← Chapters

အပိုင်း(၇၉)

Vol. 6 Ch. 79

အပိုင်း(၇၉)

Vol. 6 Ch. 79

နဉ်ရှောက်ယန်က လက်သီးကို တင်းနေအောင် ဆုပ်ထားလိုက်ပြီး "အဘိုးဒီအကြောင်းကို သိဖို့လိုတယ်။ အဘိုးကို ကိုယ်တိုင်သွားပြောပြဖို့ ကျွန်တော် အကြံပေးချင်တယ်"

"မလိုပါဘူး။ ငါက ဒီအခွင့်အရေးကို မင်းသွားတိုင်ဖို့ ချန်ထားပေးရလိမ့်မယ်" နဥ်ရှောက်ပိုင်က တည်တည်ငြိမ်ငြိမ်နှင့် ပြောလိုက်သည်။ "ငါက အလုပ်လုပ်တဲ့အချိန်ကျရင် တခြားသူတွေကို ပြန်ပြီးတင်ပြတတ်တဲ့ အကျင့်မရှိဘူး"

သူသည် ချန်းချန်းကို ထိုင်ခုံဆီသို့ ချပေးလိုက်ကာ သူ့ဘေးတွင် ထိုင်ချလိုက်ပြီး ပြောလိုက်၏။

"မှာထားပြီးပြီလား။ လုပ်ပါ ငါ ဗိုက်ဆာနေပြီ"

သူက ရှမြန်ကို ထောက်ခံပေးလိုက်သည်။ "သူတို့ရဲ့အမဲသားဖက်ထုပ်က တကယ် ကောင်းတယ်နော်။ အဲဒါကိုလည်း မှာလိုက်"

နဉ်ရှောက်ယန်က ဒါကိုမြင်လိုက်ချိန်တွင် မပျော်မရွှင် ဖြစ်သွားတော့သည်။ "အစ်ကို"

"ငါ့ကို အစ်ကိုလို့ မခေါ်စမ်းပါနဲ့။ နဥ်မိသားစုရဲ့ အနာဂတ် ခေါင်းဆောင်ကြီးရယ်" နဥ်ရှောက်ပိုင်က ဂရုမစိုက်သလို ပြောလိုက်သည်။ "ငါက မင်းရဲ့အစ်ကိုကြီး မဖြစ်ချင်ပါဘူး။ အခုအချိန်ကစပြီး ငါတို့တွေက ကိုယ့်လမ်းကိုယ် လျှောက်ရလိမ့်မယ်။ ဪ အဲဒီလိုတော့ မဟုတ်သေးဘူး။ ငါက မင်းအမေနဲ့ ရန်ငြိုးတစ်ခုရှိသေးတာပဲ။ ကျေးဇူးပြုပြီးတော့ သူ့ကိုပြန်သွားပြီးတော့ ပြောပြလိုက်ဦး။ သူက ခဏလောက်တော့ ပုန်းအောင်းနိုင်ပေမဲ့ တစ်သက်လုံးတော့ ပုန်းအောင်းနိုင်မှာ မဟုတ်ပါဘူး။ ကောင်းကင်ဘုံရဲ့ ပိုက်ကွန်က ရှည်လျားပြီးတော့ ကျယ်ဝန်းတယ်လေ။ ဘယ်အရာမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ သူက ထွက်ပြေးဖို့ ကြိုးစားလေလေ သူ့ကံတရားက ပိုပြီးဆိုးရွားလာလေလေပဲ ဖြစ်လိမ့်မယ်"

နဉ်ရှောက်ယန်၏ အမူအရာမှာ မသိမသာပြောင်းလဲသွား၏။ "အစ်ကို"

ဖန်‌ရှောက်ဝမ်သည် မနေနိုင်ဘဲ ကြားဝင်ပြောတော့သည်။ "အစ်ကိုရှောက်ပိုင် အစ်ကိုက အဘိုးနဥ်ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်လို့ ကျွန်မအဒေါ်ကို ဒီအတိုင်းချောက်ချလို့ မရဘူးလေ..."

နဥ်ရှောက်ပိုင်က ခေါင်းမော့လိုက်ပြီး သူမကို စောင်းကာ လှမ်းကြည့်လိုက်သည်။ "မင်းက ဘယ်သူလဲ"

ဖန်‌ရှောက်ဝမ်က စိတ်အနှောင့်အယှက် မဖြစ်သွားဘဲ သူမကိုယ်သူမ ယဉ်ယဉ်ကျေးကျေး မိတ်ဆက်လိုက်သည်။ "ကျွန်မက ရှောက်၀မ်ပါ။ ဖန်ရှို့ကျစ်က ကျွန်မရဲ့အဒေါ်"

နဥ်ရှောက်ပိုင်က သူ့ခေါင်းကို စောင်းလိုက်ကာ ခဏလောက် စဉ်းစားလိုက်ပြီး မည်သူမည်ဝါဖြစ်ကြောင်း သတိရသွားသည့်ဟန်ဖြင့် သူ့ခေါင်းကို ရှမြန်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။

ရှမြန်က မျက်တောင်ခတ်လိုက်ပြီး မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"

"သူနဲ့အရင်က စကားပြောဖူးလား" နဥ်ရှောက်ပိုင်က မေးလိုက်သည်။

ရှမြန်က မျက်တောင်ခတ်လိုက်ပြီး "ခုနတုန်းကပဲ ပြောခဲ့တယ်။ ဘာဖြစ်လို့လဲ"

နဥ်ရှောက်ပိုင်က ပြောလိုက်၏။ "တစ်ခုခုမျှော်လင့်မထားတာ ဖြစ်လာခဲ့ရင် မင်း ဘာဖြစ်လို့ သူ့ကို မရိုက်ပစ်တာလဲ။ ငါ မင်းကို ပြောထားတယ် မဟုတ်လား။ ဘာမဆို ရှင်းပစ်လိုက်လို့ ရတယ်လို့။ စိတ်မပူပါနဲ့"

ရှမြန်မှာ ဒေါသထွက်သွားတော့သည်။ "ကျွန်မက ခွေးရူးမှ မဟုတ်ဘဲ။ ဒါက လူလား သရဲလားဆိုတာမှ မသိသေးဘဲနဲ့ ဘာဖြစ်လို့ ကျွန်မက ရူးသွပ်ပြရမှာလဲ။ တကယ်လို့ ကျွန်မက လူတစ်ယောက်ကို မှားယွင်းစွပ်စွဲမိရင် ဘယ်လိုလုပ်မလဲ"

နဥ်ရှောက်ပိုင်က ပြောလိုက်သည်။

"သူ့ကိုတော့ မမှားနိုင်ပါဘူး။ သူက မင်းအမုန်းဆုံး နတ်သမီးအဝတ်အစားတွေကို ဝတ်ထားတဲ့ နတ်ဆိုးတစ်ယောက်ပဲလေ။ သူက ငယ်ရွယ်သေးတယ် ဆိုပေမဲ့လည်း သူက ဖန်ရှို့ကျစ်ရဲ့ အမှန်တကယ် သင်ကြားပြသခြင်းကို အမွေခံထားရတာ။ သူက အမှန်နဲ့ အမှားကို ရောထွေးရာမှာ အရမ်းကိုတော်ပြီး လူတွေရဲ့ အားနည်းချက်ကိုလည်း ထိုးဆွတတ်တယ်လေ။ ဒါကြောင့် သူက အထူးတလည်ကို ရွံစရာကောင်းတယ်"

ဒါသည် ဖန်ရှောက်ဝမ်အတွက် ပထမဦးဆုံးအကြိမ် ထိုမျှလောက် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခံရခြင်းပင်။ သူမမှာ ဒေါသထွက်သွားပြီး ပြောလိုက်၏။ "အစ်ကိုရှောက်ပိုင် အစ်ကိုက လုံးဝကို ရည်မွန်မှုမရှိတာပဲ။ ဒါကနဥ်မိသားစုက ပျိုးထောင်လာတဲ့သူလေ။ အဘိုးနဥ်က အစ်ကို့ကို လက်လျှော့လိုက်ပြီဆိုတာနဲ့ပဲ အစ်ကိုကလည်း ကိုယ့်ဟာကိုယ် လက်လျှော့လိုက်လို့ ဘယ်ဖြစ်မလဲ"

နဥ်ရှောက်ပိုင်က သူမကို လျစ်လျူရှုထားက ပြောလိုက်သည်။ "မင်း မြင်တယ်နော် ဖန်မိသားစုတွေ အားလုံးက ဒီလိုရွံစရာကောင်းတဲ့ အကျင့်စရိုက်တွေ ရှိတယ်။ မင်း နောက်တစ်ခါ သူတို့နဲ့ တွေ့တဲ့အချိန်ကျရင် ယဉ်ကျေးနေစရာမလိုဘူး"

နဉ်ရှောက်ယန်ကလည်း ပြောလိုက်သည်။ "အစ်ကို အစ်ကိုအရမ်း လွန်သွားပြီနော်"

နဥ်ရှောက်ပိုင်က သူ့ကိုလျစ်လျူရှုထားသည်ကို မြင်လိုက်ရသဖြင့် နဉ်ရှောက်ယန်က နဥ်ရှောက်ယွင်ကို ကြည့်လိုက်လေသည်။ "အစ်မယွင် အစ်မရော ဘယ်လိုထင်လဲ။ အစ်မ ဒီကိုရောက်နေတာ အစ်မက ယောက်ဖကို ဒေါသထွက်နေလို့လား။ ကျွန်တော့်အထင်တော့ အစ်မ ပြန်သွားပြီး ယောက်ဖကို သွားတောင်းပန်သင့်တယ် ထင်တယ်။ ဒါမှပဲ သူနဲ့ ဦးလေးဟော်တို့က..."

"တိတ်စမ်း"နဥ်ရှောက်ပိုင်က ရုတ်တရက် ထအော်လိုက်ပြီး သူ့မျက်လုံးများကလည်း အေးစက်မှုအပြည့် ဖြစ်သွားသည်။

"မင်း နဥ်မိသားစုရဲ့ ခေါင်းဆောင် ဖြစ်လာချင်တယ်ဆိုရင် ဖန်မိသားစုရဲ့ မကောင်းတဲ့အကျင့်စရိုက်တွေကို ဖယ်ရှားထားသင့်တယ်။ အမှန်နဲ့အမှား ခွဲခြားတတ်ပြီး ဖန်မိသားစုရဲ့ အကျင့်ဆိုးတွေကို ဖယ်ရှားပြီး ကိုယ်တိုင်က ဖြောင့်မတ်တည်ကြည်နေသင့်တယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် နဥ်မိသားစုက မင်းရဲ့လက်ထဲမှာ ၂နှစ်တောင် ကြာမှာမဟုတ်ဘူး"

"ငါမင်းကို နောက်ဆုံးတစ်ကြိမ် သတိပေးလိုက်မယ်။ ငါ့အစ်မနဲ့ ငါ့ကိစ္စတွေကို ကြားဝင်ရအောင် မင်းရဲ့အလုပ် မဟုတ်ဘူး။ တကယ်လို့ မင်း ပေါက်ကရတွေ ပြောနေဦးမယ်ဆိုရင် ငါ့ကို ရိုင်းတယ်လို့ အပြစ်လာမတင်နဲ့" နဥ်ရှောက်ပိုင်က ဒေါသတကြီးပြောလိုက်၏။ "ထွက်သွားတော့"

နဉ်ရှောက်ယန်၏မျက်နှာက ဒေါသကြောင့် ဖြူဆုတ်သွားသည်ကို မြင်လိုက်ရသည်တွင် ကျိုးချန်ချန်က ပြောလိုက်သည်။ "ဒုတိယသခင်လေးနဉ် သူတို့တွေက သူတို့အတွက် ဘယ်ဟာက ကောင်းတယ်ဆိုတာ သိတဲ့ပုံ မပေါ်ဘူး။ သူတို့တွေကို ဖြေရှင်းဖို့ အဘိုးနဥ်ကိုပဲ ပြောပြလိုက်ပါ"

"ပါးစပ်ပိတ်ထား" နဉ်ရှောက်ယန်က သူမအပေါ် သူ့ဒေါသအားလုံး ပုံချလိုက်တော့သည်။ "ဒါက ကျွန်တော်တို့နဥ်မိသားစုရဲ့ ကိစ္စပါ။ ခင်ဗျားဝင်ပြီး မှတ်ချက်ပေးရမဲ့ အလှည့်မဟုတ်ဘူး"

ကျိုးချန်ချန်မှာ ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ သူမသည် နဉ်ရှောက်ယန်၏ ဒီလိုဆူဆဲခံရလိမ့်မည်ဟု ထင်မထားခဲ့ချေ။ နဉ်ရှောက်ယန်၊ နဥ်ရှောက်ပိုင်နှင့် နဥ်ရှောက်ယွင်တို့သည် ရန်လိုသည့် ဆက်ဆံရေးတစ်ခု ရှိနေသင့်သည် မဟုတ်ပါလား။ သူမက သူတို့အပေါ် နင်းချေဖို့ရန် မှားယွင်းကူညီမိခဲ့လေသလား။

ဖန်ရှောက်၀မ်က နဉ်ရှောက်ယန်ကို လှမ်းကြည့်လိုက်ပြီး ကျိုးချန်ချန်ကို ကြင်နာစွာဖြင့် ပြောလိုက်လေသည်။

"အစ်မချန်ချန် ဒီနေ့ ကျွန်မတို့ကို အဖော်လိုက်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မတို့တွေ ခဏနေ အိမ်ပြန်ကြတော့မှာ။ အစ်မလည်း သွားစရာရှိသေးတယ် မဟုတ်လား။ သွားလိုက်ပါ"

ဒီအခိုက်အတန့်တွင် ကျိုးချန်ချန်သည် ဆန္ဒရှိသလို ခေါ်လာလို့ရပြီး ပြန်သွားခိုင်းလို့ရသည့် ခွေးတစ်ကောင်လို ခံစားလိုက်ရတော့သည်။

သူမက ရှက်ရှက်နှင့် လက်သီးများကို ဆုပ်ထားလိုက်၏။ ဖန်ရှောက်ဝမ်က ခေါင်းကို‌ စောင်းလိုက်ကာ အပြစ်ကင်းစင်သလို မေးလိုက်၏။ "အစ်မချန်ချန် အစ်မမေ့သွားတဲ့အရာများ ရှိသေးလို့လား"

"ရပါတယ်။ ငါလည်း အခုမှ ကိစ္စတစ်ခုကို သတိရလာလို့ပါ။ နင် ငါ့ကို သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ကျိုးချန်ချန်က သူမ၏လက်ဖဝါးကို တင်းနေအောင် ဆုပ်ထားလိုက်ကာ တစ်ယောက်တည်း ထွက်လာဖို့သာ တတ်နိုင်တော့သည်။

ထွက်မလာခင်တွင် သူမက ရှမြန်၏ လှောင်ပြောင်သရော်နေသည့် အမူအရာကို လှမ်းကြည့်လိုက်ပြီး သူမ၏မျက်နှာမှာ နီရဲသွားတော့သည်။

သူမသည် နဥ်ရှောက်ပိုင် အခုလေးတင်ပြောခဲ့သည့် လျှို့ဝှက်ချက်ကို စဉ်းစားမိလိုက်၏။ အကယ်၍များ သူမ ကြားထားသည့်အရာက အမှန်ဖြစ်ခဲ့လျှင်...

ကျိုးချန်ချန်သည် အလျင်စလို ထွက်ခါသွားတော့သည်။

နဉ်ရှောက်ယန်ကတော့ ခေါင်းမာနေဆဲဖြစ်ကာ ပြန်ဖို့ရန် ငြင်းဆန်နေသည်။ ရှမြန်က စဉ်းစားလိုက်၏။ ကြည့်ရတာ သူ့ဂုဏ်သတင်းက စွန့်ပစ်ခံလိုက်ရတဲ့ကလေးကြောင့် ပျောက်ဆုံးသွားပြီလို့ ခံစားရလို့ ထင်တယ်။ ဒါကြောင့်မလို့ သူက လက်မခံနိုင် ဖြစ်နေတာမလား။

ဒါပေမဲ့ အဲဒီလိုလည်း မထင်ရပြန်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နဉ်ရှောက်ယန်ရဲ့လေသံက ပျော့ပျောင်းနေတယ်လေ။

"အစ်ကို အဘိုးနဥ်က ညီအကိုတွေ အတူတူလုပ်ကိုင်ကြမယ်ဆိုရင် သံတုံးကိုတောင် ချိုးဖျက်နိုင်တယ်လို့ အမြဲတမ်း ပြောခဲ့တယ်လေ။ ကျွန်တော်တို့တွေက တကယ်တမ်းကျတော့ မိသားစုတစ်ခုပါပဲ။ တကယ်လို့ နဥ်မိသားစုသာ အဆင်မပြေခဲ့ဘူးဆိုရင် အစ်ကိုလည်း အဆင်ပြေနိုင်မှာ မလို့လား"

နဥ်ရှောက်ပိုင်က ဘာမှမပြောရသေးခင်မှာပင် ဖန်ရှောက်ဝမ်က သူ့ကို ကြားဖြတ်ကာပြောလိုက်၏။

"ဒါက အစ်ကို့ကြောင့်ပဲလေ အစ်ကိုရှောက်ပိုင်။ ဆရာဝန်တစ်ယောက် ဖြစ်လာချင်ပြီး မိသားစုစီးပွားရေးကို ဆက်ခံဖို့ ရည်ရွယ်ချက် မရှိခဲ့တဲ့အတွက်ကြောင့်ပေါ့။ အခုတော့ ကျွန်မရဲ့အဒေါ်က နဥ်မိသားစုကို တစ်ယောက်တည်း ထောက်ပံ့ပေးနေရတယ်။ ဒါကို အစ်ကိုက ဘာကိုမကျေမနပ် ဖြစ်နေတာလဲ။ ကျွန်မအဒေါ်က မိထွေးတစ်ယောက် ဖြစ်နေတာနဲ့ပဲ သူလုပ်သမျှ အရာအားလုံးက မှားသွားသတဲ့လား"

"အစ်ကို့မှာ အရည်အချင်းမရှိဘူးဆိုရင်လည်း ထားပါတော့။ ဒါပေမဲ့ ဘာဖြစ်လို့ မနာလိုဖြစ်နေတာလဲ"

"ရှောက်၀မ်" နဉ်ရှောက်ယန်သည် ဖန်ရှောက်ဝမ်ကို တားမြစ်လိုက်သော်ငြားလည်း သူသည် တစ်ဖက်လူ၏ သွယ်ဝိုက်ပြောလိုက်သည့်စကားကို နားလည်သည့်ဟန်တော့ မတူချေ။ သူက ဒီအတိုင်းမှားသွားသလို ခံစားလိုက်ရ၏။

"အစ်ကို အစ်ကို ဘယ်လိုပဲထင်ပါစေ။ ကျွန်တော်တို့တတွေက ညီအစ်ကို ဖြစ်နေတယ်ဆိုတဲ့ အချက်ကတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူး"

ရှမြန်မှာ ဆက်ပြီး နားမထောင်နိုင်တော့ချေ။ သူမက ပါးစပ်ထဲက မြေပဲကို မျိုချလိုက်ပြီး နဥ်ရှောက်ပိုင်ကို မေးလိုက်လေသည်။ "ရှင်တို့နဥ်မိသားစုရဲ့ ဆက်ခံသူက... နည်းနည်းလေး တုံးအနေတာ မဟုတ်ရင် ကြောင်သူတော် တစ်ယောက်များလား"

နဥ်ရှောက်ပိုင်က ခေါင်းမမော့ဘဲ သူ၏သွယ်လျနေသည့် လက်ချောင်းများဖြင့် မြေပဲကို အခွံခွာလိုက်ပြီး

"၂ခုစလုံး နည်းနည်းလေးပါတယ်။ ဒါပေမဲ့ တုံးအတာကတော့ အချိုးအစား နည်းနည်းပိုများမယ် ထင်တယ်"

နဉ်ရှောက်ယန်က ရှမြန်ကို အေးစက်စက်ပြောလိုက်၏။ "မင်းက ဘယ်သူလဲ။ ဘာဖြစ်လို့ ငါတို့ကိစ္စကို ဝင်စွက်ဖက်နေတာလဲ"

"ရှင်ပြောတဲ့စကားက အမှန်ပဲဆိုရင်" ရှမြန်က သူ့ကိုမော့ကြည့်လိုက်ပြီး "ဒီမိန်းကလေးဖန်ကတော့ ရှင့်အစ်ကိုကြီးကို စိတ်တိုင်ကျ ပြောဆိုနိုင်တာပဲ။ ကျွန်မက ဘာဖြစ်လို့ ရှင့်ကို မပြောနိုင်ရမှာလဲ"

ထို့နောက်တွင်တော့ သူမက နဥ်ရှောက်ပိုင်ကို‌ မေးလိုက်၏။ "သူက နှစ်ဖက်ချွန်လား ဒါမှမဟုတ် ကြောင်သူတော် တစ်ယောက်လား"

နဥ်ရှောက်ပိုင်က ဇဝေဇဝါဖြစ်သွားပြီး "နှစ်ဖက်ချွန် ဟုတ်လား"

"ဪ" ရှမြန်သည် မေ့လျော့သွားခဲ့၏။ ဒီစကားလုံးသည် ဒီနေ့ခေတ်ကာလတွင် မပေါ်သေးပေ။ သူမက တလေးတနက် ရှင်းပြလိုက်သည်။

"နှစ်ဖက်ချွန်ဆိုတာကလား တခြားသူရှေ့မှာတော့ ပုံစံတစ်မျိုး။ ကိုယ်ဟာကိုယ်ရှေ့မှာတော့ နောက်ထပ်ပုံစံတစ်မျိုး ဖြစ်နေတာလေ"

"နဥ်မိသားစုရဲ့ အနာဂတ်ခေါင်းဆောင်လိုပေါ့။ သူက ကျိုးချန်ချန်လို လူဆိုးတစ်ယောက်နဲ့ ဖန်ရှောက်၀မ်လို လူလိမ်တစ်ယောက်ကို ရှင်နဲ့ အစ်မနဥ်အပေါ် ကြိုက်တာ လုပ်ခွင့်ပေးထားပေမဲ့ ကျွန်မက သူ့ကိုအမှန်အတိုင်းပြောတော့ သူက ပြင်းပြင်းထန်ထန် စော်ကားခံလိုက်ရတယ်လို့ ခံစားနေတယ်လေ"

နဉ်ရှောက်ပိုင်က နားလည်သွားသည်ကို ထောက်ပြဖို့ရန် ခေါင်းညိတ်ပြလိုက်၏။ "ဒါက ၂ခုစလုံး နည်းနည်းလေး ပါတယ်။ ဒါပေမဲ့ နှစ်ဖက်ချွန်ကတော့ နည်းနည်းလေးပိုများတယ်"

နဉ်ရှောက်ယန်သည် နဉ်ရှောက်ပိုင်က ရှမြန်နှင့်အတူ သူ့ကို ဝေဖန်နေလိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူ့မှာ ဒေါသထွက်သွားတော့သည်။ ဖန်ရှောက်ဝမ်ကလည်း ရှမြန်၏ဝေဖန်ချက်ကို မကျေမနပ်ဖြစ်သွားပြီး သူမက သူမ၏ရင်ဘတ်ကို ဖိထားလိုက်ကာ ဒေါသတကြီး ပြောလိုက်လေသည်။ "ကျိုးချန်ချန် ခုနတုန်းကပြောသွားတာကို ကျွန်မ အခုယုံသွားပြီ။ ရှင်က အစ်ကိုရှောက်ပိုင်ရဲ့ ပါဝါကို အားကိုးပြီးတော့ အရမ်းထောင်လွှားနေတာပဲ"

ရှမြန်က သူမကို တအံ့တဩ ကြည့်လိုက်၏။ "ကျွန်မက မောက်မာတယ်ဆိုတာကို ရှင်က မမြင်ဘူး။ ဒါပေမဲ့လည်း ရှင်က ကျိုးချန်ချန်ရဲ့စကားကိုတော့ နားထောင်ချင်နေသေးတာပဲ"

သူမက ခေါင်းခါပြလိုက်ပြီး နဉ်ရှောက်ယွင်ကို ပြောလိုက်လေသည်။ "ဒီတော့ သူ့မှာ လုံးဝကို အကဲဖြတ်စွမ်းရည် မရှိတာဘဲ။ ကျိုးချန်ချန် ပြောသမျှအားလုံးက အမှန်။ ကျိုးချန်ချန်က သူ့ကိုဓားတစ်ချောင်းလို အသုံးချချင်တာလည်း မဆန်းတော့ပါဘူး။ သူက အသုံးချဖို့အတွက် ဦးနှောက်မရှိတဲ့သူ ဖြစ်နေတာကိုး။ အစ်မနဥ် သူ့ကိုစိတ်ထဲမှာ ထည့်မနေပါနဲ့။ အားလုံးက ပေါက်ကရတွေချည်းပဲ"

ဖန်ရှောက်ဝမ်သည် သူမ၏ထက်မြက်သည့် စိတ်သဘောထားအတွက် ဂုဏ်အယူရဆုံးဖြစ်လေသည်။ သို့သော်ငြားလည်း ရှမြန်ကတော့ သူမကို ဦးနှောက်မဲ့သည်ဟု ပြောနေသည်။ သူမက ဒေါသတကြီးဖြင့် ပြောလိုက်၏။ "ရှမြန် နင်ကများ အတင့်ရဲလို့ ငါ့ကို ချောက်ချရဲရသလား။ နင်က ဘာသိလို့လဲ"

"ဒေါက်တာနဥ်နဲ့ အစ်မနဥ်က အမည်ခံသက်သက် နဥ်မိသားစုရဲ့ဆက်ခံခွင့် ဆိုတဲ့အရာကို စိတ်မဝင်စားတာကိုတော့ ငါ သိတယ်။ ဒီတော့ သူတို့တွေက သူတို့ရဲ့လူကြီးတွေကို စိတ်နာနေမှာ မဟုတ်တာ သဘာဝပဲလေ။ တကယ်လို့ သူတို့တွေက စိတ်နာနေမယ်ဆိုရင်တောင် သူတို့ရဲ့လူကြီးတွေက တစ်ခုခု အမှားလုပ်ထားခဲ့လို့ပဲပေါ့"

"ဒီတော့ နင် ခုနတုန်းက ပြောလိုက်တဲ့စကားတွေက ငါ့အတွက်တော့ အဓိပ္ပာယ်မရှိဘူးလေ။ ဒါမှမဟုတ်လည်း နင်က ကျိုးချန်ချန်ရဲ့စကားကို နားထောင်ခဲ့တာပဲ မဟုတ်လား"

"ကျိုးချန်ချန်ကိုယ်တိုင်က လူဆိုးတစ်ယောက်၊ လူလိမ်လူညစ် တစ်ယောက်ပဲ။ သူ့စကားလုံးတွေကို ဘယ်လိုလုပ်ပြီး ယုံကြည်လို့ရမှာလဲ"

"ခြုံပြီးတော့ ပြောရမယ်ဆိုရင် မိန်းကလေးဖန်။ ရှင် ပြောသမျှ အရာအားလုံးက တကယ်ကို အစီအစဉ်တကျ ဖြစ်နေတာပဲ" ရှမြန်က ဖန်ရှောက်ဝမ်ကို စိတ်အားထက်သန်စွာ ပြောလိုက်၏။

"တကယ်လို့ ရှင်က အနာဂတ်ကို ကောင်းကောင်းလေး အကဲမဖြတ်တတ်ဘူးဆိုရင် စကားကိုလျှော့ပြောပါ။ တကယ်ပါ။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ရှင်က ရှင့်ရဲ့နတ်သမီးအရေခွံနဲ့ ဖုံးအုပ်ထားမယ်ဆိုရင်တောင် ကျိုးချန်ချန်လို ရှင်ရဲ့အဓိကအချက်ကို လှစ်ပြနေသလို ဖြစ်လိမ့်မယ်။ တုံးအပြီး ရုပ်ဆိုးနေတော့မှာပေါ့"

ဖန်ရှောက်၀မ်သည် အလွန်မှ ဒေါသထွက်သွားပြီး စကားမပြောနိုင်တော့ချေ။ သူ့မ၏မျက်လုံးများက မှားယွင်းစွပ်စွဲခံရသည့်အတွက် မျက်ရည်များနှင့် ပြည့်လျှံလာတော့သယောင်။

ရှမြန်က မသိမသာ မျက်မှောင်ကြုတ်လိုက်ပြီး "ရှင်က အစ်မနဥ်ကိုတော့ ရုပ်ဆိုးအကျည်းတန်တဲ့ စကားလုံးတွေ အများကြီးပြောခဲ့ပေမဲ့ အစ်မနဥ်ကတော့ မငိုပါဘူး။ ကျွန်မက ရှင့်ကို အမှန်တရားလေး ပြောလိုက်တာပါ။ ဒီတော့ ကျေးဇူးပြုပြီးတော့ ကျွန်မကို လှည့်စားဖို့ မကြိုးစားပါနဲ့"

နဉ်ရှောက်ယန်သည် ဖန်ရှောက်ဝမ်ရှေ့တွင် ဝင်ရပ်လိုက်ပြီး ရှမြန်ကို ပြောလိုက်၏။ "အရမ်း မလွန်လာပါနဲ့"

"ဒါက မင်းတို့တွေထက်တော့ အများကြီး ပိုသာပါသေးတယ်" နဉ်ရှောက်ပိုင်က စိတ်မရှည်သလို ပြောလိုက်သည်။ "မင်းတို့တွေက သူ့ဆီကိုရောက်လာပြီး သူ့ကိုအရေခွံ ခွာချင်နေကြတာလေ။ ဘယ်သူက လွန်နေတာလဲ"

"မျိုးနွယ်စုခေါင်းဆောင်နဉ် မင်းအခု အလုပ်အရမ်းများနေတာ မဟုတ်လား။ ငါတို့လို အသေးအဖွဲလေးတွေအတွက်နဲ့ စိတ်အနှောင့်အယှက် အဖြစ်ခံမနေပါနဲ့။ အလုပ်သွားများနေလိုက်ပါ။ ဒါမှလည်း ငါတို့တွေ အေးအေးချမ်းချမ်း ထမင်းတစ်နပ် စားနိုင်မှာ"

အကြိမ်ကြိမ် ထိုးနှက်ခံရပြီးနောက်တွင် နဉ်ရှောက်ယန်သည် မည်မျှပင် ခေါင်းမာနေပါစေ ဆက်ပြီး သည်းမခံနိုင်တော့ချေ။ ထွက်မသွားခင်တွင် သူက ဒေါသတကြီး ပြောလိုက်သေးသည်။

"ဟော်မိသားစုကိစ္စကို ကျွန်တော် အဘိုးကို ပြန်ပြောပြရလိမ့်မယ်"

နဥ်ရှောက်ပိုင်က ဘာမှဂရုမစိုက်သလို မေ့ပျောက်လိုက်၏။

ရှမြန်သည် ဖန်ရှောက်၀မ် ထွက်သွားချိန်တွင် သူ့မျက်လုံးထဲက ရက်စက်သည့်အကြည့်ကို မြင်လိုက်ရလေသည်။

...

သူတို့အဖွဲ့သည် ရိရှန်းဆိုင်မှ ထွက်လာခဲ့ကြသည်။ ရှမြန်က သူတို့ရှေ့က ကြိုး၂ချောင်းကိုဆွဲပြီး ပြေးနေသည်ကလေးများကို ကြည့်လိုက်ပြီး နဥ်ရှောက်ပိုင်ကို မေးလိုက်၏။

"ဘာဖြစ်နေတာလဲ။ ဖန်ရှောက်၀မ် ပြောတဲ့စကားအရဆိုရင် ရှင့်မိ‌ထွေးက မကောင်းတာတွေ အများကြီးလုပ်ခဲ့တာပဲ။ ဒါပေမဲ့ သူ့ဆီမှာ ဘာမှမဖြစ်ဘူးလား"

နဥ်ရှောက်ပိုင်၏ မျက်လုံးများက ချန်းချန်းဆီသို့ ကျရောက်သွားပြီး သူက ပေါ့ပေါ့ပါးပါး ပြောလိုက်လေသည်။ "အခုလောလောဆယ်တော့ အားလုံးက အဆင်ပြေနေတာပါပဲ"

နဉ်ရှောက်ယန်က စိုးရိမ်စိတ်တချို့ဖြင့် ပြောလိုက်သည်။ "ဖန်ရှို့ကျစ်နဲ့ ဖန်ရှောက်၀မ်တို့က စိတ်သဘောထား ကောင်းမွန်တဲ့ သူတွေ မဟုတ်ဘူး။ ရှမြန် ဆွဲထည့်ခံရမှာ စိုးရိမ်တယ်"

နဥ်ရှောက်ပိုင်က ရှမြန်ကို ကြည့်လိုက်သည်။

ရှမြန်က ပြောလိုက်၏။ "ရှင်က ဘာကြည့်တာလဲ။ ကျွန်မက ဒေါသကြီးတာ ဟုတ်ပါတယ်။ ကျွန်မက မတရားတာကို မြင်ရတာ ကြိုက်နေတယ် ဘာဖြစ်လဲ။ နောက်ပြီးတော့ ဒီနေ့ဖြစ်သွားတဲ့ ကိစ္စကြောင့်သာ မဟုတ်ဘူးဆိုရင် သူက ကျွန်မကို လူစားထိုးတရားခံအနေနဲ့တောင် အသုံးချချင် ချနေဦးမှာ"

"နောက်ဆုံး ဒီလိုအောက်တန်းကျတဲ့နည်းလမ်းတွေနဲ့ မရမကဖြေရှင်းတတ်တဲ့ လူတစ်ယောက်မှာ ဘာစည်းဆိုတာ ရှိမှာလဲ။ ကျွန်မ ချန်းချန်းကို ကယ်ပေးလိုက်တယ်ဆိုတဲ့ အချက်ကတင် ကျွန်မအပေါ် ရန်ငြိုးထားဖို့ လုံလောက်နေပါပြီ"

ဒီအချိန်တွင်တော့ သူမက နဥ်ရှောက်ပိုင်ကို ကြည့်လိုက်၏။ "ဒေါက်တာနဥ် သူ ကျွန်မကို အသုံးချလိမ့်မယ်လို့ ရှင်ထင်လား။ ဒေါက်တာနဥ် သူက ကျွန်မလို ကြက်ကိုအသုံးချပြီး ရှင့်လိုမျောက်ကို ခြောက်လိမ့်မယ်လို့ ရှင် ထင်လား"

နဥ်ရှောက်ပိုင်က တွေဝေမနေဘဲ သူမကို ကြည့်လိုက်ပြီး ရုတ်တရက် ပြုံးပြလိုက်၏။ ထိုအပြုံးက သူ၏နှုတ်ခမ်းထောင့်နှင့် မျက်ခုံးများတွင် ပြည့်နှက်သွားလေသည်။

ရှမြန်မှာ အခိုက်အတန့် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ "ဘုရားရေ ကျွန်မကို မဆွဲဆောင်စမ်းပါနဲ့။ ကျွန်မတို့တတွေက လိင်အတူတူပဲဆိုတာကို ရှင် မေ့သွားပြီလား..."

နဥ်ရှောက်ပိုင်က အံကိုကြိတ်ထားလိုက်ပြီး သူမ၏ဦးထုပ်အနားကို ဖိချလိုက်တော့သည်။ ရှမြန်က စကား၏ဒုတိယတစ်ဝက်ကို ခေါင်းမာမာဖြင့် ပြောလိုက်သေးသည်။ "...ဒါပေမဲ့ ညီအစ်မကောင်း တစ်ယောက်အနေနဲ့ ကျေးဇူးပြုပြီး ကျွန်မကို ကာကွယ်ပေးပါနော်"

နဥ်ရှောက်ယွင်က သူမ၏ခေါင်းလေးကို စောင်းထားလိုက်ကာ သူတို့ပြောနေသည့်အကြောင်းအရာကို နားမလည်နိုင်တော့ချေ။ "လိင်အတူတူပဲဆိုတာ ဘာအဓိပ္ပာယ်လဲ"

ရှမြန်က အလျင်စလို ပြောလိုက်ရသည်။ "ကျွန်မက ဒီအတိုင်းစနေတာပါ။ သူက အရမ်းကို ရုပ်ချောတယ်လို့ ကျွန်မ ထင်တယ်လေ။ မိန်းကလေးတစ်ယောက်နဲ့ တူတယ်လို့"

နဥ်ရှောက်ပိုင်က သူမကို ဝါးစားတော့မတတ် ဒေါသဖြင့် ကြည့်လိုက်ပြီး နဥ်ရှောက်ယွင်ကတော့ သူမ၏ပါးစပ်ကို အုပ်ထားလိုက်ကာ ရယ်မောလေသည်။ "ဦးဦး အိမ်ရောက်ပြီ။ အဒေါ်၂နဲ့ အဘွားတို့လည်း ပြန်ရောက်နေပြီ"

ရှောင်ဖုန်းသည် ပစ္စည်းတစ်ထုပ်ကြီးကိုင်ထားသည့် မောက်ဟွေ့ကျူးကို မြင်လိုက်ရသည်တွင် သကြားတုတ်ထိုးရုပ်ကိုကိုင်ကာ ပြေးသွားလိုက်၏။ "ဒေါ်လေး ဟွေ့ကျူး"

သူတို့၃ယောက်သည် စကားပြောနေသည်ကို ရပ်ထားလိုက်ပြီး ခြံဝင်းထဲသို့ဝင်လာပြီးနောက်တွင် သူတို့သည် ပစ္စည်းအပုံကြီးကို တွေ့လိုက်ရတော့သည်။ မောက်ကျစ်ရှန်းက ဂေါ်ပြားပစ္စည်းတို့လို ပစ္စည်းများကို သိမ်းဆည်းနေသည်။ မောက်ဟွေ့မေနှင့် မောက်ဟွေ့လန်တို့ကတော့ ဒယ်အိုး၊ အိုးခွက်ပန်းကန်နှင့် ဇလုံများကို ဆေးကြောနေကြသည်။ ဒေါ်ဒေါ်ဝေနှင့် ရှ၀မ်ယွဲ့တို့ကတော့ အခန်းထဲတွင်ရှိနေကြကာ လိုက်ကာများနှင့် ဂွမ်းစောင်အစွပ်များ၏ ပုံစံများကိုကြည့်ပြီး ဘာလုပ်ရမည်ကို တိုင်ပင်နေကြသည်။

ရှောင်ဖုန်းနှင့် ချန်းချန်းတို့ကလည်း ဒီနေရာသို့ပြေးဝင်လာကြပြီး ကြည့်ရှုကြကာ ပျော်ရွှင်နေကြလေသည်။

နဥ်ရှောက်ယွင်က ရှ၀မ်ယွဲ့ဆီသို့ လျှောက်လာစဉ်တွင် နဥ်ရှောက်ပိုင်က ရှမြန်ကို ပြောလိုက်၏။

"တကယ်လို့ ငါခန့်မှန်းတာ မှန်မယ်ဆိုရင် အဲဒီတုံးအအကောင်လေး နဉ်ရှောက်ယန်က ဒီနေ့ပြန်ရောက်သွားရင် သူ့အဘိုးကို သွားတွေ့လိမ့်မယ်။ ဖန်ရှို့ကျစ်ကလည်း ငါ့အစ်မဆီကို မကြာခင် ရောက်လာလိမ့်မယ်"

"ကျေးဇူးပြုပြီးတော့ ငါ့ကိုယ်စား သူ့ကို စောင့်ကြည့်ပေးထားပါနော်"

ရှမြန်က သူ၏လေးနက်သည့်အစီအစဉ်များကို ကြည့်လိုက်ပြီး မေးလိုက်လေသည်။ "ဖန်ရှို့ကျစ်က အဲဒီလောက် ကြောက်စရာကောင်းတာလား"

"အင်း ကြောက်စရာကောင်းတယ်" နဥ်ရှောက်ပိုင်က ပြောလိုက်ပြီးနောက်တွင် ထပ်ဖြည့်ပြောလိုက်၏။

"ဒါပေမဲ့ မင်းအတွက်ဆိုရင်တော့ အားလုံးက အဆင်ပြေမယ်လို့ ငါ ယုံတယ်"

ရှမြန်သည် ခဏလောက်နေမှ သတိပြန်ဝင်လာပြီး ဒေါသတကြီး ပြောလိုက်တော့သည်။ "ရှင်က ဘာအဓိပ္ပာယ်နဲ့ ပြောတာလဲ။ ကျွန်မက သူ့ထက်ပိုပြီး ကြောက်စရာကောင်းတယ်လို့ ရှင်က ထင်တယ်ပေါ့"

နဥ်ရှောက်ပိုင်က ပြောလိုက်သည်။ "မဟုတ်ပါဘူး မင်းရဲ့ဖြောင့်မတ်မှန်ကန်တဲ့ နတ်သမီးကြောင့်ပါ။ အရမ်းကို ကောင်းလွန်းလို့ မကောင်းတဲ့သူတွေရဲ့ လွှမ်းမိုးခံရမှာ မဟုတ်ဘူးလေ"

သို့သော်ငြားလည်း ထိုစကားက သူပြောချင်သည့် အဓိပ္ပာယ်အပြည့်အစုံတော့ မဟုတ်ချေ။

...

All Chapters