← Chapters

အပိုင်း(၈၅)

Vol. 6 Ch. 85

အပိုင်း(၈၅)

Vol. 6 Ch. 85

သို့သော်လည်း ဒါက နောက်ပိုင်းကိစ္စပင်။ အခုလောလောဆယ်တွင်တော့ သူသည် ဣန္ဒြေကို ဆက်ထိန်းထား၏။ ကျိုးချန်ချန်က ၈သိန်းအထိ တောင်းပြီးသည်တွင် နံပါတ်ပြားကို မမြှောက်တော့ချေ။ အစီအစဉ်တင်ဆက်သူက ဂဏန်းများကို စတင်ရေတွက်နေပြီး ကျိုးချန်ချန်၏မျက်နှာက ဖြူဆုတ်လာလေသည်။

နဥ်ရှောက်ပိုင်က ပန်းချီကားကို သူမ၏လက်ထဲသို့ ကျရောက်ခွင့်ပေးလိမ့်မည်ဟု ထင်မထားခဲ့ချေ။

အစီအစဉ်တင်ဆက်သူက နောက်ဆုံးဆုံးဖြတ်ချက်ကို ချတော့မည့်ဆဲဆဲတွင် ကျိုးချန်ချန်သည် ချွေးများထွက်လာပြီး သူမ၏နံပတ်ပြားကို မြှောက်လိုက်လေသည်။ "၈သိန်းခွဲ"

နေရာတစ်ခုလုံး တိတ်ဆိတ်သွားပြီး မည်သူမှထပ်ပြီးတော့ လေလံမဆွဲကြတော့ချေ။

ကျိုးချန်ချန်သည် သူမ၏ထိုင်ခုံတွင် လဲကျတော့မလိုဖြစ်သွား၏။ ရှမြန်က လှည့်ကြည့်လိုက်ကာ လှောင်ပြောင်သည့်အပြုံးတစ်ခု ပြုံးပြလိုက်၏။

ကျိုးချန်ချန်မှာ ဒေါသဖြင့် အံကိုကြိတ်ထားရင်း တစ်ယောက်တည်း ရေရွတ်လေသည်။ "နင်က ချမ်းသာချင်ဟန်ဆောင်နေတာပဲ။ နင့်မှာ ငွေအများကြီး ဘယ်မှာရှိလို့လဲ။ နင်က ဟော်ရွှယ်ဝမ် ငွေချေပေးမှာကို စောင့်နေတာ မဟုတ်လား"

သူမသည် ဟော်ရွှယ်ဝမ်ကို ဒေါသတကြီးကြည့်လိုက်၏။

ဟော်ရွှယ်ဝမ်ကလည်း ထိုသို့အမှန်ပင် လုပ်ခဲ့လေသည်။ သူသည် လေလံပွဲပြီးသွားသည့်နောက်တွင် ငွေပေးချေရမည့်အချိန်၌ နဉ်ရှောက်ပိုင်နောက်သို့ အလောတကြီးလိုက်လာကာ သူ့ဘဏ်ကတ်ကို လှမ်းပေးလိုက်ပြီး "တကယ်လို့ မလောက်ဘူးဆိုရင် ဒါကို သုံးလိုက်ပါ"

နဥ်ရှောက်ပိုင်က ကဒ်ကို ပြန်တွန်းပေးတော့မည့်အချိန်တွင် ချန်းချန်းက ဝမ်းသာအားရ လှမ်းအော်လိုက်၏။ "ဖေဖေ"

ထိုအခိုက်အတန့်တွင် ဟော်ရွှယ်ဝမ်၏မျက်လုံးများက ခံစားချက်များဖြင့် ပြည့်နှက်သွားပြီး သူသည် ချန်းချန်းကို ပွေ့ဖက်ချင်နေဟန် တူသော်ငြားလည်း နောက်ဆုံးတွင်တော့ သူက လက်ကိုလှမ်းလိုက်ကာ သူ့ခေါင်းလေးကိုသာ ထိလိုက်သည်။ "ချန်းချန်း သား အခုနောက်ပိုင်း လိမ္မာနေရဲ့လား"

ချန်းချန်းက အတိုင်းအတာတစ်ခုအထိ မလုံလဲသလို ခေါင်းညိတ်ပြလိုက်သည်။ "လိမ္မာပါတယ်"

ဟော်ရွှယ်၀မ်က သူ့မျက်နှာသေးသေးလေးကို ပွတ်သပ်ပေးလိုက်၏။ သူသည် မျက်နှာပေါ်တွင် ဘာခံစားချက်မှ မရှိသော်ငြားလည်း နောက်တစ်စက္ကန့်တွင် ငိုယိုတော့မည့် ရုပ်ဖြစ်နေ၏။

နောက်ဆုံး နဥ်ရှောက်ယွင်နှင့် သူသည် ငယ်ပေါင်းဖော်များ ဖြစ်ကြသည်။ သူမသည် သူ့စိတ်အခြေအနေ တစ်ခုခု မူမမှန်ဖြစ်နေသည်ကို ခံစားမိလိုက်၏။ "ရှင်ဘာဖြစ်နေတာလဲ"

ထိုစကားလုံးက ဟော်ရွှယ်၀မ်ကို ဆွံ့အသွားစေတော့၏။ "ရှောက် ရှောက်ယွင်..." နောက်ဆုံးတော့ သူသည် အထီးကျန်ပြီး နာကျင်နေသည့် အမူအရာတစ်ခုဖြင့် သူ့မျက်လုံးများကို မှိတ်ထားလိုက်ကာ

"ကိုတောင်းပန်ပါတယ် အားလုံးက ကို့အမှားပါ"

"ဟင်" နဉ်ရှောက်ယွင်မှာ ပိုပြီးတော့နားမလည်နိုင်အောင် ဖြစ်လာသည်။

ဟော်ရွှယ်ဝမ်က နဥ်ရှောက်ပိုင်ကို လှမ်းကြည့်လိုက်ပြီးသည့်နောက်တွင် ပင့်သက်တစ်ချက် ရှိုက်လိုက်ကာ ပြောလိုက်၏။ "စိတ်မပူနဲ့နော် ကို မင်းနဲ့ချန်းချန်းကို သေချာပေါက် ဖြေရှင်းချက်တစ်ခု ပေးပါ့မယ်"

နဥ်ရှောက်ယွင်က နားမလည်နိုင်သဖြင့် မျက်မှောင်ကြုတ်ထားလိုက်သည်။ သို့သော်ငြားလည်း ရှမြန်ကတော့ သဲလွန်စတချို့ကို ရနေ၏။ ဟော်ရွှယ်ဝမ်သည် သူ့ဘဝအတွေ့အကြုံနှင့် ချန်းချန်း ပြန်ပေးဆွဲခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး ဟော်မိသားစုထဲက ကိစ္စများကို သိသွားပြီဟု သူမ သံသယဖြစ်နေသည်။

မကြာခင်မှာပင် ရှမြန်၏ခန့်မှန်းချက်ကို အတည်ပြုလိုက်၏။

"အစ်ကိုရွှယ်ဝမ်" ကျိုးချန်ချန်က သူ့နောက်မှ အမှီလိုက်လာ၏။ သူမ၏လေသံနှင့် အပြုအမူများက ခုနကနှင့် လုံးဝကွာခြားနေ၏။ ဒါသည် ရုတ်တရက် အခြေအနေပြောင်းလဲသွားခြင်းမှ အသာစီး ရသွားသည့် ခံစားချက်တစ်ခုဖြစ်သည်။

ဟော်ရွှယ်ဝမ်၏ မျက်လုံးများက ရုတ်တရက်အေးစက်သွားကာ သူသည် ရုတ်တရက်ဆိုသလို အလုပ်လုပ်သည့်စက်ရုပ်တစ်ခုလို သခင်လေးဟော်အဖြစ်သို့ ပြန်ပြောင်းသွားလေသည်။

"ကို သွားတော့မယ်နော် ရှောက်ယွင်" သူက နဥ်ရှောက်ယွင်ကို နှုတ်ဆက်လိုက်ပြီးနောက် နဥ်ရှောက်ပိုင်ကို လှမ်းကြည့်လိုက်ကာ ပြောလိုက်၏။ "ငါ အရင်ဆုံး သွားနှင့်မယ်"

နဥ်ရှောက်ယွင်သည် သူက ကျိုးချန်ချန်ဆီသို့ လျှောက်သွားသည်ကို စောင့်ကြည့်နေလိုက်ပြီးနောက်တွင် နဥ်ရှောက်ပိုင်ဘက်ကို ပြန်လှည့်ကြည့်လိုက်၏။ "နင်တို့နှစ်ယောက် ဘာတွေပြောနေတာလဲ"

နဉ်ရှောက်ပိုင်က ပြုံးလိုက်သည်။

လေလံပွဲမန်နေဂျာက သူ့ဆီသို့ ရောက်လာကာ အပြုံးဖြင့် ပြောလိုက်သည်။ "မစ္စတာနဉ် ဒါက ခင်ဗျားရဲ့ ပန်းချီပါ။ ကျေးဇူးပြုပြီးတော့ လက်ခံပေးပါ"

"တံဆိပ်ခေါင်းရဲ့တန်ဖိုးကိုလည်း ခန့်မှန်းပြီးပါပြီ။ အဲဒါတွေကို နောက်တစ်ကြိမ်ဒီနေရာမှာ လေလံတင်ချင်သလား"

နဥ်ရှောက်ပိုင်က ပန်းချီကားနှင့် တံဆိပ်‌ခေါင်းများကို ပြန်ယူထားလိုက်ပြီး ပြောလိုက်သည်။

"တံဆိပ်ခေါင်းပိုင်ရှင်က သူက ခြံဝင်းတချို့နဲ့ပဲ တံဆိပ်ခေါင်းကို အလဲအလှယ် လုပ်ချင်တာတဲ့။ ဒီတော့ ကျွန်တော် ဒါတွေကို အခုလောလောဆယ်တော့ လေလံမတင်နိုင်သေးပါဘူး"

သူတို့သည် စိတ်ပျက်လက်ပျက်ဖြစ်နေသည့် မန်နေဂျာကို ဟိုတယ်တွင် ထားခဲ့လိုက်သည်။

နဥ်ရှောက်ယွင်က နဥ်ရှောက်ပိုင်ကို ကြည့်လိုက်ပြီး မေးလိုက်၏။ "နင် ဘာတွေ စီစဉ်နေတာလဲ"

နဥ်ရှောက်ပိုင်က ပြုံးကာ ပြောလိုက်သည်။ "ဒီအတိုင်း စောင့်ကြည့်နေလိုက်ပါ။ အခုအားလုံးက အဆင်သင့်ဖြစ်နေပြီ။ ငါတို့တွေက အရှေ့ဘက်လေလာဖို့ကိုပဲ စောင့်ရတော့မှာ"

ဒီအရှေ့ဘက်လေက နဥ်မိသားစုရဲ့အဘိုးကြီး မွေးနေ့ပါတီပွဲ ဖြစ်မှာပေါ့။ ဟော်မိသားစုနဲ့ နဥ်မိသားစုက တစ်ချိန်တည်းမှာပဲ အလဲသိပ်ခံလိုက်ရတော့မှာလား။

သို့သော်ငြားလည်း ဒီအရာများက ရှမိသားစု၏ဘဝနှင့် မသက်ဆိုင်သလောက်ပင်။

ရှမိသားစုတွင် နောက်ထပ်ဝမ်းသာစရာကိစ္စ တစ်ခုရှိနေသည်။ မောက်ဟွေ့မေသည် လက်ထောက်ရာထူးတစ်ခုအတွက် အင်တာဗျူးဖြေရန် ရုံရှင်း၏ ကုမ္ပဏီသို့ သွားရောက်ခဲ့သည်။

လက်တလောတွင် မောက်ဟွေ့မေသည် ညကျောင်းကိစ္စကို တိုင်ပင်ဆွေးနွေးနေပြီး စာမေးပွဲအချိန်က နောက်တစ်နှစ် ဖြစ်လိမ့်မည်ကို သိလာခဲ့သည်။ အချိန်အကြာကြီး ချင့်ချိန်စဉ်းစားပြီးနောက်တွင် သူမက အရင်ဆုံး အလုပ်စမ်းလုပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်၏။

ပထမအချက်မှာ မိသားစု၏ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးရန်ဖြစ်သည်။

ဒုတိယအချက်မှာ လူ့အဖွဲ့အစည်း ကိုယ်တိုင်ကလည်း ကောင်းမွန်သည့် ကျောင်းတစ်ခုဖြစ်သည်ဟု ရှမြန်က အကြံပေးခဲ့သည်။ သူမက အရင်ဆုံး ဒီအရာနှင့် အသားကျလာအောင် လုပ်နိုင်သည်။ သူတို့သည် ယန်မြို့သို့ ရောက်လာသည့်အချိန်တွင် ဒီနေရာနှင့်အသားကျအောင် သေချာပေါက် သင်ယူရပေလိမ့်မည်။

သူမက လက်ထောက်တစ်ယောက်လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီး မောက်ကျစ်ရှန်းကတော့ ရိုက်ကူးရေးအဖွဲ့ကို တစ်ချက်လောက် သွားကြည့်ဖို့ရန် ဒီအတိုင်း တောင်းဆိုထားသည်။ မည်သို့ဆိုစေ ဒါက အဆင်ပြေသည့် ကိစ္စတစ်ခုသာဖြစ်လေသည်။

ရှမြန် မျှော်လင့်ထားသည့်အတိုင်းပင် သူ၏ဒုတိယဦးလေးက စိတ်ယိုင်နေသော်ငြားလည်း မောက်ဟွေ့လန်နှင့် မောက်ဟွေ့ကျူးတို့ကတော့ သူတို့၏အဖေကနာမည်ကြီး ကြယ်ပွင့်တစ်ပွင့် ဖြစ်လာလိမ့်မည်ဟု သေချာနေပြီး သူတို့၏နေ့စဉ်မျှော်လင့်ချက်များက မောက်ကျစ်ရှန်းကို မငြင်းပယ်နိုင်အောင် ဖြစ်စေလေသည်။

မောက်ဟွေ့မေကတော့ သူမ၏အဖေနှင့် အလုပ်လုပ်နိုင်သည်က ကောင်းမွန်သည်ဟု စဉ်းစားလိုက်သည်။

အခုတော့ ရှ၀မ်ယွဲ့က သူ့ကိုစမ်းလုပ်ကြည့်ဖို့ ထောက်ခံလေသည်။

မောက်ကျစ်ရှန်းသည် ဒီနေရာသို့ ရောက်လာကတည်းက အပြင်ထွက်သည်မှာ အလွန်ရှားပါးခဲ့ခြင်းကြောင့်ပင်။ သူသည် အိမ်တွင် ရှ၀မ်ယွဲ့အတွက် ဆိုင်ခင်းရာတွင်အားလုံးကို ကူညီပြင်ဆင်ပေးတတ်သည်။ သို့သော်ငြာလည်း သူမ ဈေးရောင်းနေသည်ကိုတော့ ဘယ်တော့မှသွားပြီး မကူညီခဲ့ချေ။ သူသည် ပျင်းရိနေခြင်းကြောင့်မဟုတ်ဘဲ သူ့မိန်းမနှင့်သမီးကို အရှက်ခွဲမိလိမ့်မည်ကို စိုးရိမ်နေဆဲ ဖြစ်ခြင်းကြောင့်ပင်။

အရင်ကတော့ သူသည် အလုပ်တစ်ခု ရှာဖွေရမည့်အချိန်တွင် ဆောက်လုပ်ရေးတစ်ခုတွင် အုတ်သယ်ခြင်း၊ လေးလံသည့် ပစ္စည်းအိတ်များကို သယ်ဆောင်ခြင်းစသည့် အိမ်နှင့်ဝေးရာတွင် တစ်ခုခုလုပ်ဖို့ အမြဲတမ်းစဉ်းစားလာခဲ့သည်။

ဒါသည် ကလေးဘဝကတည်းက သူ၏ကိုယ်ပိုင် အသိအမြင်တစ်ခုဖြစ်ကာ သူကိုယ်တိုင်တောင် ပြောင်းလဲဖို့ရန် ခက်ခဲပေသည်။

ရှမြန်က ရှ၀မ်ယွဲ့ကို ပြောလိုက်၏။ "သူက အစတုန်းကတော့ ရတနာတစ်ခုပါပဲ။ ဒါပေမဲ့ သူက မသိနားမလည်တဲ့ လူတွေကြားထဲမှာ ကြီးပြင်းလာခဲ့ရတာလေ။ အဲဒီလူတွေကလည်း သူ့ကို အလကားလူလို့ ပြောကြတော့ သူကလည်း သူ့ကိုယ်သူ အလကားလူလို့ ထင်သွားတာပေါ့"

"ဒါပေမဲ့ သူ့ကို သူ့ရဲ့တန်ဖိုးကို နားလည်တဲ့ တစ်စုံတစ်ယောက်ရှေ့မှာ ချထားပေးလိုက်မယ်ဆိုရင်တော့ သူက တောက်ပနိုင်တဲ့ ရတနာတစ်ခု ဖြစ်တယ်ဆိုတာကို တစ်နေ့ကျရင် နားလည်လာလိမ့်မယ်"

ရှ၀မ်ယွဲ့သည် ထိုနေ့က ရုံရှင်း၏စိတ်ရင်းဖြင့် ချီးကျူးစကားကို စဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ သူမသည် မောက်ကျစ်ရှန်းက မည်မျှကောင်းမွန်သည့်သူဖြစ်ကြောင်းကို သိထားပြီး သူမကလည်း သူ့ကို ခေါင်းကိုမော့ထားကာ လူများရှေ့တွင် ယုံယုံကြည်ကြည် ရပ်နေနိုင်သည်ကို လိုချင်လေသည်။

ရိုက်ကူးရေးအဖွဲ့သို့မသွားခင် ရှေ့တစ်ရက်တွင် ရှ၀မ်ယွဲ့က ကြက်ဥတစ်လုံးကိုခွဲပြီး ကြက်ဥအကာနှင့် ပျားရည်ကို ရောကာ မျက်နှာကပ်ခွာတစ်ခုကို ပြုလုပ်ပြီးနောက်‌ မောက်ကျစ်ရှန်းကို ကပ်ပေးလိုက်လေသည်။

မောက်ဟွေ့ကျူးကလည်း သိလိုစိတ်ဖြင့် မေးမြန်းလိုက်၏။ "အမေ အမေ ဒုတိယအစ်မနဲ့ အစ်မရှမြန်ကို ရိုက်နေသေးတာလား"

မောက်ဟွေ့လန်က ဒေါသထွက်ထွက်ဖြင့် သူမပါးစပ်ကို လှမ်းပိတ်လိုက်၏။ "နင်သာ မပြောဘူးဆိုရင် နင်က တုံးအတယ်လို့ ဘယ်သူမှ ထင်မှာမဟုတ်ဘူး"

ရှောင်ဖုန်းကလည်း စိုးရိမ်တကြီးဖြင့် ရှမြန်ကို ဆွဲထွက်သွားသည်။

ရှ၀မ်ယွဲ့က ရှောင်ဖုန်းကို မသိမသာ ခေါင်းညိတ်ပြလိုက်ပြီး ခေါင်းခါလိုက်ကာ ရယ်မောလေသည်။

ထိုကိစ္စက ပြီးခဲ့သည့်ရက်အနည်းငယ်က ဖြစ်သွားခဲ့ခြင်းပင်။

မောက်ကျစ်ရှန်းသည် ယန်မြို့သို့ ရောက်လာကတည်းက ရှ၀မ်ယွဲ့က နေ့တိုင်းဆိုသလို သူ့ကို ကောင်းကောင်းစောင့်ရှောက်လာခဲ့သည်ဟု ပြောလို့ရသည်။ သူ့မျက်နှာက အသားများပြည့်လာပြီး သူကိုယ်တိုင်အတွက် ဖန်တီးပေးထားသည့် အလှတရားက သိသိသာသာ ပေါ်ထွက်လာခဲ့သည်။

ရှမြန်ပြောပြသည့် သခွားသီးအစိတ်ဖြင့် အလှအပနည်းလမ်းနှင့် ပေါင်းစပ်လိုက်သည်တွင် မောက်ကျစ်ရှန်းသည် ခဏတိုင်းဆိုသလို ကုသမှုကို ခံယူနေရလေသည်။

သူ့အသားအရေကလည်း အလွန်မှကောင်းမွန်ခြင်းကြောင့် ဖြစ်နိုင်သည်။ ထို့ကြောင့် အာနိသင်က ၁ခါ၊ ၂ခါပြုလုပ်ပြီးသွားသည့်နောက်တွင် အလွန်မှသိသိသာသာ ရလဒ်ထွက်လာခဲ့သည်။

ထိုနေ့တွင် ရှ၀မ်ယွဲ့သည် ပျားရည်ကို ဝယ်ယူနေသည့် တစ်စုံတစ်ယောက်နှင့် တွေ့ခဲ့သည်။ သူမက ပျားရည်တစ်ပုလင်းကို ဝယ်လာခဲ့ပြီး သူမမိသားစုအတွက် အာဟာရဖြည့်ဖို့ရန်ဟု ပြောခဲ့သည်။

ရှမြန်ကတော့ စိတ်ကူးတစ်ခု ရုတ်တရက်ရလာ၏။ အကယ်၍ တကယ်တမ်း ယှဥ်ကြည့်ရမည်ဆိုလျှင် ကြက်ဥအကာ ပျားရည်နှင့်လုပ်ထားသည့် မျက်နှာကပ်ခွာ၏အာနိသင်က သခွားသီးစိတ်လေးများထက် အများကြီး ပိုကောင်းလိမ့်မည်။ အာနိသင်ကို ဦးလေးနှစ်အား စမ်းကြည့်ပြီးလျှင် သိလာလိမ့်မည်။

ကြက်ဥနှင့်ပျားရည်များက သခွားသီးနှင့်မတူချေ။ ရှ၀မ်ယွဲ့သည် သူမ ထိုသို့လုပ်မည်ကို သေချာပေါက် သဘောတူလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ရှမြန်က မောက်ဟွေ့လန်ကို ကြက်ဥနှင့်ပျားရည်များကို ခိုးလာခိုင်းပြီး ရှ၀မ်ယွဲ့ ရေချိုးနေသည့်အချိန်တွင် မျက်နှာကပ်ခွာတစ်ခုကို ပြုလုပ်ကြတော့သည်။

မောက်ဟွေ့လန်က အခုလေးတင်မှ မျက်နှာသစ်လာသည့် မောက်ကျစ်ရှန်းကို ခြံဝင်းထဲသို့ ဆွဲခေါ်လာပြီး သူ့ကို ထိုင်ခုံလေးပေါ်တွင် ဖိချလိုက်ကာ သူ့မျက်နှာပေါ်တွင် ခရင်မ်များကို စတင်လိမ်းပေးလေသည်။

မောက်ကျစ်ရှန်းက ဒီရက်ပိုင်းအတွင်း သူ့သမီး၏ နှိပ်စက်မှုများကို အသားကျလာပြီဖြစ်သည်။ ထို့ကြောင့် သူကလည်း မလွန်ဆန်တော့ချေ။ သို့သော်ငြားလည်း ထိုအရာကို သူ့မျက်နှာပေါ်တွင် ကပ်လိုက်ပေးသည့်အချိန်တွင် သူ့မှာမနေနိုင်ဘဲ မေးရတော့သည်။ "ဒါက ဘာလဲ။ ဘာဖြစ်လို့အရမ်း စေးကပ်နေတာလဲ"

မောက်ဟွေ့လန်က ရှမြန်ကို မလုံမလဲလှမ်းကြည့်ပြီး ပြောလိုက်၏။ "ဪ ဒါနဲ့ပတ်သက်ပြီး စိတ်မပူပါနဲ့။ ဒါက အဖေ့ရဲ့အသားအရည်ကို ပိုပြီးတော့ကောင်းမွန်လာအောင် လုပ်ပေးမှာပါ"

မောက်ကျစ်ရှန်းက ဘာမေးခွန်းမှ ထပ်မမေးတော့ချေ။ ရှ၀မ်ယွဲ့ကလည်း ရေချိုးပြီးထွက်လာချိန် ဖြတ်သွားသည့်အချိန်၌ သေသေချာချာ မမြင်လိုက်ချေ။ နောက်ဆုံး အလင်းရောင်ကလည်း မှိန်နေပြီဖြစ်ရာ သူမကလည်း လုံးဝမသိချင်ပေ။ သူမက ဒီအတိုင်းသာ မေးလိုက်၏။ "နင်တို့တွေ ဘာလုပ်နေကြတာလဲ။ ဘာဖြစ်လို့အနံ့က အရမ်းမွှေးနေတာလဲ"

မောက်ဟွေ့လန်က အကြိမ်အနည်းငယ် ခိုးရယ်လိုက်ပြီး ဒီအတိုင်း လစ်ထွက်လာခဲ့လိုက်သည်။

သူတို့သည် အမှန်တရားကို အောင်အောင်မြင်မြင် ဖုံးကွယ်နိုင်ခဲ့ပြီဟု နှစ်ယောက်စလုံးက ထင်လိုက်သည့်အချိန်မှာပင် သူတို့သည် လှုပ်ရှားမှုသေးသေးလေးကို လှမ်းကြည့်မိလိုက်၏။ စိတ်အားထက်သန်နေသည့် ကောင်မလေးတစ်ယောက်... မောက်ဟွေ့ကျူး။

သူတို့နှစ်ယောက်က မျက်နှာကပ်ခွာများကို ပြုလုပ်နေသည်ကို ဒီကလေးမက ဘယ်တုန်းကမြင်သွားခဲ့မှန်း ဘယ်သူမှမသိခဲ့ချေ။ ရှ၀မ်ယွဲ့က သူမကို မျက်နှာသစ်ပေးဖို့ လာရှာသည့်အချိန်တွင် သူမသည် မောက်ဟွေ့ကျူးက မီးဖိုချောင်ထဲတွင် ကြက်ဥကိုခွဲပြီး ပျားရည်နှင့် အလုပ်များနေသည်ကို တွေ့လိုက်ရတော့သည်။

ရှ၀မ်ယွဲ့မှာ ဆူဆဲရင်း ပစ္စည်းများကို ပြန်သိမ်းထားလိုက်ပြီးနောက် မောက်ဟွေ့ကျူးကို သူမ၏ ချိုင်းကြားအောက်တွင် ညှပ်ကာထွက်လာရင်း ဒေါသတကြီးဖြင့် လက်ညှိုးထိုးကာ ပြောဆိုတော့သည်။ "ရှမြန် မောက်ဟွေ့လန်"

"နင်တို့၂ယောက် အရိုက်ခံချင်နေကြတာလား။ နင်တို့တွေ အတင့်ရဲလို့ အစားအသောက်ကိုများ ဖြုန်းတီးရသလား။ နင်တို့တွေက မစားမသောက်ရက်တဲ့အရာတွေကို နင်တို့မျက်နှာပေါ်မှာ သုတ်လိမ်းနေကြတယ်ပေါ့။ ဒီကိုလာခဲ့ကြစမ်း"

ရှမြန်နှင့် မောက်ဟွေ့လန်တို့သည် အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့၏ပခုံးများက လျှောကျသွားကြကာ အိမ်ထဲသို့ မြန်မြန်ပြေး၀င်ကြတော့သည်။

ရှောင်ဖုန်းကလည်း စိုးရိမ်တကြီး ရှမြန်နောက်မှနေ၍ အိမ်ထဲသို့ လိုက်၀င်လာပြီး တံခါးကိုပိတ်ရန် ကိုယ်ကိုလှည့်လိုက်သေးသည်။ ထို့နောက်တွင်တော့ အပြင်ဘက်သို့ စိတ်အားထက်သန်စွာဖြင့် ကုန်းပြီးကြည့်လိုက်၏။ "အန်တီလေး အဘွားလေးက ဒေါသထွက်နေတယ်"

ရှမြန်မှာ သူ့ကြောင့် သဘောကျသွားတော့သည်။ သူ့ဆီသို့ လျှောက်သွားလိုက်ကာ ဂွမ်းစောင်ပေါ်တွင် တင်ပေးလိုက်၏။ "ဒါဆိုရင်တော့ မြန်မြန်အိပ်ကြရအောင်။ ငါတို့တွေ အိပ်ပျော်သွားရင် သူလာရိုက်တော့မှာ မဟုတ်ဘူး"

ထိုကိစ္စကြောင့် ရှောင်ဖုန်းသည် နောက်တစ်နေ့တွင် နောက်ကျမှ အိပ်ရာနိုးတော့သည်။

သူလေးသည် အိပ်ရာနိုးလာသည့်တိုင် ချက်ချင်း မထလိုက်သေးချေ။ ရှမြန်နိုးလာသည်ကို မြင်လိုက်သည်တွင် သူက သူ့လက်သေးသေးလေးဖြင့် သူမ၏ဂွမ်းစောင်လေးကို ဖိထားပေးလိုက်ပြီး အပြင်ကအသံများကို နားထောင်ဖို့ရန် နားစွင့်ထားလိုက်သေးသည်။ သူက မြေအောက်တော်လှန်ရေး အဖွဲ့၀င်တစ်ယောက်လို ခပ်တိုးတိုးလေး ပြောလိုက်၏။ "အဘွားလေး ဒီမှာရှိနေသေးတယ်"

ရှောင်ဖုန်းမှာ အလွန်မှချစ်စရာကောင်းနေသဖြင့် ရှမြန်၏နှလုံးသားမှာ တုန်ရင်သွားတော့သည်။ "အို ပေါင်ပေါင်းရယ် ဘာဖြစ်လို့ အဲဒီလို ချစ်ဖို့ကောင်းနေရတာလဲ" သူမက ရှောင်ဖုန်းကို သူမ၏ရင်ခွင်ထဲတွင် ပွေ့ဖက်ထားလိုက်ကာ သပ်ပေးလိုက်၏။

ကလေးလေးက အကြောင်းအရာကိုတော့ နားမလည်ချေ။ အပြင်ဖက်သို့ ထွက်လာပြီးနောက်တွင် သတိအပြည့် ရှိနေသေး၏။ သူသည် ရှ၀မ်ယွဲ့ကို တွေ့လိုက်သည်နှင့်ချက်ချင်း ရှမြန်ဆီသို့ မြန်မြန်ပြေးသွားကာ သူမ၏လက်ကို တွဲထားလိုက်သည်။ လူကြီးများက သူ့ကိုမျက်နှာသာ ပေးလိမ့်မည်ဖြစ်ကာ သူ့ရှေ့တွင် မည်သူ့ကိုမှ ရိုက်လိမ့်မည်မဟုတ်ကြောင်းကို သူ ရေးရေးလေးသိနေသည်။

ရှ၀မ်ယွဲ့ကလည်း ဒါကိုသတိထားမိလိုက်ပြီး ကောင်ကလေး၏နဖူးကို လှမ်းပုတ်လိုက်ကာ ပြောလိုက်လေသည်။ "ညဏ်ကောင်းလိုက်တဲ့ သရဲလေးပဲ"

သူမက သူတို့ကို ဒီအတိုင်းလက်ညှိုးထိုးကာ သတိပေးလိုက်၏။ "နင်တို့တွေ အဲဒါကို ထပ်လုပ်ရင်တော့ ငါ ရိုက်တော့မှာနော်"

နှစ်ယောက်သားက လျှာလေးကို ထုတ်ပြလိုက်ကာ ရှမြန်က ခပ်တိုးတိုး ရယ်မောလိုက်၏။

"နောက်တစ်ခေါက်ကျရင် မလုပ်တော့ပါဘူး။ အဒေါ် နောက်တစ်ခေါက်ကျရင် ရှားစောင်းလက်ပတ် တစ်အိုးလောက် ၀ယ်လို့ရတယ်လေ။ ရှားစောင်းလက်ပက်ကလည်း အရမ်းကောင်းတဲ့ အလှအပရေးရာ အာနိသင်တစ်ခုရှိတယ်"

ရှ၀မ်ယွဲ့က ပြောလိုက်၏။ "နင်အများကြီး သိနေတယ်ပေါ့" သို့သော်ငြားလည်း သူမက ထိုအကြောင်းကို စိတ်ထဲတွင် မှတ်ထားလိုက်သေးသည်။

အကြောင်းမှာ မောက်ကျစ်ရှန်း၏ မျက်နှာကပ်ခွာ အာနိသင်က အမှန်ပင် အံ့ဩစရာကောင်းခြင်းကြောင့်ပင်။

ရှ၀မ်ယွဲ့ကလည်း ကျိုးကြောင်းသင့်သူဖြစ်လေသည်။ ပစ္စည်းများက အလကား ဖြစ်သွားတော့မည်ဖြစ်သဖြင့် သူမကလည်း ထိုပစ္စည်းများကို အပြည့်အ၀ အသုံးချလိမ့်မည်က သဘာ၀ပင်။

ရှမြန်ပြောသည့်အဆင့်များကို သေသေချာချာ လိုက်လုပ်ပြီးနောက်တွင် သူမက မျက်နှာကို သစ်လိုက်ပြီး မောက်ကျစ်ရှန်း၏ မျက်နှာပေါ်တွင် အလွှာအထူကြီးတစ်ခုကို ကပ်ပေးထားလိုက်သည်။

ထို့ကြောင့် နောက်တစ်နေ့တွင် မောက်ကျစ်ရှန်း၏မျက်နှာက သိသိသာသာချောမွေ့ပြီး ပိုပြီးဖြူနေကာ သူ၏ချောမောနေသည့်ရုပ်သွင်က ပိုပြီး ကြည်လင်ရှင်းလင်းလာတော့သည်။

ထို့ကြောင့် ဒီတစ်ကြိမ်တွင် သူက ရိုက်ကူးရေးအဖွဲ့သို့ သွားတော့မည့်အချိန်တွင် ရှ၀မ်ယွဲ့က သူ့ကို အကောင်းစား မျက်နှာကပ်ခွာတစ်ခုကို ထပ်လုပ်ပေးခဲ့ပြီး ကျန်သည့်အရာများကိုတော့ မောက်ဟွေ့လန်အတွက် သုံးလိုက်သည်။

ရုံရှင်း လွှတ်လိုက်သည့် ဒရိုင်ဘာက သူတို့၂ယောက်ကို လာကြိုပေးသည်ကို စောင့်ကြည့်ပြီးနောက်တွင် ရှ၀မ်ယွဲ့က သူမ၏အ၀တ်အစားများကို ပုတ်ခါလိုက်ကာ မြန်မြန်ပြန်လာခဲ့သည်။

"ဟယ် နောက်ကျနေပြီပဲ။ မြန်မြန်လုပ်။ ငါတို့တွေ ဆိုင်ဖွင့်တာနောက်ကျတော့မယ်"

ထို့နောက်တွင်တော့ သူမသည် ရှမြန်နှင့် မောက်ဟွေ့လန်ကို မှာကြားဖို့ရန် မမေ့ခဲ့ချေ။ "နင်တို့တွေ ရှောင်ဖုန်းနဲ့ ဟွေ့ကျူးကို မူကြိုကျောင်းကို သွားပို့ပြီးသွားရင် နင်တို့နှစ်ယောက်လည်း အိမ်ပြန်ပြီးတော့ စာလုပ်သင့်တယ်နော်။ လျှောက်ပါတ်သွားမနေနဲ့။ ငါပြောတာကြားလား"

ရှမြန်မှာ မနေနိုင်ဘဲ အော်ရယ်တော့သည်။ "နင့်အမေက အစ်မဟွေ့မေကို လုံး၀စိတ်မပူဘူးပဲ"

မောက်ဟွေ့လန်ကလည်း ပြောသည်။ "ဘာစိတ်ပူစရာလိုလို့လဲ။ ဘာမှထူးထူးခြားခြား မဖြစ်ဘူးဆိုရင် ဒီအတိုင်း ပြန်လာကြမှာပဲဟာကို..."

ရှမြန်က သူမ၏ခေါင်းကို စောင်းထားလိုက်ပြီး "ဒါလည်း ဟုတ်ပါတယ်"

နွေးထွေးသည့် မိသားစု၀င်တစ်ဖွဲ့က ဒီလိုထောက်ပံ့ပေးနေသည့်အချိန်တွင် အမှန်တကယ် ဘာကိုမှ ကြောက်စရာမလိုတော့ချေ။

...

All Chapters