးထားလို့ပါ။ ကျွန်မက အစကနေအဆုံးအထိ လူကိုယ်တိုင်ကိစ္စတွေကို ရှင်းရှင်းလင်းလင်း လုပ်ချင်လို့ပါ”

“အခု ကိစ္စက ပြီးသွားပြီ” နဥ်ရှောက်ယွင်က ပြောလိုက်၏။ “ကျွန်မတို့ ပြန်ပါတော့မယ်။ ကျွန်မတို့ နောက်ဆိုရင် အချင်းချင်း မနှောက်ယှက်ကြတော့ဘဲ အဆင်ပြေပြေ ဖြစ်သွားမှာပါ” နဥ်ရှောက်ယွင်သည် စကားပြောပြီးသွားသည်နှင့် ချန်းချန်း၏လက်ကိုဆွဲကာ ရှမြန်ကလည်း ရှောင်ဖုန်းကို ကောက်ချီလိုက်ပြီး ထွက်သွားဖို့ရန် ပြင်ဆင်လိုက်၏။

ရလဒ်အနေဖြင့် ကျိုးချန်ချန်သည် အပျော်လွန်သွားပြီး အိမ်မှထွက်ပြေးသွားချင်သည်လား သို့မဟုတ် သူမက အနိုင်ရရှိသွားပြီဟု ခံစားမိကာ သူမကို တက်နင်းချင်သည်လားတော့ မသိချေ။ သူမက ရှမြန်ရှေ့သို့ ရောက်လာကာ တားလိုက်လေသည်။ “ရပ်လိုက်”

ရှမြန်က မျက်မှောင်ကြုတ်သွား၏။ “ဘာလဲ”

“အခု ကျေးဇူးကြွေးက ဆပ်ပြီးသွားပြီဆိုတော့ ငါတို့တွေ တခြားကိစ္စကို ရှင်းဖို့လိုသေးတယ် မဟုတ်လား” သူမက အစောကြီးကတည်းက မရှိတော့သည့် ခရင်မ်များကို သုတ်လိုက်၏။ သူမသည် ထိုနေ့က ဟော်ရွှယ်ဝမ်ရှေ့တွင် ဒီအရိုင်းအစိုင်းမလေး၏ အရိုက်ခံလိုက်ရသည့်အချိန်ကို မှတ်မိနေသေးသည်။

ရှမြန်ကတော့ ဒီလူက ပြဿနာရှာနေသည်ဟုသာ မြင်လေသည်။ သူမက ရှောင်ဖုန်းကို နဥ်ရှောက်ယွင်လက်ထဲသို့ ပေးလိုက်ကာ သူမ၏လက်ဆစ်များကို တစ်ဆစ်ပြီးတစ်ဆစ် အသံမြည်အောင် ချိုးလိုက်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “တစ်ဆိတ်လောက်ပါ၊ နင်က ဘယ်လို စာရင်းရှင်းချင်လို့လဲ”

ရှမြန်သည် စကားတစ်ခွန်းမှမပြောဘဲ ကျိုးချန်ချန်ကို ပါးချပစ်တော့သည်။

ဖြန်းခနဲ ကြွပ်ဆတ်ဆတ် အသံတစ်ခုထွက်လာပြီးတွင် ရှမြန်သည် သူမ၏နာကျင်သွားသည် လက်ဖဝါးကို ခါလိုက်ပြီး တအံ့တဩနှင့် ဇဝေဇဝါဖြစ်နေသည့် ကျိုးချန်ချန်ကိုကြည့်ကာ ပြောလိုက်၏။ “ဪ။ နင်က တစ်စုံတစ်ယောက်ရဲ့မိသားစုကို ဖျက်ဆီးထားတဲ့အတွက် အရိုက်ခံရဖို့ ထိုက်တန်တယ်လို့ ထင်နေတာပဲ။ ဒီတော့ နင်က အရိုက်ခံချင်နေတာပေါ့လေ”

“ဘယ်နှစ်ကြိမ် ထပ်ရိုက်ပေးရမလဲ။ အဆင်သင့်ပဲနော် ငါက ဒီနေရာမှာ စိတ်အားအထက်သန်ဆုံး လူတစ်ယောက်ပဲ။ အထူးသဖြင့် နင့်လိုလူ့ကျင့်၀တ်မရှိတဲ့ အမှိုက်တစ်ယောက်နဲ့ ပတ်သက်လာရင်ပေါ့”

ပူလောင်သွားသည့်နာကျင်မှုသည် သူမ၏မျက်နှာပေါ်တွင် ပျံ့နှံ့သွားပြီး ကျိုးချန်ချန်သည် သူမက ပါးချခံလိုက်ရသည်ကို သဘောပေါက်သွား၏။ သူမသည် သူမ၏ပါးကို လက်ဖြင့်အုပ်ထားလိုက်ကာ အော်ဟစ်ရင်း ရှေ့သို့ပြေးတက်လာလေသည်။ “ရှမြန် ငါ နင့်ကိုသတ်မယ်”

ရှမြန်သည် သူမ၏ဆံပင်ကို လှမ်းဆွဲလိုက်ကာ အေးအေးလူလူ လေသံတစ်ခုဖြင့် ပြောလိုက်၏။ “နင်ဟာလေ တကယ် ကြိုးစားတာပဲ။ နင်က မယားငယ်လောကရဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်ပဲ။ စိတ်မပူပါနဲ့ ငါက နင့်အပြစ်ရှိတယ်လို့ ခံစားရတဲ့အထိ နင့်ကို ရိုက်ပေးမယ်”

သူမက ကျိုးချန်ချန်ကို ထပ်ပြီး ရိုက်လိုက်ပြန်သည်။

ဖြန်းခနဲ ကြွပ်ဆတ်ဆတ်အသံတစ်ခုက သခင်မကြီးကို သတိဝင်သွားအောင် လုပ်ပေးလိုက်၏။ သူမသည် ခြေဆောင့်ကာ အော်ဟစ်လိုက်၏။ “နင်တို့အားလုံး အဲဒီမှာ ဘာရပ်လုပ်နေကြတာလဲ။ သူတို့ကို ထိန်းကြလေ”

အစေခံများသည် ချက်ချင်းဆိုသလို စတင်လှုပ်ရှားလိုက်၏။

“ဘယ်သူလုပ်ရဲလဲ” ပုံမှန်အသံတစ်ခုသည် လျစ်လျူရှုဖို့ ရန်ခက်ခဲလှသည့် အေးစက်မှုတစ်ခုကို သယ်ဆောင်ထားလေသည်။

...

All Chapters