← Chapters

အပိုင်း(၇၇)

Vol. 6 Ch. 77

အပိုင်း(၇၇)

Vol. 6 Ch. 77

မသိလိုက်ခင်မှာပင် သူမသည် ဈေးသို့ရောက်ရှိလာပြီး စည်ကားနေသည့် လူအုပ်ကြီးကို မြင်လိုက်ရကာ အဝေးမှနေ၍ ဆူညံသံများကိုလည်း ကြားနေရသည်။

ပိုပြီးနီးကပ်လာသည့်အချိန်တွင် ကျယ်ဝန်းလှသည့် လမ်းတစ်လျှောက်တွင် အတန်းလိုက်ဖြစ်နေသည့် ဆိုင်တန်းကြီး၄ခုကို တွေ့လိုက်ရကာ မြင်ကွင်းက မဆုံးနိုင်သလောက်ပင်။

"ဝိုး လူတွေအများကြီးပဲ" မောက်ဟွေ့ကျူးက ပြောလိုက်သည်။ "ဒါက ဇာတိမြို့နားမှာရှိတဲ့ ဈေးထက်တောင် အများကြီး ကြီးသေးတာပဲ"

ရှောင်ဖုန်းကလည်း မျက်လုံးအဝိုင်းသားလေးဖြင့် စောင့်ကြည့်နေသည်။ သူသည် သူ့ဘဝတွင် ဒီလိုအရာမျိုးကို တခါမှ မမြင်တွေ့ခဲ့ရဘူးချေ။ သို့သော်ငြားလည်း ရှ၀မ်ယွဲ့၏အမှာစကားကို သူ့စိတ်ထဲတွင် မှတ်သားထားလေရာ လူအများအပြားကို တွေ့လိုက်ရချိန်တွင် သူက ပြန်ပြေးလာပြီး ရှမြန်၏လက်ကို တွဲထားလိုက်သည်။

ချန်းချန်းကတော့ အပြင်ဘက်က သကြားလုံးများ၏ ဆွဲဆောင်မှုကို ခံနေရသည်။ "မေမေ ဦးဦး သကြားလုံးတွေ"

နဥ်ရှောက်ယွင်က သူ့ကိုသကြားလုံးဆိုင်ဆီသို့ ခေါ်သွားသည်။

ရှ၀မ်ယွဲ့နှင့် သူမ၏မိသားစုက ဒီနေ့ဒီနေရာသို့လာရာတွင် အရေးကြီးသည့်ကိစ္စကြောင့် ဖြစ်လေသည်။ သဘောတူထားသည့်အတိုင်းပင် ရှမြန်၊ နဥ်ရှောက်ယွင်နှင့် နဥ်ရှောက်ပိုင်တို့က ရှောင်ဖုန်းနှင့် ချန်းချန်းတို့ကို ခေါ်ကာ အပျင်းပြေလမ်းလျှောက်ကြပြီး ပစ္စည်းသေးသေးလေးများကို ဝယ်ခြမ်းကြသည်။ ပစ္စည်းကြီးများကိုတော့ ရှ၀မ်ယွဲ့၏မိသားစုက ဝယ်ယူဖို့ရန် တာဝန်ပေးထားလိုက်သည်။

နဥ်ရှောက်ပိုင်က ခါးသက်ပြီး မုန်းတီးသည့်အကြည့်တစ်ခုဖြင့် သကြားလုံးဆိုင်လေးကို လှမ်းကြည့်လိုက်ရာ ဘာအမှားလုပ်ထားသည်ကို မသိလိုက်ဘဲ ကြောက်ရွံကာ တုန်ယင်နေရအောင် ဆိုင်ရှင်ကို ခြောက်လှန့်နေတော့သည်။

ရှမြန်က သူ့ကိုထိကိုင်လိုက်ပြီး "ဒီမယ် လာပါ။ သွားပျော်ရအောင် ရှင် ဘာတွေလုပ်နေတာလဲ"

နဥ်ရှောက်ယွင်ကတော့ အကြောင်းအရင်းကို သေချာပေါက် သိသည်။ သူမက သူမ၏ပါးစပ်ကို အုပ်ထားလိုက်ကာ ရယ်မောလိုက်၏။ "သူတို့မှာ ရောဂါပိုးမွှားတွေကို ကြောက်တဲ့ရောဂါ ရှိတယ်လေ။ ဆရာဝန်တွေရဲ့ မျက်လုံးထဲမှာတော့ ခွဲစိတ်ခန်းကလွဲရင် ဘယ်နေရာမှာမှ မသန့်ရှင်းဘူးလို့ ငါတော့ ထင်တယ်။ သူတို့တွေက လူအများကြီးရှိတဲ့ လမ်းဘေးစျေးဆိုင်တွေကို အကြောက်ဆုံးပဲ"

ရှမြန်က သူမ၏ဆရာဝန်အဒေါ်ကို စဉ်းစားမိသွားလိုက်ကာ ပခုံးတွန့်ပြီး အကြံပေးလိုက်၏။

"ဒေါက်တာနဥ် ဒါက မသန့်ရှင်းတာ ဟုတ်ပါတယ်။ ဒါပေမဲ့လည်း ဒါကိုစားလို့တော့ နေမကောင်းဖြစ်မှာ မဟုတ်ပါဘူး။ လူ့ခန္ဓာကိုယ်က ပဋိပစ္စည်းတွေ တိုးလာဖို့ဆိုရင် ဘက်တီးရီးယား တချို့ကို လိုအပ်တယ်လေ။ ဒါမှခန္ဓာကိုယ်က ပိုပြီး ကျန်းမာနိုင်မှာပေါ့"

နဥ်ရှောက်ပိုင်က မျက်ခုံးများကိုပင့်ထားလိုက်ပြီး "မင်းကတော့ အကုန်သိပဲ"

ရှမြန်က မေးကိုချီထားလိုက်ကာ ပြောလိုက်၏။ "ကျွန်မ ပြောပြီးသားပဲ။ ဒီနတ်သမီးလေးက အားလုံးကို သိပါတယ်ဆို"

နဥ်ရှောက်ပိုင်က မျက်နှာသေဖြင့် ပြောလိုက်သည်။ "ဒါဆိုရင် ဒီလောက်လူတွေ အများကြီးကို ဘယ်လို ရှောင်ကွင်းရမယ်ဆိုတာရော မင်း သိလား"

နဥ်ရှောက်ယွင်က ရယ်မောလိုက်၏။ "သူက ကလေးဘဝကတည်းက ဒီလိုနေရာမျိုးကိုလာရတာ လုံးဝ မကြိုက်ဘူးလေ။ သူက စျေးကိုတောင် တစ်ခါတည်း သွားခဲ့ဖူးတာ။ အဲဒီနောက်ပိုင်း ဘယ်တော့မှ ထပ်သွားတဲ့ပုံမပေါ်ဘူး"

"ဒီလောက် လူအများကြီးကို ဘယ်လိုရှောင်ကွင်းရမလဲဆိုတာ ကျွန်မ မသိပါဘူး" ရှမြန်က သူ့လက်မောင်းကို ဖမ်းဆွဲလိုက်ကာ သူ့ကို အထဲသို့ ဆွဲခေါ်လာလိုက်သည်။ "ဒီလောက် လူအများကြီးနဲ့ ဘယ်လိုရောနှောပြီး နေရမလဲဆိုတာကိုပဲ သိတယ်။ ရှင်က ပြဿနာတွေကို ရင်ဆိုင်လာရတဲ့အချိန်မှာ ဒီပြဿနာတွေကို ရဲရဲရင့်ရင့်နဲ့ သေချာပေါက် ရင်ဆိုင်နိုင်ရမှာပေါ့။ ဒါက ဘက်တီးရီးယားတွေလိုပဲလေ။ ရှင်က ဒါနဲ့ထိတွေ့ပြီးသွားမှပဲ ပဋိပစ္စည်းတွေကို ထုတ်လုပ်နိုင်မှာ။ ရှင် ဒါနဲ့အသားကျသွားရင် ဘာမှခံစားရတော့မှာ မဟုတ်ဘူး"

နဥ်ရှောက်ပိုင်...

သူ့ခန္ဓာကိုယ်တစ်ခုလုံးက ပိုလို့ပင်ယားယံလာသလို ခံစားလိုက်ရ၏။ "ကျေးဇူးပြုပြီး ပြောနေတာတွေကို ရပ်လိုက်ပါတော့။ ကျေးဇူးပြုပြီးတော့"

ရှမြန်က ရယ်မောလိုက်သည်။

သို့သော်လည်း နောက်ပိုင်းတွင် ရှမြန်သည် သူနှင့် အခြေအတင်ပြောဖို့ရန် အမှန်ပင် အချိန်မရတော့ချေ။

ဆိုင်များတွင် ပစ္စည်းများက အမျိုးစုံနေအောင်ရှိသည်။ အဓိကအချက်မှာ ထိုပစ္စည်းများကို မည်သို့နေရာချထားသည့် ပုံမှန်ပုံစံများ မရှိနေခြင်းပင်။ ထို့ကြောင့် နောက်ဆိုင်တစ်ဆိုင်က ဘာပစ္စည်းများ ရောင်းလိမ့်မည်ကို လုံးဝမသိနိုင်ပေ။

သူတို့က ဂွေလှည့်ခြင်းများ၊ မြှားပစ်ခြင်း၊ ဘောလုံးပစ်ခြင်းများကို ကစားခဲ့ကြသည်။ ဘောလုံးများကို ဖောက်ခြင်းက ရှမြန်၏ ကစားနည်းဖြစ်သည်။ သို့သော်ငြားလည်း သူမ တစ်ယောက်တည်းဆိုလျှင် ကစားရသည်က ပျင်းစရာကောင်းသည်။ ထိုကြောင့် သူမက သူမနှင့်ယှဉ်ပြိုင်ဖို့ရန် နဥ်ရှောက်ပိုင်ကို မေးလိုက်၏။

ရလဒ်အနေဖြင့် ဒီလူကြီးက မကစားခင်ကတော့ အထင်သေးခြင်းအပြည့် ဖြစ်နေသည်။ သို့သော်ငြားလည်း စပြီးကစားလိုက်သည်နှင့် ရက်စက်လာတော့သည်။ ကံအားလျော်စွာ ဒီအခြေအနေက သူတို့နှစ်ယောက်စလုံးအတွက် အလွန်မှ ခက်ခဲခဲ့သည်တော့ မဟုတ်ချေ။ သူတို့သည် သရေအနေဖြင့် ပွဲသိမ်းသွားခဲ့သည်။

ရှောင်ဖုန်းနှင့် ချန်းချန်းတို့က မွှေးပွအရုပ်ကလေး တစ်ရုပ်စီကို ရလိုက်ကြပြီး ဒါက ကောင်ကလေးနှစ်ယောက်ကို အလွန်မှ ဝမ်းသာနေစေတော့သည်။

သူတို့သည် သကြားရည်များနှင့် ပုံဖော်နေသည့်လူများကို တွေ့ဆုံလိုက်ရချိန်တွင် ရှောင်ဖုန်းနှင့် ချန်းချန်းတို့ တစ်ယောက်ချင်းစီက သကြားရုပ်များကို လုပ်ကြကာ ရှောင်ဖုန်းက နဂါးရုပ်ကိုလုပ်ပြီး ချန်းချန်းကတော့ ကျားရုပ်ကို လုပ်သည်။ သူတို့နှစ်ယောက်စလုံးက ကိုယ်တိုင် ပါဝင်လုပ်ဆောင်ထားရသည့် ဒီအရာလေးကို အလွန်မှ နှစ်ခြိုက်သဘောကျကြပြီး တစ်စုံတစ်ယောက်က လာရောက်ထိကိုင်မှာကို စိုးရိမ်သဖြင့် သူတို့၏လက်ထဲတွင် သေသေချာချာလေး ကိုင်ထားကြသည်။

ရှောင်ဖုန်းက သကြားရုပ်လေးကို ဂရုတစိုက်ကာကွယ်ဖို့ရန် သူ့လက်သေးသေးလေးတွေကို မြှောက်ထားသည်ကို မြင်လိုက်ရသဖြင့် ရှမြန်က သူ့ကိုဒီအတိုင်း ကောက်ချီလိုက်တော့သည်။ ဒါကို မြင်လိုက်သည်တွင် ချန်းချန်းကလည်း ကိုယ်ကိုလှည့်လိုက်ပြီး သူ့လက်နှစ်ဖက်ကို နဥ်ရှောက်ပိုင်ဆီသို့ ဆန့်တန်းလိုက်၏။

အဖွဲ့က လူအုပ်ကြီးထဲသို့ တိုးဝှေ့သွားနေကြပြီး အဝေးတစ်နေရာတွင် စုဝေးနေသည့် လူအုပ်ကြီးတစ်ခုကို မြင်လိုက်ရသည်။ မကြာခဏဆိုသလို သူတို့သည် စိတ်လှုပ်ရှားဖွယ် အားပေးသံများကို ကြားနေရ၏။

ဒါသည် မျောက်၂ကောင်ကို ထိန်းကျောင်းပေးနေသူ တစ်ယောက်ဖြစ်သည်။ ရှမြန်က သူမ၏ လက်မောင်းထဲက ရှောင်ဖုန်းနှင့်အတူ တိုးဝှေ့ဝင်သွားလိုက်သည်တွင် အလယ်ကကွင်းထဲတွင် လူတစ်ယောက်ကို မြင်လိုက်ရကာ ထိုလူက မျောက်လေး၂ကောင်ကို ဦးဆောင်ပြီးညွှန်ကြားချက် အမျိုးမျိုးပေးနေသည်ကို တွေ့လိုက်ရသည်။ မျောက်ကလေးများက ဂျွမ်းထိုးလိုက်ကြပြီး လူအုပ်ကြီးကို ဦးညွတ်နှုတ်ဆက်ကာ လူများလမ်းလျှောက်သည့်ပုံကို အတုခိုးပြပြီး လက်ပိုက်ပြသည်။ မျောက်ကို လေ့ကျင့်ပေးနေသည့်သူနှင့်ပင် ရန်ဖြစ်ပြနေသဖြင့် အားလုံးက ရယ်မောကြသည်။

ရှောင်ဖုန်းနှင့် ချန်းချန်းတို့က အရင်က ဒါကိုတစ်ခါမှ မမြင်ခဲ့ဘူးချေ။ သူတို့က စိတ်အားပြင်းပြစွာဖြင့် လည်ပင်းလေးကိုဆန့်ကာ ငေးကြည့်နေကြပြီး မကြာခဏဆိုသလို လူအုပ်ကြီးနှင့်အတူ ရယ်မောကာ လက်ခုပ်တီးနေသည်။

နဥ်ရှောက်ပိုင်ကတော့ မကြာခဏဆိုသလိုမှသာ မျောက်ကို တစ်ချက်လောက်ကြည့်တတ်ပြီး သူ့မျက်လုံးကတော့ အချိန်အများစုတွင် ပတ်ဝန်းကျင်ကို ကြည့်နေလေသည်။ ရုတ်တရက်ဆိုသလို သူ့အကြည့်က နေရာတစ်ခုတွင် ရပ်တန့်သွားပြီး သူက ဘာအမူအရာမှမပြဘဲ ချန်းချန်းကို နဥ်ရှောက်ယွင်ဆီသို့ လှမ်းပေးလိုက်ကာ စိတ်ဝင်တစား ကြည့်နေကြသည့် ရှမြန်နှင့် ရှောင်ဖုန်းတို့ကို သူ့ဘေးသို့ လှမ်းဆွဲထားလိုက်သည်။

ရှမြန်က ဇဝေဇဝါဖြင့် ဘေးဘက်ကို လှည့်ကြည့်လိုက်၏။ သို့သော်ငြားလည်း သူမသည် နဥ်ရှောက်ပိုင်ဖြစ်နေသည်ကို မြင်လိုက်ရသည့်အချိန်တွင် ဂရုမစိုက်မိတော့ဘဲ ဘီးတစ်ဘီးတည်းကို စီးနေသည့် မျောက်ကို ပြန်ပြီး ကြည့်နေလိုက်သည်။ နဥ်ရှောက်ပိုင်က သူ့လက်ကို ရုတ်တရက် ဆန့်တန်းလိုက်ကာ ရှောင်ဖုန်းဘက်သို့ လက်လှမ်းလာသည့် လက်တစ်ဖက်ကို ဖမ်းညှစ်ထားလိုက်သည်။ လက်ပိုင်ရှင်သည် အခိုက်အတန့် မှင်တက်အံ့သြသွားပြီး မျက်လုံးထဲတွင် ကြောက်စရာကောင်းသည့် အကြည့်တစ်ခုဖြင့် နဥ်ရှောက်ပိုင်ကို ကြည့်လိုက်သည်။

နဥ်ရှောက်ပိုင်က ဘာအမူအရာမှ မပြချေ။ သို့သော်ငြားလည်း သူက တစ်ဖက်လူ၏လက်ထဲက လက်ကိုင်ပဝါကို မြန်မြန်ဆွဲလုလိုက်ပြီး ထိုလူ၏ပါးစပ်နှင့် နှာခေါင်းကို ဖိအုပ်ထားလိုက်သည်။

ထိုလူ၏မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားပြီးနောက်တွင် ဖြည်းဖြည်းချင်း ပြေလျော့သွားတော့သည်။ စည်ကားနေသည့် လူအုပ်ကြီးထဲတွင် ဒီမြင်ကွင်းကို မည်သူမှ သတိမထားလိုက်မိဟန်ပင်။

သို့သော်ငြားလည်း ရှမြန်ကတော့ လှုပ်ရှားမှုတချို့ကို သတိထားမိလိုက်ပြီး လှည့်အကြည့်တွင် နဥ်ရှောက်ပိုင်က သတိမေ့မြောနေသယောင်ထင်ရသည့် သာမန်ရုပ်ရည်နှင့် သက်လတ်ပိုင်း ယောက်ျားတစ်ယောက်ကို တွဲထားသည်ကို မြင်လိုက်ရသည်။

ရှမြန်က အခိုက်အတန့် ကြောင်အမ်းအမ်းဖြစ်သွားပြီးနောက်တွင် နဥ်ရှောက်ပိုင်က သူမကို မျက်ရိပ်ပြလိုက်ကာ သူ့လက်ထဲက လက်ကိုင်ပဝါကို သူမအား လှမ်းပြလိုက်သည်။

ရှမြန်က သတိဝင်သွား၏။ ထွက်မလာခင် ရှ၀မ်ယွဲ့က သူတို့သည် ဖိုင်ဟွားစီဟု ခေါ်ရသည့် အကြောင်းအရင်းကို သူတို့ကို ရှင်းပြခဲ့သေးသည်။ ထိုလူများသည် သူတို့ရှေ့တွင် လက်ကိုင်ပဝါတစ်ထည်ကို ဝှေ့ရမ်းလိုက်ပြီး ကလေးများနှင့် အမျိုးသမီးများကို သတိမေ့‌မြောသွားအောင် လုပ်နိုင်သည်။

လက်ကိုင်ပုဝါထဲတွင် ဆေးမှုန့်များရှိနေသည်ပင်။

ရှမြန်၏မျက်လုံးများက ဝိုင်းစက်သွား၏။ နဥ်ရှောက်ပိုင်က သူဆိုလိုသည့်သဘောကို သူမ သဘောပေါက်သွားသည်ကို မြင်လိုက်ရသဖြင့် နဥ်ရှောက်ယွင်ကို လှမ်းကြည့်လိုက်ပြီးနောက်တွင် ရှမြန်ကို မအော်ဖို့ တားလိုက်သည်။

ရှမြန်က မျက်တောင်ခတ်လိုက်ပြီး ချက်ချင်းဆိုသလို သူ့အတွေးကို နားလည်သွား၏။ နဥ်ရှောက်ယွင်သည် နောက်ဆုံးမှ သူမ၏စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာကြီးကို ဖြတ်ကျော်လာပြီးဖြစ်ရာ ချန်းချန်းကို ခေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ အကယ်၍များ သူတို့သည် ကလေးလူကုန်ကူးသူနှင့် တစ်ဖန် တွေ့ခဲ့သည်ကိုသိခဲ့လျှင် သူမသည် နောက်ဆုံးကျလျှင် အပြင်ထပ်ထွက်ရဲတော့မည် မဟုတ်ချေ။

သူမက ခေါင်းညိတ်ပြလိုက်ပြီးနောက် နဥ်ရှောက်ယွင်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "အစ်မနဥ် ကျွန်မ နည်းနည်းလေး ပင်ပန်းလာလို့ သွားရအောင်"

ရှောင်ဖုန်းက ရှမြန် ပင်ပန်းနေသည်ကို ကြားလိုက်ချိန်တွင် သူက ဆင်းဖို့ ချက်ချင်းရုန်းကန်လိုက်၏။ ရှမြန်က သူ့ကိုတင်းနေအောင် ဖက်ထားကာ ပြောလိုက်သည်။ "ဒီနေရာမှာ လူအရမ်းများနေတယ်။ အရင်ဆုံးထွက်သွားပြီးမှ ပြောရအောင်"

ထိုအခါကျမှ ရှောင်ဖုန်းက သတိလေးနှင့် ရှမြန်၏လည်ပင်းကို တင်းနေအောင် ဖက်ထားလိုက်သည်။ ချန်းချန်းက မသွားချင်သေးသော်လည်း သူက ဒါကိုမြင်လိုက်ချိန်တွင် ဘာမှတော့မပြောခဲ့ချေ။

နဥ်ရှောက်ယွင်က ကိုယ်ကိုအလှည့်တွင် နဥ်ရှောက်ပိုင်က လူတစ်ယောက်ကို တွဲထားသည်ကို မြင်လိုက်ရ၏။ သူမက အခိုက်အတန့် မှင်တက်အံ့သြသွားပြီး "ဘာဖြစ်ခဲ့တာလဲ"

နဥ်ရှောက်ပိုင်က ပြောလိုက်သည်။ "လူအရမ်းများလို့ ထင်ပါတယ်။ အသက်ရှူရတာ နည်းနည်းခက်သွားတာ ဖြစ်မယ်။ အစ်မတို့တွေ အရင်ဆုံး သွားလိုက်။ ကျွန်တော် သူ့ကို လေလေးတချို့ရအောင် လုပ်ပေးလိုက်ဦးမယ်"

နဥ်ရှောက်ယွင်က သူ့ကို သံသယမဖြစ်ခဲ့ချေ။ နောက်ဆုံး နဥ်ရှောက်ပိုင်သည် ဆရာဝန်တစ်ယောက် ဖြစ်လေသည်။ သူသည် စကားပြောဆိုရာတွင် ခက်ခဲသယောင်ရှိသော်ငြားလည်း လူနာတစ်ယောက်နှင့် တွေ့လာလျှင်တော့ လူနာများကို ဂရုစိုက်တတ်သေးသည်။

လူအုပ်ကြီးထဲတွင် ဖြစ်ပျက်သွားသည့် ပျော်ရွှင်စရာ ကိစ္စများ အများအပြားရှိသေးသည်။ နေရာတိုင်းတွင်လည်း လူအုပ်ကြီးများရှိနေသည်။ ထို့ကြောင့် ဖြတ်သွားဖြတ်လာလူများက ဒီလိုသေးငယ်သည့်ကိစ္စများကို ဂရုမစိုက်မိကြချေ။

ရှမြန်က နဥ်ရှောက်ယွင်နောက်သို့ လိုက်လာသည်တွင် သူမက သူတောင်းစား၏ ခြေထောက်ကို တက်နင်းလိုက်ကာ ဖိချေလိုက်သေးသည်။

ထိုလူက သတိလစ်နေရင်းတန်းလန်းမှ ညည်းညူလိုက်သေးသဖြင့် ရှမြန်မှာ လန့်ဖျပ်သွားသေးသည်။

နဥ်ရှောက်ပိုင်က သူ့ပါးစပ်ကို မြန်မြန်အုပ်ထားလိုက်ပြီး လက်ကိုင်ပဝါဖြင့် သူ့နှာခေါင်းကို ထပ်အုပ်ထားလိုက်ကာ ရှမြန်ကို ဆွံ့အသွားသလို ဒေါသဖြင့် ကြည့်လိုက်လေသည်။

နဥ်ရှောက်ယွင်နှင့် ရှောင်ဖုန်းတို့က လှည့်ကြည့်တော့မည်ကို တွေ့လိုက်ရသဖြင့် ရှမြန်က ရှောင်ဖုန်းကို မြန်မြန်ကောက်ချီလိုက်ကာ ပြေးထွက်သွားသည်။ "သွားမယ် သွားမယ်။ ဗိုက်အရမ်းဆာနေပြီ။ သွားစားရအောင်"

နဥ်ရှောက်ယွင်က ပြန်လှည့်လာပြီး ပြောလိုက်သည်။ "ရှောက်ပိုင် ငါတို့တွေ နင့်ကို ကျူးယွီလမ်းက ရိရှန်းဆိုင်မှာ စောင့်နေမယ်နော်"

ဖြစ်ပျက်သွားသည့်အရာကြောင့် ရှမြန်သည် ထူးထူးဆန်းဆန်းအရာများကို ကြည့်ဖို့ရန် အင်အား မရှိတော့ချေ။ သူမက သူမ ပတ်ဝန်းကျင်ကို သတိကြီးကြီး ထားလေသည်။ ဒီလိုလူမျိုးတွင် ပုံမှန်အားဖြင့်ကြံရာပါများ ပါရှိတတ်သည်။ နဥ်ရှောက်ပိုင်က အနောက်တွင်မရှိသဖြင့် သူမသည် ဒါကို ပေါ့ပေါ့တန်တန် သဘောမထားရဲတော့ချေ။

ကံအားလျော်စွာ သူတို့သည် မကြာမီတွင် ကျူးယွီလမ်းကြားသို့ ရောက်လာသည်။

ကျူးယွီလမ်းသည် စျေးကြီးလမ်း၏ဘေးကပ်လျက် လမ်းတစ်ခု ဖြစ်လေသည်။ ဒီနေရာတွင် ဆိုင်ရှင်မရှိချေ။ ထိုကြောင့် အပြင်ဘက်လို စည်ကားမနေပေ။ ဒီနေရာတွင် ဖြတ်လမ်းကို သွားကြသည့် လမ်းလျှောက်နေသည့် လူတချို့သာရှိလေသည်။

ဆိုင်က ရိရှန်းလမ်း၏ အဆုံးလောက်တွင်တည်ရှိသည်။ ဒါသည် ရှေးခေတ်အပြင်အဆင် ဆိုင်တစ်ခုဖြစ်ပြီး ဆီးသီး၊ ဆီးပန်းပွင့်၊ သစ်ခွပန်းပွင့်၊ ဝါးပင်၊ ဂန္ဓာမာပန်း၊ နွေဦး၊ နွေရာသီ၊ ဆောင်းဦး၊ ဆောင်းရာသီစသည့် ပုံစံအမျိုးမျိုးဖြင့် လိုက်ကာများရှိသည့် ဆိုင်လေးတစ်ခုဖြစ်ကာ ထိုင်ခုံလေးများကို ချထားပြီး အလွန်မှ နှစ်လိုဖွယ်ကောင်းလှသည်။

ဒီအခိုက်အတန့်တွင် ဆိုင်ထဲ၌ လူအများကြီးမရှိချေ။ ထို့ကြောင့် နဥ်ရှောက်ယွင်နှင့် ရှမြန်တို့က ပြတင်းပေါက်ဘေးက ထိုင်ခုံကို ရှာလိုက်ကြပြီး နေရာယူလိုက်ကြသည်။

ရှမြန်က ရှေးခေတ်ပုံစံအပြည့် ဖြစ်နေသည့် ဒီလမ်းကြားလေးကို ပြတင်းပေါက်မှအပြင်သို့ လှမ်းကြည့်လိုက်သည်။ ဆိုင်တစ်ဆိုင်၏ရှေ့တွင် ပုတီးအမျိုးမျိုးနှင့် ကျောက်စိမ်းအမျိုးမျိုးကို ခင်းကျင်းထားသည်။ "ဒါက ရှေးဟောင်းပစ္စည်း လမ်းတစ်လမ်းလေ"

နဥ်ရှောက်ယွင်က ပြောလိုက်သည်။ "ဟုတ်တယ် ဒီလမ်းကြားက အရမ်းကြီး မကြီးဘူးဆိုပေမဲ့ ယန်မြို့မှာတော့ နာမည်အကြီးဆုံး ရှေးဟောင်းပစ္စည်း ရောင်းတဲ့စျေးတစ်ခုထဲက တစ်ခုလေ။ လူတော်တော်များများက ဒီနေရာကိုလာပြီး ရှေးဟောင်းပစ္စည်းတွေကို ဝယ်တတ်တယ်"

ချန်းချန်းနှင့်အတူ သကြားရုပ်လေးကို ကစားနေသည့် ရှောင်ဖုန်းသည် ရှေးဟောင်းပစ္စည်းဟူသည့် စကားလုံးကို ကြားလိုက်သည်တွင် ချက်ချင်းဆိုသလို မော့ကြည့်လာ၏။

နဥ်ရှောက်ယွင်က သူ့အကြည့်ကြောင့် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ သို့သော်ငြားလည်း ရှမြန်ကတော့ ပထမဦးဆုံး သတိပြန်ဝင်လာ၏။ သူမက ပြုံးကာ ကလေးကို သူမ၏ပေါင်ပေါ်သို့ ဆွဲတင်လိုက်ပြီး သူ့ကို ပွတ်သပ်ပေးလိုက်သည်။ "ပေါင်ပေါင်ရေ ရှေးဟောင်းပစ္စည်းတွေကို ဝယ်တာနဲ့ လျှော့စျေးကိုရှာဖွေတာက ထီလက်မှတ်ဝယ်တာနဲ့ အတူတူပဲ။ ဒါကိုကြုံမှပဲ လုပ်ရတာ။ ဒါက ဒီနေရာမှာတော့ အလုပ်မဖြစ်ဘူးလေ။ လျှော့ဈေးပစ္စည်းတွေကို ရှာတဲ့သူက ငါတို့မဟုတ်ဘဲနဲ့ ငါတို့ရဲ့ပိုက်ဆံအိတ်တွေကို ယူသွားမဲ့သူက တခြားသူတွေ ဖြစ်နေပါဦးမယ်"

နဥ်ရှောက်ယွင်သည် ဖြစ်နေသည့် အကြောင်းအရင်းကို ယခုတော့ သဘောပေါက်သွားပြီး အပြုံးဖြင့် ပြောလိုက်၏။ "ရှောင်ဖုန်းက အားလုံးကို သေချာမှတ်မိနေတာပဲ"

ချန်းချန်းကလည်း ရုတ်တရက် ပြောလိုက်သည်။ "မေမေ ရှေးဟောင်းပစ္စည်းတွေက အပေးအယူ လုပ်ရတယ်ဆိုတာကို သားလည်းသိ တယ်။ ကုန်ကြမ်းပစ္စည်းတွေကို နေ့စဉ်အကန့်အသတ်နဲ့ အရောင်းအချလုပ်တာလေ။ အိမ်အဟောင်းတွေကို ဖြိုချရမှာ..."

ရှမြန်သည် တအံ့တဩဖြင့် ရှောင်ဖုန်းကို ကြည့်လိုက်၏။

ရှောင်ဖုန်းက သူ့နှုတ်ခမ်းလေးကို တင်းထားကာ အပြစ်ကင်းသလို ပြုံးပြလေသည်။

ရှမြန်မှာ မနေနိုင်တော့ဘဲ သူမ၏မျက်နှာကို သုတ်လိုက်ရတော့သည်။ ကောင်းရော။ သူက သူ့ဟာသူ မှတ်ထားတဲ့အပြင် တစ်ခြားသူတွေကိုလည်း သင်ပေးနေတာတဲ့လား။

နဥ်ရှောက်ယွင်ကလည်း မအော်ရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။

"ဟား ဟား ဆင်းရဲလေလေ အိပ်မက်ကိုပိုပြီးတော့ မက်လေလေပဲ"

ဒီစိတ်ရှုပ်ဖို့ ကောင်းတဲ့အသံက...

ရှမြန်က လှည့်ကြည့်လိုက်သည်တွင် အမှန်ပင် ကျိုးချန်ချန် ဖြစ်နေလေ၏။

သူမသည် လူငယ်လေး၂ယောက်နောက်က လိုက်လာပြီး မျက်နှာပေါ်တွင် ဘဝင်ခိုက်နေသည့် ရုပ်တစ်ခုဖြင့် သူတို့၏ထိုင်ခုံဆီသို့ လျှောက်သွားလိုက်၏။

"ဒုတိယသခင်လေးနဉ် ဒါက ကျွန်မ ရှင့်ကိုပြောပြခဲ့ဖူးတဲ့ ရှမြန်ပေါ့" ကျိုးချန်ချန်က ဦးဆောင်လာသည့် သခင်လေးကို ဝီရိယရှိရှိဖြင့် မိတ်ဆက်ပေးသည်။

"ချန်းချန်းကို အသက်ကယ်တင်ပေးခဲ့တာကို အားကိုးပြီး သူက နဥ်မိသားစုပေါ်ကို ခုန်တက်နိုင်မယ်လို့ စဉ်းစားထားတာပေါ့။ အရမ်းကိုမှ မောက်မာတာပဲ"

"တကယ်လို့ အကူအညီတစ်ခုကို ဘာမှအပြန်အလှန် မျှော်လင့်မထားဘဲ လုပ်ပေးတဲ့အချိန်မှာ တစ်ဖက်လူရဲ့ ကျေးဇူးကြွေးကိုတော့ ဘယ်တော့မှ မေ့မထားရဘူးလို့ ပြောထားပေမဲ့ သူက ဟော်မိသားစုကနေ ယွမ်၅သိန်း တောင်းခဲ့တယ်လေ။ အန်တီဟော်က ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ ဒီလောက်အထိ တောင်းရမလားဆိုပြီး သူ့ကိုမုန်းတီးနေတာပေါ့။ ဒါကြောင့် သူက ဒီပိုက်ဆံပမာဏကို မပေးတဲ့အခါ နဥ်ရှောက်ပိုင်ကို ခေါ်လာပြီး ဟော်မိသားစုရဲ့အိမ်အဟောင်းကို သူ့ကိုရောင်းပေးဖို့ အန်တီဟော်ကို ဖိအားပေးခိုင်းခဲ့တယ်လေ"

သူမက သက်ပြင်းချပြီး ပြောလိုက်သေးသည်။ "ဒီကိစ္စကြောင့်ပဲ နဥ်မိသားစုနဲ့ ဟော်မိသားစုကြားက ဆက်ဆံရေးကလည်း တင်းမာလာခဲ့တယ်။ အခုဆိုရင် အစ်ကိုရွှယ်ဝမ်က ဘေးကြပ်နံကြပ် ဖြစ်နေပြီလေ"

ရှမြန်မှာ သူမကို မချီးကျူးဘဲ မနေနိုင်တော့ချေ။ "အမှန်နဲ့ အမှားကို ရောထွေးအောင်လုပ်ပြီး တစ်ဖက်လူတွေကို ချောက်ချရမဲ့ အရည်အချင်းနဲ့ ပက်သက်လာရင်တော့ မိန်းကလေးကျိုးက အကောင်းဆုံးလို့ ပြောရဲပါတယ်။ ဘယ်သူကမှ သူတို့က ဒုတိယတစ်ယောက်ပါလို့ ပြောရဲကြမယ် မထင်ဘူး"

သူမသည် ဟော်ရွှယ်ဝမ်နှင့် နဥ်ရှောက်ယွင်တို့က ကွာရှင်းကြတော့မည့် အကြောင်းကိုတော့ မပြောပြရဲချေ။ ရှမြန်က မျက်လုံးအဝိုင်းသားလေး ဖြစ်နေသည့် ချန်းချန်းကို လှမ်းကြည့်လိုက်ပြီး အများကြီး မပြောတော့ချေ။

ဒုတိယသခင်လေးနဉ်ဟုခေါ်သည့် လူက အသက်၂၀ဝန်းကျင်ခန့် ရှိဟန်တူသည်။ သူသည် ချောမောသည့် မျက်နှာတစ်ခုကိုပိုင်ဆိုင်ထားပြီး အေးစက်စက်နှင့် ထောင်လွှားသည့် စိတ်သဘောထားရှိကာ ရှပ်အင်္ကျီလက်ရှည်နှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားသည်။ သူသည် တော်တော်လေးကို စတိုင်ကျလှ၏။ သူသည် လူများကို ကြည့်လိုက်သည့်အချိန်တွင် အမြဲတမ်းသာလွန်နေသည့် ရုပ်ပေါ်လေသည်။

ဒါက နဥ်ရှောက်ပိုင်ရဲ့ သွေးတစ်ဝက်တူတဲ့ညီလေး နဉ်ရှောက်ယန်ပဲ ဖြစ်မယ်ထင်တယ်။

နဉ်ရှောက်ယန်က မသိမသာ မျက်မှောင်ကြုတ်ထားလိုက်ပြီး နဥ်ရှောက်ယွင်ကို ကြည့်လိုက်သည်။

"အစ်မယွင် သူပြောတာ အမှန်ပဲလား။ အစ်မနဲ့ အစ်ကိုရွှယ်ဝမ်တို့ကြားမှာ ဘာဖြစ်ခဲ့တာလဲ။ အစ်မက ဘာဖြစ်လို့ ဒီမှာရှိနေတာလဲ။ အစ်မ မင်မြို့က ပြန်လာပြီးတော့ ဘာဖြစ်လို့ အဘိုးဆီကို လာမလည်ခဲ့တာလဲ"

"နဉ်ရှောက်ယန်" နဥ်ရှောက်ယွင်က အေးစက်စက် မျက်နှာတစ်ခုနှင့် ပြောလိုက်သည်။ "ဒီနေရာမှာ ကြောင်သူတော် လာလုပ်မနေနဲ့။ နင်က နဥ်မိသားစုရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်မလာသေးတာကို ထည့်မပြောနဲ့ဦး။ နင်သာ ခေါင်းဆောင်တစ်ယောက် ဖြစ်လာမယ်ဆိုရင်လည်း ငါ့ကိစ္စတွေကို ဝင်ပါဖို့ နင့်အလှည့် မရောက်သေးဘူး"

"ငါ ဘာဖြစ်လို့ အိမ်မပြန်လဲဆိုတဲ့ကိစ္စကတော့ နင်သိတယ် မဟုတ်လား။ နင်က ငါ့ကို ဖန်ရှို့ကျစ် လုပ်ခဲ့တဲ့ကိစ္စတွေကို ပြန်ပြောပြစေချင်နေတာလား" နဥ်ရှောက်ယွင်၏ မျက်လုံးများသည် ထိုအကြောင်းကို ပြောနေရင်းမှ ပြတ်သားလာတော့သည်။ နဉ်ရှောက်ယန်၏မျက်နှာက မသိမသာအေးခဲသွား၏။ "အစ်မယွင် ဒီနေရာမှာ လျှောက်မပြောပါနဲ့။ ချန်းချန်းရဲ့ကိစ္စက ကျွန်တော့်အမေနဲ့ ဘာမှမဆိုင်ပါဘူး။ အဖိုးကလည်း အားလုံးကို ရှာတွေ့ပြီးသားပါ"

ချန်းချန်းသည် သူ့နာမည်ကို ကြားလိုက်သည့်အချိန်တွင် ဇဝေဇဝါဖြင့် မော့ကြည့်လိုက်လေသည်။

"ဦးဦး ရှောက်ယန်"

...

All Chapters