← Chapters

အပိုင်း(၁၁၄)

Vol. 8 Ch. 114

အပိုင်း(၁၁၄)

Vol. 8 Ch. 114

ဟောက်ကျန်းသည် ကျောက်ချန်းက ဒီနေရာသို့ လူအများကြီးနှင့် နောက်ကျမှရောက်လာလိမ့်မည်ဟု မျှော်လင့်မထားသည်မှာ သိသာသည်။

ဟုတ်ပါသည်။ သူတို့၃ယောက်ကလည်း ဒီလိုလုပ်လိမ့်မည် မဟုတ်ချေ။

ထို့အပြင် သူတို့သည် ဒီနေရာသို့ရောက်လာသည်မှာ ရန်ဖြစ်ဖို့ရန်လည်း မဟုတ်ချေ။

ဝတုတ်တုတ်ကောင်လေးက ပြောလိုက်သည်။ "မင်းက ဘာတွေလုပ်နေတာလဲ။ ငါတို့တွေက ဒီနေရာကို လာတာ မိန်းမလှလေးတချို့နဲ့ လာတွေ့တာပါ။ ငါတို့တွေက သူတို့နဲ့ ဘာဖြစ်လို့ ရန်ဖြစ်သတ်ပုတ်ရမှာလဲ"

ဟောက်ကျန်းက ချက်ချင်းပြောလိုက်၏။ "ဟုတ်တယ် ငါတို့တွေက မိန်းကလေးရှကို လာတွေ့တာ။ ကျောက်ချန်း ဒါက မင်းနဲ့ဘာဆိုင်လို့လဲ"

ပိန်ပိန်နှင့်လူကလည်း ပြောလိုက်သည်။ "ငါတို့တွေ မိန်းမလှလေးရဲ့သဘောထားကို အရင်ဆုံး မေးကြမယ်ဆိုရင်ရော။ ပြောလို့မရဘူးလေ။ သူက ငါတို့နဲ့ လိုက်ချင်စိတ် ရှိချင်ရှိနေမှာပေါ့။ မင်းက တခြားလူတွေရဲ့ကိစ္စကို ဝင်နှောင့်ယှက်နေတာ မဟုတ်လား"

သူသည် ထိုသို့ပြောလိုက်သည့်အချိန်တွင် ရှမြန်ကို အဓိပ္ပာယ်ပါပါနှင့် ကြည့်လိုက်လေသည်။

"မိန်းမလှလေး အပြင်မှာ သွားစကားပြောဖို့ ငါတို့ညီအစ်ကိုတွေနဲ့ လိုက်မယ်မဟုတ်လား" သူက ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး ညစ်ကျယ်ကျယ်ပြောလိုက်လေသည်။ "ဒါမှမဟုတ်လည်း ငါတို့တွေ ငါတို့အတန်းဖော်တွေရဲ့ရှေ့မှာ ပြောကြမလား"

ရှမြန်က သူမ၏လက်ထဲတွင် အသံသွင်းစက်တစ်ခုကို ကစားရင်း ထရပ်ကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်လေသည်။ "တခြားသူတွေရှေ့မှာ မပြောနိုင်တဲ့စကားဆိုတာ မရှိပါဘူး။ ငါက အမြဲတမ်းပွင့်လင်းတဲ့ လူတစ်ယောက်ပဲလေ။ ငါတို့တွေ ဒီအကြောင်းကို ဒီမှာပဲပြောကြမယ်လေ"

ဟောက်ကျန်းကလည်း အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။ "နင် ရဲစခန်းကို ဘယ်လို ရောက်သွားခဲ့တယ်ဆိုတဲ့အကြောင်းကိုရော ငါတို့တွေ ပြောလို့ရလား"

ပတ်ဝန်းကျင်တွင် ဆူညံသံ အနည်းငယ်ဖြစ်သွားပြီး လူတော်တော်များများက ထျန်းရွှယ်ယာကို ကြည့်လိုက်ကြပြီးနောက် ဘယ်သူကအမှန် ဘယ်သူကအမှားကို မပြောနိုင်ဖြစ်သွားတော့သည်။

"ရတာပေါ့" ရှမြန်က သူမ၏ခေါင်းကို စောင်းထားလိုက်ကာ ပြောလိုက်၏။

"ဒါကလည်း ကောလာဟလတွေကို ဖြန့်နေတဲ့ သတင်းအရင်းအမြစ်ကို ရှာဖွေနိုင်မဲ့ အခွင့်ကောင်းတစ်ခုပဲလေ။ နောက်ဆုံး ကျောင်းသူထျန်းရွှယ်ယာက ပြောတယ်။ သူက နင်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု ရှိတယ်တဲ့။ ဒါက ဒီအကြောင်းကိုလည်း နင့်ဆီကနေ ကြားထားတယ်ဆိုတော့ အဲဒီအကြောင်းကို နင့်ကို ဘယ်သူပြောတာလဲဆိုတာ ငါ သိချင်တယ်"

အခုလေးတင်မှ စိတ်အေးသွားသည့် ထျန်းရွှယ်ယာသည် ရှမြန်က သူမ၏နာမည်ကို ရုတ်တရက် ခေါ်လိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူမ၏နှလုံးသားမှာ တစ်ဖန်ရုတ်တရက် စတင် တင်းကြပ်သွားတော့သည်။ အထက်တန်းပထမနှစ်၏ နာမည်ကြီးမိန်းမလှလေးများထဲက တစ်ယောက်အနေဖြင့် သူမသည် ဟောက်ကျန်း၏နှောင့်ယှက်ခြင်းကို ခံရသည်ကအမှန်ပင်။

မျှော်လင့်ထားသည့်အတိုင်းပင် ဟောက်ကျန်းက ထျန်းရွှယ်ယာကို ချက်ချင်းလှမ်းကြည့်လိုက်ပြီး သူမကို မျက်လုံးမှိတ်ပြလိုက်ကာ အပြုံးဖြင့် ပြောလိုက်လေသည်။ "မိန်းကလေးထျန်း ငါတို့တွေက အရမ်းကို ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုရှိတယ်လေ။ ငါတို့တွေ အပြင်အတူတူ သွားပြီးတော့ ကစားကြမလား"

ထျန်းရွှယ်ယာမှာ အလွန်မှ ကြောက်လန့်သွားသဖြင့် သူမ၏မျက်နှာမှာ ဖြူဆုတ်သွားတော့သည်။ သူမက ခေါင်းကိုခါလိုက်ပြီး နောက်တွင် သွားပုန်းနေလိုက်၏။ "ငါမသွားဘူး ငါမသွားဘူး" ထို့နောက်တွင်တော့ သူမက ကိုယ်ကိုလှည့်ကာ စားပွဲပေါ်တွင် မှောက်ချလိုက်ပြီး ခေါင်းပင်မော့မကြည့်ရဲတော့ချေ။

ဟောက်ကျန်းကတော့ ဂရုမစိုက်ပေ။ နောက်ဆုံး သူမသည် သူတို့ ဒီနေ့ဒီနေရာသို့ လာရသည့် အဓိကရည်ရွယ်ချက် မဟုတ်ခြင်းကြောင့်ပင်။ သို့သော်ငြားလည်း ယှဉ်ကြည့်မည်ဆိုလျှင် ရှမြန်က အများကြီး ပိုပြီးစိတ်လှုပ်ရှားစရာ ကောင်းသယောင်ရှိသည်။

"ရှမြန် ငါက နင့်ကို မျက်နှာဆယ်ပေးချင်တာပါ" ဟောက်ကျန်းက ပြောလိုက်သည်။ "နင် ဒီအကြောင်းကို ဒီနေရာမှာ ပြောချင်တာ သေချာရဲ့လား"

"သေချာလားတဲ့လား" ရှမြန်က မျက်နှာသေဖြင့် ပြောလိုက်၏။ "ငါက နင့်ကို ဒီအကြောင်း မြန်မြန်လေး ပြောပေးဖို့ တောင်းဆိုနေတာပါ။ ဒါက ခွေးတစ်ကောင်က ပြောပြလိုက်တာလို့တော့ မပြောနဲ့နော်"

သူမ၏တုံ့ပြန်မှုမှာ လုံးဝမျှော်လင့်မထားသည့်ပုံစံဖြစ်နေသဖြင့် ဟောက်ကျန်းမှာ နင်သွားပြီး နှာခေါင်းရှုံ့လိုက်တော့သည်။ "နင်က အခေါင်းကို တွေ့တော့မှ မငိုနဲ့နော်။ နင် ဘာဖြစ်လို့ အချုပ်ထဲ ရောက်လဲဆိုတာ သိသာနေတာပဲ မဟုတ်လား"

သူ့မျက်လုံးများသည် ရှမြန်၏ရင်သားကို ဝေ့ဖြတ်ကြည့်သွားပြီး သူက ဝတုတ်ကောင်လေးနှင့် ပိန်ရှည်ရှည်ကောင်လေးတို့ကို မသတီစရာ ပြုံးပြလေသည်။ "ဒီကောင်မကို ကြည့်လိုက်ပါဦး။ ယောက်ျားတွေကို နေရာတိုင်းမှာ မြှူဆွယ်နေတာ။ ဒါက တခြားဘာအတွက် ဖြစ်နိုင်ဦးမှာလဲ"

ကလေးများအားလုံးကို အမှိုက်ပုံ သို့မဟုတ် လမ်းကြားက ကောက်လာကြသည့် ဒီလို ရှေးရိုးဆန်သည့်ခေတ်တစ်ခုတည်းတွင် လမ်းပေါ်၌ လက်ချင်းတွဲကာလျှောက်ကြသည့် စုံတွဲများမှာ မရှိသလောက်ပင်။

အထက်တန်း ကျောင်းသူကျောင်းသားအများစုကလည်း တော်တော်လေးကို ဖြူစင်သည့် အတွေးများ ရှိကြသည်။ သူတို့သည် ဝတုတ်ကောင်လေး ပြောလိုက်သည့်စကားက ကောင်းသည့်အရာ မဟုတ်‌လေဘူးဟု အလိုလိုခံစားမိလိုက်ကြပြီး သူတို့သည် ဟောက်ကျန်း ပြောချင်သည့် စကားအဓိပ္ပာယ်ကို လုံးဝမတုံ့ပြန်ကြချေ။

သို့သော်ငြားလည်း အခန်း၏ပထမဦးဆုံးတန်းမှနေ၍ ရုတ်တရက် အံ့ဩသံတစ်ခု ထွက်လာလေသည်။

အားလုံးက အသံပြုလုပ်လိုက်သည့် ထျန်းရွှယ်ယာဆီသို့ လှည့်ကြည့်လိုက်ကြပြီး သူမ၏မျက်နှာက နီရဲသွားကာ မယုံမကြည်နှင့် ရှမြန်ကို ကြည့်နေသည်ကို တွေ့လိုက်ရ၏။

ဒီတုံ့ပြန်ပုံက အားလုံးကို သတိပေးလိုက်သလိုဖြစ်သွားပြီး သူတို့အားလုံးက မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုအပြည့်ဖြင့် ရှမြန်ကို တအံ့တဩ ကြည့်လိုက်ကြလေသည်။

ရှမြန်ကတော့ လုံးဝသက်ရောက်မှု မရှိချေ။ သူမက သူမ၏မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်ပြီး ဆက်မေးလိုက်လေသည်။ "ကျေးဇူးပြုပြီးတော့ သေသေချာချာလေး ရှင်းပြပါဦး။ ဘာဖြစ်လို့လဲ"

"ဟုတ်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒါကို ရောင်းစားနေတာလေ" ဝတုတ်တုတ်နှင့်လူက အနည်းငယ် စိတ်မရှည်နိုင်သယောင်ဖြစ်သွား၏။ သူတို့သည် လူ့အဖွဲ့အစည်းထဲတွင် ရောက်လာသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး သွယ်ဝိုက်ကာပြောနေသည့်ပုံစံနဲ့ယှဉ်လျှင် သူတို့က အများကြီး တည့်တိုးဆန်လေသည်။

၀တုတ်တုတ်နှင့်လူက ခနဲ့လိုက်၏။ "ငါ မင်းလို မိန်းကလေးအများကြီးကို တွေ့ဖူးပါတယ်။ မင်းက အပြစ်ကင်းတဲ့ကျောင်းသူလေးရုပ် ဆိုပေမဲ့လည်း မင်းအ၀တ်အစားတွေကို ချွတ်လိုက်တဲ့အချိန်ကျရင် မင်းက ဘယ်လောက်တောင်မှ..."

"ခွေးမသား" ကျောက်ချန်းသည် ဆက်ပြီးသည်းမခံနိုင်တော့ချေ။ ထိုကျောင်းသူက ရှေ့သို့ တစ်လှမ်းလှမ်းလာပြီး ဝတုတ်တုတ်ကောင်လေးကို ကော်လံမှနေ၍ ဖမ်းဆုပ်လိုက်ကာ သူ့ကို ဆွဲထိုးလိုက်လေသည်။ "ငါ မင်းရဲ့ပါးစပ်ထဲက ခွေးစကားတွေ အန်ထွက်လာအောင် လုပ်ပေးရလိမ့်မယ်"

ဆွန်းယွဲ့ရှင်းကလည်း ကိုယ်ကိုလှည့်လိုက်ပြီး ပြောစရာစကားများ ပျောက်ဆုံးနေဟန်တူသည့် ထျန်းရွှယ်ယာကို လက်ညှိုးထိုးလိုက်ကာ ဒေါသတကြီး ပြောလိုက်လေသည်။ "ဘာလဲ သူတို့တွေကလဲ နင့်ရဲ့အသိတွေပဲလား ထျန်းရွှယ်ယာ။ နင် သူတို့ကို ကောင်းကောင်းသိနေတာပဲ။ တခြားသူတွေက မသိတဲ့အချိန်မှာ နင် သူတို့ကို သိနေတာပဲ"

ထျန်းရွှယ်ယာ၏ မျက်လုံးများသည် ဝမ်းနည်းမှုကြောင့် ရုတ်တရက် နီမြန်းသွားတော့သည်။

ဆွန်းယွဲ့ရှင်းက သူမကို ဆက်ပြီးဂရုမစိုက်နိုင်တာတော့ နှမျောစရာကောင်းပေ၏။

၀တုတ်နှင့်ကောင်လေးသည် ထိန်းချုပ်ထားခံရပြီး ကျောက်ချန်း၏ရိုက်နှက်ခြင်းကို ခံရတော့သည်။ တခြားလူများကလည်း ရှေ့သို့တက်လာတော့မည်ကို မြင်လိုက်ရသည့် ပိန်ပိန်ကောင်လေးက ပြောလိုက်၏။ "ရှမြန် တကယ်လို့ နင့်ရဲ့ကိစ္စတွေကို နေရာတိုင်းမှာ သတင်းမဖြန့်စေချင်ဘူးဆိုရင် နင် သူတို့ကို ရပ်ခိုင်းလိုက်တာ ပိုကောင်းမယ်။ အဲဒီလိုမှမဟုတ်ဘူးဆိုရင် နင် ယန်မြို့ထဲမှာ နေလို့မရအောင် ငါ လုပ်နိုင်တယ်နော်"

ကျောက်ချန်းက ရုတ်တရက်ဆိုသလို အနည်းငယ် ချီတုံချတုံဖြစ်သွားပြီး ရှမြန်ကလည်း မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။

"ဟုတ်ပါပြီ အခုလောလောဆယ် ရန်မဖြစ်ကြသေးနဲ့ဦး"

ကျောက်ချန်းက ဝတုတ်တုတ်ကောင်လေးကို ဒေါသတကြီး တွန်းထုတ်လိုက်၏။ ဝတုတ်တုတ်ကောင်လေးမှာ နောက်သို့ခြေလှမ်းအနည်းငယ်ယိုင်သွားပြီး ရှမြန်၏ရှေ့တွင် ရပ်လိုက်လေသည်။

သူသည် ရှမြန်က ကြောက်ရွံ့သွားသည်ဟု ထင်လိုက်သဖြင့် သူ၏နာကျင်သွားသည့်ပါးကို ထိကိုင်ကြည့်လိုက်၏။ သူသည် အလကားနေရင်း ရိုက်နှက်ခံရသည်ဟု စဉ်းစားလိုက်မိသည်တွင် အလွန်မှ ဒေါသထွက်သွားပြီး ဒေါသတကြီးဖြင့် ရှေ့သို့အပြေးထွက်သွားကာ ရှမြန်ကို ဖမ်းဆွဲလိုက်၏။

"သောက်ကောင်မ နင်က ငါနဲ့ခွက်ချင်းတိုက်မှာကို လက်မခံဘူးဆိုရင် နင် အပြစ်ပေးခံရလိမ့်မယ်။ ငါနဲ့လိုက်ခဲ့"

ရှမြန်က ဘေးဘက်သို့ မြန်မြန်ပြေးလိုက်ကာ နောက်သို့ ခုန်ရှောင်လိုက်လေသည်။ "ငါက ဘာဖြစ်လို့ နင်နဲ့ လိုက်သွားရမှာလဲ။ နင်က ငါ့ကို ဘယ်ကိုခေါ်သွားမလို့လဲ"

ဟောက်ကျန်းကတော့ ကြောင်နဲ့ကြွက် ကစားပွဲက စိတ်ဝင်စားစရာကောင်းသည်ဟု ထင်လိုက်လေသည်။ ထို့ကြောင့် သူကတစ်ဖက်သို့ ရောက်လာခဲ့ပြီး အပြုံးတစ်ခုဖြင့်ပြောလိုက်၏။

"လုံချန်ရပ်ကွက်က ငါတို့ရဲ့နိုက်ကလပ်အသစ် ‘ကင်း’ ကို သွားကြမယ်။ ပျော်စရာကောင်းပါတယ်။ နင် နောင်တမရစေရဘူးလို့ ငါ အာမခံတယ်"

ကျောက်ချန်းနှင့် သူခေါ်လာခဲ့သည့်ကောင်လေးများက ရှမြန်ကို ကာကွယ်ပေးထားသည်။ ရှမြန်က ဘယ်နှင့်ညာသို့ ရှောင်တိမ်းလိုက်ပြီး ကောင်လေး၃ယောက်မှာ သူ့ကို လုံးဝမဖမ်းနိုင်အောင် ဖြစ်နေ၏။

"လူယုတ်မာကောင် ငါ နင်တို့နဲ့ လိုက်မှာမဟုတ်ဘူး"

ဝတုတ်တုတ်ကောင်လေးက သရော်ကာပြောလိုက်၏။ "နင် လိမ်လိမ်မာမာနဲ့ အလိုက်သိရင် ပိုကောင်းမယ်နော်။ ဒါမှ ငါတို့တွေ နင့်ကို ကောင်းကောင်းဆက်ဆံပေးနိုင်မှာ။ အဲဒီလိုမှမဟုတ်ဘူးဆိုရင် မနက်ဖြန်ကျရင် တစ်ကျောင်းလုံးမှာ နင့်ကို ရောင်းစားတဲ့သတင်းကို ကြေငြာစာတွေ ကပ်ပစ်လိုက်မယ်။ နင်ဒီမှာ နေနိုင်ဦးမလားဆိုတာ ကြည့်ကြတာပေါ့..."

ရှမြန်က ချက်ချင်းရပ်လိုက်၏။ သူမက ကျောက်ချန်းနှင့်တစ်ခြားသူများကို တားလိုက်ကာ သူ့ကို ကြည့်ပြီး မေးလိုက်လေသည်။ "အကောင်းဆုံးနည်းလမ်းက ဘာဖြစ်မလဲ"

ပိန်ပိန်နှင့်ကောင်လေးက ရှမြန်၏အားနည်းချက်ကို ရှာတွေ့သွားပြီဟု သိလိုက်သည်တွင် ဒေါသထွက်နေသည့် ဝတုတ်တုတ်ကောင်လေးကို လှမ်းတားလိုက်ပြီး လူကောင်းတစ်ယောက် ဟန်ဆောင်လေသည်။ "အကျိုးကျေးဇူးကတော့ အများကြီးရှိပါတယ်။ နောက်ဆိုရင် နင် ကျောင်းထဲမှာ လွတ်လွတ်လပ်လပ် လျှောက်သွားလို့ရတယ်။ နင့်အစ်ကိုတွေကလည်း နင့်ရဲ့နေထိုင်စရိတ်အတွက် ပိုက်ဆံပေးလိမ့်မယ်။ တစ်လကို ယွမ်၅၀ဆိုရင် ဘယ်လိုလဲ"

ရှမြန်က မေးလိုက်သည်။ "ငါက နင့်ကို ဘာဖြစ်လို့ယုံရမှာလဲ"

"နင် ချောင်ကျန်းယွီကို သိလား။ သူက ငါတို့ရဲ့ဘော့စ်လေ။ လုံချန်ရပ်ကွက်ထဲက ထိပ်တန်းခေါင်းဆောင်တွေကတောင် သူ့အဘိုးရဲ့စကားကို နားထောင်ရတာလေ" ဟောက်ကျန်းက ဂုဏ်ယူ၀င့်ကြွားစွာဖြင့် ပြောလိုက်၏။ "ဘယ်လိုလဲ"

သူသည် ထိုသို့ပြောလိုက်ပြီးနောက် ရုတ်တရက်ဆိုသလို သူမအပေါ်သို့ ခုန်အုပ်လိုက်ကာ သူ၏လက်သည်းများဖြင့် အခြေအနေကို အခွင့်ကောင်းယူဖို့ ကြိုးစားလိုက်လေသည်။

တစ်ဖက်တွင်ရှိနေသည့် ဝတုတ်တုတ်ကောင်လေးကလည်း သူမကို ပိတ်ဆို့ထားရင်း မမျှော်လင့်ဘဲ ရှေ့သို့ တက်လာခဲ့သည်။

"ရှမြန်"

"ရှမြန် သတိထား"

ကျောက်ချန်း၊ ဆွန်းယွဲ့ရှင်း၊ လီလီကျန်းနှင့် တခြားသူတို့သည် အလောတကြီး အရှိန်ဖြင့်ပြေးဝင်လာပြီး ရှမြန်က လူမိုက်၂ယောက်၏ အသားယူခံရတော့မည်ဟု စဉ်းစားလိုက်လေ၏။ သို့သော်ငြားလည်း ရှမြန်က တည်တည်ငြိမ်ငြိမ်ဖြင့် သူမ၏လက်ကို မြှောက်လိုက်ကာ လှလှပပ လွှဲရမ်းလိုက်သည်ကို တွေ့လိုက်ရလေသည်။

ဟောက်ကျန်းသည် ရုတ်တရက်ဆိုသလို သူ့ခေါင်းကို လက်ဖြင့်အုပ်ထားပြီး အော်ဟစ်နေကာ အမူးသမားတစ်ယောက်လို ခြေ၂လှမ်း ယိုင်သွားတော့သည်။

ဖြစ်ပျက်သွားသည့်အခြေအနေကို အားလုံးက သတိမထားမိသေးခင်မှာပင် ရှမြန်က သူမ၏လက်ကို နောက်ပြန်လွှဲလိုက်ရာ ဘေးမှနေ၍ အရှိန်ဖြင့်ဝင်လာသည့် ဝတုတ်လေးကလည်း နာနာကျင်ကျင်ဖြင့် အော်ဟစ်ကာ ဟောက်ကျန်းကဲ့သို့ပင် ခြေ၂လှမ်းလောက် ယိုင်သွားပြီးနောက် ဝုန်းခနဲကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။

"ရှ ရှမြန်..." ကျောက်ချန်းသည် လူ၂ယောက်၏နဖူးပေါ်မှ စီးကျလာသည့် သွေးများကို မြင်လိုက်ရသည့်အချိန်တွင် မှင်တက်အံ့သြသွားတော့သည်။

အခြေအနေက မကောင်းသည်ကို မြင်လိုက်ရသဖြင့် ပိန်ပိန်နှင့်ယောက်ျားက ထွက်ပြေးဖို့ပြင်လိုက်၏။ ရှမြန်က အော်လိုက်လေသည်။ "ကျောက်ချန်း ကြောင်မနေနဲ့။ သူ့ကိုတားလိုက် သူ့ကိုထွက်မပြေးစေနဲ့"

ကျောက်ချန်းနှင့် တခြားသူများကလည်း သူတို့ကိုပြောသည့်အတိုင်း အမှတ်တမဲ့လိုက်လုပ်လိုက်ပြီး ချက်ချင်းဆိုသလို လူငယ်လေး၅ယောက်၊ ၆ယောက်က ပိန်ပိန်နှင့်ကောင်လေးကို ကြမ်းပြင်ပေါ်တွင် အတူတူဖိချထားလိုက်၏။

ရှမြန်က သူမ လုပ်ခဲ့သည့်အရာများကို သတိထားမိသွားသယောင်။ သူမမှာ အလွန်မှ လန့်ဖျပ်သွားပြီး သူမ၏လက်ထဲကအုတ်ခဲကို လွှတ်ပစ်လိုက်ရာ တိုက်တိုက်ဆိုင်ဆိုင် ပိန်ပိန်ပါးပါးလူ၏နှာခေါင်းကို သွားထိမိပြီး ချက်ချင်းဆိုသလို သွေးများက လျှံကျလာတော့သည်။

ကျောက်ချန်းနှင့်တခြားသူများမှာ သူမကို အထိတ်တလန့်ဖြင့် ကြည့်နေကြလေသည်။

ရှမြန်ကလည်း အလန့်တကြား ဖြစ်သွားဟန်တူပြီး ငိုကြွေးတော့သည်။ "ငါ လန့်လို့သေတော့မှာပဲ။ ဒီလူတွေက အရမ်းကို အကျင့်ပုတ်တတ်တာပဲ။ ငါ လန့်လိုက်တာ"

"အမလေး... သွေးတွေထွက်နေပြီ။ ငါဘာလုပ်ရမလဲ" ရှမြန်မှာ ခြေမကိုင်မိလက်မကိုင်မိ ပုံစံဖြစ်နေ၏။

အားလုံး...

နင်ပဲ ဒါနဲ့ ရိုက်ချလိုက်တာ မဟုတ်ဘူးလား။ ငါတို့လည်း လန့်တောင်သွားတာပဲ။

ကျောက်ချန်းသည် တစ်စုံတစ်ယောက်က သေဆုံးသွားမည်ကို စိုးရိမ်သဖြင့် သူက မြန်မြန်ပြောလိုက်၏။

"ငါတို့တွေ သူ့ကို ဆေးရုံပို့လိုက်ကြမယ်လေ"

"သူတို့ကို မလှုပ်ခိုင်းနဲ့" ရှမြန်က ပြောလိုက်သည်။ "ဒီလိုဒဏ်ရာမျိုးက ငါတို့တွေသတိမထားဘဲ လှုပ်ရှားလိုက်မယ်ဆိုရင် ကိစ္စသေးသေးလေးကနေ ကြီးတဲ့ကိစ္စတွေ ဖြစ်သွားလိမ့်မယ်။ အရင်ဆုံး ဆေးရုံတင်ကားကို ခေါ်လိုက်ကြမယ်"

သူမသည် ဟောက်ကျန်းက ထလာတော့မည်ပြင်လိုက်သည်ကို မြင်လိုက်သဖြင့် ပြောလိုက်လေသည်။

"သူတို့ကို ထိန်းထားနော်။ သူတို့ကို မလှုပ်စေနဲ့။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် သူတို့ထဲက တစ်ယောက်ယောက် သေသွားရင် ငါ လူသတ်သမား ဖြစ်သွားလိမ့်မယ်"

ဆွန်းယွဲ့ရှင်းက ပြောလိုက်သည်။ "စကားကို အဲဒီလောက် ကြောက်စရာကောင်းအောင် မပြောပါနဲ့ဟဲ့"

လီလီကျန်းကလည်း မေးလိုက်၏။ "အခု ငါတို့ ဘာလုပ်သင့်လဲ"

"စိတ်မပူပါနဲ့ အဆင်ပြေသွားမှာပါ" ရှမြန်က သူမ၏အိတ်ကပ်ထဲက ဆဲလ်ဖုန်းကို ထုတ်ယူလိုက်ပြီး ၁၁၀ကို ချက်ချင်း ဖုန်းဆက်လိုက်လေသည်။ "ဟယ်လို ရဲအရာရှိရှင့်။ ကျွန်မ ရဲဌာနကို ဖုန်းခေါ်ချင်လို့ပါ"

"ရပ်ကွက်ထဲက လူမိုက်တချို့က ယန်တက္ကသိုလ်တွဲဖက်အထက်တန်းကျောင်းထဲ ခိုးဝင်လာပြီး မိန်းကလေးကျောင်းသူတွေကို နိုက်ကလပ်ကိုသွားပြီး လိင်ကိစ္စ ရောင်းစားဖို့ သွေးဆောင်ဖျားယောင်းပြီး အတင်းအကြပ် ခိုင်းစေနေပါတယ်"

"..."

"ဟုတ်ကဲ့ လူမိုက်၃ယောက်က ကျောင်းသူရဲ့ခုခံမှုအောက်မှာ ဒဏ်ရာရသွားခဲ့ပါတယ်။ ကျွန်မတို့တွေ ဆေးရုံတင်ကားတစ်စီးကို ခေါ်ဖို့လိုပါတယ်"

"..."

"ဟုတ်ကဲ့ စီနီယာအထက်တန်းကျောင်း ပထမနှစ် အခန်း၃။ ကျေးဇူးပြုပြီးတော့ မြန်မြန်လေး လာပေးပါနော် ရဲအရာရှိကြီး။ ကျွန်မတို့ ကြောက်နေပါပြီ"

ဖုန်းချလိုက်ပြီးသည့်နောက်တွင် ရှမြန်က သူမ၏ရင်ဘတ်ကို ပွတ်သပ်လိုက်ကာ စိတ်အေးသွားကာ သက်ပြင်းချပြလိုက်လေသည်။ "အဆင်ပြေသွားပါပြီ။ သူတို့ကို စောင့်ကြည့်ပြီးတော့ စောင့်နေလိုက်။ ခဏနေကြရင် ရဲတွေရောက်လာလိမ့်မယ်"

အားလုံးသည် သူမ၏လှုပ်ရှားမှုတစ်ဆက်တည်းကြောင့် မှင်တက်အံ့သြသွားကြ၏။

ပိန်ပိန်နှင့်ကောင်လေးက သူ့နှာခေါင်းရိုးကိုသာ ရိုက်ခံလိုက်ရခြင်းဖြစ်သည်။ သူသည်အခုတော့ သက်သာလာခဲ့သည်။ သူသည် ရဲများက လာနေသည်ဟု ကြားလိုက်ရချိန်တွင် ချက်ချင်းဆိုသလို ရုန်းကန်တော့သည်။

"ရှမြန် ကျောင်းသူရှ ငါ မှားသွားပါတယ်။ ငါတို့တွေ မှားသွားပါတယ်။ ငါတို့တွေ တခြားရည်ရွယ်ချက် မရှိပါဘူး။ ငါတို့တွေက သူငယ်ချင်းလုပ်ချင်လို့ ရောက်လာတာပါ"

"တကယ်လို့ နင် သူငယ်ချင်း မလုပ်ချင်ဘူးဆိုရင်လည်း ထားလိုက်ပါ။ ငါတို့တွေက ဒီလို ထပ်မလုပ်ရဲတော့ပါဘူး"

"မရဘူး" ရှမြန်က ကြောက်လန့်တကြား ပြောလိုက်လေသည်။

"တကယ်လို့ နင်တို့တွေ ငါ့အကြောင်းနေရာတိုင်းမှာ ပတ်ပြီး ကောလာဟလဖြန့်နေမယ်ဆိုရင် ငါ ကျောင်းသွားလို့မရဘဲ နေတော့မှာပေါ့။ ငါကတော့ ရဲဦးကြီးကိုပဲ ယုံတယ်"

အရင်ကတော့ သူမကို ခြိမ်းခြောက်ခဲ့ရသည်မှာ ပိုပြီးစိတ်ကျေနပ်ဖွယ် ကောင်းခဲ့သလောက် ယခုတော့ ပိန်ပိန်ပါးပါးကောင်လေးသည် ပိုပြီးနောင်တရနေသလို ခံစားနေရတော့၏။

ဒီကလေးမလေးက အရမ်းကို အားနည်းချိနဲ့ပေမဲ့လည်း အရမ်းကိုရက်စက်တာပဲ။

ရှမြန်က စိုးရိမ်တကြီး ညွှန်ကြားလိုက်သေးသည်။ "သူတို့၃ယောက်လုံးကို သေသေချာချာလေး ထိန်းထားကြနော်။ သူတို့ကို မလွတ်သွားစေနဲ့။ အဲဒီလိုမှမဟုတ်ဘူးဆိုရင် သူတို့တွေ ငါတို့ဆီလာပြီး လက်တုံ့ပြန်တဲ့အခါကျရင် ဒုက္ခများသွားလိမ့်မယ်"

ဆယ်ကျော်သက်လေးများသည် အရင်က ဒီလိုမြင်ကွင်းမျိုးကို တစ်ခါမှ မတွေ့ကြုံခဲ့ရဖူးချေ။ သူတို့သည် လူမိုက်များ အကြောင်းပြောသည့်အချိန်တွင် အမြဲလိုလို ဖြူဆုတ်သွားကြ၏။ သို့သော်ငြားလည်း ယခုတော့သူတို့က လူမိုက်များကို ကြမ်းပြင်ပေါ်တွင် ထိန်းချုပ်ထားပြီး သူတို့ကို ရိုက်ပုတ်နေရသည့်အချိန်တွင် အလွန်မှစိတ်ခံစားမှုကောင်းလာကြတော့သည်။

ရုတ်တရက်ဆိုသလို အားလုံးက အင်မတန် သတိကြီးကြီး ဖြစ်သွားကြ၏။

ကျောက်ချန်းနှင့် ဆွန်းယွဲ့ရှင်းတို့သည် ချမ်းသာသည့်မိသားစုမှ လာခဲ့ကြသဖြင့် သူတို့သည် တော်တော်လေးကို သတ္တိရှိလှပြီဟု ထင်ခဲ့သော်ငြားလည်း ရှမြန်က ပိုလို့ပင် အံ့သြစရာကောင်းနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ သူလုပ်ခဲ့သည့်အရာမှာ အလွန်မှ မိမိုက်နေတော့သည်။

ရှမြန်က ထိုနည်းတူစွာ အထိတ်တလန့်ဖြစ်နေကြသည့် ကျောင်းသူကျောင်းသားများဘက် လှည့်ကြည့်လိုက်ပြီး သူမ၏ခေါင်းလေးကိုစောင်းကာ ပြောလိုက်လေသည်။

"ရဲတွေရောက်လာဖို့ နောက်ထပ်၁၀မိနစ်လောက်ပဲ လိုတော့တယ်။ ဒီအချိန်အတွင်းမှာ ဒီနေ့ဖြစ်ပျက်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး တချို့ဥပဒေပိုင်းဆိုင်ရာ အသိပညာတွေကို ငါ နင်တို့ကို ပြောပြပေးမယ်"

သူမသည် ပြောရင်းဆိုရင်း သူမ၏ထိုင်ခုံမှာလျှောက်လာကာ စာအုပ်တစ်အုပ်ကို ကောက်ယူလိုက်ပြီး စင်ပေါ်သို့ ဖြည်းဖြည်းချင်း တက်သွားပြီးနောက် စာအုပ်ကိုမြှောက်ပြလိုက်လေသည်။

"xxx ပြည်သူ့သမ္မတနိုင်ငံ၏ရာဇဝတ်မှုဥပဒေ” ဟူသည့်စကားလုံးများသည် အားလုံး၏မျက်လုံးထဲတွင် ရှင်းလင်းနေ၏။

ရှမြန်၏ မျက်လုံးများက ထျန်းရွှယ်ယာ၏မျက်နှာပေါ်သို့ ကျရောက်သွားပြီး "ငါက ရာဇဝတ်မှုတချို့မှာ လူကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့တယ်လို့ ငါ ပြောခဲ့တယ်ဆိုတာကို ထျန်းရွှယ်ယာပြောခဲ့တယ် မဟုတ်လား။ ဒီနေ့ ဒီကိစ္စကို နင်တို့အားလုံးကို ပြောပြမယ်။ စကားမစပ် ငါ ဒီကောလာဟလကိုလည်း ဖြေရှင်းရလိမ့်မယ်"

ထျန်းရွှယ်ယာက ခေါင်းမာမာဖြင့် ပြောလိုက်လေသည်။ "အားလုံးလည်း ခုနတုန်းက ကြားခဲ့တာပဲ။ နင့်အကြောင်းကို ပြောခဲ့တဲ့လူက ဟောက်ကျန်းနဲ့ တခြားသူတွေပါ..."

ရှမြန်က သိမ်သိမ်မွေ့မွေ့ ပြုံးပြလိုက်ပြီး "အဲဒီလောက် စိုးရိမ်မနေပါနဲ့လေ။ ငါက နင့်ကိုမှားယွင်းပြီးတော့ စွပ်စွဲမှာမဟုတ်ပါဘူး"

...

All Chapters