← Chapters

အပိုင်း(၇၆)

Vol. 6 Ch. 76

အပိုင်း(၇၆)

Vol. 6 Ch. 76

ကိုယ်ပိုင် ခြံဝင်းလေးရလာပြီးနောက်တွင် အားလုံးသည် ပိုပြီးတက်ကြွလာခဲ့သည်။

ဒါက အလွန်မှ အံ့ဩစရာကောင်းပေသည်။ ခြံဝင်းတစ်ခုနှင့် အိမ်တစ်လုံးက လူတစ်ယောက်ကို ပိုပြီးယုံကြည်မှုရှိလာသလို ခံစားစေရပြီး လုပ်ခဲ့သမျှအရာအားလုံးကလည်း မျှတသည်ဟု ခံစားရစေသည်။

အိမ်ပြောင်းလာပြီးနောက် ၄ရက်မြောက်နေ့ နေ့လယ်ခင်းတွင် မောက်ဟွေ့မေသည် သူမ၏အဖေထံက ဖုန်းခေါ်ဆိုမှု လက်ခံရရှိခဲ့ပြီး သူသည် ရထားပေါ်တက်တော့မည်ဖြစ်ကာ နောက်တစ်နေ့ မနက်ခင်းတွင် ယန်မြို့သို့ ရောက်လာလိမ့်မည်ဟု ပြောသည်။

မောက်ညီအစ်မများက အလွန်မှ ဝမ်းသာပျော်ရွှင်ကြ၏။

နောက်တစ်နေ့ မနက်ခင်းသည် စနေနေ့ဖြစ်သည်။ သို့နှင့် မိသားစုတစ်ခုလုံးက တစ်စုံတစ်ယောက်ကို သွားရောက်ကြိုဖို့ရန် ရထားဘူတာသို့ သွားခဲ့ကြသည်။

ဒီနေ့ခေတ်တွင် အစိမ်းရောင်ရထားများသည် နှေးကွေးပြီး မကြာခဏ နောက်ကျတတ်သည်။ သူတို့သည် ၁နာရီကျော်ခန့် စောင့်ခဲ့ရပြီးမှ ရထားက ဘူတာထဲသို့ ဝင်လာသည့်အသံကို ကြားလိုက်ရသည်။

အားလုံးက လည်ပင်းကို ဆန့်ကြည့်လိုက်ကြကာ လူအုပ်ထဲက မောက်ကျစ်ရှန်းကို စတင်ရှာဖွေကြသည်။

သူ့ကို အရင်ဆုံးတွေ့ခဲ့သူမှာ ရှ၀မ်ယွဲ့၏လက်ကို တွဲထားသည့် မောက်ဟွေ့ကျူး ဖြစ်ပေသည်။ "အဖေ၊ ဟိုမှာအဖေ။ သမီး အဖေ့ကို တွေ့တယ်"

ရှ၀မ်ယွဲ့က သူမ လက်ညှိုးထိုးပြသည့်ဘက်ကို ကြည့်လိုက်သည်တွင် တောင်တစ်လုံးလို ရွေ့လျားလာသည့် ခရီးဆောင်အိတ်ကြီးကို တွေ့လိုက်ရသည်။

မောက်ကျစ်ရှန်းသည် တစ်ယောက်တည်းဖြစ်ကာ သူသယ်ထားသည့် ခရီးဆောင်အိတ်များက သူ့ကျောပေါ်တွင် တခြားသူများထပ်ပင် ပိုပြီးမြင့်မားနေသည်။ လက်တစ်ဖက်ဆီတွင်လည်း အိတ်ကြီးပေါင်းများစွာကို ဆွဲထားသည်။ သူ့ခန္ဓာကိုယ်က ထောင့်မှန်ကျသလိုပင် ကိုင်းညွတ်လုနီးပါးဖြစ်နေကာ သူ၏ညိုမည်းပြီး ပိန်ပါးလှသည့်မျက်နှာကလည်း နီမြန်းနေသည်။

ရှ၀မ်ယွဲ့က အလျင်အမြန် သွားရောက်ကူကာ သူ့ခရီးဆောင်အိတ်များကို ချပေးလိုက်ပြီး စိတ်မကောင်းကြီးစွာဖြင့် ပြောတော့သည်။ "ဘာဖြစ်လို့ ပစ္စည်းတွေအများကြီး သယ်လာတာလဲ။ ရှင် ဒါတွေကိုလည်း တစ်ခါစစ်ဆေးပြီးသားပဲ။ ဘာဖြစ်လို့ နောက်တစ်ခါစစ်ဆေးဖို့ အလုပ်ရှုပ်ခံနေသေးတာလဲ။ ဘာဖြစ်လို့ အဲဒီလောက်အထိ ဒုက္ခခံခဲ့ရတာလဲ"

မောက်ကျစ်ရှန်းက အပြုံးဖြင့်ပြောလိုက်၏။ "ဒီကုန်ပစ္စည်းပို့ခက တစ်ခါပို့ရင် ၁၀ယွမ်ကျော် ပေးရတယ်လေ။ စုထားလိုက်မယ်ဆိုရင် ဟွေ့လန်ရဲ့စာအုပ် တစ်စုံစာတောင် ဝယ်လို့ရတယ်"

သူ့မိန်းမနှင့် သမီးအတွက်တော့ သူသည် လမ်းပေါ်တွင်ချမ်းသာပြီး ဆင်းရဲမည့်မိသားစုတစ်ခုဖြစ်မည်။ သို့သော်ငြားလည်း သူကိုယ်တိုင်အတွက်တော့ သူသည် တတ်နိုင်သမျှ ချွေတာရမည်။

မောက်ဟွေ့လန်က သူ့အင်္ကျီကို ဆွဲဖွင့်လိုက်ပြီး တစ်ချက်ကြည့်လိုက်၏။ သူ၏အရိုးပေါ်အရေတင် ဖြစ်နေသည့် ပခုံးများက အမှန်ပင် အစင်းရာများဖြစ်နေသည်ကို မြင်လိုက်သည်တွင် သူမက ဒေါသတကြီး ပြောလိုက်သည်။ "အဖေ အဖေကလည်းနော်။ ငွေစုဖို့ပဲ သိတယ်။ တကယ်လို့ အဖေ ကိုယ့်ဟာကိုယ် ပင်ပန်းအောင်လုပ်နေရင် ဒါက ငွေကုန်ကြေးကျ ပိုများတော့မှာ မဟုတ်လား"

မောက်ကျစ်ရှန်းက သူ့အင်္ကျီကို ဆွဲချလိုက်ကာ အပြုံးဖြင့် ပြောလိုက်၏။ "စိတ်မပူပါနဲ့။ အဖေ ဘာလုပ်ရမယ်ဆိုတာ သိပါတယ်"

မောက်ဟွေ့ကျူးကတော့ မနေနိုင်တော့ဘဲ သူ့ရင်ခွင်ထဲသို့ ပြေးဝင်သွားရာ မောက်ကျစ်ရှန်းမှာ သူမကို ပြန်တွန်းထုတ်ထားပြီး ပြောလိုက်သည်။ "အိမ်ပြန်ရောက်ပြီး ဆေးကြောပြီးတဲ့အထိ စောင့်ပါဦး။ သမီး နံစော်သွားလိမ့်မယ်"

မောက်ဟွေ့ကျူးက ဂရုမစိုက်ပေ။ မောက်ဟွေ့လန်က သူမ ကြိုတင်ပြင်ဆင်လာသည့် ပုဝါအစိုကို သူ့ကို လှမ်းပေးပြီးသားဖြစ်သည်။ "အဖေ ဒါနဲ့ အရင်ဆုံးသုတ်လိုက်ပါ"

မောက်ဟွေ့လန်ကလည်း ရေနွေးကရားတစ်အိုးကို လှမ်းပေးသည်။ "အဖေ ရေနည်းနည်း သောက်ပါဦး။ သမီးတို့တွေ အိမ်ရောက်တော့မယ်။ သိပ်မဝေးတော့ပါဘူး"

မောက်ကျစ်ရှန်းက ဝမ်းသာအားရပြုံးပြသည်။ သူသည် မော့ကြည့်လိုက်သည်တွင် ရှမြန်နှင့် ရှောင်ဖုန်းတို့ကို တွေ့လိုက်ရ၏။ သူက အနည်းငယ်ရှက်ရွံ့စွာဖြင့် ပြောသည်။ "မြန့်မြန် ဒါက ရှောင်ဖုန်းပေါ့ ဟုတ်လား။ အရမ်း ချစ်စရာကောင်းတာပဲ"

ရှောင်ဖုန်းသည် မောက်ကျစ်ရှန်းကို တစ်ခါမှ မတွေ့ခဲ့ဘူးချေ။ သို့သော်ငြားလည်း ရှမြန်နှင့် မောက်ဟွေ့ကျူးတို့က သူ့ကိုကြိုတင် မိတ်ဆက်ပေးထားသည်။ ဒီအခိုက်အတန့်တွင် သူက မောက်ကျစ်ရှန်းကို သိလိုစိတ်ဖြင့်သာ ကြည့်နေပြီး လေသံတိုးတိုးဖြင့် နှုတ်ဆက်လေသည်။ "မင်္ဂလာပါ ဘိုးဘိုး"

"ဟုတ်ပြီ ဟုတ်ပြီ" မောက်ကျစ်ရှန်းက ကလေးများကို အင်မတန်မှ ချစ်မြတ်နိုးသည်မှာ သိသာသည်။ သူကသူ့ အိတ်ကပ်ကို ခဏလောက် မွှေနှောက်လိုက်ပြီး လက်တစ်ဆုပ်စာ သကြားလုံးများကို ထုတ်ယူလိုက်ပြီးနောက် မောက်ဟွေ့ကျူးနှင့် ရှောင်ဖုန်းတို့ကို ခွဲပေးလိုက်သည်။

သူတို့သည် ခရီးဆောင်အိတ်များကို သယ်ပြန်လာဖို့ရန်အတွက် သုံးဘီးတစ်စီးကို ငှားခဲ့ရသေးသည်။ ဒရိုင်ဘာက သူတို့ကို သိပ်ပြီး အထင်ကြီးပုံမပေါ်ချေ။ သူ့သဘောထားက ဝတ်ကျေတမ်းကျေသာ ဖြစ်သည်။ သူတို့သည် အိမ်သို့ ရောက်လာချိန်တွင် သူက ကူညီပေးမနေတော့ဘဲ ပစ္စည်းများကို ဒီအတိုင်း ချပေးကာ ပြန်ထွက်သွားသည်။

မိသားစုဝင်များက မောက်ကျစ်ရှန်းကို ထပ်ပြီးသယ်ပိုးခွင့်မပေးဖို့ ဆုံးဖြတ်ထားသည်။ မောက်ဟွေ့ကျူးက သူ့ကိုခြံဝင်းထဲသို့ ဆွဲခေါ်သွားကာ ပြောလိုက်၏။ "အဖေ မြန်မြန်လုပ်။ မြန်မြန်ဆေးကြောပြီးတော့ အနားယူတော့။ ရထားစီးလာရတာ ပင်ပန်းနေမှာပဲ"

ရှဝမ်ယွဲ့ကလည်း သူ့ကိုတိုက်တွန်းသည်။ "ကျွန်မတို့တွေ အိမ်တံခါးနား ရောက်နေပြီပဲ။ ဖြည်းဖြည်းချင်း ရွှေ့လို့ရပါတယ်"

မောက်ကျစ်ရှန်းမှာ မတတ်သာတော့ဘဲ အိတ်ငယ်လေး တစ်လုံးကို ကောက်ယူကာ ၀င်သွားရတော့သည်။

ရှမြန်က ရှဝမ်ယွဲ့နှင့် တခြားသူများနှင့်အတူ ပစ္စည်းများကို သယ်လိုက်သည်။

မောက်ကျစ်ရှန်းက သယ်ပိုးရလွယ်ကူရန်အတွက် သူ့ခရီးဆောင်အိတ်များကို သေသေချာချာ ထုတ်ပိုးထားဟန်တူသည်။ ၅ခု၊ ၆ခုလောက်ရှိသည့် ခရီးဆောင်အိတ် တစ်ခုချင်းစီသည် အင်မတန်မှ လေးလံနေ၏။ သူသည် ထိုပစ္စည်းများကို ရထားပေါ်သို့ အတင်အချ မည်သို့လုပ်ခဲ့သည်ကိုတော့ မည်သူမှ မသိကြချေ။

ရှမြန်နှင့် မောက်ဟွေ့လန်တို့က အတူတူသယ်မ,မည်ဟု စဉ်းစားထားသော်ငြားလည်း ဒါကအလွန်မှ လေးလံနေသေးသည်။ ထို့ကြောင့် သူတို့က ဟွေ့မေကို အကူအညီတောင်းမည်ဟု စဉ်းစားထားလိုက်၏။

ကြီးမားသည့်လက်တစ်ဖက်က ရုတ်တရက်ဆိုသလို ဆန့်တန်းလာပြီး အိတ်ကိုကောက်မလိုက်သည်။

မောက်ဟွေ့လန်က မော့ကြည့်လိုက်သည်တွင် ဝင်လာသည့်သူကို တွေ့လိုက်ရ၏။ သူမက ရှက်ရှက်ရွံ့ရွံ့ဖြင့် ပြောလိုက်သည်။ "ဒေါက်တာနဥ် ဒါက နည်းနည်းလေး ညစ်ပတ်နေတယ်။ ကျွန်မတို့တွေ ကိုယ့်ဟာကိုယ် သယ်လို့ရပါတယ်"

နဥ်ရှောက်ပိုင်က တည်တည်ငြိမ်ငြိမ် ဖြစ်နေဆဲဖြစ်ကာ မေးလိုက်၏။ "ဒါကိုဘယ်မှာ ထားပေးရမလဲ"

ရှမြန်က ပြောလိုက်သည်။ "အနောက်ဘက်ခြမ်းက အဆောင်မှာပဲ ချပေးပါ"

နဥ်ရှောက်ပိုင်က လက်တစ်ဖက်စီတွင် အိတ်တစ်လုံးကို ဒီအတိုင်း ကောက်မလိုက်ကာ ခြံဝင်းထဲသို့ ပစ္စည်းများကို သယ်သွားပေးဖို့ရန် ၂လှမ်း၊ ၃လှမ်းသာ လှမ်းလိုက်ရလေသည်။

ရှမြန်က လက်ဆေးဖို့ရန် သူ့ကိုခေါ်သွားသည့်အချိန်တွင် မောက်ကျစ်ရှန်းနှင့် မမျှော်လင့်ဘဲ တွေ့ဆုံရသည်။ နဥ်ရှောက်ပိုင်က မောက်ကျစ်ရှန်း၏ အသားအရေကို ကြည့်လိုက်ပြီး တဖြည်းဖြည်း မျက်မှောင်ကြုတ်လိုက်၏။ မောက်ကျစ်ရှန်းက ကိုးယိုးကားယားဖြင့် ခေါင်းကို ငုံ့ထားလိုက်ကာ စကားမပြောရဲချေ။ အသက်၄၀နားဝန်းကျင် ယောက်ျားတစ်ယောက်သည် လူကြီး ပျောက်ဆုံးသွားသည့် အူကြောင်ကြောင် ကလေးတစ်ယောက်ပမာ ဖြစ်နေသည်။

သူက အပြင်လူများ၏အကြည့်ကို အလွန်မှ ခံစားလွယ်သည့်အကြောင်း ရှမြန်က သိထားသည်။ ထို့ကြောင့် သူမက သူ့ကို မြန်မြန်မိတ်ဆက်ပေးလိုက်၏။ "ဦးလေး၂ ဒါက ဒေါက်တာနဥ်လေ"

နဥ်ရှောက်ပိုင်က ပုံမှန်လေသံတစ်ခုနှင့် ပြောလိုက်သည်။ "ဦးလေး ကြည့်ရတာ သိပ်အခြေအနေ မကောင်းတဲ့ပုံပဲ။ အချိန်ရရင် ဆေးရုံသွားပြီးတော့ ဆေးစစ်လိုက်ပါ"

နောက်မှ လိုက်ဝင်လာသည့် ရှဝမ်ယွဲ့မှာ ထိုစကားကို ကြားလိုက်သည်တွင် အထိတ်တလန့် ဖြစ်သွားတော့သည်။ "ဒေါက်တာနဥ် သူ ဘာဖြစ်လို့လဲ"

နဥ်ရှောက်ပိုင်က ပြောလိုက်သည်။ "စိတ်မပူပါနဲ့အုံး ဒါက အာဟာရချို့တဲ့တာနဲ့ အလုပ် အလွန်အကျွံလုပ်လို့ ဖြစ်နိုင်ပါတယ်။ တကယ်လို့ ပိုပြီး အန္တရာယ်ကင်းချင်တယ်ဆိုရင်တော့ ဆေးစစ်ဖို့အတွက် ဆေးရုံကို သွားလိုက်တာ ပိုကောင်းမယ်"

ရှဝမ်ယွဲ့က ချက်ချင်းပြောလိုက်သည်။ "သွားကြမယ် ကျွန်မတို့ မနက်ဖြန် သွားလိုက်ပါမယ်"

နဥ်ရှောက်ပိုင်က ရှမြန်ကို ပြောလိုက်သည်။ "မနက်ဖြန် ငါအလုပ်ကိုသွားတဲ့အချိန်ကျရင် မင်းတို့အတွက် ရက်ချိန်း ယူထားပေးလိုက်မယ်။ ငါ ဖုန်းခေါ်လာတာကို စောင့်ပြီးတော့ ရက်ချိန်းရပြီးမှပဲ မင်းရဲ့ဦးလေးကို ခေါ်လာခဲ့လိုက်"

ရှမြန်က သိလိုစိတ်ဖြင့် မေးလိုက်သည်။ "ရှင်အလုပ်တောင် စလုပ်နေပြီလား။ ဘယ်ဆေးရုံမှာလဲ"

"ယန်တက္ကသိုလ် ဆေးရုံမှာလေ"

"ဝိုး"

နဥ်ရှောက်ပိုင်ရဲ့ ဆေးဘက်ဆိုင်ရာအရည်အချင်းက တကယ်အံ့သြစရာ ကောင်းတယ် ထင်တယ်။ သူက ဘယ်ကိုသွားသွား အောင်အောင်မြင်မြင်နဲ့ လုပ်နိုင်တယ်။

ရှဝမ်ယွဲ့က နဥ်ရှောက်ပိုင်ကို ကျေးဇူးတင်မဆုံးအောင် ရှိနေလေသည်။ နဥ်ရှောက်ပိုင်က ခဏတာ နေရခက်သွားသလို ခံစားလိုက်ရပြီး ရှမြန်ကို စကားပြောရန် ဆွဲထုတ်လာခဲ့သည်။

"မင်းနဲ့ ကျိုးချန်ချန် အိမ်ဝယ်တုန်းက ဘယ်လိုဖြစ်ခဲ့တာလဲ" ရှောက်ပိုင်က မေးလိုက်သည်။

ရှမြန်က ဇဝေဇဝါဖြစ်သွား၏။ "ရုံရှင်း ရှင့်ကို ပြောတယ် မဟုတ်လား။ လက်ငင်းငွေချေတာက ၂သောင်း နောက်ထပ်နှစ်လနေရင် ၅သောင်းပေးမှာလေ"

"တံဆိပ်ခေါင်းရောင်းဖို့ဆိုရင် အချိန်တစ်ခုတော့ လိုတယ် မဟုတ်လား။ ပြီးတော့ ကျွန်မမှာလည်း အခုလောလောဆယ် ငွေမရှိသေးဘူးလေ"

ဒီအချိန်တွင် ရှမြန်သည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားတော့သည်။ "ကျွန်မတို့တွေ ဒီခြံဝင်းအားလုံးကို တကယ်ပဲ ဝယ်ချင်တာလား"

သူမသည် ဒေါသမထွက်တော့ချေ။ တည်ငြိမ်သွားပြီးနောက်တွင် တစ်ဖက်လူကို ပြေးပေါက်တစ်ခု ပေးခြင်းကလည်း ဆိုးဝါးသည့် စိတ်ကူးမဟုတ်ကြောင်း ခံစားမိသည်။ "နောက်ဆုံး သူက ချန်းချန်းရဲ့ အဘိုးပဲလေ"

"ချန်းချန်းရဲ့အဘိုးဟုတ်လား" နဥ်ရှောက်ပိုင်၏မျက်လုံးများက ရုတ်တရက် အေးစက်သွားသည်။

"ဖန်ရှို့ကျစ်က ဟော်မိသားစုရဲ့ ပူးပေါင်းပေးတာ မပါဘူးဆိုရင် ချန်းချန်းရဲ့ကိစ္စကို ပြီးပြည့်စုံအောင် စီစဉ်နိုင်မယ်လို့ မင်းက ထင်နေတာလား"

ရှမြန်မှာ အထိတ်တလန့် ဖြစ်သွား၏။ "ဒါက ဘယ်လိုလုပ်ပြီး ဟော်မိသားစုနဲ့ ပတ်သက်နေတာလဲ"

"ငါ့အစ်မနဲ့ ချန်းချန်းက ရုတ်တရက် ဒေါသထွက်ပြီး ထွက်လာတယ်လို့ ထင်ရပေမဲ့ အဲဒီလူကုန်ကူးတဲ့လူတွေကတော့ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေရာမှာ စောင့်နေခဲ့တာလေ"

ရှမြန်က ပြောလိုက်သည်။ "ဖန်ရှို့ကျစ်က နောက်ဆုံးအချိန်ကျမှ သူတို့ကိုဆက်သွယ်ခဲ့တာတော့ မဖြစ်နိုင်ဘူး"

"ချန်းချန်းက အန္တရာယ်ကင်းတယ်ဆိုတာ သူ ကံကောင်းသွားလို့။ တကယ်လို့ မင်းသာ ငါ့ကို သတိမပေးခဲ့ဘူးဆိုရင် ဒါမှမဟုတ် အဲ့ဒီအချိန်တုန်းက သူသာ မင်းနဲ့မတွေ့ခဲ့ဘူးဆိုရင်..." နဉ်ရှောက်ပိုင်သည် ထိုစကားကို ပြောလိုက်ချိန်တွင် သူ့မျက်နှာက အေးစက်သွားကာ ရက်စက်ကြမ်းကြုတ်သည့် အရောင်အဝါတစ်ခုက သူ့ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာခဲ့သည်။

ရှမြန်ကလည်း မူရင်းစာအုပ်ထဲက ချန်းချန်း၏အတွေ့အကြုံကို စဉ်းစားမိသွား၏။ သူသည် အသက်၆နှစ်သာ ရှိသေးသည့်အချိန်တွင် လက်ချောင်းများက ရက်ရက်စက်စက် ဖြတ်ခံရပြီး သူ့ခြေထောက်များကလည်း ကျိုးသွားသည်။

ကယ်တင်ခံခဲ့ရပြီးနောက်တွင် သူ့လက်ချောင်းများက လုံးဝကို သုံးစားမရတော့ကာ သူ၏ကျိုးသွားသည့် ခြေထောက်ကလည်း အချိန်မီကုသမှု မခံယူခဲ့ရသည့်အတွက် နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားခဲ့ရသည်။ နှစ်ပေါင်း ၂ဝ ကျော်အောင် မိုးရွာသည့်အချိန်တိုင်း သူသည် မချိမဆန့်နာကျင်မှုကို ခံစားခဲ့ရသည်။

နဥ်ရှောက်ပိုင်နှင့် နဥ်ရှောက်ယွင်တို့သည် သူ့ကို လူသားတစ်ယောက်လို နေနိုင်ရန်အတွက် နှစ်ပေါင်းများစွာ ကြိုးစားခဲ့သော်ငြားလည်း ထိုအရိပ်က သူ့တစ်ဘဝလုံးနီးပါး လွှမ်းမိုးနေခဲ့သည်။ သူသည် နောက်ဆုံးတော့ သုန်မှုန်အေးစက်ပြီး အကြင်နာမဲ့ကာ သံသယလွန်ကဲသည့် လူတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့သည်။

သူမသည် ထိုဝတ္ထုကို ဖတ်ခဲ့ချိန်က ဒီဇာတ်ကောင်က အလွန်မှ သနားစရာကောင်းပြီး သူနှင့် ဇာတ်လိုက်မလေးကြားက အပြန်အလှန်ပေးဆပ်ကာ အချင်းချင်းကုသခြင်းက အလွန်မှ လှပသည်ဟု ခံစားမိသည်။

သို့သော်ငြားလည်း လက်ရှိတွင် နှစ်လိုဖွယ်ကောင်းပြီး ပျော်ရွှင်နေသည့်ချန်းချန်းကို ကြည့်လိုက်သည်တွင် ရှမြန်မှာ သူ့ကိုစာအုပ်ထဲက ဇာတ်ကောင်တစ်ယောက်လို သဘောထားလို့ မရနိုင်တော့ချေ။ သူမသည် ချန်းချန်း ရင်ဆိုင်ကြုံတွေ့ခံရနိုင်သည့် ဒုက္ခများကို စဉ်းစားမိချိန်တွင် သူမသည် ထိုလူများကို အပိုင်းပိုင်းအစစ ဆွဲဖြဲချင်စိတ်ပင် ပေါက်သွားတော့သည်။

သူမလို အပြင်လူတစ်ယောက်က ဒီလိုဖြစ်နေသည်ဆိုလျှင် သူနှင့် သွေးသားချင်းဆက်စပ်နေသည့် နဥ်ရှောက်ပိုင်ဆိုလျှင်တော့ ပြောစရာမလိုချေ။

"ချန်းချန်းက အဆင်ပြေနေတယ်ဆိုတာနဲ့ပဲ မကောင်းတာလုပ်ခဲ့တဲ့ အဲဒီလူတွေက အဆင်ပြေလိမ့်မယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘူး" နဥ်ရှောက်ပိုင်၏မျက်လုံးများက အေးစက်လို့နေသည်။

"ငါတစ်ယောက်မှ အလွတ်ပေးမှာ မဟုတ်ဘူး"

"ဒါက သခင်ကြီးဟော်နဲ့ ဘာပတ်သက်လို့လဲ" ရှမြန်က မျက်မှောင်ကြုတ်လိုက်သည်။

"သခင်မကြီးဟော်နဲ့ ကျိုးချန်ချန်တို့ လုပ်ခဲ့တာ မဟုတ်ဘူးလား"

နဥ်ရှောက်ပိုင်က ထေ့ငေါ့သလို ရယ်မောလိုက်၏။ "ချန်းချန်းက ဟော်မိသားစုထဲက လူတိုင်းရဲ့လမ်းကို ပိတ်ဆို့ထားသလို ဖြစ်နေတာလေ" ရှမြန်က မျက်တောင်ခတ်လိုက်ပြီး လုံးဝနားမလည်နိုင်အောင် ဖြစ်ရသည်။ "သခင်ကြီးဟော် အပါအဝင်တဲ့လား"

"ဟုတ်တယ် ဟော်ဖိန်းရိအပါအဝင်ပဲ"

"ဟော်ရွှယ်ဝမ်က ဟော်မိသားစုရဲ့သားအရင်း လုံးဝ မဟုတ်ဘူးလေ" နဥ်ရှောက်ပိုင်က လျှို့ဝှက်ချက်ကြီးတစ်ခုကို သာမာန်ကာလျှံကာ ဖော်ထုတ်လိုက်သည်။

"အဘွားကြီးက ဟော်ဖိန်းရိကို လက်ထပ်နိုင်ခဲ့တယ် ဆိုတာကလည်း ဒုက္ခရောက်နေတဲ့အချိန်မှာ တစ်စုံတစ်ယောက်ကို အမြတ်ထုတ်ခဲ့လို့ပဲ။ သူက ကံကောင်းပြီး ချက်ချင်း ကိုယ်ဝန်ရသွားတယ်လေ။ ဟော်ဖိန်းရိရဲ့ အဖေ သခင်ကြီးဟော်က ကျေးလက်ကိုသွားပြီး အလုပ်လုပ်ဖို့ လွှတ်ခံခဲ့ရတယ်။ ဒီတော့ ဟော်ဖိန်းရိက မကောင်းတဲ့နောက်ခံတစ်ခု ရှိတယ်လို့ ပြောလို့ရတယ်။ ဒါကြောင့် ဟူချွေ့ဟွာရဲ့မိသားစုကို လွန်ဆန်နိုင်တဲ့ အခြေအနေမရှိဘူး။ ဒီလိုနဲ့နှစ်ယောက်သားက လက်ထပ်ခဲ့ကြတာလေ"

"နောက်ပိုင်းကျတော့ အဘိုးကြီးက ပြန်လည်ထူထောင်လာနိုင်ခဲ့တယ်။ ဟော်ဖိန်းရိကလည်း သူ့နောက် ပြန်လိုက်လာတယ်။ ဟော်မိသားစုရဲ့ မိသားစုဝင်တွေကလည်း တဖြည်းဖြည်း ဆုတ်ယုတ်လာတာကို တွေ့ခဲ့ရတယ်။ သခင်ကြီးဟော်ကလည်း အသက်ရှည်ရှည် နေရတော့မှာ မဟုတ်ဘူးလေ။ တစ်ခုတည်းသော မျှော်လင့်ချက်က အဘွားကြီးရဲ့ဗိုက်ထဲက ကလေးပဲပေါ့"

ရှမြန်သည် အဓိကအချက်ကို မြန်မြန် သဘောပေါက်သွားတော့သည်။ "ဒီတော့ အဘွားကြီးရဲ့ သမီးအရင်းက တကယ်တော့ ကျိုးချန်ချန်ပေါ့ ဟုတ်လား"

"ဒါဆိုရင်တော့ အားလုံးက အဓိပ္ပာယ်ရှိသွားပြီ။ အဘွားကြီးက ကျိုးချန်ချန်အပေါ် အလကားနေရင်း ဘာလို့အဲဒီလောက် ကောင်းပေးနိုင်ရမှာလဲ"

"ငါ စစ်ဆေးပြီးသွားပြီ။ အဘွားကြီးနဲ့ ကျိုးမိသားစုရဲ့ ချွေးမက ထင်းကောက်ရင်း မတော်တဆ လဲကျသွားတဲ့အချိန်မှာ တစ်ချိန်တည်း ကလေးမွေးခဲ့ကြတာလေ။ မိသားစု၂ခုက သတင်းရပြီး အလောတကြီး ပြန်ရောက်လာတဲ့အချိန်မှာ သူတို့တွေက ကလေးမွေးပြီးသွားပြီ"

အဘွားကြီးက မည်သို့လုပ်လိုက်သည်ကို ဘယ်သူမှ မသိသော်ငြားလည်း ရလဒ်အနေဖြင့် သူမသည် သူမ၏သမီးအရင်းကို ကျိုးမိသားစုချွေးမ၏ သားဖြင့် လဲလှယ်နိုင်ခဲ့သည်။

ထိုကြောင့် ဟော်မိသားစု၏ဆက်ခံသူကို မွေးဖွားနိုင်သည့် ကျေးဇူးကြောင့် သူမသည် ဟော်ဖိန်းရိနှင့်အတူ ယန်မြို့သို့ လိုက်လာခဲ့ရပြီး ဟော်ဖိန်းရိ၏ ငယ်ချစ်ဦးကို ဆွဲထုတ်နိုင်ခဲ့ကာ သခင်မကြီးဟော်ရာထူးကို ရခဲ့လေသည်။

"သူက ဟော်ရွှယ်ဝမ်နဲ့ ကျိုးချန်ချန်တို့ကို ပေါင်းဖို့ ကြိုးစားနေတာလည်း မဆန်းတော့ပါဘူး" ရှမြန်က ပြောလိုက်၏။ "တကယ်လို့ သူတို့တွေသာ လက်ထပ်သွားရင် မွေးလာမဲ့ကလေးက ဟော်မိသားစုရဲ့ ကလေးအစစ် ဖြစ်လာမှာပေါ့"

"ဘဝဆိုတာကလည်း တကယ်ကို ဇာတ်ရုပ်စုံပါပေတယ်" ရှမြန်သည် ထိုနေ့က နဥ်ရှောက်ပိုင် အဘွားကြီးကို တိုးတိုးတိတ်တိတ် ပြောခဲ့သည့်အကြောင်းအရာကို ရုတ်တရက် စဉ်းစားမိသွားသည်။

"ဒီတော့ ရှင်က ဒါကိုသုံးပြီး အဘွားကြီးဟော်ကို ခြိမ်းခြောက်ခဲ့တာပေါ့"

"ကျွန်မတို့တွေ ဒီအကြောင်းကို အစ်မနဥ်နဲ့ ဟော်ရွှယ်ဝမ်ကို ပြောသင့်တယ် မဟုတ်လား" ရှမြန်က နားမလည်နိုင်အောင်ဖြစ်နေ၏။ "ဒါနဲ့လေ ရှင်ကဒီအကြောင်းကို ဘယ်လိုရှာတွေ့ခဲ့တာလဲ"

"သခင်ကြီးဟော်မှာ တရားမဝင်ကလေးတစ်ယောက် ရှိတယ်လို့ မင်း ငါ့ကို သတိပေးပြီးတဲ့နောက်ပိုင်းမှာ" နဥ်ရှောက်ပိုင်က ပြောလိုက်၏။

"ဟော်မိသားစုထဲက ငါ့အစ်မနဲ့ ချန်းချန်းတို့ရဲ့ဘဝကို စစ်ဆေးကြည့်လိုက်တဲ့အခါ သူတို့တွေက ကောင်းကောင်းမနေခဲ့ရတာကို တွေ့လိုက်ရတယ်လေ။ ငါလည်း သံသယဖြစ်သွားပြီး တစ်ခုခု လွဲနေတာကို သိလိုက်တာပေါ့။ ငါ အဲဒီအချိန်တုန်းက အဘွားကြီးကို သွားတွေ့တုန်းကလည်း ဒီအတိုင်း ခန့်မှန်းချက်သက်သက်ပါပဲ။ ဘာတိကျတဲ့ အထောက်အထားမှ မရှိပါဘူး"

"အခုအားလုံးကို အတည်ပြုပြီးသွားပြီလား" ရှမြန်က ပြောလိုက်သည်။

နဉ်ရှောက်ပိုင်က ခေါင်းညိတ်ပြလိုက်၏။ "သိပ်မကြာခင်တုန်းကပဲ အတည်ပြုပြီးသွားတာ။ အားလုံးကိုလည်း စစ်ဆေးပြီးသွားပြီ"

"ချန်းချန်းက အားလုံးရဲ့လမ်းကို ပိတ်နေတယ်လို့ ရှင်ပြောခဲ့တယ်နော်..." ရှမြန်သည် နားမလည်နိုင်သေးချေ။

"တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် သခင်ကြီးဟော်က ဒီအကြောင်းကို တကယ်သိနေတယ်ပေါ့"

နဥ်ရှောက်ပိုင်က ထေ့ငေါ့ကာ ရယ်မောလိုက်၏။ "ဟော်မိသားစုက ဆုတ်ယုတ်နေပြီလေ။ ဒီတော့ သူတို့တွေက သူတို့ရဲ့သားသမီးကို အရမ်းတန်ဖိုးထားတာပေါ့။ ဒါပေမဲ့ မင်းလည်း ဟော်ဖိန်းရိနဲ့ တွေ့ပြီးပြီပဲ။ သူက ဟော်ရွှယ်ဝမ်နဲ့ ချန်းချန်းကို တန်ဖိုးထားတယ်လို့ မင်း ထင်လား"

ရှမြန်၏မျက်လုံးများမှာ ဝိုင်းစက်သွားတော့သည်။ "ဒီတော့ သူ တကယ် သိနေတာပေါ့လေ။ သူက သူ့တရားမဝင်သား အရွယ်မရောက်သေးခင်မှာ ဟော်ရွှယ်ဝမ်ကို ဟော်မိသားစုအတွက် ဒီအတိုင်း အလုပ်လုပ်ခိုင်းတာပေါ့လေ"

နဥ်ရှောက်ပိုင်က ခနဲ့လိုက်သည်။ "သူ့တရားမဝင်သားတဲ့လား... သူက မျှော်လင့်ချက်မရှိဘူးဆိုတာ သူကိုယ်တိုင်‌တောင် သိချင်မှ သိပါလိမ့်ဦးမယ်"

"ဒါကြောင့် ရှင်က သူ့ကို ထုတ်ဖော်မပြောဘဲ ဟော်ရွှယ်ဝမ်ကို နိုင်ကွက်နင်းထားတာပေါ့ ဟုတ်လား"

ရှမြန်က စဉ်းစားလိုက်သည်။ ဟော်ရွှယ်ဝမ်က အရမ်းသနားစရာ ကောင်းမနေဘူးလား။ ဟော်မိသားစုက အေးစက်စက်နဲ့ ဘာကိုမှဂရုမစိုက်ဘူးလို့ ခံစားနေရတာလဲ။ သခင်ကြီးဟော်နဲ့ သခင်မကြီးဟော်တို့က ဟော်ရွှယ်ဝမ်ကို အသုံးချပစ္စည်းတစ်ခုလိုပဲ သဘောထားတာကိုး။

ရှမြန်က မျက်မှောင်ကြုတ်လိုက်သည်။ ဟော်ရွှယ်ဝမ်က သနားစရာကောင်းတယ်။ ဒီတော့ နဥ်ရှောက်ယွင်နဲ့ ချန်းချန်းတို့က ပိုပြီးတော့ သနားစရာကောင်းနေတယ် မဟုတ်လား။

ဟော်မိသားစုက ဟော်ရွှယ်ဝမ်နဲ့ နဥ်ရှောက်ယွင်တို့ရဲ့ လက်ထပ်ပွဲကို အမြတ်ထုတ်ခဲ့ပြီး အကျိုးအမြတ်တွေလည်း ရရှိခဲ့တယ်။ သူတို့တွေက အစကနေအဆုံးအထိ ဒီနှစ်ယောက်ကို ဘယ်တော့မှ ခေါ်ထားချင်ခဲ့တာ မဟုတ်ဘူး။

သခင်ကြီးဟော်ကလည်း နောက်ဆုံးတော့ သူ့သားအရင်းကို ထောက်ပံ့ပေးလိမ့်မယ်။ သခင်မကြီးဟော်ကလည်း အပြန်အလှန်အနေနဲ့ သူ့သမီးအရင်းကိုပဲ လိုချင်လိမ့်မယ်။ ဒီတော့ ချန်းချန်းက သေသွားတာပဲဖြစ်ဖြစ် အသုံးမဝင်တော့တာပဲဖြစ်ဖြစ် သူတို့က ဒါကိုမြင်ရင် ပျော်ရမှာပေါ့...

ရှမြန်သည် မူရင်းစာအုပ်ထဲက ထိုအကြောင်းအရာကို ပြန်စဉ်းစားမိလိုက်၏။ ဟော်ယွိချန်းက ဒီလိုသနားစရာကောင်းတဲ့ အခြေအနေမှာ ဟော်မိသားစုရဲ့ စွန့်ပစ်တာခံလိုက်ရတာပဲ...

သူမမှာ လက်သီးကို မဆုပ်ဘဲ မနေနိုင်အောင် ဖြစ်သွားရတော့သည်။

"သူတို့တစ်ယောက်ချင်းဆီမှာ သူတို့ကိုယ်တိုင်ရဲ့အတ္တ၊ ရည်ရွယ်ချက်တွေ ရှိနေတာပဲ။ သူတို့တွေက ငါ့အစ်မနဲ့ ချန်းချန်းကို ဘာဖြစ်လို့ အနစ်နာခံခိုင်းသင့်တာလဲ" နဥ်ရှောက်ပိုင်၏အမူအရာမှာ ဘာမှဂရုမစိုက်သလို ဖြစ်နေသော်လည်း ရှမြန်ကတော့ သူ့ရင်ဘတ်ထဲတွင် ဖိနှိပ်ခံထားရသည့် မီးတောင်ကြီးတစ်ခု ရှိနေသလို ခံစားလိုက်ရသည်။

"အစ်မနဥ်နဲ့ ဟော်ရွှယ်ဝမ်တို့က ဒီအကြောင်းသိကြလား" ရှမြန်က မေးလိုက်သည်။

"ဘာဆက်လုပ်မှာလဲ။ ရှင်က သူတို့တွေကို တိုက်ရိုက်ပြောပြလိုက်မှာလား"

"နည်းနည်းကြာတော့မှပဲ ငါကိုယ်တိုင် သူ့ကိုပြောပြလိုက်ပါ့မယ်" နဥ်ရှောက်ပိုင်က ပြောလိုက်သည်။

"ဟော်ရွှယ်ဝမ်ကတော့ ငါတို့ရဲ့နဥ်မိသားစုက သူနဲ့ ဘာမှမပတ်သက်တော့ဘူးလေ။ သူ့ဟာသူ ကိုယ်တိုင်ရှာဖွေတာပဲ ပိုကောင်းလိမ့်မယ်"

ရှမြန်က သူ့စကား၏အဓိပ္ပာယ်ကို ဘာသာပြန်လိုက်လေသည်။ ဒါသည် လက်ရှိတွင် နဥ်ရှောက်ယွင်နှင့် ဟော်ရွှယ်ဝမ်တို့ သိဖို့ရန် သင့်တော်သည့်အချိန် မဟုတ်သေးချေ။ သူက ဘယ်လို လျှို့ဝှက်ပူးပေါင်းကြံစည်မှုကို အစပျိုးနေသည်ကို သူတို့မသိချေ။

"ဘာပဲဖြစ်ဖြစ်ပါ ခြံဝင်းကို ရှင်းလင်းပြီးသွားတဲ့အချိန်ထိ စောင့်လိုက်ပါဦး" နဥ်ရှောက်ပိုင်က ပြောလိုက်သည်။

"ကျိုးချန်ချန်" နဥ်ရှောက်ပိုင်က မေးလိုက်၏။ "မင်း ငွေချေတဲ့အချိန်တုန်းက ဘာပြောခဲ့သေးလဲ"

ရှမြန်သည် ကျိုးချန်ချန်၏ အကျင့်စရိုက်နှင့် ပတ်သက်ပြီး စဉ်းစားမိ၏။ "အင်း တကယ်လို့ ကျွန်မက ငွေမချေနိုင်ခဲ့ဘူးဆိုရင် ဘာလုပ်မှာလဲလို့ ကျွန်မကို မေးတယ်လေ။ ကျွန်မကလည်း ငွေကို မချေနိုင်ခဲ့ရင် ခြံဝင်းကို ပြန်ပေးမယ်လို့ ပြောခဲ့တယ်"

"ရှင်ဘာဖြစ်လို့ ဒါကိုမေး..." ရှမြန်သည် သတိဝင်လာပြီး မျက်တောင်ခတ်လိုက်၏။

"ဒီ‌တော့ ကျိုးချန်ချန်က မကောင်းတဲ့စိတ်ကူးတွေ စဉ်းစားနေပြန်ပြီလား။ သူက ကျွန်မကို ခြံဝင်းပြန်ပေးလာအောင် လုပ်တော့မယ်တဲ့လား"

ဒါက ကျိုးချန်ချန်လုပ်နိုင်သည့် ကိစ္စပင်။

ရှမြန်က မျက်မှောင်ကြုတ်လိုက်ပြီး "သူက ဘာလုပ်နိုင်မှာလဲ။ သခင်မကြီးဟော် ဖြေရှင်းထားတဲ့ကိစ္စပဲ။ ပြီးတော့ သခင်ကြီးဟော်က..."

"ဟင် သခင်ကြီးဟော်က သိတယ်လို့ ရှင် ပြောလိုက်တယ် မဟုတ်လား" ရှမြန်သည် ရုတ်တရက် ထပြောလိုက်၏။

"ကျိုးချန်ချန်က သူ့သမီးဆိုတာ သူ သိနေတယ်ပေါ့ ဟုတ်လား"

"ဒါဆိုရင် အဘွားကြီးက ဒီခြံဝင်းကို ကျိုးချန်ချန်ကို ဘာဖြစ်လို့ အလွယ်တကူ လွှဲပြောင်းပေးနိုင်တယ်လို့ မင်းက ထင်လဲ" နဉ်ရှောက်ပိုင်က မေးလိုက်၏။ "ဟော်ဖိန်းရိက ဒီကိစ္စကို ဂရုမစိုက်ပေမဲ့ အဘွားကြီးက ကျိုးချန်ချန်အတွက် ခြံဝင်းကို သန့်ရှင်းရေးလုပ်တုန်းက ဆူဆူညံညံလုပ်ခဲ့တယ်လေ။

ဒီတော့ ခြံဝင်းတစ်ခုကို ကိုယ့်သမီးအရင်းကိုပေးတာ ဘာမှ အမှားမဟုတ်ဘူးပေါ့"

"ဒါဆိုရင် သူက ကျိုးချန်းချန်းနဲ့ ဟော်ရွှယ်ဝမ်ကို ဘာဖြစ်လို့ လက်ထပ်ခွင့်မပေးတာလဲ"

နဥ်ရှောက်ပိုင်က မျက်နှာကိုမဲ့လိုက်ပြီး "ဘာဖြစ်လို့လဲဆိုတော့ ကျိုးချန်ချန်က တန်ဖိုးမရှိဘူးလေ”

ဒီတော့ နောက်ဆုံးရလဒ်က သခင်ကြီးဟော်က သမီးဖြစ်သူထက် မိသားစုစီးပွားရေးကို ပိုပြီးတန်ဖိုးထားတယ်ပေါ့။ သူက သင့်တော်တဲ့ အကျိုးအမြတ်တချို့ကို ပေးလိုက်ရလည်း ကိစ္စမရှိဘူး။ ဒါပေမဲ့ မိသားစုလုပ်ငန်းနဲ့ ပတ်သက်လာရင်တော့ ဟော်ရွှယ်ဝမ်ကို အသုံးချပြီး နဥ်မိသားစုနဲ့ လက်ထပ်ပေးလိုက်တာက ပိုပြီးကြီးမားတဲ့ အကျိုးအမြတ်ကို ရနိုင်မယ်လို့ သူက စဉ်းစားတယ်ပေါ့...။

စာအုပ်ထဲမှ ဟော်ယွိချန်းသည် ဟော်မိသားစုကို ဒေဝါလီခံသွားအောင်လည်း လုပ်ရသည့်အကြောင်းရင်းကို ရှမြန်မှာ လုံးဝ နားလည်သွားတော့သည်။ အကြောင်းမှာ သူတို့၏ကိုယ်ပိုင်အတ္တကြောင့် သူတို့သည် ဟော်ယွိချန်းနှင့် နဥ်ရှောက်ယွင်တို့ နှစ်ယောက်စလုံး၏ ဘဝကို ဖျက်ဆီးပစ်ခဲ့သည်။ သူမသာဆိုလျှင်လည်း သူမက ထိုနည်းတူ ပြုလုပ်ပေလိမ့်မည်။

တော်တော်လေးကို စက်ဆုပ်ဖွယ် ကောင်းလိုက်သည့်ဖြစ်ခြင်း။

"သခင်ကြီးဟော်က ဒီသမီးကို အသိအမှတ်ပြုဖို့ ရည်ရွယ်ချက်မရှိဘူး။ သခင်မကြီးဟော်ကလည်း ဒါနဲ့ မထိုက်တန်ဘူး။ ဟော်ရွှယ်ဝမ်ကလည်း သူ့ကိုမုန်းနေတယ်" ရှမြန်က မေးလိုက်၏။ "ကျိုးချန်ချန်က ဘာလုပ်နိုင်မှာမလို့လဲ"

"ဖန်မိသားစု ရှိသေးတယ်လေ" နဉ်ရှောက်ပိုင်က ပြောလိုက်သည်။

"ဖန်မိသားစု ဟုတ်လား" ရှမြန်သည် ဘယ်တစ်ခုကို ပြောမှန်းမသိချေ။

နဥ်ရှောက်ပိုင်က တစ်ခုခုကို ဆက်ပြောချင်စိတ် မရှိတော့သယောင်ပင်။ ရှမြန်က သူ၏ရွံရှာသွားသည့် မျက်နှာအမူအရာကို ကြည့်လိုက်ပြီး ရုတ်တရက် သဘောပေါက်သွားတော့သည်။ "ရှင့် မိထွေးမိသားစုလား"

နဥ်ရှောက်ပိုင်က ခေါင်းညိတ်ပြလိုက်၏။

နဥ်ရှောက်ပိုင်ကို ချောက်ချတာဖြစ်ဖြစ် ဒါမှမဟုတ် ချန်းချန်းကို ပြန်ပေးဆွဲဖို့ ရာဇဝတ်သားတွေနဲ့ ပူးပေါင်းတာပဲဖြစ်ဖြစ် သူတို့ရဲ့လုပ်ရပ်ကနေကြည့်ပြီး သူက စည်းရှိတဲ့လူတစ်ယောက် မဟုတ်ဘူးဆိုတာ ပြောနိုင်တယ်။

ရှမြန်သည် ရုတ်တရက် သတိရသွား၏။ "ဟယ် ကျွန်မ ဟော်မိသားစုရဲ့ ကိစ္စကြောင့် အာရုံလွဲသွားခဲ့တယ်။ ချန်းချန်းရဲ့ကိစ္စကို တာဝန်ယူခဲ့တာ ရှင် မဟုတ်လား။ ကျွန်မတို့တွေ အဲဒီတုန်းက ရဲစခန်းကို ဖုန်းခေါ်ခဲ့တယ်လေ။ သူ အခု အချုပ်ထဲမှာ မဟုတ်ဘူးလား"

နဉ်ရှောက်ပိုင်၏မျက်နှာမှာ အေးစက်သွား၏။ သူက တစ်ခုခုကို ပြောတော့မည့်အချိန်တွင် သူ့ဟမ်းဖုန်းက ရုတ်တရက် ထမြည်လာသည်။

သူက ခေါ်ဆိုသူနံပါတ်ကို ကြည့်လိုက်ပြီး ရှမြန်ကို ပြောလိုက်သည်။

"ငါ သွားရတော့မယ်။ ဘာပဲဖြစ်ဖြစ် ဒီလက်တစ်လောမှာ မင်းကိုပဲဖြစ်ဖြစ် ငါ့အစ်မကိုပဲဖြစ်ဖြစ် တစ်ယောက်ယောက်က လာတွေ့ခဲ့မယ်ဆိုရင်..."

ဒီအချိန်တွင်တော့ သူက ရှမြန်ကိုကြည့်ကာ ရုတ်တရက် ပြောလိုက်လေသည်။ "မင်းကလည်း တုံးအအလေးနဲ့ပဲ။ ငါ မင်းကို သတိပေးစရာလိုသေးလား"

ရှမြန်မှာ ပြောစရာစကား ပျောက်ဆုံးသွားသလို ပြောလိုက်၏။ "ကျွန်မက ကျွန်မရဲ့အကန့်အသက်ကို သိပါတယ်နော်။ ဟုတ်ပြီလား။ တကယ်လို့ ဒါက ရှင်နဲ့အစ်မနဥ်တို့အပေါ် သက်ရောက်မှုရှိမယ်ဆိုရင် ကျွန်မက ကိုယ့်ဟာကိုယ် နည်းနည်းလေး ချုပ်တည်းထားပါမယ်"

"မင်းဟာမင်း ထိန်းချုပ်ထားစရာ မလိုပါဘူး" နဥ်ရှောက်ပိုင်က သူမ၏ဦးထုပ်အနားကို ခေါက်လိုက်ကာ

"မင်းလုပ်ချင်တာ ဘာပဲဖြစ်ဖြစ် ငါ မင်းအတွက် တာဝန်ယူပေးမယ်"

"ဝိုး" ရှမြန်က တအံ့တဩ ပြောလိုက်၏။ "ဒါက ရှင်ပြောဖူးသမျှ စကားတွေထဲမှာ အကောင်းဆုံးစကားပဲ"

နဉ်ရှောက်ပိုင်၏ စကားရှိသည်တွင် ရှမြန်ကလည်း ဘာကိုမှ စိုးရိမ်မနေတော့ချေ။ သူမက သူမ၏အိမ်အသစ်လေးကို စိတ်အေးအေးဖြင့် အလှဆင်တော့သည်။

နောက်တစ်နေ့တွင် ရှ၀မ်ယွဲ့က ဆိုင်လုပ်ငန်းကို မောက်ဟွေ့မေထံ လွှဲပေးခဲ့ပြီး သူမကိုယ်တိုင်က မောက်ကျစ်ရှန်းနှင့်အတူ အဖော်လုပ်ကာ ဆေးရုံသို့ လိုက်လာခဲ့သည်။

ယန်တက္ကသိုလ်ဆေးရုံသည် သိပ်မဝေးလှချေ။ နှစ်ယောက်သားက နေ့လယ်မတိုင်ခင် ပြန်ရောက်လာသည်။

"အဖေ အဆင်ပြေရဲ့လား အမေ" မောက်ဟွေ့လန်က အလောတကြီး မေးလိုက်သည်။

"ပြဿနာအကြီးကြီးတော့ မဟုတ်ပါဘူး။ ခန္ဓာကိုယ်က အရမ်းအားနည်းနေတာပဲ ရှိတာ" ရှဝမ်ယွဲ့က ပြောလိုက်သည်။

"ဆရာဝန်က ကောင်းကောင်းအနားယူဖို့ ပြောလိုက်တယ်။ တစ်ချိန်လုံး ပင်ပင်ပန်းပန်းအလုပ်တွေ မလုပ်နေနဲ့တဲ့။ ကောင်းကောင်းစား ကောင်းကောင်းအိပ်။ ဒီလိုဆိုရင် လအနည်းငယ်အတွင်း ပြန်ကောင်းလာလိမ့်မယ်တဲ့"

အားလုံးမှာ စိတ်အေးသွားကာ သက်ပြင်းချလိုက်သည်။ ထို့နောက်တွင်တော့ မောက်ကျစ်ရှန်းသည် ၂ရက်ကြာသည့်အထိ မောက်ညီအစ်မများ၏ ကောင်းကောင်းအနားယူဖို့ရန် ဖိအားပေးခံရတော့သည်။

ရှ၀မ်ယွဲ့ကလည်း သူ့ကို အာဟာရဖြစ်စေရန်အတွက် နေ့တိုင်းဆိုသလို အစားအသောက်အမျိုးမျိုးကို ချက်ပြုတ်ကျွေးမွေးတတ်သည်။

ဒီကိစ္စကို ပြောရသည်တွင် မောက်ကျစ်ရှန်းသည် အရယ်ခံလာရသည်နှင့် ကျင့်သားရနေခဲ့သည်။ သူသည်အ လွန်မှ ထိတွေ့ခံစားလွယ်ပြီး သိမ်ငယ်စိတ် ဖြစ်နေသည်။ ဒီနေရာသို့ ရောက်လာပြီးနောက်တွင် သူက ရှ၀မ်ယွဲ့နှင့် သမီးဖြစ်သူကို အရှက်ခွဲမိမည်စိုးသဖြင့် အပြင်ထွက်ဖို့ လုံးဝ မလိုလားသလောက်ပင်။

အထူးသဖြင့် သူသည် နဥ်ရှောက်ယွင်၏ အိမ်ကို သွားရမည်ကို ကြောက်ရွံ့နေသည်။ သူသည် ပထမဦးဆုံးနေ့တွင်ပင် ယဉ်ကျေးမှုအရ သူမဆီသို့ တစ်ကြိမ်သာသွားခဲ့သည်။ သို့သော်ငြားလည်း သူက ဒီအတိုင်း ခေါင်းငုံ့ကာ စားသောက်နေပြီး စကားပြောဖို့ရန် လုံးဝမဝံ့ရဲချေ။

ရှ၀မ်ယွဲ့ကလည်း သူ့အတွက် စိတ်မကောင်းဖြစ်မိသည်။ ထို့ကြောင့် သူမက ဒီအတိုင်းချက်ပြုတ်ပေးပြီး သူ့အတွက် အစားအသောက်များကို ယူပြန်လာပေးတတ်သည်။

သို့သော်ငြားလည်း ဒါက မယဉ်ကျေးရာကျပေသည်။

ကံအားလျော်စွာ စျေးနေ့က မကြာမီ ရောက်လာတော့သည်။ သူတို့သည် အိုးခွက်ပန်းကန်နှင့် ချက်ပြုတ်စရာ ပစ္စည်းများအားလုံး အဆင်သင့်ရလာသည်နှင့် သူတို့သည် အပြီးတိုင် ပြောင်းရွှေ့နေနိုင်လိမ့်မည်။

စျေးသို့သွားမည့်အရေးတွင် ရှမြန်၏ ခေတ်ကာလ၌ ဘုရားပွဲစျေးကို တရုတ်နှစ်သစ်ကူး အချိန်ကာလတွင်သာ လူအများစုက သွားတတ်ကြသည်။ စျေးထဲက ဆိုင်အများစုကလည်း မုန့်ပဲသရေစာနှင့် ကစားစရာများကိုသာ အဓိကရောင်းချသည်။

သို့သော်ငြားလည်း ဒီခေတ်က စျေးကတော့ အများကြီးပိုပြီး စိတ်ဝင်စားစရာကောင်းကာ ပစ္စည်းမျိုးစုံများရှိပြီး အစားအသောက်၊ ကစားစရာ၊ နေ့စဉ်လိုအပ်ချက်ပစ္စည်းအပြင် ကျွမ်းဘားကစားသည့် ပစ္စည်းများပင် ရှိသေးသည်။

အထူးသဖြင့် ကလေးများအတွက်တော့ စျေးနေ့တိုင်းသည် ပွဲတစ်ခုနှင့် တူနေတော့သည်။

ဒါကို မောက်ဟွေ့ကျူးနှင့် မောက်ဟွေ့လန်တို့ ၂ယောက်ထံတွင် တွေ့နိုင်သည်။ နှစ်ယောက်သားက နေ့ရက်များကို ရေတွက်လာခဲ့ကြသည်။

မောက်ဟွေ့မေနှင့် ရှ၀မ်ယွဲ့တို့ကတော့ စျေးဝယ်မည့် စာရင်းအရှည်ကြီးကို ပြုလုပ်ထားပြီး မကြာခဏဆိုသလို စာရင်းထဲတွင် ပစ္စည်းများကိုထည့်မှတ်ကာ သူတို့၏ကြီးမားသည့် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ရန်အတွက် ထိုနေ့ကို စောင့်ဆိုင်းနေကြသည်။

စျေးနေ့တွင်တော့ အားလုံးက တစ်ဖန် စောစောအိပ်ရာထကြ၏။

ရှ၀မ်ယွဲ့က အားလုံးကို သတိပေးထားသည်။ "နင် ရှောင်ဖုန်းကို သေချာပေါက် တွဲထားရမယ်နော်။ စျေးပွဲတော်က လူအရမ်းစည်တယ်။ သူခိုးနဲ့ သူတောင်းစားတွေလည်း အများကြီးရှိတယ်။ ဟွေ့လန်က ဟွေကျူးနဲ့လက်တွဲထားဖို့ တာဝန်ယူရလိမ့်မယ်။ ဘယ်အချိန်မှာမှ လက်မလွှတ်ရဘူးနော်။ နားလည်ကြလား"

ရှမြန်က အခင်းလွှားတစ်ခုမှ ပြုလုပ်ထားသည့် ကြိုးတစ်ချောင်းကို ထုတ်ယူလာလိုက်ပြီး အစွန်းတစ်ဖက်ကိုတော့ ရှောင်ဖုန်း၏ခါးတွင် ချည်ထားလိုက်ကာ ကျန်တစ်ဖက်ကိုတော့ သူမ၏လက်ထဲတွင် ကိုင်ထားလေသည်။ "အဒေါ်၂ စိတ်မပူပါနဲ့ ကျွန်မကို ကြည့်လိုက်။ ကျွန်မ၂ဆတောင် ပြင်ဆင်ထားတာ"

ရှ၀မ်ယွဲ့က အော်ရယ်လေတော့သည်။ "အေးပါ အသုံးဝင်ရင် ပြီးတာပါပဲ"

မောက်ဟွေ့ကျူးက ပိုပြီးအသက်ကြီးကာ ပိုပြီးသိတတ်လေသည်။ သူမက သတိဖြင့် ပြောလိုက်၏။ "ငါကတော့ ဒီလိုအချည်မခံချင်ဘူးနော်။ ငါ ကိုယ့်ဟာကိုယ် လမ်းလျှောက်မှာ"

ထို့နောက်တွင်တော့ သူက မြန်မြန်ပြေးထွက်သွားကာ မျက်နှာချင်းဆိုင် တံခါးပေါက်ကို လှမ်းခေါ် လေသည်။ "ချန်းချန်း နင် အဆင်သင့်ဖြစ်ပြီလား။ ငါတို့ သွားကြတော့မယ်"

မောက်ဟွေ့ကျူးနှင့် ရှောင်ဖုန်းတို့က ဈေးသွားကြမည်ဖြစ်သဖြင့် ချန်ချန်လေးကလည်း နောက်တွင်မချန်ခဲ့လိုဘဲ လိုက်ပါလာချင်သည်မှာ သဘာဝပင်။ နဥ်ရှောက်ယွင်က ခဏလောက်ချီတုံချတုံ ဖြစ်လိုက်သော်ငြားလည်း နောက်ဆုံးတော့ သဘောတူလိုက်သည်။

သို့သော်ငြားလည်း သူမသည် ချန်းချန်း၏ ပြန်ပေးဆွဲခံရခြင်း အမှုကို အမှန်ပင် စိတ်ဒဏ်ရာရခဲ့လေသည်။ ထို့ကြောင့် သူမက သူမနှင့်အတူလိုက်လာရန် နဥ်ရှောက်ပိုင်ကိုလည်း ခေါ်လိုက်သည်။

မောက်ဟွေ့ကျူးက လှမ်းအော်လိုက်သည်နှင့်ချက်ချင်း ချန်းချန်းက ဝမ်းသာအားရ ပြေးထွက်လာသည်။ သူကလည်း သူ့ခါးတွင် ရစ်ပတ်ထားသည့် အနီရောင်အဝတ်စတစ်ခုရှိနေ၏။ သို့သော်ငြားလည်း ထိုအရာက ရှမြန်ထက်တော့ ပိုပြီးလှပနေ၏။ သူက သူ့လက်ထဲက ကြိုးတစ်ဖက်ကို ကိုင်ကာ သူ့နောက်ကဆွဲထားသည့် ကြိုးကို အားစိုက်ကာ ပြန်ဆွဲလိုက်၏။

ရှောင်ဖုန်းကဲ့သို့ပင် သူကလည်း အထင်းသားဖြစ်နေသည့် အနီရောင်ရှပ်အင်္ကျီလေးကို ဝတ်ဆင်ထားသည်။ သူသည် အပြင်သို့ထွက်လာပြီးနောက်တွင် ဘေးအိမ်ကတံခါးကို လှမ်းခေါ်လိုက်၏။

"မြန်မြန်လုပ်၊ သွားကြမယ်"

ခဏအကြာတွင် နဥ်ရှောက်ပိုင်က အေးအေးလူလူ ထွက်လာသည်။ ချန်းချန်းက ပြေးသွားလိုက်ပြီး နဥ်ရှောက်ပိုင်၏လက်ထဲသို့ ကြိုးအစွန်းတစ်စကို ထည့်ပေးလိုက်သည်။ "ဦးဦး ဦးဦးက ဒီနေ့ သားကို ကာကွယ်ပေးရမယ်"

နဥ်ရှောက်ပိုင်မှာ ကြိုးကိုလှမ်းကိုင်ရင်း အခိုက်အတန့် နားမလည်နိုင်အောင် ဖြစ်သွားသည်။ ထို့နောက်တွင်တော့ သူက တစ်ပုံစံတည်း ပြင်ဆင်ထားသည့် ရှမြန်နှင့် ရှောင်ဖုန်းတို့ကို ကြည့်လိုက်ပြီး သူ့မှာငိုရခက်ရယ်ရခက် ဖြစ်သွားတော့သည်။ ဒါက ဒီကောင်မလေး၏ စိတ်ကူးသာဖြစ်ပေမည်။

ဒီနေ့ခေတ်တွင် လူအများစုက အိမ်မွေးခွေးများကို မမွေးကြချေ။ ထို့ကြောင့် ရှောင်ဖုန်းနှင့် ချန်းချန်းတို့သည် လမ်းတစ်လျှောက်တွင် ဒီလိုဆင်တူသည့်အရာကို မကြုံတွေ့ဖို့ရန် ကံကောင်းသွားခဲ့သည်။ သူတို့က ဒါကိုပျံသန်းနေသည့် စွန်တစ်ကောင်လို ပြေးလွှားနေရသည်ကို အလွန်သဘောကျမိပြီး ကြိုး၏ထိန်းချုပ်ခြင်း ခံထားရသည်ကိုသာ စဉ်းစားသည်။

နှစ်ယောက်သားက တစ်ယောက်ပြီးတစ်ယောက် ပြေးသွားကြပြီး ရှမြန်မှာ ပါပီလေးတစ်ကောင်နှင့် လမ်းလျှောက်နေရသလို အမှန်တကယ် ခံစားမိလေကာ ဒါက အားလုံးကို ရယ်မောရစေတော့သည်။

...

All Chapters