အပိုင်း(၇၈)
Vol. 6 Ch. 78
နဉ်ရှောက်ယန်က ကလေး၏ဖြူစင်လှသည့် အကြည့်နှင့် တွေ့ဆုံလိုက်ချိန်တွင် မျက်လွှာချထားလိုက်ပြီး မသဲမကွဲ ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ်ပါ ဒီကိစ္စက ကျွန်တော့်အမေနဲ့ ဘာမှမပတ်သက်ပါဘူး။ အစ်မ နားလည်မှု လွဲနေတာပါ"
နဉ်ရှောက်ယွင်က ချန်းချန်းရှေ့တွင် နဉ်ရှောက်ယန်နှင့် မငြင်းခုံလိုချေ။ နဉ်ရှောက်ယန်က ဒီကိစ္စကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သူမကတော့ လက်သည်တရားခံကို လုံးဝ အလွတ်ပေးလိမ့်မည် မဟုတ်ပေ။
နဉ်ရှောက်ယန်၏ ဘေးတွေရပ်နေသည့်မိန်းကလေးက နားမလည်နိုင်စွာဖြင့် မေးလိုက်၏။ "ကျွန်မ အဒေါ်က ဘာဖြစ်လို့လဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုနားလည်မှု လွဲနေတာလဲ"
ဒီအခိုက်အတန့်တွင် သူမသည် တစ်ခုခုကို စဉ်းစားမိသွားဟန်ဖြင့် ဘာမှမတတ်နိုင်တော့သလို သက်ပြင်းချလိုက်၏။ "အစ်မယွင် အစ်မက ဟော်မိသားစုနဲ့ လက်ထပ်ထားပြီးပြီပဲ။ ကျွန်မရဲ့အဒေါ်ကလည်း ချန်းချန်းနဲ့ လုံးဝမတွေ့သလောက်ပါပဲ။ ဒါနဲ့များ အစ်မက ကိစ္စအားလုံးကို ဘာဖြစ်လို့များ သူ့ အပေါ်အမြဲတမ်း ပုံချနေတာလဲ"
ဒီကလေးမလေး၏ရုပ်က ဖြူစင်ပြီးချစ်စဖွယ် ကောင်းလေသည်။ သူမ၏လေသံကလည်း ပျော့ပျောင်းပြီး အပြစ်ကင်းလှသည်။ သို့သော်ငြားလည်း သူမ၏စကားလုံးများကတော့ ထက်ရှလှပေသည်။
"အဘိုးနဥ်က မိသားစုထဲမှာ စည်းကမ်းအရမ်း တင်းကြပ်ထားတာပဲ။ တကယ်လို့ ကျွန်မရဲ့အဒေါ်ကသာ အမှားတစ်ခုကို တကယ်လုပ်ခဲ့မယ်ဆိုရင် အဘိုးနဥ်က သူ့ကို ခွင့်လွှတ်မှာ မဟုတ်ပါဘူး။ သူလည်း အခုလောက်ဆိုရင် အိမ်မှာနေလို့ရမှာ မဟုတ်ပါဘူး။ ဒါက ကျွန်မအဒေါ်က မှန်တယ်လို့ သက်သေပြနေတာပဲ"
တစ်နည်းအားဖြင့်ပြောရလျှင် ဒီဖန်ရှို့ကျစ်သည် နဥ်ရှောက်ပိုင်ကို တစ်ချိန်တုန်းက ချောက်ချခဲ့ပြီး ချန်းချန်းကို ပြန်ပေးဆွဲဖို့ရန် လူကုန်ကူးသူများနှင့် ပူးပေါင်းခဲ့သည်။ သို့သော် ယခုတော့ သူမက နဥ်မိသားစုထဲတွင် နေနေပြီး သူမနှင့် ဘာမှမသက်ဆိုင်သည့် သဘောဖြစ်နေသည်။
ရှမြန်သည် ဒီကိစ္စနှင့်ပတ်သက်ပြီး အများကြီးမသိထားချေ။ သို့သော်ငြားလည်း နဥ်ရှောက်ပိုင်က ထိုအချိန်က အလွန်မှ အနီးကပ်လိုက်လာသည်ကို သူမကလည်း သိထားသည်။ နဥ်မိသားစုက ဒီအကြောင်းသိလိမ့်မည် မဟုတ်သည်ကိုတော့ သူမက မယုံချေ။
သူမရှေ့က ကလေးမက ဆက်ပြီးပြောနေ၏။ "အစ်မနဥ် အစ်မနဥ်က ကျွန်မရဲ့အဒေါ်နဲ့ အဘိုးနဥ်ကို နာကြည်းနေတာ မဟုတ်ပါဘူးနော်။ အဘိုးနဥ်က နဉ်ရှောက်ယန်ကို အမွေဆက်ခံသူအဖြစ် လေ့ကျင့်ပေးမယ်လို့ ပြောခဲ့လို့လေ။ ဟုတ်တယ်မလား"
"အစ်မယွင် လူတိုင်းက သိကြပါတယ်။ အစ်ကိုပိုင်က ဆေးပညာကို လေ့လာတဲ့နေရာမှာပဲ စိတ်နှစ်ထားပြီး မိသားစုစီးပွားရေးကို ဆက်ခံဖို့ သဘောမကျဘူးဆိုတာလေ။ ဒါကြောင့်လည်း အဘိုးနဥ်က ရှောက်ယန်ကို လေ့ကျင့်ပေးခဲ့တာပါ။ အစ်မက ဒီကိစ္စကြောင့် အကြီးအကဲတွေကို ဒေါသထွက်ပြနေပြီး သူတို့တွေကို တမင်တကာ ဒေါသထွက်အောင် လုပ်နေတာပဲ။ ဒါက နည်းနည်းလေး..."
ရှမြန်သည် ရုတ်တရက်ဆိုသလို မှားယွင်းဆူဆဲခံရသည်ဟု ခံစားလိုက်ရသည်။ အမှားအမှန်ကို ရှုပ်ထွေးအောင်လုပ်ပြီး တစ်စုံတစ်ယောက်ကို ချောက်ချသည့်အရည်အချင်းနှင့် ပတ်သက်လာလျှင် ကျိုးချန်ချန်သည် နံပါတ်တစ်ပင် မဟုတ်တော့ချေ။ သူမရှေ့က ကောင်မလေးက ကျိုးချန်ချန်ထပ်ပင် အများကြီးသာ လွန်နေသည်။
"ရှောက်ဝမ်" နဉ်ရှောက်ယန်က ကောင်မလေးကို လှမ်းတားလိုက်ပြီး သူသည် အပြစ်ရှိစိတ်ခံစားရ၍လား နဥ်မိသားစု၏ ဂုဏ်သတင်းကို စိုးရိမ်၍လားတော့ မသိချေ။ ထိုသို့ပြောလိုက်၏။ "အဓိပ္ပာယ်မရှိတာတွေ ပြောမနေပါနဲ့။ အစ်မယွင်မှာ ဒီလိုသဘောမျိုး လုံးဝမရှိပါဘူး"
ကျိုးချန်ချန်က ပြောလိုက်သည်။ "ဒါတော့ မမှန်သေးဘူးနော်။ ဒုတိယသခင်လေးနဉ် နဉ်ရှောက်ပိုင်က အိမ်ကိုရောက်လာပြီး အစ်ကိုရွှယ်ဝမ်ကိုတောင် ရိုက်သွားခဲ့တာကို ရှင် မသိသေးဘူးလေ။ ဟုတ်တယ်မလား"
"သူက ဟော်မိသားစုရဲ့ ဘိုးဘွားပိုင်အိမ်ရာကို ရှမြန်အတွက် ရောင်းပေးဖို့လည်း ဖိအားပေးခဲ့သေးတယ်။ ကျွန်မ အထင်တော့ သူတို့တွေက သခင်ကြီးနဥ်က သခင်လေးယန်ကို ဆက်ခံသူအဖြစ် သတ်မှတ်ထားတဲ့ကိစ္စကို လက်မခံနိုင်လို့ဘဲ ထင်တယ်။ နဥ်မိသားစုနဲ့ ဟော်မိသားစုက အရေးကြီးတဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခု လုပ်နေတာကို သိထားတော့ သူတို့တွေက ဒုတိယသခင်လေးအတွက် ဒုက္ခရောက်အောင် တမင်တကာ ပြဿနာရှာနေတာပဲ"
နဉ်ရှောက်ယန်က မျက်မှောင်ကြုတ်လိုက်၏။ "အစ်မယွင် သူ ပြောတာ အမှန်ပဲလား။ အစ်ကိုကြီးက တကယ်ပဲ ယောက်ဖကို ရိုက်နှက်ခဲ့ပြီး အိမ်ဟောင်းကို ရောင်းဖို့ ဦးလေးဟော်ကို ဖိအားပေးခဲ့တာလား"
ကျိုးချန်ချန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ "အဲဒီအိမ်ဟောင်းတင် မကပါဘူး။ သူတို့တွေက ခြံဝင်း၃ခုပါတဲ့ ဘိုးဘွားပိုင်အိမ်ရာအပါအဝင် အိမ်တစ်တန်းလုံးကိုလည်း လိုချင်တယ်လို့ ပြောခဲ့သေးတယ်လေ။ အခု ရှမြန်က အဲ့ဒီအိမ်တွေထဲက တစ်လုံးကိုတောင် ပြောင်းရွှေ့ပြီးသွားပြီ"
ကျိုးချန်ချန်သည် သခင်မကြီးဟော်နှင့် အမှန်တကယ် ဆင်တူလှသည်ဟု ရှမြန်က ခံစားမိလေသည်။ သူမ၏စိတ်ထဲတွင် သေချာမသိရသေးသဖြင့် သူမကလည်း မတတ်သာဘဲ ကျိုးချန်ချန်ကို သတိပေးလိုက်ရ၏။ "နင်ပဲ၊ နင်ကပဲ အိမ်ကို တိတ်တိတ်လေး ရောင်းခဲ့တာလေ။ မဟုတ်လို့လား။ နင့်ရဲ့ဦးလေးဟော်သာ ဒီအကြောင်း မသိသေးလို့ပါ။ ဒီတော့ နင်က စကားတွေကို ဒီအတိုင်းဘာလို့ သတင်းမဖြန့်လိုက်တာလဲ"
"နင့်ရဲ့ဦးလေးဟော်သာ ဒီအကြောင်းကို သိသွားမယ်ဆိုရင် အရင်ဆုံး ခံစားရမဲ့သူက ဘယ်သူလို့ထင်လဲ။ သခင်မကြီးဟော်က နင့်ကြောင့်ပဲ ကံဆိုးမှုတွေ အများကြီးကို ခံစားခဲ့ရပြီးပြီ။ တကယ်လို့ သူသာ နင်နဲ့ပတ်သက်ပြီး ထပ်ပြီးဆွဲထည့်ခံရမယ်ဆိုရင် သူကရော နောက်ပိုင်းကျရင် နင့်ကို ဂရုစိုက်ဦးမယ်လို့ ထင်လို့လား"
ကျိုးချန်ချန်၏မျက်နှာမှာ မသိမသာ တောင့်တင်းသွားတော့သည်။ သူမသည် နဉ်ရှောက်ပိုင်နှင့် ရှမြန်ကို လက်စားချေဖို့ရန် အလုပ်များနေသည်မှာ အလွန်မှသိသာပြီး ထိုခြံဝင်းကိုလည်း ပြန်လိုချင်သည်။ ထို့အတွက် သခင်မကြီးဟော်၏ တောင်းဆိုချက်အရ လျှို့ဝှက်ထားရမည့်ကိစ္စကိုပင် မေ့လျော့သွားခဲ့သည်။
ဒါသည် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည့် ကိစ္စတစ်ခု ဖြစ်ဟန်တူသည်။ ထို့ကြောင့် ကျိုးချန်ချန်သည် နောက်ဆုံးတော့ စိတ်ကူးတစ်ခုရလာခဲ့ကာ နဉ်ရှောက်ယန်ကို ပြောလိုက်၏။
"ဒုတိယသခင်လေးနဉ် ကျွန်မ ဒီကိစ္စကို ဒုတိယသခင်လေးကို ပြောပြရတဲ့ အကြောင်းအရင်းကလည်း ဦးလေးဟော်နဲ့ ခွဲထွက်သွားဖို့ နဉ်ရှောက်ပိုင်ရဲ့ ရည်မှန်းချက်တွေက မိသားစု၂ခုကြားက လက်တွဲထားတဲ့ကိစ္စကို ထိခိုက်မှာစိုးလို့ပါ"
"ဒါကြောင့်မို့လို့ ဒီကိစ္စကို ဦးလေးဟော်ကမသိသေးခင် သခင်လေးကပဲဖြစ်ဖြစ် အဘိုးနဥ်ကပဲဖြစ်ဖြစ် ဒီကိစ္စကို သိုသိုသိပ်သိပ် ဖြေရှင်းပေးစေချင်တာပါ။ အခုအချိန်မှာ အခြေအနေကို ပြန်ပြင်မယ်ဆိုရင်လည်း အရမ်းနောက်မကျသေးပါဘူး"
"နဥ်မိသားစုရဲ့ ဆက်ခံသူကို လက်နက်တစ်ခု အဖြစ်သုံးနေတာကို ရပ်လိုက်ပါတော့" ရှမြန်က ပြောလိုက်၏။
"ငါကရော အဲဒီခြံဝင်းကို ဘာဖြစ်လို့ ဝယ်ခဲ့ရတာလဲ။ ဒေါက်တာနဥ်ကရော သူက အဲဒီခြံဝင်းတစ်တန်းလုံးကို လိုချင်ပါတယ်လို့ ဘာဖြစ်လို့ ပြောခဲ့ရတာလဲ။ ဒါတွေကလည်း နင်က ငါတို့ကို လာရန်စပြီး အစ်မနဥ်နဲ့ ချန်းချန်းကို အနိုင်ကျင့်ခဲ့လို့ပဲ မဟုတ်လား"
"ဒါက ဒီအတိုင်းစိတ်ကူးရလို့ ပြောလိုက်တဲ့စကားပဲ။ ဒါပေမဲ့ နင်ကတော့ ပြဿနာကိုပဲဆက်ပြီးတော့ ရှာနေတာလေ။ အခု ငါတို့တွေက သဘောတူညီချက်တစ်ခုလည်း ရပြီးသွားပြီ။ ငါ့ဒေါသတွေကလည်း ခြံဝင်းကို ဝယ်ပြီးကတည်းက တော်တော်လေးကို ပျောက်သွားပြီးပြီ"
ရှမြန်က ယဉ်ယဉ်ကျေးကျေး ပြောလိုက်၏။ "ဒါပေမဲ့ နင်သာ ဒီလိုဆက်ပြီးတော့ မွှေနေမယ်ဆိုရင် ဒေါက်တာနဥ်အပေါ် ငါ့ရဲ့နားလည်မှုအရဆိုရင် သူက အစတုန်းက ဒီအိမ်ကို မဝယ်ချင်ခဲ့ဘူးဆိုရင်တောင် အခုတော့ သူက ဝယ်ရင်ဝယ်လိုက်တော့မှာပဲ"
ကျိုးချန်ချန်သည် နဉ်ရှောက်ယန်ကို လှမ်းကြည့်လိုက်ပြီး ရှမြန်ကို မျက်နှာမဲ့ပြလိုက်သည်။
"လေကလည်း ကြီးလိုက်တာ။ နဉ်ရှောက်ပိုင်ကို နင်က ဘယ်လိုများ ထင်နေလို့လဲ။ သူက သူ့လိုချင်တဲ့ဟာတိုင်းကို ဝယ်နိုင်မယ်လို့ ထင်နေတာလား။ နဥ်မိသားစုရဲ့ တကယ့်အမွေဆက်ခံသူက ဒီမှာရှိနေတာပါ"
ဒီအခိုက်အတန့်တွင် သူမက ဂုဏ်ယူ၀င့်ကြွားစွာ ပြောလိုက်၏။ "နဥ်မိသားစုနဲ့ ဟော်မိသားစုက ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ အရေးကြီးတဲ့အချိန်တစ်ခုကို ရောက်လာပြီ။ တကယ်လို့ အဘိုးနဥ်ကသာ နဥ်ရှောက်ပိုင်က နင့်ကြောင့် ဟော်မိသားစုနဲ့ လမ်းခွဲခဲ့တာကို သိသွားမယ်ဆိုရင် နဥ်ရှောင်ပိုင်ကိုယ်တိုင်တောင် ဒုက္ခရောက်သွားလိမ့်မယ်။ နင်ကတော့ နင့်ရဲ့နဂိုမူလပုံစံအတိုင်း ပြန်အရိုက်ခံရဖို့ပဲ စောင့်နေလိုက်တော့"
"နင် ဒါတွေအားလုံးလုပ်နေတာ အဲဒီခြံဝင်းကို ပြန်ရဖို့အတွက်ပဲ မဟုတ်လား။ ငါတို့တွေ လောင်းကြေးထပ်ကြမလား" ရှမြန်က လက်ပိုက်လိုက်ပြီး ပြုံးပြလိုက်သည့်။ "ဒေါက်တာနဥ်က အဲဒီခြံဝင်းတစ်ခုလုံးကို ရမရ ကြည့်ကြတာပေါ့"
"ငါက အခု ငါနေနေတဲ့ခြံဝင်းကို သုံးရမယ်" ရှမြန်က ပြောလိုက်သည်။ "တကယ်လို့ သူက အဲဒီခြံဝင်းတစ်တန်းလုံးကို မရခဲ့ဘူးဆိုရင် ငါက ဒီခြံဝင်းကိုပြန်ပေးလိုက်မယ်။ ဘယ်လိုလဲ"
"မင်းက ငါ့ကို တကယ်ယုံကြည်ထားတာပဲ" ဘာမှဂရုမစိုက်တတ်သည့် လေသံတစ်ခုက ထွက်လာသည်။
ချန်းချန်းက လှည့်ကြည့်လိုက်သည်တွင် ဝမ်းသာအားရ လှမ်းခေါ်လိုက်၏။
"ဦးဦး"
နဉ်ရှောက်ပိုင်က အေးအေးလူလူဖြင့် အပေါ်ထပ်သို့ တက်လာကာ ရှမြန်၏ဦးထုပ်အနားကို ခေါက်လိုက်လေသည်။ ကျိုးချန်ချန်သည် ချက်ချင်းဆိုသလို အခွင့်အရေးကိုဖမ်းဆုပ်ကာ ပြောလိုက်၏။
"ရှမြန်က လောင်းကြေး ထပ်ချင်နေတယ်ဆိုမှတော့ ငါကလည်း နောက်ဆုံးတော့ နင့်ကို အဖော်လုပ်ပေးရမှာပေါ့။ ဘယ်လိုလဲ နဥ်ရှောက်ပိုင် ရှင်ရောလောင်းရဲ့လား။ တကယ်လို့ ရှင်က ၂လအတွင်း ဒီခြံဝင်းတစ်တန်းလုံးကို ရမယ်ဆိုရင် ကျွန်မ ကျွန်မက... ကျွန်မက ကျွန်မရဲ့တိုက်ခန်းကို ရှင့်ကို ပေးလိုက်မယ်"
"ဒါက အချိန်ကန့်သတ်ချက်တစ်ခုတောင် ထားသေးသတဲ့လား" ရှမြန်က မျက်လုံးအဝိုင်းသားဖြင့် ပြောလိုက်၏။ "ဒါကအရမ်း အောက်တန်းကျသွားပြီ"
ကျိုးချန်ချန်က သူမ ကြောက်သွားသည်ဟုထင်လိုက်ကာ ရှမြန်က နဉ်ရှောက်ပိုင်ကို အားပေးသည့်လေသံဖြင့် ပြောလိုက်သည့်စကားကို ကြားလိုက်သည်တွင် သူမကလည်း ဂုဏ်ယူ၀င့်ကြွား သွားတော့သည်။ "အကျိုးအမြတ်ရတာထက် မျက်နှာကို ဆယ်ထားလိုက်တာက ပိုကောင်းမယ်နော်။ ဒေါက်တာနဥ် လောင်းကြေးထပ်ကြမလား"
နဥ်ရှောက်ပိုင်က သူမကို မျက်စောင်းဖြင့် ကြည့်လိုက်ပြီးနောက်တွင် ကျိုးချန်ချန်ကို ကြည့်လိုက်လေသည်။
"ဒီလိုဆိုရင်တော့ မိန်းကလေးကျိုး မင်းရဲ့လောင်းကြေးက လုံလောက်အောင် မများသေးဘူးဘဲ။ မင်းရဲ့တိုက်ခန်းသေးသေးလေးနဲ့တော့ ကျွန်တော့်ကို လာပြီး အရူးမလုပ်ပါနဲ့"
ကျိုးချန်ချန်က မျက်မှောင်ကြုတ်လိုက်သည်။ သူမသည် ဒီတိုက်ခန်းလေးကို လက်လွှတ်ဖို့ရန်ပင် ဝန်လေးလှသည်။ သူမတွင် ပေးပစ်စရာ ဘာတစ်ခုမှမရှိသည်ကို နဥ်ရှောက်ပိုင်က သိသွားဟန်သူသည်။ ထို့ကြောင့် သူက သူ၏ဆဲလ်ဖုန်းကို ထုတ်လိုက်ကာ နံပါတ်တစ်ခုကို ခေါ်လိုက်၏။
"သခင်မကြီးဟော် ခင်ဗျားရဲ့... အာ မိန်းကလေးကျိုးချန်ချန်က အခုလေးတင် ကျွန်တော်နဲ့ လောင်းကြေး လာလုပ်နေတယ်။ တကယ်လို့ ကျွန်တော်က ခင်ဗျားတို့ဟော်မိသားစုရဲ့ ခြံဝင်းတစ်တန်းလုံးကို ရခဲ့မယ်ဆိုရင် ကျွန်တော်က ခင်ဗျားရဲ့ လျှို့ဝှက်ချက်ကို လူထုကိုချပြရလိမ့်မယ်"
"..."
"ကဲပါ အဲဒီလောက်လည်း စိတ်လှုပ်ရှားမနေပါနဲ့။ ရှမြန်က ခင်ဗျားကို အစောကြီးကတည်းက ပြောခဲ့တယ် မဟုတ်လား။ ရှမြန်က သူ့ကိုစည်းကမ်းတချို့တွေ သင်ပေးမယ်လို့ ပြောခဲ့တယ်လေ။ သခင်မကြီးက သူ့ကို မသင်ကြားမပြသဘဲ နေရာတိုင်းမှာ ပြဿနာရှာခွင့် ပေးထားတယ်ဆိုတော့ သခင်မကြီးအနေနဲ့လည်း နောက်ဆက်တွဲရလဒ်တွေကို ခံစားရမှာ သိပ်မများပါဘူး။ ဟုတ်တယ်မလား..."
"လောင်းကြေးကို ၂လလို့ သတ်မှတ်ထားတယ်။ ဒီတော့ ကျေးဇူးပြုပြီး ဒီပိုင်ဆိုင်မှုစာချုပ်တွေကို အနီးကပ်သေချာလေး စောင့်ကြည့်ထားပါ။ ဒီအကြောင်းကို ဦးလေးဟော် မသိပါစေနဲ့။ တကယ်လို့ သူ သိသွားမယ်ဆိုရင် ဒီလိုဖြစ်နေတာကို မြင်ရတာ သူ ဝမ်းသာနေဦးမယ်"
"နောက်ဆုံးတော့ ချန်ပေ ပရောဂျက်ကလည်း စနေပြီပဲ။ လက်ထောက်ဟော်က ဒီအလုပ်ကို အလွယ်တကူ လက်ခံရခဲ့တဲ့ပုံပဲ။ သူလိုတဲ့အရာကတော့ နာမည်တစ်ခုပဲ လိုတာလေ"
ကျိုးချန်ချန်သည် သူမ၏နှလုံးများ တုန်ယင်ကာဖြင့် နဥ်ရှောက်ပိုင်ကို ကြည့်နေလေသည်။ အန်တီဟော်ရဲ့ လျှို့ဝှက်ချက်။ ဧကန္တ မနေ့က သူမကြားခဲ့တဲ့ ဟာတွေက အမှန်ပဲလား။
နဉ်ရှောက်ယန်က မျက်မှောင်ကြုတ်လိုက်သည်။ "အစ်ကို အစ်ကို ဘာတွေလုပ်နေတာလဲ။ ကျွန်တော်တို့က ဟော်မိသားစုနဲ့ ပူးပေါင်းထားတဲ့လုပ်ငန်းမှာ အရေးကြီးတဲ့အချိန်တစ်ခုကို ရောက်နေပါပြီ။ အစ်ကိုက ဦးလေးဟော်နဲ့ တကယ်ပဲ ပြဿနာတက်ချင်နေတာလား"
"ဒီတော့ဘာဖြစ်လဲ" နဥ်ရှောက်ပိုင်က သူ့ကို ပြုံးပြလိုက်ပြီး "ဒီကိစ္စကို ငါ ခြံဝင်းကိုမရသေးခင်တော့ လျှို့ဝှက်ထားလိုက်ပါ။ တကယ်လို့ မင်းရဲ့ဦးလေးဟော်က ဒီအကြောင်း မသိဘူးဆိုရင် မင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မဲ့ကိစ္စကလည်း ရှေ့ကိုဆက်လုပ်လို့ ရနိုင်ပါသေးတယ်။ တကယ်လို့ ၂လပြီးသွားရင်တော့ ပူးပေါင်းဆောင်ရွက်မဲ့ကိစ္စလည်း သက်မှတ်ပြီးသွားတဲ့အခါ ငါက သူနဲ့ လမ်းခွဲလိုက်တယ်ဆိုရင်တောင် မင်းအပေါ် ဘာမှထိခိုက်မှု မရှိပါဘူး။ နောက်ဆုံး ဟော်မိသားစုကလည်း ငွေနဲ့ပတ်သက်လာရင် ဆန့်ကျင်မှာ မဟုတ်ဘူးလေ"
"ဒါပေမဲ့ မင်းရဲ့ဦးလေးဟော်သာ ဒီကိစ္စကို အခုအချိန်မှာ သိသွားခဲ့မယ်ဆိုရင်တော့..." နဉ်ရှောက်ပိုင်က ဆက်ပြောလိုက်၏။
"ဒါဆိုရင်တော့ မင်းတာဝန်ယူထားတဲ့ ပထမဦးဆုံး ပရောဂျက်ကြီးက ပျက်စီးသွားလိမ့်မယ်"
ရှမြန်သည် ဒါက နဥ်ရှောက်ပိုင်၏ အစီအစဉ် ဖြစ်ရမည်ဟု ခံစားမိလိုက်သည်။ ဒီကိစ္စကို သခင်ကြီးဟော်က ယခုအချိန်တွင် မသိသည်က ပိုပြီးကောင်းလိမ့်မည်။ ထို့ကြောင့် ကျိုးချန်ချန်က တုံးအသူတစ်ယောက်ဖြစ်ကာ သတင်းကို ပေါက်ကြားအောင် လုပ်လိုက်သည်ကို သိသွားပြီးနောက်တွင် သူက ချက်ချင်းဆိုသလို နှစ်ဖက်စလုံး၏ အားနည်းချက်ကို ဖမ်းဆုပ်လိုက်ကာ ရန်သူကို မိတ်ဆွေဖြစ်အောင် ပြောင်းလဲခဲ့ခြင်းပင်။
သူမ၏အရင်ဘဝတွင် အဓိကဇာတ်ကောင်ကို ကာကွယ်ပေးခဲ့သည့် နောက်ကွယ်က သူဌေးကြီးဖြစ်ရန် ထိုက်တန်ပေသည်ဟုသာ သူမမှာ ပြောနိုင်တော့သည်။
...