← Chapters

အပိုင်း(၁၃၉)

Vol. 10 Ch. 139

အပိုင်း(၁၃၉)

Vol. 10 Ch. 139

"လူကြီးမင်းကျိုးကိုလား"

"ဘယ်သူ"

အိုး ဘုရားရေ။ ငါ- ငါဒါကိုတောင်မှ သတိမထားမိခဲ့တာပဲ။

နဥ်ရှောက်ပိုင်၏ ထိတ်လန့်နေသည့် မျက်လုံးထဲတွင် နာကျင်မှုအပြည့် ဖြစ်သွား၏။ သူမက နဥ်ရှောက်ပိုင်၏ လက်ကို ဖမ်းဆွဲလိုက်ကာ မသက်မသာဖြင့် ပြောလိုက်လေသည်။

"ဒေါက်တာနဥ် ဒါက ရှင်အတွက်တော့ တကယ်မလွယ်ကူပါဘူး"

ဒီကလေးမ ဘာတွေပြောနေတာလဲ။

ထိုထိတ်လန့်မှုက အလွန်မှကြီးမားလှသဖြင့် နဥ်ရှောက်ပိုင်၏စိတ်မှာ တဒင်္ဂအတွင်း ဗလာအတိ ဖြစ်သွားတော့သည်။

ရှမြန်က သူ၏ဇဝေဇဝါဖြစ်သွားသည့်အမူအရာကို ကြည့်လိုက်ပြီး ချက်ချင်းဆိုသလို နဥ်ရှောက်ပိုင်နှင့် ကျိုးရွှယ်၀မ်တို့ကြားက ၂ဘဝစာ အချစ်၊ အမုန်း၊ လက်စားချေမှုများကို စဉ်းစားမိပြီး စိတ်ကူးယဉ်မိတော့သည်။

ဘော့စ်က သူ့အရင်ဘဝတုန်းက ချန်းချန်းမင်္ဂလာဆောင်ပြီး ကလေးရသွားတဲ့အထိတောင် တစ်ယောက်တည်း ကျန်ရစ်နေနေခဲ့တာလည်း မဆန်းတော့ပါဘူး။ ဒါက လက်တွေ့ကျကျ အမြင်တွေကြောင့်မှ မဟုတ်ဘဲ။ နောက်ပြီးတော့ နဥ်ရှောက်ပိုင်လိုလူကလည်း ဒီလိုလက်တွေ့ကျတဲ့ အရင်သဘောထားတွေကို ဘယ်တော့မှ ဂရုစိုက်မှာ မဟုတ်ဘူးလေ။

တကယ့်အကြောင်းအရင်းက သူ မချစ်သင့်မိတဲ့သူကိုမှ သွားချစ်မိနေတာကိုး...

နောက်ပြီးတော့ ဒီနေ့ သူ့ရဲ့ပုံမှန်မဟုတ်တဲ့ အပြုအမူကလည်း ဒါကို ရှင်းပြနေတယ်လေ။ နေ့လယ်ခင်းတုန်းက နဥ်ရှောက်ယွင်နဲ့ ကျိုးရွှယ်ဝမ်တို့ အချင်းချင်း လက်ချင်းတွဲထားတာကို သူ သေချာပေါက် မြင်လိုက်မှာပဲ။

ဒီတော့ သူက ကျိုးရွှယ်ဝမ်ကို သဘောမကျလို့ မဟုတ်ဘဲ သူ လိုချင်တာမရလို့ ဖြစ်နေတာကိုး...

အို ဟယ် ဘုရားရေ။ ဒါကြီးက ဘယ်လောက်တောင်မှ စိတ်ဆင်းရဲဖို့ကောင်းလိုက်တဲ့ တစ်ဖက်သက်အချစ်မျိုးလဲ။

နောက်ပြီးတော့ ငါကလည်း ဝင်လာတာနဲ့ချက်ချင်း သူ့နှလုံးသားကို ဓားနဲ့ထိုးသလိုလုပ်ခဲ့တယ်လေ...

"ရပ်လိုက်" နဥ်ရှောက်ပိုင်သည် အလွန်မှ ဝမ်းနည်းလှသဖြင့် ငိုတော့မည့်ရုပ်ဖြစ်နေသည်။ ရှမြန်ကို ကြည့်လိုက်ပြီး သူ့ခေါင်းမှာ တဒုတ်ဒုတ် မြည်လာသလို ခံစားလိုက်ရတော့သည်။

ရှမြန်! သူသည် ကလေးမ၏လည်ကုပ်ကို လှမ်းညှစ်လိုက်ပြီး သူ့သွေးဖိအားမှာ ထိုးတက်လာသလို ခံစားလိုက်ရတော့သည်။

"မင်း ဘာတွေပြောနေလဲဆိုတာရော သိရဲ့လား"

"ဒေါက်တာနဥ် ဒေါက်တာနဥ်။ အစ်ကို အစ်ကို စိတ်လျှော့ စိတ်လျှော့ပါဦး" ရှမြန်သည် အလွန်မှ လန့်ဖျပ်သွားသဖြင့် သူမမှာ မနေနိုင်ဘဲ တစ်ခုခုကို ပြောရတော့သည်။

"စည်းမျဉ်းဥပဒေနဲ့ အုပ်ချုပ်နေတဲ့ ဒီလူ့အဖွဲ့အစည်းထဲမှာ ရှင် လူတွေကို နှုတ်ပိတ်ဖို့ လူသတ်လို့မရဘူးလေ။ ကျွန်မ... ကျွန်မ ရှင့်ကို အားပေးပါတယ်"

နဥ်ရှောက်ပိုင်မှာ အံကြိတ်ထားလိုက်ပြီး ပြောလိုက်လေသည်။ "မင်းက ဘာကို အားပေးနေတာလဲ။ ငါ မင်းကို သေအောင်ညှစ်သတ်မှာကို အားပေးနေတာလား"

"အင်းပါ။ အဲဒီလိုတော့ လုပ်လို့မရပါဘူး" ရှမြန်ကချီတုံချတုံဖြင့် ပြောလိုက်လေသည်။ "ဒါပေမဲ့ ရှင်တကယ်ပဲ စိတ်လျှော့ထားဖို့ လိုအပ်ပါတယ်။ လုပ်ပါ အသက်ကို ပြင်းပြင်းရှူလိုက်။ အသက်ကို တစ်ချက်လောက် ပြင်းပြင်းရှူလိုက်..."

နဥ်ရှောက်ပိုင်သည် အကြိမ်ပေါင်းများစွာ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ့စိတ်ထဲတွင်လည်း သည်းခံဖို့ဆက်တိုက် ကိုယ့်ဟာကိုယ် သတိပေးနေရ၏။ အကြောင်းမှာ ဒါသည် သူရွေးချယ်ထားသည့် ဇနီးသည် ဖြစ်နေသောကြောင့်ပင်။ သူသာ သူမကို ညှစ်သတ်ပစ်လိုက်လျှင်တော့ သူမသည် ဇာတ်သိမ်းသွားပေတော့မည်။

"ရှင် အခု စိတ်အေးသွားပြီလား" ရှမြန်သည် ဧည့်ခန်းထဲသို့ မြန်မြန်ဝင်သွားကာ သူ့အတွက် ရေတစ်ခွက်ကို သွားယူပေးလိုက်၏။

"ကျွန်မက..."

နဥ်ရှောက်ပိုင်သည် တခုခုပြင်ဆင်လို့မရသည့် အရာလုပ်မိမှာကို ကိုယ့်ဟာကိုယ် ကာကွယ်ဖို့ရန်အတွက် သူမကို မြန်မြန်ဖြတ်ပြောလိုက်ရတော့သည်။ သူသည် သူ့နဖူးကို ပွတ်သပ်လိုက်ပြီး အံကြိတ်ကာ ပြောလိုက်ရ၏။

"ရှမြန် နင့်ဦးနှောက်ထဲမှာ တကတည်း ဘာတွေရှိနေတာလဲ"

ရှမြန်က တိုးတိုးလေး ပြောလိုက်သည်။

"ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မ မှားသွားပါတယ်နော်"

ဒီအခိုက်အတန့်တွင်တော့ သူမက တောင်းပန်စွာဖြင့် ပြောလိုက်လေသည်။

"ကျွန်မရှင့်ရဲ့ဒဏ်ရာပေါ် ဆားဖြူးမိသွားတယ်လေ"

နဥ်ရှောက်ပိုင်မှာ အမျက်ခြောင်းခြောင်း ထွက်လေတော့၏။

မဟုတ်ဘူး ကျွန်မမှားသွားတယ်။ မဟုတ်ဘူး ငါတော့ မှားပြီ။ နဥ်ရှောက်ပိုင်မှာ ခေါင်းကွဲမတတ် ခေါင်းကိုက်သွားတော့သည်။ ငါလေ ဒီလိုခွေးမလေးကိုများ ဘယ်လိုကြိုက်မိပါလိမ့်။

"အခုချက်ချင်း လွှင့်ပစ်လိုက်"

"မင်းရဲ့ခေါင်းထဲက အဲ့ဒီအမှိုက်အတွေးအခေါ်တွေကို ချက်ချင်း လွှတ်ပစ်လိုက်တော့" နဥ်ရှောက်ပိုင်မှာ ကိုယ့်ဟာကိုယ် မထိန်းနိုင်တော့ဘဲ သူ့လက်မောင်းကို သူမ၏လည်ပင်းတွင် သိုင်းဖက်ထားလိုက်ကာ သူမ၏ဆံပင်ကို ဆွဲဖွလိုက်တော့သည်။ "မင်း နောက်ထပ် အဲဒီလိုပေါက်ကရအတွေးတွေ တွေးရဲတွေ့ကြည့်စမ်း။ ငါ မင်းကို လည်ပင်းညှစ်သတ်ပစ်မယ်"

ရှမြန်သည် သူမ၏ဆံပင်ကိုပင် ပြန်ပြင်ဖို့ရန် စိတ်ကူးမရှိတော့ဘဲ ခေါင်းကိုလှည့်ကာ သူ့ကိုကြည့်လိုက်ပြီး

"ရှင် တကယ်ပဲ မကြိုက်ဘူးလား။ ကျိုး..."

“မဟုတ်ဘူး!” နဥ်ရှောက်ပိုင်၏သွေးများက ခေါင်းသို့ထိုးတတ်လာပြီး သူသည် ကျိုးရွှယ်၀မ်ဟူသည့် စကားတစ်လုံးကိုပင် ထပ်ပြီးမကြားချင်လောက်အောင် ဖြစ်သွားတော့သည်။

တကယ်ကြီးလား။

နဥ်ရှောက်ပိုင်က သူမ၏နားကို ဆွဲလိမ်ထားကာ ပြောလိုက်လေသည်။

"နောက်တစ်ခါ ထပ်မေးကြည့်စမ်း"

"နာတယ် နာတယ်" ရှမြန်က ပြောလိုက်သည်။ "ကျွန်မ ထပ်မမေးတော့ပါဘူး"

နဥ်ရှောက်ပိုင်က သူမကို မကျေမနပ် လွှတ်ပေးလိုက်၏။ ရှမြန်က သူမ၏ဆံပင်ကို ပြန်သပ်ရင်း ဝမ်းသာအားရပြောလေသည်။ "တော်သေးတာပေါ့ တော်သေးတာပေါ့"

အဲဒီလိုမှ မဟုတ်ဘူးဆိုရင် နဥ်ရှောက်ပိုင်ရဲ့ စိတ်ပိုင်းဆိုင်ရာ ခရီးလမ်းကတော့ ခက်ခဲနေတော့မှာပဲ။ ငါကလည်း နောက်ဆိုရင် အစ်မနဥ်နဲ့ ဘယ်လိုမျက်နှာချင်းဆိုင်ရမယ်မှန်း သိတော့မှာ မဟုတ်ဘူးလေ...

နဥ်ရှောက်ပိုင်သည် သူမ၏အမူအရာကို မြင်လိုက်သည်နှင့်ချက်ချင်း သူမ စဉ်းစားနေသည့်အရာကို သိလိုက်၏။ ချက်ချင်းဆိုသလို လူသတ်ချင်သည့် စိတ်ခံစားချက်က ချက်ချင်း ထပ်ထိုးထွက်လာတော့သည်။

ရှမြန်က ဇက်ကိုပုထားလိုက်ပြီး မသဲမကွဲ ရေရွတ်လိုက်၏။

"ကျွန်မက ရှင့်ကို အစ်မနဥ်နဲ့ လူကြီးမင်းကျိုးအကြောင်း ပြောပြီးတဲ့နောက်မှာ ဒေါသပုန်ထပါလို့ ရှင်ကို ဘယ်သူ့ပြောခဲ့လို့လဲ။ ရှင့်ရဲ့ပုံစံက အသည်းကွဲနေတဲ့ပုံနဲ့..."

"ဘယ်သူက အသည်းကွဲနေလို့လဲ"

ငါ့မှာ ချစ်တောင် မချစ်ကြိုက်ရသေးဘူး။ မင်းက ငါ့ကို အသေဒေါသထွက်အောင် လာလုပ်နေတာလေ။

နဥ်ရှောက်ပိုင်က သူမကို အန္တရာယ်ကြီးစွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် ရှမြန်သည် သူမက အမှန်တကယ် အထင်လွဲသွားသည်ကို သိလိုက်ရလေသည်။

သူမက ရှေ့သို့မြန်မြန်လျှောက်လာလိုက်ပြီး သူ့ကို စိတ်အေးသွားစေရန်အတွက် သူ့ကျောပြင်ကို အားတက်သရော ပုတ်ပေးလိုက်၏။

"ဒေါက်တာနဥ် ရှင်က လူကြီးလူကောင်းတစ်ယောက်ပါ။ ရှင်က ရန်ငြိုးတွေ မထားတတ်ဘူးလေ။ ကျွန်မ မှားသွားပါတယ်နော်"

"တကယ်လို့ အသည်းကွဲနေတာ မဟုတ်ဘူးဆိုရင်လည်း ရှင်က ဘာလို့ခုနတုန်းက ဒေါသထွက်နေတာလဲ"

နဥ်ရှောက်ပိုင်၏မျက်လုံးထဲက လူသတ်လိုစိတ်ကို တစ်ဖန်မြင်လိုက်ရသည်တွင် ရှမြန်က မြန်မြန် ပြောလိုက်ရ၏။ "ကျွန်မ ထပ်မမေးတော့ဘူး။ ထပ်မမေးတော့ဘူးနော်"

ထို့နောက်တွင်တော့ သူမကသူမ၏ ပုံမှန်အတိုင်း အကြောင်းပြချက်ကို စတင်ပေးလေတော့သည်။

"ကျွန်မကလည်း အဆိပ်ကိုအဆိပ်နဲ့ တိုက်ထုတ်ပေးနေတာပါ"

နဥ်ရှောက်ပိုင်သည် သူမကိုကြည့်လိုက်ပြီး သူမက ဘယ်လိုပေါက်ကရ စိတ်ကူးများ ပြောလေတော့မလဲဟု ကြားချင်စိတ် ဖြစ်သွားပြန်သည်။

ရှမြန်က ပြောလိုက်၏။

"ကြည့်လေ ကျွန်မမှာ ကျွန်မရဲ့ဉာဏ်နီဉာဏ်နက်တွေ အားလုံး ထုတ်သုံးခဲ့ရတာ။ ဒါပေမဲ့ ရှင်ကတော့ အခုအထိ မပြောသေးဘူးလေ။ ကျွန်မက လုပ်နိုင်တာ ဒါပဲရှိတော့တာ မဟုတ်လား"

နဥ်ရှောက်ပိုင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။

"ဒါဆိုရင် ငါက မင်းကို ကျေးဇူးတင်သင့်တယ်ပေါ့နော် ဟုတ်လား"

"မလိုပါဘူး" ရှမြန်က မျက်နှာလုပ်နေသည့် အမူအရာတစ်ခုဖြင့် သူ့ကို ရေလှမ်းပေးလိုက်လေသည်။ "အခု ရှင်ဘယ်လိုခံစားရလဲ"

"ဒီတစ်ခုနဲ့ ယှဉ်ကြည့်မယ်ဆိုရင် အရင်တုန်းက ဒေါသက တကယ်ဘာမှ မဟုတ်ဘူးပဲ။ ရှင်အခု စိတ်ပြေလျော့သွားပြီလား"

နဥ်ရှောက်ပိုင်မှာ သူ့နဖူးကို ပွတ်သပ်လိုက်ပြီး "အေး ငါ မင်းကို အရမ်းဒေါသထွက်ပြီးသွားပြီမလို့ ငါ့မှာ ဘာအင်အားမှ မရှိတော့ဘူး။ ငါ မင်းကို ဘယ်အင်အားနဲ့ထပ်ပြီးတော့ ဒေါသထွက်ရမှာလဲ"

ရှမြန်မှာ ထိုလျှာခလုတ်တိုက်နိုင်သည့်စကားကြောင့် ရယ်မောသွားရတော့သည်။

နဥ်ရှောက်ပိုင်ကတော့ သူမကိုမျက်မှောင်ကြုတ်ပြီး ကြည့်နေ၏။

ရှမြန်က အောင့်သက်သက်ဖြင့် သူမ၏နှာခေါင်းကို ထိကိုင်ထားလိုက်ပြီးသည့်နောက် သူ့ကိုဆက်ပြီး စိတ်အေးရအောင်ပြောပြလေသည်။ "ကျွန်မ မှားသွားပါတယ်။ မှားသွားတယ်နော်။ ကျွန်မ အဲဒီလို ထပ်မလုပ်ရဲတော့ပါဘူး။ ဒေါက်တာနဥ် ကျေးဇူးပြုပြီးတော့ ကျွန်မကို ခွင့်လွှတ်ပေးပါနော်..."

သို့သော်ငြားလည်း ရှမြန်စိတ်ရူးထသည့်ဗုံး၏ အကြွင်းအကျန် အင်အားသည် အလွန်မှ ပြင်းထန်လှသဖြင့် နဥ်ရှောက်ပိုင်မှာ သူ့ကိုမြင်ရသည့်အချိန်တွင် ခေါင်းပင်ကိုက်လာတော့သည်။ သူက ထိုင်ခုံတွင် နောက်ပြန်မှီချလိုက်ပြီး အားအင်ချည့်နဲ့စွာ ပြောလိုက်တော့သည်။

"မင်းက ငါ့ကို ဘာလုပ်စေချင်တာလဲ"

ရှမြန်မှာဆက်ပြီးတော့ စကားဆက်မပြောရဲတော့ချေ။ သူမက သူမ၏ရင်ဘတ်လေးကို သပ်ချလိုက်ကာ ဂရုတစိုက်ဖြင့် ပြောလိုက်၏။

"ကျွန်မမှာ ရှင်နဲ့အတူတူ လုပ်ထားတဲ့ငွေ ဘယ်လောက်ရပြီလဲလို့ မေးချင်လို့ပါ"

နဥ်ရှောက်ပိုင်က သူမ၏လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်ကာ မတ်မတ်ထထိုင်လိုက်သည်။

"မင်းက ငွေလိုလို့လား"

ရှမြန်သည် သူမ၏လက်ကို ပြန်မဆွဲထားရဲချေ။ သူမက စိတ်လျှော့ထားလိုက်ပြီး သူ့ကိုသာ ပေးကိုင်ထားလိုက်တော့သည်။

"အရေးတကြီးတော့ မဟုတ်ပါဘူး။ အခွင့်အရေးရတဲ့အခါကျရင် ကျွန်မ အိမ်တချို့ ဝယ်ချင်လို့ပါ။ ဒါကြောင့် ကျွန်မမှာ အခု ငွေဘယ်လောက်ရှိပြီလဲဆိုတာကို သိချင်တာ"

နဥ်ရှောက်ပိုင်က သိလိုစိတ်ဖြင့် မေးလိုက်သည်။ "မင်းက ဘာအတွက် အဲဒီလောက် အိမ်အများကြီး ဝယ်ဖို့လိုမှာလဲ"

ရှမြန်က ပြောလိုက်သည်။

"အိမ်တွေကို ပြန်ဖြိုချဖို့ စောင့်မှာလေ။ ကျွန်မက နောက်ဆိုရင် ဆရာမတစ်ယောက် ဖြစ်ချင်တာ။ ကျွန်မက ကျွန်မရဲ့ အသက်မွေးဝမ်းကျောင်းကို အထောက်အကူဖြစ်ဖို့ အိမ်တွေကိုပဲ အားကိုးရမှာလေ။ ကျွန်မက အိမ်အလုံး၃၀ကို အငှားချနိုင်တယ်ဆိုရင် နေ့တိုင်း အိမ်ငှားလခတွေကို စုဆောင်းနိုင်မှာပေါ့"

နဥ်ရှောက်ပိုင်က ဆွံ့အစွာဖြင့် သူမကို ကြည့်မိ၏။

"မင်းလုပ်တတ်တာ ဒါပဲလား"

ရှမြန်၏မျက်လုံးများမှာ ဝိုင်းစက်သွားတော့သည်။

"ဒါက တော်တော်လေးကို အထင်ကြီးစရာကောင်းနေပြီနော်"

ငါက အဲဒီသူဌေးကြီးတွေနဲ့တော့ မယှဥ်ပြိုင်နိုင်ဘူးလေ။

နဥ်ရှောက်ပိုင်က ဘာမှထပ်မပြောတော့ချေ။

"ငါ မတွက်ကြည့်ရသေးဘူး အချိန်တစ်ခုတော့ ယူရဦးမယ်။ မင်းအိမ်တစ်လုံး တွေ့ထားပြီးပြီလား။ ဘယ်တော့လိုချင်တာလဲ"

ရှမြန်က လက်ရမ်းပြလိုက်ပြီး ပြောလိုက်၏။

"ဟင့်အင်း အလျင်မလိုပါဘူး"

"ကျွန်မ ဇာတိမြို့ကနေ ပြန်လာတဲ့အချိန်ကျမှ ရှင်နဲ့ဆက်ပြီးတော့ တိုင်ပင်ပါမယ်"

နဥ်ရှောက်ပိုင်သည် ခဏလောက် တုံ့ဆိုင်းသွား၏။

"မင်းက မင်းရဲ့ဇာတိမြို့ကို ပြန်ချင်လို့လား"

ရှမြန်က ပြောလိုက်သည်။

"ကျွန်မအစ်မရဲ့အုတ်ဂူကို ပြန်သွားပြီး ကျွန်မရဲ့ဦးလေးနဲ့ သူ့မိသားစုဆီကို အလည်သွားဖို့ ရှောင်ဖုန်းကို ခေါ်သွားချင်လို့လေ။ ကျွန်မတို့တွေ ရှိသမျှအရာအားလုံးနဲ့ ထွက်ပြေးလာခဲ့ရတာ။ ကျွန်မဦးလေးနဲ့ သူ့မိသားစုကလည်း ကျွန်မတို့အကြောင်းကို စိတ်ပူနေအုံးမှာပဲ"

ဒီအခိုက်တွင် သူမက သက်ပြင်းချပြီး ပြောလိုက်လေသည်။

"ဒါနဲ့လေ ယာဉ်မောင်းလိုင်စင် တစ်ခုရဖို့ အချိန်ဘယ်လောက်ကြာလဲ။ တစ်ပတ်တည်းနဲ့ ရနိုင်လား"

နဥ်ရှောက်ပိုင်က ပြောလိုက်သည်။

"မင်းက ဘာဖြစ်လို့ ယာဉ်မောင်းလိုင်စင်ကိုပဲ ထပ်ပြီးလိုချင်နေတာလဲ"

"ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ ရထား မစီးချင်တော့လို့လေ" ရှမြန်သည် ခါးသက်သက်မျက်နှာတစ်ခု လုပ်ပြလိုက်၏။ ဒီခေတ်၏ အစိမ်းရောင်ရထားများက အလွန်မှ အခြေအနေ ဆိုးရွားလွန်း၏။ ကားမောင်းသွားခြင်းက ပင်ပန်းသော်ငြားလည်းပဲ ရထားစီးခြင်းထက်တော့ အများကြီး ပိုကောင်းသေးသည်။

သူမသည် အမြန်ရထားကို တစ်ဖန်လွမ်းမိတော့၏။

နဥ်ရှောက်ပိုင်က မေးလိုက်၏။

"မင်းက လမ်းကိုသိလို့လား"

"အင်း ဒီနေ့ခေတ်မှာ အပြင်သွားမယ်ဆိုရင် လမ်းအကြောင်းသိတဲ့ ဒရိုင်ဘာကို အားကိုးရသေးတာပဲ"

ဂျီပီအက်စ်ကို သတိရလိုက်တာ။

နဥ်ရှောက်ပိုင်က သူမ၏အမူအရာကို တည်တည်ငြိမ်ငြိမ် အကဲခတ်လိုက်၏။

အိမ်ယာစျေးတွေ တက်မယ်ဆိုတာကတော့ ပုံမှန်ပါပဲ။ ဒါပေမဲ့ အပြင်ထွက်တဲ့အချိန်ကျရင် ဒရိုင်ဘာတစ်ယောက် ဘာဖြစ်လို့ မလိုရမှာလဲ။ သူက ဘာကို အားကိုးမလို့တဲ့လဲ။

သူ့လက်ဖဝါးထဲက သွယ်လျလျလက်ကောက်ဝတ်က လှုပ်ရှားသွားသည်တွင် နဥ်ရှောက်ပိုင်သည် သတိပြန်ဝင်လာတော့၏။ သူက သူမ၏လက်ကို အသာအယာ လွှတ်ပေးလိုက်ပြီး သူ့လက်ဖဝါးထဲတွင် ကျန်ခဲ့သော နူးညံ့သည့် အထိအတွေ့က နောက်ဆုံးတော့သူ့ကို စိတ်အေးရစေတော့သည်။

ရှမြန်က မျိုသိပ်ထားဖို့ ကြိုးစားလိုက်သော်ငြားလည်း သိချင်စိတ်က သူမကို အနိုင်ယူသွားပြန်သည်။ ထို့ကြောင့် သူမက လေသံတိုးတိုးဖြင့် မေးလိုက်၏။

"ဒေါက်တာနဥ် ရှင့်မှာ တကယ်ပဲ သဘောကျရတဲ့သူ ရှိနေတာလား။ ဘယ်သူလဲ"

နဥ်ရှောက်ပိုင်သည် သူမကို တော်တော်လေး မုန်းတီးမှုရှိနေသယောင် စိုက်ကြည့်နေမိပြီး သူ့သွားကြားထဲမှနေ၍ စကား၅လုံးကို ညှစ်ထုတ်လိုက်လေတော့သည်။

"ငါ မင်းကို ကြိုက်တာ"

"ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မမှားပါတယ်" ရှမြန်မှာ ကြောက်လန့်တကြား ထွက်ပြေးရလေတော့၏။

နဥ်ရှောက်ပိုင်...

...

All Chapters