← Chapters

အပိုင်း(၁၃၇)

Vol. 10 Ch. 137

အပိုင်း(၁၃၇)

Vol. 10 Ch. 137

လူကြီးများ ထွက်သွားပြီးနောက် အထူးသဖြင့် နဥ်ရှောက်ပိုင် ထွက်သွားပြီးနောက်တွင် ရှမြန်နှင့် သူမ၏သူငယ်ချင်းများ အားလုံးက စိတ်အေးကာ သက်ပြင်းချလိုက်တော့သည်။

ဆွန်းယွဲ့ရှင်းက ပြောလိုက်၏။

"ဘာဖြစ်လို့လဲ မသိဘူး။ ဒေါက်တာနဥ် ဒီနေရာမှာ ရှိနေတဲ့အချိန်တိုင်း ငါ စကားတောင် မပြောရဲတော့ဘူး"

လီလီကျန်းကလည်း အရူးအမူးစွဲလန်းသလို ပြောလိုက်လေသည်။

"ဒါပေမဲ့ ငါကတော့ သူ့ကို ဘယ်နှစ်ကြိမ်ပဲကြည့်ကြည့် ဒေါက်တာနဥ်က အမြဲတမ်း ချောမောနေတော့တာပဲ"

ရှမြန်က ဒါကို အလွန်ဂုဏ်ယူလေသည်။

"ဒါပေါ့ ငါလည်း အဲဒီလိုပဲ မြင်တာပဲလေ။ သူ့ထက်ပိုပြီး ချောမောတဲ့သူကို ငါထပ်ပြီး မတွေ့ဖူးသေးဘူး"

ကျောက်ချန်းက ရှမြန်၏နားကပ်ကို ကြည့်ပြီး ပြောလိုက်လေသည်။

"ဒေါက်တာနဥ်က နင့်ကို တကယ်ပဲ နားဖောက်ပေးခဲ့တာလား။ ငါကတော့ ဒေါက်တာနဥ်က သူ့ရဲ့မျက်နှာသေကြီးနဲ့ တစ်စုံတစ်ယောက်ရဲ့ ဝမ်းဗိုက်ကို ဖောက်ပေးဖို့ ခွဲစိတ်ခန်းသုံး ဓား၁လက်ကို ကိုင်ထားတာကိုပဲ စဉ်းစားနိုင်တယ်"

ဟန်ဟောက်ရန်ကလည်း ခေါင်းညိတ်သဘောတူသည်။ "ဒေါက်တာနဥ်ရဲ့ အလုပ်ပေါ်ရူးသွပ်တဲ့ရောဂါက တကယ် ကြောက်ဖို့ကောင်းတာပဲ။ သူ ငါ့ကိုကြည့်တဲ့အခါဆိုရင် သူက ငါ့ခန္ဓာကိုယ်မှာ ခွဲစိတ်နိုင်တဲ့နေရာတွေကို ရှာဖွေနေတယ်လို့ ခံစားရတယ်"

မိန်းကလေးများကတော့ မတူညီသည့်ကိစ္စများကို အာရုံစိုက်ကြသည်။ ဆွန်းယွဲ့ရှင်းက ရှမြန်၏နားကို သေသေချာချာ ကြည့်လိုက်ပြီး မေးလိုက်၏။

"တကယ်ပဲ လုံးဝမနာဘူးလား"

သူမက သူမ၏ နားသီးကို ကိုင်လိုက်ပြီး ပြောလိုက်သည်။ "ငါ အလယ်တန်းတုန်းက နားဖောက်တုန်းကဆိုရင် နားတွေက နီရဲပြီးတော့ ရက်တော်တော်ကြာအောင် ရောင်ကိုင်းနေခဲ့တာ"

ရှမြန်မှာ ဂုဏ်ယူရသဖြင့် နှာခေါင်းကပင် လန်တက်တော့မလို ဖြစ်နေလေသည်။

"လုံးဝကို မနာဘူး။ ဒေါက်တာနဥ်ကလေ အံ့သြဖို့ကောင်းတယ် ဟားဟားဟား"

ဆွန်းယွဲ့ရှင်းက ပြောလိုက်သည်။

"အဲဒီလိုမှန်းသိခဲ့ရင် ငါလည်း နောက်မှပဲ နားဖောက်ပါတယ်ဟယ်"

ကျောက်ချန်းက မေးလိုက်၏။

"နင်က ဒေါက်တာနဥ်ကို နင့်နားကို ဖောက်ခိုင်းရဲတာ သေချာလို့လား"

ဆွန်းယွဲ့ရှင်းသည် သူမ၏စကားလုံးကို ချက်ချင်းပြောင်းလဲလိုက်ပြီး ပြောလိုက်၏။

"စောစောနားဖောက်လိုက်တာပဲ ပိုကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီအချိန်တုန်းက ဘယ်လို ခံစားရခဲ့လဲဆိုတာတောင် ငါ မေ့သွားပြီပဲ"

လူနည်းစုကတော့ ရယ်မောစွာဖြင့် မွေးနေ့စားသောက်ပွဲကို ပြီးမြောက်သွားကာ မွေးနေ့ကိတ်မုန့်ကို အတူတူ ဝေမျှစားသောက်ကြပြီးနောက် လူစုခွဲသွားတော့သည်။

သူငယ်ချင်းများကို ပြန်လိုက်ပို့ပြီးနောက်တွင် ရှမြန်က ရှောင်ဖုန်းကို ပွေ့ဖက်ထားပြီး သူတို့၏လက်ဆောင်များကိုဖွင့်ရန် ဆိုဖာပေါ်တွင် ထိုင်ချလိုက်သည်။

ကလေးက ရှမြန်ကို နောက်ထပ်ပန်းချီကားတစ်ခု ဆွဲပေး၏။ ဒါသည် လက်ရာက မရင့်ကျက်သေးသော်ငြားလည်း အရင်နှစ်ကထက်စာလျှင် အများကြီးပိုပြီး ကောင်းမွန်လေသည်။

ရှမြန်က သူ့ကိုဖက်ထားပြီး မနှစ်ကမွေးနေ့လက်ဆောင် ပန်းချီကားနှင့် ယှဉ်ကာချိတ်လိုက်ပြီးနောက် မေးလိုက်လေသည်။

"ဒီနေရာမှာ ပန်းချီကားတွေ အပြည့်ချိတ်ပြီးသွားတဲ့အချိန်ကျရင် ငါတို့ရဲ့ရှောင်ဖုန်းကလည်း ပိုပြီးတော့ တော်တဲ့ပန်းချီဆရာတစ်ယောက် ဖြစ်လာလိမ့်မယ်" ရှမြန်က အပြုံးတစ်ခုဖြင့် ပြောလိုက်၏။

"ရှောင်ဖုန်းက အန်တီလေးအတွက် အလှပဆုံးပန်းချီကားကို ဆွဲပေးရမယ်နော်"

ရှောင်ဖုန်းကလည်း တည်တည်တံ့တံ့ဖြင့် ခေါင်းညိတ်ပြသည်။ "သားရဲ့အန်တီလေးက အလှဆုံးပဲ"

"ဟယ်..."ရှမြန်သည် သူ၏ပါးလေးကို ခပ်ကြမ်းကြမ်း နမ်းရှုံ့လိုက်လေသည်။ "ငါတို့ရဲ့ရှောင်ဖုန်းက အရမ်းကို သိမြင်တတ်တာပဲ"

ရှောင်ဖုန်းက သူမ၏လည်ပင်းကို ပွေ့ဖက်ထားကာ တခစ်ခစ်ရယ်မောလေ၏။

ရှ၀မ်ယွဲ့က ဝင်လာသည့်အချိန်တွင် သူမကိုဘဏ်စာအုပ်တစ်အုပ် လှမ်းပေးလေသည်။

"ဒါက အစုအမြတ် အခု နင်လည်း၁၈နှစ်ပြည့်သွားပြီဆိုတော့ နင့်ရဲ့ပိုက်ဆံတွေကို အခုအချိန်ကစပြီး ကောင်းကောင်းမွန်မွန် စီမံသင့်တယ်"

ရှင်းရှန်းအစားအသောက်စက်ရုံ ဖွင့်လှစ်ပြီး၂လအတွင်းတွင် ရှ၀မ်ယွဲ့သည် ရှမြန်နှင့် တရားဝင်စာချုပ်တစ်ခု ချုပ်ဆိုဖို့ရန်အတွက် ကျွမ်းကျင်သည့် ရှေ့နေ၁ယောက်ကို ငှားရမ်းခဲ့သည်။

ရှမြန်က ဝက်သားတုတ်ထိုးအတွက် အမယ်လုပ်နည်းကို အဓိကပံ့ပိုးပေးပြီး အစားအသောက်စက်ရုံထဲတွင် အစောပိုင်း ရင်းနှီးမြှုပ်နှံမှုတစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့သည်။ ရှ၀မ်ယွဲ့ကတော့ ကျန်သည့် ရင်းနှီးမြှပ်နှံမှုနှင့် လည်ပတ်ရမည့် လုပ်ငန်းအားလုံးကို တာဝန်ယူပေးသည်။ တွက်ချက်ခဲ့ပြီးသည့်နောက်တွင် ရှမြန်သည် အကျိုးအမြတ်၏ ၃၀ရာခိုင်နှုန်းကို ရရှိခဲ့၏။

ရှမြန်က ဘဏ်စာအုပ်ကို ဖွင့်လိုက်ပြီး တစ်ချက်ကြည့်လိုက်ပြီးနောက် ဝမ်းသာအားရ ပြောလိုက်လေသည်။

"လတိုင်း အများကြီးရတာပဲ"

ရှ၀မ်ယွဲ့က ပြုံးကာ ပြောလိုက်သည်။

"ငါ ဒီလအတွက် နင့်ကို အရင်ဆုံး ထည့်ထားပေးတယ်။ ဒါမှလည်း နင်လည်း သုံးလို့ရမှာလေ။ ငါတို့တွေ အကြွေးတွေ မဆပ်ရသေးဘူးဆိုတော့..."

"ဒါပေမဲ့ ဒီပုံစံတိုင်းသွားမယ်ဆိုရင် ကျွန်မတို့တွေ ဒီနှစ်ကုန်လောက်ဆိုရင်တော့ ကြွေးကျေနိုင်ပါပြီ ဟုတ်တယ်မလား" ရှမြန်က ပြောလိုက်သည်။

"အင်း" ရှ၀မ်ယွဲ့က ပြောသည်။ "ဒါပေမဲ့ အကြွေးကျေသွားပြီးရင် ငါ နောက်ထပ် ထုတ်လုပ်ရေးပိုင်း၂ခုကို ထပ်ထည့်ချင်သေးတယ်"

"စက်ရုံပတ်ဝန်းကျင်မှာ မြေလွတ်တချို့ တွေ့ထားတယ်။ ငါ အဲ့ဒါကို ဝယ်ချင်တယ်။ ဒါက နောက်ဆိုရင် သေချာပေါက် အသုံးဝင်လာမှာ"

ရှမြန်ကလည်း အစားအသောက်စက်ရုံ၏တည်နေရာကို စဉ်းစားကြည့်လိုက်သည်။ ယခုအချိန်တွင် ဒါက ဝေးကွာသည်ဟု ထင်ရသော်ငြားလည်း ယန်မြို့သည် ၂၀၀၀ ခုနှစ်နောက်ပိုင်း မြန်မြန်ဆန်ဆန် တိုးတက်လာသည့်အချိန်တွင် မြေက မြန်မြန်ဆန်ဆန် သေချာပေါက် အဖိုးတန်လာလိမ့်မည်ဖြစ်ကာ ဒါကိုဖြိုချနိုင်ခြေ အများကြီးရှိလေသည်။

"ဝယ် ဝယ် ဝယ်လိုက်" ရှမြန်က နဥ်ရှောက်ပိုင်ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးချခဲ့လေသည်။ "ကျွန်မ ဒေါက်တာနဥ်ဆီကနေပြီးတော့ ကြားထားတယ်။ အိမ်ယာနဲ့ မြေစျေးနှုန်းတွေက အခုအချိန်မှာ စျေးအပေါဆုံးပဲတဲ့။ ဒါတွေက နောက်နှစ်အနည်းငယ်နေရင် ထိုးတက်သွားမယ်ထင်တယ်"

"အဒေါ်၂ တကယ်လို့ အနီးအနားကရွာထဲမှာ အိမ်တစ်လုံး ရောင်းချတာကို တွေ့တယ်ဆိုရင် ကျေးဇူးပြုပြီးတော့ ကျွန်မကို ပြောပေးပါ။ ကျွန်မ အခု မြေဝယ်ဖို့ မတတ်နိုင်ဘူး။ ဒီတော့ ကျွန်မ တချို့အိမ်တွေကိုပဲ လက်ထဲမှာကိုင်ထားဖို့ စဉ်းစားထားတယ်"

"ကောင်းပြီလေ" ရှ၀မ်ယွဲ့က ထိုစကားကို ပြောလိုက်သူမှာ နဥ်ရှောက်ပိုင်ဖြစ်သည်ဟု ကြားလိုက်ရပြီးသည့်နောက်တွင် ဘာမေးခွန်းကိုမှ ထပ်မမေးတော့ချေ။ ရှမြန်သည် တစ်ခါတစ်ရံ အဆော့သန်သော်ငြားလည်း သူမသည် သူမလုပ်နေသည့်အရာကို သေသေချာချာသိ လေသည်။

အိမ်ယာပိုင်ဝယ်ယူခြင်းက ဘယ်တော့မှ မှားလိမ့်မည် မဟုတ်ချေ။

ရှ၀မ်ယွဲ့ ထွက်သွားပြီးသည့်နောက်တွင် ရှောင်ဖုန်းက သူမ၏လက်လေးကိုမှီကာ ရှမြန်၏လက်ထဲက ဘဏ်စာအုပ်ကို ကြည့်လိုက်၏။

ရှမြန်က သူ့ကို လက်မောင်းထဲတွင် ချီထားပြီး အတူတူကြည့်လိုက်လေသည်။

"လာလာ ရေတွက်ကြည့်ရအောင်။ ၁လအတွင်းမှာ ငွေဘယ်လောက်အများကြီး ရလိုက်လဲ"

ကလေးသည် ယခုအချိန်တွင် စကားလုံးများကို မှတ်မိနေနိုင်ပြီဖြစ်သည်။ သူက သူ၏လက်ချောင်း သေးသေးလေးကို ဆန့်ထုတ်လိုက်ကာ ၁၀၊ ၁၀၀၊ ၁၀၀၀ ရေတွက်လိုက်ပြီးနောက် ရှမြန်၏ ရင်ခွင်ထဲတွင် ထိုင်လိုက်ပြီး ဝမ်းသာအားရ လှုပ်ရမ်းနေလေသည်။

"သားကြည့်ရတာ အရမ်းပျော်နေတဲ့ပုံပဲ" ရှမြန်က သူ၏ထောင်တက်နေသည့်ဆံပင်လေးကို သပ်ချပေးလိုက်ကာ ရယ်မောလိုက်၏။ "ဒါက ဘယ်လောက်လဲဆိုတာ သိလား"

အမှန်တွင်တော့ ငွေကြေးနှင့် ပတ်သက်လာလျှင် ရှောင်ဖုန်းသည်လည်း တခြားကလေးများနှင့် အတူတူပင်ဖြစ်သည်။ သူသည် ၁ယွမ်၊ ၂ယွမ်၊ ၁၀ယွမ် မုန့်ဖိုးများ၏ ယူဆချက်တချို့ကို သိလေသည်။ ၁၀၀၀၊ ၁၀၀၀၀ဆိုသည့်ယွမ်ကတော့ သူ့အတွက်အများကြီး ဖြစ်ကာ သူသည် တစ်ခုခုကို ဝယ်ယူနိုင်သလို ခံစားရ၏။

ဟုတ်ပါသည်။ ရှောင်ဖုန်းက ရှမြန်ကို မော့ကြည့်ကာ ပြောလိုက်၏။

"အိမ်တစ်လုံး ဝယ်ရမယ်။ ပြီးရင် အဲဒါကိုဖြိုချရမယ်"

ရှမြန်က ပြုံးလိုက်ပြီး "အင်း ဒါကဖြစ်နိုင်တယ်"

သူမသည် အိမ်တစ်လုံးကို ဝယ်ချင်နေခဲ့သည်မှာ ကြာမြင့်နေလှပြီ ဖြစ်သော်ငြားလည်း ဒီနေရာနှင့် မရင်းနှီးသည့်အပြင် ကျောင်းတက်နေရသည့်အတွက်လည်း အချိန်မရှိချေ။

ကံအားလျော်စွာ အိမ်ယာစျေးကွက်သည် လတ်တလောတွင် နှေးကွေးနေသဖြင့် ရှမြန်ကလည်း အလျင်မလိုဘဲ နောက်၂နှစ်နွေရာသီနှင့် ဆောင်းရာသီအားလပ်ရက်အတွင်း ဖြည်းဖြည်းချင်း စုံစမ်းမည်ဟု စဉ်းစားထားခဲ့သည်။

သို့သော်...

"ဒီပိုက်ဆံတွေက အိမ်တစ်လုံးဝယ်ဖို့ မလောက်သေးဘူး"

ရှောင်ဖုန်းက သူ့ခေါင်းလေးကို စောင်းကာ ထိုအကြောင်းအရာကို စဉ်းစားလိုက်လေသည်။

"တံဆိပ်ခေါင်း ရောင်းကြမလား"

ရှမြန်က သူ့ခေါင်းကို ထိကိုင်ပေးလိုက်ကာ "တံဆိပ်ခေါင်းရဲ့တန်ဖိုးကတော့ အိမ်ရဲ့စျေးနှုန်းထက် ပိုပြီးတော့ နှေးကွေးမှာ မဟုတ်လောက်ပါဘူး။ ဒါပေမဲ့ တံဆိပ်ခေါင်းက ရှောင်ဖုန်းရဲ့ဟာလေ။ ရှောင်ဖုန်း အသက်၁၈နှစ် ပြည့်လာတဲ့အချိန်ကျရင် အဲ့ဒါတွေကို ဘယ်မှာထားမယ်ဆိုတာကို အန်တီလေးတို့ စဉ်းစားကြတာပေါ့"

"ဒါဆိုရင် သားတို့က ဘာလုပ်ကြမှာလဲ" ရှောင်ဖုန်းက မေးသည်။

သူမက ဘဏ်စာအုပ်ကို ခါပြလိုက်ကာ ပြုံးပြလိုက်၏။ "ဒါက မလောက်သေးဘူးဆိုပေမဲ့ အန်တီလေးတို့ဆီမှာ တခြားပိုက်ဆံတွေ ရှိသေးတယ်ဆိုတာ သားမေ့သွားပြီလား"

ရှောင်ဖုန်းက သတိရသွားသည်။ "ဦးဦးနဉ်"

"ဟုတ်တယ် အန်တီလေးတို့က ဦးဦးနဥ်ကို ပိုက်ဆံပေးထားပြီး အန်တီလေးတို့ရဲ့ ငွေရေးကြေးရေးကို ကူညီစီမံခန့်ခွဲခိုင်းထားတယ်လေ" ရှမြန်က ထိုသို့ပြောလိုက်ပြီး ဝမ်းသာအားရ ထရပ်လိုက်ကာ "သွားမေးကြရအောင်"

သူမသည် နဥ်ရှောက်ပိုင်ထံသို့ ပိုက်ဆံလွှဲပေးပြီးကတည်းက ထိုအကြောင်းကို တစ်ခါမှ မမေးခဲ့ရချေ။

"အခုဆိုရင် ဘယ်လောက်တောင် ရှိသွားပြီလဲမသိဘူး"

မိသားစု၏ငွေရေးကြေးရေးအခြေအနေကို သိထားသည်က အိမ်ဝယ်သည့်အချိန်တွင် ပိုကောင်းမွန်သည့် စိတ်ကူးတစ်ခုရလာရန် အကူအညီဖြစ်စေနိုင်သည်။

သို့သော်ငြားလည်း သူတို့သည် တံခါးအပြင်ဘက်သို့ ထွက်လာသည်နှင့်ချက်ချင်း ရှောင်ဖုန်းသည် ချန်းချန်း၏ ဆွဲဆောင်ခြင်းကို ခံခဲ့ရလေသည်။

ကျိုးရွှယ်ဝမ်က ချန်းချန်းအတွက် ရီမုကွန်ထရိုး လေယာဉ်ပျံတစ်စီးကို ၀ယ်ပေးခဲ့ခြင်းဖြစ်၏။ ချန်းချန်းက ရှောင်ဖုန်းနှင့် ဟွေ့ကျူးတို့ကိုလာရှာသည်။ ရှောင်ဖုန်းကလည်း ချန်းချန်းနောက် ချက်ချင်းလိုက်သွား၏။

ထို့ကြောင့် ရှမြန်တစ်ယောက်သာ နဥ်ရှောက်ပိုင်အိမ်သို့ သွားခဲ့ရတော့သည်။

သူမသည် ခြံဝင်းထဲသို့ ဝင်လာသည့်အခါ စင်္ကြံပေါ်က ထိုင်ခုံပေါ်တွင် လှလှပပထိုင်ပြီး လက်ထဲက စာအုပ်ထူကြီးတစ်အုပ်ကို စိတ်ဝင်တစားဖတ်နေသည့် နဥ်ရှောက်ပိုင်ကို တွေ့လိုက်ရ၏။

နွေရာသီလေပြေက သူ၏ဆံပင်တိုတိုလေးများကို အသာအယာ ဖြတ်တိုက်နေပြီး နွေးထွေးလှသည့် ညနေခင်းရောင်ခြည်က သူ၏ချောမောလှသည့်ရုပ်ရည်ကို ကောက်ကြောင်း ဖော်ပေးနေကာ သူ့ကိုချောမောလှပသည့် ပုံရိပ်လေးတစ်ခု ဖြစ်နေစေသည်။

ရှမြန်က တစ်ချက်လောက် လေချွန်လိုက်သော်ငြားလည်း နဥ်ရှောက်ပိုင်က သူမကို လျစ်လျူရှုထား၏။

ရှမြန်က ပြုံးကာ လျှောက်လာပြီး ထိုင်ချလိုက်လေသည်။ နဥ်ရှောက်ပိုင်က သူ့ခေါင်းကို မမော့လာသေးချေ။ သူက ဒီအတိုင်း သူ့လက်ညှိုးကို ဆန့်ထားလိုက်ပြီး သူမ၏ပုခုံးကို ထောက်ထားလိုက်ကာ သူမကို အဝေးသို့ ဖြည်းဖြည်းချင်း တွန်းပို့လိုက်၏။

"ဝေးဝေးနေ"

ရှမြန်က အနီးကပ်တစ်ချက်လောက် ကြည့်လိုက်သည်တွင် သူသည် ရုပ်တည်တည်နှင့် ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူမကလည်း ကိုယ့်ဟာကိုယ် ဆင်ဆင်ခြင်ခြင်နေလိုက်ကာ ပြဿနာမရှာတော့ချေ။ သူမက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ဒီအတိုင်း ထရပ်လိုက်ပြီးနောက် သူ့ကို ယပ်ခတ်ပေးဖို့ရန်အတွက် ဧည့်ခန်းထဲက ယပ်တောင်တချို့ကို အပြေးအလွှား သွားယူလိုက်သည်။

သူမကပြုံးကာ ပြောလိုက်၏။

"ဒေါက်တာနဥ် အခု ရှင်ပိုပြီးတော့ အေးသွားပြီလား"

နဥ်ရှောက်ပိုင်သည် ထိုတွေးတောဆင်ခြင်ပေးတတ်သည့် ဝန်ဆောင်မှုကို သဘောကျသော်ငြားလည်း ဂရုမစိုက်သလို ရှိနေ၏။

ရှမြန်က ထိုအကြောင်းကို စဉ်းစားလိုက်ပြီးနောက် သူ့အနားသို့ လျှို့လျှို့ဝှက်၀ှက်သွားလိုက်ကာ ပြောလိုက်လေသည်။ "ဒေါက်တာနဥ် အစ်မနဉ်နဲ့ လူကြီးမင်းကျိုးတို့ နည်းနည်းလေး ထူးခြားနေတဲ့ ပုံစံဖြစ်နေတာ သတိထားမိလား"

"နေ့လယ်တုန်းက သူတို့တွေ လက်ချင်းကိုင်ထားကြတာ ကျွန်မ တွေ့လိုက်တယ်"

"ခုနတုန်းကလည်း ချန်းချန်းကို ဟွေ့ကျူးတို့ရှောင်ဖုန်းတို့နဲ့ အတူတူသွားကစားဖို့ လွှတ်လိုက်တယ်လေ"

"ရှင် သိပါတယ်။ ကျိုးရွှယ်ဝမ် ရောက်လာတဲ့အချိန်ဆိုရင် ချန်းချန်းက ပုံမှန်ဆိုရင် သူ့အဖေနားမှာပဲ ကပ်နေတတ်တာလေ"

နဥ်ရှောက်ပိုင်သည် နောက်ဆုံးတော့ သူ့မျက်လုံးများကို စာအုပ်မှခွာလိုက်ပြီး ချဥ်းကပ်လာသည့်ရှမြန်ကို ကြည့်လိုက်၏။

ရှမြန်မှာ သူ၏စူးရှသည့်အကြည့်ကြောင့် အလန့်တကြား ဖြစ်သွားပြီး ကြောက်လန့်တကြား နောက်သို့ ပြန်ရွှေ့သွားတော့သည်။

"ဘာဖြစ်လို့လဲ အဲဒီအကြည့်က ဘာအဓိပ္ပာယ်လဲ"

"ရှင်က လူကြီးမင်းကျိုးကို သဘောမကျဘူး မဟုတ်လား" ရှမြန်က မသင်္ကာသလို မေးလိုက်ပြီး "ကျွန်မအပေါ် အဲဒီလောက်အထိ တွန့်တိုနေစရာ မလိုပါဘူး။ သူတို့ကို ပြန်တွဲခိုင်းတာ ကျွန်မမှမဟုတ်ဘဲ"

နဥ်ရှောက်ပိုင်က သူမကို မျက်စောင်းထိုးလိုက်ကာ "မင်း မဟုတ်ဘူးဆိုရင် ငါဖြစ်မှာမလို့လား"

ဟုတ်ပါတယ် ကျွန်မပါ။ ဒါပေမဲ့ ရှင်ကတော့ တရားခံလေ။

သူက နားထောင်ဖို့ရန် ဆန္ဒမရှိသည်ကို တွေ့လိုက်ရသဖြင့် ရှမြန်က သူမ၏ဝှက်ဖဲကိုသာ သုံးလိုက်ရတော့သည်။ သူမက ခပ်တိုးတိုးတစ်ချက်လောက် ညည်းလိုက်ပြီး သူမ၏လက်ဖြင့် နားကိုအုပ်ထားလိုက်ကာ ပြောလိုက်၏။

"ဒေါက်တာနဥ် ကျမရဲ့နားသီးကလေ နည်းနည်းလေး နာနေတဲ့ပုံပဲ။ ရောင်များနေသလား"

နဥ်ရှောက်ပိုင်က စာအုပ်ကိုချထားလိုက်ပြီး ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီးသည်တွင် ရှမြန်က ချက်ချင်းဆိုသလို အပြုံးတစ်ခုဖြင့် အနားသို့ရောက်လာ၏။

နဥ်ရှောက်ပိုင်သည် သူ့ရှေ့က သေးငယ်ပြီးတောက်ပနေသည့် နားသီးကို ကြည့်လိုက်၏။ သူကိုယ်တိုင် ရွေးချယ်ထားပေးသည့် နှင်းပွင့်ပုံစံ နားကပ်တစ်ရံဖြစ်သည်။ သူတို့က အလွန် လှပလွန်းလှ၏...

သူက မျက်လွှာချထားလိုက်ပြီး ဘေးသို့ရွေ့လိုက်ကာ တစ်စုံတစ်ယောက်ထံမှ ရှောင်ဖယ်လိုက်ပြီးနောက် ရုတ်တရက် မေးလိုက်လေသည်။

"မင်းရဲ့နွေရာသီအားလပ်ရက်က ဘယ်လောက်ရလဲ"

ရှမြန်က ပြောလိုက်သည်။

"၁လခွဲလေ ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ပါဘူး" နဥ်ရှောက်ပိုင်က မျက်နှာသေဖြင့် ပြောလိုက်၏။ "ဒါကအရမ်းရှည်လွန်းတယ်လို့ စဉ်းစားမိလို့လေ။ အထက်တန်း နောက်ဆုံးနှစ်တက်ရတော့မှာပဲ။ ဒီတော့ အားလပ်ရက်က တစ်ပတ်ဆိုရင် လုံလောက်ပြီပေါ့"

ဒီတော့ဒီနေရာမှာ သူနှိပ်စက်ခံနေရတာ သက်သာအောင်လို့ပေါ့လေ။

ရှမြန်၏မျက်လုံးများက ဝိုင်းစက်သွား၏။

"ဒေါက်တာနဥ် ရှင်ကလေ မကောင်းဆိုး၀ါး၁ကောင်လား"

ဒေါက်တာနဥ်က စဉ်းစားလိုက်၏။

မင်းကမှ ငါ့ကိုနှိပ်စက်ဖို့ နတ်ဘုရားက လွှတ်လိုက်တဲ့ မကောင်းဆိုးဝါးလေ။

...

All Chapters