← Chapters

အပိုင်း(၈၁)

Vol. 6 Ch. 81

အပိုင်း(၈၁)

Vol. 6 Ch. 81

သူက မောက်ဟွေ့မေကို ကြည့်လိုက်ပြီး "နင် အလုပ်လုပ်ချင်တယ်လို့ ခုနတုန်းက ပြောလိုက်တယ် မဟုတ်လား"

သူမသည် အလုပ်အကြောင်း ကြားလိုက်ချိန်တွင် မောက်ဟွေ့မေသည် ရုတ်တရက်ဆိုသလို သူမ၏တူများကို ချထားလိုက်ကာ စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။ "ဟုတ်တယ် အစ်ကို။ ကျွန်မမှာ အထက်တန်းအောင်လက်မှတ် ရှိတယ်။ ဒီတော့ ကျွန်မက အရေး၊ အဖတ်နဲ့ အတွက်အချက်မှာ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ကျွန်မ ညကျောင်းဝင်ခွင့် စာမေးပွဲဖြေဖို့ အစီအစဉ်ရှိတယ်..."

ရုံရှင်းက ပြောလိုက်သည်။ "ငါရဲ့ ရုပ်ရှင်နဲ့တီဗီကုမ္ပဏီကလည်း အခုလေးတင်မှ ဖွင့်ထားတာ။ ငါကဂရုစိုက်တတ်ပြီး စိတ်ရှည်မဲ့ လက်ထောက်တစ်ယောက် လိုနေတာလေ။ နင် စမ်းကြည့်ပါလား။ ပြီးရင်နင်လည်း ဦးလေးရဲ့ လက်ထောက်တစ်ယောက် လုပ်လို့ရပြီးတော့ သူ့ရဲ့ဝေယျာဝစ္စတွေကို ကူညီပေးလို့ရတာပေါ့"

ရှမြန်က တည်တည်ငြိမ်ငြိမ် မေးလိုက်၏။ "လစာက ဘယ်လောက်ရမှာလဲ"

ရုံရှင်းက သူမ ဆိုလိုသည့်အဓိပ္ပာယ်ကို နားလည်သည်။ "လစာနဲ့ပတ်သက်ပြီးတော့ ငါတို့တွေ ဒါရိုက်တာကိုပဲ မေးသင့်တယ်။ ဒါပေမဲ့လည်း သရုပ်ဆောင်တစ်ယောက်ရဲ့ ဝင်ငွေက အရမ်းမြင့်မားတယ်။ ကောကျင့်နဲ့ဟွမ်ရုံလို သရုပ်ဆောင်တဲ့သူတွေဆိုရင် တစ်နှစ်ကို ယွမ်၁သိန်းကျော် ရှာနိုင်တယ်လေ..."

နဥ်ရှောက်ပိုင်က ရုံရှင်းကို ကန်လိုက်ကာ ပြောလိုက်၏။ "လက်တွေ့ကျကျ ပြောစမ်းပါ"

ရုံရှင်းက တသောသောရယ်မောလိုက်ကာ "ဦးလေး ဒီနေရာအတွက် လစာငွေက ၁ထောင်၊ ၂ထောင်လောက် ရနိုင်ပါတယ်။ တကယ်လို့ ရုပ်ရှင်ရိုက်တာ ချောချောမွေ့မွေ့ ဖြစ်သွားမယ်ဆိုရင် ဒါက ၁ပတ်၊ ၂ပတ်အတွင်း အပြီးသပ်နိုင်လိမ့်မယ်။ လက်ထောက်တစ်ယောက်အနေနဲ့ အခြေခံလစာကတော့ တစ်လကို ၆၀၀။ ပြီးတော့ ပွဲတော်ကာလအတွင်းမှာ ဆုကြေးတွေလည်း ရှိသေးတယ်။ ကျွန်တော်တို့တွေ ဒီကိစ္စကို အသေးစိတ် တိုင်ပင်လို့ရပါတယ်"

မောက်ကျစ်ရှန်းသည် အမှန်ပင် အနည်းငယ် ချီတုံချတုံ ဖြစ်သွားသည်။ သူသည် ငွေရှာနိုင်မည့်အပြင် သူ့သမီးကလည်း အလုပ်တစ်ခု ရလာလိမ့်မည်...

သူက ရှ၀မ်ယွဲ့ကို ကြည့်လိုက်ပြီးနောက် မောက်ဟွေ့မေကို ကြည့်လိုက်ကာ ခံစားချက်များက အလွန်ရှုပ်ထွေး သွားတော့သည်။

ရုံရှင်းက ဒါကိုဖိအားမပေးဘဲ ပြုံးပြလိုက်၏။ "ကျွန်တော် အခုအချိန်မှာ အရမ်း စိတ်လှုပ်ရှားသွားလို့ပါ။ အဓိက အကြောင်းအရင်းကတော့ ကျွန်တော်တို့က ဒီလိုသရုပ်ဆောင်ကို ရှာဖွေနေတာ ၁လ၊ ၂လလောက် ရှိသွားပြီလေ။ ရိုက်ကူးရေးအဖွဲ့ကလည်း စပြီးတော့ ရိုက်နေကြပြီ။ တကယ်လို့ ကျွန်တော်တို့တွေက သင့်တော်တဲ့လူတစ်ယောက်ကို မရှာနိုင်ခဲ့ဘူးဆိုရင် ကျွန်တော်တို့က ဖြစ်သလို လုပ်ရတော့မှာပဲ။ ဒီတော့ ကျွန်တော်က ဦးလေးရဲ့ရုပ်ရည်က သင့်တော်တာကို တွေ့လိုက်ရတဲ့အခါ နည်းနည်းလေး စိတ်လှုပ်ရှားသွားတာပါ"

"ဒီအကြောင်းကို သေသေချာချာ စဉ်းစားကြည့်လိုက်ပါ။ ဒါမှမဟုတ်လည်း ဦးလေးအားတဲ့အချိန်ကျရင် ရိုက်ကူးရေးအဖွဲ့ဆီ အလည်လာပြီးတော့ ဒါရိုက်တာနဲ့ တွေ့ကြည့်လိုက်ပေါ့။ အလုပ်လုပ်တာ မလုပ်တာကတော့ အရေးမကြီးပါဘူး"

မောက်ကျစ်ရှန်းသည် စိတ်အေးသွားသလို သက်ပြင်းချလိုက်၏။

သို့သော်ငြားလည်း မောက်မိသားစုက ညီအစ်မ၃ယောက်ကို ကြည့်လိုက်မိသည်တွင် ရှမြန်သည် ဒါက အမှန်တကယ် အလုပ်ဖြစ်လိမ့်မည်ဟု ခံစားမိလိုက်၏။ ဒါသည် မောက်ကျစ်ရှန်းအတွက်တော့ ဒီခြေလှမ်းကို လှမ်းဖို့ရန် လွယ်ကူလိမ့်မည် မဟုတ်သော်ငြားလည်း သူ့သမီးများက သူ့ကို သတ္တိများ ပေးစွမ်းနိုင်ပေသည်။

ရှမြန်ကလည်း သူမ၏ဦးလေး ယုံကြည်ချက်ရှိရှိနှင့် ခေါင်းမော့ရင်ကော့ကာ ဘဝကို ရင်ဆိုင်နိုင်မည့်နေ့ရက်ကို မျှော်လင့်နေလေသည်။

ဖန်ရှို့ကျစ် ရောက်လာချိန်တွင် ရှမြန်၏ မိသားစုတစ်ခုလုံးအပါအဝင် နဥ်ရှောက်ယွင်တို့က အလှအပ ကုသမှုအတွက် ခြံဝင်းထဲတွင် တန်းစီနေကြသည်။

ထိုနေ့သည် စနေနေ့ ဖြစ်လေသည်။ ဆိုင်အတွက် ပြင်ဆင်ပေးဖို့ရန် ပါဝင်ပစ္စည်း အများအပြားမရှိချေ။ ရှ၀မ်ယွဲ့ကလည်း ထိုမျှလောက် အလုပ်မများတော့ချေ။ မနက်စာ စားပြီးသည့်နောက်တွင် ရှမြန်က အိုးကိုဆေးကြောလိုက်ပြီး သူမသည် ညှိုးနွမ်းနေသည့် သခွားသီးများကို တွေ့လိုက်သဖြင့် သူမသည် သခွားသီးလေးများကို ဒီအတိုင်းပါးပါးလေး အလွှာလိုက် လှီးဖြတ်လိုက်ကာ သူမ၏မျက်နှာပေါ်တွင် တင်ထားလိုက်သည်။

မောက်ဟွေ့လန်က သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။ "အစ်မမြန် အစ်မ ဘာလုပ်နေတာလဲ"

ရှမြန်က ပြောလိုက်သည်။ "အလှအပရေးရာလေ။ ဒါက အသားအရေကို တိုးတက်စေနိုင်ပြီးတော့ အရေးအကြောင်းတွေကို လျော့ပါးစေနိုင်တယ်။ လူတွေကိုပိုပြီး ဖြူဖွေးပြီးတောက်ပလာအောင် လုပ်ပေးနိုင်တယ်"

ရှောင်ဖုန်းနှင့် ချန်းချန်းတို့က ခြံဝင်းထဲတွင် ရွှေတုံးလုပ်တမ်း ကစားနေကြသည်။ ချန်ချန်က သူတို့ကို ဒီကစားနည်း သင်ပေးခဲ့ခြင်းပင်။ သူတို့သည် ဆူညံသံကိုကြားလိုက်သဖြင့် အပြေးရောက်လာကြ၏။

ကောင်ကလေး၂ယောက်က သူမကို စိတ်အားထက်သန်စွာ ကြည့်နေပြီး သူတို့လည်းပဲ ဒါကိုစမ်းကြည့်ချင်နေသည်မှာ သိသာလေသည်။

ရှမြန်က ကျေးဇူးတင်သည့်အနေဖြင့် သူတို့တစ်ယောက်ချင်းစီကို သခွားသီးအစိတ်လေး အနည်းငယ် ပေးထားလိုက်သည်။

မောက်ဟွေ့လန်ကလည်း ရုံရှင်းပြောပြခဲ့သည့် အလှအပရေးရာ ကုသမှုအကြောင်းကို အခုလေးတင် ကြားခဲ့ရသည်။ သူမ၏အဖေက သရုပ်ဆောင်တစ်ယောက်အဖြစ် အရေးတကြီး လိုအပ်နေသည်ကို သူမသိသည်။ ထို့ကြောင့် သူမက စိတ်ဝင်စားလာ၏။ "တကယ်လား ကျွန်မရဲ့အဖေရော အဲ့ဒါကို လုပ်လို့ရလား"

"သေချာပေါက်လုပ်ရမယ်" ရှမြန်က ပြောလိုက်သည်။ "နင့်မိဘတွေ ဒါကို ကပ်ထားလိုက်ရင် ပိုပြီးတော့ ကောင်းလာလိမ့်မယ်။ ဒါကို ၁၀မိနစ်လောက် ကပ်ထားလိုက်။ ပြီးရင် မျက်နှာကို ရေဆေးချပြီးတော့ မျက်နှာလိမ်းခရင်မ်လေး တချို့လိမ်းလိုက်။ ဒါကိုတစ်ကြိမ်လောက် စမ်းသပ်ပြီးရင် သိသွားလိမ့်မယ်"

ရှမြန်သည် သိပ္ပံနည်းကျသင်ခန်းစာတစ်ခုကို ပေးနေလေသည်။ မောက်ဟွေ့ကျူးက ခြံထဲတွင် တံမြက်စည်းလှည်းနေသည့် မောက်ကျစ်ရှန်းကို ဆွဲခေါ်လာခဲ့ပြီဖြစ်ကာ ပြောလိုက်၏။ "အဖေ လာပြီးတော့ အလှအပရေးရာ ကုသမှုလေးလာလုပ်ပါ"

မနေ့က ရုံးရှင်းပြောခဲ့သည့်စကားက မောက်မိသားစု၏ မိသားစုဝင်အားလုံးကို ခံစားမိသွားစေသည်။ သို့သော်ငြားလည်း လူကြီး၃ယောက်ကတော့ ရုန်းကန်နေရာဆဲဖြစ်ကာ တွေဝေနေဆဲ ဖြစ်လေသည်။ သို့သော်ငြားလည်း မောက်‌ဟွေ့လန်နှင့် မောက်ဟွေ့ကျူးတို့ကတော့ သူတို့၏အဖေက နာမည်ကြီး ကြယ်ပွင့်တစ်ယောက် ဖြစ်လာလိမ့်မည်ဟု စတင်ယုံကြည်ထားကြတော့သည်။

မောက်ဟွေ့လန်ကတော့ သခွားသီးများကို အလွှာလိုက် လှီးထားလိုက်ပြီး မောက်ဟွေ့ကျူးကတော့ ချွဲချွဲနွဲ့နွဲ့လုပ်နေကာ မောက်ကျစ်ရှန်းကို မျက်နှာသစ်ဖို့ ပြောနေလေသည်။

မောက်ကျစ်ရှန်းမှာ သူ့သမီးများကို နားမချနိုင်ခဲ့ချေ။ ထို့ကြောင့် သူက ခြံဝင်းထဲက ခွေးခြေခုံလေးတွင် ဖိချခံလိုက်ရပြီး မျက်နှာပေါ်တွင် သခွားသီးအလွှာများ ကပ်ထားခံရတော့သည်။

မောက်ဟွေ့လန်က သူ့ကို သတိပေးလိုက်၏။ "အဖေ သခွားသီးက ဝမ်တော်တော်များများ ပေးရတယ်နော်။ အလကားဖြစ်အောင် မလုပ်နဲ့"

မောက်ကျစ်ရှန်းမှာ ချက်ချင်းဆိုသလို လှုပ်ရှားနေသည်ကို ရပ်တန့်လိုက်၏။

မောက်ဟွေ့လန်က မျက်နှာသာမပေးဘဲ အော်လိုက်၏။ "အမေ ဒီကိုလာပါဦး။ အတူတူလုပ်ရအောင်"

ရှဝမ်ယွဲ့နှင့် မောက်ဟွေ့မေတို့သည် အသားတုတ်ထိုး လုပ်နေသည့် အခန်းမှ ထွက်လာကြ၏။ တန်းစီကာ ထိုင်နေကြသည့် မျက်နှာစိမ်းမိစ္ဆာလေးများကို မြင်လိုက်သည်တွင် ရှ၀မ်ယွဲ့မှာ မနေနိုင်ဘဲ အော်ရယ်လေတော့သည်။ "နင်တို့တွေ ဘာလုပ်နေကြတာလဲ"

အတွေ့အကြုံ ရှိထားပြီးသားဖြစ်သည့် မောက်ဟွေ့လန်က သူမနှင့် မောက်ဟွေ့မေတို့ကို ခွေးခြေခုံလေးပေါ်တွင် တွန်းထိုင်ခိုင်းလိုက်ကာ ပြောလိုက်သည်။ "လာပါ အလှအပရေးရာကုသမှုကို အတူတူလုပ်ရအောင်"

...

နဥ်ရှောက်ယွင်သည် အစောပိုင်းကတော့ ချန်းချန်းကို လာရှာခဲ့ခြင်းဖြစ်သည်။ သို့သော်ငြားလည်း သူမကတော့ အခန်းထဲကို ဝင်လိုက်သည်နှင့် ချက်ချင်း ထူးထူးခြားခြား အလှအပရေးရာအဖွဲ့ကို မြင်လိုက်ရသဖြင့် မှင်တက်အံ့ဩသွားတော့သည်။ ခဏအကြာတွင် သူမက တော်တော်လေး ရယ်မောလိုက်ကာ ပြောလိုက်လေသည်။ "နင်တို့တွေ ကိုယ့်ဟာကိုယ် ဘယ်လို ပျော်အောင် လုပ်ရမလဲဆိုတာ တကယ်သိကြတာပဲ"

ချန်းချန်းကလည်း ရှောင်ဖုန်းလိုပဲမျက်နှာ၏ တစ်ဖက်တချက်စီတွင် သခွားသီး အချပ်လေးတစ်ခုကို ကပ်ထားပြီး နဖူးပေါ်တွင်လည်း တစ်ခုကိုကပ်ထားကာ မျက်လုံးများကို မှိတ်ထားပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ရှမြန်၏ပျော်ရွှင်မှုကို ခံစားနေသည့်ရုပ်ကို အတုခိုးထားခြင်းပင်။

သူ့အမေအသံကို ကြားလိုက်ရသဖြင့် သူက ဝမ်းသာအားရ ထရပ်လိုက်ကာ သူမကို သူ့ဆီသို့ ဆွဲခေါ်ထားလိုက်သည်။ "မေမေ မေမေလည်းလာခဲ့"

နဥ်ရှောက်ယွင်မှာ သူက ဘာအကြောင်းများကို စဉ်းစားနေမှန်း မသိတော့ချေ။ သူမသည် အမှန်ပင် မျက်နှာကို သာသစ်ခဲ့ရပြီး ရှမြန်နှင့်အတူ ထိုင်ချလိုက်ရလေသည်။

ရှမြန်က နှုတ်ခမ်းများကို တင်းနေအောင် စေ့ထားကာ စကားမပြောရဲချေ။ "အစ်မနဥ် တစ်ခုခုဖြစ်လို့လား"

နဥ်ရှောက်ယွင်က သခွားသီးအချပ်လေးများကို ကပ်ထားလိုက်ပြီး ပါးစပ်ကိုတင်းအောင် ပိတ်ထားကာ ပြောလိုက်၏။ "စိတ်အားတက်ကြွမှုလေး ရအောင် ဒီဘက်ကိုလာခဲ့တာပါ"

သူမက မျက်နှာသေတစ်ခုကို ကြိုးစားထိန်းထားပြီး ပြောလိုက်၏။ "နင့်ရဲ့စွမ်းအင်တွေက ငါ့ရဲ့စိတ်နှိုးကြွမှုရဲ့ အရင်းအမြစ်တွေလေ။ နင်တို့တွေက ဒီဘက်မှာ ဒီလိုဖြစ်နေတာဆိုတော့ ငါကလည်း သိပ်ပြီး နေသာထိုင်သာ မရှိလှဘူး"

ချန်းချန်းနှင့် ရှောင်ဖုန်းတို့က ဒါကို စိတ်ဝင်စားစရာကောင်းသည်ဟု ထင်သွားလေသည်။ သူတို့၂ယောက်ကလည်း ထိုကဲ့သို့ စကားပြောဆိုနေကြကာ သူတို့ကို လိုက်ပြီး အတုခိုးနေသည်။

ချန်းချန်း၏မျက်နှာက တင်းမာနေပြီး သူက သေးငယ်သည့် လှုပ်ရှားမှုလေးတစ်ခုဖြင့် နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။ "ရှောင်ဖုန်း ညီလေး"

ရှောင်ဖုန်းကလည်း ထိုနည်းတူပင် ပြန်ဖြေလေသည်။ "ကိုကို ချန်းချန်း"

ထိုသို့ပြောလိုက်ပြီးသည်နောက်တွင် ကလေး၂ယောက်က ရယ်ကြောကို တို့ခံလိုက်ရသလို တခွိခွိနှင့် စတင်ရယ်မောတော့သည်။

ကလေးများ၏ ရယ်မောသံက အလွန်မှ ကူးစက်လွယ်လေသည်။ သူတို့က ရယ်မောလိုက်ချိန်တွင် အားလုံးကလည်း လိုက်ပြီးရယ်မောကြသည်။ အားလုံးက သူတို့မျက်နှာပေါ်က သခွားသီးအချပ်လေးများ မပြုတ်ကျအောင် လက်ကိုဆန့်ကာ ထိန်းထားကြသည်။

မောက်ဟွေ့ကျူးကတော့ မျက်နှာကိုကြိုးစားပြီး တည်ငြိမ်နေအောင် ထိန်းထားကာ အော်ငေါက်လိုက်၏။ "ဒါက ဝမ်တော်များများ ပေးရတာနော်။ ချန်းချန်း ရှောင်ဖုန်း နင်တို့၂ယောက် အခုချက်ချင်း ရပ်ကြစမ်း"

ရလဒ်အနေဖြင့် ချန်းချန်းသည် အားလုံး၏အမူအရာကို မြင်လိုက်ရသည့်အခါ သူကပိုလို့ပင် ဝမ်းသာအားရ အော်ရယ်တော့သည်။ ရှောင်ဖုန်း၏မျက်နှာပေါ်က သခွားသီးစိတ်လေးများကလည်း ရယ်မောသံကြောင့် ပြုတ်ကျသွားတော့သည်။

မောက်ဟွေ့ကျူးမှာ အလွန်မှဒေါသထွက်သွားသဖြင့် ထရပ်ကာ ချန်းချန်းနောက်သို့ လိုက်ဖမ်းတော့သည်။ ချန်းချန်းက အော်ဟစ်ကာ ထွက်ပြေးလေ၏။ ရှောင်ဖုန်းကတော့ သူ့နဖူးပေါ်က သခွားသီးစိတ်လေးကို ဂရုမစိုက်တော့ချေ။ သူက လက်တစ်ဖက်ချင်းစီတွင် သခွားသီးစိတ်လေးတစ်ခုကို ကိုင်ထားကာ ခြေထောက်တိုတိုလေးများဖြင့် နောက်က လိုက်ပြေးသွားသည်။

ထို့နောက်တွင်တော့ အပြင်ဘက်က ကားဟွန်းသံတစ်ခုကို ကြားရတော့သည်။

ခဏအကြာတွင် ဒေါ်ဒေါ်ဝေက မျက်နှာမကောင်းစွာဖြင့် ဝင်လာ၏။ "ရှောက်ယွင် ဖန်ရှို့ကျစ် ရောက်နေတယ်"

နဥ်ရှောက်ယွင်၏မျက်နှာသည် မသိမသာပြောင်းလဲသွားသည်။ ရှမြန်ကလည်း သခွားသီးစိတ်ကို ဖယ်လိုက်ကာ မြန်မြန် မျက်နှာသွားသစ်လိုက်သည်။ အဆုံးတွင် သူမက မောက်ဟွေ့လန်ကို အလောတကြီး ပြောလိုက်၏။ "နင့်အဖေကို ခရင်မ်လည်း လိမ်းခိုင်းဖို့ မမေ့နဲ့နော်"

ဒီနေ့၏လှုပ်ရှားမှုသည် မူလက မောက်ကျစ်ရှန်းအတွက် ဖြစ်ပေသည်။ ထို့ကြောင့် သူတို့၏ကြိုးစားမှုကို အချည်းနှီးဖြစ်စေလို့ မဖြစ်ပေ။

ရှမြန်က နဥ်ရှောက်ယွင် နောက်လိုက်သွားကာ ပင်မအခန်းတံခါးတွင် ရပ်နေသည့်ဖန်ရှို့ကျစ်ကို တွေ့လိုက်ရ၏။

ရှမြန်က အနည်းငယ် အံ့သြသွားသည်။ တစ်ဖက်လူသည် အသက်၃၀ဝန်းကျင် ဖြစ်ဟန်တူကာ သိမ်မွေ့သည့် ရုပ်အသွင်ပိုင်ဆိုင်ထားပြီး သူမ၏ဆံပင်များကို ခပ်မြင့်မြင့် စည်းထားလေသည်။ ရည်မွန်သည့် သားနားသည့် ပရော်ဖက်ရှင်နယ်တစ်ယောက်လို ဝတ်စားထားလေသည်။ သူမသည် လုပ်ရည်ကိုင်ရည် ရှိသော်ငြားလည်း မိန်းမဆန်သေးသည်။

သူမက ချန်းချန်းကို ပြန်ပေးဆွဲခဲ့သည့် လက်သည်တရားခံဟုသာ သေချာမသိထားလျှင် ဒီလိုဆွဲဆောင်မှုရှိသည့် လူတစ်ယောက်က ထိုမျှလောက် ရက်စက်နိုင်လိမ့်မည်ဟု လုံးဝစိတ်မကူးကြည့်နိုင်သလောက်ပင်။

သို့သော်ငြားလည်း သူမက မကြာမီတွင် သူမ၏အရောင်အစစ်အမှန်ကို ထုတ်ပြတော့သည်။

သူမက မျက်နှာပေါ်တွင် ချစ်ခင်မြတ်နိုးနေသည့်ရုပ်တစ်ခုဖြင့် ကစားနေသည့် ချန်းချန်းဘက်ကို လက်ဆန့်တန်းလိုက်ကာ "ချန်းချန်း ဒီကိုလာပါဦး။ ဘွားဘွားကို ပေးဖက်ပါဦး။ အလို ကလေးရဲ့အဘွားမှာ သားကို မတွေ့ရတော့မလို‌တောင် ဖြစ်တော့မလို့"

နဥ်ရှောက်ယွင်၏မျက်နှာက ပြောင်းလဲသွားသည်။ သူမက ရှေ့သို့မြန်မြန်လှမ်းလိုက်ကာ ချန်းချန်းကို သူမ၏လက်ထဲတွင် ကောက်ချီထားလိုက်၏။

ချန်းချန်းက ဇဝေဇဝါဖြင့် မော့ကြည့်လိုက်လေသည်။ "မေမေ"

နဥ်ရှောက်ယွင်က ပြန်ဖြေလိုက်ပြီး ချန်းချန်း၏ခေါင်းလေးကို အသာအယာ ထိကိုင်ပေးလိုက်ကာ "ဘာမှမဖြစ်ပါဘူး။ ညီလေးရှောင်ဖုန်းနဲ့ သွားကစားနော်။ မေမေဧည့်သည်ကို ဧည့်ခံလိုက်ဦးမယ်"

ချန်းချန်းက ဖန်ရှို့ကျစ်ကို လှမ်းကြည့်လိုက်ပြီးနောက်တွင် ရှောင်ဖုန်းကိုခေါ်ကာ ရှမိသားစု အိမ်ဝင်းဘက်သို့ ပြန်သွားတော့သည်။

ဖန်ရှို့ကျစ်ကတော့ အောင့်သက်သက်အနေအထားဖြင့် သူမ၏လက်ကို ဆန့်တန်းထားဆဲဖြစ်ကာ နဉ်ရှောက်ယွင်ကို ပြောလိုက်သည်။ "ရှောက်ယွင် နင် ဘာလုပ်နေတာလဲ။ ငါ့ကို လူဆိုးတစ်ယောက်လို့များ နင်က တကယ်ထင်နေတာလား"

သူမက သက်ပြင်းချလိုက်၏။ "နင် ငါ့အပေါ် အာဃာတထားတယ်ဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ အဘိုးကြီးကလည်း အရမ်းအိုနေပါပြီ။ နင် ပြန်လာတာတောင်မှ သူ့ကို သွားမတွေ့ခဲ့ဘူးနော်။ အဘိုးကြီးက ချန်းချန်းရဲ့အခြေအနေကို ကြားပြီးကတည်းက သူက မစားနိုင်မသောက်နိုင်နဲ့ သူ့ကိုပဲ အမြဲတမ်းစိတ်ပူနေခဲ့တာ"

"ရှောက်ယန်သာ အဲဒီနေ့တုန်းက နင်တို့တွေနဲ့မတွေ့ခဲ့ဘူးဆိုရင် ဒီအကြောင်းကို ငါတို့တွေသိမှာတောင် မဟုတ်ဘူး။ နင့်ရဲ့ဒေါသတွေကို ငါနဲ့အဘိုးအပေါ် ပုံမချပါနဲ့"

နဥ်ရှောက်ယွင်က သူမ၏လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီး "ဖန်ရှို့ကျစ် ရှင်က အဖြေကို သိထားပြီးသား ဖြစ်နေတာပဲ။ ဒီနေရာမှာ မေးခွန်းတွေ လာမေးမနေပါနဲ့"

ဖန်ရှို့ကျစ်က မသိမသာ မျက်မှောင်ကြုတ်လိုက်ကာ မျက်နှာပေါ်တွင် အပြစ်ကင်းစင်သည့် အကြည့်တစ်ခုဖြင့် ခေါင်းခါလိုက်လေသည်။ "နင်ဟာလေ တော်တော့်ကို ဒေါသကြီးတဲ့ကလေးပဲ။ တော်ပါသေးတယ် ချန်းချန်းက အဆင်ပြေနေလို့ပဲ။ တကယ်လို့ ချန်းချန်းသာ တကယ်တမ်း ကံဆိုးသွားမယ်ဆိုရင် နင် ဒါတွေလုပ်နေတာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။ ဒါက နင့်ဘဝကို ဖြစ်သင့်တဲ့နည်းလမ်းနဲ့ နေထိုင်ဖို့ အရေးပဲမဟုတ်လား"

"နင်နဲ့ ရွှယ်ဝမ်တို့က အဆင်မပြေဘူးလို့ နင်ပြောတယ်။ ရွှယ်ဝမ်သာ မရှိဘူးဆိုရင် နင် ဒီထပ်ပိုပြီးတော့တောင် အင်အားနည်းသွားဦးမယ်။ နင်က ဘာလိုချင်တာလဲ"

ရှမြန်မှာ မနေနိုင်တော့ဘဲ နှုတ်ခမ်းများကို မဲ့ထားရတော့သည်။ နဥ်ရှောက်ယွင်သည် သူမနှင့်ပြိုင်ဘက် မဟုတ်သည့်အတွက် နဥ်ရှောက်ပိုင်က စိုးရိမ်နေသည်ကလည်း မအံ့ဩတော့ချေ။ ဒီဖန်ရှို့ကျစ်သည် ဖန်ရှောက်၀မ်၏ အထူးတလည် အဆင့်မြှင့်ထားသည့် ဗားရှင်းတစ်ခုသာ ဖြစ်တော့သည်။

ဒါက အရမ်းကိုမှ ရက်စက်လှသည်။ ဒါသည် လူများကို ထိခိုက်နာကျင်အောင်လုပ်နေသည့်အပြင် ရရှိထားသည့် ဒဏ်ရာအပေါ်လည်း စော်ကားလိုက်သေးသည်။

"အဲဒီကိစ္စကို စိတ်မပူပါနဲ့" နဥ်ရှောက်ယွင်က အေးစက်စက် ပြောလိုက်၏။ "ရှင့်ကို ကျွန်မ အိမ်ကနေ မကြိုဆိုဘူး"

ဖန်ရှို့ကျစ်က ကလေးတစ်ယောက်ကို နားမလည်နိုင်ဘူးဟု ပြောပြနေသည့်အမူအရာတစ်ခုဖြင့် ရှမြန်ဘက်ကို လှည့်ကြည့်လိုက်သည်။ "ဒါက ရှမြန်ပဲ ဖြစ်ရမယ်။ မင်း ချန်းချန်းကို ကယ်တင်ပေးခဲ့တယ်လို့ ငါ ကြားထားတယ်။ ကျေးဇူးအများကြီး တင်ပါတယ်"

ဒီအချိန်တွင်တော့ သူမက နဥ်ရှောက်ယွင်ကို ဒေါသဖြင့်ကြည့်ကာ ပြောလိုက်လေသည်။ "နင်နဲ့ ရှောက်ပိုင်တို့ကလည်းလေ တကယ်တစ်ခုခုပဲ။ ပြန်လာတာကိုတောင် မပြောဘူး။ ချန်းချန်းရဲ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးရှင်ရဲ့ မိသားစုအကြောင်းကိုတောင် မပြောပြခဲ့ဘူး။ နောက်ဆုံးတော့ ငါတို့က အပြင်လူကနေပဲ သိလိုက်ရတယ်လေ"

"အခုမှ နင်တို့အိမ်တံခါးဆီကို ရောက်လာရတာ။ ငါတို့အတွက် တကယ်ရိုင်းစိုင်းရာ ကျတာပေါ့"

ရှမြန်က ပြုံးကာ ပြောလိုက်၏။ "အဒေါ်က အရမ်းယဉ်ကျေးနေပါပြီ။ ဒါက သေးငယ်တဲ့အကူအညီလေး တစ်ခုပါပဲ"

"ကျွန်မကို ကျေးဇူးတင်တာထက်စာရင် ချန်းချန်းကို ပြန်ပေးဆွဲချင်ခဲ့တဲ့ တရားခံက အရေးအကြီးဆုံးပဲ"

"ကလေးတစ်ယောက်အပေါ် ဒီလိုတကယ်တမ်းလုပ်နိုင်တဲ့ လောကကြီးထဲမှာ ရက်စက်တဲ့လူတစ်ယောက် ဘယ်လိုလုပ်ပြီး ရှိနေပါလိမ့်။ သူက ကလေးကို အသက်ရှင်ရက် အရေခွံခွာပြီး သူ့ရဲ့အရွတ်တွေကို ဆွဲဆုပ်နေတာပဲ။ သူ့ကို အကြိမ်တစ်ရာလောက် ပစ်ခတ်မယ်ဆိုရင်တောင် မလုံလောက်သေးဘူး"

"အဘိုးနဥ်ကတောင် ဒီအကြောင်းကို အစောကြီးကတည်းက သိထားခဲ့တယ်ဆိုရင် အဒေါ်ကလည်း အစောကြီးကတည်းက ဒီအကြောင်းကို သေချာပေါက် သိထားရမယ်။ ဟုတ်တယ်မလား" ရှမြန်က အပြုံးတစ်ခုဖြင့် ပြောလိုက်၏။

"နဥ်မိသားစုက အရမ်းကို အာဏာရှိတာလေ။ သူတို့တွေက အဲဒီတိရစ္ဆာန်ကို ဘာဖြစ်လို့ မရှာခဲ့ပါလိမ့်"

ဖန်ရှို့ကျစ်၏မျက်နှာမှာ မသိမသာ မည်းမှောင်သွားပြီး ရှမြန်က ရုတ်တရက် သဘောပေါက်သွားသလိုဖြင့် "အာ သိပြီ။ နောက်ဆုံးတော့ သူက လူ့အရေခွံနဲ့ ဖုံးအုပ်ထားတဲ့သူလေ။ ဒီတော့ သူ့ကိုရှာဖို့ မလွယ်လောက်ဘူး"

"ဒါပေမဲ့ အဆိုရှိတဲ့အတိုင်းပဲ မဟုတ်လား။ ကောင်းကင်ဘုံရဲ့ပိုက်ကွန်က ကျယ်ဝန်းလွန်းတယ်။ ဘယ်အရာမှ လွတ်မြောက်မှာ မဟုတ်ဘူးတဲ့။ သူက လူ့အရေခွံကို ဝတ်ထားတယ်ဆိုရင်တောင် သူ့ရဲ့တိရစ္ဆာန်ဆန်ဆန် အကျင့်စရိုက်ကိုတော့ ဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူးလေ။ သူ့ရဲ့မျက်နှာအစစ်ကို အနှေးနဲ့အမြန်ပဲ ဖော်ပြလာမှာပါ။ အချိန်တန်ရင် အဒေါ်တို့က သူ့ကို သေသေချာချာလေး ကိုင်တွယ်မှဖြစ်မယ်။ အဒေါ်တို့တွေ သူ့ကိုနွားတင်းကုတ်ထဲမှာ ပို့ထားနိုင်ရင်တော့ အကောင်းဆုံး ဖြစ်လိမ့်မယ်"

ဖန်ရှို့ကျစ်သည် မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေဆဲဖြစ်သော်လည်း သူမ၏မျက်လုံးများက အေးစက်နေ၏။ "မိန်းကလေးရှက အရမ်းကို တည့်တိုးဆန်ပြီး ရဲတင်းတယ်လို့ ငါ ကြားထားတာ။ ငါ့အထင်တော့ သူတို့တွေက အရမ်းကို နှိမ့်ချလွန်းနေတာပဲ"

ရှမြန်က ပြုံးကာ ပြောလိုက်သည်။ "အဒေါ်ကလည်း အရမ်းကို ချီးကျူးလွန်းနေပါပြီ"

ဖန်ရှို့ကျစ်က ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ်ပါ။ မင်းက ချန်းချန်းကို ကယ်တင်ပေးခဲ့တော့ ငါတို့တွေက မင်းကို ကျေးဇူးပြန်ဆပ်ရမှာပေါ့"

"အခုရှောက်ပိုင်က မင်းအတွက် နေထိုင်ဖို့နေရာတစ်ခု စီစဉ်ပေးထားပြီးပြီဆိုတော့ ငါက မင်းအတွက် အလုပ်တချို့ ရှာပေးမယ်လေ" ဖန်ရှို့ကျစ်က ပြုံးလိုက်၏။ "မင်းက အထက်တန်းကျောင်းမှာ တစ်နှစ်လောက် စာလေ့လာခဲ့တယ်လို့ ကြားထားတယ်။ ဒီတော့ ပရောဂျက်ကအလုပ်က မင်းအတွက် အဆင်ပြေလိမ့်မယ်"

"နဥ်မိသားစုနဲ့ဟော်မိသားစုရဲ့ ပရောဂျက်တွေအကြောင်းတော့ မပြောသေးပါနဲ့ဦး" သူမက ခေါင်းကို စောင်းထားလိုက်ပြီး တစ်ခုခုကို သတိရသွားဟန်ဖြင့် နဥ်ရှောက်ယွင်ကို ပြောလိုက်လေသည်။

"စကားမစပ် ငါ့မှာ နင့်အတွက် သတင်းကောင်းရှိတယ်။ ငါတို့မိသားစုက မော့ဟယ်ကုမ္ပဏီနဲ့ လက်တွဲတော့မှာလေ။ အဟင်း.. နင် မော့ဟယ်ကုမ္ပဏီကို သိချင်မှသိမှာပါ။ ဒါပေမဲ့လည်း ဒါက မိုဘိုင်းလ်ဖုန်းတွေကို ထုတ်တဲ့ကုမ္ပဏီလေ"

"ရှောက်ယွင် နင့်မှာလည်း ဖုန်းတစ်လုံးရှိတယ်လို့ ငါ ကြားထားတယ်။ ဒါက ဝယ်ရခက်တယ်နော် ဟုတ်တယ်မလား။ နင့်အတွက် တစ်လုံးလောက်ယူလာပေးဖို့ ရုံရှင်းဆီက တောင်းလိုက်တာလား"

"အဘိုးရဲ့မွေးနေ့ ရောက်လာတဲ့အချိန်ကျရင် ငါတို့တွေလည်း မော့ဟယ်နဲ့ စာချုပ်တစ်ခု ချုပ်ဆိုနိုင်တော့မယ်လေ။ အခုအချိန်ကစပြီး တရုတ်ပြည်က မိုဘိုင်းလ်ဖုန်းတွေအားလုံးကို ငါတို့ရဲ့ကုမ္ပဏီက ထုတ်လုပ်ပေးရတော့မယ်" သူမက ပြုံးကာ ရှမြန်ကို ပြောလိုက်၏။

"အဲဒီအချိန်ကျရင်တော့ ငါက မင်းကို တစ်လုံးလောက် သေချာပေါက်ပေးပါမယ်။ ဒါမှမဟုတ် မင်းက ဆန္ဒရှိတယ်ဆိုရင်လည်း အဲ့ဒီကုမ္ပဏီမှာ အလုပ်လုပ်လို့ရပါတယ်"

ရှမြန်နှင့် နဥ်ရှောက်ယွင်တို့က ထူးဆန်းသည့်ရုပ်များ ဖြစ်သွားကြသည်။

သူမ သိထားသလောက်ကတော့ ယခုသူတို့ကိုင်ထားသည် မိုဘိုင်းလ်ဖုန်းအားလုံးသည် နဥ်ရှောက်ပိုင် ရင်းနှီးမြှုပ်နှံထားခဲ့သည့် ကုမ္ပဏီကထုတ်ခဲ့သည့် အရာများ မဟုတ်ပါလား။

...

All Chapters