← Chapters

အပိုင်း(၁၄၃)

Vol. 10 Ch. 143

အပိုင်း(၁၄၃)

Vol. 10 Ch. 143

ရှမြန်သည် ရေထည့်သည့်အခန်းထဲတွင် ခဏလောက် တဝဲလည်လည် လုပ်နေပြီးနောက် ဖြည်းဖြည်းချင်း ပြန်လျှောက်ကာထွက်လာခဲ့သည်။ သူမသည် အဆောင်သို့ ရောက်လာသည့်အချိန်တွင် နဥ်ရှောက်ပိုင်က ထမင်းစားပြီးသွားပြီဖြစ်ရာ ထမင်းဘူးကိုလည်း ဆေးကြောထားပြီး သပ်သပ်ရပ်ရပ် သိမ်းဆည်းထားပေးသည်။

ရှမြန်က အလိုမတူစွာ ပြောလိုက်၏။

"ဒေါက်တာနဥ် ဘယ်လိုလုပ်ပြီးတော့ အားလုံးကို ဆေးကြောပလိုက်တာလဲ။ ကျွန်မပဲ လုပ်ပါရစေ"

နဥ်ရှောက်ပိုင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ "အဆင်ပြေသွားအောင်လို့ ဆေးကြောလိုက်တာပါ။ ဒါမှ မင်း ပြန်ရောက်သွားတဲ့အချိန်ကျရင် ဒါကိုထပ်ပြီး ဆေးစရာမလိုတော့မှာ"

ရှမြန်က ချက်ချင်းပြုံးကာ ပြောလိုက်သည်။

"ဒေါက်တာနဥ် ရှင်က အရမ်းစဉ်းစားပေးတတ်တာပဲ"

နဥ်ရှောက်ပိုင်က ပြုံးကာပြောလိုက်၏။

"မင်းလည်းပဲ အနားယူသင့်ပါတယ်"

သူသည် ထိုင်ခုံကို သူ့ဘေးသို့ ဆွဲကာပြောလိုက်၏။ "ငါ မင်းအတွက် ပဲနီဟင်းရည်နည်းနည်း ချန်ထားပေးတယ်။ အပြင်မှာ ပူနေသေးတယ် မဟုတ်လား"

ရှမြန်က ထိုင်ချလိုက်ပြီး လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ကာ တစ်ငုံလောက်သောက် လိုက်ပြီးနောက် သက်သောင့်သက်သာ သက်ပြင်းချလိုက်လေသည်။

"အရမ်း နေလို့ကောင်းတာပဲ"

ဘေးကအကြည့်ကို ခံစားမိနေသည်တွင် ရှမြန်က ဟင်းရည်ကို နည်းနည်းချင်းစီ သောက်လိုက်ပြီး သူမ၏နှုတ်ခမ်းကို လျှာနှင့်သပ်လိုက်ကာ ကျေနပ်သွားသည့်အပြုံးတစ်ခုဖြင့် နဥ်ရှောက်ပိုင်ကို လှည့်ကြည့်လိုက်သည်။

"ကျေးဇူးတင်ပါတယ်နော်။ဒေါက်တာနဥ် အခု အများကြီး နေလို့ကောင်းသွားပြီ"

နဥ်ရှောက်ပိုင်သည် နောက်ဆုံးတော့ ကိုယ့်ဟာကိုယ် မထိန်းနိုင်တော့ဘဲ သူ့လက်ကိုဆန့်လိုက်ကာ သူမ၏ခေါင်းကို ခပ်ကြမ်းကြမ်း လှမ်းပွတ်လိုက်၏။

"မင်းဟာလေ ဘာဖြစ်လို့ အဲဒီလောက်အထိ အားနာနေရတာလဲ။ ငါ့မှာ ဒါနဲ့တကယ့်ကို နေသားမကျနေဘူး"

"အရင်လိုပဲ နေပါနော်"

နော် ဟူသည့် နောက်ဆုံးစကားလုံးသည် ချော့မော့နေသည့် အဓိပ္ပာယ်တစ်ခု ပါ၀င်နေ၏။

ရှမြန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး စဉ်းစားချင်ဟန်ဆောင်လိုက်လေသည်။ နဥ်ရှောက်ပိုင်၏ မျှော်လင့်တကြီး ခိုးကြည့်နေသည့် အကြည့်အောက်တွင် သူမက ရှက်ရှက်ဖြင့်ပြုံးကာ ပြတ်ပြတ်သားသား ပြောလိုက်လေသည်။ "မရပါဘူး"

"ရှင် သိပါတယ်။ ကျွန်မက ကျွန်မရဲ့စကားကို အမြဲတမ်း တည်တတ်တယ်လေ" ရှမြန်က မျက်တောင်ခတ်လိုက်ပြီး တလေးတနက် ပြောလိုက်ပြန်သည်။ "ရှင်က ကျွန်မကို ခွင့်လွှတ်ပေးတယ်ဆိုပေမဲ့လည်း ကျွန်မကတော့ ကိုယ့်ဟာကိုယ် ခွင့်မလွှတ်နိုင်သေးဘူး။ ဒါက ကျွန်မ ကိုယ့်ဟာကိုယ် အပြစ်ပေးနေတာပါ။ ကျွန်မက ဒီသင်ခန်းစာကို အမြဲတမ်း သတိရနေပြီး ရှင့်ကိုထပ်ပြီးတော့ ထိခိုက်အောင် မလုပ်တော့ပါဘူး"

နဥ်ရှောက်ပိုင်က ဒေါသထွက်ထွက်ဖြင့် သူမ၏ဆံပင်ကို ဆွဲတော့သည်။

"ငါကတော့ မင်းငါ့ကို အပြစ်ပေးနေတာလို့ပဲ ထင်တယ်။ မင်းက တစ်ကိုယ်လုံးကို ကြက်သီးထအောင် လုပ်နေတာပဲ။ ပုံမှန်အတိုင်း ပြန်နေစမ်း"

ရှမြန်က ထရပ်လိုက်ပြီး ကိုယ်ကိုရှောင်လိုက်ကာ ရယ်မောလိုက်လေသည်။

"မရဘူး"

နဥ်ရှောက်ပိုင်က မုန်းတီးစွာဖြင့် အံကြိတ်ထားလိုက်တော့သည်။

ရှမြန်က အချိန်ကိုကြည့်လိုက်ပြီး ပြောလိုက်၏။

"အချိန်တောင် ကုန်တော့မှာပဲ။ မြန်မြန်လေး တစ်ရေးအိပ်လိုက်တော့။ ကျွန်မ ရှင့်ကို မနှောင့်ယှက်တော့ဘူးနော်"

နဥ်ရှောက်ပိုင်သည် ခဏလောက် တုံ့ဆိုင်းသွားပြီး အိပ်ရာပေါ်က ရှပ်အင်္ကျီနှင့်စွပ်ကျယ်ကို ကောက်ကိုင်လိုက်ကာ ဝရန်တာဆီသို့ သွားလိုက်လေသည်။

နွေရာသီသည် ပူပြင်းလှ၏။ နဥ်ရှောက်ပိုင်သည် အလုပ်သို့ ပြန်သွားသည့်အချိန်တွင် ကုတ်အင်္ကျီအဖြူကို ဝတ်ဆင်ရသည်။ ရှပ်အင်္ကျီနှင့် စွပ်ကျယ်တို့က အလွယ်တကူ ချွေးများစိုရွှဲနိုင်သည်။ ထို့ကြောင့် သူသည် နေ့လယ်ခင်း၌ နောက်ထပ်တစ်စုံကို လဲပေးရသည်။

သူသည် အရင်ကတော့ အမြဲတမ်း အဖြူရောင်ကို ဝတ်ဆင်တတ်၏။ သို့သော်ငြားလည်း သူသည် ဒီနေ့တွင်တော့ ပထမဦးဆုံးအကြိမ်အဖြစ် အပြာနုရောင်၁ထည်ကို ပြောင်းဝတ်လိုက်ပြီး ဒါက ရှမြန်အတွက် ဒါကိုသတိမထားမိဖို့ရန် တော်တော်လေးခက်ခဲလှသည်။

ဝရံတာတွင် အဝတ်အစားသွားလဲနေသည့် သူ့ကို တွေ့လိုက်ရသည်တွင် ရှမြန်က ကြိတ်ပြီးပြုံးလိုက်ကာ သူမ၏အမူအရာကို ပြန်ပြင်ထားလိုက်ပြီးနောက် ရှေ့သို့၁လှမ်းတိုးသွားပြီး အဝတ်အစားကို လှမ်းဆွဲလိုက်ပြီးနောက် ပြောလိုက်လေ၏။

"ရှင် မြန်မြန် တရေးအိပ်လိုက်တော့နော်"

နဥ်ရှောက်ပိုင်က မြန်မြန်ပြောလိုက်၏။ "မင်း အဲဒီလို လုပ်စရာမလို..."

သူသည် ခဏလောက် တုံ့ဆိုင်းသွားပြီး ရှမြန်က အိတ်ထဲသို့ အဝတ်အစားများ ထိုးထည့်နေသည်ကို မြင်လိုက်ရပြီးနောက်

"ကျွန်မ ဒီမှာရှင်အတွက် မလျှော်ပေးတော့ပါဘူး။ ရှင့်ကို အနှောင့်အယှက် မဖြစ်အောင်လို့လေ။ ရှင် ကောင်းကောင်း အနားယူတော့နော်။ ညနေခင်းကျရင် ခွဲခန်းထဲ ဝင်ရအုံးမှာ မဟုတ်လား"

နဥ်ရှောက်ပိုင်က ခဏလောက် တုံ့ဆိုင်းသွားပြီးပြောလိုက်၏။ "မလိုပါဘူး။ ငါ ဒါကို ပုံမှန်လျှော်နေကြပါ။ ၅မိနစ်ပဲ အချိန်ပေးရတာပါ။ အလုပ်ကဆင်းလို့ အိမ်ပြန်လာတဲ့ အချိန်ကျရင် ငါ ဒါကိုလဲဝတ်နိုင်တယ်လေ"

ရှမြန်က နားမလည်နိုင်သလို မေးလိုက်လေသည်။ "ကျွန်မ မနေ့က လျှော်ထားပေးတဲ့ တစ်စုံကရော အခုခြောက်သွားပြီ မဟုတ်လား။ အဲဒီတစ်စုံနဲ့ လဲဝတ်လိုက်လို့ ရတယ်မဟုတ်လား" သူမက ညစ်ကျယ်ကျယ်ပြုံးကာ ကျီစယ်သလို စနောက်လိုက်၏။ "ဘာဖြစ်လို့လဲ ရှင်က ဒါကို မဝတ်ရက်လို့လား"

နဥ်ရှောက်ပိုင်က အမှတ်တမဲ့ သူ့လက်ညှိုးကို ထိကိုင်လိုက်သော်ငြားလည်း တည်တည်ငြိမ်ငြိမ် ပြောလိုက်လေသည်။ "ငါက မဝတ်ချင်တော့ဘူးဆိုရင်ရော အဆင်မပြေလို့လား"

ရှမြန်က နားမလည်သလို မေးလိုက်လေသည်။ "အဲဒီလိုတော့ မဟုတ်ပါဘူး။ အလုပ်ဆင်းရင် အိမ်ကို တန်းပြန်တာ မဟုတ်လား။ အဝတ်လဲဖို့ ဘာဖြစ်လို့ အဆောင်ကိုပြန်အုံးမှာလဲ"

နဥ်ရှောက်ပိုင်မှာ ဆွံ့အသွားတော့သည်။

ရှမြန်ကတော့ ဂရုမစိုက်ချေ။ သူမက အချိန်ကိုကြည့်ကာ ပြောလိုက်၏။

"နောက်တောင်ကျနေပြီပဲ။ ကျွန်မ မြန်မြန်ပြန်မှ ဖြစ်တော့မယ်။ ကျွန်မဒီနေ့ညနေခင်း ဆံပင်သွားညှပ်ဖို့ အစ်မနဥ်နဲ့ ချိန်းထားသေးတယ်"

ထိုသို့ပြောလိုက်ပြီးနောက်တွင် သူမသည် အလောတကြီး ပြေးထွက်သွားကာ ထမင်းဘူးအလွတ်နှင့် အဝတ်အစားများကိုပါ သယ်ထုတ်သွားလေသည်။

"သွားတော့မယ်နော် ဒေါက်တာနဥ် ကံကောင်းပါစေ"

ဒေါက်တာနဥ်ကတော့ အငွေ့တထောင်းထောင်း ထွက်နေတော့သည်။

နဥ်ရှောက်ပိုင်သည် အဆောင်ထဲက ကုတင်ပေါ်တွင် လဲလျောင်းနေပြီး ငေးကြောင်ကြောင်ဖြင့် မျက်နှာကျက်ကို စိုက်ကြည့်နေမိ၏။

နားလည်မှု လွဲမှားခြင်းကို ရှင်းပြီးသွားသည့်နောက်တွင် အပြောင်းအလဲတချို့ကို မျှော်လင့်ထားသော်ငြားလည်း ဒီလိုခပ်ခွာခွာ နေခြင်းမျိုးကတော့ သူ၏မျှော်လင့်ချက်များထက် ကျော်လွန်နေလေ၏...

ဒါမှမဟုတ်လည်း အစ်ကိုတစ်ယောက်အနေနဲ့ဆိုရင်ရော။

နဥ်ရှောက်ပိုင်သည် ဒီစိတ်ကူးကို ချက်ချင်းနီးပါး ငြင်းပယ်လိုက်တော့သည်။ တကယ်လို့များ နောက်ပိုင်းကျရင် အဲဒီကလေးမက ကျွန်မ ရှင့်ကို အစ်ကိုလို့ပဲ သဘောထားတော့မယ်လို့ ပြောလာလို့ကတော့ သူကတော့ ဒေါသထွက်လွန်းလို့ သွေးအန်မိတော့မှာပဲ။

ထိုအကြောင်းကို ထပ်ခါထပ်ခါ စဉ်းစားမိလိုက်ပြီးနောက် သူသည် သဲလွန်စကို လုံးဝမရသေးချေ။ ဒါသည် နဥ်ရှောက်ပိုင်အတွက် လုံးဝကူကယ်ရာမဲ့သလို ခံစားရသည်မှာ ပထမဆုံးအကြိမ်ပင်။ ရှမြန်သည် ယခုအချိန်အထိတော့ သူ့အတွက် ကြိုတင်ခန့်မှန်း၍မရနိုင်ဆုံးသော သူတစ်ယောက် ဖြစ်နေ၏။

သူသည် သူမကို နားလည်လောက်ပြီဟု ထင်လိုက်သည့်အချိန်တိုင်း သူမက တစ်ခုခုမမျှော်လင့်တာကို လုပ်တတ်သည်။

အတိတ်ကို ပြန်စဉ်းစားကြည့်လိုက်တော့ နဥ်ရှောက်ပိုင်သည် မနေနိုင်ဘဲ ပြုံးမိလေသည်။

ဒီလောကမှာ ဒီလိုချစ်စရာကောင်းပြီး စိတ်ဝင်စားစရာကောင်းတဲ့ ကောင်မလေးတစ်ယောက် ထပ်ရှိတော့မှာ မဟုတ်ဘူး။

သို့သော်ငြားလည်း နဥ်ရှောက်ပိုင်သည် လက်ရှိအခြေအနေကို ချက်ချင်းစဉ်းစားမိလိုက်ပြီး ခေါင်းကိုက်ကိုက်ဖြင့် သူ့နဖူးကို ပွတ်သပ်နေမိတော့၏။ ဒါက တကယ်စိတ်ရှုပ်ဖို့ကောင်းတာပဲ။

နောက်တော့ရော ငါ သူ့ကို ဘယ်လိုဆက်ပြီးလုပ်ရပါ့မလဲ။

အေးအေးဆေးဆေး လုပ်တာပေါ့လေ။ ဟ ဟ။

ရှမြန်သည် တစ်လမ်းလုံး သီချင်းညည်းလာပြီး နဥ်ရှောက်ပိုင်အကြောင်းကို စဉ်းစားမိလျှင် မနေနိုင်ဘဲ ရယ်မောမိလေသည်။ အမြဲလိုလို အောင်နိုင်မယ်လို့ သေချာနေတဲ့လူက အရှုံးတစ်ခုနဲ့ ရင်ဆိုင်လိုက်ရတယ်လေ။

နေ့လယ်စာ ထမင်းစားပြီးသည့်နောက်တွင် နဥ်ရှောက်ယွင်နှင့် ပြန်လည်ဆုံတွေ့သည့်အချိန်မှာပင် သူမ၏ မျက်နှာပေါ်၌ အပြုံးတစ်ခုက ရှိနေသေး၏။

နဥ်ရှောက်ယွင်က ချန်းချန်း၏လက်ကိုတွဲကာ သူမကို ကြည့်လိုက်ပြီး ပြုံးလိုက်လေသည်။

"ဘာဖြစ်ခဲ့လို့လဲ။ ဘာဖြစ်လို့ နင် အဲဒီလောက်တောင် ပျော်နေတာလဲ"

မောက်ဟွေ့ကျူးက ပြောလိုက်၏။ "အစ်မမြန်က ဒီနေ့အရမ်းပျော်နေတာလေ"

ရှောင်ဖုန်းကလည်း ပြုံးလိုက်ပြီး ရှမြန်၏လက်ကို ဆွဲခါလိုက်လေသည်။ ရှမြန်သည် ပျော်နေသရွေ့ သူကလည်း‌ ပျော်ပေသည်။

ရှမြန်က သူ၏ထောင်တက်နေသည့်ဆံပင်လေးကို သပ်ချလိုက်ပြီး နဥ်ရှောက်ယွင်ကို ပြုံးပြလိုက်၏။

"ဘာမှမဟုတ်ပါဘူး။ ဒီအတိုင်း အရမ်းရယ်စရာကောင်းတဲ့ လူတစ်ယောက်ကို စဉ်းစားမိလို့ပါ"

နဥ်ရှောက်ယွင်ကတော့ ဒီကိစ္စသည် နဥ်ရှောက်ပိုင်နှင့် ပတ်သက်လိမ့်မည်ဟု အစက ထင်နေမိသည်။ နောက်ဆုံး သူမ၏မွေးနေ့ကတည်းက နဥ်ရှောက်ပိုင်သည် ကလေးမလေးကို နေ့တိုင်းဆေးရုံသို့သွားရန် ဆွဲဆောင်ဖို့အတွက် အမည်မသိနည်းလမ်းများတချို့ကို သုံးလာခဲ့သည်ပင်။

သူမသည် ရယ်စရာကောင်းသည့် လူတစ်ယောက်ဟု ကြားလိုက်သည့်အချိန်တွင် မေးခွန်းထက် မမေးမိတော့ချေ။ နောက်ဆုံး ထိုလူက ရှောင်ပိုင် မဖြစ်နိုင်ဘူးဟု သူမက ထင်လေသည်။

…

ရှမြန်သည် စိတ်အားတက်ကြွစွာဖြင့် ဇာတိမြို့သို့ ပြန်ဖို့စဉ်းစားထားသည့်အတွက် နဥ်ရှောက်ယွင်နှင့် အတူတူဆံပင်သွားညှပ်ဖို့ရန် မနက်ခင်းတုန်းက ချိန်းဆိုထားခဲ့သည်။

နွေရာသီအားလပ်ရက်တွင် ကလေး၃ယောက်သည် အားလပ်သည့်အချိန်များ ရရှိနေသဖြင့် သူမက အရာအားလုံးကို သပ်သပ်ရပ်ရပ် လုပ်ကိုင်ပေးသည်။ ထို့ကြောင့် သူမက အားလုံးကို အတူတူခေါ်လာခဲ့လိုက်၏။

သူတို့သည် နဥ်ရှောက်ယွင် အမြဲတမ်းသွားတတ်သည့် ရှင်းရှန်ဆံပင်ညှပ်ဆိုင်သို့ သွားခဲ့ကြသည်။ ဒါသည် ဒီခေတ်တွင် ရှားရှားပါးပါး အသင်းဝင်ပုံစံလုပ်ထားသည့် ဆိုင်တစ်ခုဖြစ်သည်။ သို့သော်ငြားလည်း ပတ်ဝန်းကျင်နှင့် ဆံပင်ညှပ်ဆရာ၏ လက်ရာကတော့ ပေးရသည့်စျေးနှင့် ထိုက်တန်ပေသည်။

ရှမြန်သည် သူမ၏ဆံပင်ကို အဖျားကောက်ချင်သော်ငြားလည်း သူမသည် တကယ်တော့ အထက်တန်းကျောင်းသူတစ်ယောက် ဖြစ်နေသေးသည်။ ထို့ကြောင့် အဖျားကို အနည်းငယ် တိခြင်းလောက်ကပင် အဆင်ပြေသည်။ ကျန်သည့် ကလေး၃ယောက်ကလည်း ထိုနည်းတူစွာပင်။

နဥ်ရှောက်ယွင်တစ်ယောက်သာ ခဏလောက် စောင့်ဆိုင်းလိုက်ရ၏။ အကြောင်းမှာ ရှမြန်က သူမကို လှိုင်းကြီးကောက်ခိုင်းလိုက်ခြင်းကြောင့်ပင်။ နဥ်ရှောက်ယွင်သည် နုနယ်သည့်ရုပ်သွင်များ ပိုင်ဆိုင်ထားပြီး ဘဲဥပုံမျက်နှာတစ်ခု ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် သူမသည် ဒီဆံပင်ကောက်ပုံမျိုးနဲ့ဆိုလျှင် သေချာပေါက် လိုက်ဖက်ပေလိမ့်မည်။

ဟုတ်ပါသည်။ ကလေး၃ယောက်က ဆံပင်ညှပ်ဆိုင်ထဲတွင် ငြိမ်ငြိမ်လေး ထိုင်နေလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ရှမြန်က သူတို့၃ယောက်ကိုခေါ်ကာ အပြင်ဘက်တွင် ခဏလောက် လမ်းလျှောက်ထွက်လိုက်၏။

ရလဒ်အနေဖြင့် သူမသည် အောက်ထပ်သို့ဆင်းလာကာ တံခါးနားသို့ ရောက်လာသည့်အချိန်တွင် ရွှေကိုင်းမျက်မှန်တပ်ထားသည့် ခပ်ချောချောလူတစ်ယောက်နှင့် မမျှော်လင့်ဘဲ တွေ့ဆုံခဲ့သည်။ အကယ်၍ သူ၏အကျင့်စရိုက်ကို မသိခဲ့ဘူးဆိုလျှင် သူသည် ရည်မွန်သည့်လူတစ်ယောက်နှင့် တူပေလိမ့်မယ်။

ထိုလူက တံခါးကို ဂရုတစိုက် ဖွင့်ပေးလိုက်ပြီးနောက် နှစ်လိုဖွယ်ကိုယ်နေဟန်ထားနှင့် အသက်၂၀ဝန်းကျင် မိန်းကလေးတစ်ယောက်သည် ကျောက်မျက်ရတနာများ ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် မိန်းမတစ်ယောက်နှင့်အတူ လျှောက်ကာဝင်လာသည်။

ထိုလူက ရှမြန်ကို မြင်လိုက်သည့်အခါ တအံ့တသြ ဖြစ်သွားပြီးနောက် သူ့မျက်လုံးများက ချန်းချန်းပေါ်သို့ ကျရောက်သွားသည်။ သူ့အမူအရာက မသိမသာ ပြောင်းလဲသွား၏။

သူသည် ရှမြန်က သူ့ကို စကားလာပြောမှာကို စိုးရိမ်နေဟန်တူသည်။ ထို့ကြောင့် သူက ချက်ချင်းဆိုသလို သူတို့ကို ကျောပေးထားလိုက်ကာ အမျိုးသမီး၂ယောက်ကို အပေါ်ထပ်သို့ အလျင်စလို ဦးဆောင်ခေါ်လာခဲ့သည်။

ရှမြန်ကလည်း သူ့ကိုမျက်စောင်းထိုးလိုက်၏။ သူ့ဟာသူများ အဲဒီလောက် အရေးကြီးတယ်လို့များ ထင်နေလားမသိဘူး။

ဒီလူသည် တစ်ခြားမဟုတ်။ ရန်ရှို့သယ်သာ ဖြစ်လေသည်။ လွန်ခဲ့သည့်တစ်နှစ်ကျော်က အနုပညာပြခန်းတွင် ရှောင်ဖုန်းနှင့် နဥ်ရှောက်ယွင်တို့နှင့်အတူ သွားခဲ့စဉ်က ရှမြန်တွေ့ခဲ့သည့် ပြခန်းပိုင်ရှင်တစ်ယောက်ဖြစ်သည်။

ရှမြန်သည် သူတို့ ပထမဦးဆုံးတွေ့ခဲ့စဉ်ကတည်းက ထိုလူက နဥ်ရှောက်ယွင်ကို သိသိသာသာ စိတ်ဝင်စားနေသည်ကို မှတ်မိနေသေးသည်။ ထိုအချိန်ကတော့ သူမသည် သူ့အပြုအမူက အနည်းငယ် မသတီစရာကောင်းသည်ဟုသာ စဉ်းစားခဲ့သည်။

နဥ်ရှောက်ယွင်ကလည်း သူမ၏အစောပိုင်း အတွေ့အကြုံများကြောင့် အချစ်ရေးကိစ္စ၊ အိမ်ထောင်ရေးကိစ္စများနှင့် ပက်သက်ပြီး လုံးဝကို ငြင်းဆန်နေတတ်သည်။ ထို့ကြောင့် သူမက သူ့ခြေလှမ်းများကို ပါးပါးနပ်နပ် ငြင်းပယ်ခဲ့ပြီး သူနှင့်ထပ်ပြီး အဆက်အသွယ် မလုပ်လိုသည်မှာ သိသာသည်။

သို့သော်ငြားလည်း ရန်ရှို့သယ်က လက်လျှော့ဖို့ရန် ဆန္ဒရှိဟန်မတူချေ။

နောက်ဆုံး သူတို့၂ယောက်သည် တူညီသည့်နယ်ပယ်ထဲက ဖြစ်လေသည်။ ရန်ရှို့သယ်က ပြခန်းတစ်ခု ပိုင်ဆိုင်ထား၏။ ထို့ကြောင့် အနုပညာပြပွဲများနှင့် ပတ်သက်သည့်အချက်အလက်များကို ရရှိဖို့ရန်အတွက် သူ့အတွက်က လွယ်ကူပေသည်။ ထို့ကြောင့် နဥ်ရှောက်ယွင်သည် အနုပညာပြခန်းသို့ သွားသည့်အချိန်တိုင်း သူနှင့် အမြဲတမ်း တွေ့ဆုံနေရတော့၏။

ဒီလူက နဥ်ရှောက်ယွင်၏ ငြင်းပယ်သည့်စကားကို ဂရုမစိုက်ဘဲ အတင်းထိုးစစ်ဆင်တော့သည်။

နဥ်ရှောက်ယွင်က ထိုကိစ္စနှင့်ပတ်သက်ပြီး အမှန်ပင် စိတ်ပျက်လာ၏။ နောက်ပိုင်းတွင် သူမသည် အရေးမကြီးသည့် ပြပွဲများဆိုလျှင် မသွားတော့ချေ။

သို့သော်ငြားလည်း လွန်ခဲ့သည့်နှစ်ဝက်လောက်က နဥ်ရှောက်ယွင်သည် ပါမောက္ခကျူး၏ ကျောင်းသားများ ပြုလုပ်သည့် ပန်းချီပြခန်းသို့ တက်ရောက်ပြီးနောက်တွင် ရန်ရှို့သယ်သည် နဥ်ရှောက်ယွင်နောက်သို့ တစ်လမ်းလုံး လိုက်ပြန်လာပြီး သူမ ယခုနေထိုင်သည့်နေရာကို သိရှိသွားခဲ့သည်။

ထို့နောက်တွင်တော့ သူသည် မကြာခဏဆိုသလို အိမ်သို့ကားဖြင့် လိုက်လာတတ်ပြီး လမ်းကို ပိတ်ဆို့ကာ လက်ထဲတွင်လည်း ပန်းတစ်ခုနှင့် အတင်းထိုးပေးတတ်သည်။

သူ ပထမဦးဆုံးရောက်လာသည့်အချိန်တွင် နဥ်ရှောက်ယွင်က အိမ်မှာမရှိသဖြင့် ဒေါ်ဒေါ်ဝေက အလွန်ယဥ်ယဉ်ကျေးကျေး ဧည့်ခံပေးခဲ့သည်။

နောက်ဆုံး ရန်ရှို့သယ်သည် တစ်ချက်ကြည့်လိုက်လျှင် ရည်မွန်သည့်ရုပ်ရှိသည်။ သူသည် ပြခန်းတစ်ခု ပိုင်ဆိုင်ထားပြီး အနုပညာကို နားလည်ကာ နဥ်ရှောက်ယွင်နှင့်တူညီသည့် ဝါသနာရှိသည်။

ဒေါ်ဒေါ်ဝေက သူသည် လူကိုယ်တိုင် ရောက်လာသည်ကို တွေ့လိုက်ရသည့်အခါ နဥ်ရှောက်ယွင်က အလိုလို သဘောတူထားသည်ဟု ထင်ထားခဲ့သည်။ ထို့ကြောင့် သူမကလည်း သူ့ကိုရင်းရင်းနှီးနှီးဖြင့် နှုတ်ဆက်ခဲ့၏။

တစ်ဖက်လူက အထင်သေးသည့်အပြုအမူဖြင့် ခြံဝင်းကို စတင် ဝေဖန်ပြောဆိုပြီး သူ၏ချမ်းသာမှုကို ကြွားလုံးထုတ်ကာ သူ့စကားလုံးများနှင့် လုပ်ရပ်များက ဒေါ်ဒေါ်ဝေကို သူမက မှားယွင်း အကဲခတ်မိကြောင်း သဘောပေါက်သွားစေသည်။

နဥ်ရှောက်ယွင် ပြန်လာပြီးသည့်နောက်တွင် တစ်ဖက်လူက သူမကို ပိုးပမ်းနေခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ ဒေါ်ဒေါ်ဝေမှာ ဒေါသချောင်းချောင်း ထွက်ရပြီး ထိုလူကို ရိုင်းရိုင်းစိုင်းစိုင်းသာ မောင်းထုတ်ပစ်တော့၏။

သို့သော်ငြားလည်း ရန်ရှို့သယ်သည် သူ့ယုံကြည်ချက်များကို မည်သည့်နေရာက ရခဲ့မှန်းမသိချေ။ နဥ်ရှောက်ယွင်က သူနှင့် ရင်းနှီးဖို့ရန်အတွက် ခက်ခဲအောင် ကစားနေလေသည်ဟု သူက ထင်နေသည်။

သူ၏သာလွန်သည့်အခြေအနေနှင့် ရက်ခြားဆိုသလို ပန်းစည်းတစ်စီးကို နဥ်ရှောက်ယွင်ထံစိတ်ရင်းနဲ့ ပေးပို့ပေးခြင်းက နဥ်ရှောက်ယွင်ကို အနှေးနှင့်အမြန် အထင်ကြီးလာနိုင်စေသည်ဟု သူက ယုံကြည်ထားလေသည်။

နဥ်ရှောက်ယွင်က သူ့ကို အိမ်ထဲဝင်ခွင့်ပြုရန် ငြင်းဆိုသည့်အခါ "ကိုယ်က မင်းကို ဖိအားမပေးပါဘူး"ဟူသည့်သဘောထားဖြင့် ပန်းစည်းများကို တံခါးနားတွင် ချထားခဲ့တတ်သည်။

သို့သော်ငြားလည်း လက်တွေ့တွင်တော့ သူသည် သူလုပ်ချင်သည့်အရာကိုသာ လုပ်ခဲ့ပြီး နဥ်ရှောက်ယွင်၏ ငြင်းပယ်ခြင်းကို ဂရုမစိုက်ခဲ့ခြင်းပင်။

နောက်ပိုင်းတွင် နဥ်ရှောက်ယွင်က သူ့ကိုဒီအတိုင်းသာ လျစ်လျူရှုထားလိုက်တော့သည်။ ဒေါ်ဒေါ်ဝေကလည်း သူ့ကိုဘယ်နည်းနှင့်မှ အိမ်သို့ဝင်ခွင့်မပေးချေ။ အိမ်တံခါးရှေ့တွင် ပန်းစည်းများ ရောက်လာသည့်အချိန်တိုင်း ဒေါ်ဒေါ်ဝေက အပြင်ထွက်သန့်ရှင်းရေး လုပ်သည့်အချိန်တွင် ထိုပန်းများကိုသာ တစ်ခါတည်း လွှင့်ပစ်တတ်ခဲ့သည်။ နောက်ပိုင်းတွင် တစ်ဖက်လူ၏ ပန်းစည်း ပို့လာသည့်အကြိမ်ရေက တဖြည်းဖြည်း နည်းလာခဲ့ပြီး အစပိုင်းတွင် တစ်နေ့ပန်းစည်းတစ်စီးမှ နောက်ပိုင်းကျတော့ တစ်ပတ်ပန်းစည်းတစ်စီးသို့ ရောက်ရှိသွားသည်။

အလှည့်အပြောင်းမှာ ထိုငနဲက ချန်းချန်းနှင့် တွေ့ဆုံခဲ့သည့်နေ့ ဖြစ်လေသည်။

ထိုနေ့က ရှောင်ဖုန်း၏ မွေးနေ့ဖြစ်၏။ နဥ်ရှောက်ယွင်သည် နေ့လယ်ခင်းတွင် ကလေး၃ယောက်ကို သွားကြိုလာခဲ့ပြီးနောက် သူမက ရှောင်ဖုန်း၏ မျှော်လင့်တကြီးအကြည့်နှင့် တွေ့ဆုံလိုက်ရ၏။ ထို့ကြောင့် သူမက ကလေး၃ယောက်ကို ယန်တက္ကသိုလ် တွဲဖက်အထက်တန်းကျောင်းသို့ ခေါ်သွားပြီး ရှမြန်နှင့် မောက်ဟွေ့လန်တို့ ကျောင်းဆင်းလာမှာကို စောင့်နေလိုက်သည်။

သူတို့သည် လိုက်တမ်းပြေးတမ်းကစားပြီး လမ်းကြားလေးထဲသို့ ရောက်လာသည့်အချိန်တွင် လက်ထဲတွင် အနီရောင်တောက်တောက် နှင်းဆီပန်းတစ်စီးကို ကိုင်ထားကာ နဥ်ရှောက်ယွင်၏ အိမ်တံခါးနားတွင်ရပ်နေပြီး ကားတစီးကို မှီထားသည့် ရန်ရှို့သယ်ကို တွေ့လိုက်ရ၏။

ရှမြန်သည် နေ့တိုင်းဆိုသလို မနက်စောစောထပြီး ကျောင်းနောက်ကျမှ ပြန်လာရသည်။ ရန်ရှို့သယ်သည် မနက်ခင်းသို့မဟုတ် ညနေ့ခင်းအချိန်တွင် လာရောက်တတ်သဖြင့် သူမက ဒီကိစ္စနှင့်ပတ်သက်ပြီး ကြားရုံသာ ကြားဖူးထားသည်။

သူ ဒီနေရာသို့ပေါ်လာသည်ကို တွေ့ရသည်မှာတော့ ပထမဦးဆုံးအကြိမ် ဖြစ်လေ၏။ ရိုးသားသည့် ကလေးမတစ်ယောက်ကို တွဲချိတ်ဖို့ကြိုးစားနေသည့် သူ့သဘောထားမှာ ရှမြန်ကို ရယ်စရာဖြစ်စေတော့သည်။

"နည်းလမ်းက အရမ်းကို ဒိတ်အောက်လွန်းပါတယ်။ ဒီလောက် အချိန်ကြာနေတာတောင်မှ သူက ဘယ်သူ့ကိုမှ အထင်ကြီးလောက်အောင် မလုပ်နိုင်သေးဘူးလေ။ သူ့ရဲ့ဗျူဟာကို ပြောင်းလဲဖို့များ မစဉ်းစားဘူးလား မသိဘူး။ သူက ဒီအတိုင်း မမြင်မကန်းနဲ့ ပိုက်ဆံတွေကို သုံးဖြုန်းနေပြီး သူ့မှာ ဘာစိတ်ရင်းမှမပါဘူးဆိုတာကို ပြသနေတာပဲ"

"တကယ်ပါပဲ။ အပျော်သက်သက်လုပ်နေတာ"

နဥ်ရှောက်ယွင်ကတော့ ရွံရှာစွာဖြင့် မျက်မှောင်ကြုတ်လိုက်၏။ ချန်းချန်းက သူမ၏စိတ်အခြေအနေကို သတိထားမိသွားပြီး မြန်မြန်လေး အပြေးရောက်လာကာ သူမ၏လက်ကို တွဲလိုက်ပြီးနောက် ပြောလိုက်လေသည်။

"မေမေ ဘာဖြစ်လို့လဲ"

အနားသို့လျှောက်လာသည့် ရန်ရှို့သယ်သည် ထိုစကားကို ကြားလိုက်ရပြီး နဥ်ရှောက်ယွင်ကို ကြည့်လိုက်ပြီးနောက် နဥ်ရှောက်ယွင်၏ လက်ကို တွဲထားသည့် ချန်းချန်းကို ကြည့်လိုက်လေသည်။ သူ့အပြုအမူမှာ မိုးကြိုးပစ်ထားသည့် ရုပ်တစ်ခုဖြစ်နေ၏။

"ယွင် မင်းမှာ ကလေးရှိတာလား"

ရှမြန်သည် သူ၏ဒိတ်အောက်ကာ ကလေးဆန်ဆန် နာမည်ကြောင့် အထိတ်တလန့် ဖြစ်သွားပြီး သူပြောလိုက်သည့်စကားကို တုံ့ပြန်ဖို့ရန်ပင် တစ်ချက်နှေးသွားတော့သည်။

နဥ်ရှောက်ယွင်ကလည်း တိုက်ခိုက်မှုကို မျက်နှာချင်းဆိုင် တွေ့ဆုံလိုက်ပြီး ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာ ရသွားသည်မှာ သိသာသည်။ သူမက မျက်မှောင်ကြုတ်ကာ အေးစက်စက် ပြောလိုက်၏။

"လူကြီးမင်းရန် ကျေးဇူးပြုပြီးတော့ လေးစားပေးပါ။ ကျွန်မကို မစ်နင်လို့ခေါ်ပါ"

တစ်ဖက်လူ၏ အမူအရာကို မြင်လိုက်ရပြီးနောက်သူမက ကျိုးချန်းချန်း၏လက်ကို ချက်ချင်းတွဲလိုက်ပြီး သူ့ကို အေးစက်စက် မိတ်ဆက်ပေးလိုက်သည်။ "လူကြီးမင်းရန် ဒါက ကျွန်မရဲ့သားလေ။ ကျွန်မက အိမ်ထောင်သည်"

"ရှင်ဒီကို ဘာဖြစ်လို့ ရောက်လာတာလဲ။ ကျွန်မသိလို့ရမလား"

ရန်ရှို့သယ်သည် အထိတ်တလန့်ဖြစ်သွားကာ မေးလိုက်လေ၏။ "မင်းက အိမ်ထောင်ပြုပြီးသားလား။ မင်း ဘာဖြစ်လို့ ငါ့ကို မပြောပြတာလဲ" သူ့လေသံက မေးခွန်းထုတ်သည့်ဟန် ဖြစ်နေသည်။

နဥ်ရှောက်ယွင်က ဒေါသထွက်စွာဖြင့် ရယ်မောလိုက်၏။ "ဒါက ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာကိစ္စပါ။ ကျွန်မက ရှင့်ကို ဘာဖြစ်လို့ပြောရမှာလဲ"

သို့သော်ငြားလည်း ရန်ရှို့သယ်ကတော့ သူသည် သစ္စာဖောက်ခံလိုက်ရသည့်ရုပ် ဖြစ်နေသည်။ "ကို မင်းကို ပိုးပန်းနေတာ မင်းမသိလို့လား"

နဥ်ရှောက်ယွင်ကလည်း ဒေါသတကြီး ပြောလိုက်သည်။ "ကျွန်မ ရှင့်ကို သေသေချာချာ ငြင်းလိုက်ပြီးပြီပဲ။ ကျွန်မ ရှင်နဲ့ချိန်းတွေ့ဖို့လည်း စိတ်ကူးမရှိပါဘူး။ ကျေးဇူးပြုပြီးတော့ နောက်တစ်ခါ ဒီနေရာကို မလာပါနဲ့တော့"

ရန်ရှို့သယ်က မယုံမကြည်နှင့် ပြောလိုက်၏။ "မင်းက ကလေးတစ်ယောက် မွေးထားပြီးပြီဆိုတော့ မင်းက ငါနဲ့ တန်ပါဦးမလား"

အလို။ ဒီအရူးက ဘယ်ကရောက်လာတာပါလိမ့်။ ရှမြန်သည် သူ့ကို မီးပြင်းဖိုထဲထိုးထည့်ပြီး တစ်စချင်းစီ ပြန်တပ်ဆင်ပေးချင်စိတ် ဖြစ်သွားတော့သည်။

နဥ်ရှောက်ယွင်ကတော့ ဒါကို ရယ်စရာကောင်းသည်ဟု မြင်လိုက်ပြီး ချန်းချန်းကို ချက်ချင်း ကောက်ချီကာ ပြောလိုက်လေသည်။

"ကျွန်မက ရှင်နဲ့မတန်ပါဘူး လူကြီးမင်းရန်။ နှုတ်ဆက်ပါတယ်"

ထိုသို့ပြောလိုက်ပြီးနောက် ရန်ရှို့သယ်သည် လပေါင်းများစွာ ပျောက်သွားတော့သည်။

...

All Chapters