← Chapters

အပိုင်း(၁၄၅)

Vol. 10 Ch. 145

အပိုင်း(၁၄၅)

Vol. 10 Ch. 145

နဥ်ရှောက်ယွင်သည် မှင်တက်အံ့သြသွားပြီး သူ့ကို ဒီအတိုင်းကြည့်နေမိ၏။ သူမက ပါးစပ်ဖွင့်လိုက်သော်ငြားလည်း ဘာမှမပြောနိုင်ချေ။

တစ်ဖက်တွင်တော့ ရန်ရှို့သယ်၏အမေက သူမ၏ ဆဲလ်ဖုန်းကို ထုတ်ကာ ဖုန်းခေါ်ရင်း ကျိုးရွှယ်ဝမ်နှင့် နဥ်ရှောက်ယွင်တို့ကို ဒေါသတကြီး အော်ဟစ်နေလေသည်။ "စောင့်ကြည့်နေလိုက်။ နင်တို့တွေ ငါတို့ရန်မိသားစုကို လာရှုပ်ရဲတယ်ဆိုရင် ငါတို့တွေကလည်း နင်တို့ကို ယန်မြို့က နေထွက်သွားအောင် လုပ်ရလိမ့်မယ်"

သူမက ဖုန်းမခေါ်ခင်မှာပင် ဖော်ရွေပွင့်လင်းသည့် မစ်လီသည် လူအုပ်ထဲက ပေါ်ထွက်လာပြီး တအံ့တဩမေးလိုက်၏။ "ဒေါ်ဒေါ် အစ်ကိုရန် ဘာဖြစ်လို့လဲ"

ရန်ရှို့သယ်၏ အမေသည် ကယ်တင်ရှင်တစ်ယောက်ကို တွေ့လိုက်ရသလို ချက်ချင်းပြုမူလိုက်၏။ "ချီချီ နင့်ရဲ့အစ်ကိုရန်ကို ကြည့်ပါဦး။ အဲဒီမြေခွေးမပေါ့ နင့်ရဲ့အစ်ကိုကြီးကို မြှူဆွယ်နေတာ..."

နဥ်ရှောက်ယွင်က သူမကို ဆိုဒါပုလင်းဖြင့် ပစ်ပေါက်လိုက်လေသည်။ "ထပ်ပြီးတော့ အဓိပ္ပာယ်မရှိ ပြောနေပြန်ပြီ"

ကျိုးရွှယ်ဝမ်က ရန်ရှို့သယ်ကို ချက်ချင်းဖမ်းဆွဲလိုက်ကာ သူ့ကို ရန်ရှို့သယ်၏အမေဆီသို့ တွန်းထုတ်လိုက်၏။ ရန်ရှို့သယ်၏ အမေသည် ဒီလောက်ကြီးမားသည့်ခန္ဓာကိုယ်နှင့် လူတစ်ယောက်ကို ထိန်းနိုင်ဖို့ရာက လုံးဝမဖြစ်နိုင်ချေ။ သူတို့၂ယောက်စလုံးသည် နောက်သို့ ခြေလှမ်းအနည်းငယ်လောက် ယိမ်းယိုင်သွားပြီးသည့်နောက်တွင် မြေကြီးပေါ်သို့ လဲကျသွား၏။

ကျိုးရွှယ်ဝမ်က အေးတိအေးစက် ပြောလိုက်၏။ "ရန်မိသားစု ဟုတ်လား။ အရမ်းကောင်းတယ်"

ချီချီဟု ခေါ်သည့်မစ်လီသည် ကျိုးရွှယ်ဝမ်ကို ကြည့်လိုက်ပြီး ခဏလောက် ချီတုံချတုံဖြစ်သွားပြီးမှ မရေမရာပြောလိုက်၏။ "ဟော်... လူကြီးမင်းကျိုးလား"

ကျိုးရွှယ်ဝမ်သည် ကိုယ်ကိုလှည့်ကာ သူမကိုကြည့်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။

လီမိန်ချီသည် ရှက်ရွံ့မနေဘဲ သူမက နားမလည်သည့်အတွက် ဒီအတိုင်းသာ မေးလိုက်တော့သည်။

"ဘာဖြစ်တာလဲ လူကြီးမင်းကျိုး။ လူကြီးမင်းက ဘာဖြစ်လို့..."

သူမ၏မျက်လုံးများသည် ရှက်ရွံ့နေကြသည့် ရန်မိသားစု သားအမိဆီသို့ ရောက်သွားလေသည်။ သူတို့၂ယောက်သည် တစ်ခုခုတော့ လွဲမှားနေပြီဟု သိလိုက်လေရာ ဘာတစ်ခွန်းမှ မပြောရဲတော့ချေ။

ကျိုးရွှယ်ဝမ်ကလည်း သူတို့ကို အေးတိအေးစက်ကြည့်လိုက်၏။ "မစ်လီက သူတို့နဲ့ သိလို့လား"

လီမိန်ချီက ပြုံးကာပြောလိုက်၏။ "ကျွန်မ သူနဲ့ မရင်းနှီးပါဘူး။ သူ့မိသားစုက ကျွန်မတို့ရဲ့ လုပ်ဖော်ကိုင်ဖက်လေးတစ်ခုပါ။ ဘာဖြစ်လို့လဲ သူတို့တွေက ရှင့်ကို ရန်စခဲ့မိလို့လား"

ကျိုးရွှယ်ဝမ်၏မျက်နှာက တစ်ဖန် အေးစက်သွားလေသည်။ "ဒီလူ၂ယောက်က ကျွန်တော့်မိန်းမနဲ့သားကို ပေါ်ပေါ်တင်တင် စော်ကားခဲ့တယ်လေ"

"ဒါ...ဒါတော့ သိပ်လွန်သွားပြီ" လီမိန်ချီသည် မယုံမကြည်ဖြင့် မျက်လုံးများ အဝိုင်းသားဖြစ်သွားသည်။

"ဘယ်လိုလုပ်ပြီးတော့ ဒီကိစ္စဖြစ်သွားတာလဲ"

"ကျွန်မအဖေကို ဒီကိစ္စပြောပြလိုက်ပါ့မယ်"

ကျိုးရွှယ်ဝမ်ကတော့ ဘာမှမပြောချေ။ လီမိန်ချီက နဥ်ရှောက်ယွင်ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

"ဒါဆိုရင် ဒါက မစ္စကျိုးပေါ့နော်။ ကျွန်မ ရှင့်အကြောင်း အများကြီး ကြားထားပါတယ်"

"မစ္စကျိုးက ဘယ်လိုပုံစံလေးများလဲလို့ အားလုံးက အမြဲတမ်း သိချင်နေကြတာလေ။ ကျွန်မတို့ရဲ့ လေးစားရတဲ့ ဥက္ကဋ္ဌကျိုးရဲ့သိလိုစိတ်ကို အရင်ဆုံးနှစ်သိမ့်ခွင့်ရတဲ့အတွက် ကျွန်မအတွက်တော့ ဂုဏ်ယူစရာပါ"

သူမသည် နဥ်ရှောက်ယွင်၏ ချီတုံချတုံ ဖြစ်နေသည့်အမူအရာကို သတိမထားမိဟန်တူသည်။ အပြုံးတစ်ခုဖြင့် ဆက်ပြောလိုက်၏။ "မစ္စကျိုး ရှင် မသိလို့နော်။ ကျွန်မတို့အားလုံးက လူကြီးမင်းကျိုးရဲ့ဘဝမှာ အလုပ်က အရေးကြီးဆုံးအရာဆိုတာ သိတယ်။ ဒီအပြင် အလုပ်ထက် အရေးကြီးတဲ့အရာက သူ့ဇနီးနဲ့ သားဆိုတာလည်း သိထားတယ်လေ"

"သူက အလုပ်မှာ အားတဲ့အချိန်တိုင်း သူ့ဇနီးအတွက် ဘာလက်ဆောင်ဝယ်ပေးရင်ကောင်းမလဲ။ သားဖြစ်သူကိုလည်း ဘယ်ကိုခေါ်သွားပြီး ကစားရင်ကောင်းမလဲလို့ အမြဲတမ်း တွေးနေတာလေ"

သူမက ကျီစယ်သလိုဖြင့် ခေါင်းကိုစောင်းကာ ပြောလိုက်လေသည်။

"ကျွန်မ ကြားထားတာတော့ လူကြီးမင်းကျိုးရဲ့ လက်ထောက်တွေနဲ့ အတွင်းရေးမှုတွေက အချိန်ပိုဆင်းဖို့ မတတ်နိုင်ကြတော့ဘူးဆိုရင် သူတို့တွေက ကလေးတွေက ဘယ်နေရာမှာ ကစားရတယ်ဆိုတာ ကြိုက်တယ်ဆိုတဲ့အကြောင်း၊ ငယ်ရွယ်တဲ့ဇနီးသည်တွေအတွက် ဘယ်ပစ္စည်းက အသုံးဝင်ပြီး ဘယ်ပစ္စည်းက သင့်တော်တယ်၊ ဘယ်အစားအသောက်က အရသာရှိတယ်ဆိုတဲ့အကြောင်းကို လူကြီးမင်းကျိုးကို ပြောပြတတ်တယ်တဲ့။ အဲဒီအချိန်မှာပဲ လူကြီးမင်းကျိုးကလည်း သူ့အလုပ်ကို ချက်ချင်း ချထားလိုက်ပြီး သူတို့တွေလည်းပဲ ကောင်းကောင်းအနားယူရတော့တာတဲ့"

ရှမြန်မှာ မနေနိုင်တော့ဘဲ မစ္စလီကို လက်မထောင်ပြမိတော့သည်။ ဒီလိုEQမျိုးနှင့်ဆိုလျှင် သူမသည် အနှေးနှင့်အမြန် သူဌေးကြီးတစ်ယောက် ဖြစ်လာပေတော့မည်။

ကျိုးရွှယ်ဝမ်၏ အမူအရာသည် မျှော်လင့်ထားသည့်အတိုင်း ပျော့ပျောင်းသွား၏။ နဥ်ရှောက်ယွင်ကလည်း ရှက်သွားလေတော့သည်။ သူမသည် သူ့ဇနီးပါဟု မိတ်ဆက်စကားကို ငြင်းမနေတော့ဘဲ သိမ်သိမ်မွေ့မွေ့သာ ပြုံးပြလိုက်၏။ "မစ်လီ တွေ့ရတာဝမ်းသာပါတယ်"

လီမိန်ချီက ပြုံးလိုက်သည်။ "ကျွန်မကို မိန်ချီလို့ပဲခေါ်ပါ"

နဥ်ရှောက်ယွင်ကလည်း ထိုအတိုင်းလိုက်ပြောလိုက်၏။ "မိန်ချီ"

လီမိန်ချီ၏အပြုံးသည် ပိုပြီးသိသာလာကာ သူမသည် တွေးတွေးဆဆ ပြောလိုက်၏။

"လူကြီးမင်းကျိုးလည်း ဒဏ်ရာရသွားပါလား။ ကျွန်မ ရှင်တို့အတွက် ဆေးရုံကား ခေါ်ပေးရမလား"

"မလိုပါဘူး" ကျိုးရွှယ်ဝမ်က ပြောလိုက်၏။ "ကျွန်တော်တို့တွေ ကိုယ့်ဟာကိုယ်သွားတာပဲ ပိုပြီးတော့ မြန်ပါလိမ့်မယ်။ ကျေးဇူးတင်ပါတယ်"

ထိုသို့ပြောလိုက်ပြီးနောက်တွင် သူကကိုယ်ကို ကုန်းကာ လက်တစ်ဖက်ဖြင့် ချန်းချန်းကို ကောက်ချီလိုက်ပြီး ကျန်သည့်လက်တစ်ဖက်ကတော့ နဥ်ရှောက်ယွင်၏လက်ကို မြဲမြံနေအောင် ဆွဲထားပြီး လီမိန်ချီကို ပြောလိုက်လေသည်။ "ဒါဆိုရင် ကျွန်တော်တို့အရင် သွားလိုက်ပါဦးမယ်"

လီမိန်ချီက ပြုံးကာပြောလိုက်လေသည်။ "ကောင်းပါပြီ လူကြီးမင်းကျိုးနဲ့ မစ္စကျိုး။ ကျေးဇူးပြုပြီးတော့ လမ်းမှာဂရုစိုက်ကြပါ"

ရှမြန်သည် လက်တစ်ဖက်တွင် ကလေးကိုတွဲထားပြီး သူမရှေ့က မိသားစု၃ယောက်ကိုကြည့်လိုက်၏။ သူမသည် ကိုယ့်ဟာကိုယ် ပြန်စဉ်းစားမိလေသည်။ ကျိုးရွှယ်ဝမ်ရဲ့ လွှမ်းမိုးတတ်တဲ့အရှိန်အဝါကို မြင်ဖူးတာ ပထမဦးဆုံးအကြိမ်ပဲ။ သူက တော်တော်လေးကို ခန့်ညားတယ် မဟုတ်လား။

ဒီဘက်တွင်တော့ ရန်ရှို့သယ်နှင့် သူ့အမေသည် သူတို့ ထွက်ခွာလာသည်ကို ဒီအတိုင်းကြည့်နေမိ၏။ ရန်ရှို့သယ်၏အမေက မယုံမကြည်ဖြင့် ပြောလိုက်လေသည်။ "ချီချီ အဲဒါက..."

"မစ္စရန် ကျွန်မတို့တွေ အချင်းချင်း အဲဒီလောက်လည်း မရင်းနှီးကြပါဘူး။ ဒီတော့အရမ်းကို တရင်းတနှီး မနေကြရင် ကောင်းမယ်" လီမိန်ချီက ပြောလိုက်သည်။ သူမက ရန်ရှို့သယ်ကိုလည်း ကြည့်ကာပြောလိုက်၏။

"ရှင်ကလေ တကယ်ကို အတင့်ရဲလို့များ လူကြီးမင်းကျိုးရဲ့ဇနီးကို သွားနှောင့်ယှက်ရဲရသလား"

ရန်ရှို့သယ်၏ အမေက ချက်ချင်းပြောလိုက်၏။ "မဟုတ်ဘူး မဟုတ်ပါဘူး။ ငါ့သားက သူ့ကိုသွားနှောင့်ယှက်တာ လုံးဝမဟုတ်ဘူး။ သူကသာ..."

လီမိန်ချီသည် သူမပြောနေသည့်စကားကို သိနေသယောင်ဖြစ်ကာ ချက်ချင်းဆိုသလို အပြုံးဖြင့် ဖြတ်ပြောလိုက်၏။ "မစ္စရန် ခုနတုန်းက အဲဒီပုဂ္ဂိုလ်က ဘယ်သူလဲဆိုတာ သိလား။ အဲဒါက ကျိုးရွှယ်ဝမ်လေ။ ရွှယ်ယင်ကုမ္ပဏီရဲ့ တည်ထောင်တဲ့သူပေါ့"

"ရှင့်မိသားစု မပြောနဲ့။ ကျွန်မအဖေကတောင် ပရောဂျက်တွေအတွက် သူ့နားက တောင်းနေရသေးတယ်။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ရှင့်သားရဲ့ မစို့မပို့ပြခန်းက ဝင်ငွေအများစုကလည်း ရွှယ်ယင်ကုမ္ပဏီကနေပြီးတော့ ရထားတာတွေပဲ" လီမိန်ချီသည် ရန်ရှို့သယ်ကို ယင်ကောင်တစ်ကောင်ကို ကြည့်နေသလို လှမ်းကြည့်လိုက်၏။

"ရှင့်ရဲ့ရုပ်ကိုလည်း ပြန်ကြည့်လိုက်ပါဦး။ ရှင်က လူကြီးမင်းကျိုးထက် ပိုပြီးတော့ကောင်းတယ်လို့ ဘယ်လိုလုပ်ပြီးများ စဉ်းစားမိနေရတာလဲ"

"မစ္စတာရန် ရှင်က တကယ့်ကို ယုံကြည်မှုလွန်ကဲနေတာပဲ"

ရန်ရှို့သယ်၏မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူသည် ဒါကိုယုံကြည်ဖို့ မလိုလားချေ။

"မဖြစ်နိုင်တာ သူ့မှာယောက်ျား လုံးဝမရှိပါဘူး။ သူက လမ်းကြားငယ်လေးတစ်ခုထဲမှာ တစ်ယောက်တည်း နေတာလေ..." လီမိန်ချီမှာ တစ်ဖန် ဆွံ့အသွားတော့သည်။ "မစ္စတာရန် ဒါက ယန်မြို့ပါ။ အမွေအနှစ်တွေ အများကြီးရှိတဲ့ မိသားစုကြီးတွေရဲ့ အိမ်ဟောင်းတွေအများစုက လမ်းကြားလေးတွေထဲမှာပဲ ရှိကြတာပါ။ အဲဒီနေရာတွေက နောက်ဆိုရင် ရှင့်မှာ ငွေရှိတယ်ဆိုရင်တောင် ရှင် ဝယ်နိုင်မဲ့နေရာတွေ မဟုတ်ဘူး"

"တကယ်လို့ ရှင့်မိသားစုက ဒီနေရာမှာ ဆက်နေချင်တယ်ဆိုရင် အခြေအနေကိုပိုပြီးတော့ လေ့လာသင့်တယ်" သူမက သရော်လိုက်လေသည်။ "ပြခန်းလေးတစ်ခု ဖွင့်ထားတာကို သိပ်ဟုတ်လှပြီလို့ ရှင်က ထင်နေတာလား။ တကယ်လို့ ရှင်က လူမိုက်တစ်ယောက်လုပ်ချင်တယ်ဆိုရင် အနည်းဆုံးတော့ ရှင်က တစ်ဖက်လူရဲ့နောက်ခံကို သိထားသင့်တာပေါ့"

"မစ္စကျိုးက သူတို့တွေ ကွာရှင်းထားပါတယ်လို့ ပြောထားတယ် "လီမိန်ချီက သူမ၏လေသံထဲတွင် အားကျသည့် အရိပ်အရောင်တစ်ခုဖြင့် ပြောလိုက်လေသည်။ "အားလုံးက သိပါတယ် ဒါတွေက ဟော်မိသားစုကြောင့်လေ။ လူကြီးမင်းကျိုးက သူ့ကို စွဲလန်းနေတုန်းပဲ။ သူတို့တွေက အနှေးနဲ့အမြန် ပြန်ပေါင်းထုတ်ကြမှာပဲ။ ရှင်က လူကြီးမင်းကျိုးရဲ့ဖိနပ်ကို သယ်ပေးဖို့လောက်တောင် တန်ဖိုး မရှိပါဘူး..."

"ကျွတ်ကျွတ် တော်တော်လေးကို မသိနားမလည်တဲ့ အကြောက်အလန့် ကင်းတာပဲ"

လူ၂ယောက်၏ဖြူဆုပ်နေသည့် မျက်နှာကိုကြည့်လိုက်ပြီး လီမိန်ချီသည် ခေါင်းခါကာ ပြောလိုက်လေသည်။

"ထားလိုက်ပါတော့ အခု ရှင်တို့တွေ ဒီအကြောင်းသိလို့ရော ဘာအဓိပ္ပာယ်ရှိမှာလဲ။ မစ္စကျိုးက သိမ်မွေ့တဲ့ရုပ်လေး ဖြစ်နေတယ်ဆိုပေမဲ့လည်း သူက ကြီးမားတဲ့ နောက်ခံမိသားစုတစ်ခု ရှိတယ်။ မစ္စကျိုးက ကြောက်မယ်လို့များ ရှင်က ထင်နေတာလား။ သူ့ရဲ့မောင် သခင်လေးနဥ်က နှစ်ဝက်အတွင်းမှာ ဟော်မိသားစုနဲ့ နဥ်မိသားစုကလူတွေကို လက်တစ်ဖက်တည်းနဲ့ ရှင်းထုတ်နိုင်ခဲ့တာနော်။ ရှင်တို့မိသားစုတွေကို ဖြေရှင်းဖို့ဆိုရင်တော့ သူ့အတွက်တော့ ပုရွက်ဆိတ်၁ကောင်ကို ဖိချေတာထက်တောင် ပိုပြီးလွယ်ကူသေးတယ်"

"ကျွန်မတို့တွေ ခဏလောက် သိကြတာကို ထောက်ချင့်ပြီးတော့ ကျွန်မ ရှင့်ကို အကြံတစ်ခု ပေးလိုက်မယ်" လီမိန်ချီက ပြောလိုက်သည်။

"ရှင်တို့ဟာရှင်တို့ အရင်ဆုံး ယန်မြို့ကထွက်သွားလိုက်တော့။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ရှင်တို့တွေ ကန်ထုတ်ခံရလိမ့်မယ်"

ရန်သားအမိသည် ဖြူဆုပ်သွားလေတော့သည်။

နဥ်ရှောက်ပိုင်သည် အလုပ်မှ အိမ်သို့ပြန်လာသည့်အချိန်တွင် ရှမြန်က တံခါးအပြင်ဘက်မှ ချောင်းကြည့်နေသည်ကို တွေ့လိုက်ရ၏။ သူသည် မနေနိုင်ဘဲ ပြုံးမိတော့သည်။ "မင်း ဘာလုပ်နေတာလဲ"

ရှမြန်က ဝမ်းသာအားရ အပြေးအလွှားရောက်လာကာ ဒီနေ့ညနေ့ခင်းက ဖြစ်ပျက်ခဲ့သည့်အရာများကို တီးတိုးပြောပြလေသည်။ "ဒီနေ့လူကြီးမင်းကျိုးက အရမ်းချောတာနော်။ သူက တကယ်ပဲ ရန်ပွဲတစ်ခုမှာတောင်မှ ဝင်ပါခဲ့သေးတယ်"

ရှောင်ဖုန်းကလည်း ထပ်ပြောလိုက်သည်။ "အန်တီနဥ်ကလည်းပဲ ရန်ဖြစ်ခဲ့တာ"

နဥ်ရှောက်ပိုင်မှာ အနည်းငယ်အံ့သြသွားသည်မှာ သိသာသည်။ ထိုနောက်တွင်တော့ သူ့မျက်လုံးများက ရှမြန်ပေါ်သို့ ကျရောက်သွားပြီး ဒါက မဖြစ်နိုင်တာ မဟုတ်လေဘူးဟု ခံစားမိလိုက်၏။ ကိုယ်ခံပညာ မရှိခြင်းကလွဲလျှင် နဥ်ရှောက်ယွင်သည် ပြီးခဲ့သည်၂နှစ်အတွင်း ဒီပုဂ္ဂိုလ်၏ လွှမ်းမိုးခြင်းခံလာရကာ သူမ၏စိတ်သဘောထားကလည်း အများကြီး မာကျောလာခဲ့သည်။

သူက နဥ်ရှောက်ယွင်၏ အိမ်သို့သွားမည် ပြင်လိုက်သော်ငြားလည်း ရှမြန်က သူ့လက်ကို မြန်မြန်ဖမ်းဆွဲထားလိုက်ကာ ပြောလိုက်၏။ "အစ်မနဥ်က လူကြီးမင်းကျိုးကို ဆေးလိမ်းပေးနေတယ်။ ဒီတော့ ဝင်မသွားသေးနဲ့"

နဥ်ရှောက်ပိုင်သည် သူ့လက်ကို ကိုင်ထားသည့်လက်ကို လှမ်းကြည့်လိုက်ပြီးနောက် ဆက်ပြီး လျှောက်ဝင်သွားတော့သည်။ "ငါက ဆရာဝန်တစ်ယောက်ပါ။ ဆေးလိမ်းပေးတဲ့နေရာမှာတော့ ငါ့အစ်မထက် ငါကပိုပြီးတော့ ကျွမ်းကျင်ပါတယ်။ လူကြီးမင်းကျိုးက မြန်မြန် ပိုကောင်းလာလိမ့်မယ်"

"ဒေါက်တာနဥ် ရှင် ဘာဖြစ်နေတာလဲ" ရှမြန်က လက်နှစ်ဖက်ဖြင့် သူ့ကိုဖမ်းဆွဲထားလိုက်ပြီး သူ့ကို ပြန်ဆွဲထုတ်လာတော့မလိုပင် ဖြစ်သွားလေသည်။

"လူတွေရဲ့ခံစားချက်က အခု သွေးပူနေတယ်ဆိုတာ ရှင် သိပါတယ်။ ရှင် ဒါ တမင်လုပ်တာ မဟုတ်လား။ ရှင် သူတို့ကို မနာလို ဖြစ်နေတာ မဟုတ်လား"

နဥ်ရှောက်ပိုင်က နှာခေါင်းရှုံ့ကာ အသံထွက်ရယ်မောလိုက်ပြီး မျက်နှာသေဖြင့် ပြောလိုက်လေသည်။

"ဟုတ်တယ် ငါကလည်း အခြေအနေကောင်းတာမှ မဟုတ်တာ။ ဒီတော့ သူက ဘာဖြစ်လို့ ကောင်းစားနေရမှာလဲ"

ရှမြန်...

ရှမြန်သည် နဥ်ရှောက်ပိုင်က နာကြည်းစိတ်ကြောင့် ကျိုးရွှယ်ဝမ်နှင့် နဥ်ရှောက်ယွင်တို့၏ ဆက်ဆံရေးကြားက နွေးထွေးမှုကို နှောက်ယှက်ဖို့ရန် တစ်ခုခု အမှန်တကယ် လုပ်တော့မည်ဟု ခံစားမိလေသည်။ ထို့ကြောင့် သူမက သူမ၏ရှိသမျှအားကိုသုံးကာ သူ့ကိုဆွဲထုတ်လာခဲ့တော့သည်။

နှစ်ယောက်သားက နဥ်ရှောက်ယွင်၏အိမ်တံခါးမှ လျှောက်ကာထွက်လာကြ၏။ ရှမြန်သည် တံခါးဘောင်ကို လှမ်းထွက်လာသည့် နဥ်ရှောက်ပိုင်ကို စောင့်ကြည့်နေမိ၏။ သူ၏အားက နည်းနေသည့်အချိန်တွင် သူမက ဆောင့်ဆွဲလိုက်လေသည်။

သို့သော်ငြားလည်း နဥ်ရှောက်ပိုင်သည် ဟန်ချက် လုံးဝပျက်သွားလိမ့်မည်ဟု သူမမှာ ထင်မထားခဲ့မိချေ။ သူမကိုယ်တိုင်ကလည်း မထိန်းထားနိုင်တော့ဘဲ နောက်ပြန်လဲကျသွားတော့၏။

"သတိထား" နဥ်ရှောက်ပိုင်က လက်ကို မြန်မြန်ဆန့်လိုက်ပြီး အားဖြင့် လှမ်းဆွဲလိုက်တော့သည်။ သူသည် အလျင်လိုနေပြီး အားအများကြီးသုံးလိုက်သောကြောင့် ဖြစ်နိုင်သည်။ ရှမြန်သည် ရုတ်တရက်ဆိုသလို သူ့လက်မောင်းကို မတော်တဆ ဆောင့်မိသွားပြီး သူမ၏နှာခေါင်းမှာ နာကျင်သွားတော့၏။

သူမက အမှတ်တမဲ့ နာကျင်မှုကြောင့် အော်ဟစ်လိုက်သည်။ နဥ်ရှောက်ပိုင်ကလည်း သူမ၏မေးစေ့ကို မြန်မြန်ဆွဲပင့်လိုက်ကာ မေးလိုက်၏။ "ငါ့ကိုပြပါဦး"

ရှမြန်က သတိပြန်ဝင်လာသည့်အချိန်တွင် ထိုချောမောလှပသည့်မျက်နှာက သူမ၏ရှေ့သို့ ရောက်နှင့်နေပြီဖြစ်၏။ သူမသည် တစ်ဖက်လူ၏ အသက်ရှူသံကို ခပ်ရေးရေးလေး ခံစားနေမိသည်။

သူမက သူ့ရင်ဘတ်ကို မြန်မြန်ထောက်ထားလိုက်ပြီး နောက်ဆုတ်ဖို့ ကြိုးစားလိုက်သော်ငြားလည်း လက်တစ်ဖက်က သူမ၏ခါးကို သိုင်းဖက်ထားကာ သူမသည် မလှုပ်နိုင်အောင် ဖြစ်သွားတော့၏။ နဥ်ရှောက်ပိုင်က ဒါကို သတိထားမိဟန်မတူချေ။ သူမ၏နှာခေါင်းကို သေသေချာချာလေး စစ်ဆေးပေးနေလေသည်။

လက်ဖဝါးအောက်တွင်တော့ ရှမြန် အမြဲတမ်း သရေကျနေသည့် အားအင်ပြည့်ဝသည့် ကြွက်သားထုကြီးရှိနေတော့သည်။

သို့သော်ငြား ဒီကြွက်သားထုအောက်တွင် တဒုတ်ဒုတ် ခုန်နေသည့်အသံက အင်မတန်မှ မြန်ဆန်လို့နေ၏...

ရှမြန်...

...

All Chapters