← Chapters

အပိုင်း(၁၃၆)

Vol. 10 Ch. 136

အပိုင်း(၁၃၆)

Vol. 10 Ch. 136

မှန်ထဲက နားကပ်လှလှလေးကိုကြည့်ပြီး ရှမြန်သည် နဥ်ရှောက်ပိုင်၏ ခြိမ်းခြောက်စကားကို ရုတ်တရက် မေ့လျော့သွား၏။ သူမက ကိုယ်ကိုလှည့်လိုက်ကာ ဝမ်းသာအားရ ထခုန်လိုက်ပြီး နဥ်ရှောက်ပိုင်ကို ဖက်လိုက်လေသည်။

"ဒေါက်တာနဥ် ရှင်ကအရမ်းကောင်းတာပဲ"

"ဟားဟား ကျွန်မ ဒီလက်ဆောင်ကို အရမ်းသဘောကျတယ်"

နဥ်ရှောက်ပိုင်က သူ့လက်ကို ဆန့်လိုက်ပြီး လူကို ဆွဲထိုင်လိုက်လေသည်။ သူက သူမ၏ တောက်ပနေသည့် ဗာဒံစေ့ပုံသဏ္ဌာန် မျက်လုံးကို ကြည့်လိုက်ပြီး သူမ၏ရှေ့ဆံပင်ကို ဆွဲလိုက်ပြီး ပြုံးကာ ပြောလိုက်၏။

"မွေးနေ့မှာ ပျော်ရွှင်ပါစေ"

နူးညံ့သိမ်မွေ့သည့်လေသံက ရှမြန်ကို အနည်းငယ် ရှက်ရွံသွားသလို ခံစားမိသွားစေလေသည်။ သူမက သူမ၏ နှာခေါင်းဖျားကို ထိကိုင်လိုက်ပြီး ခပ်တိုးတိုး ရယ်မောလိုက်ကာ

"ကျေးဇူးတင်ပါတယ်နော် ဒေါက်တာနဉ်"

ထိုသို့ ပြောလိုက်ပြီးသည့်နောက်တွင် သူမက ဝမ်းသာအားရ ပြေးထွက်သွားကာ ကြွားဝါဖို့ရန် သွားလိုက်လေတော့သည်။

နဥ်ရှောက်ပိုင်က သူမ၏ ကျောပြင်ကို လှမ်းကြည့်လိုက်ပြီး အပြုံးတစ်ခုဖြင့် ခေါင်းခါလိုက်လေသည်။

ခဏအကြာတွင်တော့ ဟော်ရွှယ်ဝမ်... ယခုတော့ သူ့နာမည်ကို ကျိုးရွှယ်ဝမ်ဟု ပြောင်းလိုက်ပြီ ဖြစ်သည်။ သူသည် သူ့အိမ်ထောင်စုစာရင်းကိုလည်း ပြောင်းရွှေ့လိုက်ပြီး လွန်ခဲ့သည့်တစ်နှစ်က သူ့မျိုးရိုးနာမည်ကိုလည်း ပြောင်းခဲ့ကာ ဟော်မိသားစုနှင့် ဆက်ဆံရေးကို လုံးဝဖြတ်တောက်ခဲ့လေသည်။

ကျိုးရွှယ်ဝမ်သည် အပြင်ဘက်မှ ဝင်လာပြီး ဧည့်ခန်းထဲတွင် ဘယ်သူ့ကိုမှ မတွေ့ရချေ။ ပတ်လျှောက်လာပြီးသည့်နောက် သူသည် အရှေ့ဘက်အခန်းက လေ့ကျင့်ခန်းလုပ်သည့်နေရာမှ ဆူညံသံတစ်ခုကို ကြားလိုက်ရ၏။

ကျိုးရွှယ်ဝမ်က နေမြင့်လာသည်ကို မော့ကြည့်လိုက်ပြီး ချွေးများ ရွှဲစိုနေသည့်လူငယ်ကို ကြည့်လိုက်သည်။ သူသည် အနည်းငယ် နားမလည်နိုင်အောင် ဖြစ်နေမိ၏။ ဒီအချိန်သည် တဖြည်းဖြည်း ပူပြင်းလာသည်တွင် သူက ဒီအချိန်ကျမှ အဘယ်ကြောင့်များ လေ့ကျင့်ခန်းလုပ်နေပါသနည်း။

နဥ်ရှောက်ပိုင်ကလည်း သူ့ကိုတွေ့လိုက်ရပြီး pull-up အနည်းငယ် လုပ်လိုက်ပြီးနောက် ဘားတန်းပေါ်မှ ခုန်ဆင်းလာခဲ့သည်။ "မင်း ငါ့ဆီက ဘာလိုချင်လို့လဲ"

ကျိုးရွှယ်ဝမ်က ခဏလောက် တုံ့ဆိုင်းသွားပြီးမှ ပြောလိုက်လေသည်။ "သိပ်မကြာခင်က တစ်ယောက်ယောက်က ရှောင်ယွင်ကို လိုက်နှောင့်ယှက်နေတယ်လို့ ကြားလို့ပါ..."

"သဘောကျလို့ လိုက်တာပါ" နဥ်ရှောက်ပိုင်က အမှန်ပြင်ပေးလိုက်သည်။ "ဘာလို့လဲ"

ကျိုးရွှယ်ဝမ်က ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ခက်ခက်ခဲခဲဖြင့် ပြောလိုက်ရလေသည်။ "မင်းရဲ့အစ်မ ဘာစဉ်းစားနေလဲဆိုတာကို မင်း သိလို့လား"

နဥ်ရှောက်ပိုင်က သူ့ကိုလှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။ "ငါ မမေးဖူးဘူး။ ဘာပဲဖြစ်ဖြစ်လေ ဘာကိုပဲလုပ်ချင်ပါစေ ငါကတော့ သူ့ကိုထောက်ခံပေးမှာပါ"

ကျိုးရွှယ်ဝမ်က မျက်မှောင်ကြုတ်လိုက်သည်။ "မင်းရဲ့အစ်မက ရိုးရှင်းပြီးအရာအားလုံးကို သူ့စိတ်ထဲမှာပဲ ထားရတာ သဘောကျတယ်ဆိုတာ မင်း သိသားပဲ။ တကယ်လို့ မင်း သူ့အတွက် မစစ်ဆေးဘူးဆိုရင် တကယ်လို့များ သူ မှားယွင်းသွားခဲ့ရင်..."

"သူ ဟော်မိသားစုထဲမှာ နေတုန်းကလောက်တော့ ဆိုးဝါးမှာ မဟုတ်ပါဘူး..." နဥ်ရှောက်ပိုင်က ပြောလိုက်၏။

ကျိုးရွှယ်ဝမ်မှာ နင်သွားတော့သည်။

ဒါကြောင့် လူတွေက တကယ်ပဲ အမှားမလုပ်သင့်တာ။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ဒီကိစ္စကို ပြန်လည်ပြင်ဆင်ဖို့ အခွင့်အရေးမရမှာ စိုးရိမ်ရတယ်လေ။

နဥ်ရှောက်ပိုင်၏ရင်ထဲတွင်တော့ ဒီအခိုက်အတန့်တွင် ပျော်ရွှင်မှုရေးရေးလေးတစ်ခုနှင့် ပြည့်နှက်နေသည်။ ကျိုးရွှယ်ဝမ်က မျက်မှောင်ကြုတ်သွားပြီး စိုးရိမ်သည့်ရုပ် ဖြစ်သွားသည်ကို မြင်လိုက်ရသည့်အခါ သူသည် ရုတ်တရက်ဆိုသလို ကိုယ်ချင်းစာစိတ်ဖြစ်သွားပြီး ပြောလိုက်၏။

"သူဌေးကျိုး မင်း ဘယ်နေရာမှာ မှားခဲ့တယ်ဆိုတာကို သိလား"

ကျိုးရွှယ်ဝမ်သည် သူက ဒီလိုစကားမျိုးပြောလာသည့်အတွက် တအံ့တဩဖြစ်သွား၏။

လှည့်ကြည့်လိုက်သည်တွင် နဥ်ရှောက်ပိုင်၏မျက်လုံးထဲ၌ လျှို့ဝှက်သည့်ပျော်ရွှင်မှုတစ်ခုရှိနေသည်ကို တွေ့လိုက်ရသည်။ သူသည် ထိုစိတ်ဆန္ဒကို မျှဝေဖို့ရန် ဖိနှိပ်မထားနိုင်ဟန်တူ၏...

အတိအကျပြောရလျှင်တော့ ကြွားဝါနေခြင်းပင်။

ကျိုးရွှယ်ဝမ်က မျက်နှာသေဖြင့် နဥ်ရှောက်ပိုင်ပြောသည့်စကားကို နားထောင်လိုက်သည်။

"မင်း တစ်ခုခုကို လိုချင်တယ်ဆိုရင် အဲဒီအတွက် ကြိုးစားရမှာပေါ့။ စောင့်နေလို့တော့ ဘာမှရမှာမဟုတ်ဘူး"

ဒီတော့ မင်းက ခဏလေးတောင် မစောင့်ဘဲနဲ့ အခုမှ အရွယ်ရောက်လာမဲ့ ကလေးမလေးကို တိုက်ခိုက်ခဲ့တာပေါ့လေ။

ကျိုးရွှယ်ဝမ်မှာ သက်ပြင်းချလိုက်ပြီး ပြောလိုက်လေသည်။ "ဒါပေမဲ့ ငါက ရှောင်ယွင်ကို ဘယ်နည်းနဲ့မှ ဖိအားမပေးချင်ဘူးလေ"

သူ့မှာ ဒီနည်းပါးတဲ့ အခွင့်အရေးလေးပဲရှိတာ။ ဒီတော့ မှားယွင်းသွားတဲ့ခြေလှမ်းတစ်ခုကိုတောင် မလုပ်ရဲဘူးပေါ့။

နဥ်ရှောက်ပိုင်က သူ့ကိုမျက်စောင်းဖြင့် ကြည့်လိုက်ပြီး "ဒါဆိုရင် မင်းက ငါ့အစ်မကို အရင်ဆုံး လှုပ်ရှားစေချင်နေတာလား"

"မင်း သူ့အကြောင်း ကောင်းကောင်းသိပါတယ်။ ဘာကိုကြိုက်တယ် ဘာလိုချင်တယ်ဆိုတာကိုလည်း မင်း သိတယ်။ မင်း သူ့ကို စိတ်ကျေနပ်အောင် မလုပ်ပေးနိုင်ဘူးလား"

"ချန်းချန်းနဲ့ အလုပ်အပြင် မင်းတို့နှစ်ယောက်ပဲ နားလည်နိုင်မဲ့ တခြားအကြောင်းအရာတွေကို မပြောတတ်တော့ဘူးလား။ ဒါမှမဟုတ် မင်းက ချန်းချန်းရဲ့အဖေပဲ ဖြစ်ချင်တာလား"

"နောက်ပြီးတော့ ချစ်သူလုဖက်ဆိုတာမျိုးက မရှိဘူး။ မင်းရဲ့ရန်သူက မင်းရဲ့ချစ်ရသူပဲ။ သူ့ကို သေသေချာချာလေး ဆုပ်ကိုင်ထားမယ်ဆိုရင် ဘယ်သူကမှ သူ့ကို မင်းဆီကနေ ခေါ်သွားလို့ရမှာ မဟုတ်ဘူး"

ကျိုးရွှယ်ဝမ်သည် တခြားသူများ သယ်ထားသည့်ဝန်ထုပ်ဝန်ပိုးကို ဘာမှမဖြစ်သလိုကြည့်တတ်သည့် လူငယ်လေးကို လှမ်းကြည့်လိုက်ပြီး သူ့စိတ်ထဲတွင် ကိုယ့်ဟာကိုယ် ပြန်ပြောလိုက်တော့သည်။

ဒါက သူ့ရဲ့ ယောက်ဖပဲလေ။ ဒီတော့ သူ့ကို ကျေနပ်နှစ်သိမ့်အောင် လုပ်ပေးသင့်တာပေါ့။ သူကိုယ်တိုင်တောင်မှ အောင်မြင်မှုမရသေးဘဲနဲ့။ ဒီအချိန်မှာ သူက သီအိုရီတွေကိုပဲပြောတတ်ပြီး ဘာမှမသိသေးတဲ့လူပဲ။

ကျိုးရွှယ်ဝမ်က ပင့်သက်တစ်ချက်ရှိုက်လိုက်ကာ ပြောလိုက်လေသည်။ "မင်းနဲ့ ရှမြန်..."

နဥ်ရှောက်ပိုင်၏နှုတ်ခမ်းများမှာ အမှတ်တမဲ့ကွေးတက်သွားပြီး "ဘာဖြစ်လဲ"

ကျိုးရွှယ်ဝမ်က ပြောလိုက်သည်။ "သူ အခုမှ ၁၈နှစ်ပဲ ရှိသေးတာနော်"

လင်ရှောင်ပိုင်ကလည်းပြောသည်။ "ဟုတ်တယ် ၁၈နှစ်ပဲရှိသေးတာ..." သူ့လေသံက အနည်းငယ် လွမ်းတသသဖြစ်နေလေ၏။ သူမ၁၉နှစ် မရောက်ခင်အထိတော့ သူသည် သူမကို ချစ်မြတ်နိုးဖို့ရန် စောင့်ဆိုင်းရပေလိမ့်ဦးမည်။

ကျိုးရွှယ်ဝမ်...

ဒီလိုကြိတ်ပြီး ကြွားလုံးထုတ်နေခြင်းက အင်မတန်မှစိတ်ဓာတ်ကျနေသည့် ကျိုးရွှယ်ဝမ်ကို ရုတ်တရက် ဒေါသထွက်လာစေတော့သည်။ "ငါ ပြောချင်တာက မင်း ဘာစဉ်းစားနေတယ်ဆိုတာကို သူ လုံးဝ မသိသေးဘူးလေ ဟုတ်တယ်မလား။ သူက ကလေးပဲရှိပါသေးတယ်"

ရှမြန်က နဥ်ရှောက်ပိုင်ကို ဆွေမျိုးတစ်ယောက်လို အစ်ကိုတစ်ယောက်လိုသာ သဘောထားလေသည်။ သူမသည် ယုံကြည်မှုအပြည့်ရှိနေ၏။ သို့သော်ငြားလည်း အလိုလိုက်ခံထားရသည့် ကလေးတစ်ယောက်လို သဘောကျတတ်သည့် ခံစားချက်သာ ဖြစ်ရာ ဆိုးသွမ်းနေခြင်း ပုံစံဖြစ်လေသည်။

နဥ်ရှောက်ပိုင်မှာ နင်သွားပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ "အသက်၁၈နှစ်ဆိုတာ လူကြီးတစ်ယောက်ဖြစ်ပါပြီ။ ကလေး မဟုတ်တော့ပါဘူး"

ထို့နောက်တွင်တော့ သူသည် တစ်စုံတစ်ခုကို စဉ်းစားမိသွားဟန်ဖြင့် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။

"သူက ရည်းစားစားအစောင်၂၀၀၊ ၃၀၀လောက်တောင် ရနေပြီလေ။ ဘယ်လိုလုပ်ပြီးတော့ ကလေးတစ်ယောက် ဆက်ဖြစ်နိုင်ဦးမှာလဲ"

ကျိုးရွှယ်ဝမ်ကတော့ မျက်နှာသေဖြင့် ပြောလိုက်၏။ "ရပါတယ် မင်းရဲ့တစ်ဦးတည်းသော ရန်သူက ရှမြန်ပေါ့။ သူက သူနဲ့အတူစစ်သားတွေ အယောက်၂၀၀၊ ၃၀၀လောက်ကို ခေါ်လာနိုင်ရုံလောက်ပဲ ရှိတာပါ"

"ဒီတော့ မင်းက သူ့ကိုဘယ်လိုလုပ်ပြီး အနိုင်ယူမှာလဲ"

"နားဖောက်ပေးတာက ဒီအတိုင်းဝါသနာတစ်ခုလား။ ဒါမှမဟုတ် လုပ်နေကြပုံစံတစ်မျိုးလား"

သူသည် နဥ်ရှောက်ပိုင် တွဲခိုနေသည့်ဘားတန်းကို လှမ်းကြည့်လိုက်ပြီး ရုတ်တရက် မေးလိုက်လေသည်။ "မင်းက သူ့ကို ဒီအတိုင်း ပျော်ရွှင်အောင်လုပ်ပေးဖို့ ကြိုးစားနေတာလား။ ဒါမှမဟုတ် ဒီလိုပူပြင်းလှတဲ့နေ့တစ်နေ့မှာ သူ့ကိုလေ့ကျင့်ခန်း လုပ်မယ်ဆိုတဲ့ ပုံမှန်ခေါင်းစဉ်တစ်ခုကို တောင်းဆိုဖို့ ကြိုးစားနေတာလား"

ထိုသို့ပြောလိုက်ပြီးသည့်နောက်တွင် သူ၏အတွေးများက အနည်းငယ်ညစ်ညမ်းနေသလို ခံစားလိုက်ရလေသည်။ နောက်ဆုံး ရှမြန်သည် အသက်၁၈နှစ်သာရှိသေးပြီး တိုက်ခိုက်ရသည်ကို နှစ်သက်သူဖြစ်သည်။ ထို့ကြောင့် သန်မာသည့် ရုပ်ပိုင်းဆိုင်ရာကိုယ်ထည်က ၂ဦးစလုံး ပြောနိုင်မည့် အကြောင်းအရာတစ်ခု ဖြစ်သင့်သည်။

နဥ်ရှောက်ပိုင်က မျက်နှာသေဖြင့် ထရပ်လိုက်ပြီး အေးစက်စက်အသံတစ်ခုနှင့် ပြောလိုက်လေသည်။

"သွားတော့။ ငါ မင်းကို မလိုက်ပို့တော့ဘူး"

ကျိုးရွှယ်ဝမ်သည် မောင်းထုတ်ခံလိုက်ရသော်ငြားလည်း စိတ်ကတော့ ပျော်ရွှင်နေ၏။ နဥ်ရှောက်ပိုင် အရှက်ခွဲခံရခြင်းမှာ ရှားပါးသည့်မြင်ကွင်းဖြစ်လေသည်။

သို့သော်ငြားလည်း နဥ်ရှောက်ပိုင် ပြောသည့်ကိစ္စတစ်ခုကတော့ မှန်နေ၏။ သူသည် ဆက်ပြီးတော့ စောင့်ဆိုင်းနေလို့ မဖြစ်တော့ချေ။

စောင့်ဆိုင်းခြင်းက သူမကို ထပ်ပြီး ထိခိုက်နာကျင်မှာ မဟုတ်သော်ငြားလည်းဘဲ ဒါသည်အခွင့်အရေးကို တစ်သက်လုံး ဆုံးရှုံးရနိုင်ပေသည်...

နဥ်ရှောက်ယွင်၏အိမ်တွင်တော့ မောက်ဟွေ့လန်နှင့် သူမ၏အဖွဲ့က ကိတ်မုန့်ကိုဖုတ်ပြီးသွားပြီဖြစ်ကာ အလှဆင်နေကြလေသည်။

မောက်ဟွေ့လန်က ယောက်မတစ်ခုကို သုံးပြီး ခရင်မ်များကို ညီညာနေအောင် ဖြန့်လိုက်ပြီးနောက် ကလေး၃ယောက်က အရောင်မတူသည့် အလှဆင်ပိုက်အိတ်များကို သုံးကာအလှဆင်နေကြသည်။ သူတို့သည် ဒီအလုပ်ကို အကြိမ်ပေါင်းများစွာလုပ်ခဲ့သည့်အတွက် အခုတော့ အလုပ်သဘောတရားကို သေသေချာချာသိနေပြီဖြစ်၏။

မောက်ဟွေ့ကျူးက အနားများကို ဆေးခြယ်နေပြီး ချန်းချန်းကတော့ အိတ်ကိုညှစ်ကာ ပန်းပွင့်ပုံဖော်နေသည်။ ရှောင်ဖုန်းသည် အငယ်ဆုံးဖြစ်သော်ငြားလည်း သူကတော့ အကြီးဆုံးတာဝန်ကို ယူထား၏။ သူသည်ပန်းပွင့်ပုံကိုဖော်ပြီး ပန်းချီဆွဲသားနေလေသည်။

မောက်ဟွေ့လန်က မော့ကြည့်လိုက်သည်တွင် ချက်ချင်းဆိုသလို ရှမြန်၏နားကပ်ကို မြင်လိုက်၏။ သူမက ချီးကျူးစကားပြောလိုက်တော့သည်။ "ပြီးသွားပြီလား ဝိုး လှလိုက်တာ။ မနာဘူးလား"

ရှမြန်က သူမ၏ မေးကို ချီထားကာ ဂုဏ်ယူ၀င့်ကြွားစွာဖြင့် ပြောလိုက်၏။

"လုံးဝ မနာဘူးနော်။ ဒေါက်တာနဥ်က တကယ်အံ့သြဖို့ကောင်းတာ"

ရှောင်ဖုန်းက ပြေးလာပြီး ရှမြန်၏လက်ကိုလှမ်းဆွဲလိုက်သည်။

ရှမြန်က ဆောင့်ကြောင့်ထိုင်ချလိုက်ကာ ရှောင်ဖုန်းက နားကပ်ကို သေသေချာချာလေးကြည့်လိုက်ပြီး ဝမ်းသာအားရပြောလိုက်လေသည်။ "နှင်းပွင့်လေးပဲ"

"ဟုတ်တယ် နှင်းပွင့်လေးတွေလေ" ရှမြန်ကပြုံးလိုက်ပြီး "ငါတို့ရှောင်ဖုန်းကလည်း နှင်းပွင့်လေးတွေကို သဘောကျတယ်လေ။ ဟုတ်တယ်မလား"

ရှောင်ဖုန်းက ပြုံးလိုက်ပြီး ပြန်ပြေးသွားပြီးသည့်နောက် သူ၏လက်သေးသေးလေးနှစ်ဖက်ဖြင့် အလှဆင်သည့်ပိုက်အိတ်ကို ညှစ်နေလေသည်။ မကြာမီတွင် သူသည်ကိတ်မုန့်ပေါ်၌ နှင်းပွင့်၁ပွင့်ကို ဆွဲသားလိုက်၏။

နဥ်ရှောက်ယွင်က သူ၏ထောင်နေသည့်ဆံပင်လေးကို သပ်ချပေးလိုက်ကာ "သူ့အတွက် အရမ်းကို လွယ်ကူနေတဲ့ ဒီအရည်အချင်းမျိုးက သူ့ရဲ့စီနီယာအစ်ကိုနဲ့အစ်မတွေကို အသေ အားကျသွားအောင် လုပ်နိုင်တယ်"

ရှောင်ဖုန်းသည် ယခုဆိုလျှင် ပန်းချီဆွဲသားခြင်းကိုလေ့လာနေသည်မှာ ၂နှစ်နီးပါးရှိလာပြီဖြစ်၏။ ကျူးယွင်ဟိုင်သည် သူ့ကို တခြားအရာများသင်ကြားပေးဖို့ရန် အလျင်မလိုဘဲ အခြေခံနည်းပညာများကိုသာ ပိုပြီးသင်ကြားပေးလေသည်။ သို့သော်ငြားလည်း ကလေးကတော့ သူလိုချင်သည့်အရောင်များနှင့်မျဥ်းကြောင်းများကို အလွယ်တကူအမြဲတမ်းရှာတွေ့နိုင်၏။

သူသည် လုပ်ချင်စိတ်ရှိနေသမျှ သူပန်းချီဆွဲနိုင်သည့် အရာပေါင်းများစွာ ရှိလေသည်။ ဒါက ကျူးယွင်ဟိုင်ကို အလွန်မှ ဝမ်းသာရစေပြီး သူသည် ရှောင်ဖုန်းကို ပိုလို့ပင် စိတ်ပါလက်ပါ လေ့ကျင့်ပေးကာ ရှောင်ဖုန်းကိုနှောင့်နှေးသွားအောင် လုပ်မိမှာစိုးရိမ်မိ၏။

ရှမြန်က ကလေး၏ပါးကို လှမ်းနမ်းလိုက်ပြီးပြောလိုက်သည်။

"လှလိုက်တာ အန်တီလေးကတော့ ဒါကိုအရမ်းသဘောကျသွားပြီ"

ရှောင်ဖုန်းက ပျော်ရွှင်စွာဖြင့် နောက်ထပ်နှင်းပွင့်များကို ထပ်ဆွဲလိုက်သည်။

ကိတ်မုန့်အဆင်သင့် ဖြစ်သွားသည့်အချိန်တွင် နေ့လယ်ခင်း ရောက်လုတော့မည်ဖြစ်သည်။ သူတို့သည် ကိတ်မုန့်နှင့် တံခါးဆီသို့လျှောက်လာသည့်အချိန်တွင် တိုက်တိုက်ဆိုင်ဆိုင် ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့ကို တွေ့လိုက်ရသည်။

နောက်ဆုံး ဒါသည် ၁၈နှစ်ပြည့်မွေးနေ့ ဖြစ်သဖြင့် ရှမြန်က သူမ၏သူငယ်ချင်းကောင်းလေးများကိုလည်း ဖိတ်ထားသည်။

"ဒါက နင်တို့ကိုယ်တိုင်လုပ်ထားတဲ့ မွေးနေ့ကိတ်ပေါ့" မောက်ဟွေ့လန်၏လက်ထဲက ကိတ်မုန့်ကို မြင်လိုက်ရသည့်အခါ လီလီကျန်း၏မျက်လုံးများမှာ လင်းလက်သွားတော့သည်။ "ငါ ဟွေ့ကျူးဆီက ကြားထားတာတော့ ဒါက အရမ်းအရသာရှိတယ်ဆို"

မောက်ဟွေ့ကျူးက ခေါင်းညိတ်ပြီးပြောလိုက်သည်။

"ဒါပေါ့ အရသာရှိတယ်လေ" ရှမြန်၏ မျက်လုံးများကတော့ ကြီးမားသည့် မွေးပွဝက်ဝံရုပ်ကိုကိုင်ထားသည့် ဟန်ဟောက်ရန်ဆီသို့ ကျရောက်သွားလေသည်။

"သူလည်း ဘာဖြစ်လို့ဒီကိုရောက်နေတာလဲ"

ဟန်ဟောက်ရန်က အော်ပြောလိုက်သည်။ "ဟဲ့ နင် ပြောလိုက်တဲ့စကားက အရမ်းစိတ်မကောင်းစရာ ကောင်းတယ်နော်။ နင့်မွေးနေ့ ရှိတယ်ကြားလို့ ငါက နင်နဲ့မွေးနေ့ပွဲကျင်းပဖို့လာခဲ့တာလေ။ နင်က ဘာဖြစ်လို့မကြည်သလို လုပ်နေတာလဲ"

ကျောက်ချန်းက ပြောလိုက်၏။ "ငါတို့တွေ နင့်အတွက် မွေးနေ့လက်ဆောင် သွားရွေးတုန်းက သူနဲ့မမျှော်လင့်ဘဲနဲ့ တွေ့ခဲ့တာလေ။ နင့်မွေးနေ့ ရှိတယ်လို့ သူကကြားလိုက်တော့ သူလည်း အတင်းလိုက်လာမယ်လို့ ပြောနေတာပေါ့"

ဟန်ဟောက်ရန်က ဒေါသဖြင့်ပြောလိုက်၏။ "ဟာ ဟေ့ကောင်..."

ကျောက်ချန်းသည် ဟန်ဟောက်ရန်၏ ရှုံ့မဲ့သွားသည့်မျက်နှာကို မြင်လိုက်ရချိန်တွင် မနေနိုင်တော့ဘဲ အော်ရယ်တော့သည်။

ရှမြန်ကလည်း ရယ်မောလိုက်ပြီး ခေါင်းခါလိုက်၏။

"သွားကြမယ် အရင်ဆုံး အိမ်ဘက်ကိုသွားကြမယ်"

နဥ်ရှောက်ပိုင်၏အိမ်မှ ယခုလေးတင်မှထွက်လာသည့် ကျိုးရွှယ်၀မ်သည် ချောမောသည့် ကောင်လေးတစ်ယောက်က တက်ဒီ၀က်ဝံကြီးကို ကိုင်ထားသည်ကို တွေ့လိုက်ရသည့်အခါ ခဏလောက် တုံ့ဆိုင်းသွားတော့သည်။ သူက မျက်လုံးများကို ကျုံ့ထားလိုက်ပြီး ခဏလောက်စဉ်းစားလိုက်ပြီးနောက် အထဲသို့မဝင်ရသေးသည့် ချန်းချန်းကိုလက်ဝှေ့ရမ်းကာခေါ်လိုက်၏။

ချန်းချန်းက အဖေဖြစ်သူက သူ့ကိုခေါ်နေသည်ကို မြင်လိုက်သည့်အခါ ချက်ချင်း အပြေးအလွှား ရောက်လာပြီး ပြောလိုက်လေသည်။ "ဖေဖေ"

ကျိုးရွှယ်ဝမ်က ပြောသည်။ "အဲဒါ ဘယ်သူလဲ။ မွေးပွဝက်ဝံရုပ် ကိုင်ထားတဲ့တစ်ယောက်လေ"

ချန်းချန်းက ပြောပြ၏။ "သူက အန်တီရှမြန်ရဲ့အတန်းဖော်တဲ့။ မွေးပွဝက်ဝံရုပ်က အန်တီရှမြန်အတွက် မွေးနေ့လက်ဆောင်တဲ့" သူကတော့ တအံ့တဩဖြင့် ပြောပြနေလေသည်။ "မွေးပွဝက်ဝံရုပ်က အကြီးကြီးပဲ"

ကျိုးရွှယ်ဝမ်မှာ သူ့နဖူးကို ထိလိုက်ကာ ပြောလိုက်လေသည်။ "သားရဲ့ဦးဦးနဥ်ကို သွားမေးလိုက်ပါဦး။ သူ့အိမ်မှာလည်း မွေးပွရုပ်များ ရှိသလားလို့။ ဖေဖေက အန်တီရှမြန်အတွက် လက်ဆောင်တစ်ခု မပြင်ဆင်ခဲ့ရဘူးလေ။ မိန်းကလေးတွေက မွေးပွဝက်ဝံရုပ်ကို ကြိုက်တယ်တဲ့"

ချန်းချန်းကလည်း သူ့ကိုသံသယမဖြစ်ဘဲ ခြံဝင်းထဲသို့ အပြေးအလွှားဝင်သွားတော့သည်။

"ဦးဦးရေ..."

ကျိုးရွှယ်ဝမ်က သူ့နှုတ်ခမ်းထောင့်များကို ပင့်ထားလိုက်တော့သည်။ ရန်သူရဲ့ ရှေ့တန်းရဲမက်ကတော့ ရောက်လာပြီလေ။ တကယ်လို့ မင်းမှာ အရည်အချင်းရှိတယ်ဆိုရင်တော့ စိတ်ပူစရာမလိုပါဘူး။

ဘာနာကျင်မှုမှမရဘူးခဲ့တဲ့ ကောင်လေးတယောက်က ပြောလိုက်တဲ့စကားလေ။

ဒါပေမဲ့လည်း သူပြောတဲ့ကောင်းမွန်တဲ့အချက်တွေကိုတော့ သင်ယူသင့်ပါသေးတယ်။

ကျိုးရွှယ်ဝမ်သည် ခြံဝင်းထဲသို့ဝင်လာပြီး ကျန်နေသည့်ခရင်မ်ကို သုံးကာ ကိတ်မုန့်ငယ်လေးကို အလှဆင်နေသည့် နဥ်ရှောက်ယွင်ကို တွေ့လိုက်ရ၏။

ခဏလောက် စဉ်းစားလိုက်ပြီးနောက် သူက ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားဖြင့် နဥ်ရှောက်ပိုင်ကို သစ္စာဖောက်လေတော့သည်။ "ရှောင်ယွင် ရှောင်ပိုင်က ရှမြန်ကို သဘောကျနေတာသိလား"

ဒါက ချန်းချန်းနဲ့ သူ့အပြင်ကအလုပ်အကြောင်း မဟုတ်ဘူးလေ။ ဒါက နားဖောက်ပေးတဲ့ အကြောင်းထက်တောင် ပိုကောင်းသေးတယ်။

သေချာပါသည်။ နဥ်ရှောက်ယွင်မှာ ခဏလောက် မှင်တက်အံ့ဩသွား၏။ ထို့နောက်တွင်တော့ သူမ၏ မျက်လုံးများက တအံ့တဩဝိုင်းစက်သွားတော့၏။ "တကယ်လား ရှင် ဘယ်လိုသိတာလဲ"

ကျိုးရွှယ်ဝမ်က ပြောလိုက်၏။ "သူ ရှမြန်ကို နားဖောက်ပေးနေတာ ငါတွေ့ခဲ့တယ်လေ။ အရမ်းကို ညင်သာနေတာပဲ"

နဥ်ရှောက်ယွင်၏မျက်လုံးများက တွေးတွေးဆဆဖြစ်သွားပြီး သူမသည်အများကြီး တွေးတောစဉ်းစားနေဟန် တူ၏။ သူမမှာ မနေနိုင်ဘဲ ရယ်မောလေတော့သည်။ "သူက ဒါကိုတကယ့်ကို ကောင်းကောင်းကြီး ဖုံးကွယ်ထားခဲ့တာပဲ"

"အခုမှ ဒီအကြောင်းကို ပြန်စဉ်းစားကြည့်လိုက်တော့ သူက ရှမြန်ကို အမြဲတမ်း အထင်သေးသလို လုပ်နေပေမဲ့လည်း တကယ်တမ်းကျတော့ ရှမြန်တောင်းဆိုသမျှကို အမြဲတမ်းဖြည့်ဆည်းပေးခဲ့တာပဲ" နဥ်ရှောက်ယွင်က ရယ်မောလိုက်ကာ "သူ ဘယ်တုန်းက ဒီလိုစိတ်ကူးတွေ စရှိလာမှန်းတောင် မသိတော့ဘူး"

ဒါသည် သူမအတွက်လည်း ကောင်းမွန်သည့်ကိစ္စတစ်ခုပင်။ သူမကလည်း ရှမြန်ကို သဘောကျပေသည်။

ကျိုးရွှယ်ဝမ်က သူမနှင့်အတူ ဝေဖန်ဆန်းစစ်တော့၏။ "ဧကန္တ ယန်မြို့ကို မလာခင်ကများလား..."

နဥ်ရှောက်ယွင်က ခေါင်းခါလိုက်၏။ "ကျွန်မအထင်တော့ အဲဒီလိုဖြစ်မဲ့ပုံမဟုတ်ဘူး။ ဧကန္တ..."

နှစ်ယောက်သားက စိတ်အားထက်သန်စွာဖြင့် ပြောဆိုနေကြလေသည်။ ကျိုးရွှယ်ဝမ်သည် ချန်းချန်း၏ အမေအဖြစ် နဥ်ရှောက်ယွင်၏ မျက်နှာပေါ်က မျှော်လင့်မထားသည့် ကြည်လင်သည့်အမူအရာကို ကြည့်လိုက်ပြီး သူ့ယောက်ဖကို သစ္စာဖောက်ခဲ့သည့်အတွက် အနည်းငယ် မလုံမလဲခံစားလိုက်ရ၏။

ဒါသည် စာတွေ့အသိပညာ ဖြစ်သော်ငြားလည်း လက်တွေ့ဘဝအနေနှင့်တော့ နဥ်ရှောက်ပိုင်ပြောသည့်စကားက မှန်ကန်နေသည်ကို သက်သေပြနေသည်။

ချန်းချန်း၏အသံက ခြံဝင်းအပြင် ဘက်မှဝင်ရောက်လာပြီး ကျိုးရွှယ်ဝမ်က သူအပြစ်ရှိစိတ်များကို ချက်ချင်းဆိုသလို ဖယ်ရှားလိုက်ကာ ပြောလိုက်လေသည်။ "ဒီနေ့တော့ စိတ်လှုပ်ရှားစရာတစ်ခုခု ကြည့်ရတော့မယ်လို့တော့ ထင်တယ်"

သူ့မျက်လုံးထဲတွင်လည်း မဲ့ပြုံးတစ်ခုဖြစ်သွားလေသည်။

"ရှောင်ပိုင်ရဲ့ တက်ကြွမှုကြီးကို မြင်ရတာရှားပါးတယ်လေ"

နဥ်ရှောက်ယွင်က သူ့ကို တအံ့တဩကြည့်လိုက်၏။ သူမ၏အမြင်တွင်တော့ ကျိုးရွှယ်၀မ်သည် အမြဲတမ်း တည်ကြည်လေးနက်နေတတ်သည်။ သူသည် ဟော်မိသားစုထဲက ထွက်လာပြီးသည့်နောက်တွင် ပိုပြီးစိတ်ရှည်ကာ သိမ်မွေ့လာသော်ငြားလည်း သူက ထိုမျှလောက် ကလေးဆန်ဆန် ပြုမူနေသည်ကိုတော့ သူမက တစ်ခါမှ မတွေ့ခဲ့ဖူးချေ။

သူမကလည်း ငေးကြောင်ကြောင်ဖြစ်နေသည်။ ထို့ကြောင့် ကျိုးရွှယ်ဝမ်က သူမကို ဆွဲထုတ်လာကာ ပြောလိုက်၏။ "သွားပြီးတော့ တစ်ချက်လောက်ကြည့်ရအောင်"

နဥ်ရှောက်ယွင်၏ မျက်လုံးများသည် သူမ၏ လက်ကောက်ဝတ်ပေါ်က လက်ကြီးပေါ်သို့ ကျရောက်သွားပြီး သူမက သူမ၏ နှုတ်ခမ်းများကို တင်းနေအောင် စေ့ထားလိုက်သော်လည်း မရုန်းကန်လိုက်ချေ။

ရှမြန်ကတော့ ဒီဘက်တွင် လက်ဆောင်များကို လက်ခံနေလေသည်။

ကျောက်ချန်းကတော့ သူမအား ဖောင်တိန်တစ်ချောင်း ပေးပြီး ဆွန်းယွဲ့ရှင်းကတော့ သူမကို ဓာတ်ပြားသေတ္တာလေးတစ်ခုပေးပြီး လီလီကျန်းကတော့ လက်တလောတွင် ရေပန်းစားနေသည့် သောခလောက်တစ်ခုပါသည့် ဒိုင်ယာရီစာအုပ်ကိုပေးသည်။

ဟန်ဟောက်ရန်ကတော့ လူအရပ်တစ်ဝက်နီးပါးခန့်ရှိသည့် မွေးပွဝက်၀ံရုပ်ကို ရှမြန်၏လက်ထဲသို့ ထည့်ပေးလိုက်ကာ ရွှင်လန်းတက်ကြွစွာဖြင့် ပြောလိုက်လေသည်။ "ရှမြန် မွေးနေ့မှာ ပျော်ရွှင်ပါစေနော်"

"ကျေးဇူးပဲနော်"

ဝက်ဝံရုပ်က ရှမြန်၏မြင်ကွင်းကို ကွယ်ထား၏။ ရှမြန်က ကိုယ်ကိုလှည့်လိုက်ပြီး အရုပ်ကိုဆိုဖာပေါ်သို့ တင်လိုက်မည်ပြင်လိုက်စဉ်တွင် ရှ၀မ်ယွဲ့၏တအံ့တသြ ပြောလိုက်သံကို ကြားလိုက်ရ၏။

"ဒေါက်တာနဥ်လည်း ဒီကိုရောက်နေတာပဲ"

ရှမြန်သည် သူမ၏သူငယ်ချင်းများကို ဖိတ်ခေါ်ထားသည့်အတွက် လူကြီးများက ဝင်ပါဖို့ရန် အစီအစဉ် မရှိချေ။ သူတို့သည် သူတို့၏လက်ဆောင်များကို ပေးဖို့ရန် သီးသန့်အချိန်တစ်ခုကိုသာ ရှာဖွေခဲ့သည်။ နဥ်ရှောက်ပိုင်က ဒီလိုအချိန်မှ ရောက်လာကြမည်ဟု သူတို့က ထင်မထားကြချေ။

နဥ်ရှောက်ပိုင်၏ မျက်လုံးများက ကျောက်ချန်းနှင့် ဟန်ဟောက်ရန်ဆီသို့ ဝေ့ကြည့်လိုက်ပြီး နောက်ဆုံးတော့ ရှမြန်၏လက်ထဲက မွေးပွဝက်ပုံရုပ်ဆီသို့ ကျရောက်သွားလေသည်။

"ငါ ခဏနေ အပြင်ထွက်စရာရှိလို့ ဒါကြောင့်မို့လို့ လက်ဆောင်အရင်ဆုံး လာပို့ပေးတာ" နဉ်ရှောက်ပိုင်က ပြောလိုက်သည်။

"ဟယ် နောက်ထပ်လက်ဆောင် ရှိသေးတာလား" ရှမြန်၏မျက်လုံးများက လင်းလက်သွားပြီး သူမသည် ချက်ချင်းဆိုသလို မွေးပွဝက်၀ံရုပ်ကို ချထားလိုက်ကာ "နားကပ်အပြင် နောက်ထပ်ရှိသေးတာလား"

နဥ်ရှောက်ပိုင်က သူမ၏လက်ထဲသို့ အိတ်ကြီးတစ်လုံးကို လှမ်းထည့်ပေးလိုက်ပြီး ပြောလိုက်လေသည်။

"ဖွင့်ပြီးတော့ ကိုယ့်ဟာကိုယ် ကြည့်လိုက်"

ရှမြန်သည် အိတ်ကိုလှမ်းယူလိုက်ပြီးနောက် သူမ၏လက်က အောက်သို့ညွှတ်ကျသွားကာ သူမ၏ လက်ကပင် အဆစ်မျက်သွား တော့မလို ဖြစ်သွားတော့သည်။ သူမကအထိတ်တလန့်ဖြင့် နဥ်ရှောက်ပိုင်ကို ကြည့်လိုက်၏။

"အစ်ကိုကြီးရယ် ရှင် ကျွန်မကို လေ့ကျင့်ခန်းစာအုပ်တွေ တကယ်ပေးခဲ့တာပဲ"

နဥ်ရှောက်ပိုင်က ပြောလိုက်သည်။ "မင်းစာလုပ်ရတာကို ကြိုက်တယ်မဟုတ်လား။ ဒီအပြင် အထက်တန်းကျောင်းသူတွေက စာပဲလုပ်ရမှာပေါ့။ ဒါက အရမ်းလက်တွေ့ကျတဲ့ ကိစ္စပဲလေ"

ရှမြန်က နှာခေါင်းရှုံ့ထားလိုက်ပြီး အလွန်မှ လက်ရာမြောက်လွန်းလှသည့် သစ်သားဘူးလေးတစ်ခုကို တွေ့လိုက်ရလေသည်။

"ဒါကရော ဒါကဘာအတွက် သုံးရမှာလဲ"

နဥ်ရှောက်ပိုင်က ပြောလိုက်သည်။ "ဒါက မင်းရဲ့ရည်းစားစာတွေ ထည့်သိမ်းဖို့လေ။ မင်းမှာ အစောင်၂၀၀တောင် ရှိတယ်မဟုတ်လား။ ဒါမှမဟုတ် ၃၀၀များလား"

"ဘာပဲဖြစ်ဖြစ်ပါ ဒီဘူးက အစောင်၅၀၀လောက်အထိ ဆံ့ပါတယ်။ ဒါက မင်းရဲ့နောက်လာမဲ့မွေးနေ့အထိ လုံလောက်သင့်ပါတယ်"

သူက ထိုသို့ပြောလိုက်ပြီးသည်နှင့် ချက်ချင်း အားလုံး၏မျက်လုံးများက ရုတ်တရက်ဆိုသလို ရှမြန်ဆီသို့ ရောက်သွားကာ သူတို့သည် တာဝန်မဲ့သည့်လူယုတ်မာလေးတစ်ယောက်ကို ကြည့်နေကြသည်နှယ်ပင်။

ရှ၀မ်ယွဲ့မှာ အထူးတလည် အထိတ်တလန့်ဖြစ်သွားပြီး မေးလိုက်လေသည်။ "ဘယ်လိုလုပ်ပြီးတော့ ရည်းစားစာတွေက အဲဒီလောက် အများကြီးရှိနေတာလဲ"

ရှမြန်က မြန်မြန်လက်ကာပြလိုက်ကာ

"သူတို့တွေက စားပွဲထဲမှာ လာထိုးထည့်ထားကြတာပါ။ ကျွန်မ စာတစ်စောင်မှ မဖတ်ခဲ့ပါဘူး။ တကယ်ပြောတာ"

သူမမှာ အလွန်ရှက်ရွံ့ရ၏။ နဥ်ရှောက်ပိုင်ကို ကြွား၀ါရခြင်းက တစ်ကဏ္ဍဖြစ်သော်ငြားလည်း သူမ၏ မိဘများကို ထိုအကြောင်း အသိပေးရသည်ကတော့ အလွန်မှ ရှက်ရွံစရာကောင်းပေသည်။

သူမက နဥ်ရှောက်ပိုင်ကို ဒေါသဖြင့် ဝါးစားမတတ်ကြည့်လိုက်ပြီး ရှ၀မ်ယွဲ့ကို တလေးတနက် ရှင်းပြရတော့သည်။

"အဒေါ်၂ ကျွန်မ ပြောတာတကယ်ပါ။ ကွန်မကျောင်းမှာ ဘယ်သူ့ကိုမှ မချစ်ကြိုက်ရပါဘူး။ ကျွန်မက ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေချင်သေးတယ်လေ။ တကယ်လို့ အဒေါ် ကျွန်မကို မယုံဘူးဆိုရင် ဆွန်းယွဲ့ရှင်းနဲ့ တခြားသူတွေကို မေးလို့ရပါတယ်"

ဆွန်းယွဲ့ရှင်းက ချက်ချင်းပြောလိုက်ရသည်။ "ဟုတ်တယ် ရှမြန်က တကယ် အရမ်းကို နာမည်ကြီးတာလေ။ အဲ့ဒီရည်းစားစာတွေကလည်း နေ့တိုင်းစားပွဲခုံထဲမှာ ရောက်ရောက်နေတာ။ ဒါပေမဲ့ သူ တစ်ခါမှမဖတ်ခဲ့ပါဘူး"

"ဟုတ်တယ်။ အဲ့ဒီစာတွေကိုလည်း လွှင့်ပစ်လိုက်လို့လည်း မကောင်းဘူးလေ။ တကယ်လို့ တစ်ယောက်ယောက်က ကောက်ယူသွားပြီး ဒီအကြောင်း အတင်းပြောနေရင် ဘယ်လိုလုပ်မှာလဲ"

လီလီကျန်းကလည်း ပြောလိုက်သည်။ "ဒါကြောင့် ရှမြန်ကလည်း ဒါကိုသိမ်းထားလိုက်တာပါ"

"ဒါပေမဲ့ သူကဒါကို တစ်ချက်မှတောင်မကြည့်ပါဘူး"

ရှ၀မ်ယွဲ့မှာ ယုံရမည်လား မယုံရမည်လား မသိတော့ချေ။ သို့သော်ငြားလည်း သူမသည် ကျောက်ချန်းနှင့် ဟန်ဟောက်ရန်ကို လှမ်းကြည့်လိုက်သည့်အချိန်တွင် သူမသည် အမှတ်တမဲ့ သူတို့ကို သေသေချာချာလေး စစ်ဆေးကြည့်နေမိ၏။

ကျောက်ချန်းက သူ့လက်၂ဖက်ကို တွင်တွင်ခါရမ်းပြလိုက်ပြီး "အဒေါ် ကျွန်တော်က ရဲသင်တန်းကျောင်းကို လျှောက်မဲ့လူပါ။ ကျွန်တော်က အထက်တန်းကျောင်းမှာ ရည်းစားမထားချင်ပါဘူး" ထို့နောက်တွင် သူက ဟန်ဟောက်ရန်ကို မြန်မြန်လှမ်းတို့လိုက်၏။

ဟန်ဟောက်ရန်ကလည်း အောင့်သက်သက်ဖြင့် ပြောလိုက်လေသည်။ "အဒေါ် ကျွန်တော်လည်း အတူတူပါပဲ"

"ဟုတ်တယ်။ ဒီကောင်ကလည်း စာတော်တဲ့ကျောင်းသားတစ်ယောက်လေ" ကျောက်ချန်းသည် သူ့စကားလုံးများက ယုံကြည်ချင်စရာ မကောင်းလောက်သေးဘူးဟု ထင်လိုက်သဖြင့် မြန်မြန်ထပ်ပြောလိုက်တော့သည်။ "ကျောင်းမှာ အဆင့်၃ရထားတာ"

ကလေးများ၏ တုံ့ပြန်ပုံက ရှ၀မ်ယွဲ့ကို ရယ်မောစေတော့သည်။ "ငါ နင်တို့ကို မယုံဘူးလို့ မပြောခဲ့ပါဘူး"

နဥ်ရှောက်ပိုင်ကတော့ သက်ပြင်းချကာ ပြောလိုက်၏။ "အဒေါ် ကောင်လေးတွေနဲ့ ကောင်မလေးတွေရဲ့ ကိုယ့်ဟာကိုယ်ထိန်းချုပ်နိုင်စွမ်းကို ယုံကြည်ထားလို့ မရဘူးနော်။ သူတို့တွေက အခုဆိုရင် အရမ်းကို ယုံကြည်ချက်ရှိနေကြတာ။ ဒါပေမဲ့ သူတို့တွေသာ တကယ်တမ်း ချစ်ကြိုက်လာမယ်ဆိုရင်တော့..."

ရှမြန်က နှာခေါင်းရှုံ့လိုက်ကာ ရှုံ့ချလိုက်လေသည်။

"ဘယ်သူ့ကိုလာပြီးတော့ အထင်သေးနေတာလဲ။ စောင့်ကြည့်နေလိုက်ပါ။ ကျွန်မ အဲဒီအကြောင်းကို သေချာပေါက်ပြောမှာ မဟုတ်ဘူး"

နဥ်ရှောက်ပိုင်က ပြောလိုက်၏။

"တကယ်လို့ အဲဒီအကြောင်းကို ပြောခဲ့တယ်ဆိုရင်ရော"

ရှမြန်က ပြတ်ပြတ်သားသား ပြောလိုက်လေသည်။

"ကျွန်မဘယ်တော့မှ အိမ်ထောင်ပြုမှာ မဟုတ်ဘူး"

နဥ်ရှောက်ပိုင်...

မင်းက ငါ့ကို ကျိန်ဆဲနေတာလား။ ဒါမှမဟုတ် ကိုယ့်ဟာကိုယ် ကျိန်ဆဲနေတာလား။

နဥ်ရှောက်ပိုင်သည် တစ်နှစ်လောက် သည်းခံဦးမည်ဟု ဆုံးဖြတ်ထားသော်ငြားလည်း သူသည် ကိုယ့်ဟာကိုယ် မထိန်းနိုင်ခဲ့လျှင်တော့ ထိုစည်းမျဉ်းကို ချိုးဖောက်ဖို့ရန် အဆင်သင့်ဖြစ်နေလေသည်။

သို့သော်ငြားလည်း ဒီလောက်အဆိပ်ပြင်းထန်သည့် သစ္စာစကားကတော့ဖြင့်...

ရှမြန်က နဥ်ရှောက်ပိုင်ကို နားမလည်သလိုကြည့်လိုက်ပြီး သူမ၏ဇက်လေးကိုပုထားလိုက်ကာ တိုးတိုးလေးပြောလိုက်၏။ "ကျွန်မ ရည်းစားမထားပါဘူးလို့ ပြောထားပြီးပြီပဲ။ ရှင်က ဘာဖြစ်လို့ အဲဒီလောက်အထိ ရန်လိုနေသေးတာလဲ"

အခြေအနေကို သိထားပြီးသားဖြစ်သည့် နဥ်ရှောက်ယွင်မှာ မောင်ဖြစ်သူ၏ ဝမ်းနည်းနေသည့် အမူအရာကို မြင်လိုက်ရသည့်အခါ အသံထွက် အော်ရယ်လုမတတ် ဖြစ်သွားတော့သည်။ ထို့နောက်တွင်တော့ သူမသည် သူမ၏လက်ကို တစ်ယောက်ယောက်က ဆွဲဆိတ်လိုက်သည်ကို ခံစားလိုက်ရသည်။ သူမက လှည့်ကြည့်လိုက်သည်တွင် သူသည် အတွင်းဒဏ်ရာကို သည်းခံထားရသည့်ရုပ်ဖြစ်နေသည့် အမူအရာဖြင့် ကျိုးရွှယ်ဝမ်ကို တွေ့လိုက်ရ၏။

ထူးဆန်းသည့် ပျော်ရွှင်မှုတစ်ခုက သူမ၏စိတ်ထဲတွင် ရှင်းမပြတတ်အောင် ပေါ်ထွက်လာတော့သည်။

...

All Chapters