← Chapters

အပိုင်း(၈၂)

Vol. 6 Ch. 82

အပိုင်း(၈၂)

Vol. 6 Ch. 82

အစပိုင်းတွင်တော့ တစ်ဖက်လူ၏ နောက်ခံအရှိန်အဝါနှင့် အကျင့်စရိုက်တို့က စည်းမရှိသည့်အတွက် ရှမြန်မှာ ပူပင်ခဲ့မိသေးသည်။

သူမက ဒီလိုပြောလာသည်နှင့်ချက်ချင်း ရှမြန်သည် ချက်ချင်းဆိုသလို သဘောပေါက်မိသွားတော့သည်။

ဖန်ရှို့ကျစ်က ဒီအတိုင်း ကြွားလုံးထုတ်နေခြင်းသက်သက် ဖြစ်နေသည်။

သို့မဟုတ်ရင်လည်း... နဥ်မိသားစုနဲ့ မို့ဟယ်ကြားက ကော်ပိုရေးရှင်းဟု ခေါ်သည့်အရာမှာ နဉ်ရှောက်ပိုင်၏ အစီအစဥ်ထဲက အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်သည်။

လိုရင်းကိုပြောရလျှင် သူမရှေ့က အမျိုးသမီးသည် ရုတ်တရက်ဆိုသလို ထိုမျှလောက် ကြောက်စရာ မကောင်းတော့ချေ။ ရှမြန်က အပြုံးဖြင့် မေးလိုက်သည်။

"ရှင့်ရဲ့စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မလိုပါဘူး။ ကျွန်မ ကျောင်းတစ်ကျောင်းကိုတောင် မဆက်သွယ်ရသေးဘူးလေ။ ကျွန်မ နောက်ကျမှပဲ ကျောင်းသွားမှာပါ"

"ဆဲလ်ဖုန်းလို ဟာမျိုးတွေလည်း မလိုအပ်ပါဘူး"

ဖန်ရှို့ကျစ်က သူမမျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဆောင်ထားဆဲပင်။

"မင်းက ဘာဖြစ်လို့ ကျောင်းစမတက်သေးတာလဲလို့ စဥ်းစားနေခဲ့တာ ဖြစ်ချင်တော့ မင်းက ကျောင်းကိုတောင် မစုံစမ်းရသေးဘူး ဖြစ်နေတာကိုး"

"ဟုတ်ပါတယ်လေ ယန်တက္ကသိုလ် တွဲဖက်အထက်တန်းကျောင်းကို ဝင်ဖို့အတွက် မင်းတို့လို အပြင်လူအတွက် ခက်ခဲလိမ့်မှာပဲ"

ဒီအချိန်တွင် သူမက နဥ်ရှောက်ယွင်ကို တစ်ဖန်ကြည့်လိုက်၏။

"ကလေးတွေ ကျောင်းသွားဖို့အတွက်က အရမ်းအရေးကြီးတယ်လေ။ ပြီးတော့ ငါတို့မိသားစုအတွက် ဒါက ကြီးကြီးမားမားကိစ္စလည်း မဟုတ်ပါဘူး။ တကယ်လို့ နင်သာ ငါ့ကို စောစောပြောခဲ့မယ်ဆိုရင် အခုအချိန်လောက်ဆိုရင် ငါ ကျောင်းတစ်ကျောင်းကို မိတ်ဆက်ပေးပြီးလောက်ပြီ"

ဖန်ရှို့ကျစ်က ရှမြန်ကို ပြောလိုက်သည်။

"မင်း အိုက်ရှန့်အထက်တန်းကျောင်းကို ကြားဖူးမလားတော့ မသိဘူး"

ခေတ်ဟောင်းအချိန်အခါ၏ လက္ခဏာအပြည့်ပါသည့် ကျောင်းနာမည်ကို ကြားလိုက်သည်တွင် ရှမြန်မှာ အသံထွက် ရယ်မိတော့မလိုပင် ဖြစ်သွားသည်။

ဒါက အနောက်တိုင်းကို အင်မတန်မှ ကြည်ညိုတဲ့ခေတ်တစ်ခု ဖြစ်နေတာကိုး ဘာဖြစ်လို့လဲဆိုတော့ ဒါက တိုင်းပြည်ရဲ့တံခါးပေါက်တွေက အခုမှဖွင့်စလေ။ လူတော်တော်များများကလည်း အနောက်တိုင်းက အရာအာလုံးကို လိုက်လုပ်တဲ့အချိန်ပေါ့။ ဘာပဲဖြစ်နေဖြစ်နေ ဒါကအနောက်တိုင်းနဲ့ ဆက်စပ်သွားပြီဆိုရင် ချက်ချင်းဆိုသလို ခမ်းနားသွားပြီးတော့ ကြီးကျယ်မြင့်မြတ်လာတော့တာပဲ။

ရှမြန်၏ မျက်လုံးထဲကအပြုံးကို မြင်လိုက်သည်တွင် ဖန်ရှို့ကျစ်ကလည်း ပြုံးလိုက်လေသည်။

"အိုက်ရှန့်က နာမည်ကြီးအထက်တန်းလွှာ လူတန်းစားတွေပဲသွားတဲ့ ယန်မြို့က အထက်တန်းကျောင်းတစ်ခုပေါ့။ အဲ့ဒီမှာ စာလေ့လာကြတဲ့ ကလေးတွေကလည်း ချမ်းသာတဲ့လူ မဟုတ်ဘူးဆိုရင် တော်ဝင်မိသားစုမျိုးနွယ်တွေပဲ၊ ဒါမှမဟုတ်ဘူးဆိုရင်လည်း သူတို့တွေက စာအရမ်းကြိုးစားကြတယ်လေ၊ ကျောင်းမှာလည်း နာမည်ကြီးတဲ့ နိုင်ငံခြားတက္ကသိုလ်က သတင်းအချက်အလက် အရင်းအမြစ်တွေ အများကြီးရှိပြီး သူတို့တွေအားလုံး အနာဂတ်မှာ နိုင်ငံခြားမှာ သွားပြီးတော့ သင်ယူနိုင်တယ်လေ"

ဪ ဒါနဲ့စကားမစပ် နိုင်ငံခြားမှာ ကျောင်းသွားတက်တယ်ဆိုတာကလည်း ဒီခေတ်က လူတော်တော်များများက ရည်ရွယ်ချက်ကြီးကြီးနဲ့ လုပ်နေကြတဲ့ကိစ္စပဲ။ ပင်လယ်လိပ်ဆိုတဲ့ စကားလုံးကို ထုတ်ပြောလိုက်တယ်ဆိုရင် ဒါကအထက်တန်းလွှာဆိုတဲ့ စကားလုံးနဲ့အတူတူပဲလေ။

"နင် ရှောင်ဝမ်နဲ့ တွေ့ပြီးပြီမဟုတ်လား။ သူအဲ့မှာ ကျောင်းတက်နေတာလေ မင်းလည်း အဲ့ဒီကို ကျောင်းသွားလို့ရပါတယ်"

သူမက ပြောရင်းဆိုရင်း ဆဲလ်ဖုန်းလေးတစ်လုံးကို ချက်ချင်းထုတ်ယူလိုက်ကာ ဖုန်းခေါ်တော့မည် ပြင်လိုက်၏။

"ငါ အခုချက်ချင်း စာရင်းသွင်းပေးပါ့မယ်။ မင်း မနက်ဖြန်ကျရင် အဲ့ဒီမှာ သတင်းသွားပို့လိုက်ယုံပဲ"

"အိုး အန်တီရယ်"

ရှမြန်က သူမကို အလောတကြီး တားမြစ်လိုက်ပြီး

"ကျေးဇူးပြုပြီးတော့ ကျွန်မကို ခံစားရအောင် မလုပ်ပါနဲ့"

ဖန်ရှို့ကျစ်က ဇဝေဇဝါဖြစ်သွားသည်။ ရှမြန်က အပြုံးတစ်ခုနဲ့ ပြောလိုက်၏။

"အန်တီပဲ ပြောခဲ့တယ်လေ အဲ့ဒီကျောင်းက ကျောင်းသားတွေက လူချမ်းသာတွေမဟုတ်ရင် တော်ဝင်မျိုးနွယ်တွေဆို၊ ဒီ့အပြင် မိန်းကလေးဖန်က အဒေါ်ကို မပြောခဲ့ဘူးလား ကျွန်မမှာ သူနဲ့ရန်ငြိုးတစ်ခု ရှိခဲ့တယ်ဆိုတာလေ။ တကယ်လို့ ကျွန်မ အဲ့ဒီကျောင်းကို သွားခဲ့မယ်ဆိုရင် ကျွန်မက ကျားပါးစပ်ထဲကို လျှောက်ဝင်သွားတဲ့ သိုးတစ်ကောင်လိုဖြစ်ပြီး သေအောင် အနိုင်ကျင့်ခံရတော့မှာပေါ့"

"ဒီအပြင့် ကျွန်မက အင်္ဂလိပ်စာလည်း မတော်ပါဘူး။ ကျွန်မ နိုင်ငံခြားကိုလည်း မသွားချင်ပါဘူး။ ကျွန်မက တရုတ်ပြည်မှာပဲ အထက်တန်းကျောင်းတက်ပြီး ကောလိပ်တက်ချင်တာပါ"

သူမက ဒီစကားကို ပြောလိုက်ချိန်တွင် ရုတ်တရက် မျှော်လင့်တကြီး မေးလိုက်သေးသည်။

"အိုက်ရှန့် တော်ဝင်အထက်တန်းကျောင်းက ကျွန်မကို ယန်တက္ကသိုလ်တက်နိုင်အောင် ထောက်ခံပေးနိုင်လား"

ဖန်ရှို့ကျစ်မှာ နင်သွားတော့သည်။

ရှမြန်ကတော့ ကြိတ်ပြီးပြုံးလိုက်၏။ ငါ့ကို တောက တက်လာတာဆိုပြီးတော့ ဖျားယောင်းလို့ ရမယ်လို့များ စဥ်းစားမနေပါနဲ့လေ။

ဖန်ရှို့ကျစ်သည် ရှို့ချိုင်နှင့် ပင်း တို့အကြားက ကွာခြားချက်ကို ရှင်းရှင်းလင်းလင်း မည်သို့ရှင်းပြရမည်ကို လုံးဝမသိဖြစ်သွားတော့သည်။ ထို့ကြောင့် သူမက ရိုးရိုးရှင်းရှင်းသာ စကားလမ်းကြောင်း ပြောင်းလိုက်၏။

"မင်းရဲ့ဒုတိယအဒေါ်နဲ့ သူ့မိသားစုရော သူတို့တွေက အစားအသောက်ဆိုင်လေးတစ်ခု တည်ရုံလောက်နဲ့ပဲ အနာဂတ်မှာ ဘာပိုင်ဆိုင်နိုင်မှာလဲ"

"မင်းက ငယ်ပါသေးတယ်။ မင်းရဲ့အကြီးတွေရဲ့စကားကို ဘာဖြစ်လို့ နားမထောင်ကြည့်တာလဲ။ ဒီလို ကုမ္ပဏီကြီးတစ်ခုမှဆိုရင် မင်းသာ အလုပ်ကောင်းကောင်းလုပ်မယ်ဆိုရင် တစ်နှစ်ကိုယွမ်သောင်းချီ ရှာဖွေနိုင်မှာ"

သူမသည် ရှမြန်က လောကကြီးကို တစ်ခုမှမမြင်ဖူးသကဲ့သို့ အမှန်ပင် ထင်မှတ်နေသည်။ ရှမြန်က ပြုံးကာပြောလိုက်၏။

"အန်တီက တကယ် အားနာနေပြန်ပါပြီ။ ဒါပေမဲ့ တကယ်မလိုအပ်တာပါ။ ဒေါက်တာနဥ်က ပြောထားတယ်လေ တကယ်လို့ ကျွန်မတို့ဆိုင်က တံဆိပ်တစ်ခုအဖြစ် ပြောင်းလဲတာဖြစ်ဖြစ် ဆိုင်ခွဲတွေ ဖွင့်တာပဲဖြစ်ဖြစ် ဒါက တစ်နှစ်ကို ယွမ်သိန်းချီရှာနိုင်မှာတဲ့"

ဖန်ရှို့ကျစ်၏မျက်နှာက ညိုမည်းသွားတော့တယ်။

နဥ်ရှောက်ယွင်က ချက်ချင်းဆိုသလို သူမကို မောင်းထုတ်တော့သည်။

"ကျွန်မ ဒီမှာ တခြားလုပ်စရာတွေ ရှိနေသေးတယ်။ ဒီတော့ ကျွန်မ ရှင့်ကို ဆက်ပြီးခေါ်မထားတော့ဘူးနော်။ နှုတ်ဆက်ပါတယ်"

ဖန်ရှို့ကျစ်က သူမ၏မျက်လုံးများကို ကျဥ်းမြောင်းထားလိုက်ကာ ရုတ်တရက် ရယ်မောလိုက်သည်။

"ငါလည်း ဒီနေ့တကယ် အလုပ်များနေတာပါ။ နင်နဲ့ ဟော်မိသားစုက လမ်းခွဲလိုက်ကြပြီးလို့ ကြားလိုက်လို့ ငါ့မှာ နင် စိတ်ချမ်းသာရအောင် လာပေးရတာပါ။ အင်းပါလေ နင်တို့လူငယ်တွေက တကယ့်ကို ဘာမှမသိကြတာပါ"

နဥ်ရှောက်ယွမ်သည် တည်တည်ငြိမ်ငြိမ်ဖြစ်နေဆဲဖြစ်ကာ ဖန်ရှို့ကျစ်ကို လှမ်းကြည့်ပြီး ပြောလိုက်လေသည်။

"ရှင့်စိတ်ကြိုက်သာလုပ်ပါ"

ထိုအစား သူမက နဥ်ရှောက်ပိုင်၏ အထင်သေးတတ်သည့် သဘောထားကို ထုတ်ပြလိုက်လေသည်။

ဖန်ရှို့ကျစ်၏ မျက်နှာပေါ်ကအပြုံးကို ကြည့်ရင်း ရှမြန်မှာ နဥ်ရှောက်ပိုင်၏ တခြားသူအပေါ် သဘောထားသည့် အထင်သေးစိတ်၏ အဖျက်အဆီးစွမ်းအားကို သက်ပြင်းမချဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။

နဥ်ရှောက်ယွမ်က လှည့်ထွက်လာခဲ့သည်ဖြစ်ရာ အခန်းထဲသို့ လျှောက်ဝင်သွားလေသည်။ ဖန်ရှို့ကျစ်ကလည်း သူမကို လျစ်လျူရှူထားသည့် တစ်စုံတစ်ယောက်ကို သဘောကျနေမည့်လူမျိုး မဟုတ်ချေ။ ထို့ကြောင့် သူမက ခပ်ရေးရေးလေး ပြုံးကာ လှည့်ထွက်သွားတော့သည်။

ပန်းပွင့်တံခါးထဲမှာ ထွက်လာပြီးနောက်တွင် သူမသည် အပြင်ဖက်က ဝင်လာသည့် နဥ်ရှောက်ပိုင်နှင့် မမျှော်လင့်ဘဲ တွေ့လိုက်ရသည်။

ဖန်ရှို့ကျစ်က တစ်ဖန်အော်ရယ်လိုက်သည်။

"အော် နင်က နင့်အစ်မ ခံစားရမှာ စိုးရိမ်နေတာကိုး။ ဒီတော့ နင်က အလောတကြီး ဒီနေရာကို အပြေးပြန်လာတာပေါ့"

နဉ်ရှောက်ပိုင်က သူမအပေါ် လုံးဝမယဥ်ကျေးပေ။

"ခင်ဗျား အရမ်းကို သေချင်နေတာ ပထမဦးဆုံးအကြိမ် တွေ့ဖူးတာပဲ"

ဖန်ရှို့ကျစ်က နဉ်ရှောက်ပိုင်အပေါ် လုံးဝဟန်မဆောင်ထားချေ။ သူမ၏ ပါးစပ်နှင့် မျက်လုံးများက မာန်အပြည့်ဖြစ်နေ၏။

"ရှောက်ပိုင် နင်ကလေ စကားလုံးကြမ်းကြမ်းတွေပဲ ပြောနိုင်တာပါ။ နင် ငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ"

သူမက စိတ်အားထက်သန်စွာ ပြောလိုက်၏။

"အမေက ဒီနေ့ နင့်ကို သင်ခန်းစာလေးတစ်ခု ပေးရမယ်။ နင် တခြားသူရဲ့ အမိုးအောက်မှာနေတဲ့အချိန်မှာ လိုက်လျောတတ်ဖို့နဲ့ နင့်ရဲ့ခေါင်းကို ငုံ့ထားတတ်ဖို့ သေချာပေါက်သင်ယူရမယ်"

"အရမ်းကြီးမာထန်ပြနေရင် အဆုံးအရှုံးနဲ့ပဲ ရင်ဆိုင်ရလိမ့်မှာပေါ့။ အဲ့ဒီအချိန်ကျရင်တော့ ချန်းချန်းအတွက် လက်စားချေဖို့ မပြောနဲ့။ နင်က နင်ကိုယ်တိုင်တောင် ကာကွယ်ဖို့ ဒုက္ခရောက်နေအုံးမယ်"

နဥ်ရှောက်ပိုင်က သူ့မျက်လုံးများကို ကျဥ်းမြောင်းထားလိုက်၏။

"ဒီတော့ ခင်ဗျားက ချန်းချန်းကို ပြန်ပေးဆွဲဖို့အတွက် ဟော်မိသားစုနဲ့ ပေါင်းခဲ့တယ်ဆိုတာကို ဝန်ခံနေတာလား"

ဖုန်ရှို့ကျစ်က အော်ရယ်လိုက်သည်။

"ဒီတော့ရော ဘာဖြစ်လဲ။ အခုဆိုရင် အဖိုးကြီးက နဉ်မိသားစုတစ်ခုလုံးအတွက် ငါ့ကိုကာကွယ်ပေးမှ ဖြစ်မှာလေ"

"နင်က ဒီအတိုင်း ဆရာဝန်ငယ်လေးတစ်ယောက်ပဲ။ နင်က ငါ့ကိုဘာလုပ်နိုင်မှာလဲ"

သူမက ဒီစကားကို ပြောလိုက်ချိန်တွင် သက်ပြင်းချလိုက်သေးသည်။

"အစတုန်းကတော့ နင့်မှာ အားကိုးစရာ ဟော်မိသားစု ရှိခဲ့ပါသေးတယ်။ ဒါပေမဲ့ နင်က နင်ရဲ့တဒင်္ဂဒေါသတွေကြောင့် ဟော်ဖိန်းရိကို ပစ်မှားခဲ့ပြီလေ။ အခုဆိုရင် ဟော်ဖိန်းရိကတောင် ဟော်ရွှယ်ဝမ်ကို ရှောက်ယွင်နဲ့ ကွာရှင်းဖို့ ဖိအားပေးနေတယ်လို့ ငါ ကြားထားတယ်"

ဖန်ရှို့ကျစ်သည် အစပိုင်းတွင် ဟော်မိသားစုနှင့် နဥ်ရှောက်ပိုင်အကြား သွေးခွဲဖို့ရန် တဖြည်းဖြည်းချင်း လုပ်မည်ဟု စဥ်စားထားခဲ့သော်ငြားလည်း ဒီလိုအလွန်မှ ချောချောမွေ့မွေ့ ဖြစ်လာလိမ့်မယ်ဟု ထင်မထားခဲ့ပေ။ သူတို့သည် ချန်းချန်းကို ဒုက္ခတွင်းထဲ မပို့လိုက်ရဘဲ ဟော်မိသားစုနှင့် ဆန့်ကျင့်ဘက်ဖြစ်လာအောင် ပြောင်းလဲပေးနိုင်သည်။

သူမက ဒါကို ဂုဏ်မယူဘဲ အဘယ်မှာ နေနိုင်ပါမည်နည်း။

"နဥ်ရှောက်ပိုင်၊ နဥ်ရှောက်ပိုင် နင်တို့မောင်နှမနှစ်ယောက်ကလေ တကယ်ကို ရိုးအတာချင်း တူပါပေတယ်။ ဒါပေမဲ့ နင်တို့တွေက ဟော်မိသားစုအပေါ် ကိုင်တွယ်စရာ သေးသေးလေးရှိတာနဲ့ပဲ ဟော်မိသားစုနဲ့ နင်တို့မျက်နှာကို ဖျက်ဆီးပစ်ရဲတယ်နော်၊ နင်တို့ တကယ်ရယ်စရာကောင်းရတာပဲ"

"ဟော်ဖိန်းရိက အဘွားကြီးနဲ့ ကျိုးချန်ချန်တို့ကို ဖြေရှင်းပြီးသွားပြီ၊ ဒါပေမဲ့ နင်က လက်မလျှော့သေးဘူး"

နဥ်ရှောက်ပိုင်က ပြောလိုက်၏။

"ဒီတော့ ခင်ဗျားက ချန်းချန်းကို ပြန်ပေးဆွဲဖို့ ဟူချွေ့ဟွား၊ ကျိုးချန်ချန်နဲ့ တကယ်ပဲ ပူပေါင်းခဲ့တယ်ပေါ့။ ဟော်ဖိန်းရိကလည်း ဒီအကြောင်းကို သိထားခဲ့တယ်ပေါ့"

"သူ ဒီအကြောင်းကို သိမသိတော့ ငါ မသိပါဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်ပါ သူက သူရဲ့တရားမဝင်သားကို ပိုသဘောကျတာတော့ သိတယ်"

ဖန်ရှို့ကျစ်သည် တခစ်ခစ်မရယ်ဘဲ မနေနိုင်အောင်ဖြစ်သွားပြီး

"နင်တို့တွေဟာလေ တကယ်ရယ်စရာကောင်းတာပဲ။ နင်တို့တွေက အဲ့ဒီအိမ်အတွက် အလဲအလှယ်လုပ်ဖို့ ဒီသက်သေ သေးသေးလေးကိုသုံးပြီး ဟော်မိသားစုကို လက်စားချေမယ်ပေါ့လေ၊ ဟား ဟား ဟား..."

"ငါ နင့်ကို ပြောလိုက်အုံးမယ်"

ဖန်ရှို့ကျစ်သည် သူမက သူ့ကို စဥ်းစားပေးနေသလို ကြည့်လိုက်ပြီး

"ဟော်ဖိန်းရိက ဒီလျှို့ဝှက်ချက် ပေါက်ကြားသွားမှာကို အရမ်းစိတ်အားထက်သန်နေတာလေ။ ဒါမှပဲ သူက ကလေးကို အိမ်ပြန်ခေါ်နိုင်မှာကိုး။ သူက စကားလေးတစ်လုံးလောက် မပြောဘဲနဲ့ လိုက်လျောလိမ့်မယ်လို့ နင်က ထင်နေတာလား"

"ငါကတော့ နင် အဲ့ဒီမှာပတ်ပြီးခုန်နေတာကို ဒီအတိုင်း ဂရုမစိုက်တာပါ၊ နင်က အိမ်တစ်လုံး လိုချင်တယ်လို့ ပြောခဲ့ပြီး တကယ်ပဲ အဲ့ဒီဟာကို ရခဲ့တာပဲ"

"နဥ်မိသားစုနဲ့ ကော်ပိုရေးရှင်းကိစ္စက အဆင်ပြေသွားတာနဲ့ ဟော်ဖိန်းရိက အဘိုးကြီးဆီကနေ ဖြေရှင်းချက်တစ်ခု တောင်းလိမ့်မယ်။ နင့်အဘိုးက နဥ်လုပ်ငန်းအတွက် နင့်ကို အခြေအနေတွေကို နဂိုအတိုင်း ပြန်ဖြစ်အောင်လုပ်ဖို့ ဖိအားပေးမယ်လို့ နင် ထင်နေတာလား"

ဖန်ရှို့ကျစ်သည် ထိုအချိန်တွင် သူတို့သည်မည်မျှ သနားစရာကောင်းလိမ့်မည့်အကြောင်းကို မြင်ယောင်မိနေသယောင်ပင်။

"ကျွတ်ကျွတ် ဒါက တကယ် ရှက်ဖို့ကောင်းတာပဲ"

နဥ်ရှောက်ပိုင်၏ မျက်နှာသေဖြစ်နေသည့် အမူအရာကို မြင်လိုက်သည်တွင် သူမက အမြဲတမ်း မကျေမနပ်ဖြစ်ရကာ သူမ၏မျက်လုံးများကို ကျဥ်းမြောင်းထားလိုက်ပြီး ဆက်ပြောထားလိုက်၏။

"တကယ်လို့ ဟော်မိသားစုကသာ မကျေနပ်သေးဘဲ တခြားတောင်းဆိုချက်တွေ ပြုလုပ်ခဲ့မယ်ဆိုရင် နင့်အဘိုးက နဥ်မိသားစုနဲ့ ရှောက်ယန်တို့အတွက် နင့်လို အမှိုက်သရိုက် တစ်ယောက်ကို လွှဲပေးလိုက်လောက်တယ်"

"ချန်းချန်းအတွက် လက်စားချေချင်သေးသတဲ့လား နင်တို့တစ်မိသားစုလုံးက ရန်သူရဲ့လက်ထဲမှာ နေရလိမ့်မယ်"

နဥ်ရှောက်ပိုင်က သူ၏မျက်လုံးများကို ကျဥ်းမြောင်းထားလိုက်ပြီး

"ကျွန်တော်က ငယ်ငယ်လေးကတည်းက ခေါင်းမာတဲ့လူတစ်ယောက် ဖြစ်ခဲ့တယ်ဆိုတာ ဝန်ခံပါတယ် ကျွန်တော် ကုမ္ပဏီထဲဝင်လာတာကို ခင်ဗျား မကြိုက်တဲ့အတွက်လည်း ကျွန်တော်က ကုမ္ပဏီထဲက ထွက်လာပေးခဲ့တယ်။ ခင်ဗျားက ကျွန်တော့်ကို မိသားစုစီးပွားရေး ဆက်ခံမှာကို မလိုချင်တဲ့အတွက်ကြောင့်လည်း ကျွန်တော်က ဆေးပညာကို သင်ကြားခဲ့တယ်။ အခု နဥ်မိသားစုရဲ့လုပ်ငန်းက ခင်ဗျားလက်ထဲ ရောက်နေပြီပဲ။ အဘိုးကတောင် ခင်ဗျားကို ဘာမှမလုပ်နိုင်တော့ဘူး။ ခင်ဗျား အနိုင်ရပြီးသားပဲ ဒါနဲ့များ ခင်ဗျားက ကျွန်တော်နဲ့ ချန်းချန်းကို ဘာလို့ သတ်ချင်နေရတာလဲ"

"လက်လျှော့ပေးတယ် ဟုတ်လား"

ဖန်ရှို့ကျစ်က ဒေါသတကြီးပြောလိုက်၏။

"နင်က အလျှော့ပေးတယ်ဆိုတာ ဘာသဘောလဲ၊ ငါက ငါ့ဟာငါ တိုက်ခိုက်ယူခဲ့ရတာပါ။ ငါ နဥ်မိသားစုနဲ့ လက်ထပ်ခဲ့တယ်။ နဥ်မိသားစုထဲက အရာအားလုံးက ငါ့ဟာပဲ နင်က ဘာဖြစ်လို့ငါ့ထက် ပိုပြီးတော့ရရမှာလဲ"

"နင့်အဖေက ချန်ရှူကို ပိုပြီးတော့ ချစ်ခဲ့တဲ့အတွက်ကြောင့်လား"

ဖန်ရှို့ကျစ်က မေးလိုက်၏။

"သူက သေသွားပြီပဲ၊ ဒါပေမဲ့ နင့်အဖေကတော့ သူ့ကို မမေ့နိုင်သေးဘဲ ငါ့ကို သူခိုးတစ်ယောက်လို ဆက်ဆံနေတာလေ"

"ငါက နင်တို့အပေါ် ဆိုးရွားမှာကို သူက စိုးရိမ်နေသေးတယ်။ ဒါကြောင့် ငါ့ကို ကလေးယူဖို့တောင် တားမြစ်ခဲ့တယ်လေ"

ဖန်ရှို့ကျစ်သည် သူမ၏ စိတ်ခံစားချက်များက ထိန်းချုပ်မရနိုင်တော့သလောက် ဖြစ်သွားတော့သည်။

"ငါ ရှောက်ယန်ကို ကိုယ်ဝန်ရှိတော့ အရမ်းပျော်ခဲ့တာ။ ဒါပေမဲ့ သူကတော့ ငါ့ကို လျစ်လျူရှူထားခဲ့တယ်လေ"

နဥ်ရှောက်ပိုင်က ခနဲ့လိုက်လေသည်။

"တစ်စုံတစ်ယောက်ရဲ့ ကံဆိုးခြင်းအပေါ် အခွင့်ကောင်းယူပြီး ရလာတဲ့ ကလေးတစ်ယောက်ကို ကျွန်တော့်အဖေက ဝမ်းသာရမတဲ့လား"

ဖန်ရှို့ကျစ်က ပြောလိုက်၏။

"နင်တို့အားလုံးက သူ့ကလေးတွေပဲ၊ သူက ဘာဖြစ်လို့ နင်တို့အပေါ်ကိုပဲ ဂရုစိုက်ထားရမှာလဲ"

"နဥ်ရှောက်ယွင်က လက်ထပ်သွားပြီး နင် နိုင်ငံထဲက ထွက်သွားခဲ့တာတောင် သူက ဒီအတိုင်း ပျောက်သွားခဲ့တယ်လေ"

"နင်က ရှိတောင်မနေခဲ့သင့်တာပါ"

ဖန်ရှို့ကျစ်၏မျက်လုံးများသည် နီရဲသွားပြီး သူမမှာအနည်းငယ် ရူးသွပ်နေသယောင် ဖြစ်နေ၏။

"ငါ့ကို ပြောစမ်းပါ၊ တကယ်လို့ နင်တို့အားလုံးကို အမှုန့်အမွှားတွေဖြစ်တဲ့အထိ လုပ်ပစ်လိုက်ရင် သူ ပြန်လာမှာလား၊ သူ ငါ့ရှေ့မှာ ဒူးလာထောက်ပြီးတော့ ငါ့ကို ကောင်းကောင်းမဆက်ဆံခဲ့တဲ့အတွက် နောင်တရနေမှာလား"

နဥ်ရှောက်ပိုင်က ရုတ်တရက် ပြုံးပြောလိုက်၏။

"ကျွန်တော်တော့ အဲ့လိုမထင်ဘူး"

ဖန်ရှိူ့ကျစ်၏မျက်လုံးများက ပြူးကျယ်လာပြီး နဥ်ရှောက်ပိုင်က ဆက်ပြောလေသည်။

"ဘာဖြစ်လို့လဲဆိုတော့ လူသားနဲ့ တစ္ဆေသရဲတွေဆိုတာက မတူညီတဲ့လမ်းပေါ်မှာ ရှိတာလေ။ ဒီတော့ သူက တကယ်တမ်း နောင်တရကြေးဆိုရင် သူရဲ့သေဆုံးမှုကို ပြန်လည်မတိုက်ခိုက်ဘဲ အဘိုးရဲ့အစီအစဥ်အတိုင်း ခင်ဗျားလိုမိစ္ဆာတစ်ယောက်ကို အိမ်မှာလက်ခံပေးတာကိုပဲ နောင်တရမှာပေါ့"

"သူက ခင်ဗျားကို ဘာဖြစ်လို့ ဂရုစိုက်နေရမှာလဲ"

နဥ်ရှောက်ပိုင်က အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

"ကျွန်တော့်အဖေမှာ ထူးခြားတဲ့အရည်အချင်းတွေ မရှိဘူးဆိုပေမဲ့လည်း မျက်လုံးတော့ ကောင်းသေးတယ်လေ၊ သူက ခင်ဗျားရဲ့ရုပ်ရည်ကို တစ်ချက်လောက် ကြည့်လိုက်တာနဲ့ သူက ခင်ဗျားနဲ့ ခပ်ဝေးဝေးနေဖို့ သတိရှိတယ်"

"နင် အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ"

ဖန်ရှို့ကျစ်သည် အလွန်မှ ဒေါသထွက်သွားပြီး တစ်ကိုယ်လုံး တုန်ယင်သွားတော့သည်။ ခဏအကြာတွင်တော့ သူမက ရုတ်တရက် အော်ရယ်ကာပြောလိုက်၏။

"အဲဒီတော့ရော ဘာဖြစ်လဲ၊ နဥ်မိသားစုရဲ့ အရာအားလုံးက အခုဆိုရင် ရှောက်ယန်နဲ့ငါပဲ ပိုင်ဆိုင်ထားတာပဲ၊ အဘိုးကြီးက နင်နဲ့ ခွဲဝေပေးချင်သေးဟုတ်လား။ ယွမ်ဆယ်သန်း- သန်းနှစ်ဆယ် မပြောနဲ့၊ ယွမ်တစ်သိန်းတောင်မရဘူး"

ဒီအချိန်တွင် သူမက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး နောက်ဆုံးတော့ သူမ၏ လူကြီးလူကောင်းတစ်ယောက်အသွင် ခံစားချက်ကို ပြန်ထိန်းထားခဲ့လေသည်။

"ဒီပျက်စီးနေတဲ့ ခြံဝင်းတစ်တန်းလုံးက နင့်ကို ခုန်တက် ခုန်ဆင်းဖြစ်အောင်လုပ်နိုင်တာနဲ့ နင်က ဘာတွေကြီးကြီးမားမား ကိစ္စအောင်မြင်မှာမို့လို့လဲ"

သူမသည် လူပြက်တစ်ယောက်ကို ကြည့်နေရသကဲ့သို့ပင် ထိုအခြေအနေကြောင့် သဘောကျသွားဟန်တူသည်။

"ဒါမှမဟုတ် နင်က ဒီနည်းလမ်းကိုသုံးပြီး နင်က အရမ်းကို လုပ်ရည်ကိုင်ရည်ရှိတယ်ဆိုတာကို အားလုံးကိုပြောပြပြီး နဥ်မိသားစုရဲ့တာဝန်ကို လက်လွှဲယူချင်နေတာလား"

"နင်သာ နဥ်မိသားစုရဲ့ အမွေဆက်ဆံမှုကို ပိုင်ဆိုင်ချင်တယ်ဆိုရင် လူတွေ နင့်ကိုရယ်မောရအောင် ဒီလိုအရှက်ရစရာကောင်းတဲ့ အကွက်မျိုးကို မသုံးပါနဲ့"

" နောက်တစ်လ အဘိုးကြီးက သူ့မွေးနေ့ ကျင်းပတဲ့အခါကျရင် သူက နဥ်မိသားစုရဲ့ အမွေဆက်ဆံသူကို ဆုံးဖြတ်ပြီး သူ့မြေးတွေကြားမှာ သူ့ပိုင်ဆိုင်မှုတွေကို ခွဲဝေပေးမယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားတယ်။ တကယ်လို့ နင်ဒီအတွက် တိုက်ခိုက်ချင်တယ်ဆိုရင် နင် မြန်မြန်လုပ်သင့်တယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ အချိန်က နင့်ကို စောင့်နေမှာမဟုတ်ဘူးနော် "

ဖန်ရှို့ကျစ်က ပြုံးကာပြောလိုက်သည်။

"ကလေးရယ် အဲ့ဒီအချိန်ကျရင် နင်က ဒီလောကကြီးရဲ့အမှန်တရားကို အသိအမှတ် ပြုသွားပါလိမ့်မယ်"

နဥ်ရှောက်ပိုင်က မသိမသာပြုံးလိုက်သည်။

"ဟုတ်ပါတယ်၊ အဲ့ဒီအချိန်လောက်ကျရင် ကျွန်တော်လည်း ခင်ဗျားကို ခင်ဗျားရှိသင့်တဲ့နေရာကို ပိုပေးပြီးလောက်ပြီ"

ဖန်ရှို့ကျစ်သည် သူက ရွှီးလုံးထုတ်နေသည်ဟု သေချာသိနေဟန်ဖြင့် ပြုံးကာထွက်သွားတော့သည်။

နဥ်ရှောက်ပိုင်က ပန်းပွင့်တံခါးဝမှ ဝင်လာပြီး သူ့လက်တံရှည်ကြီးကို ဆွဲဆန့်လိုက်ကာ လှစ်ခနဲ ပြေးထွက်သွားတော့မည့် တစ်စုံတစ်ယောက်၏ကော်လံကို ဖမ်းဆွဲထားလိုက်သည်။

ရှမြန်သည် လည်ကုပ်မှ ဖမ်းဆွဲခံလိုက်ရသည့် ကြောင်ပေါက်လေးတစ်ကောင်လို ကိုးယိုးကားယားဖြင့် နောက်ပြန်လန်သွားတော့သည်။

"ကျွန်မ နားထောင်ဖို့ မရည်ရွယ်ပါဘူး။ ရှင်တို့တွေ တံခါးနားမှာ အဲ့လောက် စကားတွေ အများကြီး ပြောနေလိမ့်မယ်လို့ မထင်ထားမိတာပါ"

"ဖန်ရှို့ကျစ်ကို ကြည့်ရတာ အရမ်းအင်အားတောင့်မဲ့ပုံပဲ။ ဒါပေမဲ့ သူက ရှင်နဲ့ ရင်ဆိုင်တဲ့အခါကျရင် ဘယ်လိုဖြစ်ပြီး အဲ့လောက်တောင်မှ ဂရုမစိုက်ဘဲရှိနေရတာလဲ။ သူက ဘာမဆို ထုတ်ပြောရဲတာ ဒါက နည်းနည်းတော့ တုံးအတယ်လို့ ထင်တယ်"

နဥ်ရှောက်ပိုင်က ပြောလိုက်သည်။

"ငါ ဒီကို အလောတကြီး ဘာဖြစ်လို့ပြန်လာတယ်လို့ မင်းထင်လဲ"

"ငါ ဒီနေရာမှာ နှစ်တွေအကြာကြီး မရှိခဲ့ဖူးဆိုတော့ သူ့ရဲ့အောင်မြင်မှုကို ဘယ်သူမှလည်း ကြွားလုံးမထုတ်ပေးခဲ့ဖူးလေ။ အခု သူက နောက်ဆုံးတော့ အနိုင်ရဖို့အခွင့်အရေးတစ်ခု ရှိလာပြီ။ ငါက တစ်ခုခု တုံးအတာမျိုး ပြုလုပ်ခဲ့မယ်ဆိုရင် သူကလည်း အရမ်း ဝမ်းသာနေမှာပေါ့။ ဒါက သူ့အတွက် အောင်မြင်မှု အကြီးဆုံးအချိန်လို့ ခံစားမိမှာပဲလေ။ တကယ်လို့ ငါသာ ပေါ်မလာရင် မွန်းကြပ်နေတော့မှာ မဟုတ်လား"

ရှမြန်က ပြောလိုက်သည်။

"သူက နံရံပေါ်မှာ နားတွေရှိမှာ မစိုးရိမ်ဘူးလား"

နဥ်ရှောက်ပိုင်က ပြောလိုက်သည်။

"မင်းတစ်ယောက်ပဲ ရှိတာပဲ၊ မင်းကြားသွားလို့ရော မင်းက ဘာလုပ်နိုင်မှာမို့လို့လဲ သူက ဂရုမစိုက်ဘူးလေ"

ရှမြန်က ပြောလိုက်သည်။

"ကျွန်မ ပြောချင်တာ အဲ့လိုမဟုတ်ဘူးလေ။ ကျွန်မ ပြောချင်တာက အသံဖမ်းစက်တို့ ..."

ရှမြန်သည် ဒါက အနာဂတ်မဟုတ်ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။ ရှမြန်သည် ဒါက အနာဂတ်တွင်ရှိနေသလို လူများကအချိန်မရွေး အရာအားလုံးကို မှတ်တမ်းယူနိုင်သည့် ခေတ်ကာလမဟုတ်သည်ကို ရုတ်တရက် သဘောပေါက်သွားသည်။ ထို့ကြောင် လူများက စကားပြောကြချိန်တွင် ထိုမျှလောက် သတိမထားသည်ကလည်း ပုံမှန်သာဖြစ်နေသည်။

တစ်ဖက်တွင်တော့ နဥ်ရှောက်ပိုင်က အံ့သြခြင်းတစ်ချို့နဲ့ ရှမြန်ကို ကြည့်လိုက်ပြီးနောက် သူ့ဆဲလ်ဖုန်းကိုထုတ်လိုက်၏။

"ဟမ်"

ရှမြန်ကလည်း အံ့သြသွားသည်။

နဥ်ရှောက်ပိုင်က အကြိမ်အနည်းငယ် ဖိနှိပ်လိုက်သည်တွင် ဖန်ရှို့ကျစ်၏အသံက အထဲမှာထွက်လာလေသည်။

"ပြီးခဲ့တဲ့တစ်ကြိမ် ဟော်မိသားစုကနေ ပြန်လာတုန်းက ငါ ဖန်ရှင်အသစ်ကို ထွင်ထားခဲ့တာလေ"

နဥ်ရှောက်ပိုင်က ပြောလိုက်၏။

ရှမြန် ...

အိမ်း။ ဘော့စ်ကတော့ ဘော့စ်ပါပဲ။ သူက သက်သေတစ်ခုရဖို့ ဒါကိုတောင်မှလုပ်ထားပြီးပြီပဲ။

"ဒါပေမဲ့ သူ ပြောခဲ့တဲ့ခြံဝန်းအကြောင်းကရော..."

"ဟင်"

ရှမြန်က ပြောလိုက်သည်။

"သူ ပြောခဲ့တယ်လေ၊ ရှင်က ခြံဝန်းကို ရခဲ့တယ်ဆိုရင်တောင် အဖိုးနဥ်က တစ်ခွန်းပြောလိုက်တာနဲ့ ရှင်က အဲ့ခြံဝန်းကို ပြန်ပေးရမှာဆို၊ အဲ့လိုမှမဟုတ်ဘူးဆိုရင် ရှင် အရှက်ကွဲရလိမ့်မယ်ဆို"

နဥ်ရှောက်ပိုင်က အော်ရယ်လိုက်လေသည်။

"ငါ့အတွက် စိတ်ပူနေတာလား "

ရှမြန်က ချက်ချင်းဆိုသလို တလေးတနက် ပြောလိုက်၏။

"မဟုတ်ပါဘူး ရှင်က အရမ်းကို သေသေချာချာ တွေးတတ်ပါတယ်။ ဒါက အရမ်းကို သိသာတယ်လေ။ ရှင်က သူ စဥ်းစားနိုင်တဲ့ကိစ္စကို မစဥ်းစားနိုင်တာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ရှင်က ဘောစ့်ပဲဟာကို။

"ရှင့်မှာ စိတ်ကူးကောင်းတစ်ခုက သေချာပေါက်ရှိရမယ် ဟုတ်တယ်မလား"

ရှမြန်က သိချင်စိတ်ဖြစ်သွားပြီး နဥ်ရှောက်ပိုင်က လျို့ဝှက်စွာ ပြုံးလိုက်ကာ စကားတစ်ခွန်းသာ ပြောလိုက်လေသည်။

"ငါက ဟော်မိသားစုရဲ့ ခြံဝန်းတစ်ဝန်းကို လိုချင်တယ်လို့ ဘယ်သူပြောတာလဲ"

"ဟမ်"

ရှမြန်မှာ သူ့ကိုအသိပညာ တိုးပွားရန်အတွက် စိတ်အားထက်သန်စွာ ကြည့်လိုက်မိ၏။

နဥ်ရှောက်ပိုင်က သည်အတိုင်း ဘာတစ်ခွန်းမှ မပြောခဲ့ချေ။ ရှမြန်မှာ အလွန်ဒေါသ ထွက်ရတော့သည်။

"ကျွန်မ ရှင့်ကို ပြောထားမယ်နော်၊ ကျွန်မ ဒေါသထွက်သွားရင် ကျွန်မကို ကျေနပ်အောင်လုပ်ဖို့ဆိုတာ မလွယ်တော့ဘူး"

ရှမြန်က ခြိမ်းခြောက်လိုက်၏။ "သတိထားနော် အဲ့လိုမှ မဟုတ်ဘူးဆိုရင်တော့ ကျွန်မက နောက်ဆို ရှင့်ကို ကူညီတော့မှာမဟုတ်ဘူး"

နဥ်ရှောင်ပိုင်က ကိုယ်ကိုလှည့်လိုက်ပြီး တံခါးအပြင်ဖက်သို့ ချောင်းကြည့်နေသည့် ရှောင်ဖုန်းကို ပြောလိုက်လေသည်။

"မင်း လေလံပွဲ သွားချင်လား၊ ဟိုမှာ ရှေးဟောင်းပစ္စည်းတွေရှိတယ်"

ရှောင်ဖုန်းက ချက်ချင်းဆိုသလို ပြေးထွက်လာကာ ရှမြန်၏လက်ကို ဖမ်းဆွဲလိုက်ပြီး ရှမြန်ကိုပင် မကြည့်တော့ဘဲ ခေါင်းညိတ်သဘောတူလိုက်သည်။

ရှမြန်...

ဒီကောင်ကလေးရဲ့ ညတွင်းချင်းချမ်းသာချင်တဲ့ အစွဲအလမ်းကို ဘယ်လိုဖျောက်ဖျက်ပေးရပါမလဲ...

...

All Chapters