← Chapters

အပိုင်း(၁၂၇)

Vol. 9 Ch. 127

အပိုင်း(၁၂၇)

Vol. 9 Ch. 127

ရှ၀မ်ယွဲ့က လောင်ကျားကို အကျိုးဆောင်ခပေးပြီးသည့်နောက်မှ ဖြစ်နိုင်သည်။ သူက မိသားစု၏ ဆွေမျိုးများနှင့် မိတ်ဆွေများအား ပစ္စည်းကိုစပြီး မိတ်ဆက်ပေးခဲ့သည်။ ဒါက အကျိုးအမြတ်များသည်ကို တွေ့ခဲ့ရသဖြင့် သူတို့သည် ဒီစိတ်ကူးထွက်လာခြင်းဖြစ်မည်။

တိုက်တိုက်ဆိုင်ဆိုင် ရှ၀မ်ယွဲ့ကလည်း လူ၁ယောက် ငှားရမ်းဖို့ရန် ထပ်လိုလာခဲ့သည်။ သူတို့ကလည်း ဒါကို မရည်ရွယ်ဘဲ လုပ်ခဲ့သည့်အတွက် ရှ၀မ်ယွဲ့က သတိလက်လွတ်ဖြစ်သွားခြင်းပင်။

စက်ကို ဝယ်ယူသည့်ကိစ္စကတော့ ရှ၀မ်ယွဲ့၏ဖုန်းစာအုပ်က လျှို့ဝှက်သိမ်းဆည်းထားခြင်း မဟုတ်ချေ။ နောက်ဆုံး ဒီလုပ်ငန်း စတင်လာပြီးသည့်နောက်တွင် သူမသည် မကြာခဏဆိုသလို ဖုန်းခေါ်ဆိုမှုများ၊ ဖုန်းလက်ခံပြောဆိုမှုများ ရှိခဲ့သည်။ ထိုကြောင့် သူမက သူမနှင့်အတူ ဖုန်းစာအုပ်ကို သယ်သွားခဲ့ပြီး မကြာခဏဆိုသလို ဖုန်းစာအုပ်ထားသည့်နေရာကို သိပ်ပြီးဂရုမစိုက်ခဲ့ချေ။

စက်ရောင်းသည့်လူ၏ ဖုန်းနံပါတ်ကို ခိုးပြီးရှာဖွေဖို့ရန်က မခက်ခဲလှချေ။

မောက်ဟွေ့လန်သည် ထိုအကြောင်းကို စဉ်းစားလေလေ ပိုပြီးဒေါသထွက်လာလေလေဖြစ်နေ၏။

"သူတို့တွေက ဒါကိုတောင် မကျေနပ်ကြသေးဘူးပဲ။ ငါတို့တွေက ဝက်သားတုတ်ထိုးရောင်းဖို့ လူငှားဖို့လိုတယ်လို့ သူတို့တွေက ကြားတဲ့အခါကျတော့ ချက်ချင်းဆိုသလို နောက်ထပ်၁ယောက်နဲ့ မိတ်ဆက်ပေးတယ်။ သူတို့တွေက ငါတို့အလုပ်ကို ရှာမတွေ့ခဲ့ဘူးဆိုရင် သူတို့တွေက ဝက်သားတုတ်ထိုး လုပ်နည်းအမယ်ကိုတောင်မှ ခိုးချင်နေကြတော့တာလား"

"ဟုတ်တာပေါ့ ခိုးချင်လည်း ခိုးနိုင်ပါတယ်" ရှမြန်က ပြောလိုက်သည်။

"ဒီလိုကောက်ကျစ်တဲ့စိတ်ဓာတ်ရှိတဲ့ လူဆီကနေ နင်က ဘယ်လိုလူကျင့်ဝတ်တွေကို မျှော်လင့်ချင်နေသေးတာလဲ"

"ငါတို့ဆီက အကျိုးအမြတ်လိုချင်လို့ ငါတို့မိသားစုကို အခွင့်ကောင်းယူသွားခဲ့တာပဲ" မောက်ဟွေ့လန်က ဒေါသထွက်ထွက်ဖြင့် ပြောလိုက်၏။

ရှမြန်က ပြောသည်။ "ငါတို့တွေက မြို့အပြင်က လာတဲ့သူလေ။ ငါတို့မှာ ဆွေမျိုးသားချင်းတွေ မရှိဘူး။ ဒီတော့ ငါတို့တွေကို အနိုင်ကျင့်ရလွယ်ကူတာပေါ့"

ရှဝမ်ယွဲ့က မောက်ဟွေ့မေကို မေးလိုက်၏။ "မနေ့က ဒီအကြောင်းကို နင် ဝမ်ဖန့်ရဲ့အမေနားမှာ မေးခဲ့တာလား"

မောက်ဟွေ့မေက ခေါင်းညိတ်သည်။

ရှဝမ်ယွဲ့က သက်ပြင်းချလိုက်၏။ "နင်ဟာလေ ဘာဖြစ်လို့ အဲဒီလောက်အထိ စိတ်မရှည်လက်မရှည် လုပ်ခဲ့တာလဲ"

"တကယ်လို့ ဝမ်ဖန့်ရဲ့အမေက ဒီအကြောင်းကို သိနေတယ်ဆိုရင် ကျားမိသားစုကလည်း ဒီအကြောင်းကို သိသွားမှာပဲ။ သူတို့တွေက ရုတ်တရက်ကြီး ဒီနေ့မနက် အလုပ်ထွက်သွားတာလည်း မဆန်းတော့ဘူးလေ"

ရှဝမ်ယွဲ့သည် မနေ့က ဒီအကြောင်းကို သိရှိခဲ့ပြီး သူမက ဒီနေ့ ဆိုင်ခင်းပေးသည့်အမျိုးသမီးကို ပညာသားပါပါဖြင့် အလုပ်ထုတ်ပစ်ချင်ခဲ့သည်။ သို့သော်ငြားလည်း သူမသည် လစာ ရပြီးသွားသည့်နောက်တွင် ချက်ချင်းဆိုသလို ရန်သူဖြစ်သွားတော့သည်။

သူသည် တံခါးအပြင်ဘက်တွင်ရပ်ကာ သူတို့မိသားစုကို မရိုးသားသည့်အတွက် ကျိန်ဆဲနေပြီး ဝက်သားတုတ်ထိုးဆိုင်ကလည်း တစ်နေ့လျှင် ယွမ်၇၀၀၊ ၈၀၀သာ ရှာဖွေနိုင်ကာ သမာသမတ်မရှိသည့် စီးပွားရေးဟုဆိုသည်။

"သူက ပြဿနာရှာဖို့ ကြိုးစားချင်နေတာလား" မောက်ဟွေ့မေက စိုးရိမ်တကြီးမေးလိုက်၏။

"သူတို့တွေက မိသားစုကြီးတစ်ခုနော်။ တကယ်လို့ သူတို့တွေဝင်ပါလာမယ်ဆိုရင် ငါတို့ရဲ့ငါးတိုဟူးက ဆက်ပြီးတော့ လည်ပတ်နိုင်ပါဦးမလား"

"အတွေးမလွန်ပါနဲ့" ရှဝမ်ယွဲ့က ပထမဦးဆုံးအကြိမ်အဖြစ် ကလေးများရှေ့တွင် ပြုံးမနေဘဲ ပြောလိုက်လေသည်။ "အရင်ဆုံး ထမင်းစားကြတာပေါ့။ ငါ အဖြေတစ်ခု ရှာလိုက်ပါဦးမယ်"

မောက်ဟွေ့မေ စိုးရိမ်စိတ်မှာ အကြောင်းအရင်းမရှိသည်တော့လည်း မဟုတ်ချေ။ ကျားမိသားစုသည် ဒီလိုကိစ္စမျိုး လုပ်နိုင်ကတည်းက သူတို့သည် အကျင့်စရိုက်ကောင်းမွန်သည့်လူမဟုတ်သည်မှာ သိသာသည်။

ဟုတ်ပါသည်။ ရှမိသားစုက သူတို့၏လှုပ်ရှားမှုများကို ရှာဖွေတွေ့ရှိသွားမှန်းသိသွားပြီးသည့်နောက်တွင် ကျားမိသားစုသည် အမှာစာများကို ပေါ်ပေါ်ထင်ထင် စတင်လုယူတော့သည်။

စျေးကွက်က အလွန်မှကြီးမားသည့်အတွက် လူတို့အတွက် စားသောက်ဖို့ရန် လုံလောက်မည် မဟုတ်သည်က သိသာသည်။ သို့သော်ငြားလည်း သူတို့သည် တခြားလူ၏ပါးစပ်ထဲက အစားအသောက်များကိုသာ စိုက်ကြည့်နေတတ်ပြီး သူတို့ကိုစားသောက်ခွင့်မပေးခဲ့ချေ။

နောက်တစ်နေ့ကစပြီး ရှဝမ်ယွဲ့သည် စားသုံးသူအဟောင်းများထံမှ ဖုန်းများလက်ခံရရှိခဲ့၏။

သူတို့အများစုက သူတို့၏အမှာစာများကို ပယ်ဖျက်ခဲ့ကြသည်။ အမှာစာများကို မပယ်ဖျက်ကြသည့်လူများကလည်း စျေးလျှော့ခိုင်းကြသည်။ အကြောင်းမှာ တစ်ဖက်ဆိုင်က စျေးကို ပိုပြီးလျှော့ကာ ရောင်းချပေးနေခြင်းကြောင့်ပင်။

"အားနာပါတယ်။ ကျွန်မတို့ ကုန်ကျစရိတ်ကလည်း သေချာတွက်ချက်ထားတာပါ။ ရှင်တို့တွေက ပေးတဲ့ဈေးအတိုင်း ပြန်ရမှာပါ"

ရှဝမ်ယွဲ့သည် စိတ်အနှောင့်အယှက် မဖြစ်ဘဲ စေတနာဖြင့်သာ ပြောလေသည်။ "ရပါတယ်။ ရှင်တို့တွေ သူတို့ရဲ့ပစ္စည်းကို စမ်းကြည့်လို့ရပါတယ်။ ပြီးရင်တော့ ရှင်တို့တွေ သင့်တော်မယ်လို့ ထင်တဲ့ဟာကို ဝယ်လို့ရပါတယ်။ ဒါက အလုပ်သဘောအရပဲလေ။ ရှင်တို့တွေကလည်း ဒီဆိုင်၃ခုကနေပြီးတော့ ဈေးတွေကို ယှဉ်ကြည့်လို့ရပါတယ်"

"ကိစ္စမရှိပါဘူး။ ကျွန်မတို့တွေ နောက်တစ်ခါကျမှ အလုပ်အတူတူလုပ်ဖို့ အခွင့်အရေးရှိမယ်လို့ ယုံကြည်ပါတယ်"

သူမကတော့ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ တချို့သူဌေးများကတော့ အချိန်အကြာကြီး လက်တွဲလုပ်ကိုင်လာပြီးသည့်နောက် ရှမိသားစုသည် ဒီနေရာတွင်ဆက်ပြီး ဝယ်ယူဖို့ရန် ယုံကြည်ရသည်ဟု ခံစားရသည်။ သို့သော်ငြားလည်း အများစုကတော့ သူတို့၏ အမှာစာများကို ပယ်ဖျက်လာကာ ကျားမိသားစုထံမှ ဝယ်ယူကြလေသည်။

ကျားမိသားစုသည် အနီးအနားတွင် နေထိုင်ကြ၏။ ထို့ကြောင့် သူတို့သည်စီးပွားရေးကို ပေါ်ပေါ်ထင်ထင် လုပ်လာကြကာ သူတို့ပတ်ဝန်းကျင်ကလူများကလည်း ထိုအကြောင်းကိုသိရှိကြလေသည်။

မောက်ဟွေ့မေနှင့် တခြားသူများကတော့ ကျားမိသားစုက ရှက်ရွံ့ကြလိမ့်မည်ဟု ထင်ထားသော်ငြားလည်း သူတို့သည် ရှက်ရွံ့မနေသည့်အပြင် ရည်ရွယ်ချက်ရှိရှိဖြင့်ပင် ပြောလိုက်သေးသည်။

"သူတို့တွေက မြို့အပြင်က လာတဲ့သူပဲ။ သူတို့တွေက ဒီလောက်အမှာစာ အများကြီးကို ဘယ်ကနေရခဲ့ကြတာလဲ။ ငါတို့တွေကပဲ အဲဒီအမှာစာကို သူတို့အတွက် လုပ်ပေးခဲ့တာ မဟုတ်လား"

"အခု ငါတို့မှာလည်း ငါတို့ရဲ့ကိုယ်ပိုင်ပစ္စည်း ရှိလာပြီဆိုတော့ ငါတို့ရဲ့ကိုယ်ပိုင်ပစ္စည်းကို ပို့ပေးတာက ပုံမှန်ပဲမဟုတ်လား"

ရှဝမ်ယွဲ့သည် သူမ၏ဆိုင်ခင်းသည့်အချိန်တိုင်း ကျားမိသားစုက အဘွားကြီးက တံခါးနားတွင်ထိုင်ကာ အပြုံးဖြင့် ပြောတတ်လေသည်။ "နင်တို့မိသားစုရဲ့ ဝက်သားတုတ်ထိုးက တစ်နေ့ကို ယွမ်၇၀၀၊ ၈၀၀လောက် ရှာနိုင်နေတာပဲ။ ဘာဖြစ်လို့ ငါးတိုဟူးကို အလုပ်ရှုပ်ခံပြီးတော့ လုပ်နေသေးလဲ။ ဒါက နင်တို့တွေ ပင်ပင်ပန်းပန်းငွေရှာတဲ့ပုံစံ ဖြစ်နေပြီပဲ"

"ငါ့အထင်တော့ နင်တို့မိသားစုတွေက နေ့တိုင်း ငါးတိုဟူးပမာဏ နည်းနည်းလေးကို လုပ်ပြီး စက်ကိုလည်ပတ်နေတာက မတန်ဘူးလို့ထင်တယ်။ ငါတို့မိသားစုတစ်ခုကလည်း အရမ်းကို နီးကပ်နေတော့ တကယ်လို့ နင်က ငါတို့ဆီက လာဝယ်မယ်ဆိုရင် ငါတို့ကလည်း နင့်ကို စျေးလျှော့ပေးနိုင်ပြီးတော့ နင်တို့ဒုက္ခတွေကိုလည်း သက်သာသွားစေနိုင်တယ်လေ။ ဒါက နှစ်ဘက်စလုံးအတွက် အဆင်ပြေတဲ့အခြေအနေပဲ"

ကျားမိသားစု၏ အဘွားကြီးကရှမိသားစု၏ ဝက်သားတုတ်ထိုး၏ များပြားလှသည့်အမြတ်ကို ဆက်တိုက် ထုတ်ပြောနေသဖြင့် လူများစွာက မနာလိုဖြစ်လာတော့သည်။

ရှမိသားစုသည် အစကတည်းက အပြင်လူများဖြစ်သဖြင့် အလွယ်တကူ အကျဥ်ခံရကာ သူတို့၏ စီးပွားရေးကလည်း သိသိသာသာ ကျဆင်းလာတော့သည်။ စားသုံးသူအများစုကလည်း သူတို့၏ ကုန်ပစ္စည်းက အလွန်စျေးကြီးသည်ဟု ပြောသည်။ ငွေတစ်ဝက်လောက်ကို ရှာဖွေဖို့ရန်က ကြီးကြီးမားမားကိစ္စ မဟုတ်ပေ။ သူတို့သည်စျေးချပြီး ငွေပိုရှာနိုင်သည်ဟုပင် ပြောလိုက်သေးသည်။

မောက်မိသားစုက ညီအစ်မ၃ယောက်ကလည်း အလွန်မှဒေါသထွက်သွားကြ၏။

ရှဝမ်ယွဲ့၏ အမူအရာကတော့ ပိုလို့ပင်တည်ငြိမ်လာတော့သည်။ နေ့တိုင်းဆိုသလို ဝက်သားတုတ်ထိုးဆိုင်ကို ခင်းသည်ကလွဲလျှင် သူမသည် အပြင်ထွက်ပြီး သွားလာနေတတ်သည်။ သူမ ဘာစဉ်းစားနေသည်ကို မည်သူကမှ မသိကြချေ။

တစ်နေ့တွင်တော့ ကလေး၃ယောက်သည် ဖုန်မှုန့်များ ပေကျံကာဖြင့် အပြင်ဘက်မှ ပြန်လာကြလေသည်။

မောက်ဟွေ့ကျူးက အပြင်းထန်ဆုံး ဒဏ်ရာရခဲ့သူဖြစ်၏။ သူမ၏လက်များက ကုတ်ခြစ်ခံထားရပြီး နှာခေါင်းသွေးကလည်း ထွက်နေသည်။ သူမသည် ဒေါသတကြီးဖြင့် အော်ဟစ်ကာ ငိုယိုလေသည်။

"အမေ ကျားလိရှင်းက လောင်ကျန်းကို သမီးတို့ရဲ့လမ်းကြားထဲက ငါတို့ မဝယ်နဲ့လို့ ပြောနေတယ်"

ကျားလိရှင်းသည် ကျားမိသားစု၏ မြေးတစ်ယောက်ဖြစ်ကာ မောက်ဟွေ့ကျူးထက် ၁နှစ်ပိုကြီးလေသည်။

ရှောင်ဖုန်း၏အဝတ်အစားများ အားလုံးကလည်း စောင်းရွဲ့နေပြီး သူ့မျက်နှာလေးကလည်း ဖုန်များဖြင့် ပေကျံနေသည်။ သူ့ပါးစပ်ကို တင်းနေအောင် စေ့ထားကာ မျက်လုံးများထဲတွင်လည်း မျက်ရည်များ ပြည့်နှက်နေ၏။ "သူက ဒေါ်ဒေါ်ဟွေ့ကျူးကို မြေကြီးပေါ်တွန်းလှဲခဲ့တာ"

"သူတို့မိသားစုက အရမ်းအကျင့်ပုပ်တာပဲ" ချန်းချန်း၏ဆံပင်က ရှုပ်ပွနေကာ သူက သူ့လက်သီးကို ဒေါသတကြီးဖြင့် ဝှေ့ရမ်းနေလေသည်။ "သူတို့တွေက ပြန်ခံစားရလိမ့်မယ်"

ရှမြန်က ရှောင်ဖုန်းနှင့် ချန်းချန်းတို့ကို မြန်မြန်ဆွဲခေါ်လိုက်ပြီး သေချာချာလေး စစ်ဆေးလိုက်သည်။

"သားတို့တွေ တစ်နေရာရာမှာ ထိခိုက်ခဲ့သေးလား။ နာသွားလား"

ချန်းချန်းက ပြောလိုက်၏။ "မနာပါဘူး။ သားက သူ့လက်ချောင်းကို ဆွဲလိမ်လိုက်တာ။ သူက အကျယ်ကြီး အော်ငိုသွားတယ်"

"သားက သူ့ဆံပင်ကို ဆွဲခဲ့တာ" ရှောင်ဖုန်းက သူ့လက်သေးသေးလေးကို ဖြန့်ပြလိုက်သည်။

"အများကြီးပဲ"

လူကြီးများက ရှောင်ဖုန်း၏လက်ထဲက ဆံပင်ဆုပ်လေးကို တွေ့လိုက်ရသည့်အချိန်တွင် မနေနိုင်ဘဲ အော်ရယ်မိတော့သည်။

ရှဝမ်ယွဲ့၏ မျက်ခုံးများကလည်း ပြေလျော့သွား၏။ "ကောင်းပါတယ် ကြည့်ရတာ အများကြီး ခံလိုက်ရတဲ့ပုံတော့ မပေါ်ဘူး"

သတင်းကြားခဲ့ပြီးနောက် အပြေးအလွှားရောက်လာခဲ့သည့် နဥ်ရှောက်ယွင်သည် ချန်းချန်းကိုထပ်ပြီး ဂရုတစိုက် စစ်ဆေးလိုက်ပြီး သူက အဆင်ပြေနေသည်ကို အတည်ပြုလိုက်ပြီးနောက် ပြုံးကာပြောလိုက်လေသည်။ "ရှောင်ဖုန်းက တစ်နေ့မှာ ရန်ဖြစ်ခဲ့ရလိမ့်မယ်လို့ ငါ တစ်ခါမှတောင် မစဉ်းစားခဲ့မိဖူးဘူး"

"ဟုတ်ပါ့" ရှမြန်ကလည်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူ၏ အစောပိုင်းအတွေ့အကြုံများကြောင့် သူ ဒီအတိုင်း သည်းခံကာ မခုခံမှာကို စိုးရိမ်နေခဲ့မိသည်။ အခုတော့ သူ့ဘေးတွင် ဒီကလေး၂ယောက်ရှိနေသည့်အတွက် သူသည် အများကြီး ပိုပြီးသတ္တိရှိလာ၏။

ရှမြန်က သူ့မျက်နှာလေးကို သန့်ရှင်းရေး လုပ်ပေးလိုက်ပြီးနောက် သူ့ကိုအနမ်းပေးကာ အားပေးလိုက်လေသည်။ "ရှောင်ဖုန်း တော်တယ်။ တကယ်လို့ တစ်ယောက်ယောက်က သားကို အနိုင်ကျင့်တဲ့အခါကျရင် သေချာပေါက် ပြန်ပြီးတော့ချရမယ်နော်"

ရှောင်ဖုန်းသည် ပြုံးပြလိုက်၏။ ချန်းချန်းကလည်း ကိုယ်ကိုလှည့်ကာ နဥ်ရှောက်ယွင်ကို ပွေ့ဖက်လိုက်ပြီး "မေမေ သားလည်းတော်တယ်နော်"

"ဟုတ်တယ်" နဥ်ရှောက်ယွင်က သူ့ခေါင်းလေးကို ထိခိုက်ပေးလိုက်ကာ "သားလည်း တော်ပါတယ်"

မောက်ဟွေ့လန်က ပြောသည်။ "သူတို့တွေကို သိုင်းကွက်လေး နည်းနည်းပါးပါး သင်ပေးထားခဲ့တဲ့ အစ်မမြန်ကိုပဲ ကျေးဇူးတင်ရမယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် သူတို့တွေက ကျားလိရှင်းကိုနိုင်မှာ မဟုတ်ဘူး"

"ကြည့်ရတာ ငါတော့ သူတို့တွေကို သိုင်းကွက်လေးနည်းနည်းပါးပါး ထပ်သင်ပေးဖို့ လိုအုံးမယ်ထင်တယ်" ရှမြန်ကပြောလိုက်သည်။ "သူတို့ကို သိုင်းပညာသင်တန်းကျောင်း ပို့ပေးကြမယ်ဆိုရင်ရော ဘယ်လိုလဲ။ ဒါဆိုရင်တော့ နောက်ပိုင်းဒီလိုကိစ္စတွေ တွေ့လာရတဲ့အခါ ခံလာရတော့မှာ မဟုတ်ဘူးလေ"

မောက်ဟွေ့လန်က ရုတ်တရက် မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။ "ကျားမိသားစုက ငါတို့ကို လာရှာမှာလား မသိဘူးနော်"

ပုံမှန်ဆိုလျှင် လူကြီးများသည် ကလေးများကြားက ရန်ပွဲကို ၀င်စွက်ဖက်လိမ့်မည် မဟုတ်သော်ငြားလည်း ကျားမိသားစုက သူတို့မိသားစုကို တမင်တကာ ပစ်မှတ်ထားနေပြီး ရန်ဖြစ်ဖို့ရန် လာလိမ့်မည့်ကိစ္စကတော့ မဖြစ်နိုင်တာမဟုတ်ချေ။

နဥ်ရှောက်ယွင်က ချန်းချန်း၏လက်ကိုတွဲလိုက်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေသည်။

"ကျွန်မ သူတို့ကို သွားရှာလိုက်မယ်"

သူမသည် ပုံမှန်ဆိုလျှင်တော့ စီးပွားရေးကိစ္စများကို ဝင်မပါခဲ့ချေ။ သို့သော်ငြားလည်း ဒီလိုကိစ္စလေးအတွက်တော့ သူတို့ကို သတိပေးနိုင်သေးသည်။

နဥ်မောင်နှမသည် ပတ်ဝန်းကျင်အိမ်နီးချင်းများနှင့် အများကြီး အဆက်အဆံ မလုပ်ခဲ့သော်ငြားလည်း မျက်လုံးရှိသည့်သူတိုင်းကတော့ သူတို့၂ယောက်သည် ပြစ်မှားလို့ရသည့်လူ မဟုတ်ကြောင်းကို မြင်နိုင်လေသည်။ ထို့ကြောင့် သူတို့သည် မောင်နှမနှစ်ယောက်ကို ရှိန်ကြ၏။

မျှော်လင့်ထားသည့်အတိုင်းပင် နဥ်ရှောက်ယွင်က ထိုနေရာသို့ သွားခဲ့ပြီးသည့်နောက်တွင် ကျားမိသားစုသည် ငုံးကောင်လေးများလို ၂ရက်လောက် တိတ်ဆိတ်သွားကြတော့သည်။

သို့သော်ငြားလည်း မောက်ဟွေ့လန်ကတော့ မောက်ဟွေ့ကျူး၏ နှာခေါင်းပေါ်က ကုတ်ခြစ်ရာကို မြင်လိုက်သည့်အချိန်တိုင်း ဒေါသထွက်နေလေသည်။ "သူတို့တွေက အမှာစာ အဲဒီလောက် အများကြီး ရနေတဲ့ဟာကို။ အဲဒီ၁ခု၊ ၂ခုပဲ ကျန်တဲ့အမှာစာကိုတောင် ချန်မထားနိုင်ဘူး။ သူတို့တွေက ငါတို့တွေကို တမင်အနိုင်ကျင့်နေတာပဲ"

"အမေ ပစ္စည်းတွေကိုစျေးလျှော့ပြီး ရောင်းကြရအောင်ပါ။ အမှာစာကို ပြန်ယူကြမယ်"

"နောက်ပြီးတော့ သူတို့တွေက ဘာခွင့်ပြုချက်မှလည်း သုံးထားတာ မဟုတ်ဘူးလေ။ သူတို့ကို သတင်းပို့လိုက်ရအောင်ပါ။ သူတို့တွေ သတင်းပို့ပြီးတာနဲ့ ဇာတ်သိမ်းသွားကြလိမ့်မယ်"

"ပြီးရင်ရော ဘာဆက်လုပ်မှာလဲ" ရှ၀မ်ယွဲ့က ပြောလိုက်သည်။ "တကယ်လို့ ငါတို့တွေက သူတို့ရဲ့ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်ပစ်မယ်ဆိုရင် သူတို့တွေကရော ငါတို့ကို ဒီတိုင်းထားမယ်လို့ နင်က ထင်နေတာလား။ ငါတို့တွေက စီးပွားရေးကို ကောင်းကောင်းလုပ်နိုင်ဦးမှာလား"

မောက်ဟွေ့လန်က ဒေါသထွက်ထွက်ဖြင့် ပြောတော့၏။ "ဒါဆိုရင် သူတို့တွေ သမီးတို့မိသားစုကို အနိုင်ကျင့်နေတာ ခွင့်ပြုထားရမှာလား"

ရှ၀မ်ယွဲ့က မောက်ဟွေ့ကျူးကို ဆေးပြာလိမ်းပေးလိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်ဟန်တူသည်။ သူမက တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ "သူတို့နဲ့ ဆက်ပြီးတော့ ရန်မဖြစ်ကြနဲ့တော့။ သူတို့ကို လအနည်းငယ်လောက် ပေးရောင်းထားလိုက်။ အလွန်ဆုံး၁နှစ်ပေါ့။ ငါ သူတို့ကို အတိုးနဲ့ ပြန်ပေးဆပ်ရအောင် လုပ်မှာ"

ရှ၀မ်ယွဲ့သည် လူများကို စိတ်အေးချမ်းရအောင် လုပ်ပေးနိုင်သည့် အရည်အချင်းရှိလေသည်။ သူမက ထိုစကားကို ပြောလိုက်သည်နှင့် ချက်ချင်း အားလုံးက စိုးရိမ်နေသည်မှ ရပ်တန့်သွားသည်။

သိပ်မကြာခင်တွင် ရှမြန်သည် ရှ၀မ်ယွဲ့၏အစီအစဉ်ကို သိလိုက်ရသည်။ တစ်ပတ် မပြည့်သေးခင်မှာပင် ရှ၀မ်ယွဲ့သည် နဥ်ရှောက်ပိုင် အကြံပေးခဲ့သည့်နည်းလမ်းကို အသုံးပြုကာ အသင့်စားခေါက်ဆွဲစက်ရုံကို ဝယ်ယူခဲ့ပြီး စက်ရုံကို အပေါင်ပစ္စည်းအဖြစ် ထားကာ ချေးငွေတစ်ခု ထုတ်ယူခဲ့သည်။

ရှ၀မ်ယွဲ့က သက်ပြင်းချလိုက်၏။ "စျေးက ဒီတစ်ခါတော့ အများကြီးသက်သာသွားတယ်။ နောက်၂နှစ်လောက် နေရင် စက်ရုံတွေအများကြီးက ဒေဝါလီခံသွားကြတော့မယ် ထင်တယ်"

ရှမြန်သည် ၁၉၉၀ခုနှစ်များတွင် အလုပ်သမားများကို လျှော့ချသည့်ဆိုးဝါးသည့် လှိုင်းကြီးတစ်ခု ရှိခဲ့သည်ကို ရုတ်တရက် မှတ်မိသွားလေသည်။

ဧကန္တ အခုအချိန်များလား။ တကယ်လို့ ဒါကအမှန်ဆိုရင် ရှ၀မ်ယွဲ့က အချိန်ကိုက်ဒီစက်ရုံကိုဝယ်ခဲ့တာပဲ။

"ဝက်သားတုတ်ထိုးဆိုင်ကရော ဘယ်လိုလုပ်မှာလဲ။ ကျွန်မတို့တွေဆိုင်ကို ဆက်မရောင်းတော့ဘူးလား"

"ဆက်ရောင်းမှာ" ရှ၀မ်ယွဲ့က ပြောသည်။ "ငါ ကျန်းမိသားစုဘေးမှာ နောက်ထပ်ဆိုင်ခွဲတစ်ခု လုပ်ထားတယ်"

မောက်ဟွေ့လန်က လက်ခုပ်တီးလိုက်၏။ "ကျန်းမိသားစုနဲ့ ကျားမိသားစုက ပြိုင်ဘက်တွေပဲ။ ပြီးတော့ ကျန်းမိသားစုမှာက ညီအစ်ကိုတွေ အများကြီးရှိတယ်။ ဒီတော့ သူတို့တွေက အလွယ်တကူ သွားရှုပ်လို့ရမှာမဟုတ်တော့ဘူး"

ရှ၀မ်ယွဲ့က သက်ပြင်းချသည်။ "ငါက အစတုန်းကတော့ လီမိသားစုက ကြောက်စရာကောင်းတယ်။ ကျားမိသားစုကတော့ သဘောထားကြီးတယ်လို့ ထင်ထားခဲ့မိတာ။ ဒါပေမဲ့ ကိုယ့်ဆီမှာ တစ်ခုခု ဖြစ်လာတဲ့အချိန်ကျမှပဲ လူတစ်ယောက်ရဲ့အကျင့်စရိုက်ကို မြင်နိုင်တာပဲ"

ရှမြန်က မေးလိုက်သည်။ "သူတို့အတွက် ထုပ်ပိုးမှုပုံစံကရော ဘယ်လိုလုပ်မှာလဲ"

"ငါက အရသာထည့်တဲ့ပစ္စည်းတွေကို အမှုန့်ကြိတ်ပြီး အဲဒါတွေကို ထုပ်ပိုးမယ်။ ငရုတ်ဆီနဲ့ ဟင်းသီးဟင်းရွက်ဆီကို ခွဲပြီးတော့ ထည့်မယ်။ ပြီးရင် သူတို့တွေကို ဟင်းခတ်အမွှေးအကြိုင်နဲ့ အရသာမှုန့်တွေကို ရောင်းမယ်လေ။ သူတို့တွေကတော့ သူတို့ရဲ့ကိုယ်ပိုင်ဟင်းရည် လုပ်လို့ရတာပေါ့။ ဟုတ်ပါတယ်။ သူတို့တွေက ငါတို့ဆီကနေ ငါတို့နဲ့ ငါးအသားလုံးလို ပါ၀င်စ္စည်းတွေကိုလည်း ဝယ်လို့ရတယ်။ ဒါပေမဲ့ သူတို့တွေက ငါတို့ရဲ့သီးသန့်အမှတ်တံဆိပ်ကို သုံးရလိမ့်မယ်"

ဒါက ရှ၀မ်ယွဲ့အစောပိုင်းတုန်းက စဉ်းစားထားခဲ့တဲ့ ပုံစံမဟုတ်လား။ ဒီရက်ပိုင်းမှာ သူက ဒီကိစ္စကို စဉ်းစားလာခဲ့တာပဲ ဖြစ်မယ်။ ကျားမိသားစုက ငါတို့ရဲ့စီးပွားရေးလုပ်ငန်းကို ဆွဲထုတ်ချင်နေတာတဲ့လား။ ရှဝမ်ယွဲ့ကတော့ နေရာတိုင်းကနေ ရှင်းရှန်းဝက်သားတုတ်ထိုးကို ကြီးပွားတိုးတက်လာအောင် သေချာပေါက်လုပ်တော့မှာပဲ။

...

All Chapters