← Chapters

အပိုင်း(၁၃၄)

Vol. 9 Ch. 134

အပိုင်း(၁၃၄)

Vol. 9 Ch. 134

သာ့ကျင်း၈ယောက်တို့အဖွဲ့ အဖမ်းခံခဲ့ရပြီးနောက်တွင် အမှတ် ၁၄ အထက်တန်းကျောင်းက လူမိုက်များသည် လုံးဝငြိမ်သက်သွားတော့သည်။

ပထမအချက်အနေနှင့် မုန်တိုင်းဗဟိုတွင် ရှိနေခဲ့ကြသည့် လူမိုက်များသည် ပြဿနာထဲသို့ ပြေးဝင်မလာကြရဲတော့ချေ။ ဒုတိယအချက်အနေဖြင့် အမှတ်၁၄အထက်တန်းကျောင်းသည် ကျောင်းနာမည် တော်တော်လေး မကောင်းသည်ကို ခံစားမိခြင်းကြောင့်ဖြစ်မည်။ ထိုကြောင့် သူတို့သည် ကျောင်းစည်းကမ်းများကို အပြင်းအထန် ပြုပြင်ခဲ့ကြ၏။ လူမိုက်များအားလုံးမှာ အချိန်တိုအတွင်း ပျောက်ကွယ်သွားကြတော့သည်။

ယန်တက္ကသိုလ် တွဲဖက်အထက်တန်းကျောင်းကလည်း သူ၏ယခင်က အေးချမ်းမှုများ ပြန်လည်ရရှိခဲ့သည်။

ဒုတိယနှစ်သို့ ကျောင်းပြောင်းလာသည့် ဟန်ဟောက်ရန်သည် သူ၏လတ်ဆတ်မှုကို အချိန်အကြာကြီး ထိန်းသိမ်းနိုင်ခဲ့၏။

အနှီဒေါင်းကောင်လေးက အမှန်ပင် အလွန်မှတက်ကြွလေသည်။ သူသည် ချောမောလှသည့်အပြင် ဘက်စုံတော်သည့် ကျောင်းသားလေးတစ်ယောက်လည်း ဖြစ်၏။ သူသည် နှစ်လည်စာမေးပွဲတွင် အဆင့်တတိယနေရာ စာရင်းဝင်သွားသည့်အချိန်တွင် မနှစ်က ရှမြန်လုပ်ခဲ့သည့် စိတ်လှုပ်ရှားမှုထက်ပင် ပိုပြီးတော့ ကြီးမားနေကာ သူသည်ကျောင်းထဲတွင် နာမည်ကြီးတစ်ယောက် ဖြစ်လာတော့သည်။

အထက်တန်းပထမနှစ်က ငယ်ရွယ်သည့်မိန်းကလေးများနှင့် အထက်တန်းတတိယနှစ်က ကျောင်းသူဟောင်းများ အားလုံးက ဆင်းလာပြီး သူ့ကိုတွေ့ကြသည်။ ဒီကောင်လေးသည် လေအေးပေးစက်တစ်ခု ဖြစ်ရသည်ကို တော်တော်လေး ကြိုက်၏။ သူသည် အမြဲလိုလို မိန်းကလေးများအပေါ် သိမ်မွေ့ညင်သာပြီး ယဉ်ကျေးသည်။ မိန်းကလေးများကတော့ သူ့ကို လုံးဝကို စွဲလန်းနေတော့၏။

အစပိုင်းတွင်တော့ ဒီကိစ္စက ရှမြန်နှင့် ဘာမှမပတ်သက်ခဲ့ချေ။ သို့သော်ငြားလည်း ဟန်ဟောက်ရန်က သူမကို ကြိုက်နေသည့်အကြောင်း တစ်နေရာရာမှ ကောလာဟလ ထွက်လာတော့သည်။

တချို့လူများက သူတို့နှစ်ယောက်ကို "ရွှေသားကောင်လေးနှင့် ကျောက်စိမ်းမိန်းကလေး" ဟူ၍ နာမည်ပေါင်းပြီးတော့ပင် ပေးကြသေးသည်။

ရှမြန်က ထိုစကားကို ကြားရသည့်အချိန်တွင် သူမ၏ပါးစပ်ထဲမှ ရေများကိုပင် ထွေးထုတ်မိသွားတော့၏။

"ဘယ်သူက အဲဒီလောက်တောင် ပျင်းနေကြတာလဲ"

ဆွန်းယွဲ့ရှင်းကတော့ ဒီလိုဖြစ်လာသည်ကို မြင်ရသည်မှာ ပျော်ရွှင်နေတော့သည်။ "ဟားဟား ထျန်းရွှယ်ယာကတော့ ဒေါသထွက်လွန်းလို့ သေတော့မယ် ထင်တယ်"

ရှမြန်က မျက်စောင်းထိုးလိုက်သည်။

"ထျန်းရွှယ်ယာကို ဒီအတိုင်းလွှတ်ထားလိုက်စမ်းပါ။ နင်တို့တွေက ငါနဲ့ အဲဒီပင်လယ်ဘုရင်ကို တကယ်ပဲ တွဲပေးစေချင်နေတာလား"

"ပင်လယ်ဘုရင် ဟုတ်လား" လီလီကျန်းက နားမလည်စွာဖြင့် မေးလိုက်လေသည်။

ရှမြန်က ထိုအကြောင်းကို စဉ်းစားလိုက်ပြီး ဒီခေတ်အခါတွင် လေအေးပေးစက်ဟူသည့် စာလုံးလည်း မရှိသလို ပင်လယ်ဘုရင်ဟူသည့် စကားလုံးလည်း မရှိသည်ကို စဉ်းစားမိလိုက်ပြီး သူမက ရှင်းပြလိုက်လေသည်။ "ပင်လယ်ထဲက ငါးဖမ်းဘုရင်ဆိုတာ ငါးတွေ ပိုရဖို့အတွက် ပိုက်ကွန်အကြီးကြီးတစ်ခုကို ချပြီးတော့ သူ လိုချင်တာမှန်သမျှကို ဖမ်းလို့ရတယ်လေ"

ဆွန်းယွဲ့ရှင်းက ထိုအကြောင်းကို စဉ်းစားလိုက်ပြီး "ဒါတော့ အမှန်ပဲ။ အဲဒီကောင်က နေ့တိုင်းမိန်းကလေးတွေကို ဘယ်လို ကျီစယ်ရမလဲဆိုတာပဲ သိတယ်။ သူက လူကောင်းတစ်ယောက် မဟုတ်ပါဘူး။ ငါတို့ရဲ့ရှမြန်က သူ့ကို သေချာပေါက် မကြိုက်နိုင်ပါဘူး"

ရှမြန်က နှစ်နှစ်ခြိုက်ခြိုက်ဖြင့် ပြောလိုက်၏။ "ငါနားလည်ပါတယ်။ ငါက အထက်တန်းကျောင်းမှာ ရည်းစားထားမှာမဟုတ်ပါဘူး"

"ရပါတယ်လေ။ နင်ပဲပြောခဲ့တာမဟုတ်လား။ သူက ပိုက်ကွန်အကြီးကြီး ချချင်တာလို့လေ။ ဒီတော့ သူက ဒီကိစ္စကို သိပ်မကြာခင် သေချာပေါက် ရှင်းလင်းမှာပါ"ဆွန်းယွဲ့ရှင်းက ပြောလိုက်၏။

"ငါတို့တွေကတော့ တတ်နိုင်သလောက် ထျန်းရွှယ်ယာကို ဒေါသထွက်အောင်လုပ်ရမှာပဲ"

လီလီကျန်းကလည်း အော်ရယ်လိုက်သည်။ "ဟန်ဟောက်ရန်က သူ့အတွက် အဲဒီတုန်းက ရပ်တည်ပေးဖို့ သူ လှုံ့ဆော်ခဲ့တဲ့အချိန်တုန်းက ဟန်ဟောက်ရန်က ငါတို့ရဲ့ ရှမြန်နား တွယ်ကပ်နေတာတွေ မလုပ်တော့ဘူးလေ။ သူ ဘယ်လောက်တောင်မှ ရှက်ရွံ့သွားလဲ မသိလို့နော်။ နင်တို့တွေ"

ဆွန်းယွဲ့ရှင်းက သူမ၏ပေါင်ကို ဝမ်းသာအားရပြန်ရိုက်လိုက်ပြီး "ဟုတ်တယ်။ သူနဲ့ ဟန်ဟောက်ရန်တို့ တွဲနေကြပါတယ်ဆိုတဲ့ ကောလာဟလ ထွက်လာတာနဲ့ ချက်ချင်း ဟန်ဟောက်ရန်က သူတို့တွေ အချင်းချင်း ဘာမှမပတ်သက်ပါဘူးလို့ ကိုယ်တိုင်ဖြေရှင်းချက်ပေးခဲ့တယ်လေ။ ရှမြန်နောက်ကိုတောင် လိုက်ပြီး တောင်းပန်ပြီးတော့ တာဝန်ယူပေးခဲ့တာပဲ"

"သူလည်း အဲဒီတုန်းက တကယ်ရှက်သွားမှာပဲ။ နောက်ပိုင်းကျတော့ သူ့အတန်းဖော်တွေက သူနဲ့ဟန်ဟောက်ရန်တို့ တွဲနေတဲ့သတင်းကို သူကိုယ်တိုင်ကပဲ အကြောင်းအရာ တစ်ဝက်ချန်လှပ်ပြီး သတင်းဖြန့်ခဲ့တာကို သိခဲ့တယ်လေ။ ဒါက နားလည်မှုလွဲသွားစေနိုင်တာပေါ့။ အခန်း၆ထဲက ဘယ်သူကမှ သူ့ကို ဆက်ပြီးတော့ ဂရုမစိုက်ချင်ကြတော့ဘူးလေ"

"ဒါပေမဲ့ သူက တော်တော်လေးကို အရှက်မဲ့တာပဲ" လီလီကျန်းက ပြောလိုက်သည်။

"သူက ဟန်ဟောက်ရန်ကို အရမ်းကို ရိုရိုကျိုးကျိုးနဲ့တောင်မှ တောင်းပန်ခဲ့ပြီးတော့ သူက သူပြုမူခဲ့တာတွေကို ပြင်ဆင်ပါမယ်လို့လဲ ပြောခဲ့သေးတယ်တဲ့"

"ဟန်ဟောက်ရန်ကတော့ သူနဲ့ မငြင်းနိုင်တော့ပါဘူး။ ဒီလိုနဲ့ပဲ သူက သူ့ကို ခွင့်လွှတ်ပေးခဲ့တာလေ"

"အဲဒီနောက်မှာတော့ သူက တောင်းပန်ချင်ပြီး ကျေးဇူးတင်စိတ်ကို ဖော်ပြချင်တယ်လို့ ပြောပြီးတော့ ဟန်ဟောက်ရန်ကို အစားအသောက်တွေကို ပို့ပေးတယ်။ ဖျော်ရည်နဲ့ လက်ဆောင်တွေလည်း ပို့ပေးခဲ့တယ်လေ။ အခုဆိုရင် သူက ဟန်ဟောက်ရန်ကို လိုက်နေတဲ့အကြောင်း ကျောင်းထဲကလူတိုင်းက သိသွားလောက်ပြီ ထင်တယ်"

ဒီအချိန်တွင်တော့ သူမက သက်ပြင်းချလိုက်၏။ "ဟန်ဟောက်ရန်ဆိုတာကလည်း အရမ်းကို အရှက်မဲ့ပြီးတော့ တကယ်သတင်းစုံတာပဲ"

ဆွန်းယွဲ့ရှင်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ "ဟန်ဟောက်ရန်ကတော့ ဒါကို မမြင်ဘူးလို့တော့ ငါတော့ မယုံပါဘူး"

လီလီကျန်းက သူမ၏နှုတ်ခမ်းများကို ကွေးထားလိုက်ကာ "သူက ဒါကိုပဲ သာယာနေတာလေ"

"ဒီတော့" ဆွန်းယွဲ့ရှင်းက ရှမြန်ကို နှစ်သိမ့်လိုက်လေသည်။ "တကယ်လို့ သူက လူတွေအများကြီးနဲ့ ဆက်ပြီး အီစီကလီ လုပ်ချင်တယ်ဆိုရင် သူက တစ်ယောက်ယောက်နဲ့ အီစီကလီ လုပ်နေပါတယ်လို့ သေချာပေါက်ဝန်ခံမှာ မဟုတ်ဘူး။ ဒီစကားကလည်း ပျံ့လာတာ အရမ်းကို သိသာတယ်ဆိုတော့ ငါ့အထင် သူ ဒါကို သိပ်မကြာခင် ရှင်းလင်းလိမ့်မယ်"

ရှမြန်က ပြုံးကာပြောလိုက်၏။

"ဟုတ်ပါပြီ။ ငါတို့တွေ အားလုံးက အတန်းဖော်နဲ့ သူငယ်ချင်းတွေပဲလေ"

သူတို့၃ယောက်မှာ မအော်ရဲဘဲ မနေနိုင်တော့ချေ။ ဒါသည် ဟန်ဟောက်ရန်ဆီမှ လက်သုံးစကား ရှင်းလင်းချက်တစ်ခုဟု မှတ်ယူနိုင်ပေသည်- သူနဲ့ငါက ဒီအတိုင်း အတန်းဖော်သူငယ်ချင်းတွေပါပဲ။

နောက်ဆုံး ဟန်ဟောက်ရန်က ရှမြန်နှင့် ပတ်သက်သည့်ကိစ္စကို ရှင်းလင်းခဲ့သည်လားတော့ မည်သူကမှ မသိချေ။ စာသင်နှစ်ကုန်ဆုံးဖို့ နီးကပ်လာသည်နှင့်အမျှ အလုပ်တာဝန်များကလည်း တိုးလာခဲ့သည်။ သူတို့သည် အခန်းတစ်ခုတည်း မဟုတ်ကြချေ။ တစ်ယောက်က စိတ်ကြိုက်ဝိဇ္ဇာတွဲတွင် ရှိကာ ကျန်သည့်တစ်ယောက်က သိပ္ပံတန်းတွင်ရှိသည်။ ထို့ကြောင့် သူတို့တွင် တူညီသည့်အရာများက မရှိသလောက် ဖြစ်နေပြီး ကောလာဟလကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

သူမ၏ကျောင်းတွင်း ဆောင်ရွက်ချက်နှင့် သူမ သူငယ်ချင်းများ၏ စာပေပိုင်းဆိုင်ရာ ဆောင်ရွက်ချက်များက လွဲလျှင် ရှမြန်သည် နားဖောက်ဖို့အရေးကို စဉ်းစားနေခဲ့လေသည်။

နဥ်ရှောက်ပိုင်ကတော့ ငါ့အတွက် ဘယ်လိုလုပ်ပေးဖို့ စဉ်းစားထားလဲမသိဘူး။

ရုံမိသားစုတွင်_

နဥ်ရှောက်ပိုင်သည် ဆိုဖာပေါ်တွင်ထိုင်နေပြီး သူ့လက်ထဲက ဆေးသေတ္တာဗူးကို မွှေနှောက်နေ၏။

သူ့ဘေးတွင် ထိုင်သည့် ရုံရှင်းက ဒါကို မယုံမကြည်ဖြစ်နေတော့သည်။ "အစ်ကိုပိုင် အစ်ကို တကယ်ပဲ ကျွန်တော့်ကို နားဖောက်ပေးမလို့လား"

နဥ်ရှောက်ပိုင်က ခဏလောက် ချီတုံချတုံဖြစ်သွားပြီး နှံစားပြောင်း၊ ပဲနီ၊ ပဲဝါတို့အကြားတွင် ရွေးချယ်မှုပြုလုပ်နေလေသည်။ သူက ပိုပြီးကျယ်သည့် ဖိအားခံနိုင်ရည်ရှိသည့် မျက်နှာပြင်တစ်ခု ရှိသည့်ပဲဝါကို ရွေးချယ်လိုက်ပြီး ကိုယ်ကိုလှည့်ကာ သူ့လက်ကို မြှောက်လိုက်ပြီးနောက် ပြောလိုက်လေသည်။ "ဒီကိုလာပြီးတော့ မင်းရဲ့နားကိုလာပြ"

ရုံရှင်းက နာနာခံခံဖြင့် ရောက်လာပြီး စိတ်လှုပ်ရှားကာ ပြောလိုက်လေသည်။ "အစ်ကိုပိုင် အစ်ကိုက တကယ့်ကို စေတနာကောင်းတာပဲ။ အစ်ကို မသိလို့နော် ကျွန်တော်က နားဖောက်ချင်တယ်လို့ ပြောလိုက်ရုံပဲရှိသေးတယ်။ လူအများကြီးက ကျွန်တော့်ကိုရယ်မောကျပြီးတော့ ကျွန်တော့အဖေကတောင် ကျွန်တော့်ကို ဆူလိုက်သေးတယ်လေ"

"နောက်ဆုံးတော့ အစ်ကိုက ကျွန်တော့်ကို ထောက်ခံပေးလိမ့်မယ်လို့ ထင်တောင်မထင်ထားခဲ့ဘူး"

"အစ်ကို ကျွန်တော့်ကို ပေးတဲ့ ဟောင်ကောင်မင်းသားရဲ့ဓာတ်ပုံထဲမှာ နားကပ်နဲ့တကယ်မိုက်တာပဲ"

"ကျွန်တော်ရဲ့မျက်နှာကျပုံကလည်း သူနဲ့ဆင်တယ်လေ။ ဒီတော့ ကျွန်တော်လည်းသေချာပေါက် ကြည့်လို့ကောင်းမှာပဲ"

နဥ်ရှောက်ပိုင်က သူ ပေါက်ပေါက် ဖောက်နေသည်ကို ဘာမှတ်ချက်မှမပေးဘဲ နားထောင်နေလေသည်။ သူသည် ပဲပိစပ်ဖြင့် သူ့နားသီးကို ဖြည်းဖြည်းချင်း လှိမ့်နေပြီးနောက် မေးလိုက်လေသည်။ "နာလား"

ရုံရှင်းကပြောသည်။ "မနာဘူး။ အစ်ကိုပိုင် အစ်ကို အားလေးနည်းနည်းတောင် ထပ်သုံးလို့ရသေးတယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ဒါကိုပွတ်နေရတာ အချိန်ဘယ်လောက်တောင် ကြာမှာလဲမသိဘူး"

နဥ်ရှောက်ပိုင်က သူ့အားကို မသိမသာ ထပ်ထည့်လိုက်လေသည်။ "ဒီလိုလား"

ရုံရှင်းက အလိုလို မျက်မှောင်ကြုတ်သွားသဖြင့် နဥ်ရှောက်ပိုင်က ချက်ချင်းဆိုသလို သူ့လှုပ်ရှားမှုကို နှေးထားလိုက်သည်။

ရုံရှင်းက အနည်းငယ်အံ့သြသွား၏။ "ရပါတယ်။ နည်းနည်းလေး နာတာကတော့ သည်းခံနိုင်ပါတယ်"

နဥ်ရှောက်ပိုင်ကတော့ ဘာမှမပြောဘဲ သူ့ခွန်အားကို နှေးကွေးဖို့ ကြိုးစားနေလေသည်။

ရုံရှင်းက ဒါကိုခံစားမိသွားပြီး မြှောက်ပင့်ကာပြောတော့၏။ "အစ်ကိုပိုင် အစ်ကိုက ကျွန်တော့်အပေါ် ညင်သာနေတာပဲ။ ကျွန်တော် ဒါကိုတောင် အသားမကျတော့ဘူး"

နဥ်ရှောက်ပိုင်က သူ့ကို လျစ်လျူရှုထားပြီး သူ့ခွန်အားအားလုံးကိုသုံးကာ သူ့နားသီးကို ဆက်ပြီး ကြိတ်ချေနေပြီး သူ့အမူအရာက အာရုံစိုက်ထားလေသည်။

ဒါသည် အချိန်အနည်းငယ် ကြာရသဖြင့် ရုံရှင်း၏လည်ပင်းမှာ ဆန့်ထားရကာ နာကျင်လာတော့သည်။ နဥ်ရှောက်ပိုင်က အလွန်မှသိမ်မွေ့ပြီး စိတ်ရှည်နေသည်ကို မြင်လိုက်ရသဖြင့် သူက ရုတ်တရက်ဆိုသလို ပိုပြီးအတင့်ရဲလာတော့၏။ "အစ်ကို့ရဲ့လက်မောင်းကို ဒီလိုမြှောက်ထားရတော့ အရမ်းပင်ပန်းမှပဲ။ ကျွန်တော် အစ်ကို့ပေါင်ပေါ်မှာ လှဲချလိုက်မယ်ဆိုရင်ရော ဘယ်လိုလဲ။ ဒီလိုဆိုရင် အစ်ကို့ရဲ့အင်အားကိုလည်း ချွေတာရာကျတယ်လေ"

နဥ်ရှောက်ပိုင်သည် နောက်ဆုံးတော့ သူ့ကိုကြည့်လိုက်ပြီး မျက်နှာသေဖြင့် ပြောလိုက်လေသည်။

"မင်းက သေချာလို့လား"

ရုံရှင်းသည် အကြောင်းရင်း မရှိဘဲ လူသတ်လိုသည့်အရိပ်အယောင်တစ်ခုကို ခံစားမိလိုက်ပြီး ချက်ချင်းဆိုသလို လိမ်လိမ်မာမာဖြင့် မတ်မတ်ထိုင်လိုက်လေသည်။ "အဟဲ ကျွန်တော်က စတာပါ"

နဥ်ရှောက်ပိုင်က သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ကာ သူ့လက်ကိုဆက်ပြီး လှုပ်ရှားနေလိုက်၏။ ရုံရှင်း၏လည်ပင်းမှာ တောင့်တင်းလာသည်။ သူ့နားသီးကလည်း ထုံထိုင်းလာခဲ့သည်။ နဥ်ရှောက်ပိုင်က ဘူးသေးလေးတစ်ခုကို ဖွင့်လိုက်သည်။

အထဲတွင်တော့ နားဖောက်သည့် ရွှေအပ်တစ်တန်းရှိနေ၏။

ရုံရှင်းသည် ချက်ချင်းဆိုသလို ရင်ထဲထိသွားကာ ပြောလိုက်တော့သည်။ "ဒီတော့အစ်ကို အစ်ကိုက အရင်ကတည်းက ဒီကိစ္စတွေအားလုံးကို ပြင်ဆင်လာခဲ့တာပေါ့နော်။ အပ်ကလည်းပဲ တော်တော် ချွန်ဖို့လိုသေးတယ်လေ။ ဖောက်ဖို့အတွက်လည်း မာဖို့လိုသေးတယ်။ ရွှေပြားကလည်း အသားအရေ ဓာတ်မတည့်မှုဖြစ်မှာကို ကာကွယ်ပေးတယ်။ ဒီတော့ ကျွန်တော့်နားကို ဒီအတိုင်းဖောက်လိုက်ရုံပဲပေါ့ ဟုတ်လား"

"အစ်ကို အစ်ကိုက ကျွန်တော့်အပေါ် အရမ်းကောင်းတာပဲ"

နဥ်ရှောက်ပိုင်က ဒီအတိုင်းအပ်ပုံစံတစ်ခုကို ကောက်ယူလိုက်သည်ကို မြင်လိုက်ရသဖြင့် ရုံရှင်းက ထိုပုံစံသည် ဘာထူးထူးခြားခြားလက္ခဏာမှ မရှိဘူးဟု စဉ်းစားလိုက်ကာ နောက်တစ်ခုကို ကောက်ကိုင်လိုက်ပြီး "အစ်ကို နှင်းပွင့်ပုံစံနဲ့ တစ်ခုကမှ လှတာ။ ကျွန်တော် အဲဒီတစ်ခုကို လိုချင်တယ်"

နဥ်ရှောက်ပိုင်က မကြားသလို ဟန်ဆောင်ထားလိုက်ကာ သူကြိုက်သလို ဆက်လုပ်နေတော့သည်။

ရုံရှင်းသည် သူ၏နားသီးက ခဏလောက် ဆွဲပင့်ခံလိုက်ရသလို ခံစားလိုက်ရပြီးနောက် ဘာမှဖြစ်မလာတော့ချေ။

နဥ်ရှောက်ပိုင်က သူ့တုံ့ပြန်မှုကို ဂရုတစိုက်စောင့်ကြည့်နေလိုက်ပြီး "နာလား"

ရုံရှင်းသည် သူ့ဘေးက မှန်ကိုမြန်မြန်ကောက်ကိုင်လိုက်ပြီး တစ်ချက်လောက်ကြည့်လိုက်ပြီးနောက် တအံ့တဩမေးလိုက်လေသည်။ "ပြီးသွားပြီလား"

"အစ်ကို ဆရာဝန်လက် ဖြစ်ထိုက်ပါပေတယ်။ အရမ်းကို မြန်ဆန်တာပဲ။ ကျွန်တော်တောင် ဘာမှမခံစားလိုက်ရဘူး"

သူကမှန်ထဲတွင် ဘယ်ညာကြည့်လိုက်ပြီး ဝမ်းသာအားရ ပြောလိုက်လေသည်။

"တကယ်ကြည့်လို့ကောင်းတာပဲ"

ရုံရှင်းက သူ့ခေါင်းကိုလှည့်ကာ နဥ်ရှောက်ပိုင်ကို ပြောလိုက်လေသည်။ "အစ်ကိုပိုင် မိုက်ရဲ့လား"

နဥ်ရှောက်ပိုင်က ခေါင်းကိုငုံ့ကာ ဆေးသေတ္တာကိုသိမ်းလိုက်ပြီး ပုံမှန်သာပြောလိုက်လေသည်။

"မိုက်ပါတယ်"

ရုံရှင်းက သူ၏ကျန်သည့်နားတစ်ဖက်ကို နဥ်ရှောက်ပိုင် ဘေးနားသို့ကပ်လာပြီး ပြောလိုက်လေသည်။

"အစ်ကို ကျွန်တော်ဆုံးဖြတ်ပြီးပြီ။ ကျွန်တော် ၄ပေါက်ဖောက်ချင်တယ်"

နဥ်ရှောက်ပိုင်က သူ့ခေါင်းကိုတွန်းထုတ်လိုက်ကာ "ဒီလောက်ဆိုရင် လုံလောက်ပြီ"

ရုံရှင်းမှာ တအံ့တသြဖြင့် ပြောရတော့သည်။ "လူတစ်ယောက်က ဘယ်လိုလုပ်ပြီး နားပေါက်တစ်ပေါက်ပဲ ရှိနိုင်မှာလဲ။ ၄ပေါက်မဟုတ်ဘူး ဆိုရင်တောင်မှ ၂ပေါက်တော့ရှိရမှာပေါ့။ ဟုတ်တယ်မလား"

နဥ်ရှောက်ပိုင်က သူ့ကိုဂရုတစိုက်ကြည့်ကာ ပြောလိုက်လေသည်။ "ယောက်ျားလေးတွေက ဒီလိုပုံစံမှ ပိုပြီးတော့ မိုက်တာ။ မိန်းကလေးတွေပဲ ၂ပေါက်ဝတ်တာ"

ရုံရှင်းက မျက်နှာသေဖြင့် ပြောလိုက်လေသည်။ "အစ်ကို ဒါကို ထပ်ပြီးတော့ လုပ်ကြံပြောနေတာမလား"

သူသည် ရုတ်တရက် အတွေးပေါက်လာ၏။ "အစ်ကိုက ကျွန်တော့်အတွက် လုပ်ပေးဖို့ အရမ်း ပျင်းနေတာလား"

နဥ်ရှောက်ပိုင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ "မင်းရော ဘယ်လိုထင်လဲ"

ရုံရှင်းက ဒေါသတကြီး ပြောလိုက်လေသည်။ "ကျွန်တော့ အထင်တော့ အစ်ကိုအရမ်းလွန်တာပဲ"

နဥ်ရှောက်ပိုင်က ပခုံးတွန့်ပြလိုက်ပြီး"မတတ်နိုင်ဘူးလေ။ ငါ့လူနာတွေကမှ မရှိတော့ဘဲ"

ရုံရှင်းမှာ ဒေါသဖြင့် စိုက်ကြည့်နေမိသော်ငြားလည်း ဘာတစ်ခုမှမပြောရဲချေ။

နဥ်ရှောက်ပိုင်၏ ညင်သာသည့် လက်ရာကို တွေ့ကြုံခဲ့ရပြီးသည့်နောက်တွင် သူသည် တစ်စုံတစ်ယောက်ကို မည်သို့ သည်းခံနိုင်ပါတော့မည်နည်း။

"နောက်ပိုင်းကျရင် ကိုယ့်ဟာကိုယ် အိုင်အိုဒင်းထည့်လိုက်နော်" နဥ်ရှောက်ပိုင်က ဆေးဘူးကို သိမ်းလိုက်ကာ မတ်တပ်ထရပ်ရင်း မှာလိုက်သည်။ "ဒါကို တစ်နေ့တစ်ခါ လိမ်းနော်။ တကယ်လို့ ယောင်တာ ဒါမှမဟုတ် တစ်နေရာရာမှာ သက်သောင့်သက်သာ မဖြစ်ဘူးလို့ ခံစားရရင် ငါ့ကို ချက်ချင်းပြော"

ရုံရှင်းမှာ သက်ပြင်းချလိုက်ပြီး သူ့နှလုံးသားမှာ တည်ငြိမ်သွားတော့သည်။ ထားလိုက်ပါတော့လေ။ နောက်ဆုံးတော့ အစ်ကိုပိုင်က သူ့ကိုဂရုစိုက်သေးတာပဲ။ ပုံမှန်ဆိုရင် ဒုက္ခများရတာကို မုန်းတီးတဲ့လူတစ်ယောက်အတွက် သူက နာကျင်မှာကြောက်လို့ သူ့နားကို ကိုယ်တိုင် လာဖောက်ပေးတာကို ဘယ်လိုလုပ်ပြီး မကျေနပ်ဘဲရှိနိုင်မှာလဲ။

ရုံရှင်းက မျက်ရည်များ ဝေ့ကာဖြင့် ပြောလိုက်လေသည်။ "အစ်ကိုပိုင် စိတ်မပူပါနဲ့။ ကျွန်တော် မော့ဟယ်ရဲ့ ပ‌ရောဂျက်သစ်ကို သေချာပေါက်စောင့်ကြည့်ပေးပါမယ်"

နဥ်ရှောက်ပိုင်က သူ၏ခံစားချက်များ ပြည့်နှက်နေသည့် မျက်လုံးများကိုကြည့်လိုက်ပြီး သူသည် ဘာများ စဉ်းစားနေပါလိမ့်ဟု စဉ်းစားမိလေသည်။ သူက ခဏလောက် တုံ့ဆိုင်းသွားပြီး ခေါင်းညိတ်လိုက်၏။

"လုပ်ပါ။ ငါမင်းကိုယုံပါတယ်"

ရုံရှင်းသည် ရုတ်တရက်ဆိုသလို ကြက်သွေးဖြင့် ပက်ခံလိုက်ရသလို ခံစားလိုက်ရလေသည်။

ရှမြန်သည် နောက်ဆုံးစာမေးပွဲဖြေပြီးသွားသည့်နောက်တွင် အိမ်သို့ပြန်လာခဲ့သည်။ သူမသည် မနက်ဖြန် ပိတ်ရက်၁ရက်ရသည်ကို စဉ်းစားမိသဖြင့် အလွန်မှစိတ်အခြေအနေ ကောင်းမွန်နေ၏။

သူမသည် လမ်းကြားလေးထဲသို့ ဝင်လာချိန်တွင် အဝေးမှနေ၍ အလုပ်ဆင်းပြီးအိမ်ပြန်လာသည့် နဥ်ရှောက်ပိုင်ကို မြင်လိုက်ရကာ သူမက မျက်လုံးများကို ပင့်ထားလိုက်ပြီး သူမကို တံခါးနားတွင် တွေ့လိုက်ရသဖြင့် အပြေးလာတော့မည့် ကလေး၃ယောက်ကိုရှူးတိုးတိုးဟု လက်ဟန်ပြလိုက်ပြီးနောက် နံရံထောင့်တွင် ပုန်းနေလိုက်လေသည်။

မကြာမီတွင် နဥ်ရှောက်ပိုင်၏ခြေလှမ်းများက နီးကပ်လာသည်ကို ကြားလိုက်ရ၏။ ရှမြန်က ရုတ်တရက် ပြေးထွက်သွားလိုက်ကာ

"ဝေါင်း"

နဥ်ရှောက်ပိုင်သည် လန့်ဖျပ်သွားဟန်တူပြီး မလှုပ်မယှက်ဖြစ်နေကာ သူသည် ရှမြန်၏ ခုန်အုပ်ခြင်းကို ခံလိုက်ရတော့သည်။

ရှမြန်ကလည်း အခိုက်အတန့် မှင်တက်အံ့သြသွားပြီး ထိုနေရာတွင်ရှိနေသည့် ကလေး၃ယောက်မှာ အော်ရယ်ကြတော့လေသည်။

ချန်းချန်းက ရယ်မောလိုက်ပြီး "ဦးဦး ကြောက်သွားပြီ"

ဟွေ့ကျူးကလည်း ရယ်မောနေသည်။ "အစ်မရှမြန်လည်း လန့်သွားတာပဲ"

ရှောင်ဖုန်းကတော့ သူတို့ဆီသို့ပြေးလာကာ "အန်တီလေး"

ရှမြန်က နောက်သို့မြန်မြန်ဆုတ်ဖို့ ကြိုးစားလိုက်သော်ငြားလည်း နဥ်ရှောက်ပိုင်က သူမ၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲထားသည်ကို တွေ့လိုက်ရလေသည်။ သူမက စဉ်းစားနေဆဲမှာပင် လက်တစ်ဖက်က မြန်မြန်အပေါ်သို့ ရွှေ့သွားပြီး သူမ၏ကော်လံနောက်သို့ ဖမ်းဆွဲလိုက်သည်ကို ခံစားလိုက်ရ၏။

ရှမြန်မှာ လည်ကုပ်က နေဖမ်းဆွဲခံထားရသည့် ကြောင်ပေါက်လေးတစ်ကောင်လို ဖြစ်သွားရတော့သည်။ သူမက နာနာခံခံဖြင့် နောက်သို့ဆုတ်သွားရပြီး လူများနှင့်၁မီတာလောက် ဝေးကွာသွားသည့်အချိန်ရောက်သည်တွင် ရွံရှာစွာဖြင့် ပစ်ထုတ်ခံလိုက်ရတော့သည်။ "မင်းအသက် ဘယ်လောက်ရှိနေပြီလဲ။ ကလေးဆန်နေတုန်းလား"

သူမက မျက်စောင်းထိုးလိုက်ပြီး မမျှော်လင့်ဘဲ ထပ်ပြီးခုန်အုပ်လိုက်ပြန်သည်။

"ဝေါင်း"

နဥ်ရှောက်ပိုင်က နောက်သို့လှန်လိုက်ပြီး သူ့လက်ဖြင့် သူမ၏နဖူးကို ထောက်ထားလိုက်၏။

ရှမြန်က သွက်သွက်လက်လက် ခုန်ရှောင်လိုက်ကာ ရယ်မောလိုက်တော့သည်။

"ဒေါက်တာနဥ်က အရမ်းကို အလွယ်တကူ ကြောက်တတ်တာပဲ"

နဥ်ရှောက်ပိုင်သည် သူမ၏စကားကြောင့် ထိသွားဟန်တူသည်။ သူက သူမကို အဖက်လုပ်မနေတော့ဘဲ ရှေ့သို့သာဆက်လျှောက်သွားလိုက်၏။

ရှမြန်က သူ့နောက်မှနေ၍ မြန်မြန်လိုက်ပြေးလာကာ ပြောလိုက်လေသည်။

"ဒေါက်တာနဥ် ကျေးဇူးပြုပြီးတော့ မနက်ဖြန် ကျွန်မရဲ့နားကို ဖောက်ပေးနော်"

"ဒါက မွေးနေ့လက်ဆောင်ပါလို့ ငါ မင်းကို ပြောထားတာပဲ။ ဒီတော့ မင်းရဲ့မွေးနေ့မှာ ဒါကို လုပ်သင့်တာပေါ့" နဥ်ရှောက်ပိုင်က သူမ၏ပခုံးပေါ်သို့ လက်ချောင်းတစ်ချောင်းကို ထောက်ထားပြီး သူမကို ဖြည်းဖြည်းချင်း တွန်းထုတ်လိုက်လေသည်။

"ပူတယ် ဝေးဝေးနေ"

ဒီအထင်သေးသည့်ရုပ်က ရှမြန်၏ အာခံလိုသည့်စိတ်ကို ချက်ချင်း နှိုးဆွလိုက်တော့သည်။ သူမက ရှေ့သို့၂လှမ်း မြန်မြန် လှမ်းလိုက်ပြီး အနားသို့ ပိုပြီးတိုးကပ်သွားတော့၏။ သူကရှော င်ရှားမှာ ကိုကာကွယ်ဖို့ရန် သူမက သူ၏လက်ကောက်ဝတ်ကို ဖမ်းဆွဲကာ ချွဲနွဲ့စွာဖြင့် ဆွဲလှုပ်လိုက်သေးသည်။

"ရှင်ဟာလေ ဘယ်လိုလုပ်ပြီးတော့ ဒီလိုလုပ်ရက်ရတာလဲ။ မွေးနေ့ပွဲကျမှ လှလှပပဝတ်ဆင်ထားပြီး သွေးထွက်သံယို ဖြစ်နေရင် ဘယ်လိုလုပ်မလဲ"

"ဒေါက်တာနဥ် ကျွန်မ မနက်ဖြန်ကျရင် ဘာဝတ်သင့်လဲ..."

နဥ်ရှောက်ပိုင်က သူမ၏လက်ကို ငုံ့ကြည့်လိုက်၏။

ရှမြန်က ချက်ချင်းဆိုသလို သတိဖြင့် တင်းနေအောင် ကိုင်ထားလိုက်သည်။ သူက သဘောမတူလျှင် သူမက မလွှတ်ပေးတော့မိဟန် ဖြစ်နေ၏။

နဥ်ရှောက်ပိုင်၏နှုတ်ခမ်းများက မသိမသာ ကွေးတက်သွားလေသည်။ ရှမြန်က အခိုက်အတန့် မှင်တက်အံ့သြသွား၏။ ဘာဖြစ်နေတာပါလိမ့်ဟု သူမက တွေးတော့မည့်ဆဲဆဲတွင် အန္တရာယ်ဖြင့် မျက်လုံးကို ကျဉ်းမြောင်းထားလိုက်သည့်သူ့ကို တွေ့လိုက်ရတော့သည်။

"မင်း ငါ့ကို မယုံဘူးလား"

ရှမြန်၏နှလုံးသားထဲက အခုလေးတင် တိုးထွက်လာခဲ့သည့် သံသယများက ပြတင်းပေါက်အပြင်ဘက်သို့ လွှင့်ပစ်ခံလိုက်ရကာ သူမက မြန်မြန်ပြောလိုက်တော့သည်။

"ကျွန်မက ရှင့်ကို ယုံတာပေါ့။ ဒါပေါ့ အရမ်းယုံတယ်။ ရှင်က ဒေါက်တာနဥ်ပဲလေ"

"ဒါပေမဲ့ မနက်ဖြန် ဝတ်ရရင်တော့ ပိုပြီးကောင်းမှာပဲ။ တစ်ပတ်လောက်နေရင် နားပေါက်ကလည်း သက်သာသွားလိမ့်မယ်။ ကျွန်မရဲ့မွေးနေ့ပွဲအတွက် နားကပ်လှလှလေးလည်း ဝတ်လို့ရမယ်လေ။ ဒါဆိုရင် ပြီးပြည့်စုံသွားပြီ မဟုတ်လား"

နဥ်ရှောက်ပိုင်ကတော့ အကြင်နာမဲ့စွာ ငြင်းပယ်လေသည်။

"မဟုတ်ဘူး"

ရှမြန်သည် မကျေမနပ်ဖြင့် သူမ၏မျက်လုံးများကို ပြူးကျယ်ထားသည်ကို မြင်လိုက်ရပြီး သူမ၏ခေါင်းပေါ်က ဆံပင်အစုလေးကလည်း ဆန့်ကျင်မှုအပြည့် ဖြစ်နေသည်ကို တွေ့လိုက်ရသည့်အခါ နဥ်ရှောက်ပိုင်မှာ နောက်ဆုံးတော့မနေနိုင်တော့ဘဲ အော်ရယ်မိတော့သည်။

သူက လက်ကိုမြှောက်လိုက်ပြီး သူမ၏ထောင်တက်နေသည့်ဆံပင်လေးကို လှမ်းဆွဲလိုက်ကာ ပြောလိုက်လေသည်။

"စိတ်မပူပါနဲ့ အဲဒီနေ့ကျရင် မင်းနားကပ်လှလှလေး ဝတ်ရမယ်လို့ ငါ ကတိပေးတယ်။ အဲဒါတွေကို မင်းအတွက် သီးသန့်လုပ်ထားပေးတာ"

"ဒါမှမဟုတ်ဘူးဆိုရင်လည်း မင်းနာမှာ မစိုးရိမ်ဘူးဆိုရင် အခုချက်ချင်း ဝတ်လို့ရတယ်လေ"

"အဲဒီလိုလား" ရှမြန်က ချက်ချင်းဆိုသလို မြှောက်ပင့်ကာပြောလိုက်တော့သည်။ "ကျွန်မ သိသားပဲ။ ဒေါက်တာနဥ် ရှင်က အရမ်းကိုတွေးတောပြီး စဉ်းစားပေးတတ်တာလေ။ ရှင့်မှာလည်း ရှင့်ရဲ့ကိုယ်ပိုင်အစီအစဉ် သေချာပေါက်ရှိပါတယ်"

"ခုနတုန်းက ရိုင်းပျမိတဲ့အတွက် တောင်းပန်ပါတယ်နော်" ရှမြန်က သူမ၏လက်ကိုလွှတ်ပေးလိုက်ကာ ကိုယ်ကိုယ်လှည့်ပြီး ရှောင်ဖုန်း၏လက်ထဲက ယပ်တောင်ကို လှမ်းယူလိုက်ပြီးနောက် မြှောက်ပင့်စွာဖြင့် သူ့ကိုယပ်ခပ်ပေးတော့သည်။

"ဒေါက်တာနဥ် ရှင်ပူနေသေးလား"

နဥ်ရှောက်ပိုင်က မသိမသာ ပြုံးလိုက်သော်ငြားလည်း ချက်ချင်းပြောလိုက်လေသည်။

"ပူတယ်"

ရှမြန်-....

...

All Chapters