အပိုင်း(၁၃၁)
Vol. 9 Ch. 131
"ဒါက အရမ်းမြန်မနေဘူးလား။ သူ ကျောင်းပြောင်းလာတာ ၂ပတ်တောင် မပြည့်သေးဘူးလေ"
မိန်းကလေးတစ်ယောက်က တအံ့တဩပြောသည်။
ရှမြန်က ဆွန်းယွဲ့ရှင်းကို နှစ်သိမ့်တော့မည် ပြင်လိုက်စဉ်တွင် အထင်သေးသည့်လေသံဖြင့် သူမ ပြောလိုက်သည့်စကားကို ကြားလိုက်ရ၏။ "လူတစ်ယောက်ကို ရုပ်ပဲကြည့်ပြီးတော့ တကယ်ပဲ ဆုံးဖြတ်လို့မရဘူးပဲ။ တော်ပါသေးရဲ့။ ကျောက်ချန်းက သူနဲ့ အီစီကလီလုပ်ဖို့ အခွင့်အရေး မရခဲ့ပေလို့ပဲ။ သူ့ IQနဲ့သာဆိုရင်..."
သူမဘေးက မိန်းကလေးကလည်း သတင်းကို မျှဝေလေသည်။ "ဒီနေ့ နေ့လယ် ငါ ကြားထားခဲ့တာက ထျန်းရွှယ်ယာက ကျောင်းတံခါးမှာ လူမိုက်တွေရဲ့ ငွေညှစ်ခံခဲ့ရတယ်တဲ့။ ဟန်ဟောက်ရန်က သူ့ကို သူရဲကောင်းဆန်ဆန်နဲ့ ကယ်ပေးခဲ့ပြီး လူမိုက်တွေကိုလည်း မောင်းထုတ်ခဲ့တယ်တဲ့"
"သူက တိုက်ခိုက်တဲ့နေရာမှာ အဲဒီလောက်အထိ ကောင်းမယ်လို့ ထင်တောင်မထားဘူး" ကောင်မလေးက နှမြောတသစွာဖြင့် ပြောသည်။ "ဒါပေမဲ့ သူ့အမြင်အာရုံကတော့ အရမ်းဆိုးဝါးတာပဲ။ သူက ဘယ်လိုလုပ်ပြီး ထျန်းရွှယ်ယာကို ကြိုက်နေတာလဲ"
ပြီးခဲ့သည့်နှစ် အတောအတွင်းတွင် ရှမြန်နှင့် ကောင်းမွန်သည့်ဆက်ဆံရေးရှိခဲ့ကြသည့် ကျောင်းသူ ကျောင်းသားများ အားလုံးသည် ထျန်းရွှယ်ယာက ရှမြန်ကို ဒုက္ခပေးသည်မှာ ဘယ်တော့မှမရပ်တန့်ခဲ့မှန်း သိလေသည်။
သူမသည် ကြာပန်းဖြူတစ်ယောက်၏ စံပြအရည်အချင်းတို့၏ အနှစ်သာရကို ဖမ်းဆုပ်ထားသယောင်ပင်။ သူမက အမှန်တရား၏ တစ်ဝက်ကိုသာ ပြောတတ်ပြီး ကျန်သည့်တစ်ဝက်ကိုတော့ အားလုံးကို ဘာသာပြန်ခိုင်းတတ်၏။
နောက်ဆုံး သူမက အမှန်ကိုပြောခဲ့သည်ဖြစ်ရာ တခြားသူများက မည်သို့နားလည်သွားသည်ကတော့ သူတို့ကိစ္စပင်ဖြစ်လေသည်။
သို့သော်ငြားလည်း သူမသည် ဘယ်တုန်းကမှ မအောင်မြင်ခဲ့ချေ။ သူမက တစ်စုံတစ်ယောက်ကို ချောက်ချသည့်အချိန်တိုင်း သူမ၏အတန်းဖော်များက ရှမြန်အကြောင်းကို ပိုပြီးသိလာရသည်။
သူမ၏ ပွင့်လင်းပြီး အမြင်ကျယ်ကာ ဉာဏ်ပညာထက်မြက်ပြီး ဟာသဉာဏ်ရှိပုံက ရှမြန်သည် ထျန်းရွှယ်ယာထက် မည်သို့ဆိုစေ ပိုပြီးကောင်းမွန်လေသည်။
ထို့အပြင် ထျန်းရွှယ်ယာအပေါ် ရှမြန်၏ လက်စားချေမှုက ချစ်စဖွယ်ကောင်းပြီး တည့်တိုးဆန်၏။ သူမကို စာပေပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များတင်မကဘဲ ကဏ္ဍတိုင်းတွင် ဖိချေခဲ့လေသည်။
ရှမြန်သည် မည်သည့်သင်ကြားရေးပြိုင်ပွဲတွင်မဆို ထျန်းရွှယ်ယာက ပါဝင်နေသရွေ့ သူမကလည်း ပါဝင်ပေလိမ့်မည်။ လွန်ခဲ့သည့် ၂နှစ်က နှစ်သစ်ကူးအကြိုပွဲတော်မှာပင် ထျန်းရွှယ်ယာက ကုကျိုးနှင့်အတူတူ ပါဝင်ချင်သည်။ စုံတွဲစန္တရားတီးပြိုင်ပွဲကို ရှမြန်၏တစ်ကိုယ်တော် စန္တရားတီးပြိုင်ပွဲက အနိုင်ရခဲ့လေသည်။ သူမမှာ စင်ပေါ်တက်ဖို့ရန်ပင် အခွင့်အရေးမရခဲ့ချေ။
တကယ်လို့ နင်က ပြဿနာရှာနေမယ်ဆိုရင်တော့ ငါကလည်း မတတ်သာဘဲ နင်နဲ့ ရင်ဆိုင်ရတော့မှာပဲလေ။ ဒါပေမဲ့ ငါက နင့်ထက်သာလို့ ဆိုပြီးတော့လည်း အပြစ်ပြောလို့ မရဘူး မဟုတ်လား။
လိုရင်းကို ပြောရလျှင်တော့ ထျန်းရွှယ်ယာ၏ကျေးဇူးကြောင့် လူများက ရှမြန်ကို ပိုပြီးတော့ သိလာကြသည်။ တခြားအတန်းများတွင်တော့ မသိသော်ငြားလည်း ရှမြန်တို့အတန်းတွင်တော့ ရှမြန်ကို မကြိုက်သူများက လက်ချိုးရေလို့ပင်ရသည်။
ရှမြန်စကားဖြင့်ဆိုရလျှင် နတ်သမီးတစ်ယောက်၏ ဆွဲဆောင်မှုသာ ဖြစ်လေသည်။
ဆန့်ကျင်ဘက်အနေနှင့် ထျန်းရွှယ်ယာက အောက်တန်းကျသည့်အကြောင်းကို လူများက ပိုပိုပြီးတော့ နားလည်လာခဲ့သည်။ ဟုတ်ပါသည်။ ထိုကဲ့သို့ ပြင်းပြသည့် ဝမ်းတွင်းသိစိတ် ရှိသူအများစုကလည်း မိန်းကလေးများသာ ဖြစ်သည်။
ရှမြန်က မိန်းကလေးတစ်ယောက်ကို မေးလိုက်၏။ "နေ့လယ်ခင်းတုန်းက ငွေညှစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြောတဲ့အခါတုန်းက နင် ငါ့အကြောင်းကို ထုတ်မပြောခဲ့ဘူး မဟုတ်လား"
မိန်းကလေးက ပြန်မေးလိုက်သည်။ "ငါက နင့်အကြောင်းကို ဘာဖြစ်လို့ ထုတ်ပြောရမှာလဲ"
ရှမြန်က တအံ့တဩ ပြောလိုက်၏။ "နင်ကလေ တော်တော်စိတ်ရှည်တာပဲ။ နင့်ရဲ့အဆင့်ကို တိုးမြှင့်ဖို့ ကြိုးစားနေတာလား"
ဆွန်းယွဲ့ရှင်းမှာ ဇဝေဇဝါဖြစ်သွား၏။
"ဘာအဓိပ္ပာယ်လဲ"
ရှမြန်က အခြေအနေကို ရှင်းမပြရသေးခင်မှာပင် အဂ်လိပ်ဆရာက အတန်းထဲသို့ဝင်လာပြီး သင်ခန်းစာ စတင်တော့သည်။ ထို့နောက်တွင်တော့ ဘယ်သူကမှ ထိုကိစ္စကို စိတ်ထဲမထားကြတော့ဘဲ မေ့လျော့သွားကြတော့သည်။
ဒီနေ့သည် စနေနေ့ဖြစ်သဖြင့် ညနေခင်း ကိုယ်ပိုင်စာကြည့်ချိန်မရှိချေ။ အားလုံးက ကျောင်းပိတ်ရက်ကို စောင့်မျှော်လာကြပြီး အတင်းပြောဖို့ရန်လည်း အချိန်မရှိချေ။ နောက်ဆုံး ကိုယ်ပိုင်စာကြည့်ချိန်သည် တော်တော်လေး အားလပ်လွတ်လပ်ပြီး ကြီးကြပ်ပေးမည့် ဆရာများလည်း မရှိချေ။ ကျောင်းသားအများစုမှာ သူတို့၏အိမ်စာကိုတော့ အလောတကြီး လုပ်ဆောင်ကြပြီး အိမ်ပြန်ရောက်သွားလျှင် ကျောင်းပိတ်ရက်အတောအတွင်း အနားယူဖို့ အချိန်ပိုရရန်သာ မျှော်လင့်ကြလေသည်။
လီလီကျန်းကတော့ မျက်နှာပေါ်တွင် ရှုပ်ထွေးနေသည့်ရုပ်တစ်ခုဖြင့် တံခါးထဲသို့ပြေးဝင်လာ၏။ "ရှမြန်"
ဆွန်းယွဲ့ရှင်းသည် သူမ၏အမူအရာကို မြင်လိုက်သည်နှင့် ပြုံးသွားလေသည်။
"နင်ဟာလည်းလေ စာပို့သမား ကျနေတာပဲ။ နောက်ထပ်ရည်းစားစာ ဖြစ်ပြန်ပြီလား။ ဘယ်လောက်လဲ"
လီလီကျန်းက ပြောလိုက်၏။ "ဒီနေ့တော့ မများပါဘူး။ ၂စောင်တည်း" ထို့နောက်တွင်တော့ သူမသည် အသည်းပုံစံခေါက်ထားသည့် ပန်းရောင်စာ၁စောင်ကို ရှမြန်ဆီ လှမ်းပေးလိုက်လေသည်။
အတန်းထဲက ကျောင်းသူကျောင်းသားများကလည်း စတင်ပြီး ဆူညံလာကြတော့သည်။ ရှမြန်ကတော့ ထိုစာကို အင်တင်တင်ဖြင့် လှမ်းယူလိုက်ပြီး သူမ၏အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်ကာ ပြုံးပြလိုက်လေသည်။
"ခါတိုင်းလိုပါပဲ။ သူ့ရဲ့ကြင်နာသနားတတ်ပုံကို ကျေးဇူးတင်ပါတယ်လို့။ ဒါပေမဲ့ ငါက အထက်တန်းကျောင်းမှာ ရည်းစားမထားချင်ဘူး။ ကျေးဇူးပြုပြီးတော့ သူ့ကို ပြောပြလိုက်စမ်းပါ"
လီလီကျန်းက မေးလိုက်သည်။ "ဘယ်သူလဲဆိုတာကို နင် သိတောင်မသိချင်တော့ဘူးလား"
ရှမြန်က ပြုံးကာပြောသည်။
"ဟင့်အင်း။ တစ်ဖက်လူရဲ့ ထူးချွန်တာတွေရဲ့ ဆွဲဆောင်ခံရပြီး စာကောင်းကောင်း မလုပ်နိုင်တော့မှာ စိုးတယ်"
ရှမြန်သည် ပြီးခဲ့သည့်နှစ်အတောအတွင်းတွင် နေ့တိုင်းနီးပါး ရည်းစားစာ ရရှိခဲ့သည်။ သူမက ထိုစာအားလုံးကို ငြင်းပယ်ခဲ့သည်ကိုလည်း အားလုံးက သိကြသည်။ သူမသည် ဒီကိစ္စနှင့်ပတ်သက်လျှင်တော့ ဘယ်သူ့ကိုမှ ဘယ်တုန်းကမှ ရှက်ရွံခဲ့သည်မရှိချေ။
အားလုံးကတော့ ဒီကောင်းမွန်သည့် သစ္စာတရားကြောင့် အသံထွက်ရယ်မောကြ၏။ ရုတ်တရက်ဆိုသလို အေးစက်စက် သရော်သံတစ်ခုကို ကြားလိုက်ရလေသည်။
"မငြင်းပယ်တာတော့ မဟုတ်ပေမဲ့လည်း မျှော်လင့်ချက် ပေးနေသေးတာပဲ။ ဒါက လူတွေကို ကြိုးရှည်ရှည်နဲ့ လှန်ထားတာပဲလေ။ နင်က ဒီကိစ္စမှာ တော်တော် တော်တာပဲ"
အခန်း၃ထဲက ကျောင်းသူ ကျောင်းသားများသည် အခိုက်အတန့် မှင်တက်အံ့ဩသွားကြပြီး တံခါးရပ်နားတွင် ရပ်နေသည့်ကောင်လေးကို မော့ကြည့်လိုက်ကြသည်။
သူသည် သာမန်ယောက်ျားလေးတစ်ယောက်ထက် ခေါင်း၁လုံးစာ ပိုမြင့်ပြီး ပါးလွှာသည့် အားကစားဝတ်စုံကို ဝတ်ဆင်ထားသည်။ ဒါက သူ့ကို အလွန်မှချောမောကာ ဆွဲဆောင်မှုရှိနေစေ၏။
သူ၏ ကောင်ဆိုးလေးပင်ကိုစရိုက်၊ သူ၏စာပေပိုင်းဆိုင်ရာဆောင်ရွက်ချက်နှင့် အားကစားစွမ်းရည်တို့ ပေါင်းလိုက်လျှင် အထက်တန်းကျောင်းသူ မိန်းကလေးများ မလွန်ဆန်နိုင်သည့် ဆွဲဆောင်မှုတစ်ခု အမှန်ပင်ဖြစ်လေသည်။
အခန်း၆သို့ ကျောင်းပြောင်းလာခဲ့သည့် ဟန်ဟောက်ရန်ဖြစ်၏။
ဆွန်းယွဲ့ရှင်းက မျက်မှောင်ကြုတ်လိုက်ပြီး မကျေမနပ် ပြောလိုက်လေသည်။ "အတန်းဖော် နင်က ဘယ်သူလဲ။ ရုတ်တရက် ငါတို့အတန်းကို လာပြီးတော့ ဘာဖြစ်လို့ ရန်လာဖြစ်နေတာလဲ"
ဟန်ဟောက်ရန်က လက်ပိုက်ထားကာ တံခါးဘောင်ကို ပျင်းရိလေးတွဲစွာ မှီထားပြီး ပြုံးကာပြောလိုက်လေသည်။ "ဘာမှမဟုတ်ပါဘူး။ ငါတို့အထက်တန်းကျောင်းက ယောက်ျားလေးတွေရဲ့ ထူးဆန်းတဲ့ မျက်လုံးအကြောင်းကို သိချင်လို့ပါ။ သူတို့တွေက ရက်စက်တဲ့မိန်းကလေး တစ်ယောက်ကိုမှ ကြိုက်နေကြတာလေ"
ဒါသည် တိုက်ရိုက်တိုက်ခိုက်မှု တစ်ခုဖြစ်လေသည်။ မိန်းကလေးများကတော့ သူ၏ရုပ်ရည်ကို ရူးသွပ်နေကြဆဲ ဖြစ်သော်ငြားလည်း ယောက်ျားလေးတွေကတော့ ဒေါသထွက်နေနှင့်ပြီးသားဖြစ်၏။
"မင်း ရူးနေလား။ ရှမြန်က အကျင့်ယုတ်တယ်လို့ မင်းကို ဘယ်သူပြောတာလဲ"
"ရှမြန်က ဘယ်လိုပုံစံပဲဖြစ်ဖြစ် အဲဒါက မင်းနဲ့ ဘာဆိုင်လို့လဲ။ သူက မင်းကို ရန်လာစနေလို့လား"
ရှမြန်သည် တစ်ခုခုကို ခန့်မှန်းမိဟန်တူ၏။ သူမက လက်ပိုက်ထားလိုက်ကာ သိမ်သိမ်မွေ့မွေ့သာ ပြုံးပြလိုက်လေသည်။
"အတည်ပြုကြည့်ပါဦးမယ်။ နင်က နင့်ရဲ့ကောင်မလေးအတွက် ဒေါသလာဖြေနေတာလား"
ဟန်ဟောက်ရန်က လူမိုက်တစ်ယောက်လို ပြုံးလိုက်ပြီး ပြောလိုက်လေသည်။ "ငါက မတရားတာကို မြင်ရင် စိတ်မကောင်းဖြစ်ရုံသက်သက်ပါ"
"ငါ့အထင်တော့ နင် ထျန်းရွှယ်ယာကို တောင်းပန်သင့်တယ်လို့ ထင်တယ်"
ထျန်းရွှယ်ယာသည် ဆူညံသံကို ကြားလိုက်ဟန်တူ၏။ အပြေးအလွှား ရောက်လာခဲ့သည်။ သူမက ရှက်ရွံ့နေကာ သူ့အင်္ကျီလက်ကို စိုးရိမ်တကြီးဆွဲကာ ပြောလိုက်၏။ "ဟန်ဟောက်ရန် ဒီလိုမလုပ်ပါနဲ့"
ဟန်ဟောက်ရန်က သူမကို သိမ်သိမ်မွေ့မွေ့ကြည့်ကာ ပြောလိုက်လေသည်။ "ရပါတယ် ငါ ဒီနေ့တော့ ဒီကိစ္စကို ဖြေရှင်းပေးပါ့မယ်။ ဒီနေ့ သူ နင့်ကို သေချာပေါက် တောင်းပန်ရမယ်"
ဆွန်းယွဲ့ရှင်းက မျက်စောင်းထိုးလိုက်ကာ "နင် ရူးနေတာလား။ ဘာဖြစ်လို့ အဲ့ဒီလိုလုပ်ရမှာလဲ"
ဟန်ဟောက်ရန်က သူ့မျက်လုံးများကို မသိမသာ ကျဉ်းမြောင်းထားလိုက်ကာ "ဒီနေ့နေ့လယ်ခင်းတုန်းက ရှမြန် ထျန်းရွှယ်ယာကို ချောက်ချခဲ့တာ ငါ တွေ့ခဲ့တယ်လေ။ ထျန်းရွှယ်ယာမှာ ပိုက်ဆံတွေ အများကြီးရှိတယ်လို့ သူ ပြောခဲ့တယ်လေ။ အဲဒီနောက်မှာတော့ ထျန်းရွှယ်ယာက လူမိုက်တွေရဲ့ ဝိုင်းတာခံရပြီး ငွေညှစ်ခံခဲ့ရတာပဲ"
"ကျောင်းသူရှမြန် နင် ဒါကိုဝန်ခံလား"
"ငါက ဘာဖြစ်လို့ ဝန်မခံနိုင်ရမှာလဲ" ရှမြန်က လေသံတိုးတိုးဖြင့် ပြောလိုက်ကာ ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်လေသည်။ "ငါ တမင်လုပ်လိုက်တာလေ"
ဟန်ဟောက်ရန်မှာ နင်သွားပြီး ရှမြန်မှာ ဒီလိုပြောလာလိမ့်မည်ဟု မျှော်လင့်မထားသည်မှာ သိသာပေသည်။
ရှမြန်က မေးလိုက်၏။
"ငါ သူ့ကို ချောက်ချတာကို နင်က ကြားခဲ့တယ်ဆိုတော့ သူ ငါ့နာမည် လှမ်းခေါ်လိုက်တာကိုလည်း နင် ကြားလိုက်မှာပေါ့"
ဟန်ဟောက်ရန်က ပြောလိုက်၏။ "သူက နင့်ကို ဂရုစိုက်တာကိုပဲ ကြားခဲ့ပါတယ်"
သူက ထိုစကားကို ပြောလိုက်သည်နှင့်ချက်ချင်း အခန်း၃က ကျောင်းသူကျောင်းသားများက သူတို့၏ ရယ်ကြောကို တို့ခံလိုက်ရသလို ရူးသွပ်စွာစတင်ရယ်မောကြတော့သည်။
"ဘုရားရေ ထျန်းရွှယ်ယာက ရှမြန်ကို ဂရုစိုက်တယ်လို့ သူ ပြောလိုက်တာလား"
"ဟားဟားဟားဟား..."
ရယ်လိုက်ရတာ။ ဒါက ဒီနေ့ရဲ့ ရယ်စရာအကောင်းဆုံး ဟာသပဲဖြစ်ရမယ်...”
...
ဟန်ဟောက်ရန်မှာ မှင်တက်အံ့သြသွားတော့သည်။ အခြေအနေက သူ မျှော်လင့်ထားခဲ့သည်နှင့် လုံးဝကို ကွာခြားနေလေ၏။
ထျန်းရွှယ်ယာက တစ်ခုခုကို ခံစားမိသွားပြီး ဟန်ဟောက်ရန်ကို မြန်မြန်လှမ်းဆွဲကာ တောင်းပန်လေသည်။ "ဟန်ဟောက်ရန် ကျေးဇူးပြုပြီးတော့ မပြောပါနဲ့တော့။ ငါနဲ့ အတူတူ လိုက်ပြန်ခဲ့ပါ..."
"မသွားပါနဲ့" ဆွန်းယွဲ့ရှင်းက ပြောပြီး မရယ်မိအောင် ကြိုးစားထားလေသည်။ "ထျန်းရွှယ်ယာ။ နင် လူတစ်ယောက်ကို ဓားပြတစ်ယောက်လို မသုံးခင်မှာ သူ့ရဲ့အကျင့်စရိုက်ကို နားလည်အောင် လုပ်ရမယ်မဟုတ်လား"
"ဒီကောင်ရဲ့ဦးနှောက်က သိပ်ပြီး မကောင်းဘူးဆိုပေမဲ့လည်း သူက ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းတတ်တဲ့အကျင့်တစ်ခုတော့ ရှိနေသေးတယ်။ မျက်နှာချင်းဆိုင် ရှင်းကြတာပေါ့"
ဟန်ဟောက်ရန်၏ အေးစက်စက်မျက်နှာကို ကြည့်ရင်း လီလီကျန်းကလည်း ပြောလိုက်လေသည်။
"ဒုတိယနှစ်က ကျောင်းသား ကျောင်းသူတွေ အားလုံး ထျန်းရွှယ်ရာကို သိတယ်... သနားစရာထျန်းရွှယ်ယာက ရှမြန်ရဲ့ အနိုင်ကျင့်တာ ခံခဲ့ရတယ်။ သိပ္ပံဘာသာရပ်ကိုတောင် မရွေးချယ်ခဲ့ဘူး။ သူက စိတ်ကြိုက်ဝိဇ္ဇာဘာသာရပ်ကိုပဲ ရွေးချယ်နိုင်ခဲ့တယ်"
"ဟုတ်တယ်လေ" အခန်း၇က မိန်းကလေးတစ်ယောက်ကလည်း သရော်ကာပြောလိုက်၏။
"ဒုတိယနှစ်က ကျောင်းသူ ကျောင်းသားတွေ အားလုံးသိတယ်။ ရှမြန်က သူ့ရဲ့ပါဝါကို အသုံးချပြီးတော့ တခြားသူတွေကို အနိုင်ကျင့်နေတာလေ။ သူက ထျန်းရွှယ်ယာကို အတန်းပြောင်းဖို့ ဖိအားပေးခဲ့ပြီး ပြိုင်ပွဲအတွင်းမှာလည်း သတိလစ်သွားအောင် လုပ်ခဲ့တယ်။ နှစ်သစ်ကူးအကြိုပွဲမှာတောင်မှ ပေါ်လာခွင့်မပေးခဲ့ဘူးလေ..."
"တစ်ချက်လောက် မေးပါဦးမယ်။ ကျောင်းသားလေး ဟန်ဟောက်ရန်" ဆွန်းယွဲ့ရှင်းက မေးလိုက်၏။
"နင့်ကို အနိုင်ကျင့်နေတဲ့လူတစ်ယောက်ကို ဒီလိုဂရုစိုက်နေမှာလား"
"သူက ကျိန်ဆဲနေတဲ့အချိန်ကလွဲရင် ထျန်းရွှယ်ယာက ရှမြန်ရဲ့နာမည်ကိုခေါ်ပြီးတော့ စိုးရိမ်တဲ့စိတ် ဘာလို့ပြရမှာလဲ။ ဟားဟားဟား"
ရှမြန်ကလည်း မေးလိုက်သည်။
"ထျန်းရွှယ်ယာက ရုတ်တရက်ကြီး ငါ့ကို ဘာဖြစ်လို့ ဂရုစိုက်သွားလဲဆိုတာ နင် သိလား"
ဟန်ဟောက်ရန်နှင့် ရှမြန်တို့သည် အချင်းချင်း သေသေချာချာ စိုက်ကြည့်လိုက်ကြပြီး သူသည် တစ်ခုခုကို သဘောပေါက်သွားသယောင် သူ့အမူအရာမှာ အနည်းငယ် အကျည်းတန်သွားတော့သည်။
ရှမြန်က သူ့ကို အလွတ်မပေးဘဲ တိုက်ရိုက်သာပြောလိုက်၏။
"ဘာဖြစ်လို့လဲဆိုတော့ ငါက အဲဒီလူမိုက်တွေရဲ့ လက်ထဲက သိုးတစ်ကောင်ကို လုယူခဲ့တယ်လေ။ အဲဒီလူမိုက်တွေက ငါနဲ့ စာရင်းရှင်းချင်နေတာပေါ့။ ဒါပေမဲ့ သူတို့က ငါ့နာမည်ကို မသိဘူးလေ"
အားလုံးသည် ဖြစ်ပျက်နေသည့်အကြောင်းအရာကို ရုတ်တရက် နားလည်သွားပြီး ရွံရှာစွာဖြင့် ထျန်းရွှယ်ယာကို ကြည့်လိုက်လေသည်။ သူတို့အားလုံးက လှည့်ကာ ရှမြန်ကို စိုးရိမ်တကြီး မေးလိုက်ကြ၏။ "ရှမြန် အဲဒီလူမိုက်တွေက ကျောင်းတံခါးနားမှာ နင့်ကို လမ်းပိတ်ခဲ့တာ မဟုတ်လား"
"အဲဒီကောင်တွေက အမှတ်၁၄အထက်တန်းကျောင်းက မဟုတ်လား။ ငါတို့ ဘာလုပ်ကြမလဲ။ ရှမြန် နင်ဂရုစိုက်မှ ရမယ်နော်။ ငါတို့တွေ အတူတူသွားကြရင်ရော ဘယ်လိုလဲ"
"ဟုတ်တယ် အတူတူသွားကြရအောင်။ ဒါဆိုရင်တော့ အဆင်ပြေမှာပါ"
ဟန်ဟောက်ရန်သည် ရှမြန်က အလွန်မှ နာမည်ကြီးနေသည်ကို တအံ့တဩ ဖြစ်နေမိသည့်အချိန်တွင် သူမက သူ့ကို လှမ်းခေါ်လိုက်သည်ကို ကြားလိုက်ရ၏။
"မလိုပါဘူး။ ဒီမှာကျောင်းသားလေး ဟန်ဟောက်ရန် ရှိနေတာပဲ မဟုတ်လား"
"သူက မတရားမှုကို ဆန့်ကျင်တယ်လို့ ကြေညာထားတယ်ဆိုမှတော့ သူက ထျန်းရွှယ်ယာ တစ်ယောက်တည်းအတွက်ပဲ ရပ်တည်ပေးစရာ အကြောင်းမရှိဘူးလေ။ ဟုတ်တယ်မလား"
ရှမြန်က ထရပ်လိုက်ကာ ထျန်းရွှယ်ယာကို ပြောလိုက်လေသည်။
"ကျောင်းသူလေးထျန်းရွှယ်ယာ အရမ်းကို အားနာပါတယ်။ နင့်ကို ချောက်ချဖို့အတွက် တခြားလူကို ပေးခဲ့တဲ့ဆေးနည်းကို ကိုယ့်ဟာကိုယ် ပြန်ပြီးအရသာခံရအောင်လုပ်ဖို့ မသင့်ခဲ့ပါဘူးလေ။ ငါ ဒါကို ဒီအတိုင်းပဲ လက်ခံသင့်တာ။ အဲဒီလူမိုက်တွေ ငါ့ကိုဝိုင်းပြီးတော့ လုယက်ခံလိုက်သင့်တာ။ ဒီလိုဆိုရင် နင်လည်း လိုချင်တာကို ရနိုင်ပြီး စိတ်ချမ်းသာသွားနိုင်တာပေါ့"
သူမ၏အမူအရာက အလွန်မှ ဖြူစင်နေလေသည်။ သို့သော်ငြာလည်း ထျန်းရွှယ်ယာနှင့် ဟန်ဟောက်ရန်တို့၏ အမူအရာများကတော့ အလွန်မှ အကျည်းတန်သွားကြ၏။
အခန်း၃က လူတိုင်းကလည်း သူတို့၏မျက်နှာပေါ်တွင် လှောင်ပြောင်နေသည့်ရုပ်များ ဖြစ်သွားကြလေသည်။
ရှမြန်က ဟန်ဟောက်ရန်ကို မေးလိုက်သည်။
"ငါ တောင်းပန်ပါတယ်။ ဒီတော့ ကျေးဇူးပြုပြီးတော့ အားနည်းသူကို မြင်ရတာသဘောကျတဲ့ဒီက သူရဲကောင်းကြီးက ကျေးဇူးပြုပြီးတော့ ကျောင်းတံခါးက လူမိုက်တွေကို ဖြေရှင်းပေးဖို့ ငါ့ကို ကူညီပေးပါဦးနော်။ ဒီမှာ စောင့်ကြည့်နေကြတဲ့သူတွေကလည်း အများကြီးရှိတယ်လေ။ ကျေးဇူးပြုပြီးတော့ ဒီလောကကြီးကို ကယ်တင်ပြီးတော့ နင့်ရဲ့အရည်အချင်းကို ပြသပေးပါ"
ထို့နောက်တွင်တော့ ဆွန်းယွဲ့ရှင်းကလည်း ပြောလိုက်လေသည်။ "အာမင်"
အားလုံးက ရယ်မောကြတော့သည်။
ဟန်ဟောက်ရန်သည် သူ့မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်ပြီး ပြောလိုက်၏။
"ဒီနေ့ဖြစ်သွားခဲ့တဲ့ကိစ္စက ငါ နင့်ကို အထင်လွဲသွားခဲ့မိတာပါ။ ငါ နင့်ကို တောင်းပန်ပါတယ်။ ငါ ဒီလူမိုက်တွေရဲ့ပြဿနာကို နင့်ကို သေချာပေါက် ကူညီဖြေရှင်းပေးပါမယ်"
ရှမြန်က သူ အရင်ကပြောခဲ့သည့်စကားများကို လျစ်လျူရှု့ထားလိုက်ပြီး ဒီအတိုင်းပြုံးကာ ဆက်ပြောလိုက်တော့သည်။
"ဒါဆိုရင်တော့ ကြိုပြီးတော့ ကျေးဇူးတင်ပါတယ်"
...