← Chapters

အပိုင်း(၇၂)

Vol. 5 Ch. 72

အပိုင်း(၇၂)

Vol. 5 Ch. 72

ရှ၀မ်ယွဲ့နှင့် သူမ၏သမီးများက နားမလည်နိုင်အောင် ဖြစ်သွားကြသည်။ ရှ၀မ်ယွဲ့က မေးလိုက်၏။

"အိမ်က ဘယ်ကနေ ရောက်လာတာလဲ"

ရှမြန်က ပြုံးကာပြောလိုက်သည်။ "ကျွန်မတို့တွေ ဒီကို ပထမဦးဆုံး ရောက်လာတဲ့နေ့ကို မှတ်မိသေးလား။ ကျွန်မ မျက်နှာချင်းဆိုင်က ခြံဝင်းကိုဝယ်ချင်တယ်လို့ ပြောခဲ့တယ်လေ"

မောက်ဟွေ့မေက ပြောလိုက်၏။ "ဒါက ကျိုးချန်ချန်ရဲ့စကားကို စိတ်ဆိုးလို့ ပြောလိုက်တာ မဟုတ်ဘူးလား။ ရှမြန် နင် ဒါကို တကယ် ဝယ်မလို့လား"

"ဒါပေါ့" ရှမြန်က အပြုံးဖြင့် ပြောလိုက်၏။ "ငါက ဒီခြံဝင်းကို မဝယ်ဘူးဆိုရင် ဒေါက်တာနဥ်က သဘောတူမှာ မဟုတ်ဘူး"

ကျိုးချန်ချန်နှင့် ဟော်မိသားစုက နဥ်ရှောက်ယွင်ကို အနိုင်ကျင့်ခဲ့သည့်အကြောင်း သူတို့အားလုံးက သိထားကြသည်။ ထို့ကြောင့် နဥ်ရှောက်ပိုင်က နဥ်ရှောက်ယွင်အတွက် ရပ်တည်ပေးသည်မှာ သဘာဝကျလေသည်။

ရှမြန်က လိုရင်းတိုရှင်း ပြောလိုသည့်အမူအရာတစ်ခုဖြင့် ထိုနေ့က ဟော်မိသားစုတွင် ဖြစ်ပျက်သွားခဲ့သည့် အကြောင်းအရာကို ပြန်ပြောပြလိုက်သည်။ သခင်မကြီးက သူတို့ကို မည်သို့စော်ကားခဲ့သည့်အကြောင်း၊ နဥ်ရှောက်ယွင်ကို မည်သို့အနိုင်ကျင့်ခဲ့သည့်အကြောင်း၊ ထို့နောက်တွင် နဥ်ရှောက်ပိုင်က ပေါ်လာပြီး သူတို့ကိုကယ်တင်ပေးခဲ့ကာ သူတို့၏ဒေါသကို ဖွင့်ချခဲ့သည့်အကြောင်း အလေးပေး ပြောပြလိုက်သည်။

သူတို့က လျစ်လျူရှုခြင်းခံခဲ့ရသည်ဟု ကြားလိုက်ရသည်တွင် ရှ၀မ်ယွဲ့က မျက်မှောင်ကြုတ်လိုက်၏။

"ဒီအဘွားကြီးက တကယ်ဦးနှောက်မရှိတာပဲ။ ဟွေ့ကျူးနဲ့ တခြားလူတွေရဲ့ရှေ့မှာ ရည်မွန်တဲ့သူတစ်ယောက်လို အနည်းဆုံး ဟန်ဆောင်တတ်သေးတဲ့ တခြားသူတွေရဲ့ အဘွားထက်တောင် ပိုပြီးတော့ ဆိုးသေးတာပဲ"

ရှ၀မ်ယွဲ့သည် သခင်မကြီးဟော်က စိတ်ပျက်သွားသည့်ရုပ်တစ်ခုဖြင့် ယွမ်၂သိန်းတန် ချက်လက်မှတ်ကို ပေးခဲ့သည်ဟု ကြားလိုက်ရချိန်တွင် သူမက သူမ၏ပေါင်ကို ပြန်ရိုက်လိုက်ကာ ရယ်မောလိုက်၏။ "အိုဟယ်... အဲဒီပိုက်ဆံကို ယူပြန်လာခဲ့သင့်တာ။ အဒေါ်၂က ဒီအကြောင်းကို ကြားပဲကြားဖူးတာလေ။ ချက်လက်မှတ်ကို တစ်ခါမှ မမြင်ဖူးဘူး။ ဒါက တကယ့်ကို လက်တွေ့ကျတဲ့ ကိစ္စပဲဖြစ်မယ်"

ဟွေ့လန်ကလည်း အော်ရယ်လေသည်။ "အဲဒီချက်လက်မှတ်ကို ယူပြန်လာပြီးတော့ သူတို့ကို အသေဝမ်းနည်းသွားအောင် လုပ်ပစ်သင့်တာ"

"သူ ပြန်ယူသွားတာ မဟုတ်ပါဘူး" ရှမြန်က အပြုံးဖြင့် ပြောလိုက်သည်။ "ဒေါက်တာနဥ်က ချက်လက်မှတ်ကို ချက်ချင်း ပြန်ပေးလိုက်ပြီးတော့ သူက မျက်နှာချင်းဆိုင်က ခြံဝင်းကို ဝယ်ချင်တယ်လို့ပြောခဲ့တယ်လေ"

ရှ၀မ်ယွဲ့မှာ အထိတ်တလန့် ဖြစ်သွားတော့သည်။ "ခြံဝင်းတစ်ခုအတွက်များ ဘာဖြစ်လို့ ယွမ်၂သိန်း သုံးမှာလဲ။ ယွမ်၁သိန်းလောက်ဆိုရင် အဆောက်အဦတစ်လုံး ဝယ်ဖို့ လုံလောက်သင့်ပါတယ်။ ဟုတ်တယ်မလား"

ရှမြန်က ပြုံးကာပြောလိုက်၏။ "တကယ်တမ်းကျတော့ စျေးကွက်ထဲမှာက ၇သောင်းလောက်ပဲ ရှိတာပါ။ ကျွန်မက အဲဒီချက်လက်မှတ်ကို တကယ်ပဲ ယူလာလို့ရလား"

ရှ၀မ်ယွဲ့က ရယ်စရာပြောနေသည်ကို ရပ်ထားလိုက်ကာ ဆက်ပြောလိုက်၏။ "မယူရပါဘူး။ ငါတို့တွေလည်း အဲဒီခြံဝင်းကို လက်ခံမှာမဟုတ်ဘူး"

"အဘွားကြီးက ကျိုးကြောင်းဆီလျော်တာ မဟုတ်ဘူး ဆိုပေမဲ့လည်း ဒါက သူ့ကိစ္စလေ။ ငါတို့မိသားစုက တခြားလူတွေရဲ့ငွေကို ဘယ်နည်းနဲ့မှ ညှစ်ယူတာမျိုး မဖြစ်စေရဘူး"

ရှ၀မ်ယွဲ့က စိတ်အားထက်သန်စွာ ပြောလိုက်၏။ "အဒေါ်၂က အမှန်တရားကို နားလည်ချင်မှ နားလည်မယ်။ အပြင်လောက အကြောင်းကိုလည်း အများကြီးမြင်ဖူးချင်မှ မြင်ဖူးလိမ့်မယ်။ ဒါပေမဲ့ ဘဝကို လက်တွေ့ကျကျနေပြီး အလုပ်ကို သေချာပေါက် မှန်မှန်ကန်ကန် လုပ်ရမယ်ဆိုတာတော့ သိပါတယ်"

"နင်က ဒီကိစ္စမှာ အသာစီးရခဲ့တဲ့ပုံပါပဲ။ ဒါပေမဲ့ ဒါက ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး။ ထိခိုက်သွားမှာကလည်း ကိုယ့်ရဲ့ကိုယ်ကျင့်သိက္ခာပဲလေ။ လူတစ်ယောက်က လမ်းမှားကို လိုက်မိပြီဆိုတာနဲ့ ဒါကိုကျင့်သားရသွားရင် လမ်းမှန်ပေါ်ပြန်လာဖို့ ခက်ခဲသွားလိမ့်မယ်" ရှ၀မ်ယွဲ့က ပြောလိုက်၏။ "အဒေါ်၂ရဲ့စကားကို နားထောင်။ ငါတို့တွေ အဲဒီခြံဝင်းကို လက်ခံလို့မဖြစ်ဘူး။ တကယ်လို့ ငါတို့တွေက ဒါကို ဝယ်ချင်တယ်ဆိုရင်တောင် ဖြည်းဖြည်းချင်း ရှာလို့ရပါတယ်။ ငါတို့တွေ အရင်ဆုံး အိမ်တစ်လုံး ငှားရမ်းလို့ရတယ်"

"စိတ်မပူပါနဲ့" ရှမြန်က ရှ၀မ်ယွဲ့၏လက်ကို ကိုင်လိုက်ကာ သူမကို စိတ်ချရအောင် ပြောလိုက်၏။

"နဥ်ရှောက်ပိုင်က အဲဒီလိုလုပ်ခဲ့တယ်ဆိုတာကလည်း အဲဒီအချိန်တုန်းက အဘွားကြီးကို စိတ်အနှောင့်အယှက် ဖြစ်သွားစေချင်လို့ပါ။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် သူက ချက်လက်မှတ်ကို ဒီအတိုင်းယူပြီး ထွက်လာလို့ရတာပဲ။ ဘာဖြစ်လို့ အလုပ်ရှုပ်ခံနေမှာလဲ"

"အဲဒီခြံဝင်းကိုလည်း သူ့ဆီကနေ အလကား မလိုချင်ပါဘူး။ ကျွန်မက ငွေကို ပြင်ဆင်ပြီးသွားပါပြီ။ ဒေါက်တာနဥ်က ပြောတယ်လေ။ အချိန်တန်ရင် ကျွန်မတို့တွေက ရုံရှင်းကို အသိသက်သေ လုပ်ခိုင်းလို့ရတယ်တဲ့"

"ကျွန်မတို့တွေအတွက် အဆင်ပြေတဲ့ တစ်ခုတည်းသောအရာကတော့ ဒီခြံဝင်းက အရမ်းကို ကောင်းမွန်တဲ့ တည်နေရာတစ်ခုမှာရှိနေပြီး ပတ်ဝန်းကျင်ကောင်းလည်း ရှိတယ်လေ။ ဒါက ကျွန်မတို့တွေကို တခြားနေရာမှာ ထပ်ရှာစရာမလိုတော့ဘူးပေါ့"

ရှ၀မ်ယွဲ့က မေးလိုက်၏။ "အဲဒါက ဟော်မိသားစုရဲ့ ဘိုးဘွားအိမ်ရာ မဟုတ်လား။ သူတို့တွေက အဲဒီအရာကို ငါတို့ကို တကယ်ပဲ ရောင်းနိုင်မှာတဲ့လား"

ရှမြန်က ပြောလိုက်သည်။ "အဲဒါက အိမ်တန်းကြီးတစ်ခုလေ ဟုတ်တယ်မလား။ သူတို့တစ်မိသားစုလုံးကလည်း အပန်းဖြေအိမ်ရာကို ပြောင်းသွားကြပါပြီ။ ဘယ်သူကမှ ဒီလိုခနော်နီခနော်နဲ့ တဲအိမ်လေးထဲမှာ မနေချင်ကြပါဘူး"

ရှမြန်က မျက်လုံးဖွင့်လျက်သား လိမ်ပြောလိုက်လေသည်။ "ဒီအပြင် သခင်ကြီးဟော်ကလည်း သခင်မကြီး‌ဟော်က ကျွန်မတို့အပေါ်ရိုင်းပျခဲ့တာကို မြင်သွားတယ်လေ။ သူက ဒီအတွက် ပြန်လည်ဖြည့်ဆည်းပေးဖို့ ကြိုးစားနေတာပါ။ ကျွန်မတို့တွေက ဘာတစ်ခုမှ မတောင်းဆိုခဲ့ပါဘူး။ ကျွန်မတို့တွေက အိမ်ကိုပဲဝယ်မှာ။ တခြားဘာမှမလုပ်ဘူး"

ရှ၀မ်ယွဲ့က ယုံကြည်သွားတော့သည်။ သူတို့၏အမြင်တွင် အကယ်၍များ သူတို့သည် တိုက်ခန်းတစ်ခုတွင် နေနိုင်ခဲ့လျှင် ဒီလိုတဲအိမ်ထဲတွင်တော့ သေချာပေါက် နေလိမ့်မည်မဟုတ်ချေ။ နဥ်ရှောက်ယွင်၏အိမ်ကို ကောင်းကောင်းမွန်မွန်လေး ပြင်ဆင်ထားခြင်းကြောင့်သာ နေထိုင်ရသည်မှာ အဆင်ပြေနေခြင်းဖြစ်သည်။

ခြံဝင်းထဲတွင် ရေပိုက်နှင့် သန့်စင်ခန်းများမှလွဲလျှင် ဆင်တူသည့် အခန်းဖွဲ့စည်းပုံများရှိသည့် ကျယ်ဝန်းလှသည့် ခြံဝန်းကြီးတစ်ခုက လမ်းကြားလေး အဝင်ဝတွင်ရှိသည်။ အမှန်တွင်တော့ ဒါကဇာတိမြို့မှအိမ်ပုံစံနှင့် ဆင်တူလှသည်။ ညပိုင်း သန့်စင်ခန်း ထသွားဖို့ရန်အတွက် အဝတ်များကို ထဝတ်ဆင်နေရသည်။ ဒါက တိုက်ခန်းနှင့် နေသည်ထက် အမှန်ပင် အဆင်ပြေလိမ့်မည် မဟုတ်ချေ။

ရှ၀မ်ယွဲ့က နောက်ထပ်ကိစ္စတစ်ခုနှင့် ပတ်သက်ပြီး စိုးရိမ်နေလေသည်။ "နင့်မှာ ငွေအလုံအလောက်ရှိရဲ့လား"

ရှမြန်က ပြုံးကာပြောလိုက်၏။ "လောက်ပါတယ်။ အမေ ကျွန်မအတွက် ချန်ထားပေးခဲ့တာ ရှိတယ်လေ။ ဒါကို ရောင်းလိုက်မယ်"

ရှ၀မ်ယွဲ့သည် ထိုစကားကို ကြားပြီးနောက်တွင် မေးခွန်းထပ်မမေးတော့ချေ။ သူမက အများအပြား တွေ့ကြုံခဲ့ပြီးသောကြောင့် ဖြစ်နိုင်သည်။ သူမသည် လောကကြီး၏ နိယာမကို ကိုင်တွယ်ရာတွင်အလွန်မှ လိမ္မာပါးနပ်ပေသည်။

မည်သည့်နေရာတွင် ရှိနေသည်ဖြစ်စေ အိမ်ရာကိုဝယ်ယူခြင်းက ကောင်းမွန်သည့် ကိစ္စတစ်ခု ဖြစ်လေသည်။ အကယ်၍ ရှ၀မ်ယွဲ့တွင် ငွေရှိခဲ့လျှင် သူမပထမဦးဆုံး လုပ်မည့်အရာကလည်း အိမ်တစ်လုံး ဝယ်ယူခြင်းသာ ဖြစ်လိမ့်မည်။

ရှမြန်သည် မကြာခင်တွင် သူမ၏ကိုယ်ပိုင်ခြံဝင်းလေး ရတော့မည်ဟု သိလိုက်ကြသဖြင့် မောက်ညီအစ်မ ၃ယောက်စလုံးက အလွန်မှ ဝမ်းသာသွားကြသည်။ မည်သို့ဆိုစေ ရှမြန်သည် သူတို့၏ဆွေမျိုး ဖြစ်သည်။ သွေးသားတော်စပ်သည့် သဘာဝက သူတို့ကို ပိုပြီးရင်းနှီးစေကာ အတူတူနေထိုင်ရာတွင် ပိုပြီးသက်သောင့်သက်သာရှိစေသည်။

"မျက်နှာချင်းဆိုင်က ခြံဝင်းလေးက ဘယ်လိုပုံစံဖြစ်မလဲ မသိဘူးနော်"မောက်ဟွေ့လန်က စဉ်းစားလိုက်၏။

"ခြံဝင်း၂ခုပါတဲ့ အိမ်တစ်လုံးလို့ ပြောတာပဲ" ရှမြန်က ပြောလိုက်သည်။ "အခု ငါတို့နေနေတဲ့အိမ်နဲ့ ဆင်တူမှာပါ။ အဲဒီကိုသွားပြီးမှပဲ ဘယ်အခန်းမှာ နေမယ်ဆိုတာနဲ့ ဘယ်လို ပြင်ဆင်မယ်ဆိုတာကို အရင်ဆုံးစဉ်းစားကြတာပေါ့"

ရှမြန်က ရှောင်ဖုန်းနှင့် မောက်ဟွေ့ကျူးတို့ကို သွားကစားခိုင်းလိုက်ပြီး သူမကတော့ ခြံဝင်းလွှဲပြောင်းမည့်အကြောင်း မေးမြန်းဖို့ရန် ဘေးအိမ်သို့သွားကာ နဥ်ရှောက်ပိုင်ကို သွားရှာလိုက်သည်။ နဥ်ရှောက်ပိုင်သည် လတ်တလောတွင် အလွန်မှ အလုပ်များပြားနေပြီး သူ့ကို မတွေ့ရသလောက်ပင်။

သူ အခုလေးတင် ပြန်လာသည်ကို သူမက မြင်ခဲ့လိုက်သည်။

ရှမြန်က ဘေးအိမ်သို့ လျှောက်လာကာ တံခါးခေါက်လိုက်၏။ မျက်နှာပေါ်တွင် အမာရွတ်တစ်ခုနှင့် ခြေထောက်ထော့နဲ့နေသည့် သက်လတ်ပိုင်းအမျိုးသားတစ်ယောက်က တံခါးလာဖွင့်ပေးသည်။ "ရှမြန် ရှောက်ပိုင်ကို လာရှာတာလား"

"ဟုတ်ကဲ့ ဦးလေးလီ"

နဥ်ရှောက်ပိုင်သည် ခြံဝင်းကို စောင့်ရှောက်ဖို့ရန် လင်မယား၂ယောက်ကို ခေါ်ထားသည်။ ယောက်ျားဖြစ်သူမှာ စကားအလွန်မှနည်းသည့် ဦးလေးလီဖြစ်သည်။ သူသည် စစ်သားတစ်ယောက် ဖြစ်ခဲ့သော်လည်း ဒဏ်ရာကြောင့် အနားယူခဲ့ရသည်။ သူက ပုံမှန်ဆိုလျှင် ခြံဝင်းထဲက အသေးအဖွဲ့ကိစ္စများကို တာဝန်ယူပေးတတ်ပြီး သူ့မိန်းမဖြစ်သူ အဒေါ်ချွေ့ကတော့ အိမ်မှုကိစ္စနှင့် အချက်အပြုတ်ကို တာဝန်ယူပေးသည်။

ဦးလေးလီက နဥ်ရှောက်ပိုင် မရှိဘူးဟု မပြောသဖြင့် ရှမြန်က အထဲသို့ဝင်လာခဲ့သည်။ ပန်းပွင့်ပုံဖော်ထားသည့် တံခါးကို ဖြတ်လာချိန်တွင် သူမသည် ဘေးတွင်ထောင်ထားသည့် သစ်သား‌လှေကားကို တွေ့လိုက်၏။ ဦးလေးလီက သူမ ရပ်တန့်သွားသည်ကို မြင်လိုက်ရသဖြင့် ပြောပြလိုက်သည်။ "မကြာခင် မိုးရွာတော့မယ်လို့ မိုးလေဝသက ပြောထားတယ်လေ။ ဒါကြောင့်မလို့ ငါ ခေါင်မိုးကို စစ်ဆေးနေတာပါ"

ရှမြန်၏မျက်လုံးများက အပေါ်သို့ရောက်သွားပြီး ညစ်ကျယ်ကျယ်အပြုံးတစ်ခုက သူမ၏မျက်နှာပေါ်တွင် ပေါ်ပေါက်လာကာ သူမက ဦးလေးလီကို တိတ်တိတ်လေး နေဖို့ လက်ဟန်ပြလိုက်ပြီးနောက်တွင် ၀မ်းသာအားရ လှေကားဆီသို့ အပြေးအလွှား သွားလိုက်လေသည်။

"ဟေး" ဦးလေးလီက ရှမြန်ကို လှမ်းတားမည် ပြင်လိုက်စဉ်တွင် သူ့ပခုံးကို တစ်စုံတစ်ယောက်က လာပုတ်သည်ကို ခံစားလိုက်ရ၏။ သူက လှည့်ကြည့်လိုက်တော့ သူ့နောက်တွင် သူ့ကို တိတ်တိတ်လေးနေဖို့ လက်ဟန်ပြနေသည့် နဥ်ရှောက်ပိုင်ကို တွေ့လိုက်ရသည်။

ထို့နောက်တွင်တော့ နဥ်ရှောက်ပိုင်သည် လက်ပိုက်ကာ မျှော်လင့်တကြီး အကြည့်တစ်ခုဖြင့် မကောင်းတာလုပ်တော့မည့် ရှမြန်ကို စောင့်ကြည့်နေတော့သည်။

ဦးလေးလီက ဘာမှမတတ်နိုင်တော့သလို ခေါင်းခါပြလိုက်၏။ အိမ်၏သခင်ဖြစ်သူ သခင်လေးက ဘေးအိမ်က ကလေးမကို တွေ့သည့်အချိန်တိုင်း ကလေးတစ်ယောက်လို ပြုမူတတ်သည်ကို သူ သတိထားမိလေသည်။

ရှမြန်က တံတိုင်းပေါ်သို့ ရောက်သွားပြီဖြစ်ကာ အသံတိုးတိုးဖြင့် အသံရှည်ဆွဲပြီး အော်ညည်းလိုက်လေသည်။

“နဥ်ရှောက်ပိုင်...”

“ရှောက်ပိုင်ရေ... ရှောက်ပိုင်ပိုင်... ငါလေ အရမ်းကို သနားစရာကောင်းတဲ့ပုံစံနဲ့ သေခဲ့ရတာ...”

မှိန်ပြပြ လရောင်အောက်တွင် တော်တော်လေးကို ကြောက်လန့်မိသလို ခံစားရ၏။

ရှမြန်က သူမ၏မျက်လုံးများကို ကျယ်နေအောင်ဖွင့်ထားကာ အော်ပြောလေသည်။ နဥ်ရှောက်ပိုင် ပြေးထွက်လာချိန်တွင် သူ့မျက်နှာပေါ်က ကြောက်လန့်တကြား အမူအရာနှင့် လွဲချော်သွားမည်ကို စိုးရိမ်ခြင်းကြောင့်ပင်။

ထို့နောက်တွင်တော့ သူမသည် သူမ၏ခြေသလုံးကို တစ်ခုခုက လာတို့နေသလို ခံစားလိုက်ရ၏။ သူမက အခိုက်အတန့် ကြောင်အမ်းအမ်းဖြစ်သွားပြီး ခြင်ကြီးတစ်ကောင် ကိုက်ခံလိုက်ရသည်ဟု ထင်လိုက်သည်။ နောက်ပင် လှည့်မကြည့်ဘဲ ခြေတစ်ဖက်ကို မြှောက်ကာ အတို့ခံလိုက်ရသည့် ခြေထောက်ကို ပွတ်သပ်လိုက်သည်။

သို့သော်ငြားလည်း နောက်တွင်ပါလာသည့်အရာက သူမ၏ခြေသလုံးတစ်လျှောက်တွင် ချော်ကျိကျိ အထိအတွေ့တစ်ခု ရွေ့လျားနေသည်ကိုပင်။ ရှမြန်၏ဦးရေပြားမှာ အနည်းငယ် ထုံကျင်သွားသလို ခံစားလိုက်ရသည်။

သူမက ခေါင်းကို ငုတ်လိုက်သည့်အခိုက်မှာပင် တစ်စုံတစ်ယောက်က အလန့်တကြားအော်လိုက်သံကို ကြားလိုက်ရ၏။ "အိုး မြွေကြီးဟ"

"ဘယ်မှာလဲ အား__"

ရှမြန်သည် အလန့်တကြား သူမ၏ခြေထောက်များကို မြန်မြန်ခါလိုက်သဖြင့် သူ့ခြေထောက်အောက်က သစ်သားလှေကားမှာ လဲကျသွားသည်ကို ခံစားလိုက်ရတော့သည်။

"ဟော သတိထား" နဥ်ရှောက်ပိုင်၏မျက်နှာမှာ ပြောင်းလဲသွားပြီး သူက သူ့လက်ထဲက တုတ်ကို မြန်မြန်လွှင့်ပစ်လိုက်ကာ သူ့လက်များကို ဖွင့်ထားလိုက်တော့သည်။ "ရှမြန်"

ရှမြန်သည် သတိထားချင်ပါသော်ငြားလည်း သူ့ခြေထောက်ချထားသည့် လှေကားက အထဲဘက်သို့ ကျိုးသွားသည့်ပုံပေါ် သည်။ နဥ်ရှောက်ပိုင်၏စကား မဆုံးခင်မှာပင် လှေကားက ဂျွတ်ခနဲမြည်ကာ လုံးဝကို ကျိုးသွားတော့သည်။

ရှမြန်သည် နောက်ပြန်လှန်ကျသွားတော့သည်။

သွားပြီ။

ရှမြန်သည် ကျောဖြင့် အောက်သို့ကျလာပြီး သူမ၏ကိုယ်အနေအထားကို ထိန်းချုပ်ဖို့ရန် လုံးဝမဖြစ်နိုင်ချေ။ ထို့ကြောင့် အရေးကြီးသည့် အစိတ်အပိုင်းများကို ကာကွယ်ဖို့ရန် လက်၂ဖက်ဖြင့် သူမ၏ခေါင်းကို အုပ်ထားလိုက်တော့သည်။

ပြုတ်ကျသွားသဖြင့် နာကျင်မှုကို ပြင်ဆင်ထားချိန်တွင် သူမ၏ခန္ဓာကိုယ်က ရုတ်တရက် ရပ်တန့်သွားပြီး တစ်စုံတစ်ယောက်က သူမ၏ပခုံးနှင့် ဒူးများကို ထိန်းထားပေးသလို ခံစားလိုက်ရကာ ထို့နောက်တွင်တော့ နောက်သို့ ခြေလှမ်းအနည်းငယ် ယိုင်သွားပြီးမှ ရပ်တန့်သွားတော့သည်။

နဥ်ရှောက်ပိုင်သည် သူမ ကျလာသည့်အရှိန်ကြောင့် သူ့ရင်ဘတ်ပေါ်တွင် မွန်းကြပ်သွားသလို ခံစားလိုက်ရ၏။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး သူ၏အရှိန်ကို ထိန်းချုပ်ဖို့ရန် နံရံကို မှီထားလိုက်ရသည်။ သူက စက္ကန့်အနည်းငယ်လောက် ရှမြန်ကို ငုံ့ကြည့်လိုက်ပြီး ပြင်းပြင်းထန်ထန် ဘာမှမဖြစ်ခဲ့သည်ကို မြင်လိုက်ရသည်တွင် သူ့မှာ စိတ်အေးသွားကာ အသက်ရှူနိုင်တော့သည်။

ဒီသောက်ကလေးမကတော့ သူ့ကိုသေအောင် ခြောက်လှန့်နေတာပဲ။

ရှမြန်က သူမ၏မျက်လုံးကို ဖွင့်လိုက်ချိန်တွင် နဥ်ရှောက်ပိုင်သည် စိတ်ရှုပ်ရှုပ်ဖြင့် သူမကို တွန်းထုတ်လိုက်တော့သည်။ "မင်း ဘာလုပ်နေတာလဲ။ နတ်သမီးလေးက မြေပြင်ပေါ်ကို ပြုတ်ကျသွားတာလား"

သူက သူမ၏ခေါင်းကို ချက်ချင်း ပြန်ဖွလိုက်ပြီး မကျေမနပ် ခံစားချက်တစ်ခုဖြင့် ပြောလိုက်၏။ "မင်း လေထဲမှာ ဒီလိုကျလာတုန်းက မင်းရဲ့ဆံပင်တွေကို ကာကွယ်ပေးဖို့ ဦးထုပ်တစ်လုံးလောက် ဆောင်းမလာခဲ့ဘူးလား"

ရှမြန်သည် သူ၏ခနဲ့တဲ့တဲ့စကားကို ကြားလိုက်ချိန်တွင် မြဲနေအောင် ရပ်လိုက်တော့သည်။ သူမသည် အလွန်မှ ဒေါသထွက်သွားသဖြင့် သူ့လက်ကို ရိုက်ပုတ်လိုက်ပြီး ဦးထုပ်ကို ကောက်ယူလိုက်ကာ ဆောင်းထားလိုက်သည်။ "ကျွန်မကို ဘာဖြစ်လို့ လာစနေတာလဲ"

နဥ်ရှောက်ပိုင်က လက်ပိုက်ထားပြီး သူမကို မျက်စောင်းဖြင့် ကြည့်လိုက်လေသည်။

"အရာရှိတွေကိုတော့ မီးရှို့ဖို့ ခွင့်ပြုထားပြီး ပြည်သူတွေကိုတော့ မီးတောင် ထွန်းခွင့်မပေးဘူးဆိုတဲ့ သဘောဖြစ်နေပြီ မဟုတ်ဘူးလား။ ဘယ်သူက ဘယ်သူ့ကို အရင်ဆုံး လာစနေတာလဲ"

ဟုတ်ပါသည်။ သူမက သူ့ကို အရင်ဆုံးစချင်ခဲ့သည့် သူပင်။ ရှမြန်က မလုံမလဲခံစားလိုက်ရပြီး အပြုံးတုတစ်ခု ပြုံးပြလိုက်၏။ "ကျွန်မက အရင်ဆုံး အမှားလုပ်ခဲ့တဲ့သူဆိုတော့ ကျွန်မ ရှင့်ကို ခွင့်လွှတ်လိုက်မယ်"

နဥ်ရှောက်ပိုင်မှာ အလွန်မှ ဒေါသထွက်ရသဖြင့် အော်ရယ်လိုက်တော့သည်။ သူက သူမ၏ ဦးထုပ်အနားကို ခေါက်လိုက်ကာ ပြောလိုက်၏။ "မင်းက ငါ့ကို ချန်းရုံလီလို့ပဲ ခေါ်လိုက်ပါတော့လား"

ရှမြန်က တခစ်ခစ် ရယ်မောလိုက်ကာ စကားလမ်းကြောင်း မြန်မြန်ပြောင်းလိုက်သည်။ "ကျွန်မ ရှင်နဲ့အရေးကြီးကိစ္စ တိုင်ပင်ချင်လို့လာခဲ့တာပါ"

နဥ်ရှောက်ပိုင်က မျက်နှာထားတစ်ခုဖြင့် သူမကိုလှမ်းကြည့်ကာ ပြောလိုက်သည်။ "မင်းက ဘယ်လောက်တောင် အရေးကြီး နိုင်မှာမလို့လဲ။ ဘာကိစ္စလဲ"

"မျက်နှာချင်းဆိုင်က ခြံဝင်း ဘယ်လိုဖြစ်သွားပြီလဲ" ရှမြန်က ပြုံးဖြီးကာ ပြောလိုက်သည်။

"မနက်ဖြန်ဆိုရင် ၇ရက်မြောက်နေ့နော်။ သခင်မကြီးဟော်ဆီက ဘာသတင်းမှ မကြားသေးဘူးလေ။ ဘာမှမဖြစ်ပါစေနဲ့လို့ မျှော်လင့်ရတာပဲ"

"၇ရက်တောင် ပြည့်သွားပြီလား" သူသည် ဒီရက်ပိုင်းတွင် အလုပ်များနေခဲ့သဖြင့် ထိုကိစ္စကိုပင် မေ့လျော့လုနီးပါး ဖြစ်သွားခဲ့သည်။

"အဘွားကြီးက သူ့အကြွေးတွေကို ရှောင်လွှဲချင်နေတာတော့ မဟုတ်ပါဘူးနော်" ရှမြန်က ပြောလိုက်သည်။

"အဲဒီအဘွားကြီးက လူကောင်းတစ်ယောက်ဖြစ်တဲ့ ပုံမပေါ်ဘူး။ အစ်မနဥ်ကို မောင်းထုတ်တဲ့ ရည်ရွယ်ချက်ကလည်း အောင်မြင်သွားပြီဆိုတော့ သူက သူ့အကြွေးတွေကို ရှောင်ရှားချင်မှာ စိုးရတယ်"

နဉ်ရှောက်ပိုင်က ပြောလိုက်၏။ "စိတ်မပူပါနဲ့။ သူ ဒါကို ငြင်းလို့မရပါဘူး။ မနက်ဖြန် အပြင်မထွက်နဲ့။ အိမ်မှာပဲ စောင့်နေလိုက်"

အဘွားကြီးသည် ရှမြန်ခန့်မှန်းထားသလိုပင် အမှန်တကယ် လှည့်စားချင်နေလေသည်။ မည်သို့ဆိုစေ ဟော်ရွှယ်ဝမ်က ကွာရှင်းစာချုပ်ထဲတွင် လက်မှတ်ထိုးခဲ့ပြီးဖြစ်ကာ ချန်းချန်းကိုလည်း သူတို့၏ ဟော်မိသားစု၏ မြေးတစ်ယောက်ဟု မှတ်ယူလို့မရတော့ချေ။ ထိုကြောင့် သူမက ထိုခြံဝင်းကို ရှမြန်အား အဘယ်ကြောင့် ပေးရပါတော့မည်နည်း။ သို့သော်ငြားလည်း နဥ်ရှောက်ပိုင် ပြောသကဲ့သို့ပင် သူမသည် ထိုကိစ္စကို မငြင်းဆန်ရဲခဲ့ချေ။ ထိုနေ့က နဥ်ရှောက်ပိုင် ပြောခဲ့သည့်စကားများသည် သူမ၏စိတ်ထဲတွင် လတ်လတ်ဆတ်ဆတ် ဖြစ်နေသေးသည်။ သူက တစ်ခုခုကို အမှန်ပင် သိထားလေသလား သို့မဟုတ် ကံစမ်းချင်လို့ပဲလား ဆိုတာကိုတော့ သူမသည် သေချာမသိရချေ။ သို့သော်ငြားလည်း ဟော်မိသားစု၏ ပြောင်ရှင်းပြီး ခြောက်ကပ်နေသည့် အိမ်ကြီးကို ကြည့်လိုက်ချိန်တွင် သူမသည် နောက်ဆက်တွဲဖြစ်လာမည့် အကြောင်းအရာကို ကြောက်ရွံ့လေတော့သည်။

...

All Chapters