အပိုင်း(၉၀)
Vol. 6 Ch. 90
လူများအနားယူပြီး စကားစမြည်ပြောဖို့ရန်အတွက် အိမ်တော်၏ပထမထပ်တွင် စားပွဲငယ်လေးများနှင့် သီးသန့်နေရာလေးများကို ပြုလုပ်ထားပြီး အလယ်တွင်ကြီးမားသည့် ဆိုဖာများစွာကို အစုံလိုက်ချထားပေးသည်။
ဆံပင်များဖြူဖွေးနေပြီး ကြံ့ခိုင်ဖြတ်လတ်သည့် စိတ်အားတစ်ခုရှိသည့် အသက်၇၀နှစ်အရွယ် သခင်ကြီးနဥ်သည် တရုတ်စကားလုံး’ဖူ’ဟု ပန်းထိုးထားသည့် ကြက်သွေးရင့်ရောင် ထန်ဝတ်စုံကို ဝတ်ဆင်ကာ အခန်း၏အလယ်တွင် ထိုင်နေသည်။ ကြီးမားသည့်ဆိုဖာတွင် လူများအပြည့်ရှိနေ၏။
ဟော်ဖိန်းရိနှင့် သခင်မကြီးဟော်တို့ကလည်း ထိုလူများအကြားတွင် ရှိနေသည်။ လူကြီးတော်တော်များများက တံဆိပ်ခေါင်းအကြောင်းကို အတူတူပြောဆိုနေကြသည်။
ဟော်ဖိန်းရိက စိတ်လှုပ်ရှားသွားစွာဖြင့် "တကယ်ပဲ တရုတ်ပြည်ရဲ့ တောင်နဲ့မြစ်တွေအားလုံးက နီနေတာလား"
"ဟုတ်တယ်" အဘိုးကြီးတစ်ယောက်က ပြောလိုက်သည်။ "ကျုပ်က လေလံပွဲကို ငွေတောင် ယူသွားခဲ့သေးတယ်။ ဒါပေမဲ့ သူတို့တွေပြောတာကတော့ တံဆိပ်ခေါင်းပိုင်ရှင်က ဒါကို မရောင်းချင်ဘူးတဲ့"
"ဒါကို မရောင်းချင်ပါဘဲနဲ့ ဘာဖြစ်လို့ထုတ်လာခဲ့တာတဲ့လဲ" ဟော်ဖိန်းရိက ညည်းညူပြစ်တင်လိုက်ပြီး
"သူတို့တွေက လူကို ရယ်စရာဖြစ်အောင် လုပ်ဖို့ကြိုးစားနေကြတာလား"
"ပြောကြတာကတော့ ပိုင်ရှင်က ရှေးခေတ်ပုံစံ အိမ်ခြံဝင်းတွေကို သဘောကျတာတဲ့" အဘိုးကြီးကပြောသည်။ "နောက်ပြီး တံဆိပ်ခေါင်းတွေကို တကယ်ကောင်းတဲ့ အိမ်ခြံဝင်းတွေအတွက်ပဲ အလဲအလှယ်လုပ်ချင်တာတဲ့"
သခင်မကြီးဟော်သည် သူမ၏စိတ်ထဲတွင် နာကျင်မှုတစ်ခုကို မနေနိုင်ဘဲ ခံစားလိုက်ရပြီး ဟော်ဖိန်းရိကို ကြည့်လိုက်၏။
ဟော်ဖိန်းရိက မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။ "ကျုပ်အိမ်မှာ ခြံဝင်းတွေ တော်တော်များများ ရှိသားပဲ..."
အဘိုးကြီးက ပြောလိုက်သည်။ "အရမ်း နောက်ကျသွားပါပြီ။ အဲဒီလိုမှမဟုတ်ရင် ခင်ဗျားအလှည့်တောင် ရောက်လာမှာ မဟုတ်ဘူး။ ကျုပ်မိသားစုမှာလည်း အိမ်ခြံဝင်းတွေ တော်တော်များများ ရှိသားပဲ။ ကျုပ်ဒီသတင်းကို ရလာတဲ့အချိန်မှာ တစ်စုံတစ်ယောက်ကတော့ ဒါကို ရယူဖို့လုံလောက်အောင် မြန်ဆန်နေပြီးပြီလေ"
ဟော်ဖိန်းရိ၏မျက်နှာပေါ်က စိတ်ပျက်သွားမှုက သိသာထင်ရှားသည်။
ဟော်သခင်မကြီးကတော့ စိတ်အေးသွားကာ သက်ပြင်းချလိုက်မိ၏။ ဟော်ဖိန်းရိသည် အိမ်ခြံဝင်းကို တံဆိပ်ခေါင်းများအတွက် လဲလှယ်ဖို့ စဉ်းစားလိုက်ကတည်းက ဒါသည် ထိုရောင်းချလိမ့်မည် မဟုတ်သည့် အမည်ခံ ဘိုးဘွားပိုင်အိမ်ယာက နဥ်ရှောက်ပိုင်ကို ခြောက်လှန့်ဖို့ရန် လှည့်ကွက်တစ်ခုသာဖြစ်ကြောင်း သက်သေဖြစ်သည်။
"ဦးလေး ဦးလေးတို့က တကယ်သတင်းရတာနှေးတာပဲ" သူ့ဘေးက အသက်၂၀ဝန်းကျင် မိန်းကလေးတစ်ယောက်က အပြုံးဖြင့်ပြောလိုက်သည်။ "တံဆိပ်ခေါင်းရဲ့ ပိုင်ရှင်အသစ်က တံဆိပ်ခေါင်းကို စုဆောင်းရတာ မကြိုက်ဘူးလေ။ တံဆိပ်ခေါင်းကို ထပ်ပြီးတော့ လေလံတင်လိမ့်မယ်။ နောက်လေလံပွဲမှာ ရောင်းချနိုင်လိမ့်မယ်"
လူတော်တော်များများသည် ချက်ချင်းဆိုသလို နားစွင့်လိုက်ကြ၏။
ဟော်ဖိန်းရိက ပြောလိုက်သည်။ "မင်း ဒါကို ငါ့ဆီကနေ လုယူလို့မရဘူးနော်"
မိန်းကလေးက မြေခွေးအိုကြီးများကို မကြောက်လန့်ချေ။ "ဦးလေးဟော်ရယ် ဦးလေးဟော်က အရမ်းကို ဗိုလ်ကျတတ်လွန်းနေပါပြီ။ ကျွန်မတို့တွေက ကျွန်မတို့ရဲ့ ကိုယ်ပိုင်အရည်အချင်းကိုပဲ အားကိုးရလိမ့်မယ်လေ။ ကျွန်မအမေကလည်း အဲ့ဒီတံဆိပ်ခေါင်းကို လိုအပ်နေတာ"
သခင်ကြီးနဥ်က ကြားဝင်ပြောလိုက်၏။ "ဒါတော့ ဟုတ်တယ်။ အမြဲတမ်း ဖြတ်လုသွားတဲ့သူက ဖိန်းရိ ဖြစ်နေတာလေ။ ဒီတစ်ခေါက်တော့ ငါက မင်းအတွက် ဆုံးဖြတ်ချက် ချပေးရလိမ့်မယ်။ ဒါက မင်းရဲ့ အရည်အချင်းပေါ်မှာပဲ မူတည်တယ်"
အားလုံးက ရယ်မောနေကြချိန်တွင် နဥ်ရှောက်ပိုင်၊ နဥ်ရှောက်ယွင်နှင့် သူတို့၏အဖွဲ့သည် အပြင်မှဝင်လာကြ၏။
"အဘိုး" နဥ်ရှောက်ပိုင်က လှမ်းခေါ်လိုက်၏။
သခင်ကြီးနဥ်သည် သူတို့ကို မြင်လိုက်ရသည့်အတွက် အင်မတန်မှ ဝမ်းသာသွား၏။ "ရှောက်ယွင်၊ ရှောက်ပိုင် နင်တို့ပြန်လာကြပြီ။ ဒီကိုမြန်မြန်လာကြ"
နဥ်ရှောက်ပိုင်က မေးမြန်းရင်း လမ်းလျှောက်လာ၏။ "အဘိုး အဘိုးက ဒီနေ့ ချန်းချန်းကို ဒီနေရာကို ခေါ်မလာခိုင်းတာက ဒီမှာလူအများကြီးရှိနေလို့လေ ဟုတ်တယ်မလား"
သခင်ကြီးနဥ်သည် အပြင်ဘက်တွင်ဖြစ်ခဲ့သည့် ရန်ပွဲကို မသိခဲ့ချေ။ သို့သော်ငြားလည်း သူသည် လူပေါင်းများစွာရှေ့တွင် နဥ်ရှောက်ပိုင်ကို ဘယ်တော့မှ ဖော်ထုတ်လိမ့်မည် မဟုတ်ချေ။ သူက ဘာအားနည်းချက်မှ မပြဘဲ ချက်ချင်းပြန်ဖြေလိုက်၏။ "ဟုတ်တယ်လေ ကလေးက အရမ်းငယ်ပါသေးတယ်။ ငါ ဒီနေ့ သူ့ကိုဂရုမစိုက်နိုင်မှာစိုးလို့ပါ။ နောက်နေ့ကျမှ သူ့ကိုခေါ်လာလည်း အတူတူပါပဲ"
နဥ်ရှောက်ပိုင်က ပြောလိုက်သည်။ "ဒေါ်ဒေါ်ဖန်က ပြောတယ်လေ။ အဘိုးက ချန်းချန်းကို အရမ်းလွမ်းနေလို့ အိပ်တောင် မအိပ်နိုင်ဘူးတဲ့။ တကယ်လို့ ကျွန်တော်တို့တွေသာ ကလေးကို ပြန်မခေါ်လာဘူးဆိုရင် ကျွန်တော်တို့တွေက မသိတတ်ရာကျတော့မှာပဲ"
သခင်ကြီးနဥ်သည် မသိမသာ မျက်မှောင်ကြုတ်လိုက်ပြီး နဥ်ရှောက်ပိုင်၏ မျက်လုံးကို တည့်တည့်ကြည့်လိုက်၏။
နဥ်ရှောက်ပိုင်က အလျှော့မပေးဘဲ သူ့အဖြေကို တိတ်တိတ်လေး စောင့်စားနေလိုက်၏။
သခင်ကြီးနဥ်က ဖန်ရှို့ကျစ်ကို လှမ်းကြည့်လိုက်ကာ သူ့စိတ်ထဲတွင် ကြိတ်ကာသက်ပြင်းချပြီး ပြောလိုက်၏။
"မင်းရဲ့ဒေါ်ဒေါ်ဖန်က အရမ်းအလုပ်များနေလို့လေ။ ဒီကိစ္စကို ငါသူ့ကို မပြောပြလိုက်ရဘူး။ ဒီလို ကိစ္စအသေးအဖွဲ့လေးအတွက်နဲ့တော့ သူ့ကို အနှောင့်အယှက်မပေးပါနဲ့"
ဖန်ရှို့ကျစ်က လိုက်လျောညီထွေစွာ ပြုံးပြလိုက်ပြီး နဥ်ရှောက်ပိုင်က ပြက်ရယ်ပြုနေသည်ဟုသာ စဉ်းစားလိုက်လေသည်။ အဘိုးကြီးက သူ့ရဲ့စင်ကိုတောင်မှ မဖျက်ဆီးခဲ့ဘဲနဲ့ သူကဘယ်လိုလုပ်ပြီး အိမ်ရဲ့သခင်မဖြစ်တဲ့ သူမရဲ့စင်ကို ဖျက်ဆီးနိုင်ပါ့မလဲ။
နဥ်ရှောက်ပိုင်က ခပ်ရေးရေးလေး ပြုံးကာ အဘိုးကြီး၏ သဘောထားကို တစ်ဖန်ပြန် အတည်ပြုလိုက်၏။ သို့နှင့် ထိုကိစ္စနှင့်ပတ်သက်ပြီး စိုးရိမ်စရာမလိုတော့ချေ။
အဘိုးကြီးက ထိုကိစ္စကို ဖျန်ဖြေပေးလိုက်ကာ နဥ်ရှောက်ယွင်နှင့် နဥ်ရှောက်ပိုင်တို့ကို သူတို့၏ နေထိုင်ရေးအခြေအနေကို မေးလိုက်လေသည်။
သူ့မြေးများအတွက် သူ၏စိုးရိမ်စိတ်ကတော့ စိတ်ရင်းအမှန် ဖြစ်ပေသည်...
သို့သော်ငြားလည်း... ဖန်ရှို့ကျစ်သည် တစ်ခုခုလွဲနေသည်ကို တဖြည်းဖြည်းချင်း သိရှိလာ၏။
အဘိုးကြီးဘေးက မိတ်ကပ်ပါးပါးလေးလိမ်းထားသည့် မိန်းကလေးတစ်ယောက်...
ဟုတ်ပါသည်။ သိပ်မကြာခင် အဘိုးကြီးသည် မိန်းကလေးကိုခေါ်ကာ နဥ်ရှောက်ပိုင်နှင့် မိတ်ဆက်ပေးလိုက်သည်။
"ဒါက ချုံးယင်းလေ။ သူလည်း နိုင်ငံခြားမှာ အကြာကြီး နေပြီးမှပြန်လာခဲ့တာ။ သူက အခုလောလောဆယ် နည်းနည်းတော့ အနေခက်နေမှာပဲ။ မင်းက နောက်ပိုင်းကျရင် အဘိုးကိုယ်စား သူ့ကို စောင့်ရှောက်ပေးရလိမ့်မယ်"
ဖန်ရှို့ကျစ်သည် သူမ၏စိတ်ထဲတွင် မကောင်းသည့်ခံစားချက်တစ်ခု ရှိလာပြီး မသင်္ကာစွာ မေးလိုက်လေသည်။ "ဒါက ဘယ်သူများလဲ..."
အဘိုးကြီးက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ "ဒါက ငါ့မိတ်ဆွေဟောင်းရဲ့ မြေးမလေးလေ။ သူ့မိသားစုကလည်း ဆေးပညာလောကကပဲ။ ရှောက်ပိုင်ကလည်း ဆရာဝန်တစ်ယောက် မဟုတ်လား။ ချုံးယင်းနဲ့ စကားလေး ကောင်းကောင်းပြောလိုက်တာက မင်းအတွက် အခွင့်အရေးကောင်း တစ်ခုဖြစ်ပါလိမ့်မယ်"
သူမသည် အမှန်ပင် လုပ်ရည်ကိုင်ရည်ရှိပြီး သဘောထားကြီးမားသည့် မိန်းကလေးတစ်ယောက် ဖြစ်ပေသည်။ သူမက ထရပ်လိုက်ကာ ဖန်ရှို့ကျစ်ကို နှုတ်ဆက်လိုက်၏။ "မင်္ဂလာပါ မစ္စဖန်။ ကျွန်မက ကောင်းချုံးယင်းပါ"
ဖန်ရှို့ကျစ်သည် ခဏလောက် မှင်တက်အံ့သြသွားကာ သူမ၏စိတ်ထဲတွင် အချက်အလက်များကို ရှာဖွေလိုက်ပြီးမှ ခန့်မှန်းကြည့်လိုက်၏။ "မင်းက ကောင်းခမ်း ဆေးဝါးဖြန့်ချီရေးက..."
ကောင်းချုံးယင်းက ပြုံးကာပြောလိုက်၏။ "ဟုတ်ပါတယ်။ ကောင်းခမ်းဆေးဝါးဖြန့်ချီရေးက ကျွန်မအဖေရဲ့စက်ရုံပါ"
ဖန်ရှို့ကျစ်သည် အဘိုးကြီးကို လှမ်းကြည့်လိုက်ပြီး သူမ၏စိတ်ထဲက နာကြည်းမုန်းတီးမှုကို ခက်ခက်ခဲခဲ ကြိုးစားမျိုသိပ်လိုက်ရ၏။ အဘိုးကြီးက နဥ်ရှောက်ပိုင်အတွက် ဒီလိုထွက်ပေါက်တစ်ခုကို ချန်ထားပေးလိမ့်မည်ဟု သူမက မျှော်လင့်မထားမိခဲ့ချေ။
ကောင်းခမ်းဆေးဝါးဖြန့်ချိရေးက သမီးတစ်ယောက်သာရှိပြီး အနာဂတ်တွင်စက်ရုံကို သူမက အမွေဆက်ခံလိမ့်မည်ဟု ပြောကြသည်။ အကယ်၍ နဥ်ရှောက်ပိုင်က ကောင်းမိသားစု၏ သမက်ဖြစ်လာခဲ့လျှင်...
ကောင်းချုံးယင်းက ပြုံးကာ သူမ၏လက်ကို နဥ်ရှောက်ပိုင်ရှေ့သို့ ဆန်တန်းလိုက်ပြီး သူမ၏မျက်နှာတွင် အပြုံးအပြည့် ဖြစ်နေလေသည်။ သူမသည် အလွန်မှ စိတ်ကျေနပ်နေသည်မှာ သိသာ၏။ "ဟယ်လို ကျွန်မက ရှင့်ကို ရှောက်ပိုင်လို့ ခေါ်လို့ရမလား"
ရှမြန်မှာ မျက်လုံးမပြူးဘဲ မနေနိုင်အောင်ဖြစ်သွား၏။ ဝိုး ဒါက ရုတ်တရက် လုပ်ပေးလိုက်တဲ့ ဘလိုင်းဒိတ်ပဲ။
အဘိုးကြီးက နဥ်ရှောက်ပိုင်ကို ပြန်ဖြည့်ဆည်းပေးဖို့ ကြိုးစားနေတာလား။ ဒါမှမဟုတ် ဖန်ရှို့ကျစ်လွှမ်းမိုးခံရတာကနေ ကာကွယ်ပေးနေတာလားဆိုတာတော့ မသိပါဘူး။
သို့သော်ငြားလည်း နဥ်ရှောက်ပိုင်က ဒါကိုလုံးဝသဘောမကျချေ။ သူက ယဉ်ယဉ်ကျေးကျေးဖြစ်ကာ ဒီအတိုင်းလက်ကို ဆန့်လိုက်ပြီး လက်ဆွဲနှုတ်ဆက်ပြီးနောက် ပြောလိုက်လေသည်။ "မစ်ကောင်း အဆင်ပြေသလိုပြောပါ"
ကောင်းချုံးယင်းသည် သူ၏ယဉ်ကျေးနေခြင်းကို သတိထားမိလိုက်ပြီး ခပ်တန်းတန်းဖြစ်သွား၏။
"ဟုတ်ကဲ့ပါ"
ဖန်ရှို့ကျစ်သည် ချက်ချင်းရယ်မောကာ ပြောလိုက်၏။ "မိတ်ဆွေဖွဲ့တဲ့ကိစ္စတွေကိုတော့ ခဏထားလိုက်ပါဦး။ နောက်ဆုံးတော့ ရှောက်ယွင်နဲ့ ရှောက်ပိုင်တို့က ပြန်လာကြပြီလေ။ အဖေ သူတို့တွေ ဘာလက်ဆောင် ယူပြန်လာလဲဆိုတာကို မသိချင်ဘူးလား"
တစ်စုံတစ်ယောက်က ပြောလိုက်၏။ "ဟုတ်တယ် အဘိုးကြီးက အရမ်းကံကောင်းတာပဲ။ ရှောက်ရန် အခုလေးတင် သူ့ကိုပေးလိုက်တဲ့ အနွေးတုံးကျောက်စိမ်းလေးက အရမ်းကို တွေးတော စဉ်းစားပေးတတ်တာပဲ"
"လူတွေကလည်း မိသားစုရဲ့ဒီလိုပျော်ရွှင်စရာ အခိုက်အတန့်အတွက် အသက်ရှင်လာကြတာပဲ။ ဒါက ကလေးတွေကနေ ဖြစ်နေသရွေ့တော့ ပျော်စရာကောင်းဖို့ ထိုက်တန်ပါတယ်"
သခင်ကြီးနဥ်က အပြုံးများကို မရပ်တန့်နိုင်တော့ချေ။
နဥ်ရှောက်ယွင်က ကိုယ်ကိုလှည့်ကာ ရုံရှင်းထံမှ ရှည်လျားသည့် ဘူးတစ်ဘူးကို ထုတ်ယူလာပြီး အလိပ်တစ်ခုကို ဆွဲထုတ်လိုက်ကာ ပြောလိုက်လေသည်။ "ဒါက ကျွန်မအဘိုးအတွက် ဆွဲထားပေးခဲ့တဲ့ မွေးနေ့ပန်းချီကားပါ။ ကောင်းမွန်တဲ့ ကံကောင်းခြင်းတွေက အရှေ့ပင်လယ်လို ကျယ်ပြောပြီး တောင်ပိုင်းက တောင်စဉ်တောင်တန်းတွေလို အသက်ရှည်ကျန်းမာပါစေလို့ အဘိုးကို ဆုတောင်းပေးပါတယ်"
"ကောင်းတယ် ကောင်းတယ်" အဘိုးနဥ်သည် ဂုဏ်ယူ၀င့်ကြွားစွာဖြင့် အားလုံးကို မိတ်ဆက်ပေးလေသည်။
"ငါ့မြေးမလေးက ကလေးဘဝကတည်းက ပန်းချီပညာမှာ အရမ်းကို ပါရမီရှိတဲ့သူလေ"
သူက ပြောရင်းဆိုရင်းဖြင့် နေရာတွင်ပင် ပန်းချီကားလိပ်ကို ဖြည်းဖြည်းချင်း ဖြေချလိုက်၏။
ပန်းချီကားလိပ်သည် မွေးနေ့ကြယ်တစ်ခုပါဝင်သည့် သဘာဝကျသည့် ပန်းချီကားတစ်ချပ်လည်း ဖြစ်သည်။ အိုမင်းရင့်ရော်နေသည့် အဘိုးကြီးတစ်ယောက်နှင့် ဆင်တူသည့် မွေးနေ့ကြယ်ကလေးသည် ထိုင်ခုံပေါ်တွင် အေးအေးလူလူ ထိုင်နေပြီး စိတ်ငြိမ်အေးဆေးလှသည့် သဘာဝမြင်ကွင်းလေးတစ်ခု ဝန်းရံထားကာ အပြစ်ကင်းစင်ပြီး အသက်ဝင်တောက်ပနေသည့် ကလေးများကဘေးတွင် ကစားနေကြလေသည်။
ပန်းချီကားကို နားမလည်သည့်လူများကပင် ပန်းချီကားထဲက ထွက်လာသည့် လွတ်လပ်မှုနှင့် အသက်ဝင်စည်ကားပုံကို ခံစားမိလိုက်သည်။
"ကောင်းတယ် ကောင်းတယ်။ ကောင်းလိုက်တာ" အဘိုးနဥ်သည် ဝမ်းသာအားရဖြင့် ထပ်ပြီးမချီးကျူးဘဲ မနေနိုင်တော့ချေ။
ပတ်ဝန်းကျင်တွင်ရှိသည့် လူများကလည်း သူ့ကိုချီးကျူးဂုဏ်ပြုကြ၏။
"မဆိုးဘူး မဆိုးဘူး။ ဒါကိုကလေးက ကိုယ်တိုင်ဆွဲထားတာလား။ တကယ် စဉ်းစားပေးတတ်ပါပေတယ်"
"အနုပညာယူဆချက်က တကယ့်ကိုကောင်းမွန်တာပဲ..."
"မင်းရဲ့မြေးလေးက အရမ်းလည်း အသက်ကြီးသေးတဲ့ ပုံမပေါ်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ပန်းချီဆွဲတဲ့ အရည်အချင်းကတော့ တကယ်အံ့သြစရာကောင်းတာပဲ..."
ဖန်ရှို့ကျစ်ကလည်း ဂုဏ်ယူဝံကြွားနေသည့်ဟန်ဖြင့် "မဟုတ်ဘူးလား။ ကျွန်မတို့ ရှောက်ယွင်ရဲ့ ပန်းချီကားတွေက အရမ်းကိုအံ့သြစရာ ကောင်းတယ်လေ။ အစောပိုင်းတုန်းကလည်း စောင့်ရှောက်သူဆိုတဲ့ ပန်းချီကားတစ်ချပ်ကို ဟော်မိသားစုအတွက် ချန်ပေပရောဂျက် အတွက် အလဲအလှယ် လုပ်ပေးခဲ့တာလေ"
သူမသည် အဘိုးကြီးဘေးတွင် ထိုင်နေကြသည့် ဟော်ဖိန်းရိနှင့် ဟူချွေ့ဟွားတို့ကို ကြည့်ကာပြောလိုက်လေသည်။ "ဟုတ်တယ်မလား ခမည်းခမက်"
ဝိုး။ ပြိုင်ပွဲဝင် ဖန်ရှို့ကျစ်ကတော့ ထပ်ပြီးတိုက်ခိုက်လာပြီ။
ဟော်ဖိန်းရိနှင့် သခင်မကြီးဟော်တို့ လင်မယားသည် အပြင်ပန်းတွင် တော်တော်လေး ဖော်ရွေသည့်ဟန်ရှိကာ ထိုအခိုက်အတန့်တွင် သူတို့က တစ်ပြိုင်တည်းခေါင်းညိတ်ကာ ပြုံးပြလိုက်၏။
သခင်မကြီးဟော်က ကျေနပ်သွားသည့်ရုပ်တစ်ခုဖြင့် ပြောလိုက်သည်။ "ဟုတ်တာပေါ့၊ ဒါရိုက်တာလော့က ဒါကို လက်မလွတ်နိုင်ခဲ့ဘူးလေ။ ဒီပရောဂျက်ကလည်း ရှောက်ယွင်ရဲ့ ကျေးဇူးကြောင့်ပါ"
နဥ်ရှောက်ယွင်က သခင်ကြီးနဥ်၏မွေးနေ့ပွဲကို ပြဿနာရှာလိမ့်မည်မဟုတ်ဟု သေချာသိနေကြသဖြင့် သူတို့က သူမကို ဒီလိုရွံစရာကောင်းသည့်ကိစ္စကို ဖိအားပေးကာ မျိုသိပ်ခိုင်းနေလေသည်။
အတိတ်က ဂုဏ်သိက္ခာကို ငဲ့ညာကာ သိတတ်လိမ္မာသည့် နဥ်ရှောက်ယွင်ဆိုလျှင်တော့ ထိုသို့ပြုလုပ်ပေလိမ့်မည်။ သို့သော်ငြားလည်း သူမသည် မိခင်တစ်ယောက်ဖြစ်ကာ လက်စားချေဖို့ စိတ်ဆုံးဖြတ်ထားသည့် မိခင်တစ်ယောက် ဖြစ်ပေသည်။
ရှမြန်သည် နဥ်ရှောက်ယွင်ကို ဒီနေ့တွေ့လိုက်ချိန်တွင် နဉ်ရှောက်ယွင်သည် အနည်းငယ် ပြောင်းလဲနေသည်ကို မြင်မိ၏။ သူမသည် အပေါ်ယံတွင် နူးညံ့သိမ်မွေ့နေသေးဟန် ရှိနေသေးသော်ငြားလည်း မကြာခဏဆိုသလို ငေးကြည့်လိုက်ချိန်တွင် သူမ၏ခန္ဓာကိုယ်ထဲက မီးတောက်တစ်ခု တောက်လောင်နေသည့်ဟန်ပင်။
ချန်းချန်း၏ ကိစ္စနှင့်ပတ်သက်ပြီး ဟော်မိသားစုနှင့် ဖန်ရှို့ကျစ်တို့၏ ပူးပေါင်းထားသည့်ကိစ္စကို နဥ်ရှောက်ပိုင်က နဥ်ရှောက်ယွင်အား ပြောပြခဲ့တာဖြစ်ရမယ်ဟု ရှမြန်က ခန့်မှန်းထားလိုက်သည်။
ထို့ကြောင့် ဒီအခိုက်အတန့်တွင် နဥ်ရှောက်ယွင်က လုံးဝ သဘောမကျသလို ပြောလိုက်၏။ "ဒေါ်ဒေါ်ဖန် ဒေါ်ဒေါ် ဒီနေ့ ဘာဖြစ်နေတာလဲ။ ဒေါ်ဒေါ်ပြောတဲ့စကားတွေက အမြဲတမ်း အဓိပ္ပာယ်မရှိတာတွေချည်းပဲ"
"ဘိုးဘိုးအတွက်ကလွဲပြီးတော့ ကျွန်မ ပန်းချီကားတွေကို ဘယ်သူ့ကိုမှ မပေးခဲ့ဖူးပါဘူး"
နဥ်ရှောက်ယွင်က အေးစက်စက် ပြောလိုက်၏။ "ဒါပေမဲ့ ကျွန်မ၂နှစ်လောက်သုံးပြီး ပန်းချီဆွဲထားခဲ့တဲ့ စောင့်ရှောက်သူဆိုတဲ့ ပန်းချီကားကတော့ အခိုးခံလိုက်ရတာပါ"
ဟော်ဖိန်းရိနှင့် သခင်မကြီးဟော်၏မျက်နှာသည် ပြောင်းလဲသွားပြီး သခင်မကြီးဟော်က ဒေါသတကြီးဖြင့် ပြောလိုက်၏။ "နဥ်ရှောက်ယွင် နင်က ဘာသဘောလဲ"
သခင်ကြီးနဥ်ကလည်း မျက်မှောင်ကြုတ်သွားသည်။
ဖန်ရှို့ကျစ်က အခြေအနေကို မြန်မြန်ဖျန်ဖြေဖို့ ကြိုးစားလိုက်သည်။ "ဪ ရှောက်ယွင်ရယ် ဒါက ပန်းချီကားတစ်ခုပဲ မဟုတ်ဘူးလား။ ဘာဖြစ်လို့ အဲဒီလောက်အထိ ဒေါသထွက်နေတာလဲ။ ဒါကပဲ နှစ်ဝက်နီးပါးရှိနေပြီ။ နင်က ဒါကို ဘယ်လောက်ထိ အကြာကြီး မှတ်ထားမှာမလို့လဲ"
"နင့်ရဲ့ယောက္ခမကလည်း ချန်ပေ ပရောဂျက်အတွက် လုပ်ပေးခဲ့တာပဲ မဟုတ်လား" ဖန်ရှို့ကျစ်က မေးလိုက်၏။
"ချန်ပေ ပရောဂျက်အတွက် လူတွေဘယ်နှစ်ယောက်တောင်မှ တိုက်ခိုက်ခဲ့ရသလဲ။ နင်က တကယ်ကိုကြီးမားတဲ့ အကျိုးဆောင်မှုတစ်ခုလုပ်ခဲ့တာ သိသာနေတာပဲ။ ဒါနဲ့များ အခုကျမှ ဆိုးဝါးတဲ့နောက်ဆက်တွဲတစ်ခုလို ဘာလို့ရင်ဆိုင်နေတာလဲ"
သခင်ကြီးနဥ်သည် ပြုံးနေဆဲဖြစ်ကာ သတိပေးနေသည့် လေသံတစ်ခုဖြင့် ပြောလိုက်လေသည်။ "ရှို့ကျစ် ဒီနေ့ ဒီအရှုပ်အထွေးကိစ္စတွေကို မပြောကြနဲ့။ ကလေးတွေအတွက် စိတ်ပျက်ရတာက သဘာဝပဲလေ။ ဘာဖြစ်လို့ ရေးကြီးခွင်ကျယ် လုပ်နေတာလဲ"
ဖန်ရှို့ကျစ်သည် အဘိုးကြီးကို ကြည့်လိုက်ပြီး အားနည်းသည့်ဟန် တစ်စက်ကလေးမှ မပြချေ။
"ရှောက်ယွင်က အမေတစ်ယောက် ဖြစ်နေပြီးပြီပဲ။ သူက ပြဿနာကို ဒီလိုရေးကြီးခွင်ကျယ် ဆက်လုပ်နေတာတော့ မမှန်ဘူးလေ။ အဖေ ကျေးဇူးပြုပြီးတော့ သူ့ကိုပြောပေးပါဦး"
ဒီအချိန်တွင်တော့ သူမက ဟာသနှောက ပြောလိုက်၏။ "ကျွန်မက သူ့ရဲ့မိထွေးပါ။ ဒီတော့ တစ်ခုခုပြောဖို့ဆိုရင် ကျွန်မအတွက်က ခက်ခဲရတယ်လေ။ ဒါပေမဲ့ အဖေကတော့ သူ့ရဲ့အဘိုးအရင်း မဟုတ်လား။ ဒီတော့ သူက အဘိုးစကားကို နားထောင်ပါလိမ့်မယ်။ နောက်ဆုံး သူက အနာဂတ်မှာလည်း သူ့ဟာသူရပ်တည်ပြီး နေရဦးမှာပဲ။ ဟုတ်တယ်မလား"
သခင်ကြီးနဥ်၏ အမူအရာသည် ညှိုးငယ်သွားပြီး နဥ်ရှောက်ပိုင်က ပြောလိုက်သည်။
"အဘိုး ဒီကိစ္စကို လူကိုယ်တိုင် ရှင်းလင်းတာက ပိုကောင်းမယ်လို့ ကျွန်တော်လည်း ထင်တယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ကျွန်တော်တို့အပေါ် မကောင်းတာပဲ ပြောနေတတ်တဲ့ ဒေါ်ဒေါ်ဖန်ရဲ့ အကျင့်စရိုက်နဲ့ဆိုရင် အနာဂတ်မှာ ကျွန်တော့်အစ်မကို ဘယ်လိုဇာတ်လမ်းတွေနဲ့ ချောက်ချဦးမလဲဆိုတာ မသိနိုင်ဘူးလေ"
"ကျွန်တော်တို့တွေက အဘိုးရဲ့မွေးနေ့ပါတီကို သူက အသုံးချပြီး ကျွန်တော်တို့တွေရဲ့ လိမ္မာသိတတ်တဲ့စိတ်ကို စိတ်တိုင်းကျ ချောက်ချခွင့်ပေးလို့တော့ မဖြစ်ဘူးလေ"
သူ့စကားလုံးများက အင်မတန်မှ မယဉ်ကျေးလှချေ။ လူတော်တော်များများက နားမလည်နိုင်စွာဖြင့် အချင်းချင်း ကြည့်လိုက်ကြ၏။ ဖန့်ရှို့ကျစ်က မျက်မှောင်ကြုတ်လိုက်သည်။ "ရှောက်ပိုင် နင် ဘာတွေပြောနေတာလဲ"
နဥ်ရှောက်ယွင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
"ရှောက်ပိုင် ပြောတာမမှားဘူး။ ကျွန်မတို့တွေ ဒီတံခါးထဲကို ဝင်လာကတည်းက ရှင် ကျွန်မတို့ကို စီစဉ်ပေးထားခဲ့တာ ဘယ်နှစ်ကြိမ်ရှိလဲဆိုတာ ရေတွက်ကြည့်လိုက်ပါဦး"
"ရှင်က ကျွန်မရဲ့မိထွေးဖြစ်ပြီး ကျွန်မကို ကလေးဘဝကတည်းက ဘယ်တော့မှ ဂရုမစိုက်ခဲ့မိဘူးလို့ပဲ ရှင်ပြောခဲ့တယ်လေ" နဥ်ရှောက်ယွင်က ဆက်ပြောလိုက်၏။ "အခုအချိန်ကျမှ ရှင် အဲဒီလောက်အထိ တက်ကြွနေစရာမလိုပါဘူး"
"ရှင့်သဘောကျအတိုင်းပဲ ကျွန်မ ဟော်ရွှယ်ဝမ်ကို ကွာရှင်းခဲ့တယ်။ ဟော်မိသားစုရဲ့ အထောက်အပံ့ မပါရင် ကျွန်မက မိသားစုပိုင်ဆိုင်မှုအတွက် ရှင်နဲ့ နဥ်ရှောက်ယွင်တို့ကို ယှဉ်ပြိုင်နိုင်မဲ့ အရည်အချင်း မရှိတော့ဘူးလေ။ ဒီတော့ ရှင် စိတ်အေးအေး ထားနိုင်ပါတယ်"
"နင် ဘာတွေပြောနေတာလဲ" ဖန်ရှို့ကျစ်ကလည်း သူမကိုယ်တိုင်အတွက် ရှင်းပြဖို့ရန်ခက်ခဲသည့် အချိန်တစ်ခု ရှိနေသယောင် ဖြစ်နေ၏။
ထို့နောက်တွင်တော့ သူမက မှားခဲ့သည့်တိုင် ကလေးများကို စောင့်ရှောက်ရအုံးမည်ဟူသည့် သဘောထားတစ်ခုကို ထုတ်ပြလိုက်ပြီး "နင်တို့၂ယောက် တကယ်ပဲ ကွာရှင်းလိုက်ကြပြီလား"
သူမက ဒေါသတကြီးပုံစံဖြင့် မေးလိုက်၏။ "နင် ဘာတွေလုပ်နေလဲဆိုတာကိုရော သိရဲ့လား"
သူမက ဟော်ဖိန်းရိနှင့် သူ့မိန်းမကို လှမ်းကြည့်လိုက်ပြီး "ချစ်ရတဲ့အမျိုးတို့ရယ်။ ကလေးက မသိနားမလည်လို့ပါ။ ဒါပေမဲ့ ရှင်တို့တွေကလည်း မသိသလို လုပ်ထားကြတာလား။ ဒါက ကိစ္စကြီးတစ်ခုပဲ။ ရှင်တို့တွေ ကလေးကို သူ့စိတ်တိုင်းကျ လုပ်ခွင့်ပေးထားလို့ ရပါတယ်။ ဒါပေမဲ့ ကျွန်မတို့ကို ဘာဖြစ်လို့ အကြောင်းမကြားခဲ့တာလဲ"
သူမက ခေါင်းကိုပြန်လှည်လိုက်ပြီး သခင်ကြီးနဥ်ကို ထပ်ကြည့်လိုက်လေသည်။ "အဖေ အဖေရော ဒါကိုသိလား"
သခင်မကြီးဟော်က ခါးသက်သက်မျက်နှာတစ်ခုဖြင့် ပြောလိုက်၏။ "သူက လူတွေအများကြီး ရှေ့မှာတောင် ဒီလိုဖြစ်နေတာ နင်တို့ မြင်တာပဲလေ။ အိမ်မှာ ငါတို့က သူ့ကိုဘာလုပ်နိုင်မှာလဲ"
"ဒါက ပန်းချီကားတစ်ခုပါပဲ။ ဒါပေမဲ့ သူက အရမ်းကို အသည်းအသန်ဖြစ်နေပြီး ကလေးကိစ္စကိုတောင် ဂရုမစိုက်ဘဲနဲ့ ကွာရှင်းချင်နေတာလေ"
အဘွားကြီးက ပြောလိုက်ပြန်သည်။ "အခုတော့ ငါတို့တွေက သူ့သဘောအတိုင်းပဲ လိုက်လုပ်နိုင်တော့တာပေါ့။ အစတုန်းကတော့ ငါတို့တွေက သူ စိတ်တည်ငြိမ်သွားတဲ့အထိ စောင့်ပြီးမှ တစ်ခုခုလုပ်မယ်လို့ စဉ်းစားထားခဲ့တာပါ"
"ဘယ်သူက သိထားခဲ့မှာလဲ။ ဒီလောက်အချိန်အကြာကြီး ကုန်သွားပြီးခဲ့တာတောင်... အလိုဟယ်"
"ကျုပ်တို့တွေကလည်း သူက ကွာရှင်းလိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ဘူးလေ" ဟော်ဖိန်းရိက မျက်မှောင်ကြုတ်လိုက်သည်။
"ရှောက်ယွင် မင်းရဲ့ယောက္ခမက ဒီကိစ္စမှာတော့ တကယ်မှားယွင်းခဲ့ပါတယ်။ ဒါပေမဲ့လည်း ပေးပစ်ပြီးသား ပန်းချီကားကိုတော့ ပြန်ယူလို့မရတော့ဘူးလေ"
"ငါက ဟော်မိသားစုကိုယ်စား မင်းကို ပြန်လျော်ပေးမယ်ဆိုရင်ရော" သူက ပြောလိုက်၏။
"မင်း ပန်းချီကားတွေကို သဘောကျတယ် မဟုတ်လား။ ငါ မင်းအတွက် ဆရာတစ်ယောက်ငှားရမ်းပေးဖို့ ငါ့နာမည်ကို စွန့်လွှတ်ပြီးတော့ မင်းအတွက် စတူဒီယိုတစ်ခုလည်း ပြင်ဆင်ပေးမယ်လေ။ နောက်ဆိုရင် မင်းကြိုက်သလို ပန်းချီဆွဲလို့ရပါတယ်။ ဘယ်သူကမှ မင်းရဲ့ပန်းချီကိုထပ်ပြီးတော့ ထိတော့မှာမဟုတ်ဘူး။ ဘယ်လိုလဲ"
ဒီအချိန်တွင် သူက သခင်ကြီးနဥ်ကို ကြည့်ကာပြောလိုက်သည်။ "ကျုပ်က အစတုန်းကတော့ စားသောက်ပွဲပြီးသွားတော့မှ ခင်ဗျားကိုသက်သက် ပြောပြချင်တာပါ။ ဒါပေမဲ့ ဒီကလေးတွေက အရမ်းကို စိတ်လိုက်မာန်ပါနိုင်ပြီး ဒီကိစ္စကို ထုတ်ပြောလိမ့်မယ်လို့ ထင်မထားခဲ့ဘူးလေ... ကျုပ်တောင်းပန်ပါတယ် သခင်ကြီး"
နဥ်ရှောက်ယွင်က ဟော်ရွှယ်ဝမ်ကို ပြန်လက်ထပ်လိမ့်မည် မဟုတ်ကြောင်း သူတို့တွေက သေချာသိထားလေသည်။ သို့သော်ငြားလည်း သူတို့သည် ယခုဒီလို ဟန်ဆောင်နေရခြင်းမှာ နဥ်ရှောက်ယွင်အပေါ် အပြစ်အားလုံး ပုံချချင်နေခြင်းကြောင့်ဖြစ်ကြောင်း သိသာထင်ရှားပေသည်။
ရှမြန်က ဖန်ရှို့ကျစ်၏ မျက်နှာပေါ်က ဘဝင်ခိုက်နေသည့်ရုပ်ကို ကြည့်လိုက်ပြီး သူတို့နှစ်ဖက်သည် တစ်ဖန်ပူးပေါင်းထားကြသည်ကို သေချာသိလိုက်၏။
ဟုတ်ပါသည်။ ဖန်ရှို့ကျစ်က နဥ်ရှောက်ယွင်ကို စကားပြောဖို့ရန် အခွင့်အရေးမပေးချေ။ သူမက အခုလေးတင်မှ ခေါ်ထားသည့်လူငယ်လေးဆီသို့ သွားလိုက်ကာ တအံ့တသြ ပြောလိုက်သည်။ "ကျွန်မရဲ့ ချစ်ရတဲ့ဆွေမျိုးတွေ။ ရှောက်ယွင်အတွက် ရှင်တို့ရှာပေးထားတဲ့ဆရာက ဟုန်ချိုးတော့ မဟုတ်ပါဘူးနော် ဟုတ်တယ်မလား"
လူငယ်လေးသည် ပုံမှန်အရပ်အမြင့်တစ်ခုရှိပြီး နူးညံ့သိမ်မွေ့သည့် ရုပ်ရည်တစ်ခုရှိကာ အတိုင်းအတာတစ်ခုအထိ အေးစက်နေသည့် အမူအရာတစ်ခုရှိသည်။ အနုပညာရှင်တစ်ယောက်၏ မြင့်မြတ်သည့် အသွင်အပြင်တစ်ခုလည်း ပိုင်ဆိုင်ထားသည်။ သူသည် ဖန်ရှို့ကျစ်ကို မြင်လိုက်ရချိန်တွင် ယဉ်ယဉ်ကျေးကျေးဖြင့် နှုတ်ဆက်လိုက်၏။ "ဒေါ်ဒေါ်ဖန်"
ဖန်ရှို့ကျစ်က သူ့ကို နဥ်ရှောက်ယွင်ရှေ့သို့ ဆွဲသွားကာ ပြောလိုက်၏။ "ဒီမယ် ရှောက်ယွင် ဟော်မိသားစုရဲ့စိတ်ရင်းက တကယ်ပဲ လုံလောက်နေပါပြီ။ ဟုန်ချိုးက အသက်ငယ်ရွယ်တယ်ဆိုပြီးတော့ အထင်မသေးလိုက်နဲ့နော်။ သူက ပန်းချီပညာရပ်မှာ အရမ်းကိုမြင့်မားတဲ့ အဆင့်တစ်ခုရှိတယ်။ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ သူက ယန်မြို့ရဲ့ လက်ရေးလှနဲ့ ပန်းချီကားအဖွဲ့အစည်းထဲကို ၀င်နိုင်သွားပြီလေ။ သူ့ဆရာက ဆရာကြီးမာလိရှန်းတဲ့"
ရှမြန်သည် ဒီလူငယ်လေးကို ရင်းနှီးနေသည်ဟု အမြဲတမ်းခံစားနေရ၏။
သခင်ကြီးနဥ်၏ အမူအရာက မသိမသာ ပြောင်းလဲသွားပြီး "ရှို့ကျစ်..."
"မပြောနဲ့" နဥ်ရှောက်ပိုင်က အဘိုးကြီးစကားကို ဖြတ်ပြောလိုက်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။
"ဒေါ်ဒေါ်ဖန်ကို ဆက်ပြီးတော့ ဟန်ဆောင်ခိုင်းလိုက်ပါဦး"
နဥ်ရှောက်ယွင်ကလည်း သရော်လှောင်ပြောင်နေသည့် အမူအရာတစ်ခုဖြင့် သူတို့ကိုကြည့်လိုက်သည်။
ဖန်ရှို့ကျစ်က အဘိုးကြီး၏ ရုတ်တရက် အေးစက်သွားသည့် စူးရှသည့်အကြည့်တစ်ခုကို ကြည့်လိုက်ပြီး သံသယအရိပ်အယောင်တစ်ခုက သူမ၏နှလုံးသားထဲတွင် တိုးထွက်လာလေသည်။ သို့သော်ငြားလည်း သူမကချက်ချင်း ပြန်မျိုသိပ်ထားလိုက်၏။ ဖန်ရှို့ကျစ်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိသောလူတစ်ယောက်က အကြံပေးလိုက်၏။
"ကလေး လူကြီးတွေက ဒါကိုလုပ်ထားပြီးပြီပဲ။ အနည်းဆုံးတော့ မင်းက သူတို့တွေကို မျက်နှာကောင်းတစ်ခုတော့ ပေးသင့်ပါတယ်။ ဒါက အခြေခံပညာရေးပဲလေ။ မဟုတ်လား"
"ပညာရေးဆိုတာ တခြားသူတွေကို စိတ်ရင်းအတိုင်း ဆက်ဆံပေးတဲ့မိတ်ဆွေနဲ့ ဆွေမျိုးတွေအတွက်ပါ"
နဥ်ရှောက်ယွင်က တုံးတိပြောလိုက်၏။ သူမ၏တိုက်ခိုက်လိုစိတ်က ဒီနေ့တွင် မြင့်တက်နေလေသည်။
"ကျွန်မကို ဒုက္ခပေးချင်နေတဲ့ တစ်စုံတစ်ယောက်ကို အပြုအမူတွေသင်ကြားဖို့ ခွင့်ပြုပေးရမတဲ့လား။ ဒါက ကျွန်မမိဘတွေ ကျွန်မကိုပေးထားတဲ့ ဂုဏ်သိက္ခာကို နင်းချေနေတာပဲ"
"မင်း" ထိုလူသည် တစ်ခုခုပြောမည် ပြန်လိုက်သော်ငြားလည်း ဝေဟုန်ချိုး၏မျက်နှာပေါ်က အေးစက်စက်အမူအရာသည် ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။ သူသည် စားပွဲပေါ်က ပန်းချီကားကို ကြည့်လိုက်ပြီး အတိုင်းအတာတစ်ခုအထိ ဝမ်းသာစိတ်လှုပ်ရှားနေသည့် လေသံဖြင့် ပြောလိုက်၏။ "လယ်ကွင်းထဲက မွေးနေ့နတ်ဘုရားလို ရေးဆွဲထားတဲ့ ဒီပန်းချီကားက..."
...