← Chapters

အပိုင်း(၁၄၄)

Vol. 10 Ch. 144

အပိုင်း(၁၄၄)

Vol. 10 Ch. 144

နဥ်ရှောက်ယွင်မှာ သူ ထပ်မလာကြောင်းကို သိလိုက်ရပြီးမှ သက်ပြင်းချရတော့သည်။

"ဒီလိုဖြစ်လာလိမ့်မယ်လို့သာ သိခဲ့မယ်ဆိုရင် ငါ နင့်ကိုအစောကြီးကတည်းက ပြောပြပါတယ်"

ရှမြန်ကလည်း အနည်းငယ် ဆွံ့အသွား၏။

"သူက အစ်မကို ဒီလောက်ယုံကြည်ချက်ရှိရှိနဲ့ ပိုးပန်းလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ဒါပေမဲ့ သူက အစ်မရဲ့ အခြေအနေလေးကိုတောင်မှ မသိဘူးတဲ့လေ"

"ကျွန်မက သူ့အစ်မကို ဒီအတိုင်း သာမာန်မိန်းကလေးတစ်ယောက်လိုပဲ သဘောထားပြီး အပျော်သက်သက် လှည့်စားချင်နေတာလို့ ထင်ထားတာ"

ရန်ရှို့သယ်သည် ကြီးကျယ်ခမ်းနားသည့် နောက်ခံရှိသည့် မိသားစုတစ်ခုက လာခြင်းမဟုတ်ကြောင်း မြင်နိုင်သည်။ သူသည် သူဌေးသားလက်သစ်တစ်ယောက်သာ ဖြစ်ပေ၏။

နဥ်ရှောက်ယွင်သည် သီးသန့်ဘဝတစ်ခုတွင် နေထိုင်သည့် သိပ်ပြီး တက်တက်ကြွကြွ မရှိသော်ငြားလည်း ဆရာကြီးချီမင်ဟောက်၏ နောက်ဆုံး တပည့်တစ်ယောက်အနေဖြင့် သူမသည် ပန်းချီလောက၏ အထက်တန်းစား လူ့အသိုင်းအဝိုင်းထဲတွင် အမည်မသိသူတစ်ယောက် မဟုတ်ချေ။

ပန်းချီလောက မဆိုထားနှင့် စီးပွားရေးလောကတွင်လည်း နာမည်တစ်ခုရှိပေသည်။ လူကြီးမင်းနဥ်၏ မွေးနေ့ပါတီပွဲ ကိစ္စပြီးသွားသည့်နောက်တွင် နောက်ခံတစ်ချို့ ရှိကြသည့်လူတိုင်းက နဥ်ရှောက်ယွင်၏ အခြေခံ အခြေအနေများကို သိပေသည်။

ရန်ရှို့သယ်သည် အထက်တန်းစား လူ့အသိုင်းအဝိုင်းထဲက မဟုတ်လျှင်ပင် သူ့တွင် အနုပညာပြခန်းနှင့် ပတ်သက်ပြီး လူချမ်းသာများစွာနှင့် အဆက်အသွယ်ရှိပေမည်။ သူသည် အနည်းငယ် မေးမြန်းစုံစမ်းရုံဖြင့် နဥ်ရှောက်ယွင်၏ အခြေအနေကို ရှာဖွေတွေ့ရှိနိုင်သည်။ တခြားမပြောနှင့်။ သူသိခဲ့သည့် ဝေဟုန်ချိုးကပင် လူကြီးမင်းနဥ်၏မွေးနေ့ပါတီပွဲသို့ တက်ရောက်ခဲ့ဖူးသည်။

သူသည် သူမအကြောင်းကို အလုပ်ရှုပ်ခံပြီးတော့ပင် မစုံစမ်းခဲ့ချေ။ ဒါက သူသည် သူမကို အမှန်တကယ် သဘောကျခြင်း မဟုတ်ကြောင်း ပြသနေပေသည်။ သူသည် သူမ၏အလှတွင် ဒီအတိုင်းဆွဲဆောင်ခံရပြီး နဥ်ရှောက်ယွင်ကို သူ အားလပ်သည့်အချိန်တွင် အချိန်ဖြုန်းဖို့ရန် သပ်သပ်သာ သဘောထားပေသည်။

သူသည် အမြဲတမ်းသာလွန်နေသည့် စိတ်ခံစားချက် တစ်ခုရှိသည်ကလည်း မဆန်းတော့ချေ။ သူသည် အမြဲလိုလို သူမကိုပိုးပန်းရာတွင် ကိုယ့်ဟာကိုယ် အောက်ကျလောက်သည်ဟု စဉ်းစားပြီး နဥ်ရှောက်ယွင်က ဒါကိုလက်ခံဖို့ရန်ပင် ကျေးဇူးတင်သင့်သည်ဟုပင် ထင်သေးသည်။

သူမက ဒီကိစ္စကိုပြီး စီးသွားသည်ဟု ထင်ခဲ့သည်။ သို့သော်ငြားလည်း ဒီငနဲက ၂လ ကြာသွားပြီးသည့်နောက်တွင် ထပ်ပေါ်လာခဲ့သေးသည်။

ထိုအချိန်တွင်လည်း ရှမြန်က အိမ်တွင်မရှိခဲ့ချေ။ သို့သော်ငြားလည်း အိမ်တွင်ရှိနေသည့် မောက်ဟွေ့မေကတော့ ကလေးများနှင့် ထိုမြင်ကွင်းကိုမျက်မြင်တွေ့ခဲ့ရသည်။

ရှမြန်က သိချင်စိတ်ဖြင့် မေးလိုက်၏။ မောက်ဟွေ့မေက မပြောရသေးခင်မှာပင် မောက်ဟွေ့ကျူးက ရုတ်တရက် ထရပ်လိုက်သည်။

သူမက လေသံကိုသြထားလိုက်ပြီး ထည်ဝါခန့်ညားသည့် အမူအရာတစ်ခုဖြင့် အမြတ်တနိုးပြောလိုက်၏။

"ယွင် ကိုမင်းကို တကယ်ချစ်တာပါ။ မင်းက ကွာရှင်းထားတာပဲဖြစ်ဖြစ် ကလေးရှိတာပဲဖြစ်ဖြစ် ကို ဂရုမစိုက်ပါဘူး..."

မောက်ဟွေ့မေက သူမ၏ပါးစပ်ကို မြန်မြန်လေး အုပ်ထားလိုက်ကာ "နင်ဟာလေ ဘာဖြစ်လို့အားလုံးကို လိုက်သင်နေတာလဲ"

မောက်ကျစ်ရှန်း၏ အကြိမ်ပေါင်းများစွာ သရုပ်ဆောင်ခြင်းကို ကြည့်ရှုပြီးသည့်နောက်တွင် မောက်ဟွေ့ကျူးသည် သရုပ်ဆောင်ခြင်းနှင့် ပတ်သက်ပြီး ရူးသွပ်လာကာ သူ မြင်သမျှ အရာအားလုံးကို သရုပ်ဆောင်ချင်လာတော့သည်။

မောက်ဟွေ့မေမှာ ငိုရခက်ရယ်ရခက် ဖြစ်သွားတော့၏။

"ဒါပေမဲ့ ဟွေ့ကျူးတစ်ယောက်ပဲ အဲဒါတွေကို သင်ယူတတ်တယ်"

ရှမြန်ကလည်း သဘောကျသွား၏။

မောက်ဟွေ့မေကတော့ သက်ပြင်းချလိုက်၏။ "အဲဒီ အထင်သေးနေတဲ့ သဘောထားကလေ အစ်မနဥ်က ကလေးတစ်ယောက် ရှိထားတာတောင် သူက အစ်မနဥ်ကို ပိုးပန်းနေတုန်းဆိုတော့ အစ်မနဥ်ကပဲ အမြတ်အများကြီး ရသွားတဲ့ ပုံစံမျိုးနဲ့လေ"

"နောက်တော့ ဘာဖြစ်သွားလဲ" ရှမြန်က သိချင်သွားသည်။

မောက်ဟွေ့မေက ပြောလိုက်၏။ "ဒေါ်ဒေါ်ဝေက ဒေါသထွက်သွားတာပေါ့။ အစ်မနဥ်ကလည်း ငယ်ငယ်ကတည်းက ဒီလိုစော်ကားတာမျိုးကို တစ်ခါမှ ခံရဖူးတာ မဟုတ်ဘူးလေ။ ဒေါ်ဒေါ်ဝေက တံမြက်စည်းကြီးတစ်ချောင်းနဲ့ သူ့ကို ချက်ချင်းမောင်းထုတ်တော့တာပဲ"

"ကောင်းတယ်" ရှမြန်က ပြောလိုက်သည်။ "နောက်တစ်ခါ သူလာခဲ့ရင် စကားပြောမနေနဲ့တော့။ ဒီအတိုင်း သူ့ကိုသာ တန်းရိုက်ထုတ်ပြီး မောင်းထုတ်လိုက်တော့"

"သူကတော့ လာမယ်မထင်တော့ပါဘူး။ အဲဒီနေ့တုန်းက ပွဲလာကြည့်ကြတဲ့သူတွေ တံခါးနားမှာ အများကြီးပဲလေ။ သူက ဘယ်လိုလုပ်ပြီးတော့မှ အိမ်လာရဲတော့မှာလဲ"

သူသည် ထိုကိစ္စပြီးသွားသည့်နောက်တွင် ဒီနေရာသို့ လုံးဝထပ်မလာရဲတော့ချေ။ သို့သော်ငြားလည်း သူ့ကို ဆံပင်ညှပ်ဆိုင်တွင် ထပ်တွေ့ရလိမ့်မည်ဟု ထင်မထားခဲ့ချေ။ ဒါသည် ဒီအတိုင်း ကံဆိုးခြင်းသက်သက်သာ ဖြစ်ပေ၏။

သူက အင်မတန်မှ သာလွန်နေသည်ဟု ခံစားသွားမှာ မလိုလားသဖြင့် ရှမြန်ကလည်း ဆံပင်ညှပ်ဆိုင်သို့ ပြန်လာခဲ့ပြီး နဥ်ရှောက်ယွင်ကို ထိုကိစ္စပြောပြလိုက်လေသည်။

နဥ်ရှောက်ယွင်ကလည်း ရှမြန်နှင့် အတွေးတူနေ၏။ ထိုကြောင့် သူမက ဆံပင်ညှပ်ဆရာ၏ လက်ထောက်ကို ထိုဖက်ကအခြေအနေကို စုံစမ်းခိုင်းလိုက်လေသည်။

ခဏအကြာတွင် လက်ထောက်သည် ပြန်ရောက်လာပြီး ထိုလူက သူ့အမေနှင့် သူနှင့် စေ့စပ်ထားသည့်အမျိုးသမီးတို့ ဆံပင်လာညှပ်သည်ကို အဖော်လိုက်လာပေးသည်ဟု ပြောပြသည်။ ထိုစေ့စပ်ပေးထားသည့်အမျိုးသမီးကလည်း ဒီဆိုင်၏အဖွဲ့ဝင်တစ်ဦးဖြစ်၏။

နဥ်ရှောက်ယွင်က စိတ်အေးသွားကာ သက်ပြင်းချလိုက်၏။ "ငါ့အထင်တော့ သူတို့တွေ ငါ့ကို ထပ်ပြီးတော့ နှောက်ယှက်တော့မှာ မဟုတ်ပါဘူး"

ရှမြန်ကလည်း စိတ်အေးသွား၏။ "လူချမ်းသာတွေနဲ့ အထက်တန်းစားတွေပဲ ဒီနေရာမှာ အဖွဲ့ဝင် ဖြစ်နိုင်တာ မဟုတ်လား။ သူက အရမ်းကို ဂရုတစိုက် လုပ်နေတာတွေ့ရတယ်။ ကျွန်မအထင်တော့ သူနဲ့ စေ့စပ်ထားတဲ့အမျိုးသမီးက တော်တော်လေး အထင်ကြီးစရာ ကောင်းတယ်ထင်တယ်"

သို့သော်ငြားလည်း အန္တရာယ်ကင်းစေရန်အတွက် သူတို့သည် မလိုသည့်ပြဿနာများကို တတ်နိုင်သလောက် ရှောင်ရှားဖို့ ဆုံးဖြတ်လိုက်ကြသည်။

သူတို့သည် ဆံပင်ကိုလည်း ကောက်မည်ဖြစ်ကာ အချိန်တော်တော် ယူရဦးမည်ဖြစ်သဖြင့် စိတ်အေးလက်အေးသာ ရှိနေလိုက်သည်။

၁၂မီတာကျော်လောက် လျှောက်လာပြီးသည့်နောက်တွင် မောက်ဟွေ့ကျူးက သူမဘေးတွင် ဆိုဒါကို ဝယ်နေသည့် လူတစ်ယောက်ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ ရှမြန်သည် ရှောင်ဖုန်း၏ နဖူးပေါ်က ချွေးများကို လှမ်းကြည့်လိုက်ပြီး သူဌေးကို ဆိုဒါ၅ပုလင်း လှမ်းတောင်းလိုက်သည်။ "ဒီနားမှာ ကုန်အောင်သောက်ပြီးမှ ဖြည်းဖြည်းချင်း ပြန်ကြရအောင်"

ကလေး၃ယောက်က ချက်ချင်းဝမ်းသာသွားကြ၏။ နဥ်ရှောက်ယွင်ကလည်း သူတို့ကိုကြည့်ကာ ပြုံးလိုက်လေသည်။

ရှမြန်ကလည်း သူမကို စတင်စိုက်ကြည့်နေမိကာ တစ်ဖန် သွားရည်ကျလာတော့သည်။

"ကျွန်မ ပြောပါတယ်။ ဒီဆံပင်ပုံစံက သေချာပေါက် ကြည့်လို့ကောင်းပါတယ်ဆို။ အစ်မနဥ် အစ်မ အရမ်းကို လှသွားပြီ။ အစ်မက ကမ္ဘာမြေပေါ်ကို ဆင်းသက်လာတဲ့ နတ်သမီးလေးတစ်ယောက်နဲ့ တူသွားပြီ"

နဥ်ရှောက်ယွင်က သူမ၏စကားကို သဘောကျသွား၏။ "ဟုတ်ပါတယ်။ နင်က အရမ်းကို စကားချိုချိုတွေ ပြောတတ်တာ ငါ သိပါတယ်"

နှစ်ယောက်သားက စကားပြောဆိုပြီး ရယ်မောနေကြသည့်အချိန်တွင် သူတို့ကို ကြက်သီးထစေလောက်သည့် နာမည်တစ်ခုကို ကြားလိုက်ရ၏။

"ယွင်"

အမလေး။

ရှမြန်က လှမ်းကြည့်လိုက်သည့်အချိန်တွင် ရန်ရှို့သယ်သည် ဘယ်အချိန်ကမှန်းမသိ သူမနောက်သို့ လိုက်မှီလာသည်ကို တွေ့လိုက်ရ၏။

သူသည် ချစ်သူနှစ်ယောက်ကို ရက်စက်စွာ ခွဲထားသည့်ရုပ်ဖြင့် နဥ်ရှောက်ယွင်ကို ကြည့်နေလေသည်။ ရှမြန်ကတော့ ဒီလူကို ရိုက်ပစ်ချင်စိတ် ပေါက်သွားတော့၏။

ချန်းချန်းကလည်း သူ့ကိုမှတ်မိသေးသည်။ ချက်ချင်းဆိုသလို နဥ်ရှောက်ယွင်ရှေ့တွင် ထွက်ရပ်လိုက်ပြီး တင်းမာသည့် မျက်နှာထားတစ်ခုနှင့် အေးစက်စက်ပြောလိုက်၏။ "သားရဲ့မေမေက ဦးလေးကို မသိပါဘူး။ ကျေးဇူးပြုပြီးတော့ လမ်းဖယ်ပေးပါ"

ရန်ရှို့သယ်သည် မျက်မှောင်ကြုတ်လိုက်ပြီး ချန်းချန်းကို ကြည့်လိုက်၏။ နဥ်ရှောက်ယွင်က ချန်းချန်းကို ကာကွယ်ပေးထားကာ အေးတိအေးစက် ပြောလိုက်သည်။ "လူကြီးမင်းရန် ကျွန်မ ကြားထားတာတော့ ရှင်ဒီနေ့ ရှင့်ရဲ့စေ့စပ်ထားတဲ့ သတို့သမီးလောင်းနဲ့ အတူတူလာတာဆို။ ဘာဖြစ်လို့လဲ။ ကျွန်မကို သူ့ဆီ သွားနှုတ်ဆက်စေချင်လို့လား"

ရန်ရှို့သယ်သည် သူ့မျက်နှာကို သုတ်လိုက်ပြီး နာကျင်စွာဖြင့် ပြောလိုက်လေသည်။ "မင်း ဒီကိစ္စကိုတောင်မှ စုံစမ်းပြီးသွားပြီပဲ"

"အဲ့ဒါက ကို့အမေ ကို့အတွက် ရွေးထားပေးတဲ့ သတို့သမီးလောင်းပါ။ သူက ချမ်းသာတဲ့အမျိုးသမီးတစ်ယောက် ဆိုရင်တောင် ကို သူ့ကိုမချစ်ပါဘူး။ ကို အမှန်တကယ် ချစ်တဲ့သူက မင်းပါပဲ"

ဒီလိုမိန်းကလေး ကြိုက်စကားလုံးများကို ပြောဆိုနေခြင်းက အလွန်မှ ရှက်ရွံ့ဖွယ်ကောင်းလေရာ ရှမြန်မှာမနေနိုင်တော့ဘဲ ကိုယ်ကိုတွန့်သွားတော့သည်။

ရှောင်ဖုန်းက သူမကို မော့ကြည့်လိုက်ပြီး သူ၏ဇက်လေးကို ပုထားလိုက်ကာ အနည်းငယ် လှုပ်ရှားသွားလေသည်။ သူ့ဘေးက မောက်ဟွေ့ကျူးကလည်း ထိုနည်းတူစွာဖြစ်သွား၏။ ထို့နောက်တွင်တော့ ကလေး၂ယောက်သည် အချင်းချင်း ကြည့်လိုက်ကြပြီး တခစ်ခစ် ရယ်မောကြလေသည်။

ရန်ရှို့သယ်၏ စကားလုံးများက ရုတ်တရက်ဆိုသလို သူတို့၏ပတ်ဝန်းကျင်ကို ဟန်ချက်ပျက်သွားစေ၏။

နဥ်ရှောက်ယွင်က ချန်းချန်း၏ခေါင်းကို ထိကိုင်ပေးလိုက်ပြီး ရွံရှာစွာဖြင့် ပြောလိုက်လေသည်။

"လူကြီးမင်းရန် ကျွန်မက ဘာမှမသိတဲ့ ကလေးမလေးတစ်ယောက် မဟုတ်ဘူးဆိုတာ ရှင် သိဖို့မျှော်လင့်ပါတယ်။ လူကြီးမင်းရန် ကျွန်မအထင်တော့ ရှင်က ကျွန်မငြင်းပယ်ခံလိုက်ရတာကို မလိုချင်လို့ပဲ ဖြစ်ပါလိမ့်မယ်"

"ကျွန်မ ရှင့်ကို ထပ်ပြောလိုက်မယ်။ ကျွန်မ ရှင်နဲ့လက်ထပ်ဖို့ စိတ်ကူးလုံးဝမရှိဘူး။ ကျေးဇူးပြုပြီးတော့ ကျွန်မကို တွယ်ကပ်နေတာတွေ ရပ်လိုက်ပါတော့"

သို့သော်ငြားလည်း ရန်ရှို့သယ်ကတော့ သူမသည် သ၀န်တိုနေသည်ဟုထင်ကာ နဥ်ရှောက်ယွင်၏ လက်ကိုပင် ဖမ်းဆွဲဖို့ကြိုးစားလေသည်။

"ယွင် ကို့ကို အချိန်လေးတစ်ခုလောက် ပေးပါ။ ကို ကို့အမေကို သေချာပေါက် နားချမှာပါ"

"နင်က ဘာကို ကြိုးစားပြီးတော့ နားချမှာလဲ။ စဉ်းတောင်မစဉ်းစားနဲ့" ဒေါသသံတစ်ခုက ထွက်လာခဲ့သည်။ အားလုံးက လှည့်ကြည့်လိုက်သည်တွင် သူတို့ထံသို့ ဒေါသတကြီး လျှောက်လာသည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရ၏။

ရန်ရှို့သယ်နှင့်အတူတူ ခုနကရောက်ရှိလာသည့် သက်လတ်ပိုင်းအမျိုးသမီး ရန်ရှို့သယ်၏အမေ ဖြစ်လေသည်။

တစ်ဖက်လူက အလောတကြီး ရောက်ရှိလာပြီးနောက် နဥ်ရှောက်ယွင်ကို အထင်သေးစွာဖြင့် ခေါင်းအစခြေအဆုံး ကြည့်လိုက်ကာ ရန်ရှို့သယ်ကို သရော်ကာ ပြောလိုက်လေသည်။ "နင် ရုတ်တရက်ကြီး ဘယ်လိုလုပ်ပြီး စိတ်နဲ့ကိုယ် မကပ်သွားတာလဲလို့ စဉ်းစားနေတာ။ နင်က ဒီမြေခွေးမရဲ့ ဆွဲဆောင်ခံထားရတာကိုး"

"ချီချီ ဒီကိစ္စကို မတွေ့ခင် ဒီနေရာကနေ ပြန်သွားတော့"

"အမေရယ်" ရန်ရှို့သယ်က လက်မခံနိုင်စွာဖြင့် မျက်မှောင်ကြုတ်လိုက်လေသည်။

"ဒါက ကျွန်တော် အမေ့ကို အရင်တုန်းကပြောပြခဲ့ဖူးတဲ့ ပန်းချီဆရာမလေ။ ဒီမှာပဲ စကားပြောရအောင်ပါ။ အမေပဲ အရင်ပြန်သွားနှင့်လိုက်"

ရန်ရှို့သယ်၏အမေကတော့ သူ့ကို လုံးဝမယုံကြည်သည်မှာ သိသာကာ နှာခေါင်းရှုံ့ကာပြောလိုက်၏။

"ပန်းချီဆရာ ဟုတ်လား။ ဘာပန်းချီဆရာလဲ။ အခုက စုတ်တံကို ကိုင်နိုင်တဲ့ဘယ်သူမဆို ပန်းချီဆရာတစ်ယောက်ဖြစ်နေတာပဲ။ နင်လည်း ငါ့ကိုပန်းချီဆရာတွေ အများကြီးအကြောင်း ထုတ်ပြောခဲ့ဖူးတာပဲ"

သူမသည် ရန်ရှို့သယ်ကို ဆွဲခေါ်သွားလို့မရနိုင်သဖြင့် နဥ်ရှောက်ယွင်ကို သရော်ကာပြောလိုက်လေသည်။

"နင်က ကလေးတစ်ယောက်အမေဆိုတာ ငါ တွေ့သားပဲ။ နင်က ကလေးရှေ့မှာ ယောက်ျားတစ်ယောက်ကို မြှူဆွယ်နေတာပေါ့လေ။ နင်က ရည်မွန်တဲ့သူတစ်ယောက် လုံးဝမဟုတ်တာ သိသာတယ်။ ငါ နင့်ကို အကြံပေးလိုက်မယ်..."

"အဒေါ်" နဥ်ရှောက်ယွင်သည် အလွန်မှဒေါသထွက်သွားသဖြင့် သူမ၏မျက်နှာမှာ ဖြူဆုပ်သွားလေသည်။ သူမက ဒေါသတကြီး ပြောလိုက်၏။ "ရှင့်ပါးစပ်ကို ကျေးဇူးပြုပြီးတော့ ပိတ်ထားလိုက်ပါ။ ကျွန်မကို လိုက်နှောင့်ယှက်နေတဲ့သူက ရှင့်ရဲ့သားပါ။ သူ့ကို အခုချက်ချင်း ခေါ်သွားလိုက်ပါ။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ကျွန်မကို လိုက်လံနှောင့်ယှက်မှုနဲ့ သူ့ကို တရားစွဲရလိမ့်မယ်"

"ဖွီး" ရန်ရှို့သယ်အမေက အေးတိအေးစက် ပြောလိုက်လေသည်။ "ငါ့သားက နင့်ကို တွယ်ကပ်နေတာ ဟုတ်လား။ နင်က ဘယ်လိုမြေခွေးမလဲဆိုတာ ငါ မသိဘူးများ ထင်နေလို့လား"

"ကလေးတစ်ယောက်အမေကများ လမ်းပေါ်မှာ ယောက်ျားတစ်ယောက်ကို ပေါ်ပေါ်ထင်ထင် ဆွဲဆောင်ရဲရတယ်လို့...အားးး"

ရှမြန်သည် နဥ်ရှောက်ယွင်ကို တအံ့တဩ ကြည့်လိုက်လေသည်။ ရန်ရှို့သယ်ကလည်း အထိတ်တလန့် ဖြစ်သွား၏။ "နဥ်ရှောက်ယွင် မင်း ဘာလုပ်လိုက်တာလဲ"

နဥ်ရှောက်ယွင်သည် ရန်ရှို့သယ်၏အမေခေါင်းပေါ်သို့ ဆိုဒါများကို လောင်းချပစ်လိုက်ပြီး ဒေါသတကြီး ပြောလိုက်တော့သည်။

"ရှင် တခြားလူတွေဆီကနေ ဘယ်လိုလေးစားရမယ်ဆိုတာ မသင်ယူတတ်ဘူးဆိုမှတော့ ရှင့်ပါးစပ်ကို သေသေချာချာလေး ဆေးလိုက်တာ ပိုကောင်းတယ်"

ရန်ရှို့သယ်၏အမေမှာ ဆိုဒါများဖြင့် ရွှဲနစ်သွားပြီး ဒေါသထွက်ကာ ရူးသွပ်သွားတော့သည်။ "ခွေးမ နင်ကများ အတင့်ရဲလို့"

သူမက အရှိန်အဟုန်ဖြင့် ပြေးလာတော့မည်ကို တွေ့လိုက်သည်တွင် နဥ်ရှောက်ယွင်က သူမ၏ခြေထောက်တွင် ဆိုဒါပုလင်းကို ရိုက်ခွဲလိုက်ပြီး သူမ၏ချောမောလှပသည့် မျက်နှာလေးမှာ အေးစက်သွားတော့သည်။ "အခု ရှင့်သားရဲ့အလှည့်နော်။ ဒီနေရာကနေ ထွက်သွားလိုက်"

ရန်ရှို့သယ်၏အမေမှာ အလန့်တကြားဖြစ်သွားပြီး ရန်ရှို့သယ်၏မျက်နှာကလည်း ညိုမဲသွားတော့သည်။

"နဥ်ရှောက်ယွင် အဲဒီလောက်အထိ အရှက်မမဲ့ပါနဲ့..."

ရှမြန်သည် နဥ်ရှောက်ယွင်၏လက်ထဲသို့ သူမ၏လက်ထဲက ဆိုဒါပုလင်းကို ဘာမှမပြောဘဲ လှမ်းပေးလိုက်တော့သည်။ နဥ်ရှောက်ယွင်က သူ့ပခုံးကို ရိုက်ပစ်လိုက်ပြီး ဒေါသတကြီး ပြောလိုက်၏။

"ထပ်ပြောလိုက်မယ် အခုချက်ချင်းထွက်သွား"

ဆိုဒါပုလင်းကလည်း ပေါ့ပေါ့ပါးပါး မဟုတ်ချေ။ နဥ်ရှောက်ယွင်သည် အလွန်မှ ဒေါသထွက်နေပြီး အလွန်မှအားပြင်းသဖြင့် ရန်ရှို့သယ်မှာ နာကျင်စွာဖြင့် အော်ဟစ်ရတော့သည်။

ဒါကို မြင်လိုက်သည်တွင် ရန်ရှို့သယ်၏အမေက ချက်ချင်းဆိုသလို ဒေါသထွက်သွားပြီး နဥ်ရှောက်ယွင်ဆီသို့ အပြေးဝင်သွား၏။

"ခွေးမ..."

ရှမြန်သည် လှုပ်ရှားတော့မည် ပြင်လိုက်စဉ်တွင် သူမ၏လက်ထဲ၌ အေးစက်စက် အရာဝတ္ထုတစ်ခုကို ခံစားလိုက်ရ၏။ သူမက ငုံ့ကြည့်လိုက်သည့်အခါ ဆိုဒါပုလင်းကို သူမလက်ထဲထည့်ပေးလိုက်သည့် ရှောင်ဖုန်းက ဝိုင်းစက်နေသည့် မျက်လုံးများဖြင့် မျက်တောင်ခတ်ပြနေသည်ကို တွေ့လိုက်လေသည်။

ရှမြန်က သူမ၏အလုပ်များနေသည့် အချိန်ကြားထဲက ကလေး၏ခေါင်းကို ထိကိုင်ပေးလိုက်ပြီး ရန်ရှို့သယ်၏အမေကို ပိတ်ဆို့ဖို့ရန် ရှေ့သို့တက်လာပြီးနောက် သူမ၏မေးကို လှမ်းဆွဲလိုက်ကာ သူမ၏ ပါးစပ်ထဲသို့ ဆိုဒါများကို လောင်းထည့်လိုက်တော့သည်။

"အဒေါ် အဒေါ်က အဒေါ့်ရဲ့ညစ်ပတ်တဲ့ပါးစပ်ကို ဆေးကြောဖို့အတွက် နောက်ထပ် အကြိမ်နည်းနည်းလောက် လိုသေးတယ်"

"ကလေးမ ရပ်လိုက်" ရန်ရှို့သယ်သည် အလောတကြီး ရောက်လာပြီး နဥ်ရှောက်ယွင်ကို ကျိန်ဆဲလေသည်။ "နဥ်ရှောက်ယွင် မင်းက မိန်းမပျက်တစ်ယောက်ပဲ။ ဘာဖြစ်လို့ အဲဒီလောက်အထိ လူကြီးလူကောင်း ဆန်နေသလို ဟန်ဆောင်နေရတာလဲ.. အား

."

သူသည် သူ့စကား မဆုံးသေးခင်မှာပင် အရှိန်အဟုန်နှင့် ပြေးလာသည့် ပုံရိပ်တစ်ခု၏ မြေကြီးပေါ်သို့ တွန်းလှဲခြင်းခံလိုက်ရတော့သည်။

"ဦးလေးကျိုး" မောက်ဟွေ့ကျူးက ဝမ်းသာအားရ အော်ခေါ်လိုက်ပြီး ချက်ချင်းဆိုသလို အပြေးရောက်သွားကာ သူမ၏လက်ထဲက ဆိုဒါပုလင်းကို လှမ်းပေးလိုက်လေသည်။

ကျိုးရွှယ်ဝမ်မှာ ဒေါသချောင်းချောင်း ထွက်နေသည်မှာ သိသာ၏။ သူက တွေဝေမနေဘဲ ဆိုဒါပုလင်းကို လှမ်းယူလိုက်ကာ ရန်ရှို့သယ်၏ပုခုံးကို ခပ်ကြမ်းကြမ်း ရိုက်ပစ်လိုက်တော့သည်။

ရန်ရှို့သယ်၏အမေသည် ချက်ချင်းဆိုသလို ရှမြန်ကို ဂရုမစိုက်နိုင်တော့ဘဲ အော်ဟစ်ကာဖြင့် အပြေးသွားလိုက်၏။ "သားရေ သား"

ရန်ရှို့သယ်သည် သူ့ပုခုံးအရိုးကျိုးသွားသလို ခံစားလိုက်ရ၏။ သို့သော်ငြားလည်း ကျိုးရွှယ်ဝမ်ကတော့ လုံးဝ မကျေနပ်သေးချေ။ သူက လက်သီးကို မြှောက်လိုက်ကာ သူ့မျက်နှာကို ထပ်ခါထပ်ခါ ပိတ်ထိုးလိုက်တော့သည်။

ဒါကို မြင်လိုက်သည်တွင် ရန်ရှို့သယ်၏ အမေသည် သူမ၏ဟန်းဘတ်အိတ်ကို မြှောက်ကာ ကျိုးရွှယ်ဝမ်ဆီသို့ အရှိန်ဖြင့် ပြေးဝင်သွား၏။ နဥ်ရှောက်ယွင်က ချန်းချန်း၏လက်ထဲက ဆိုဒါပုလင်းကို ချက်ချင်း လုယူလိုက်ကာ အပြေးအလွှား ရောက်သွားပြန်သည်။

"ရှင်ကများ သူ့ကိုထိရဲတယ်ပေါ့လေ။ ကျွန်မ ရှင့်ကို ရှင့်သားနဲ့အတူ လဲကျသွားအောင် လုပ်ပစ်မယ်"

ဝိုး။

ရှမြန်မှာ မနေနိုင်တော့ဘဲ အာမေဋိတ်သံ ပြုမိတော့၏။ ရှောင်ဖုန်းက တည်တည်ငြိမ်ငြိမ် စောင့်ကြည့်နေပြီး မောက်ဟွေ့ကျူးကတော့ ဝမ်းသာအားရ လက်ခုပ်တီးပြီး အားပေးနေ၏။ သို့သော်ငြားလည်း ချန်းချန်းကတော့ သူ့အဖေနှင့် အမေကို ပထမဦးဆုံးအကြိမ် ဒီလိုတွေ့ရသည့်ဟန် တူသည်။ သူသည် နဥ်ရှောက်ယွင်ကို ကြည့်လိုက်ပြီးနောက် ကျိုးရွှယ်ဝမ်ကို ကြည့်လိုက်ကာ သူ့မျက်နှာပေါ်တွင်လည်း လေးနက်မှုအပြည့် ဖြစ်သွားတော့သည်။

နဥ်ရှောက်ယွင်က အချိန်တန်ပြီဟု မြင်လိုက်ရသဖြင့် ရှေ့သို့လှမ်းကုန်းလိုက်ပြီး ကျိုးရွှယ်ဝမ်၏လက်ကို ဆွဲလိုက်လေသည်။

"ရပြီ သေတော့မှာပဲ"

ကျိုးရွှယ်ဝမ်က ခေါင်းမော့လိုက်ကာ နီရဲနေသည်မျက်နှာဖြင့် သူမကို ကြည့်လိုက်၏။

"မင်းဟာလေ ကိုယ့်ဟာနဲ့ကိုယ် ကောင်းကောင်းလေး နေလို့မရဘူးလား။ ဘာဖြစ်လို့ တခြားလူရဲ့ ဒီလိုအနိုင်ကျင့်တာ ခံနေရတာလဲ"

...

All Chapters