← Chapters

အပိုင်း(၁၁၂)

Vol. 8 Ch. 112

အပိုင်း(၁၁၂)

Vol. 8 Ch. 112

ကျောင်းဝင်ခွင့် ချောချောမွေ့မွေ့ ပြီးမြောက်သွားပြီးနောက် ရှမြန်သည် အားလုံး၏အကြည့်အောက်တွင် ကျောင်းပြောင်းလာသည့် နတ်သမီးကျောင်းသူလေးအဖြစ် ဆက်ဆံခံရတော့သည်။

ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့၏ထိုင်ခုံကလည်း ရုတ်တရက်ဆိုသလို လူများဖြင့် စုဝေးလာကြသည်။

အတန်းဖော်များကလည်း မသိမသာ အနောက်ဘက်တန်းတွင် လာရောက်စုဝေးကြကာ ကစားပြီး စကားစမြည် ပြောကြ၏။ ရှမြန်နှင့် စကားနည်းနည်းပါးပါးပြောဖို့ရန် အခွင့်အရေးများရှာဖွေခြင်း မဟုတ်လျှင် အခွင့်အရေးများ ဖန်တီးကြတော့သည်။

ထို့နောက်တွင် သူတို့သည် သူတို့၏အတူတူထိုင်သည့် သူငယ်ချင်းများဆီ ပြန်သွားကာ အကြောင်းအရာများကို ဝမ်းသာအားရ ပြန်လည်ဝေမျှကြလေသည်။

ရှမြန်သည် သူမရှေ့ကကောင်မလေးက ဝမ်းသာအားရဖြင့် သူမ၏အသံကို မထိန်းနိုင်ဘဲ သူမနှင့် အတူတူထိုင်သည့်သူငယ်ချင်းကို ပြောနေသည်ကို ကြားလိုက်ရ၏။

"ဟဲ့ ငါသူနဲ့ စကားပြောပြီးပြီ။ သူက အဆင်ပြေပါတယ်"

ရှမြန်က ထိုစကားကို ကြားလိမ့်မည်ကို သတိထားမိလိုက်သဖြင့် သူမက နောက်သို့ ပြန်လှည့်ကြည့်ကာ နီရဲနေသည်မျက်နှာဖြင့် သူမကိုကြည့်နေလေသည်။

ထိုချစ်စရာကောင်းမှုကြီးကြောင့် ရင်ထဲထိသွားတော့သည်။

"ကျောင်းသူလျိုယွမ်ယွမ် ငါနင်နဲ့ နေ့တိုင်း စကားပြောချင်တယ်"

ရုတ်တရက်ဆိုသလို အတန်းထဲတွင် သဘောကျသွားသည့် ရယ်သံတစ်ခုပေါ်ထွက်လာတော့သည်။

ရင်းနှီးဖော်ရွေတတ်သည့် အတန်းဖော်တစ်ယောက်က ပြောလိုက်၏။

"ရှမြန် နင် မျက်နှာလိုက်လို့ မရဘူးနော်။ ငါတို့တွေလည်း နင်နဲ့စကားပြောချင်တယ်လေ"

"အေးပါ ငါ မျက်နှာမလိုက်ပါဘူး" ရှမြန်က အပြုံးဖြင့်ပြောလိုက်ပြီး "အခုအချိန်ကစပြီး နင်တို့ တစ်ယောက်ချင်းစီ ငါ့ကိုစကား၁၀ခွန်း ပြောလို့ရတယ်။ ဆွန်းယွဲ့ရှင်းနဲ့ ကျန်းကျန်းတို့က ငါ့ရဲ့အတွင်းရေးမှု လုပ်ပြီးတော့ ငါ့ကိုကူညီပြီးတော့ မှတ်ထားပေးလိမ့်မယ်"

အားလုံးက တစ်ဖန် စတင်ရယ်မောကြပြန်သည်။

သူမက အမှန်တကယ် ခင်မင်ရန်လွယ်ကူသည်ဟု သိလိုက်ကြသဖြင့် တချို့စကားနည်းသည့် အတန်းဖော်များကပင် သိချင်စိတ်ကြောင့် သူမဆီကို ဖြည်းဖြည်းချင်း ချဉ်းကပ်လာကြသည်။

ဟုတ်ပါသည်။ သူမအတန်းဖော်များအပြင် တခြားအတန်းမှ ကျောင်းသားကျောင်းသူများကလည်း ရောက်လာကြသည်။ စာသင်ချိန်ပြီးသွားသည့်အချိန်တိုင်း အခန်း၃၏တံခါးနားတွင် လူများက အမြဲတမ်း စုဝေးနေကြပြီး စာအုပ်လာငှားသည်ဟု အကြောင်းပြကာ သို့မဟုတ် သူငယ်ချင်းများကို လာတွေ့သည်ဟု အကြောင်းပြကာ လာရောက်ချောင်းကြည့်ကြလေသည်။

ရှမြန်ကတော့ ဒါသည် ကျောင်းပြောင်းလာသည့် ကျောင်းသူအသစ်ကို အသစ်အဆန်းအနေဖြင့် သိလိုစိတ်ရှိခြင်းအပြင် သူမသည် နတ်သမီးလေးနှင့်တူသည့် စိတ်သဘောထားတစ်ခုရှိခြင်းကြောင့် ဖြစ်မည်ဟု ခံစားမိလေသည်။ သို့သော်ငြားလည်း နတ်သမီးလေးနှင့်တူသည့် စိတ်သဘောထား ရှိသော်ငြားလည်း အကျိုးအပြစ်တော့ ရှိသေးသည်။ ယန်တက္ကသိုလ် တွဲဖက်အထက်တန်းကျောင်းသည် အဓိကအထက်တန်းကျောင်းတစ်ခုဖြစ်သော်ငြားလည်း ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့လို ဆန့်ကျင်တတ်သည့် ကလေးမလေးများလည်းရှိသည့်အပြင် ထုံးစံအတိုင်းတချို့ လူဆိုးလူမိုက်လေးများလည်း ရှိကြသည်။

ထျန်းရွှယ်ယာက ယခင်က သူမ၏အကြောင်းကို ကောလာဟလဖြန့်ဖူးသည်ကို ထည့်သွင်းလိုက်လျှင် တချို့လူမိုက်များက သူမသည် ပြစ်မှုမှတ်တမ်း ရှိသူတစ်ယောက်ဟု ထင်မြင်ယူဆကြလေသည်။

သူမကို ကိုယ်တိုင် တွေ့ဖူးပြီးသည့်နောက်မှပင် ဒါသည် ကောလာဟလတစ်ခု သက်သက်သာ ဖြစ်သည်ဟု အားလုံးက ရှင်းရှင်းလင်းလင်း သိကြသည့်တိုင် သူတို့ကတော့ တကယ့်အချက်အလက်ကို လက်ခံဖို့ရန် ငြင်းဆန်နေကြဆဲပင်။

သူတို့သည် တူညီသည့်လူစားမျိုး ဖြစ်နေခဲ့လျှင် ပိုပြီး စနောက်ရလွယ်ကူသည်ဟု စဉ်းစားကြဟန်တူသည်။

ထို့နောက်တွင်တော့ စာသင်ချိန်ပြီးသွားသည့်အချိန်တိုင်း ပေါ့ပျက်ပျက်လေချွန်သံများကို အခန်း၃၏ အနောက်ဘက်တံခါးတွင် ကြားလိုက်ရသည်။

ရှမြန်က သူ့ကိုလျစ်လျူရှုထားသည်ကို တွေ့ရသဖြင့် သူသည် တဖြည်းဖြည်း ရဲတင်းလာကာ သူမကို တိုက်ရိုက်လာရောက် စနောက်ကျီစယ်တော့သည်။

"သူက တကယ်ချောတဲ့ မိန်းကလေးတစ်ယောက်ပဲ" အရပ်မြင့်မြင့် ပိန်ပိန်ပါးပါး ကောင်လေးတစ်ယောက်က သူ့ခြေထောက်ကို လှုပ်ခါပြီး မြှောက်ပင့်စကားများကို ပြောတော့သည်။

"ကျောင်းသူရှမြန် ငါ ကြားထားတာတော့ နင်က သူငယ်ချင်းလုပ်ရတာကို သဘောကျတယ်တဲ့။ ငါတို့တွေ သူငယ်ချင်းလုပ်ရအောင်လေ"

"ငါ့အစ်ကိုက သူ့သူငယ်ချင်းတွေအပေါ်ဆို အရမ်းကောင်းတာလေ။ အထူးသဖြင့် သူရဲ့လှပတဲ့ ချစ်သူကောင်မလေးကိုပေါ့"

"ဟားဟားဟား..."

"ဟောက်ကျန်း မင်းဒီစကားပြောတာတောင်မှ အရမ်းကို ယဉ်ကျေးနေတာပဲ"

"..."

သို့သော်ငြားလည်း သူတို့သည် ဒီလိုအပေါစားဆန်ပြီး လူမိုက်ဆန်သည်က မိမိုက်သည်ဟု ထင်ကြသည်။ ဆန့်ကျင်အာခံတတ်သည့် ဆယ်ကျော်သက်အရွယ်များသာ ဖြစ်လေသည်။ သူတို့သည် သိပ်ပြီး သတ္တိမရှိကြသလို မကောင်းသည့်အရာတစ်ခုခုကို လုပ်ဖို့လည်းမဝံ့ရဲကြချေ။ သူတို့ကို ကိုင်တွယ်ရ လွယ်ကူသင့်ပေသည်။

ရှမြန်က ဒီလူများကို သိက္ခာရှိရှိ ယဉ်ယဉ်ကျေးကျေး မည်သို့မောင်းထုတ်ရမည်ကို စဉ်းစားနေမိ၏။

ရှေ့တွင်ထိုင်နေသည့် ဆွန်းယွဲ့ရှင်းက စားပွဲကို ဘုံးခနဲ ရိုက်လိုက်ပြီး ထရပ်လိုက်ကာ "ဟောက်ကျန်း နင်ထွက်သွားတော့နော်။ သူက ငါတို့ကာကွယ်ပေးနေတဲ့လူ။ နင် သူ့ကိုထပ်ပြီးတော့ နှောင့်ယှက်ရဲနေတာပဲ"

ရှမြန်သည် သူမက ယခုအချိန်တွင် တစ်စုံတစ်ယောက်၏ ကာကွယ်မှုအောက် ရောက်နေသည်ကို မေ့သွားတော့မလို ဖြစ်သွားသည်ကို ရုတ်တရက် သဘောပေါက်လိုက်၏။

သတင်းကြားပြီး သိပ်မကြာခင်မှာပင် ကျောက်ချန်းကလည်း ရောက်လာပြီး လူမိုက်လေး၏ကော်လံကို ဖမ်းဆွဲကာ သူ့ကိုအဝေးသို့ ဆွဲထုတ်သွားလေသည်။

"လာခဲ့စကားပြောရအောင်။ ငါလည်း သူငယ်ချင်း လုပ်ချင်လို့ပါ..."

လိုရင်းကို ပြောရလျှင် ကျောက်ချန်းသည် အလွန်မှ အရည်အချင်းရှိသည့် ဘော့စ်တစ်ယောက် ဖြစ်ပေသည်။ သူက မည်သို့သတိပေးလိုက်သည်ကိုတော့ သူမလည်းမသိချေ။ ထိုနောက်ပိုင်းတွင် လူမိုက်လေးများ ထပ်ပြီးပေါ်မလာတော့ပေ။

သို့သော်ငြားလည်း သူကဒါကို ပေါ့ပေါ့ပါးပါးသဘောမထားခဲ့ချေ။ ထိုအစားသူသည် မဟာရန်သူတစ်ယောက်ကို ရင်ဆိုင်နေရသလို သဘောထားလေ၏။ "တခြားလူတွေကတော့ အရေးမကြီးပါဘူး။ အဓိကကတော့ အဲ့ဒီကောင် ဟောက်ကျန်းဆိုတဲ့ကောင်ပဲ"

ရှမြန်ကလည်း သိပ်ပြီးတော့ နားမလည်ချေ။ ဟောက်ကျန်း၏ နှာဘူးဆန်ဆန် စိတ်မရှည်တတ်သည့် အကျင့်စရိုက်တစ်ခုနှင့်ဆိုလျှင် သူသည် အစောကြီးကတည်းက ပေါ်လာသင့်ပေသည်။

"ငါ သိပ်မကြာခင်တုန်းက တန်းခွဲ၈ကို သွားမေးခဲ့သေးတယ်" ကျောက်ချန်းက ပြောလိုက်၏။ "သူ အခုတလော အတန်းမတက်ဘူးတဲ့။ ကြည့်ရတာ‌ ချောင်ကျန်းယွီကို မျက်နှာလုပ်ဖို့ ကြိုးစားရင်း အလုပ်များနေတာထင်တယ်"

"ချောင်ကျန်းယွီ ဟုတ်လား" ဆွန်းယွဲ့ရှင်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ "သူက ကောလိပ်တက်နေပြီ မဟုတ်လား။ နောက်ပြီး သူ့ရဲ့စံနှုန်းကလည်း မြင့်တယ်။ ဟုတ်တယ်မလား။ သူက ဘယ်လိုလုပ်ပြီး ဟောက်ကျန်းကို စိတ်ဝင်စားမှာလဲ"

"ငါ ကြားထားတာတော့ သူက နိုက်ကလပ်တစ်ခု ဖွင့်ချင်တာတဲ့" ကျောက်ချန်းက ပြောလိုက်သည်။

"ဟောက်ကျန်းရဲ့အဖေက ဒီအတွက် ငွေထုတ်ထားပေးတယ်တဲ့။ ဒီတော့ သူတို့တွေက ပတ်သက်နေကြတယ်လေ"

ရှမြန်သည် မနေနိုင်တော့ဘဲ သိချင်စိတ်ဖြစ်သွားတော့သည်။ "ချောင်ကျန်းယွီ ဆိုတာ ဘယ်သူလဲ"

လီလီကျန်းက သူ့နှုတ်ခမ်းများကို ကွေးထားလိုက်ကာ ပြောလိုက်၏။ "တခြားရပ်ကွက်က လူဆိုးတစ်ယောက်ပါ။ သူ့မိဘတွေက တောင်ပိုင်းစစ်ဘက် အခြေစိုက်စခန်းကလေ။ သူ့အဘိုးကတော့ ဒီမှာရှိတယ်။ သူသာ တစ်နေ့မှာ လူတစ်ယောက်ကို သတ်ခဲ့မယ်ဆိုရင် သူ့အဘိုးက သူ့အတွက် ဒီကိစ္စကို ရှင်းလင်းပေးနိုင်မယ်လို့တောင် ထင်ရတယ်"

"သူ့အဘိုး ဟုတ်လား"

"အင်း ပိုပြီးကြီးတဲ့မျိုးဆက်မှာ ဒီလိုအာဏာတစ်ခုရှိတာပဲ" ဆွန်းယွဲ့ရှင်းက ပြောလိုက်သည်။

"ချောင်ကျန်းယွီက လူကြီးတွေ ရှေ့မှာဆိုရင်တော့ အရမ်းကို လိမ္မာချင်ဟန်ဆောင်နေတာလေ။ ဒါပေမဲ့ သူက နောက်ကွယ်မှာတော့ မကောင်းတာတွေ အကုန်လုပ်တာပဲ... လိုရင်းကိုပြောရမယ်ဆိုရင် သူအတည်ပေါက်လုပ်တယ်ဆိုတဲ့ ကိစ္စဆိုတာခပ်ရှားရှားပဲ"

အင်း။ ဒီနေ့ခေတ် နိုက်ကလပ်တွေက ကောင်းတဲ့နေရာတွေ မဟုတ်ကြဘူးလေ။ မိန်းမလိုက်စားတာ၊ ဆေးသုံးတာ၊ ဆေးအရောင်းအဝယ်လုပ်တာတွေက အဲဒီနေရာမှာပဲ လုပ်ကြတယ်။ ကောင်းမွန်တဲ့မိသားစုက မိန်းကလေးတွေက အဲ့ဒီနေရာကို ဘယ်တော့မှခြေချကြတာ မဟုတ်ဘူး။

ရှမြန် ကြီးပြင်းလာသည့်အချိန်မှာပင် နိုက်ကလပ်လို နေရာမျိုးကို သဘောမကျသည့် တချို့လူကြီးများပင် ရှိနေသေးသည်။ သူတို့၏ မကောင်းသည့်အမြင်များမှာ ထိုခေတ်အခါက နိုက်ကလပ်၏မဲမှောင်ပြီး ဆိုးဝါးသည့် ပတ်ဝန်းကျင်အခြေအနေကြောင့် ဖြစ်နိုင်သည်။

ဒါက အမှန်ပင် ငွေရှာနိုင်သည်။ သို့သော်ငြားလည်း အားလုံးကတော့ ဒါကိုတတ်နိုင်လိမ့်မည် မဟုတ်ချေ။ အနည်းဆုံးတော့ လူတစ်ယောက်သည် အမှောင်လောကနှင့် အလင်းလောက ၂ခုစလုံးတွင် တောင့်တင်းသည့် နောက်ခံတစ်ခု ရှိထားဖို့လိုအပ်သည်။ သူတို့ပြောပုံအရဆိုလျှင် ချောင်ကျန်းသည် တက္ကသိုလ်မှ ဘွဲ့မရသေးခင်မှာဘဲ နိုက်ကလပ်တစ်ခုကိုဖွင့်ဖို့ရန် စဉ်းစားရဲသည်။ သူသည် အကြံအစည်များသည့် အကောင်အကြီးကြီးတစ်ယောက် ဖြစ်သည်မှာ သိသာသည်။

ဒီလိုဆိုလျှင်ပင် စိုးရိမ်စရာတော့ မရှိချေ။

"ချောင်ကျန်းယွီက အရမ်း ရည်မှန်းချက်ကြီးတာလေ။ သူက ဟောက်မိသားစုရဲ့ ရင်းနှီးမြုပ်နှံငွေကို ထောက်ထားပြီးတော့ ဟောက်ကျန်းအတွက် စကား၁ခွန်း၊ ၂ခွန်းတော့ ပြောပေးချင်ပြောပေးမှာပေါ့။ သူက ကျောင်းတွင်း ရန်ပွဲတစ်ခုလို ကိစ္စသေးလေးတွေကိုတော့ ဂရုစိုက်မှာမဟုတ်လောက်ပါဘူး"

"ဒါတော့အမှန်ပဲ" ဆွန်းယွဲ့ရှင်းက ပြောလိုက်သည်။ "ငါ တကယ်စိတ်ပူတဲ့ဟာက ဟောက်ကျန်းက အောင်မြင်သွားပြီး တခြားသူတွေရဲ့အာဏာကို အသုံးချမှာကိုပဲလေ"

ကျောက်ချန်းက ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ်ပါ နင် သတိထားသင့်တယ်။ တကယ်လို့ နင်တို့တွေ ကျောင်းကို အတူသွားအတူလာ လုပ်နိုင်တယ်ဆိုရင်တော့ အတူတူသွားကြပေါ့။ သူနင့်ကို လမ်းပိတ်ထားမယ်ဆိုရင်တော့ သတိထားနော်"

ထိုကိစ္စက အလွန်မှ စိတ်ရှုပ်ဖွယ်ရာကောင်းလှသည်။ ဟောက်ကျန်းက ရှမြန်ကို အမှန်ပင် လာရောက် နှောင့်ယှက်လိမ့်မည်လားဟု တိုင်ပင်သည့်အပြီးမှာပင် သူတို့သည် တစ်ဖက်လူ၏အစီအစဉ်ကို ကြားလိုက်ရတော့သည်။

သူတို့၏တန်းခွဲတွင် ကာယလေ့ကျင့်ခန်းအချိန်ရှိသည်။ အတန်းချိန်တစ်ဝက်တွင် ရှမြန်၊ ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့ကသန့်စင်ခန်းသို့ အတူတူသွားခဲ့ကြသည်။ သူတို့သည် သန့်စင်ခန်းသို့ ဝင်လာသည်နှင့်ချက်ချင်း ဘေးကယောက်ျားလေးသန့်စင်ခန်းထဲမှ ဟောက်ကျန်း၏အသံကို ကြားလိုက်ရ၏။

"အစ်ကိုလီ မင်းကအရမ်းကို ချောမောပြီးတော့ ဆွဲဆောင်မှုရှိတာပဲ"ဟောက်ကျန်းက ညစ်ကျယ်ကျယ်အသံတစ်ခုဖြင့် ပြောလိုက်၏။

"အစ်ကိုက ဝတ်စားတဲ့နေရာမှာလည်း အရမ်းကိုအမြင်ရှိတယ်။ မင်းက ကျွန်တော် မြင်ခဲ့ဖူးတဲ့လူတွေထဲမှာ အချောဆုံးပဲ"

တော်တော်လေး ဩရှရှအသံတစ်ခုသည် မယုံကြည်နိုင်သလို ပြောလိုက်၏။ "မင်းက မိန်းမနည်းနည်းကိုပဲ တွေ့ခဲ့ဖူးတာပါ။ ဒါနဲ့များ သူကအချောဆုံးလို့ မင်းက ပြောရဲသေးတယ်နော်"

"ဟုတ်တယ်" တတိယအသံက ကြည်လင်နေ၏။ သို့သော်ငြားလည်း သူ့စကားလုံးနှင့်လေသံကို အကဲခတ်ကြည့်လျှင် သူသည် လူကောင်းတစ်ယောက်မဟုတ်သည်ကို ပြောနိုင်ပေသည်။ "မင်း အစ်မလင်းကို တွေ့ဖူးလား။ သူက အစ်မလင်းလောက် လှလို့လား"

"တွေ့ဖူးတာပေါ့။ တကယ့်ကို ပိုလှတာနော်" ဟောက်ကျန်းက ပြတ်ပြတ်သားသားပြောလိုက်၏။

"အစ်ကို သူ့ကိုတွေ့တဲ့အချိန်ကျရင် သိပါလိမ့်မယ်"

"ငါတို့က သူ့ကိုတွေ့ခဲ့တယ်ဆိုရင်တောင် သူက ငါတို့နဲ့အတူတူ အပြင်လိုက်ထွက်မှာမလို့လား"

ခပ်ကြမ်းကြမ်းအသံတစ်ခုက မေးလိုက်သည်။ "ငါတို့တွေက ဘယ်နှစ်ကြိမ်ပဲ ကြိုးစားကြိုးစား သူ့ကိုခေါ် ထုတ်လို့ရနိုင်မှာမဟုတ်ဘူးလို့ မင်းပဲပြောခဲ့တယ် မဟုတ်လား"

"သိပ်ပြီး ပူညံပူညံလုပ်မနေပါနဲ့" ကြည်လင်သည့်အသံတစ်ခုက ပြောလိုက်သည်။

"အခုတလော အစ်ကိုချောင်က သူ့အိမ်မှာ အဘိုးကြီးရဲ့ အနီးကပ် စောင့်ကြည့်ခံနေရတာ။ တကယ်လို့ မင်း ပြဿနာရှာမယ်ဆိုရင် ဘယ်သူမှ ဂရုစိုက်ပေးမှာ မဟုတ်ဘူးနော်"

ဟောက်ကျန်းက အော်ရယ်ကာ ပြောလိုက်လေသည်။

"ကျွန်တော် သိပါတယ်။ ကျွန်တော်က ဆူဆူညံညံ ဖြစ်မှာကို မကြောက်ရင် အစောကြီးကတည်းက သူ့ကို လမ်းမှာပိတ်ထားပြီးပြီ။ ကျောက်ချန်းရဲ့မြေးက သူ့ကိုကာကွယ်ပေးနေတာနဲ့ပဲ သူက အဆင်ပြေနေပြီလို့ ထင်နေတာတဲ့လား"

ခပ်သြသြအသံတစ်ခုက ပြောလိုက်၏။ "မင်း သူ့ကိုစာသင်ခန်းထဲမှာသွားပြီးတော့ နှောင့်ယှက်မယ်ဆိုရင် ပြဿနာဖြစ်မှာ မကြောက်ဘူးလား"

"စာသင်ခန်းထဲမှာ ဘာပြဿနာဖြစ်နိုင်မှာလဲ" ဟောက်ကျန်းက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

"ပုံမှန်ဆိုရင် နောက်ဆုံးစာသင်ချိန်က ကိုယ်ပိုင်စာကြည့်တဲ့အချိန်လေ။ ကျန်တဲ့သူတွေအားလုံးကလည်း စာကြမ်းပိုးတွေပဲ။ သူတို့တွေက ကျွန်တော်တို့ကို တွေ့တဲ့အခါကျရင် ငုံးကောင်လေးတွေ ဖြစ်သွားကြတာလေ"

"ရှမြန်ကတော့..."

"တကယ်လို့ သူသာ ကျွန်တော်တို့နဲ့ မလိုက်ရဲဘူးဆိုရင် ကျွန်တော်တို့က တစ်ခန်းလုံးရှေ့မှာ သူ့ရဲ့မျက်နှာအစစ်ကို ထုတ်ပြလိုက်ရုံပဲပေါ့"

ကြည်လင်နေသည့်အသံတစ်ခုက မေးလိုက်သည်။ "သူက တကယ်ပဲ ရဲစခန်းကို ရောက်ဖူးတာတဲ့လား"

ဟောက်ကျန်းက ပြောလိုက်၏။

"ငါလည်း ဒီအကြောင်းကို တခြားသူဆီက ကြားထားတာပဲ။ ဒါပေမဲ့ ဒါက မှန်မယ်ထင်တယ်။ သူ့ရဲ့ချွဲနွဲ့တတ်တဲ့ ရုပ်လေးကို ကြည့်မယ်ဆိုရင် သူက ယောက်ျားတွေကို မြှူဆွယ်တဲ့နေရာမှာ ပညာရှင်တစ်ယောက်ဆိုတာ သိသာတယ်"

ဒီအခိုက်တွင် သူသည် ကျန်သည့်လူ၂ယောက်ကို အကြောင်းသိပါတယ်လေ ဟူသည့်ပုံစံဖြင့် ပြုံးပြလိုက်လေသည်။

"ဒီနေ့ သူတို့ကို အစ်ကိုချောင်ရဲ့နေရာကို ခေါ်ထုတ်သွားဖို့က ကွက်တိပဲလေ..."

ထိုလူ၃ယောက်၏အသံက သန့်စင်ခန်းထဲမှ ထွက်သွားပြီးသည်နှင့် ချက်ချင်း ဆွန်းယွဲ့ရှင်းက ဒေါသတကြီး အော်ဟစ်လိုက်လေသည်။ "သောက်ကျိုးနည်း ဒီခွေးကောင်ကတော့"

ရှမြန်က သူမကို တိတ်တိတ်လေး နေဖို့ လက်ဟန်ပြလိုက်သည်။ ဒီသန့်စင်ခန်းက လုံးဝအသံမလုံသဖြင့် နံရံ၏ တခြားတစ်ဘက်တွင် တခြားနားများရှိနေနိုင်သည်။

သူတို့၂ယောက်က အချင်းချင်း နားလည်ကြပြီး ကိစ္စကိုရှင်းလင်းပြီးသည့်နောက်တွင် ကစားကွင်းဆီသို့ ပြန်ရောက်လာကာ သူတို့အခုလေးတင် တိုင်ပင်ခဲ့သည့်ကိစ္စကို ဆက်ပြီးပြောလိုက်ကြသည်။

"ထျန်းရွှယ်ယာလည်း သန့်စင်ခန်းထဲမှာ ရှိနေလောက်တယ်" လီလီကျန်းက ပြောလိုက်၏။ "နင်တို့ ဒါကို မြင်ခဲ့လား"

ဆွန်းယွဲ့ရှင်းက မေးလိုက်သည်။ "ဘယ်နားမှာလဲ"

ယနေ့ခေတ်တွင် သန့်စင်ခန်းများကြားတွင် ၁မီတာခွဲလောက်သာမြင့်သည့် ကွန်ကရစ်နံရံတစ်ခုသာ ခြားထားလေသည်။ ထိုင်ချလိုက်ရင် မမြင်ရသော်ငြားလည်း ဖြတ်လျှောက်သွားလျှင်တော့ မြင်ရနိုင်သည်။

"သူက အလယ်ကနေ ဒါကို ကြားချင်ကြားသွားနိုင်တယ်" ရှမြန်က သက်ပြင်းချလိုက်သည်။ "သူ ဒီစကားကို ကြားပြီးရင် နောင်တရသွားမလား မသိဘူးနော်"

လီလီကျန်းက အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်၏။ "ငါတော့ အဲဒီလိုမထင်ပါဘူး။ ထျန်းရွှယ်ယာက နင့်ကို အသေမုန်းနေတာလေ။ နင့်ဆီမှာ တစ်ခုခုဖြစ်ပါစေလို့တောင် သူက မျှော်လင့်ချင် မျှော်လင့်နေဦးမှာ"

ရှမြန်သည် သူမ ကျောင်းသို့ တရားဝင်ပြောင်းရွှေ့လာပြီးကတည်းက ထျန်းရွှယ်ယာက ကောလာဟလ လွှင့်ခဲ့သည့်အကြောင်းကို ဘယ်တော့မှ ထုတ်မပြောခဲ့သော်ငြားလည်း သူတို့အားလုံးသည် စာသင်ခန်းတစ်ခုတည်းက အတန်းဖော်များ ဖြစ်ကြလေရာ အများစုကတော့ အချင်းချင်း သိကြလေသည်။

အထူးသဖြင့် သူမသည် ဒီကိစ္စကို ကောင်းကောင်းမွန်မွန် မလုပ်နိုင်ခဲ့ချေ။ သူမက ရှမြန် ကျောင်းသို့ မပြောင်းလာခင်မှာပင် ရှမြန်နှင့်ပတ်သက်သည့် မကောင်းကြောင်းများကို ပြောခဲ့သည်ကို အားလုံးနီးပါးက သိကြသည်။

ကျောင်းပြောင်းလာပြီးသည့်နောက်တွင် ရှမြန်၏အကျင့်စရိုက်ကိုလည်း အားလုံးနီးပါးက သိကြသည်။ ထိုကြောင့် လူတော်တော်များများက အလိုအလျောက် သူမနှင့်ခပ်တမ်းတမ်း နေကြတော့သည်။

ဟုတ်ပါသည်။ ဒါကိုဂရုမစိုက်သည့် မျက်နှာပြောင်သည့် ကောင်လေးတချို့လည်း ရှိသည်။ သို့သော်ငြားလည်း ရှမြန်က အခုမှကျောင်းပြောင်းလာခဲ့ပြီး အားလုံးကလည်း ခံစားချက်အသစ်စက်စက်များ ဖြစ်နေသဖြင့် သူတို့က စကားအများအပြား ပြောကြခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် ထျန်းရွှယ်ယာကို အာရုံစိုက်သည့်သူများက ပိုပြီးနည်းပါးသွား၏။

ဒီအချိန်တွင် လီလီကျန်းက လျှို့ဝှက်စွာ ပြုံးကာပြောလိုက်၏။ "ငါ့အထင်တော့ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ကုကျိုးကလည်း သူ့ကို လျစ်လျူရှုထားတယ် ထင်တယ်"

"ထျန်းရွှယ်ယာက အခုတလော တိတ်ဆိတ်နေတာလည်း မဆန်းတော့ဘူးလေ"

ရှမြန်က ပြောလိုက်သည်။ "ဒါက ကိစ္စကြီးတစ်ခုတော့ မဟုတ်ပါဘူး။ သူက ဒီကိစ္စနဲ့ပတ်သက်ပြီး အရမ်းကို ဂရုစိုက်နေလို့ပဲဖြစ်မှာပါ"

"သူက ပြဿနာ ထပ်မရှာသရွေ့တော့ ငါက ဒီကိစ္စကို ထုတ်ပြောမှာမဟုတ်ဘူး။ ၁လမပြည့်သေးခင်မှာပဲ အားလုံးကလည်း ဒီအကြောင်းကို မေ့လုနီးပါးဖြစ်သွားပြီး သူတို့ရဲ့ပုံမှန်အခြေအနေကို ပြန်ရောက်သွားမှာပါ"

လီလီကျန်းက ပြောလိုက်၏။ "ငါတော့ သူ့ကို မမေ့နိုင်ပါဘူး။ ငါက သူ့ကို ဘယ်တော့မှ ထပ်ခေါ်တော့မှာ မဟုတ်ဘူး"

ရှမြန်က ရယ်မောလိုက်ပြီး "ဒီကိစ္စမဖြစ်ခဲ့ရင်တောင် နင်သူ့ကိုဂရုစိုက်မှာမှ မဟုတ်ဘဲနဲ့"

သူမက ကိုယ်ကိုကုန်းလိုက်ကာ အုတ်ခဲ၁ခုကို ကောက်ကိုင်လိုက်ပြီး လှုပ်ခါပြလိုက်သည်။

ဆွန်းယွဲ့ရှင်းက သူမ၏လှုပ်ရှားမှုများသည် အလွန်မှကျွမ်းကျင်လွန်းလှသည်ဟု ရှင်းမပြတတ်အောင် ခံစားလိုက်ရသည်။ "နင် ဘာလုပ်နေတာလဲ"

"ဪ" ရှမြန်သည် ဒါက သိပ်ပြီးအဆင်မပြေလှလေဘူးဟု ခံစားမိသဖြင့် သူမကနောက်ထပ် ကျောက်ခဲအပိုင်း၁ပိုင်းကို ပြောင်းလိုက်လေသည်။ "လိုရမယ်ရပေါ့လေ"

အမှန်တွင်တော့ သူမအလိုချင်ဆုံးအရာမှာ သံသယအနည်းဆုံးဖြစ်နိုင်သည့် ရာဇဝတ်မှုဥပဒေ မိတ္တူစာအုပ်တစ်အုပ် မဟုတ်လျှင် ရှင်းဟွားအဘိဓာန်စာအုပ်သာ ဖြစ်လေသည်။

အထူးသဖြင့် ရှင်းဟွားအဘိဓာန်စာအုပ်သည် သူမ၏အတိတ်ဘဝတွင် သူမအသုံးပြုခဲ့သည့် အသုံးအဝင်ဆုံးလက်နက်၁ခု ဖြစ်ခဲ့သည်။

ဖြစ်ချင်တော့ လက်တွေ့ကျပြီး စီးပွားရှာခြင်းကသာ အရေးအပါဆုံးဖြစ်နေသည့် ဒီလိုခေတ်မျိုးတွင် ဒီလိုစာအုပ်မျိုးက အပေါ်ယံအခွံသက်သက်သာ ဖြစ်လေသည်။ ရာဇဝတ်မှုဥပဒေစာအုပ်ကလည်း အလွန်မှ ပါးလွှာသည်။ ရှင်းဟွားအဘိဓာန်စာအုပ်ကလည်း သေးသေးလေးဖြစ်သည်။ စာအုပ်က အနည်းငယ်ထူသော်ငြားလည်း အဖုံးက အပျော့စားသုံးထားသဖြင့် အသုံးချဖို့ရန် မခက်ခဲလှချေ။

ရှမြန်သည် သူမလက်ထဲက အုတ်ခဲကြိုးတစ်ဝက်ကို ကျေနပ်စွာဖြင့် ခါပြလိုက်၏။ ဒီတစ်ခုနှင့် ရိုက်ချလိုက်လျှင်တော့ ပိုပြီး အမြင်တင့်တယ်ပေလိမ့်မည်။

အရေးပေါ်အခြေအနေတစ်ခုတွင် နတ်သမီးလေး၁ပါးသည်လည်း သူမကိုယ်သူမ ကာကွယ်ဖို့ရန်လိုအပ်လေသေးသည်။

...

All Chapters