← Chapters

အပိုင်း(၁၀၉)

Vol. 8 Ch. 109

အပိုင်း(၁၀၉)

Vol. 8 Ch. 109

ရှမြန်သည် သိချင်စိတ်ထက်သန်နေကြသည့် ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့ကိုကြည့်လိုက်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ "ဒါကို သေချာပေါက် လျှို့ဝှက်ချက်တစ်ခုလို ထားရမယ်နော်"

အားလုံးက နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်ပြီး မေးခွန်ထပ်မမေးတော့ချေ။

"ဟိုလေ..." ဆွန်းယွဲ့ရှင်းက ပြောလိုက်သည်။ "အဲဒီစကားကို နင် ဘာဖြစ်လို့ ထျန်းရွှယ်ယာကို ပြောပြလိုက်တာလဲ။ သူက လူကောင်းတစ်ယောက် မဟုတ်ဘူးနော်။ သူက နင့်ရဲ့အလှအပကို မနာလိုနေတာ ထင်တယ်။ နင် ကျောင်းတက်ရင် သူက နင့်မကောင်းကြောင်း ဘာတွေပြောမလဲဆိုတာ ဘယ်သူကသိမှာလဲ"

လီလီကျန်းက ပြောလိုက်သည်။ "ဟုတ်တယ်။ နင် ကျောင်းတက်တဲ့အချိန်ကျရင် နင့်ကို ဆူညံပူညံလုပ်ဖို့ သူ့စကားနားထောင်တဲ့ အဲဒီငတုံးတွေက တစ်ကဏ္ဍပါ။ ဒါပေမဲ့ သူတို့တွေက နင့်ကို ဒုက္ခပေးမှာတော့ ငါ စိုးရိမ်တယ်"

ရှမြန်က ပြုံးကာပြောလိုက်သည်။ "ငါ့ကို ကာကွယ်ပေးနေတဲ့ နင်တို့၂ယောက်ရှိတာပဲမဟုတ်လား"

ကျောက်ချန်းက ချက်ချင်း ပြောလိုက်၏။ "စိတ်မပူပါနဲ့ တကယ်လို့ သူတို့တွေ နင့်ကို ပြဿနာ လာရှာတယ်ဆိုရင် ငါ့နာမည်သာပြောလိုက်"

"စိတ်မပူပါနဲ့။ သူက အဲဒီလို မပြောမှာတောင် ငါကစိုးရိမ်သေးတယ်" ရှမြန်က ဆွန်းယွဲ့ရှင်း၏ ပခုံးကို ပုတ်လိုက်ပြီး ပြောလိုက်လေသည်။ "ရာဇဝတ်မှုမှတ်တမ်း ရှိတဲ့ ကျောင်းသားတစ်ယောက်ကို ကျောင်းက ဘယ်လိုလုပ်ပြီး အလွယ်တကူလက်ခံပါ့မလဲ။ တကယ်လို့ သူက ကောလဟာလတွေ လွှင့်ရဲတယ်ဆိုရင် သူက ငါ့ကို သေချာ‌ပေါက် မနာလို့နေလို့ပဲပေါ့"

"အဲဒီလိုမှမဟုတ်ဘူးဆိုရင် ငါက ကျောင်းပြောင်းလာတဲ့ ကျောင်းသူအသစ် ဖြစ်နေတဲ့အချိန်မှာ သူက ဘာဖြစ်လို့ ငါ့ကိုထိခိုက်အောင် လုပ်ချင်မှာလဲ။ ငါကဖြင့် သူ့ကိုတောင် မသိဘူးလေ"

"ဟုတ်တယ်" လီလီကျန်းက လက်ခုပ်တီးကာ ပြောလိုက်လေသည်။ "ဒါဆိုရင် ငါကတော့ သူ့ရဲ့အတုအယောင်မျက်နှာဖုံးကို ဆွဲခွာပစ်ရမယ်"

"အဲဒါတင် မဟုတ်သေးပါဘူး" ရှမြန်က လျှို့ဝှက်နေသလို ပြုံးပြလိုက်ပြီး "ငါ့အင်္ကျီလက်ထဲမှာ နောက်ထပ်ဝှက်ဖဲတစ်ခု ရှိပါသေးတယ်။ ငါ နင်တို့ကို ပျော်ရွှင်အောင် လုပ်ပေးမယ်လို့ ကတိပေးတယ်"

"တကယ်လား" ဆွန်းယွဲ့ရှင်းက မေးလိုက်သည်။ "အရံအစီအစဉ်က ဘာလဲ"

"အခုလောလောဆယ်တော့ ဒါကိုလျှို့ဝှက်ထားရမယ်လေ။ အချိန်တန်ရင် သိလာမှာပါ" ရှမြန်က အပြုံးဖြင့်ပြောလိုက်ပြီး

"ဒါပေမဲ့ ငါ နင်တို့ကို အကူအညီတော့ တောင်းရဦးမယ်။ နင်တို့တွေ ဆန္ဒရှိပါ့မလားတော့မသိဘူး"

ဆွန်းယွဲ့ရှင်းက ပြောလိုက်သည်။ "နင်ကလည်း ဘာတွေပြောနေတာလဲ။ နင့်ကို ကယ်တင်ဖို့ဆိုရင် ငါ ဘာမဆို လုပ်ပေးမယ်လို့ ကတိပေးတယ်"

ရှမြန်က ပြုံးကာပြောလိုက်၏။ "ဟုတ်ပြီလေ ငါ ပြောချင်တာကလည်း အဲဒါပါပဲ"

သူမသည် ကိုယ်ကိုလှည့်လိုက်သည်တွင် ရှောင်ဖုန်းနှင့် ချန်းချန်းတို့က တော်တော်ဝေးဝေးအထိ လျှောက်သွားနေနှင့်ပြီးသည်ကို တွေ့လိုက်ရ၏။ သူမက နှုတ်ဆက်စကား ပြောလိုက်လေသည်။

"အခုလောလောဆယ်တော့ ဒီအကြောင်း မပြောကြရအောင်။ ကျောင်းပြန်ဖွင့်မှပဲ တွေ့ကြမယ်နော်"

သူတို့အဖွဲ့သည် ပင်ပန်းနွမ်းနယ်သည့်အထိ စျေးဝယ်ထွက်ခဲ့ကြပြီးမှ အိမ်ပြန်လာခဲ့ကြသည်။ ချန်းချန်းနှင့် ရှောင်ဖုန်းတို့လို ကလေး၂ယောက်ကပင် ထပ်ပြီး လမ်းမလျှောက်နိုင်တော့ချေ။ လူကြီးများက သူတို့၏လက်ကို တွဲထားသည်ကို လိမ်လိမ်မာမာဖြင့် လျှောက်ပြန်လာကြလေသည်။

ရှ၀မ်ယွဲ့နှင့် မောက်ဟွေ့မေတို့က သူတို့ထက်ပိုပြီး စောစောပြန်ရောက်နေ၏။ ဒေါ်ဒေါ်ဝေက အစားအသောက်ကို ပြင်ဆင်ထားခဲ့ပြီးဖြစ်ကာ အားလုံးကစားသောက်ပြီး စကားပြောရင်း စုဝေးလိုက်ကြသည်။

ကလေး၃ယောက်က အနီးနားက စားပွဲငယ်လေးတစ်ခုပေါ်တွင် သူတို့ဒီနေ့ဝယ်ပြန်လာခဲ့ကြသည့် အစားအသောက်အမျိုးမျိုးနှင့် အရုပ်များကို ကစားနေကြသည်။

အားလုံးကတော့ နှစ်သစ်ကူးအတွက် ရှ၀မ်ယွဲ့၏အစီအစဉ်များကို အဓိကကြားချင်နေကြသည်။

နှစ်သစ်ကူးမတိုင်ခင် နောက်ကျမှ ပြန်လာရသည့် ရှ၀မ်ယွဲ့၏အကြောင်းအရင်းမှာ ထိုနေရာက ဝက်သားတုတ်ထိုးစျေးကွက်ကို လေ့လာစုံစမ်းပြီးနောက် စိတ်ကူးအသစ်ရခဲ့ခြင်းကြောင့် ဖြစ်လေသည်။

"ဟိုဘက်က ၁လမ်း၊ ၂လမ်းအကျော်မှာ ၀မ်မိသားစုရဲ့ ဝက်သားတုတ်ထိုးဆိုင်ရှိတယ်။ အရသာကလည်း အတူတူလောက်ပဲ။ ပါဝင်ပစ္စည်းတွေကလည်း အတူတူပဲ။ ငါ ပတ်ဝန်းကျင်ကို မေးကြည့်လိုက်တော့ သိခဲ့ရတာက ဒါက မိသားစုစီးပွားရေးလုပ်ငန်းတစ်ခုတဲ့။ ညီအစ်ကို၅ယောက်က လမ်းတစ်ခုဆီမှာ ဆိုင်တစ်ခုစီကို ဖွင့်ထားကြတယ်။ အစားအသောက်အရသာကလည်း ကောင်းတော့ ဆိုင်တိုင်းကလည်း နာမည်ကြီးတယ်တဲ့"

"ဒါက ဆိုင်ခွဲတစ်ခုပဲ မဟုတ်လား"

"ဆိုင်ခွဲလား" ရှ၀မ်ယွဲ့က နားမလည်သလိုဖြစ်သွားသည်။

"အင်းလေ" ရှမြန်က ခဏလောက်စဉ်းစားလိုက်ပြီး ဥပမာတစ်ခုပြောပြလိုက်၏။ "ဥပမာ ကျွန်မတို့ရဲ့ ရှင်းရှန်၀က်သားတုတ်ထိုးဆိုင်က ဟင်းရည်နဲ့ ပါဝင်ပစ္စည်းကို တစ်ပုံစံတည်းလုပ်ထားခဲ့မယ်ဆိုရင် ၀က်သားတုတ်ထိုးစားချင်တဲ့ ယန်မြို့က ဘယ်သူမဆို ကျွန်မတို့ဆီမှာ ပစ္စည်းလာဝယ်လို့ရတယ်လေ"

"အဲဒီအခါကျရင် ရှင်းရှန်ဝက်သားတုတ်ထိုးဆိုင်တွေကလည်း ယန်မြို့တစ်ခုလုံးကို ပြန့်နှံ့သွားလိမ့်မယ်"

ရှမြန်က သူမ၏ခေါင်းကို စောင်းကာပြောလိုက်လေသည်။ "ဒါပေမဲ့ အခုလောလောဆယ် အချိန်ကိုက်တော့ မဟုတ်သေးဘူး။ ဝက်သားထုတ်ထိုးက နောက်အကျဆုံး ၁၀နာရီလောက်မှ အသင့်ဖြစ်တာလေ။ ကျွန်မတို့တွေက ညတွင်းချင်း အလုပ်လုပ်မယ်ဆိုရင်တောင် ဒီလောက် ပစ္စည်းအများကြီးကို ပြင်ဆင်နိုင်မှာမဟုတ်ဘူး"

"တကယ်လို့ တစ်နေ့ကြိုပြီးတော့ ပြင်ဆင်မယ်ဆိုရင်လည်း ရေခဲသေတ္တာလိုမျိုးဟာ မရှိဘူးဆိုရင် နေရာသီမှာ အလွယ်တကူ ပျက်စီးသွားနိုင်တယ်"

ထို့အပြင် သယ်ယူပို့ဆောင်ရေးကလည်း ကြီးမားသည့် ပြဿနာတစ်ခုဖြစ်နေသည်။ ဒီနေ့ခေတ်တွင် အအေးခန်းက မရှိသလောက်ရှားပါးပြီး အေးခဲအစားအသောက်ဆိုရင်တော့ ပြောစရာမလိုချေ။

ရှ၀မ်ယွဲ့က နားလည်သွားပြီး မနေနိုင်ဘဲပြောလိုက်တော့၏။ "နင် အများကြီးသိထားတာပဲ"

ရှမြန်က ခပ်တိုးတိုးလေးရယ်ကာ မြန်မြန်ပြောလိုက်လေသည်။ "ကျွန်မဒီအကြောင်းကို ဒေါက်တာနဥ်ဆီကနေ ကြားထားတာပါ။ နိုင်ငံခြားဆိုင်ခွဲတွေက တော်တော် စိတ်ဝင်စားဖို့ကောင်းတယ်လေ"

နဥ်ရှောက်ပိုင်သည် သူမကို မော့ကြည့်လိုက်သော်လည်း ဘာမှတော့ မပြောလိုက်ချေ။

ရှ၀မ်ယွဲ့ကလည်း ထိုကိစ္စကို အများကြီး စဉ်းစားမနေတော့ဘဲ ဆက်ပြောလိုက်လေသည်။ "ငါက ဆိုင်ခွဲတစ်ခု ဖွင့်ဖို့စဉ်းစားနေတာ မဟုတ်ပါဘူး။ အရသာထုပ်နဲ့ ပါဝင်ပစ္စည်းတွေကို ရောင်းမယ်လို့ စဉ်းစားထားတာပါ"

"ဝမ်မိသားစုရဲ့ဝက်သားတုတ်ထိုးက မနက်ခင်းပိုင်းမှာ ရောင်းတာလေ။ ဟင်းရည်က နေ့လယ်ခင်းလောက်ဆိုရင် လုံလောက်တော့မှာ မဟုတ်ဘူး။ သူတို့တွေက သူတို့ရဲ့ကားထဲမှာ အရသာထုပ်တွေနဲ့ ဟင်းရည်တွေကို သိုလှောင်ထားကြတယ်။ သူတို့တွေက သူတို့ရဲ့ဟင်းရည် ကုန်ခါနီးကျရင် နောက်ထပ်ဟင်းရည်တစ်ခုကို ဒီအတိုင်းထပ်ထည့်လိုက်ပြီး ထပ်ပြီးတော့ ချက်လိုက်ကြတာပဲ။ ဒါက အရမ်းအဆင်ပြေတယ်"

"ပါဝင်ပစ္စည်းတွေကလည်း အဲဒီမှာ တကယ်ကိုများပြားတယ်လေ"

"အထူးသဖြင့် တကယ်အရသာရှိတဲ့ ငါးတိုဟူးနဲ့ ငါးအသားလုံးတွေပေါ့။ ဒါပေမဲ့ ငါတို့က နောက်ပိုင်းမှာတော့ အဲဒီအစားအသောက်တွေ အများကြီးမရှိဘူးလေ။ ငါတို့တွေက ဒါကိုကုန်ကြမ်းပစ္စည်းအနေနဲ့ မရနိုင်ဘူး။ ဒီတော့ ငါစဉ်းစားထားတာက ကိုယ့်ဟာကိုယ် လုပ်နိုင်မလားလို့ပေါ့"

"ဒီထူးခြားတဲ့ဟင်းလျာတွေနဲ့ဆိုရင် တခြားဆိုင်တွေကလည်း ငါတို့ရဲ့လုပ်ငန်းကို ခိုးယူဖို့ ပိုပြီးလွယ်ကူသွားလိမ့်မယ်"

ရှ၀မ်ယွဲ့သည် ပြင်ဆင်မှုအများကြီး ပြုလုပ်ထားသည်မှာ သိသာလေသည်။ "ငါ အလုပ်ရုံကို သွားပြီးတော့ စက်နဲ့ လုပ်နည်းတွေ တိုင်ပင်ခဲ့သေးတယ်။ ဒါက သိပ်တော့စျေးမကြီးဘူး။ စုစုပေါင်း ရင်းနှီးမြှုပ်နှံငွေက ယွမ် ၁ ထောင်လောက်ဆိုရင် လုံလောက်ပြီ"

"ဒီနေ့ ဟွေ့မေနဲ့ ငါ ဘုရားပွဲက အစားအသောက်ဆိုင်တွေကို သွားခဲ့သေးတယ်။ ငါးတိုဟူး၊ ငါတို့ရဲ့ဝက်သားတုတ်ထိုးဆိုင်မှာ အသုံးပြုလို့ရတဲ့အပြင် ဟော့ပေါ့စားသောက်ဆိုင်၊ အသားကင်ဆိုင်၊ ကုန်းဘောင်ကြီးကြော် ဒီလိုနေရာတွေမှာလည်း သုံးလို့ရသေးတယ်"

မောက်ဟွေ့မေက ပြောလိုက်သည်။ "ငါတို့တွေ ဒီနေ့၁၂ထုပ်လောက်ကို ပို့ထားသေးတယ်။ သူတို့ကို အရင်ဆုံး အဆက်အသွယ် တစ်ခုခုရမလား စောင့်ကြည့်ရတာပေါ့"

ဒီအချိန်တွင် ရှ၀မ်ယွဲ့က ပြောလိုက်၏။ "ဟုတ်တယ်။ အစ်မဝေ ကျွန်မရဲ့အိမ်လိပ်စာနဲ့ အစ်မရဲ့အိမ်ဖုန်းကို ချန်ထားခဲ့တယ်။ အချိန်တန်လာရင် ကျွန်မရဲ့ဖုန်းကို ကိုင်ပေးဖို့ မမေ့ပါနဲ့နော်"

"အင်းပါ ပြဿနာမရှိပါဘူး"

ရှ၀မ်ယွဲ့က အစီအစဉ်တစ်ခုကို စဉ်းစားထားပြီးသားဖြစ်လေသည်။ "အခုရာသီဥတုက အေးနေတော့ ကွက်တိပဲပေါ့။ ငါတို့တွေပန်ကိတ် ရောင်းရင်းနဲ့ ငါးတိုဟူး၊ ငါးအသားလုံး၊ သက်သတ်လွတ် အူချောင်းတွေလို ပါဝင်ပစ္စည်းတွေကို ရောင်းလို့ရတယ်လေ"

"နောက်ပိုင်း ငါ ငွေနည်းနည်း ထပ်ရှာနိုင်တဲ့အခါ စက်ရုံတစ်ခုဖွင့်ပြီးတော့ ဟင်းရည်အထုပ်တွေကိုလည်း လုပ်ဖို့စဉ်းစားထားတယ်"

"အဲဒါပြီးရင် ရှမြန်ပြောသလိုပဲ တကယ်လို့ နောက်ပိုင်းကျရင် တစ်ယောက်ယောက်က ဝက်သားတုတ်ထိုးကို ရောင်းချင်တဲ့အခါ သူတို့တွေက ငါတို့ဆီကနေ ဝယ်လို့ရတယ်လေ"

ဒီအချိန်တွင် သူမက ဥပမာတစ်ခု ပေးလိုက်လေသည်။ "ဒီလိုဆိုရင် ဝမ်ဖန့်အဘွားတို့လိုလူတွေက ငါတို့တွေဆီကနေ အရသာထုတ်နဲ့ ပါဝင်ပစ္စည်းတွေကို တိုက်ရိုက်ယူလို့ရပြီ။ သူတို့တွေက အိမ်မှာ အရိုးပြုတ်ရည်ပဲ လုပ်စရာလိုတော့တာပေါ့။ ဒီလိုဆိုရင် လုပ်အားသက်သာတဲ့အပြင် ကုန်ကျစရိတ်လည်း လျော့သွားလိမ့်မယ်"

"ငါတို့လည်း ငွေအများကြီး ရှာနိုင်သွားမယ်"

ရှမြန်မှာ ရှ၀မ်ယွဲ့ကို လက်မ,မထောင်ပြဘဲမနေနိုင်အောင် ဖြစ်သွားတော့သည်။

"အဒေါ်၂ အဒေါ်၂က တကယ့်ကို အမြင်ရှိတာပဲ။ အဒေါ်ရဲ့ပြိုင်ဘက်ကို လက်တွဲဖော်ဖြစ်အောင် ပြောင်းလဲပစ်လိုက်တာပဲ" ရှ၀မ်ယွဲ့က ပြုံးကာပြောလိုက်သည်။

"ငါ ဒီအကြောင်းကို ဒီခရီးမှာသိခဲ့ရတာ။ ခရီးသွားတုန်းက ငါ့ဘေးမှာ ထိုင်တဲ့သူဌေးကြီးက ဒီအကြောင်းကို သေသေချာချာလေး ပြောပြခဲ့တာလေ"

သူမက သက်ပြင်းချလိုက်သည်။ "စာအုပ်ပေါင်း၁သောင်းလောက်ဖတ်တာက မိုင်၁ထောင်လောက် ခရီးသွားတာလောက်တောင် မကောင်းဘူးတဲ့လေ။ ဒါကလည်း အမှန်ပဲ။ နောက်ပိုင်းကျရင် ပိုက်ဆံတွေအများကြီးရှာပြီးတော့ အခွင့်အရေးရှိတဲ့အခါ နင်တို့ကို အလည်အပတ်ခေါ်သွားရမယ်"

မောက်ဟွေ့လန်က လက်ခုပ်တီးကာ ပြောလိုက်၏။ "အမေ အရသာမှုန့်အထုပ်ကို ရောင်းချမဲ့ အမေ့ရဲ့စိတ်ကူးက တကယ်ကောင်းတယ်လို့ သမီးတော့ ထင်တယ်"

"သမီးတို့အနီးကပ်သင်တန်းကျောင်းမှာ အမှတ်၅သင်တန်းကျောင်းကနေ လာတတ်တဲ့ အတန်းဖော်တစ်ယောက် ရှိတယ်။ သူက အရင်တုန်းက သမီးတို့ဝက်သားတုတ်ထိုးဆိုင်မှာ စားခဲ့ပြီးတော့ အမြဲတမ်းလည်း ထပ်စားချင်နေတာတဲ့။ ဒါပေမဲ့လည်း ဖြစ်ချင်တော့ အမှတ်၅ အလယ်တန်းကျောင်း ဝင်ပေါက်နားမှာ အဲ့ဒီလိုဆိုင်တွေမရှိဘူးတဲ့"

"တကယ်လို့ သမီးတို့ရဲ့အရသာမှုန့်အထုပ်ကို ရောင်းချနိုင်မယ်ဆိုရင် သူတို့လည်း ဒါတွေကိုဝယ်ပြီးတော့ ကိုယ့်ဟာကိုယ် လုပ်စားလို့ရတယ်။ သမီးတို့တွေက ဒါကိုလုပ်ငန်းရှင်တွေဆီကို ရောင်းချစရာ မလိုတော့ဘူး"

ရှ၀မ်ယွဲ့က ရုတ်တရက် သဘောပေါက်သွားလေသည်။ "ဟုတ်တယ်။ ဟွေ့လန်ရဲ့ ဦးနှောက်က မြန်မြန်ဆန်ဆန်ကို အလုပ်လုပ်သွားတာပဲ"

"အမေ ဒါကအဆင်ပြေတယ်လို့ သမီးလည်းထင်တယ်" မောက်ဟွေ့မေကလည်းပြောသည်။

"သမီးရဲ့လုပ်ဖော်ကိုင်ဖက်ရဲ့ ယောက်မ လုပ်နေတဲ့စက်ရုံက သူ့ကိုလစာမပေးတာ နှစ်တစ်ဝက်ကျော်နေပြီတဲ့။ ဒီနှစ် သူတို့တွေက ဝန်ထမ်းတွေကို လျှော့ချလိမ့်မယ်လို့ပြောနေကြတယ်။ ကျွန်မအထင်တော့ လူအများကြီးက အလုပ်လက်မဲ့တွေ ဖြစ်လာလိမ့်မယ်။ သူတို့တွေက ဒါကိုစိုးရိမ်နေကြတယ်လေ"

"သူက လုပ်ငန်းငယ်လေးတစ်ခု စလုပ်မလားလို့တောင် စဉ်းစားနေတာ။ သူက သင်ယူဖို့အတွက် ငွေသုံးမလားလို့တောင် စဉ်းစားနေတာတဲ့။ သမီးတို့တွေက သင်ယူဖို့အတွက် ငွေသုံးစရာမလိုဘူးလေ။ သူက ဒီအတိုင်း ဆိုင်ငယ်လေးတစ်ခု ထောင်ပြီး သမီးတို့တွေဆီကနေ အရသာမှုန့်ထုပ်တွေနဲ့ ပါဝင်ပစ္စည်းထုပ်တွေကို ယူလိုက်လို့ရတာပဲ"

"ဒါလည်းဟုတ်တာပဲ" ဒေါ်ဒေါ်ဝေက ပြောလိုက်သည်။ "ဒီနှစ် စက်ရုံတော်တော်များများက ပိတ်လိုက်ကြတယ်လေ။ လူတွေကလည်း ကိုယ်ပိုင်စီးပွားရေးတွေ စပြီးတော့ လုပ်ဆောင်လာကြတယ်။ နင့်ရဲ့ဝက်သားတုတ်ထိုးဆိုင်က စျေးသက်သာပြီးတော့ လုပ်ရတာလည်း လွယ်တယ်။ ပိုအရေးကြီးတာက ဒါက ငွေရှာရလွယ်တယ်လေ။ ယန်မြို့ကအကြီးကြီးပဲ။ ဆိုင်၁၂ဆိုင်ကျော်လောက် ဖွင့်နိုင်ရင်ကို အံ့သြစရာကောင်းနေပြီလေ"

...

အားလုံးက တစ်ပြိုင်တည်း ဝင်ပြောလိုက်ကြပြီး သူတို့သည် ထိုအကြောင်းကိုပြောလေလေ ရှ၀မ်ယွဲ့၏စိတ်ကူးက အဆင်ပြေပြေ ဖြစ်လေသည်ဟု ခံစားရလေသည်။

နဥ်ရှောက်ပိုင်က ပြောလိုက်၏။ "အဝိုင်းပတ်၃လမ်းရဲ့အပြင်ဘက်က အသင့်စားခေါက်ဆွဲစက်ရုံက ပိတ်ချတော့မယ် ထင်တယ်။ တကယ်လို့ အဒေါ်က ဒါကိုလုပ်ချင်တယ်ဆိုရင် ဒါကို တိုက်ရိုက် ဝယ်ယူပြီးတော့လုပ်လို့ရတယ်"

"အသင့်စားခေါက်ဆွဲစက်ရုံတွေက အရသာမှုန့်ထုပ်ပိုးတဲ့နေရာမှာ အဆင်သင့်ထုတ်လုပ်ပြီးသား လိုင်းတွေရှိပြီးသား။ သူတို့က ဒါကို ဒီအတိုင်း ရောထားလိုက်ပြီး တိုက်ရိုက်အသုံးပြုလို့ရတယ်။ ဒါက တော်တော်လေး အဆင်ပြေမယ်"

ရှ၀မ်ယွဲ့က ခဏလောက် ချီတုံချတုံဖြစ်သွားသည်။ "စက်ရုံတစ်ခု လည်ပတ်ဖို့ဆိုရင်တော့ ငွေအများကြီး ကုန်ကျမှာ သေချာတယ်လေ ဟုတ်တယ်မလား"

ထို့နောက်တွင် သူမက တစ်ဖန် ရယ်မောကာပြောလိုက်၏။ "ငါ ဒါကိုတော့ တတ်နိုင်မယ်လို့ မထင်ဘူး။ ဒီတော့ ငါးတို့ဟူးရယ်၊ ငါးအသားလုံးရယ်၊ သက်သက်လွတ်အူချောင်းကနေပဲ စလုပ်တာ ပိုကောင်းလိမ့်မယ်။ ဒါတွေကိုလုပ်ပြီး ရောင်းကောင်းလာတဲ့အခါမှ ဖြည်းဖြည်းချင်း တခြားပါဝင်ပစ္စည်းတွေကို ထပ်ထည့်လို့ရပါတယ်"

မောက်ကျစ်ရှန်းက ပြောလိုက်၏။ "ငါတို့တွေ တစ်ချက်လောက် သွားကြည့်ရင်လည်း ကိစ္စမရှိပါဘူး။ ငါတို့တွေ အခုအချိန်မှာ ဒါကိုမလုပ်နိုင်သေးဘူးဆိုရင်တောင် နောက်ပိုင်း ငါတို့လုပ်နိုင်တဲ့အချိန်ကျရင် ပိုကောင်းတဲ့ စိတ်ကူးတစ်ခု ရလာနိုင်တယ်လေ"

"ဟုတ်တယ်" ရှ၀မ်ယွဲ့က မေးလိုက်သည်။ "ရှောက်ပိုင် နင်ပြောတဲ့အသင့်စားခေါက်ဆွဲစက်ရုံက အဝိုင်းပတ်၃လမ်း နားမှာလား"

"ဟုတ်တယ်" နဥ်ရှောက်ပိုင်က ပြောလိုက်သည်။

"တကယ်လို့ အဲဒီအချိန်မှာ သဘောကျသွားတယ်ဆိုရင် ဒေါ်ဒေါ်က ဘဏ်မှာ အပေါင်ချေးငွေတစ်ခုအနေနဲ့ စက်ရုံကို သုံးလို့ရတယ်။ ဒါက စက်ရုံကိုဝယ်ဖို့အတွက် ဒေါ်ဒေါ်တို့ လုံလောက်မှာပါ"

ရှ၀မ်ယွဲ့က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်၏။ သို့သော်ငြားလည်း ထိုကိစ္စကို စိတ်ထဲတွင် မထည့်သည်က သိသာသည်။ သာမာန်လူများသည် ချေးငွေနှင့် ပတ်သက်သည့်စိတ်ကူး ဒီအတိုင်းပင် မရှိကြချေ။

ဒါကလည်း စက်ရုံအပေါ်တွင် မူတည်သည်။ သို့သော်ငြားလည်း ငါးတိုဟူးနှင့် ငါးအသားလုံး ပြင်ဆင်ခြင်းကိုတော့ ကြိုတင်ပြီးတော့ စတင်ထားနိုင်လေသည်။

အရင်းအနှီးးကလည်း အဆင်သင့်ရှိသည်။ အနောက်ဘက် အဆောက်အအုံတွင်လည်း အခန်းလွတ်၄ခန်း၊ ၅ခန်းရှိသည်။ ထို့ကြောင့် သူတို့ထဲက ၂ခန်းကို လွတ်အောင်ထားလိုက်လျှင် လုံလောက်‌သေးသည်။

ရက်အနည်းငယ်အတွင်းမှာပင် ဒေါ်ဒေါ်ဝေသည် ငါးအသားလုံးနှင့် ငါးတိုဟူးကိုစိတ်ဝင်စားကြောင်း ဖုန်းခေါ်ဆိုမှုများကို ရရှိခဲ့ပြီး ထိုပစ္စည်းများကို ဝယ်ယူချင်သည့်အကြောင်း သိခဲ့ရသည်။

စက်ကို မဝယ်ရသေးခင် ရှ၀မ်ယွဲ့က ဒီကိစ္စကို ရှမြန်နှင့် သက်သက်တိုင်ပင်ခဲ့သည်။

ဝက်သားတုတ်ထိုးဆိုင်ကို ၄လတာဖွ င့်လှစ်ခဲ့သည်ဖြစ်သည်။ ရာသီဥတုအေးသွားကတည်းက ရောင်းအားက ကျဆင်းခဲ့သော်ငြားလည်း ရှမြန်သည့် ကော်မရှင်ခကိုအခြေခံပြီး အကျိုးအမြတ် ၄ထောင်နီးပါးကို ရရှိခဲ့သေးသည်။

"နင် ငွေကို ကိုယ့်ဟာကိုယ် ပွားအောင်လုပ်ချင်လား ဒါမှမဟုတ် ဒီစက်ထဲမှာပဲ ရင်းနှီးမြှုပ်နှံမလား"

ရှ၀မ်ယွဲ့က သူမကို ရှင်းပြလိုက်၏။ "တကယ်လို့ ငါတို့တွေက ငါးတိုဟူးနဲ့ ငါးအသားလုံးကိုပဲ လုပ်မယ်ဆိုရင်တော့ ငွေက ဆုံးရှုံးစရာမရှိဘူး။ အဲဒါတွေက တကယ်အရသာရှိတယ်လေ။ နောက်ပိုင်းမှာ ဒီလိုအစားအသောက်မျိုးမရှိဘူး။ တကယ်လို့ ငါတို့တွေက နောက်ပိုင်းကျရင် ဒါတွေကို ဖြည်းဖြည်းချင်း အရောင်း မြှင့်တင်လာမယ်ဆိုရင် ပိုပိုပြီးတော့ သေချာပေါက် ရောင်းရနိုင်တယ်။ တကယ်လို့ ငါတို့တွေ အများကြီးမရောင်းဘူးဆိုရင်တောင် နောက်ပိုင်း ငါတို့ရဲ့ကိုယ်ပိုင်ဆိုင်မှာ ဒါတွေကိုဖြည်းဖြည်းချင်း ရောင်းလို့ရသေးတယ်လေ"

"ဒါကြောင့် အဒေါ်၂က နင့်ကို ရှယ်ယာဝင်ဖို့ အကြံပြုချင်တယ်။ နင်ရော ဘယ်လိုစဉ်းစားထားလဲ"

ရှ၀မ်ယွဲ့သည် စက်၁ခု ဝယ်ဖို့ရန် စိတ်ကူးရှိပြီးကတည်းက သူမသည် သူမ၏ကိုယ်ပိုင်‌ငွေကိုသာ ထည့်သွင်းစဉ်းစားထားလေသည်။ ယခုတော့ သူမသည် ရှမြန်ကို ဒီအတိုင်း ထည့်သွင်းစဉ်းစားပေးခြင်းသာ ဖြစ်လေသည်။

"ဒီကိစ္စကိုတော့ တခြားမစဉ်းစားနဲ့နော်" ရှမြန်က အပြုံးဖြင့်ပြောလိုက်၏။ "ကျွန်မက ဒီထဲမှာပဲ သေချာပေါက် ရင်းနှီးမြှုပ်နှံမှာပါ။ ငါးတိုဟူးတင်မကဘူး။ နောက်ပိုင်းစက်ရုံတစ်ခု ဖွင့်တယ်ဆိုရင်လည်း ကျွန်မက အဲဒီထဲမှာ ရင်းနှီးမြှုပ်နှံဦးမှာ"

သူမက ရှ၀မ်ယွဲ့၏လက်ကို လှမ်းကိုင်လိုက်ပြီးပြောလိုက်သည်။ "ဒေါ်ဒေါ်၂ ကျွန်မရဲ့အိပ်မက်က ဆရာမတစ်ယောက်ဖြစ်ဖို့ပါ"

"ဒီတော့ အခုအချိန်ကစပြီး ကျွန်မနဲ့ ရှောင်ဖုန်းတို့က ကျွန်မတို့ကို ထောက်ပံ့ပေးဖို့အတွက် ဒေါ်ဒေါ်ရဲ့အကျိုးအမြတ်အပေါ်ပဲ မှီခိုအားထားရတော့မှာပါ"

ရှ၀မ်ယွဲ့က ပြုံးလိုက်ပြီး သူမ၏ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ကာ "ဆရာတွေက ကလေးတွေကို မကောင်းတာ မသင်ပေးဖို့ သတိထားသင့်တယ်နော်"

"ဒီလိုတော့ သေချာပေါက် ဖြစ်လာမှာမဟုတ်ပါဘူး" ရှမြန်က ဂုဏ်ယူ၀င့်ကြွားစွာဖြင့် ပြောလေသည်။

"ကျွန်မမှာ ကျောင်းသားတွေကို သင်ကြားပေးနိုင်တဲ့ နည်းလမ်းတစ်ခုရှိပါတယ်"

အိမ်တွင် စာလုပ်နေကြသည့် ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့မှာ ထိုလုပ်ဆောင်မှုကြောင့် တစ်ပြိုင်တည်း နှာချေသွားကြတော့သည်။

...

All Chapters