← Chapters

အပိုင်း(၈၀)

Vol. 6 Ch. 80

အပိုင်း(၈၀)

Vol. 6 Ch. 80

ရှမြန်သည် အလွန်မှဒေါသထွက်သွားပြီး သူ့ကိုရိုက်နှက်ကာ ပြောလိုက်၏။ "ဒီကိစ္စက ကျွန်မအဒေါ်နဲ့တခြားသူတွေကို မပတ်သက်ပါစေနဲ့လို့ပဲ မျှော်လင့်တယ်"

နဥ်ရှောက်ပိုင်က ပြောလိုက်၏။ "စိတ်မပူပါနဲ့။ သူက ကိုယ့်ဟာကိုယ် အရမ်းဘဝင်မြင့်တာပါ။ သူက ငါ့ကို စစ်မကြေညာမချင်းတော့ အခုလောလောဆယ် သူ မင်းကိုထိမှာ မဟုတ်ဘူး"

ရှမြန်က နောက်ထပ်မေးခွန်းများကို မမေးတော့ချေ။ သူမသည် ချန်းချန်းကို ကယ်တင်ခဲ့ပြီး နဥ်မိသားစုနှင့် မိတ်ဖွဲ့ကာ ယန်မြို့သို့ အတူတူရောက်လာကတည်းက သူမသည် နဥ်မိသားစု၏ အရှုပ်အထွေးထဲတွင် ၀င်ပါလာဖို့ ဖိအားပေးခံရပြီးသားပင်။

ဘဝက ကြိုတင်ခန့်မှန်းလို့မရသလို မည်သူနှင့် တွေ့ဆုံလိမ့်မည်ဟုလည်း ရွေးချယ်လို့မရချေ။ ရှောင်ဖုန်းက ကျန်းချီမင်လို အဖေတစ်ယောက်နှင့် တွေ့ဆုံခဲ့သလို နဥ်‌ရှောက်ပိုင်ကလည်း ဖန်ရှို့ကျစ်လို မိထွေးတစ်ယောက်နှင့် တွေ့ဆုံခဲ့သလိုပင်။

သို့သော်ငြားလည်း သူမက တစ်ခုခုကို လုပ်ရန်ရွေးချယ်ပိုင်ခွင့် ရှိသေးသည်။ ဥပမာ သူမသည် ရှောင်ဖုန်းကို ကယ်တင်ခဲ့ပြီး ချန်းချန်းကိုလည်း ကယ်တင်ဖို့ရွေးချယ်ခဲ့ကာ နဥ်မောင်နှမနှင့် မိတ်ဖွဲ့ဖို့ရန် ရွေးချယ်ခဲ့သည်။ ထိုနောက်တွင်တော့ သူမသည် ဆိုးဝါးလှသည့် ကျန်းချီမင်နှင့် ရက်စက်လှသည့် ဖန်ရှို့ကျစ်တို့ကို ရင်ဆိုင်ရပေလိမ့်မည်။

သူမ လုပ်ရန်လိုအပ်သည့်အရာမှာ သတ္တိရှိရှိဖြင့် ရှေ့သို့ဆက်လျှောက်ပြီး အတားအဆီးအားလုံးကို ဖယ်ရှားဖို့ရန် ကြိုးစားကာ သူမ ကာကွယ်ပေးချင်သည့်လူများကို ကာကွယ်ပေးရင်း သူမ လိုချင်သည့်ဘဝတွင် နေထိုင်ဖို့ရန်သာ ဖြစ်သည်။

သို့သော်ငြားလည်း ရှမြန်သည် ရှောင်ဖုန်း၏လက်ကို တွဲထားသည့် ချန်းချန်းကို ကြည့်လိုက်၏။

သူက မူရင်းစာအုပ်ရဲ့ အဓိကဇာတ်လိုက်ဖြစ်လာဖို့ ထိုက်တန်တယ်လို့ပဲ ငါတို့က ပြောလို့ရပါ့မလား။ သူနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ အားလုံးက အခက်အခဲတွေချည်းပဲ။

နဥ်ရှောက်ပိုင်သည် သူ့လက်ကို ရုတ်တရက် မြှောက်လိုက်ကာ ရှမြန်၏ခေါင်းကို သပ်ပေးလိုက်၏။ "စိတ်မပူပါနဲ့ ငါ အားလုံးကို ဖြေရှင်းပေးမှာပါ"

နဥ်ရှောက်ယန်နှင့် ဖန်ရှောက်ဝမ်တို့ကလည်း နဥ်မိသားစုဆီသို့ ပြန်သွားကြသည်။

ဖန်ရှို့ကျစ်က ဧည့်ခန်းထဲတွင် ပရောဂျက် အချက်အလက်များကို ကြည့်နေသည်။ သူမ၏သား ဝင်လာသည်ကို မြင်လိုက်ရသည့်အချိန်တွင် သူမက ပြုံးကာ ပြောလိုက်၏။ "ဘယ်လိုလဲ အဘိုးအတွက် သင့်တော်တဲ့လက်ဆောင်တစ်ခုကို ရွေးခဲ့ပြီးပြီလား"

နဥ်ရှောက်ယန်က ခေါင်းခါလိုက်ကာ မေးလိုက်၏။ "အဘိုး ဘယ်မှာလဲ။ သူ ဘယ်မှာလဲ"

ဖန်ရှို့ကျစ်က ပြုံးကာ ပြောလိုက်၏။ "သူက စာကြည့်ခန်းထဲကလွဲရင် ဘယ်နေရာမှာ ရှိနေနိုင်မှာလဲ။ မင်းအဘိုးက ဒီလောက်တောင် စိတ်ပူတတ်တဲ့သူတစ်ယောက်ပဲ။ သူ့ဘဝမှာ တစ်ခါမှ အနားမယူလိုက်ရမှာတောင် ငါက စိုးရိမ်မိတယ်"

နဥ်ရှောက်ယန်က သူမ ဆိုလိုသည့်အဓိပ္ပာယ်ကို နားလည်သလားတော့ မသိလေချေ။ သူက ခေါင်းကို ညိတ်လိုက်ကာ သခင်ကြီးနဥ်ကို သွားရှာဖို့ရန် အပေါ်ဘက်သို့ တက်သွားလေသည်။

ဖန်ရှို့ကျစ်က နီရဲနေသည့် မျက်လုံးများဖြစ်နေသည့် ဖန်ရှောက်၀မ်ကို ပြန်ကြည့်လိုက်ပြီး

"ဘာဖြစ်ခဲ့တာလဲ။ ရှောက်ယန်က လုံးဝကို မပျော်နေတဲ့ပုံပဲ"

ဖန်ရှောက်၀မ်က မတရားစွပ်စွဲခံရသလို ပြောလိုက်၏။ "အခုလေးတင်ပဲ အပြင်ထွက်သွားတုန်းက အစ်ကိုရှောက်ပိုင်နဲ့ အစ်မရှောက်ယွင်တို့နဲ့ တွေ့ခဲ့တယ်လေ"

"ထင်သားပဲ။ ရှောက်ယန်က သူ့အဘိုးရဲ့ အရူးတစ်ယောက်လို အမှန်တကယ် သင်ကြားပေးခံထားရတာ။ သူက အဲဒီလူတွေကိုတောင် ကျေနပ်သွားအောင် လုပ်ပေးချင်နေတာလေ" ဖန်ရှို့ကျစ်က ဘာမှမတတ်သာတော့သလို သက်ပြင်းချကာ မေးလိုက်၏။ "သူ့ကို ဘယ်မှာ တွေ့ခဲ့ကြတာလဲ"

"ကျူးယွီလမ်းထဲမှာလေ" ဖန်ရှို့ကျစ်က တအံ့တသြ ဖြစ်သွားသည်။ "သူတို့တွေကလည်း အဘိုးကြီးအတွက် မွေးနေ့လက်ဆောင် သွားဝယ်ပေးတာလား"

"မဟုတ်ပါဘူး" ဖန်ရှောက်၀မ်က မျက်မှောင်ကြုတ်လိုက်ပြီး ခဏလောက် စဉ်းစားလိုက်ကာ "ကြည့်ရတာ စျေးသွားခဲ့တဲ့ပုံပါပဲ။ အဲဒီနားမှာရှိတဲ့ စျေးအကြီးကြီး တစ်ခုကိုလေ"

ဖန်ရှို့ကျစ်သည် အခိုက်အတန့် မှင်တက်အံ့သြသွားပြီး ရုတ်တရက်ဆိုသလို အသံထွက်ကာ ရယ်မောလိုက်၏။ "ကြည့်ရတာ သူက ကောင်းကောင်းလေးကို လိုက်လျောညီထွေ ဖြစ်နေတဲ့ပုံပဲ။ နဥ်ရှောက်ပိုင်က စိတ်အနှောင့်အယှက်ဖြစ်စရာ အကောင်းဆုံးလူလေ"

"နောက်တော့ရော ဘာဖြစ်သွားလဲ။ နဥ်ရှောက်ပိုင်က နင်တို့ကို တစ်ခုခု ပြောခဲ့သေးလား"

"တခြားတော့ ဘာမှမပြောပါဘူး။ သူက ကျွန်မကို ကျိန်ဆဲခဲ့တယ်လေ။ အရမ်းကို ဒေါသထွက်စရာ ကောင်းတာပဲ" ဖန်ရှောက်၀မ်၏မျက်လုံးများက တစ်ဖန်နီမြန်းသွား၏။

"သူက ပြောသေးတယ်။ ကျွန်မက အဒေါ်နဲ့ အတူဆုံးလူတဲ့။ နတ်သမီး အရည်ခြုံထားတဲ့ နတ်ဆိုးတစ်ယောက်တဲ့။ ရွံစရာကောင်းသတဲ့"

"နင်ကဖြင့် သူနဲ့တောင် သိပ်အဆက်အဆံမရှိခဲ့ဘဲနဲ့ ဒါပေမဲ့လည်း သူက ကလေးဘဝကတည်းက အဲဒီလို ကပ်သီးကပ်ဖဲ့နိုင်တာလေ" ဖန်ရှို့ကျစ်က ပြုံးနေလိုက်သော်လည်း သူမ၏မျက်လုံးများက အေးစက်နေလေသည်။

"အဲဒီပါးစပ်ကြောင့်ပဲ ရှောက်ယန်ရဲ့အဘိုးက သူ့ကိုကုမ္ပဏီထဲ ပေးမဝင်တာလေ"

ဖန်ရှောက်၀မ်က သိလိုစိတ်ဖြင့် မေးလိုက်၏။ "အစ်မရှောက်ယွင်ကလည်း အဒေါ် ဘာဖြစ်နေတာလဲလို့ မေးသေးတယ်။ နောက်တော့ နဥ်ရှောက်ပိုင်က ဒီလိုပြောလိုက်တယ်။ ကောင်းကင်ဘုံရဲ့ပိုက်ကွန်က ကျယ်ပြောတဲ့အတွက်ကြောင့်မို့လို့ ဘယ်အရာမှ လွတ်မြောက်မှာ မဟုတ်ဘူးတဲ့။ ပုန်းနေလေလေ ကံတရားက ပိုပြီးဆိုးဝါးလာလိမ့်မယ်တဲ့"

ဖန်ရှို့ကျစ်သည် ရုတ်တရက်ဆိုသလို အသံထွက်ကာ ဝါးလုံးကွဲ အော်ရယ်တော့လေသည်။

"အဲဒီလောက်ပဲလား။ ရယ်စရာကောင်းလိုက်တာ"

"သူ့မှာ လူလည်းမရှိ ငွေလည်းမရှိဘဲနဲ့များ။ သူက ငါ့ကို ပြဿနာရှာဖို့ သူ့ရဲ့ဆေးပညာမဖြစ်စလောက် အရည်အချင်းလေးကို အသုံးချနိုင်တယ်လို့ နင်က ထင်နေတာလား" ဖန်ရှို့ကျစ်က ဝမ်းသာအားရ ရယ်မောလိုက်၏။ "သူတို့တွေက စကားကြီးစကားကျယ်ပဲ ပြောနိုင်တာပါ။ အဘိုးကြီးကတောင် ငါ့ကို ဘာမှမလုပ်နိုင်တာပဲ"

ဖန်ရှောက်၀မ်က ပြောလိုက်သည်။ "ဒါပေမဲ့ နဥ်ရှောက်ပိုင်ကြည့်ရတာ ယုံကြည်ချက်ရှိနေတဲ့ပုံပဲ"

ဖန်ရှို့ကျစ်က ခနဲလိုက်သည်။ "ဒီအတိုင်း ဟန်ဆောင်နေတာပါ"

"သူက ကုမ္ပဏီထဲ ဝင်လာပြီးတဲ့နောက်ပိုင်း ရက်အနည်းငယ် အတွင်းမှာပဲ ပြဿနာအကြီးကြီးတစ်ခု လုပ်ခဲ့တယ်လေ။ သူက စီးပွားရေးလုပ်ငန်းနဲ့ သင့်တော်မှုမရှိဘူးလို့ ငါ အဘိုးကြီးကို ပြောလိုက်တာနဲ့ သူကလည်း လက်လျှော့လိုက်တော့တာပဲ။ သူ့ကြည့်ရတာလည်း တည်တည်ငြိမ်ငြိမ်ပါပဲ"

"အဲဒီနောက်ပိုင်းမှာတော့ သူက ဆေးပညာကို လေ့လာခဲ့ပြီး ကျောင်းဆက်တက်ခဲ့တယ်လေ။ အခု သူက သာလွန်တဲ့ ဆေးပညာ‌ပိုင်ဆိုင်ထားတဲ့ ဆရာဝန်ကောင်း တစ်ယောက်ပေါ့။ ဒါပေမဲ့ သူက ဘာလုပ်နိုင်မှာလဲ"

ဖန်ရှို့ကျစ်က တည်တည်ငြိမ်ငြိမ် ထိုင်ချလိုက်၏။ "ငါကမှ နဥ်မိသားစုရဲ့ လုပ်ငန်းတွေကို စီမံနေတဲ့သူပါ။ နဥ်မိသားစုရဲ့ လုပ်ငန်းတွေကို ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ငါ့ခေါင်းဆောင်မှုအောက်မှာပဲ တည်ဆောက်လာခဲ့တာပါ"

သူမက ဒီအကြောင်းကိုပြောလိုက်ချိန်တွင် သူမ၏လက်ထဲက ပရောဂျက် အချက်အလက်များကို ဂုဏ်ယူဝင့်ကြွားစွာ လှုပ်ခါပြလိုက်ပြီး ပြောလိုက်၏။ "သိပ်မကြာခင်မှာ ပိုကြီးပြီး ပိုကောင်းတဲ့ပရောဂျက် တွေ လာဖို့ရှိတယ်"

ဖန်ရှို့ကျစ်က သရော်ကာ ပြောလိုက်၏။ "အဘိုးကြီးကလည်း လုပ်ချင်စိတ်ပဲ ရှိတာပါ။ သူက အမွေဆက်ခံပိုင်ခွင့်ကို နဥ်ရှောက်ပိုင်ကို ပေးရဲလို့လား"

ဖန်ရှောက်၀မ်သည် ဖန်ရှို့ကျစ်၏လက်မောင်းကို တွဲချိတ်လိုက်ကာ ပြောလိုက်၏။ "ဒေါ်ဒေါ် ဒေါ်ဒေါ်က တကယ် အံ့သြစရာကောင်းတာပဲ။ ဒါက လုံးဝကို လျှို့ဝှက်ပူးပေါင်း ကြံစည်မှုတစ်ခုပဲ"

ဖန်ရှို့ကျစ်က သူမကို သင်ပေးလိုက်၏။ "ဒီတော့တစ်ချက်က နင့်မှာကိုယ်ပိုင်အရည်အချင်း ရှိဖို့လိုတယ်။ ကျန်တဲ့တစ်ခုကတော့ အခွင့်အရေးကို ဖမ်းဆုပ်တတ်ဖို့ပဲ။ မြင့်မြတ်ချင်ဟန်ဆောင်နေတဲ့ အဲဒီလူတွေဆီကနေ ဘာမှမသင်ယူနဲ့။ တကယ်လို့ နင်က အခွင့်အရေးကို မဖမ်းဆုပ်နိုင်ဘူးဆိုရင် စတင်ဖို့အတွက် အခွင့်အရေးလေးတစ်ခုတောင် ရမှာမဟုတ်ဘူး။ တခြားသူတွေရဲ့ သတ်ဖြတ်တာ ခံရတာနဲ့ပဲ ဇာတ်သိမ်းသွားနိုင်တယ်"

ဖန်ရှောက်၀မ်က ခေါင်းညိတ်ပြလိုက်သည်။ "သူတို့တွေက အရမ်းကို ကြီးမြတ်တယ်လို့ ထင်နေသေးတာက တကယ် ရယ်စရာကောင်းတာပဲ"

"ဒေါ်ဒေါ် မသိလို့နော် ရှမြန်လို့ ခေါ်တဲ့တစ်ယောက်လေ။ ချန်းချန်းရဲ့အသက်ကို ကယ်ပေးခဲ့တဲ့တစ်ယောက်။ သူကလည်း ကိုယ့်ဟာကိုယ် ရှေ့ထွက်လာပြီး နဥ်ရှောက်ပိုင်နဲ့ တွဲနေတာလေ။ သူက ဘယ်လောက်တောင် ထောင်လွှားလဲတော့ မသိပါဘူး။ သူက အစ်ကိုရှောက်ယန်ကို မျက်နှာတည့်တည့်ကြည့်ပြီး တုံးအတဲ့ ကြောင်သူတော်တစ်ယောက်လို့တောင် ခေါ်လိုက်သေးတယ်"

ဖန်ရှို့ကျစ်၏မျက်နှာက ညိုမဲသွားလေသည်။ "သူက တကယ်ပဲ အဲ့ဒီလိုပြောခဲ့တာလား"

"အမှန်ပဲလေ" ဖန်ရှောက်၀မ်က ပြောလိုက်သည်။ "အစ်ကိုရှောက်ယန်က ဘာဖြစ်လို့ အဲဒီလောက်အထိ မပျော်မရွှင်ဖြစ်နေတာလဲလို့ ဒေါ်ဒေါ်ထင်လဲ။ အစ်ကိုရှောက်ပိုင်နဲ့ အဲ့ဒီအရိုင်းအစိုင်းမလေးက သူ့ကိုအတူတူ ဆဲဆိုခဲ့လို့ပေါ့"

ဖန်ရှို့ကျစ်သည် သူမ၏မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်ကာ ပြောလိုက်၏။ "ဒီတော့ သူတို့ပြန်ရောက်လာတာ ရက်တော်တော်ကြာနေပြီပဲ။ ဒါပေမဲ့ ငါ သူတို့တွေကိုတောင် နှုတ်ဆက်စကား မပြောရသေးဘူးပဲ"

ဖန်ရှို့ကျစ်သည် လှေကားရှိရာဘက်ကို လှမ်းကြည့်လိုက်ပြီး ပြောလိုက်၏။ "ရှောက်ယန်က သွားပြီး ညည်းညူနေပြီဆိုတော့ အဘိုးကြီးကလည်း သူ့ရဲ့မြေးလေးတွေကို ထပ်ပြီးတော့ စိတ်ပူနေတော့မှာပဲ။ အေးပါ ငါကလည်း နောက်ဆုံးတော့ သူတို့ရဲ့ အမေပါပဲ။ ဒီတော့ ငါ သူတို့ကို သွားကြည့်သင့်တာပေါ့"

ဖန်ရှောက်၀မ်က မျက်စောင်းဖြင့် ကြည့်လိုက်ကာ ပြောလိုက်သည်။ "အဲဒီရှမြန်ဆိုတဲ့ ကောင်မလေးကလေ သူက သူတို့တွေကို နည်းနည်းလေး သတိဝင်လာအောင် လုပ်နိုင်မယ်လို့ ထင်လား"

"ရှောက်ဝမ်ရယ်" ဖန်ရှို့ကျစ်က စိတ်အားထက်သန်စွာ ပြောလိုက်၏။ "ကြီးမားတဲ့ကိစ္စတွေကို လုပ်ဖို့ဆိုရင် အရင်ဆုံးလုပ်ရမှာက တည်ငြိမ်အောင်နေဖို့ပဲ။ နင်က ဘယ်သူနဲ့ ရင်ဆိုင်ရမှာဖြစ်ပါစေ လေးစားမှုကို ရဖို့အတွက်တော့ ကြင်နာတတ်ပြီး ချုပ်တည်းတတ်ဖို့ ၂ခုစလုံးလိုအပ်တယ်"

"သူတို့လို မသိနားမလည်တဲ့ တောသူနဲ့များ ဘာဖြစ်လို့ စိတ်အနှောင့်ယှက်ခံနေမှာလဲ။ သူတို့တွေက ရေတွင်းထဲက ထွက်လာပြီး ကျယ်ပြောတဲ့ ကောင်းကင်ကြီးကို မြင်တဲ့အခါ အဲဒီတောသူတွေက သူတို့ကို အရင်ဆုံး တက်နင်းလိမ့်မယ်လို့ နင် ပြောစရာတောင် မလိုတော့ပါဘူး။ ဒါကပိုပြီးတော့ စိတ်ဝင်စားစရာကောင်းတယ်လို့ မထင်ဘူးလား"

ဖန်ရှောက်၀မ်၏မျက်လုံးများက လင်းလက်သွား၏။ "ထင်ထားတဲ့အတိုင်းပဲ။ ကျွန်မရဲ့ ဒေါ်ဒေါ်က တကယ်ကို အံ့သြစရာကောင်းတာပါဆို" သူမက ကိုယ်ချင်းစာသလို ပြောလိုက်လေသည်။ "အမှန်ပဲ။ သူတို့ရဲ့မျက်လုံးထဲမှာတော့ နဥ်ရှောက်ပိုင်က အံ့ဩစရာပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေတယ်လေ။ သူ့ထက် ပိုကောင်းတဲ့သူတွေ အမြဲတမ်း ရှိတယ်ဆိုတာကတော့ သူတို့က မသိဘူး"

ရှမြန်သည် ဖန်ရှို့ကျစ်က သိပ်မကြာခင် ရောက်လာမည့်အကြောင်း မသိချေ။ သူမကတော့ ယခုအချိန်တွင် ဂုဏ်ပြုပွဲဖြင့် အလုပ်များနေတော့သည်။

စျေးဝယ်ခြင်းပြီး မြောက်သွားသည့်နောက်တွင် အိမ်ထောင်စုထဲက ပစ္စည်းများက အခြေခံအားဖြင့် ပြည့်စုံသွားသည်။ မိသားစုများက အတူတကွ စုဝေးကြပြီး စည်ကားသည့် အငွေ့အသက်လေးတစ်ခု ဖြစ်နေကာ ခြံဝင်းလေးကလည်း ပျော်ရွှင်ဖွယ်ရာလေထုတစ်ခုဖြင့် ပြည့်နှက်နေ၏။

နဥ်ရှောက်ယွင်၊ နဥ်ရှောက်ပိုင်၊ ရုံရှင်း၊ ဒေါ်ဒေါ်ဝေတို့ကလည်း ပြီးခဲ့သည့်နေ့ရက်က အများကြီး ကူညီပေးခဲ့ကြသည်။ ထို့ကြောင့် ရှ၀မ်ယွဲ့က ပါဝင်ပစ္စည်းတချို့ကို ဝယ်လာခဲ့ကာ ရှမြန်က အချက်အပြုတ်တွင် ကိုယ်တိုင်တာဝန်ယူပေးပြီး အတူတကွ ဂုဏ်ပြုပွဲပြုလုပ်ဖို့ရန် ဟင်းလျာ၁၂မျိုးကျော်ကို ချက်ပြုတ်လိုက်၏။

ရုံရှင်းသည် ကြက်သားဟင်းရည် ၃ပန်းကန်ကို အရသာခံကြည့်လိုက်ပြီးနောက် မနေနိုင်တော့ဘဲ ရှမြန်ကို လက်မထောင်ပြလေသည်။ "မဆိုးဘူး ရှမြန်က ငယ်ပေမဲ့လည်း သူကအရည်အချင်းတွေ အများကြီးရှိတာပဲ"

နဥ်ရှောက်ယွင်က ပြုံးကာပြောလိုက်၏။ "သူက တကယ်တော်တဲ့ စားဖိုမှုးတစ်ယောက်လေ။ အရသာရှိတဲ့ မုန့်တွေကိုလည်း လုပ်တတ်သေးတယ်"

ချန်းချန်းကလည်း ချက်ချင်းပြောလိုက်သည်။ "၂ထပ်နို့ပူတင်း၊ ငှက်ပျောသီးပေါင်မုန့်"

ရှောင်ဖုန်းက ပါးစပ်ထဲတွင် ဝက်သားနှပ်တစ်တုံးကို ဝါးစားနေလေသည်။ သူက စားနေသည့်အရာကို ဂရုမစိုက်နိုင်ပေ။ ကြက်ပေါက်လေးက စပါးစေ့များကို ကောက်ယူနေသလို ခေါင်းညိတ်ပြကာ သူ့သဘောတူညီချက်ကို ပြသနေ၏။

ရှမြန်က သူ၏ထောင်နေသည့် ဆံပင်အကွေးလေးကို သပ်ပေးလိုက်ကာ အပြုံးဖြင့် ပြောလိုက်သည်။ "နောက်ပိုင်းကျရင် သားတို့အတွက် အန်တီလေးက ခဏခဏ လုပ်ပေးမယ်နော်"

မောက်ဟွေ့ကျူးကလည်း လက်ခုပ်ထတီးကာ ပြောလိုက်၏။ "အစ်မမြန် သမီးလည်း အစ်မဆီကနေ သင်လို့ရတယ်။ သမီး ဒီဟာကို သင်ပြီးသွားရင် အစ်မကို ကူပြီးတော့လုပ်ပေးမယ်"

ရှမြန်က နောက်ထပ်အသားလုံးတစ်လုံးကို ကောက်ယူလိုက်ကာ သူမကိုလှမ်းပေးလိုက်သည်။ "ကောင်းပြီလေ ငါ အများကြီး ချက်ပြုတ်တတ်တယ်။ ငါ နင့်ကို သင်ပေးမယ်"

မောက်ညီအစ်မများသည် အကောင်းစား အစားအသောက်များကို တစ်ခါမှ မစားသောက်ခဲ့ဖူးသူများ ဖြစ်လေသည်။ ရှ၀မ်ယွဲ့နှင့် မောက်ကျစ်ရှန်းတို့က တတ်နိုင်သည့်တိုင် သူတို့သည် မိသားစုထဲက ၂ယောက်တည်းရှိသည့် လူကြီးများဖြစ်သည်။ သူတို့သည် မောက်သခင်မကြီး၏ ဖိနှိပ်ခြင်းကို သည်းခံခဲ့ရကာ ကလေး၃ယောက်ကို စာသင်ကြားရေးနှင့် ပတ်သက်ပြီး ထောက်ပံ့ပေးရသည်။ ထို့ကြောင့် သူတို့သည် အစားအသောက်နှင့် အဝတ်အစားများအတွက် ငွေများပြတ်လပ်သည်ကလည်း သဘာဝပင်။

သူမက ဒီနေ့ အသားဟင်း အများအပြားကို ချက်ပြုတ်ထားသည့်အတွက် သူတို့ကလည်း ကောင်းမွန်သည့် တစ်နပ်ကို စားသောက်နိုင်သည်။

မောက်ကျစ်ရှန်းက သတိထားခံရမည်ကို စိုးရိမ်နေပြီး သူ့ခေါင်းကိုငုံ့ကာ သူရှေ့က အသီးအရွက်ကိုသာ စားသောက်နေသည်ကို မြင်လိုက်သည်တွင် ရှ၀မ်ယွဲ့က သူ့ပန်းကန်ထဲသို့ အသားတုံးတချို့ကို ချီတုံချတုံဖြင့် ထည့်ပေးကာ ပြောလိုက်၏။ "ပိုစားနော် ရှင် ကိုယ့်ဟာကိုယ် ကောင်းကောင်းလေး စောင့်ရှောက်ဖို့ လိုတယ်လို့ ဆရာဝန်က ပြောထားတယ်။ ရှင့်ကျန်းမာရေးကောင်းမှပဲ တခြားအရာတွေကလည်း ပိုပြီးတော့ကောင်းလာမှာ"

"ဟုတ်တယ် အဖေလည်း ကောင်းကောင်းအနားယူဖို့ လိုသေးတယ်" မောင်ဟွေ့ကျူးက ညည်းညူလိုက်သည်။ "အမေ"မောက်ဟွေ့ကျူးက တိုင်ပြောလေသည်။

"အမေ အဖေကလေ ဈေးထဲမှာ အိတ်တွေကို သယ်ပေးပြီးပစ္စည်းတွေကို သယ်ပေးဖို့ အဝတ်အစား ရောင်းနေတဲ့သူတွေကို မေးနေတာ တွေ့လိုက်တယ်"

မောက်ဟွေ့လန်ကလည်း တစ်ခုခုကို သတိရသွားပြီး "ဟုတ်တယ်အမေ အဖေက ဆောက်လုပ်ရေးဆိုဒ်ထဲကိုသွားမဲ့ စျေးထဲက အုတ်စီတဲ့သူတွေရဲ့ အကြောင်းကိုလည်း မေးနေသေးတယ်"

မောက်ဟွေ့မေက ချက်ချင်းပြောလိုက်၏။ "အဖေ ဆရာဝန်က ပြောထားတယ်လေ။ အဖေ လေးလံတဲ့အလုပ်တွေကို လုပ်လို့မရတော့ပါဘူးလို့။ အဖေလေ လအနည်းငယ်လောက် အနားယူတာပဲဖြစ်ဖြစ် ဒါမှမဟုတ် အမေနဲ့ဆိုင်ခင်းတာဖြစ်ဖြစ် လိုက်သွားပါ။ ဆိုင်ဖွင့်တာကလည်း အဲဒီလောက်ထိ မပင်ပန်းပါဘူး။ ဒီဆိုင်က အခုလောလောဆယ် သမီးတို့ရဲ့ကုန်ကျစရိတ်ကို ဖာထေးပေးဖို့ လုံလောက်ပါတယ်"

"သမီးလည်း ညကျောင်းကို စာရင်းသွင်းပြီးတာနဲ့ အလုပ်တစ်ခုရသွားရင် သမီးတို့မိသားစုတွေလည်း ဇာတိမြို့မှာ နေခဲ့တာထက်ပိုပြီးတော့ အဆင်ပြေလာမှာပါ" သူမက ထိုသို့ပြောလိုက်ပြီးနောက်တွင် မောက်ကျစ်ရှန်း၏ ပန်းကန်ထဲသို့ အသားတုံး အနည်းငယ်ကို ထည့်ပေးလိုက်သည်။ မောက်ဟွေ့မေနှင့် မောက်ဟွေ့ကျူးတို့ကလည်း အကြောမခံလိုပေ။ တစ်ယောက်ချင်းဆီက သူတို့၏တူများဖြင့် အစားအသောက်များကို ကောက်ပြီးထည့်ပေးလိုက်၏။

အားလုံးက ဒါကိုကြည့်လိုက်ကြပြီး အကြောင်းသိနေသဖြင့် မပြုံးဘဲမနေနိုင်အောင် ဖြစ်သွားကြသည်။

ရုံရှင်းက အားကျသည့်ဟန်ဖြင့် ပြောလိုက်သည်။

"ငါ ရုတ်တရက်ကြီး အိမ်ထောင်ပြုချင်စိတ် ပေါက်သွားပြီ။ တကယ်လို့ ငါ့မှာဒီလို အရမ်းဂရုစိုက်တတ်တဲ့ ကလေးတွေ ရှိလာမယ်ဆိုရင် ငါကတော့ အရမ်းပျော်မိမှာပဲ"

သူက သက်ပြင်းချလိုက်သည်။ "ဒါက ငွေနဲ့ ဝယ်ယူလို့မရတဲ့ ပျော်ရွှင်မှုပဲ"

ဒီစကားကို ကြားလိုက်သည်တွင် ဦးလေး၂သည် ရှ၀မ်ယွဲ့နှင့် မောက်မိသားစုက ညီအစ်မ၃ယောက်ကို မနေနိုင်ဘဲ မော့ကြည့်လိုက်ကာ ပြုံးပြလိုက်၏။ အခက်အခဲပေါင်းများစွာကို ရင်ဆိုင်တွေ့ကြုံခဲ့ရပြီး လောကဓံအပြည့်ခံစားခဲ့ရသည့် သူ့မျက်နှာသည် ရုတ်တရက်ဆိုသလို လင်းဖြာသွားသည့် အရောင်အဝါတစ်ခု ထုတ်လွှင့်လာလေသည်။

သို့သော်ငြားလည်း ထိုအရောင်အဝါက တဒင်္ဂလေးသာပင်။ ရှမြန်၏စိတ်ထဲတွင် ဖျက်ခနဲ ဖြတ်ပြေးသွားသည့် တစ်ခုတည်းသောအတွေးမှာ ဦးလေး၂က သူငယ်ငယ်တုန်းက အရမ်းကို ချောမောမဲ့ပုံပဲ။ သို့သော်ငြားလည်း ရုံရှင်းက ရုတ်တရက်ဆိုသလို စိတ်လှုပ်ရှားသွားပြီး

"ဦးလေး"

သူ၏ရုတ်တရက်အော်သံက အားလုံးကို အလန့်တကြား ဖြစ်သွားစေတော့သည်။ နဉ်ရှောက်ပိုင်က အထင်သေးသလို ပြောလိုက်၏။ "မင်းဘာတွေ ရူးဦးမလို့လဲ"

ရုံရှင်းက နောက်ဆုံးတော့ သတိပြန်ဝင်လာကာ ရယ်မောလိုက်လေသည်။ "အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းတာပဲ။ ဦးလေး သူတို့အားလုံးက ဦးလေးကို ဒီလိုခေါ်နေတာမြင်တော့ ကျွန်တော်လည်း ဦးလေးကို ဒီလိုပဲခေါ်ရမှာပေါ့"

မောက်ကျစ်ရှန်းမှာ ပြောစရာစကား ဆွံ့အသွားတော့သည်။ "သခင်လေးရုံ ကျွန်တော် မခံယူရဲပါဘူး"

သူသည် ပြောလိုက်ပြီးသည့်နောက်တွင် ပိုပြီးတော့ ရှက်ရွံ့လာလေသည်။

သို့သော်ငြားလည်း ရုံရှင်းက ပိုလို့ပင် စိတ်လှုပ်ရှားနေကာ သူသည် ရတနာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သလိုပင်။ "ဦးလေး ဦးလေး သရုပ်ဆောင်ဖို့အကြောင်းနဲ့ ပတ်သက်ပြီး စဉ်းစားခဲ့ဖူးတာရှိလား"

အားလုံးက ရုတ်တရက် သူ၏ရွေ့လိုက်သည့်အကွက်ကြောင့် မှင်တက်အံ့သြသွားကြ၏။

နဥ်ရှောက်ယွင်၏မိသားစုတွင် ရောင်စုံတီဗီတစ်လုံး ရှိသည်။ နေ့တိုင်း ည၈နာရီတိတိတွင် မောက်ဟွေ့လန်နှင့် မောက်ဟွေ့ကျူးတို့က ထိုဆွဲဆောင်မှုကို ဘယ်တော့မှ မလွန်ဆန်နိုင်ဘဲ ဒေါ်ဒေါ်ဝေနှင့်အတူ ရုပ်ရှင်ဇာတ်လမ်းတွဲများကို ကြည့်ရှုကြသည်။ ဟုတ်ပါသည်။ သူတို့သည် သရုပ်ဆောင်ခြင်း၏အဓိပ္ပာယ်ကို သိကြပေသည်။

မောက်ဟွေ့ကျူးက ပြောလိုက်၏။ "ကောကျင့်နဲ့ ဟွမ်ရုံ"

ရုံရှင်းက ပြုံးကာပြောလိုက်၏။ "ဟုတ်တယ်။ တကယ်လို့ သရုပ်ဆောင်နိုင်မယ်ဆိုရင် ကောကျင့်နဲ့ ဟွမ်ရုံတို့နဲ့လည်း တွေ့နိုင်တယ်"

မသိနားမလည်သည့် မောက်ဟွေ့ကျူးနှင့် မျှော်လင့်တကြီးဖြစ်နေသည့် မောက်ဟွေ့လန်တို့ကလွဲလျှင် ဒါသည် ချဲ့ကားလွန်းသည်ဟု အားလုံးက ထင်ကြသည်။

ရှ၀မ်ယွဲ့က ပြောလိုက်၏။ "သခင်လေးရုံ"

"ကျွန်တော့်ကို ဘာဖြစ်လို့ သခင်လေးလို့ ခေါ်နေတာလဲ။ ကျိုးချန်ချန် ခေါ်သလို လိုက်မခေါ်ပါနဲ့တော့။ ကျွန်တော့်နာမည်က ရုံရှင်းပါ။ ဒေါ်ဒေါ်နဲ့ဦးလေးတို့က ကျွန်တော့်ကို ရုံရှင်းလို့ပဲ ခေါ်လို့ရပါတယ်"

ရှ၀မ်ယွဲ့သည် သူ့စကားကြောင့် သဘောကျသွားကာ ထိုအတိုင်း လိုက်ပြောလေသည်။ "ရုံရှင်းရယ် သူက ဒီအတိုင်း လယ်သမားတစ်ယောက်ဆိုတာ နင် မြင်ပါတယ်။ သူက အရမ်းကိုရှက်တက်ပြီးတော့ စကားတောင် မပြောရဲဘူး။ သူကဘယ်လိုလုပ်ပြီး သရုပ်ဆောင်တစ်ယောက် ဖြစ်နိုင်ပါ့မလဲ"

"ဒါပေမဲ့ ဦးလေးက ရုပ်ချောတယ်လေ။ သူ့မှာ အသံကောင်းကောင်းတစ်ခုလည်း ပိုင်ဆိုင်ထားသေးတယ်" ရုံရှင်းက ပြောလိုက်သည်။

"ဒေါ်ဒေါ် သိလား၊ ကျွန်တော်တို့ရဲ့ ဒီလောကထဲမှာ အရည်အချင်းရှိတဲ့သူတွေကို ရှာဖွေပေးတဲ့ အလုပ်တစ်ခုရှိတယ်။ ဒါက လမ်းပေါ်က ရုပ်ချောတဲ့သူတွေကို အထူးတလည် ရှာဖွေပေးပြီး သူတို့တွေကို သရုပ်ဆောင်တဲ့ ကြယ်ပွင့်လေးတွေ ဖြစ်လာအောင် လေ့ကျင့်ပေးတာ"

မောက်ကျစ်ရှန်းသည် ဒီစကားကြောင့် မှင်တက်အံ့သြသွားတော့သည်။ ဒီနှစ်များအတွင်းတွင် သူသည် သူ၏ရုပ်ရည်နှင့် အသံကြောင့် လှောင်ပြောင်ရယ်မောခံခဲ့ရသည်။ ဒီအရာများက သူ၏အားသာချက်များ ဖြစ်လာလိမ့်မည်ဟု တစ်ခါမှ မတွေ့ခဲ့ဘူးချေ။

ရုံရှင်းသည် မနေနိုင်တော့ဘဲ သူ့ကိုအနီးကပ်တစ်ချက်လောက် ကြည့်လိုက်၏။ သူသည် ကြည့်လေလေ ပိုပြီးအံ့အားသင့်လေလေ ဖြစ်နေသည်။ "တစ်ခုပဲ ဦးလေးက အရမ်းကို ပိန်နေတယ်။ ဦးလေးက အာဟာရ နည်းနည်းပြည့်အောင်လုပ်ပြီး အလေးချိန်လေး နည်းနည်းလောက် တိုးလာအောင် လုပ်လိုက်မယ်ဆိုရင် နောက်ပြီးတော့ အလှအပရေးရာ ကုသမှုတွေနဲ့ အသားဖြူအောင် လုပ်လိုက်မယ်ဆိုရင် သူက သေချာပေါက် အရမ်းကို ချောလာလိမ့်မှာ"

"ဦးလေး ဦးလေးက ဒီချောမောလှပတဲ့မျက်နှာကြီးကို မဖျက်ဆီးသင့်ပါဘူး"

ရှ၀မ်ယွဲ့နှင့် မောက်ဟွေ့မေတို့မှာ ဒီပတ်ဝန်းကျင် အခြေအနေကြောင့် အနည်းနှင့်အများ လွှမ်းမိုးခံလိုက်ရပြီး မောက်ကျစ်ရှန်း၏ ရုပ်ရည်သွင်ပြင်က ကောင်းမွန်သည့် ကိစ္စတစ်ခုဖြစ်မည်ဟု ထင်မထားခဲ့ချေ။

သို့သော်ငြားလည်း မောက်ဟွေ့လန်နှင့် မောက်ဟွေ့ကျူးတို့ကတော့ သူတို့အဖေက နာမည်ကြီးတစ်ယောက် ဖြစ်လာမည့်အရေးကို စတင်စိတ်ကူးယဉ်နေလေပြီ။

ရုံရှင်းက စိတ်လှုပ်ရှားစွာဖြင့် သူ့လက်များကို ပွတ်သပ်လိုက်ပြီး "ဦးလေး ကျွန်တော် အခုရင်းနှီးမြှုပ်နှံထားတဲ့ ရုပ်ရှင်တစ်ခုမှာ နေရာတစ်ခုရှိတယ်။ ဒါက ရှာဖို့အရမ်းခက်တယ်။ ကျွန်တော်တို့တွေ လူအများကြီးကို ကြိုးစားရှာပြီးပြီ။ ဒါပေမဲ့ တစ်ယောက်ကိုမှ စိတ်တိုင်းမကျခဲ့ဘူးလေ"

"ဒီလောက်အများကြီး ရှာပေးပြီးနောက်မှာ ကျွန်တော်က ဘာအားထုတ်မှုမှမလုပ်ဘဲ တစ်ယောက်ကို ရှာတွေ့လိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ဦးလေးရဲ့ရုပ်ရည်နဲ့ အသံကလေ အဲ့ဒီနေရာအတွက် အသင့်လုပ်ပေးထားတဲ့အတိုင်းပဲ"

ရှမြန်က ရှက်ရွံ့နေသည့်ဦးလေး၂ကို လှမ်းကြည့်လိုက်ကာ ရုံရှင်းကို ပြောလိုက်လေသည်။

"ကျွန်မရဲ့ဦးလေး၂က အရမ်းရှက်တတ်တာ။ သူက နေရာငယ်လေးကနေ လာခဲ့တဲ့သူလေ။ သူက လူတွေနဲ့ ဘယ်လို ဆက်ဆံရမလဲဆိုတာကိုလည်း မသိဘူး။ သူက အရင်တုန်းကလည်း တစ်ခါမှ သရုပ်ဆောင်ခဲ့ဖူးတာ မဟုတ်ဘူး။ ဒါက သူ့အတွက် အရမ်းခက်ခဲလိမ့်မယ်"

"အဲဒီကိစ္စကိုတော့ စိတ်မပူပါနဲ့။ ငါက ဦးလေးကို ရှာတွေ့ထားခဲ့တဲ့သူဆိုတော့ သေချာပေါက် သူ့ကို စောင့်ရှောက်ပေးမှာပေါ့။ ဒီနေရာက အရမ်းကြီး အရေးကြီးတဲ့နေရာတော့ မဟုတ်ဘူး။ သူက သိုင်းလောကထဲက လျှို့ဝှက်ဆန်းကြယ်တဲ့ ဆရာကြီးတစ်ယောက်လို သရုပ်ဆောင်ရမှာလေ။ သူက သက်လတ်ပိုင်းအရွယ် ဖြစ်ဖို့လိုပေမဲ့လည်း အရမ်းကြီးချောမောလှပဖို့ လိုတယ်။ သူ့မျက်လုံးတွေက ဘဝရဲ့လောကဓံကို ခံစားထားရတဲ့ပုံ ပိုင်ဆိုင်ထားပြီး ဇာတ်လမ်းကလည်း-"

"လောကဓံတရားနဲ့ ဇာတ်လမ်းကို သရုပ်ဆောင်နိုင်မဲ့ လူတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ဒီပုံရိပ်နဲ့ကိုက်ညီမဲ့သူကို ရှာတွေ့ဖို့တော့ အရမ်းခက်တယ်လေ"

"ငါတို့တွေ ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာက အရေးမကြီးပါဘူး" ရုံရှင်းက ပြောလိုက်သည်။

"ငါတို့တွေမှာ အသေးအဖွဲကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းပေးတဲ့ သရုပ်ဆောင်တွေကို ကူညီပေးတဲ့ အထူးသီးသန့် ကိုယ်စားလှယ်တွေ ရှိပါတယ်"

...

All Chapters