← Chapters

အပိုင်း(၁၃၂)

Vol. 9 Ch. 132

အပိုင်း(၁၃၂)

Vol. 9 Ch. 132

အမှန်တွင်တော့ လှုပ်ရှားဖို့ရန်အတွက် ဟန်ဟောက်ရန်၏ အလှည့်မရောက်သေးချေ။

စည်ကားနေသည့် ကျောင်းတံခါးနားတွင် ဘာလူမိုက်မှ မရှိချေ။

ရှမြန်က ဆွန်းယွဲ့ရှင်း၏လက်မောင်းကို တွဲလိုက်ကာ ရုတ်တရက်ဆိုသလို တစ်ခုခုကို သတိရသွားဟန်ဖြင့် ကိုယ်ကိုယ်လှည့်ကာ ဟန်ဟောက်ရန်ကို မေးလိုက်လေသည်။

"နေ့လယ်ခင်းတုန်းက နင် ကျောင်းအုပ်ကြီးနဲ့ တွေ့ခဲ့သေးလား"

ဟန်ဟောက်ရန်က တအံ့တဩ ခေါင်းညိတ်ပြ၏။ "အင်း။ အဲဒီလူမိုက်တွေက လူတွေရဲ့ငွေကို လုယက်နေတယ်လို့ ငါ ကြားခဲ့တယ်"

"အင်း အဲဒီလူဆိုတာ ငါ သူတို့ဆီကနေ ပြန်ပေးဆွဲလာခဲ့တဲ့ သိုးကလေးပဲ" ရှမြန်သည် ပြောရင်းဆိုရင်းတွင် သိုးကလေးက ပေါ်လာတော့သည်။

"စီနီယာ" ကောင်ကလေးသည် အပြေးအလွှား ရောက်ချလာပြီး အနည်းငယ်ပျော်နေခဲ့သည်။ "ကျွန်တော် ပိုက်ဆံသွားပြန်ယူလာခဲ့ပြီးပြီ။ လမ်းမှာပိတ်ဆို့ခံထားခဲ့ရတဲ့ ကောင်မလေးကလည်း အဆင်ပြေတယ်လို့ ကျောင်းအုပ်ကြီးက ပြောတယ်"

"ဟုတ်ပါပြီ ငါ နားလည်ပြီ" ရှမြန်ကား ခေါင်းညိတ်ပြကာ ပြောလိုက်လေသည်။ "နောက်ပြီး ဘာဆက်လုပ်ရမယ်ဆိုတာ နင် သိတယ်ဟုတ်"

"သိပါပြီ" ကောင်ကလေးက ခေါင်းညိတ်ပြလိုက်ကာ "ကျေးဇူးတင်ပါတယ်နော် စီနီယာ"

ဟန်ဟောက်ရန်ကလည်း ဒါကို သဘောပေါက်သွားသည်။ "ကျောင်းအုပ်ကြီးကို ခေါ်ခဲ့တဲ့သူက နင်ပေါ့"

ဆွန်းယွဲ့ရှင်းက မျက်စောင်းထိုးလိုက်ပြီး "နင်က ငါတို့ရဲ့ ရှမြန်အကြောင်းကို လုံးဝမသိပါဘူး။ ဟုတ်တယ်မလား။ တကယ်လို့ သူက ထျန်းရွှယ်ယာကို မုန်းခဲ့တယ်ဆိုရင်တောင် သူ့ကို တကယ့်အန္တရာယ်ထဲ ရောက်အောင် လုပ်မှာမဟုတ်ဘူး"

"သူက ဘာကျင့်ဝတ်သိက္ခာမှမရှိတဲ့ တချို့သူတွေနဲ့ မတူဘူးလေ"

ဟန်ဟောက်ရန်သည် အောင့်သက်သက်ဖြင့် သူ့နှာခေါင်းကို ထိကိုင်ထားလိုက်ပြီး ခြေလှမ်းကြီး တစ်လှမ်းလှမ်းကာ ရှမြန်ရှေ့တွင် ဝင်ရပ်လိုက်လေသည်။

ရှမြန်က သူ့ကို မော့ကြည့်လိုက်ပြီး သိပ်ပြီးတော့လည်း စိတ်အားထက်သန်မနေချေ။

"ဘာဖြစ်လို့လဲ"

ဟန်ဟောက်ရန်က ရှေ့သို့အနည်းငယ်ကုန်းကာ ရှမြန်၏မျက်လုံးများကို ကြည့်လိုက်ပြီး "ငါ ဒီနေ့ နင့်ကို အထင်လွဲသွားခဲ့ပါတယ်။ ငါ နင့်ကို တကယ်စိတ်ရင်းနဲ့ တောင်းပန်ပါတယ်"

"ငါ ဒီကိစ္စအတွက် အပြည့်အဝ တာဝန်ယူမှာပါ။ ငါ အဲဒီလူမိုက်တွေကို မဖြေရှင်းခင် နေ့တိုင်း နင့်ကို ကျောင်းကြိုကျောင်းပို့ လုပ်ပေးပါမယ်"

ပတ်ဝန်းကျင်တစ်ခုလုံးတွင် လေချွန်သံများ ထွက်လာတော့သည်။

ရှမြန်က အနည်းငယ် စိတ်ရှုပ်သွားတော့၏။ သူမသည် ဒီနေ့တွင် စိတ်အခြေအနေက မကောင်းမွန်ခဲ့ချေ။ ထို့နောက်တွင်တော့ သူမသည် ဒီရှုပ်ထွေးပွေလီလှသည့် ကိစ္စရပ်များကို နားမလည်နိုင်လောက်အောင် တွေ့ကြုံခဲ့ရလေသည်။

သူမက လက်ညှိုးထောင်လိုက်ပြီး ဟန်ဟောက်ရန်၏ပခုံးကို ဖိကာ နောက်သို့ တွန်းပို့လိုက်ပြီးနောက် စိတ်ပျက်ပျက်ဖြင့် ပြောလိုက်တော့သည်။ "မလိုဘူး"

သူမသည် သူနှင့်အတူ မရေမရာကစားပွဲများကို ကစားလိုစိတ်မရှိချေ။ ထို့ကြောင့် သူမက တုံးတိသာ ပြောလိုက်လေသည်။

"ကျောင်းသားဟန်ဟောက်ရန် နင် တောင်းပန်တာကို ငါ လက်ခံပါတယ်။ ဒါပေမဲ့ နောက်ဆိုရင် ကျေးဇူးပြုပြီးတော့ ငါနဲ့ ဝေးဝေးနေပေးပါ။ ငါ စာပဲသင်ချင်တယ်"

ဟန်ဟောက်ရန်သည် သူ၏ချောမောလှပသည့်မျက်နှာက ထိရောက်မှု ကင်းမဲ့နေလိမ့်မယ်လို့ မျှော်လင့်မထားမိခဲ့ချေ။ သူသည် ထိုသို့လုပ်လိုက်သည့်အချိန်တိုင်း ကောင်မလေးများအားလုံးက ရှက်ရွံ့သွားတတ်ကြသည်။

သူက အပြုံးတစ်ခုဖြင့် ဆက်လျှောက်လာကာ ရှမြန်ရှေ့တွင် နောက်ပြန်လမ်းလျှောက်ရင်း ပြောလိုက်လေသည်။

"အဲဒီလိုမလုပ်ပါနဲ့။ ငါ နင့်ကို တောင်းပန်ပြီးပြီပဲလေ။ ငါတို့တွေ အချင်းချင်းသာ ရန်မဖြစ်ခဲ့ဘူးဆိုရင် သိမှာမဟုတ်ဘူးလေ။ နင်က ဘာဖြစ်လို့အဲဒီလောက်အထိ အကြင်နာ ကင်းမဲ့ရတာလဲ"

ရှမြန်က မျက်နှာသေဖြင့် ပြောလိုက်သည်။

"အင်း ဟုတ်တယ်။ ငါက အဲဒီလိုပဲလေ။ ငါက နင့်ကိုမရိုက်ခဲ့ဘူးဆိုရင် နင့်မှာ အိုင်ကျူနိမ့်ပြီး လူတကာနဲ့ ရှုပ်တတ်မှန်းကို ငါ သိမှာတောင်မဟုတ်ဘူး"

ဆွန်းယွဲ့ရှင်းမှာ အခိုက်အတန့် မှင်တက်အံ့ဩသွားကာ ပြောလိုက်လေသည်။ "ဒါဆို သူက မကောင်းတာ ကြိုက်တာ မဟုတ်ဘဲနဲ့ ဘယ်မိန်းမကိုမဆို ရွေးချယ်နိုင်တာလား"

ရှမြန်က ရယ်ချင်သွားတော့သည်။

"ဒါကတော့ တကယ်ကောင်းတဲ့သုံးသပ်ချက်ပဲ"

လီလီကျန်းကလည်း ရုတ်တရက် သဘောပေါက်သွားသည်။ "ငါ နင့်ကိုပြောသားပဲ။ လူတစ်ယောက်က ၁ပတ်ပဲ သိသေးတဲ့ဟာကို ဘယ်လိုလုပ်ပြီးတော့ ပေါင်းလို့ရမှာလဲ"

ဟန်ဟောက်ရန်က မကျေမနပ်ဖြင့် ပြောလိုက်လေသည်။ "ဟေ့ ဟေ့ ဟေ့။ နင်တို့လူတွေ အရမ်းလွန်သွားပြီနော်။ ငါက ဘယ်သူနဲ့မှ ဘာဆက်ဆံရေးမှ မရှိပါဘူး။ ငါ့မှာရည်းစားတောင် မရှိသေးဘူး"

"ဘာလို့လဲ နင်က ဒါကို မယုံဘူးလား"

"ယုံပါတယ်" ရှမြန်က ပြောလိုက်သည်။ "ဒါဆိုရင်လည်း ကျေးဇူးပြုပြီးတော့ ဆက်ကြိုးစားလိုက်ပါဦး"

ဟန်ဟောက်ရန်မှာ နင်သွားပြီး သူ့မျက်နှာပေါ်တွင် စိတ်ဓာတ်ကျသွားသည့်ရုပ်တစ်ခုဖြင့် ရှေ့သို့တက်လာပြန်သည်။ "ဘာပဲဖြစ်ဖြစ်ပါလေ။ ဒီလူမိုက်တွေကို ရှင်းပေးမယ်လို့ ငါ နင့်ကို ကတိပေးထားတာပဲ။ ငါ ဒါကို သေချာပေါက်လုပ်မှာပါ"

"ဒါဆိုရင်လည်း နင် သွားရှင်းတော့လေ။ နင် ငါ့နောက် လိုက်နေရင်တော့ ပြဿနာကို ရှင်းနိုင်မှာ မဟုတ်ဘူးနော်" ရှမြန်ကပြောလိုက်၏။ နောက်ပိုင်းတွင် သူနှင့်အမှန်ပင် မပတ်သက်လိုသဖြင့် ရှမြန်က ဆက်ပြောလိုက်လေသည်။

"ဒီအပြင် ဒီကိစ္စက ထျန်းရွှယ်ယာကြောင့် ဖြစ်သွားတာ။ နင်က သူ့အတွက် ကာကွယ်ပေးနေတယ်ဆိုတော့ ဘာသဘောလဲ။ ဒါက သူ့ရဲ့ရည်းစားရဲ့လုပ်ပိုင်ခွင့်ပဲ မဟုတ်ဘူးလား"

"နင် ဒီကိစ္စကို ဖြေရှင်းချင်တယ်ဆိုတာကလည်း နင်က သူ့ကို လိုက်နေလို့ မဟုတ်ဘူးလား"

ဟန်ဟောက်ရန်မှာ တအံ့တဩဖြစ်သွားပြီး ဆွန်းယွဲ့ရှင်းကို မေးလိုက်လေသည်။ "သူက အမြဲတမ်း အဲဒီလောက်တောင် စကားပြောကောင်းတာလား"

ဆွန်းယွဲ့ရှင်းကလည်း ဝမ်းသာသွားလေသည်။ "ဒါဆိုရင်တော့ နင်က ဒီထက်ပိုပြီး စွမ်းတဲ့သူကို မမြင်ခဲ့ဖူးတာပဲ ဖြစ်ရမယ်"

သူတို့သည် လမ်းဆုံသို့ ရောက်လာသည့်အချိန်တွင် ရှမြန်က သူတို့ကို နှုတ်ဆက်စကားပြောလိုက်၏။

"တနင်္လာနေ့ကြမှ တွေ့မယ်နော်"

သူမသည် ခြေလှမ်းအနည်းငယ် လှမ်းလိုက်ရုံသာ ရှိသေးသည်။ နောက်မှနေ၍ ဟန်ဟောက်ရန် ပြောလိုက်သည့်စကားကို ကြားလိုက်ရ၏။ "မိန်းကလေးတွေကို ကာကွယ်ပေးတယ်ဆိုတာက ယောက်ျားလေးတစ်ယောက်ရဲ့ တာဝန်ပါ။ ငါက အားနည်းတဲ့သူတွေအတွက် ရပ်တည်ပေးမယ်လို့ ပြောထားပြီးပြီပဲ။ အချိန်တစ်ခုထိတော့ ငါက နင့်ရဲ့ပန်းပွင့်လေးကို ကာကွယ်တဲ့သူ လုပ်ပေးမှာပါ"

တုံ့ပြန်မှုက တော်တော်မှ မြန်ဆန်လှသည်။

သူမ၏နောက်တွင် လှောင်ပြောင်သံများ ထွက်ပေါ်လာခဲ့သော်ငြားလည်း ရှမြန်ကတော့ မကြားသလိုသာ နေလိုက်၏။ တကယ်လို့များ မတရားမှုကို ဆန့်ကျင်ပြီး ရပ်တည်ပေးဖို့စိတ်ဝင်စားတဲ့ တစ်စုံတစ်ယောက်လို့ ပြောလိုက်ရင် ဘယ်သူက ငါနဲ့ယှဉ်နိုင်ပါ့မလဲ။ ဟဟ။

ရှမြန်သည် သူမ၏အိမ်တံခါးက ပိတ်ထားသည်ကို တွေ့လိုက်ရသဖြင့် သူမ၏လက်ကို မြောက်ကာ နာရီကိုကြည့်လိုက်ပြီးနောက် နဥ်ရှောက်ပိုင်၏အိမ်သို့ တန်းတန်းမတ်မတ် သွားလိုက်တော့သည်။

သိုင်းလေ့ကျင့်သည့်အခန်းထဲတွင် ဆူညံသံတချို့ထွက်ပေါ်နေ၏။ ရှမြန်က ကလေးများသည် ဒီလိုပြင်းထန်သည့် လှုပ်ရှားမှုများကို စတင်လေ့ကျင့်နေသည်ဟု ထင်လိုက်လေသည်။ သို့သော်ငြားလည်း သူမက အခန်းတံခါးကို ဖွင့်လိုက်သည့်အချိန်တွင်တော့ လက်ဝှေ့ထိုးနေသည့် နဥ်ရှောက်ပိုင်ကို တွေ့လိုက်ရ၏။

သူသည် အချိန်တစ်ခုအထိ လေ့ကျင့်လာခဲ့သည်မှာ သိသာလေသည်။ သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းတွင် အဖြူရောင်စွပ်ကျယ် ၁ထည်ကိုသာ ဝတ်ဆင်ထားသည်။ ချွေးများက သူ၏ချောမွတ်ပြီး တောင့်တင်းလှသည့် ကြွက်သားများပေါ်တွင် ဖုံးကွယ်ထားကာ လှုပ်ရှားမှုတိုင်းတွင် ကြည်လင်နေသည့် အလင်းရောင်များက ရောင်ပြန်ဟပ်လို့နေသည်။

တော်တော်လေး ဆွဲဆောင်မှုရှိတာပဲ။

ရှမြန်မှာ မနေနိုင်တော့ဘဲ သက်ပြင်းချမိ၏။

ဒါပေမဲ့လည်း အနာဂတ်မှာ သူ့ကို ပိုင်ဆိုင်မဲ့လူက ယောက်ျားလေးတစ်ယောက်ဖြစ်နေတာ ဆိုးတာပဲ။

နဥ်ရှောက်ပိုင်သည် ဆူညံသံကို ကြားလိုက်သည့်အချိန်၌ ရပ်တန့်လိုက်လေသည်။ ရှမြန် ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် သူက ချက်ချင်းဆိုသလို ကြမ်းပြင်ပေါ်က အားကစားအနွေးထည်ကို လှမ်းကောက်ယူလိုက်ကာ ဝတ်လိုက်လေသည်။

"ကျောင်းက ပြန်လာပြီလား"

သူ့အသံက အနည်းငယ် မောဟိုက်နေသေး၏။ အလွန်မှချိုသာပြီး လူများ၏ခြေထောက်ကို ပျော့ခွေသွားစေနိုင်သည်။

ရှမြန်က ခေါင်းခါပြကာ မေးလိုက်သည်။

"ရှောင်ဖုန်းနဲ့ တခြားသူတွေရော ဘယ်သွားကြလဲ"

"ရှောင်ဖုန်းက တိရစ္ဆာန်ရုံသွားရတာ ကြိုက်တယ်လို့ ချန်းချန်းက ကြားထားတယ်လေ။ တိုက်တိုက်ဆိုင်ဆိုင် ဟော်ရွှယ်ဝမ်ကလည်း ဒီကိုရောက်နေတာ။ ဒီတော့ သူက ဟော်ရွှယ်ဝမ်ကို သူတို့ကို တိရစ္ဆာန်ရုံကို ခေါ်သွားခိုင်းတယ်လေ။ ငါ့အစ်မနဲ့ နင်တို့အစ်မအကြီးဆုံးကလည်း လိုက်သွားပါတယ်။ ဒီတော့စိတ်မပူပါနဲ့"

ရှမြန်က ထိုစကားကိုကြားလိုက်သည်တွင် "ရှောင်ဖုန်းက ဒီနေ့မပျော်ရွှင်လို့လား"

နဥ်ရှောက်ပိုင်က ပြောလိုက်သည်။ "သူ ပြန်လာတဲ့အချိန်ကျရင်တော့ ပျော်မှာပါ"

သူက ရှမြန်ကို ဂရုတစိုက်ကြည့်လိုက်ပြီး "မင်းရော"

"အာ.." ရှမြန်က အခိုက်အတန့် မှင်တက်အံ့သြသွားတော့သည်။

နဥ်ရှောက်ပိုင်က သူ့အားကစားအင်္ကျီကို ဇစ်ဆွဲတင်လိုက်ပြီး မေးလိုက်သည်။ "မင်း ငါနဲ့လက်ရည်ချင်း ယှဉ်ချင်လား"

ရှမြန်က ချက်ချင်းဆိုသလို သူမ၏ဖိနပ်ကိုချွတ်လိုက်ကာ လေ့ကျင့်သည့်အခန်းထဲသို့ဝင်လာပြီး သူမ၏ကျောပိုးအိတ်ကို ဘေးသို့ပစ်ချထားလိုက်ပြီးနောက် ရှေ့သို့အရှိန်ဖြင့် တိုးဝင်လာလေသည်။

နဥ်ရှောက်ပိုင်က မြန်မြန်တုံ့ပြန်လိုက်ပြီးဘေးသို့ ခုန်ရှောင်လိုက်၏။ "မင်း နှုတ်ဆက်စကားတောင် မပြောတော့ဘူးလား"

ရှမြန်က သူ့အပေါ်သို့ တစ်ဖန်ခုန်အုပ်လိုက်သည်။ နဥ်ရှောက်ပိုင်က အရင်ဆုံး ခုန်ရှောင်ဖို့ ကြိုးစားလိုက်သော်ငြားလည်း တဖြည်းဖြည်းနှင့် သူသည် ဆက်ပြီးထိန်းမထားနိုင်တော့ဘဲ ပြန်တိုက်ခိုက်ရတော့သည်။

နှစ်ယောက်သားက အပြန်အလှန် တိုက်ခိုက်နေကြ၏။ ရှမြန်က အမြဲတမ်း မျှော်လင့်မထားသည့်အကွက်များကို ထုတ်သုံးလာသည်။ နေရှောင်ပိုင်ကတော့ သူ့အရွယ်အစားနှင့် ခွန်အား၏အားသာချက်ကို အသုံးချ၏။ သူတို့နှစ်ယောက်သည် ပိုပိုပြီးရဲတင်းလာကြကာ ဆက်ပြီးတိုက်ခိုက်နေကြလေသည်။

ရှမြန်သည် အချိန်ကြာလာပြီးသည့်နောက်တွင် သွေးများဆူပွက်လာသလို ခံစားလိုက်ရ၏။

နဥ်ရှောက်ပိုင်က လက်သီး၁ချက် ပစ်ထည့်လိုက်သည်တွင် ရှမြန်က ကုန်းလိုက်ရာ တစ်စုံတစ်ခုက သူမ၏ အိတ်ကပ်ထဲမှ ပြုတ်ကျသွားတော့သည်။

နဥ်ရှောက်ပိုင်က တစ်ချက် လှမ်းအကြည့်တွင် အသည်းပုံ ခေါက်ထားသည့် ပန်းရောင်စာရွက်ကို တွေ့လိုက်ရ၏။

သိပ်ကောင်းတယ်။

သူသည် ရုတ်တရက်ဆိုသလို အလင်းအလျင်လို မြန်ဆန်သည့် တိုက်ကွက်တစ်ခုကို ပြုလုပ်လိုက်ပြီး ရှမြန်၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်ကာ သူမကို သူ့လက်မောင်းထဲသို့ လိမ်ထည့်လိုက်ပြီး စာကို ကုန်းကောက်လိုက်လေသည်။ "ဒါကဘာလဲ"

ရှမြန်က မောဟိုက်နေ၏။ သူမက လှုပ်ရှားလိုက်သည်တွင် နဥ်ရှောက်ပိုင်က အလွန်မှ တင်းကျပ်နေအောင် ချုပ်ထားမှန်း တွေ့လိုက်ရလေသည်။ သူမက ရုန်းကန်နေသည်ကို ဒီအတိုင်းလက်လျှော့ထားလိုက်ပြီး သူ့ကိုယ်ပေါ်သို့ ချက်ချင်းမှီချလိုက်၏။ သူမက သူ့ကိုမော့ကြည့်ကာ ပြုံးပြလိုက်လေသည်။

"ဒေါက်တာနဥ် ရှင် ရည်းစားစာ မရဖူးဘူးလို့တော့ မပြောနဲ့နော်"

နဥ်ရှောက်ပိုင်က သူ့မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်ကာ "မင်းရဲ့ဟာလား"

"အင်း" ရှမြန်က ပြောလိုက်သည်။ "အများကြီးပဲ"

လူကို လွှတ်ပေးလိုက်တော့မည်ပြင်နေသည့် နဥ်ရှောက်ပိုင်သည် သူမကို တစ်ဖန် ပြန်ဆွဲထားလိုက်ပြီး သူမ၏ ကျောင်းယူနီဖောင်း အိတ်ကပ်ကို လက်လှမ်းလိုက်၏။

ချက်ချင်းလိုပင် သူသည် ပန်းရောင်စာအိတ်လေး၁ခုကို ဆွဲထုတ်လာမိသည်။

နဥ်ရှောက်ပိုင်...

သူက ပြုံးကာ မေးလိုက်လေသည်။ "ဘယ်လောက်တောင်များလို့လဲ"

ရှမြန်က သူ ဖမ်းဆုပ်ထားသည့်နေရာမှ သူမ၏လက်ကို ဆွဲထုတ်လိုက်ပြီး လမ်းတစ်ဝက်တွင် ရောက်နေသည့် သူမ၏ကျောင်းယူနီဖောင်းကို ချွတ်လိုက်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်၏။

"ကျွန်မလို ဉာဏ်ကောင်းပြီး လှပတဲ့နတ်သမီးလေးက ကျောင်းမှာ နာမည်အရမ်းကြီးတယ်လေ"

သူမက ဂုဏ်ယူ၀င့်ကြွားမှုအပြည့်ပင်။

"ဒီနှစ်တော့ ကျွန်မ အနည်းဆုံး အစောင်၁၀၀လောက်တော့ ရမယ်ထင်တယ်။ မဟုတ်ဘူးဆိုရင်လည်း အစောင်၂၀၀လောက်ပေါ့"

နဥ်ရှောက်ပိုင်က သူ့မျက်လုံးကို ကျဥ်းမြောင်းထားလိုက်သည်။

ရှမြန်က သူ့ကို ရှက်ရှက်နှင့် လှမ်းတွတ်လိုက်ပြီးပြောလိုက်သည်။

"ကျွန်မကို အမှန်အတိုင်းပြောစမ်းပါ။ ရှင်ရော ရည်းစားစာတွေ အများကြီးရခဲ့ဖူးလား။ စာတွေက တောင်လိုပုံနေတာလား"

"မရဖူးပါဘူး" နဥ်ရှောက်ပိုင်က ပြတ်ပြတ်သားသားပြောလိုက်သည်။

"ကျွန်မ ဒါကိုတော့ မယုံဘူး" ရှမြန်က သူမ၏နှာခေါင်းကိုရှုံ့လိုက်ကာ နဥ်ရှောက်ပိုင်က အာရုံပြောင်းသွားသည်ကို အခွင့်အရေးယူပြီး တိုက်ရိုက်တိုက်ခိုက်တော့သည်။

"ဒေါက်တာနဥ် လူတွေကို လိမ်ညာတာက မကောင်းဘူးနော်။ မြန်မြန်ပြောစမ်းပါ။ ရှင်ဘယ်လောက်ရခဲ့သလဲ"

နဥ်ရှောက်ပိုင်က တိုက်ခိုက်မှုကို ရှောင်ရှားဖို့ရန် သူ့ခြေထောက်ကို မြှောက်လိုက်သည်။ သူမ၏ပခုံးကိုဖမ်းဆွဲဖို့ ရှေ့သို့ကုန်းလိုက်ကာ ပြောလိုက်လေသည်။ "ဒီလိုအချစ်ကြွေးမျိုးက အနှေးနဲ့အမြန် ပြန်ပေးဆပ်ရမယ်ဆိုတာ မင်း သိပါတယ်။ ဟုတ်တယ်မလား"

ရှမြန်က နောက်သို့လှန်ချကာ ရှောင်လိုက်လေသည်။

"ကျွန်မကတော့ မသိပါဘူး။ ကျွန်မက ရည်းစားစာပဲ လက်ခံထားတာပါ။ တခြားဘယ်သူ့ရဲ့ ခံစားချက်ကိုမှ မလှည့်စားထားပါဘူး"

နဥ်ရှောက်ပိုင်က သူ့လက်များကို ဆက်တိုက်လှုပ်ရှားနေ၏။ "ငါ ကြားဖူးတာတော့ အရင်တုန်းက ရည်းစားစာတွေ အများကြီး လက်ခံထားပြီဆိုမှတော့ နောက်ကျရင် ၂ဆပြန်ပေးရလိမ့်မယ်လို့ ကြားဖူးတယ်လေ"

ရှမြန်က ဘေးသို့ မြန်မြန်လှည့်ရှောင်လိုက်သည်။

"ရှင် ကျွန်မကို လာနောက်နေတာလား။ ကျွန်မဒီစကားပုံကို ဘာလို့များ မကြားဖူးတာလဲ"

နဥ်ရှောက်ပိုင်က အယောင်တစ်ချက်ပြလိုက်ပြီး သူမ၏ပခုံးကိုလှမ်းဆွဲကာ သူမကိုသူ့ပခုံးပေါ်သို့ ပစ်တင်လိုက်လေသည်။ "မင်းအခု ကြားဖူးသွားပြီ မဟုတ်လား"

ရှမြန်သည် အောက်ကကူရှင်နှင့် ထိသွားသည်နှင့်ချက်ချင်း နဥ်ရှောက်ပိုင်၏ ပြင်ဆင်မထားသည့် အခြေအနေကို အခွင့်ကောင်းယူကာ သူမ၏လက်ကောက်ဝတ်တွင် အားကိုထည့်လိုက်ပြီး သူမ၏ ခြေထောက်ကို ဆန့်ထုတ်လိုက်ကာ သူ့လည်ပင်းကို လှမ်းညှပ်လိုက်ပြီးနောက် အားဖြင့်ဆွဲလှည့်လိုက်ပြီး နဥ်ရှောက်ပိုင်သည်လည်း ကူရှင်ပေါ်သို့လဲကျသွားတော့သည်။

"ဒီစကားပုံက ဘယ်ကနေရောက်လာတာလဲ။ ရှင် ကျွန်မကို လာနောက်နေတာလား" ရှမြန်က မောဟိုက်ကာဖြင့် ပြောလိုက်၏။

"ယုံချင်ယုံ မယုံချင်နေပေါ့" နဥ်ရှောက်ပိုင်ကလည်း အနည်းငယ် မောဟိုက်နေသည်။ သူက လက်ကိုဆန့်လိုက်ပြီး မတော်တဆ ကြမ်းပြင်ကိုကျသွားခဲ့သည့် ရည်းစားစာကို ကောက်ကိုင်လိုက်ကာ သူမကိုလှမ်းပေးလိုက်တော့သည်။

ရှမြန်က စာကိုလှမ်းယူလိုက်ပြီး သူမ၏ဘောင်းဘီအိတ်ကပ်ထဲသို့ ချက်ချင်းထိုးထည့်လိုက်၏။

နဥ်ရှောက်ပိုင်က သူ့မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်ကာ "မင်းတစ်ချက်လောက် မကြည့်ချင်ဘူးလား"

"မကြည့်ချင်ပါဘူး" ရှမြန်က သူမ၏လက်နှင့် ခြေထောက်ကို ဆန့်ထုတ်လိုက်ကာ ပြောလိုက်လေသည်။

"အထက်တန်းကျောင်းသားဘဝမှာ ဘာစိတ်ကူးယဉ်တာမှ မလုပ်ဘူး"

နဥ်ရှောက်ပိုင်သည် အသက်အရှည်ကြီးတစ်ချက်လောက် ရှုလိုက်ပြီး သူ့အသက်ရှူသံကို ထိန်းညှိလိုက်၏။ "ဒါဆိုရင်လည်း မင်း ဘာဖြစ်လို့ စာကိုလက်ခံထားနေသေးလဲ"

"အစတုန်းကတော့ သူတို့တွေက ခုံထဲမှာပဲလာပြီးတော့ ထိုးထည့်ထားကြတာလေ။ နောက်ပိုင်းကျတော့ တစ်ယောက်ယောက်က ဒီစာတွေကို တစ်ဆင့်ပေးခိုင်းခဲ့တာ" ရှမြန်က ပြောလိုက်သည်။ "ကျွန်မက ဒါတွေကို ဖွင့်ဖတ်ဖို့ အစီအစဉ်မရှိပါဘူး။ ဘယ်သူ့ကို ပြန်ပေးရမယ်ဆိုတာလည်း မသိဘူးလေ။ ဒီတော့ ကျွန်မက ဒါတွေအားလုံးကို ဒီတိုင်းလက်ခံရတော့တာပေါ့"

ဒီအချိန်တွင်တော့ သူမက မနေနိုင်တော့ဘဲ အော်ရယ်တော့သည်။

"နောက်ဆုံး ဒါတွေက တခြားလူတွေရဲ့ ငယ်ရွယ်မှုထဲက အဖိုးတန်တဲ့အတွေးတွေနဲ့ ခံစားချက်ပဲလေ။ ဒီတော့ ဒါတွေကို သိမ်းထားတာကလည်း မမှားပါဘူး"

နဥ်ရှောက်ပိုင်က ရုတ်တရက် မေးလိုက်၏။ "မင်းက အသက်ဘယ်လောက်မလို့လဲ။ ၂၀လား"

"၂၀-" ရှမြန်သည် လွှတ်ခနဲ ထွက်သွားမလိုဖြစ်သွားပြီးမှ နဥ်ရှောက်ပိုင်ကို ကြောက်လန့်တကြား ကြည့်လိုက်ကာ ဒေါသဖြင့်ပြောလိုက်လေသည်။ "ရှင်က ဒါဘာအဓိပ္ပာယ်လဲ။ ကျွန်မက အိုနေပြီလို့ ပြောချင်တာလား"

နဥ်ရှောက်ပိုင်က သူမကို မပြုံးတပြုံးဖြင့် ကြည့်ကာပြောလိုက်လေသည်။

"မင်းခုနတုန်းက ပြောတဲ့လေသံကို နားထောင်ကြည့်ရင် မင်းက မင်းငယ်ရွယ်မှုရဲ့အကောင်းဆုံးအချိန် အထက်တန်းကျောင်းသူလေးတစ်ယောက်နဲ့ မတူဘူးလေ။ ငါ့အထင်တော့ မင်းက၂၀ဝန်းကျင်ရှိပါပြီ"

ဒီတော့ သူပြောချင်တာ ဒီအဓိပ္ပာယ်ကိုး။

ရှမြန်မှာ စိတ်အေးသွားကာ ကြိတ်ပြီးသက်ပြင်းချလိုက်ပြီး ညည်းညူလိုက်လေသည်။

"ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက စိတ်ပိုင်းဆိုင်ရာအရ ပိုပြီးတော့ရင့်ကျက်တယ်လေ။ အဆုံးကျ ကျွန်မက အန်တီလေးတစ်ယောက်ပဲ မဟုတ်လား"

"ဒီအပြင် ကျွန်မက ၁လ၊ ၂လလောက်နေရင် ၁၈နှစ်ပြည့်တော့မှာလေ။ ကျွန်မက လူကြီးဖြစ်တော့မှာ"

ဒီအချိန်တွင် သူမက သတိပေးလိုက်လေသည်။ "ကျွန်မကို ပြီးစလွယ် အသက်၁၈နှစ်ပြည့် မွေးနေ့လက်ဆောင် လုပ်ပေးဖို့တော့ မစဉ်းစားနဲ့နော်"

နဥ်ရှောက်ပိုင်ကတော့ အပြစ်ကင်းစင်သလို ပြောလိုက်၏။ "ငါက မင်းကို ဘယ်တုန်းက ပေါ့ပေါ့တန်တန် ဆက်ဆံခဲ့ဘူးလို့လဲ"

"ဟုတ်ပါတယ် ရှင် ကျွန်မကို ပေါ့ပေါ့တန်တန် မဆက်ဆံခဲ့ဘူးပါဘူး။ ရှင်က ကျွန်မကို တမင်ဒေါသထွက်အောင်ပဲ လုပ်နေတာလေ" ထိုသို့ပြောလိုက်သည်တွင် ရှမြန်သည် အလွန်မှဒေါသထွက်သွားပြီး ရုတ်တရက်ဆိုသလို ကိုယ်ကိုလှည့်လိုက်ကာ ထိုင်ချပြီး နဥ်ရှောက်ပိုင်ကို ကြည့်လိုက်လေသည်။

သူမက သူ့ဖက်သို့ လှိမ့်လာသည့်အချိန်တွင် နဥ်ရှောက်ပိုင်မှာ သတိလက်လွတ်ဖြစ်သွား၏။ သူမ၏ တောက်လောင်နေသည့် ခန္ဓာကိုယ်အပူချိန်က အဝတ်အစားအလွှာပေါင်းများစွာကို ထိုးဖောက်နိုင်သယောင် သူ၏အသားအရေထဲထိ ရောက်ရှိလာတော့သည်...

သူက ခန္ဓာကိုယ်ကိုတစ်ဖက်သို့ မြန်မြန်လှည့်လိုက်ပြီး ခန္ဓာကိုယ်တစ်ဝက်လောက် အကွာအဝေးအထိ ရွှေ့ထားလိုက်သည်။

ရှမြန်သည် သူ၏တုံ့ပြန်မှုကို မြင်လိုက်ရသည့်အခါ အခိုက်အတန့် မှင်တက်အံ့သြသွားတော့သည်။

"ရှင်က ကျွန်မကို မကြိုက်လို့လား"

သူမသည် ထိုစကားကို ပြောလိုက်ပြီးသည်နှင့်ချက်ချင်း သူမ၏မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်ကာ နဥ်ရှောက်ပိုင်ဘက်သို့ ခုန်အုပ်လိုက်တော့သည်။

နဥ်ရှောက်ပိုင်မှာ ပြန်ဆုတ်ဖို့ရန် နေရာမရှိတော့ဘဲ သူ့လက်များကို သူပခုံးပေါ်သို့တင်ထားရကာ သူ့အသက်ရှူသံကလည်း အနည်းငယ် မတည်မငြိမ်ဖြစ်သွားတော့သည်။ "ကလေးမ ကျေးဇူးပြုပြီးတော့ ကိုယ့်ဟာကိုဆင်ခြင်စမ်းပါ"

ရှမြန်သည် သူ၏ထိတ်လန့်နေသည့်အကြည့်ကို မြင်ရလေလေ သူ့ကိုပိုပြီးတော့ စနောက်ချင်လေလေ ဖြစ်နေ၏။ သူမက လက်ကိုဆန့်လိုက်ပြီး သူ့လက်ကို လှမ်းဆွဲလိုက်လေသည်။

"ကိုယ့်ဟာကိုယ် ဆင်ခြင်တယ်ဆိုတာက ဘာလဲ။ အဲဒါက စားလို့ရလို့လား"

သူမက လိုချင်တပ်မက်နေသည့် မျက်လုံးများဖြင့် နဥ်ရှောက်ပိုင်ကို ကြည့်လိုက်ပြီး ရုတ်တရက်ဆိုသလို နဥ်ရှောက်ပိုင်၏ အားကစားဝတ်စုံဇစ်ကို မျှော်လင့်မထားဘဲ ရုတ်တရက်ဆွဲချလိုက်ကာ အထဲက တင်းကျပ်နေသည့်စွပ်ကျယ်မှာ ချွေးများဖြင့်ရွှဲနစ်နေသည်ကို တွေ့လိုက်ရလေသည်။

ချောမွေ့နေသည့် ကြွက်သားလှိုင်းများကို ခပ်ရေးရေးလေး မြင်နေရ၏။

ရှမြန်မှာ မနေနိုင်တော့ဘဲ လေချွန်မိတော့သည်။ "ဝိုး ကောင်းလိုက်တဲ့ ခန္ဓာကိုယ်ပုံရိပ်ပဲ"

နဥ်ရှောက်ပိုင်၏ လည်ဇလုတ်မှာ မသိမသာ လိမ့်တတ်သွားပြီး ရုတ်တရက်ဆိုသလို ရှမြန်၏မျက်နှာကို တိုက်ခိုက်လိုက်တော့သည်။ ရှမြန်က နောက်သို့ပြန်လှည့်ချလိုက်ပြီး နှစ်ယောက်သားက တစ်ဖန် စတင်တိုက်ခိုက်ကြတော့သည်။

ခဏအကြာတွင် ရှမြန်က ရုတ်တရက် အော်ဟစ်လိုက်၏။

"အား နာတယ် နာတယ်"

နဥ်ရှောက်ပိုင်သည် သူမ၏လက်ကောက်ဝတ်ကို ကိုင်ထားသည့် သူ့လက်ကို မြန်မြန်လွှတ်ပေးလိုက်၏။

"ဘာဖြစ်လို့လဲ"

ရှမြန်က သူ့လက်မောင်းကို လှမ်းဆွဲထားလိုက်ကာ စတင်အော်ပြောတော့သည်။ "ကျွန်မခြေထောက် ကြွက်တက်သွားပြီ။ မြန်မြန်လုပ်ပါ။ မြန်မြန်လုပ်ပါဦး"

"ခံသင့်တယ်လေ။ မင်းကို သွေးပူလေ့ကျင့်ခန်းမလုပ်နဲ့လို့ ဘယ်သူက ပြောထားလို့လဲ" နဥ်ရှောက်ပိုင်က ထိုသို့ပြောလိုက်သော်ငြားလည်း မြန်မြန်ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ သူမ၏ကြွက်သားများကို ဆွဲဆန့်ပေးဖို့ရာ သူ့လက်ဖြင့် သူမ၏ခြေထောက်ကို ဖမ်းဆွဲလိုက်လေသည်။

ရှမြန်က ရှုံ့မဲ့ကာ ပြောလိုက်၏။

"ကျွန်မရဲ့ချွေးနံ့ကို ရှင်စိတ်ထဲ မထည့်ဘူးလား" ထို့နောက်တွင် သူမကသူမ၏ခြေထောက်များကို လှုပ်ရှားလိုက်ကာ အဓိပ္ပာယ်ပါပါဖြင့် မေးလိုက်၏။ "ကျွန်မရဲ့ခြေထောက် နံနေလား"

နဥ်ရှောက်ပိုင်က မျက်စောင်းထိုးလိုက်ပြီး သူ့လက်ထဲတွင် အားထည့်လိုက်တော့သည်။

ရှမြန်မှာ ချက်ချင်းဆိုသလို အော်ဟစ်ရတော့သည်။

"အား ချမ်းသာပေးပါ အစ်ကိုကြီး။ ကျွန်မကို ချမ်းသာပေးပါ။ ကျွန်မထပ်ပြီးတော့ မလုပ်ရဲတော့ပါဘူး"

နဥ်ရှောက်ပိုင်က လွှတ်ပေးလိုက်သည်။ ရှမြန်က ရုတ်တရက်ဆိုသလို သူ့အပေါ် ခုန်အုပ်လိုက်သော်ငြားလည်း တစ်ဖက်လူက ဒါကို မျှော်လင့်ထားမိဟန်တူသည်။ သူက ကြမ်းပြင်ပေါ်သို့ လှိမ့်ချလိုက်ပြီး သူ၏ရှည်လျားနေသည့်ခြေတံဖြင့် ပြေးထွက်သွားလိုက်ရာ ရှမြန်မှာ လွဲချော်သွားတော့သည်။

ထို့နောက်တွင်တော့ သူမက သူ့အပေါ်ထပ်ပြီး မခုန်အုပ်ရသေးခင်မှာပင် သူမက သူ့အနားကိုထပ်ပြီး ကပ်လာမှာကို တားမြစ်ဖို့ရန် သူမ၏ခေါင်းပေါ်သို့ သူ့လက်များကို တင်ထားလိုက်တော့သည်။ သူက ခြိမ်းခြောက်လိုက်၏။ "မင်းရဲ့မွေးနေ့လက်ဆောင်ရော လိုချင်သေးလား"

ရှမြန်မှာ ချက်ချင်းပင်နာနာခံခံဖြင့် ပြန်ထိုင်ချလိုက်သည်။

"ဒါဆိုရင် ဒီနှစ်တော့ ရှင် ကျွန်မကို ဒေါသထွက်အောင် ထပ်ပြီးတော့ လုပ်လို့မရဘူးနော်"

နဥ်ရှောက်ပိုင်က သူ့အပြစ်ကိုဝန်ခံဖို့ရန် ငြင်းဆန်လိုက်လေသည်။ "ငါက ဘယ်တုန်းက မင်းကို ဒေါသထွက်အောင်လုပ်လို့လဲ"

ရှမြန်က ပြောလိုက်၏။

"ကျွန်မ၁၇နှစ်ပြည့်မွေးနေတုန်းက ရှင် ကျွန်မကို နားကပ်လှလှလေး၁ရံ ပေးခဲ့တယ်လေ။ ရှင် ကျွန်မကို ဒေါသထွက်အောင် လုပ်တာ မဟုတ်ဘူးဆိုရင် ဘာတတ်နိုင်သေးလို့လဲ"

သူမသည် ထိုအကြောင်းကို ပြောသည့်အချိန်တိုင်း အလွန်မှဒေါသထွက်မိလေသည်။ "ကျွန်မမှာ နားပေါက်မှ မရှိဘဲနဲ့။ နားကပ်က လှတော့လှပါရဲ့။ ကျွန်မဒါကို ဝတ်လို့မရဘူးလေ"

နဥ်ရှောက်ပိုင်က ပြောလိုက်၏။ "မင်းက အဲဒီနားကပ်ကို ကြိုက်တာလား"

ရှမြန်က ပြောလိုက်သည်။ "ကြိုက်တာပေါ့ရှင့်။ ကျွန်မက ဒီနားကပ်ကို မကြိုက်ဘူးဆိုရင် ဘာလို့ ဒေါသထွက်နေဦးမှာလဲ။ ဗိုက်ဆာနေတဲ့ လူတစ်ယောက်ရဲ့ရှေ့မှာ ဝက်လက်တစ်ချောင်း ချထားတာနဲ့ ဘာကွာလို့လဲ။ အရမ်းကိုလူမဆန်တာပဲ"

နဥ်ရှောက်ပိုင်က ပြောလိုက်၏။ "မင်းက နားဖောက်လိုက်လို့ရတာပဲလေ"

ရှမြန်က ဒေါသတကြီး ပြောလိုက်တော့သည်။ "ရှင်ဟာလေ ကျွန်မကို တမင်သက်သက် ဒေါသထွက်အောင် လုပ်ဖို့ကြိုးစားနေတာပဲ"

သူမကလည်း နားပေါက်ဖောက်ဖို့ စဉ်းစားခဲ့သေးသည်။ ဒါပေမဲ့ ဒီခေတ်မှာ နားပေါက်ဖောက်ဖို့ရန်က အမြန် လုပ်လို့ရတဲ့ဟာမျိုး မဟုတ်ဘူးလေ။ လုပ်မယ်ဆိုရင်လည်း ရှေးအကျဆုံးနည်းလမ်းကို သုံးရလိမ့်မယ်။ စပါးစေ့ကို သုံးပြီး နားသီးကို ပါးလာအောင်လုပ်ရမယ်။ ပြီးမှ ပန်းထိုးအပ်နဲ့ ဖောက်ပြီးတော့ လက်ဖက်ရိုးကို ထည့်ထားရမှာလေ...

စဉ်းစားလိုက်ရုံနဲ့တင် ကြောက်ဖို့ကောင်းတဲ့ကိစ္စပဲ။ ဒါပေမဲ့ အလှအပရေးရာအတွက် ဒီလိုစွန့်စားမှုမျိုး လုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ အဲဒီလိုမှမဟုတ်ဘူးဆိုရင် နောက်လာမဲ့ ဆယ်စုနှစ်အတွင်း နားကပ် ဝတ်လို့မရဘဲ နေဦးမယ်။

သို့သော်ငြားလည်း ရှ၀မ်ယွဲ့က စလုပ်ပေးသည်နှင့်ချက်ချင်း သူမက လက်လျှော့လိုက်တော့သည်။ ဒါက အလွန်မှ နာကျင်လွန်းလှ၏...

ထိုအချိန်က နဥ်ရှောက်ပိုင်သည် သူမကို ဒီအတိုင်း စောင့်ကြည့်နေကာ ပီတိဖြာနေလေ၏။ သို့သော်ငြားလည်း သိပ်မကြာခင် သူမ၏၁၇နှစ်ပြည့်မွေးနေ့တွင် သူသည် သူမကို နားကပ်လှလှလေး၁ရံ ပေးတော့သည်။

ဆိုးလိုက်တာ။

နဥ်ရှောက်ပိုင်က သူမကိုကြည့်လိုက်ကာ ရုတ်တရက်ပြုံးပြီး ပြောလိုက်၏။ "ငါ မင်းအတွက် နားပေါက် ဖောက်ပေးရမလား"

"တကယ်လား" ရှမြန်ကမေးလိုက်သည်။ "နာမှာလား"

သူမ၏ မျက်လုံးများက လင်းလက်သွားပြီး မေးလိုက်လေသည်။ "ရှင်က ဒေါက်တာတစ်ယောက်ဆိုတော့ ထုံဆေးထိုးလို့ရလား"

နဥ်ရှောက်ပိုင်က သူမ၏ခေါင်းကို လှမ်းခေါက်လိုက်ကာ ပြောလိုက်လေသည်။ "မင်းက ဘာတွေစဉ်းစားနေတာလဲ။ ထုံဆေးဆိုတာက ညွှန်ကြားချက်ပါမှ သုံးလို့ရတဲ့ဆေး။ ဒါတွေကို သာမန်ကာလျှံကာ သုံးမယ်ဆိုရင် တရားမဝင်ဘူး"

ရှမြန်က သက်ပြင်းချလိုက်ကာ "ဒါဆိုရင် ကျွန်မက ဘယ်လိုလုပ်ရမှာလဲ"

နဥ်ရှောက်ပိုင်ကတော့ ဘာမှမဖြစ်သလို ပြောလိုက်၏။ "မင်းက စိုးရိမ်နေတယ်ဆိုမှတော့လည်း ထားလိုက်တော့လေ"

"မဟုတ်ပါဘူး မဟုတ်ပါဘူး" ရှမြန်က နဥ်ရှောက်ပိုင်၏လက်ကို ဖမ်းဆွဲထားလိုက်ကာ "ကျွန်မကို ကူပြီးတော့ နားဖောက်ပေးပါနော်။ ဒါက မနာဘူးဆိုတာတော့ သေချာတယ်မဟုတ်လား"

နဥ်ရှောက်ပိုင်က သူမ၏လင်းလက်နေသည့်မျက်လုံးများကို ကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်လေသည်။ "ဟုတ်ချင်ဟုတ်မှာပေါ့"

ဘော့စ်နဲ့ဆိုရင်တော့ အဆင်ပြေမှာပါ။ ရှမြန်က ဝမ်းသာသွားတော့သည်။

"ဒါဆိုရင် ကျွန်မတို့တွေ ဘယ်တော့နားဖောက်ကြမှာလဲ"

နဥ်ရှောက်ပိုင်က ပြောလိုက်သည်။ "မင်းရဲ့အသက်၁၈နှစ်ပြည့် မွေးနေ့လက်ဆောင်လို့ မှတ်လိုက်ပေါ့"

ရှမြန်၏မျက်လုံးများမှာ ဝိုင်းစက်သွားတော့သည်။ "ဒါက ကျွန်မအတွက် အရေးကြီးတဲ့ မွေးနေ့တစ်ခုလေ။ ရှင်က နားဖောက်ပေးတာကို မွေးနေ့လက်ဆောင်တစ်ခုလို့ ပြောနေတယ်။ ရှင်က ဒါကို ဝတ်ကျေတန်းကျေ ပြောလိုက်တာပဲ"

နဥ်ရှောက်ပိုင်က ထိုအကြောင်းကို စဉ်းစားလိုက်ပြီး ပြောလိုက်လေသည်။ "နည်းနည်းတော့ ဝတ်ကျေတန်းကျေနိုင်ပါတယ်"

ရှမြန်က ဝမ်းသာဖို့ရန် အချိန်မရသေးခင်မှာပင် သူက ဆက်ပြောလိုက်၏။ "ဒါဆိုရင်လည်း အဆင့်မြင့်သင်ကြားရေးစာအုပ်တချို့ ပို့ပေးလိုက်မယ်လေ။ ဒါတွေက မင်းရဲ့အထက်တန်း စာသင်နှစ်အတွက် အသုံးဝင်မှာပါ"

ရှမြန်က အလွန်မှ ဒေါသထွက်သွားသဖြင့် ရှေ့သို့အရှိန်နှင့်ပြေးဝင်သွားကာ သူ့ကို ကိုက်တော့သည်။

"ရှင်ဟာလေ အရမ်းလွန်သွားပြီ"

နဥ်ရှောက်ပိုင်က သူမ၏ပါးစပ်ကို လက်ဖြင့်အုပ်ထားပြီး သူ့လက်ဖဝါးပေါ်က အသက်ရှူသံသည် သူ့အသံကို အနည်းငယ် မသဲမကွဲ ဖြစ်သွားစေတော့သည်။ "မင်းရဲ့အသက်၁၉နှစ်မွေးနေ့ကျရင် မင်းကိုကျေနပ်စေမဲ့ တစ်ခုခုပေးမယ်လို့ ကတိပေးပါတယ်"

ရှမြန်က သူ့လက်ကို ရိုက်ထုတ်လိုက်ကာ ဒေါသဖြင့်ပြောလိုက်၏။ "ရှင်က ကျွန်မရဲ့ အသက်၁၈နှစ်ပြည့် အရေးကြီးတဲ့မွေးနေ့တစ်ခုကို ဒီအတိုင်းအရမ်းကို သာမန်ကာလျှံကာ သဘောထားတာပဲ။ ရှင်က ကျွန်မကို အသက်၁၉နှစ်မွေးနေ့လက်ဆောင်ကိုတောင် မျှော်လင့်ခိုင်းရဲသေးတယ်နော်"

နဥ်ရှောက်ပိုင်က သူ့လက်ဖဝါးကိုအမှတ်တမဲ့ ထိကိုင်လိုက်ပြီး ခပ်တိုးတိုးရယ်မောလိုက်လေသည်။

"ငါ့အတွက်တော့ အသက်၁၉နှစ်မွေးနေ့က ပိုပြီးတော့အရေးကြီးတယ်"

အသက်၁၈နှစ်မှာ ချစ်ကြိုက်လို့မရသေးဘူးလေ။ ဒီတော့ အသက်၁၉နှစ်က သေချာပေါက်တူမှာ မဟုတ်ဘူးပေါ့။

ရှမြန်ကတော့ နားမလည်နိုင်အောင်ဖြစ်သွား၏။

"ဒါကလည်း ဘယ်လိုစကားပုံမျိုးလဲ။ ကျွန်မ အရင်က ဒါကို တစ်ခါမှမကြားဖူးပါဘူး"

"မင်း အခု ဒါကို ကြားဖူးသွားပြီလေ" နဥ်ရှောက်ပိုင်က ပြောလိုက်သည်။ "ဒီတော့ မင်း အသက်၁၈နှစ်မှာ စာကိုပဲ ကြိုးစားသင့်တယ်"

...

All Chapters