← Chapters

အပိုင်း(၁၄၆)

Vol. 10 Ch. 146

အပိုင်း(၁၄၆)

Vol. 10 Ch. 146

နဉ်ရှောက်ပိုင်သည် သူ၏နှလုံးခုန်သံက သူ့ကို သစ္စာဖောက်သွားခဲ့သည်ကို မသိချေ။

ရှမြန်ကလည်း ဘာတစ်ခုကိုမှ သတိမထားမိသလို မသိမသာ သူမ၏လက်ကို ချထားလိုက်လေသည်။ သူမက သူမ၏နှာခေါင်းကို ပွတ်သပ်လိုက်ပြီး သူမရှေ့က လူကို စိုက်ကြည့်လိုက်ပြီးနောက် ရေရွတ်လိုက်၏။ "ရှင် တမင်လုပ်တာ မဟုတ်လား"

နဉ်ရှောက်ပိုင်က သူမ၏လက်ကိုဖမ်းဆွဲထားကာ ပြောလိုက်၏။ "မပွတ်နဲ့လေ။ နှာခေါင်းသွေးယိုမယ် သတိထား"

"တကယ် ဘာမှမဖြစ်ပါဘူး။ နည်းနည်းလေးပဲ နာသွားတာပါ" ရှမြန်သည် သူမ၏နှာခေါင်းကို ချက်ချင်း အုပ်ထားလိုက်လေသည်။

နတ်သမီးလေးရဲ့ နှာခေါင်းကို တခြားသူတွေကို လုံးဝပြလို့ မဖြစ်ဘူးလေ။ အထူးသဖြင့် ချောမောလှတဲ့ ကောင်လေးတွေကိုပေါ့။

ရှောင်ဖုန်းသည် အပြေးအလွှား ရောက်လာကာ ရှမြန်ကို စိုးရိမ်တကြီး မော့ကြည့်လိုက်သည်။

"အန်တီလေး"

နဉ်ရှောက်ပိုင်သည် လူကို လွှတ်ပေးလိုက်ပြီး သူ့လက်ချောင်းများက အမှတ်တမဲ့ ကွေးသွားလေသည်။

ရှမြန်က ဆောင့်ကြောင့် ထိုင်ချလိုက်ကာ ရှောင်ဖုန်းကို စစ်ဆေးခိုင်းလိုက်၏။ "ဘာမှမဖြစ်ပါဘူး။ စိတ်မပူနဲ့နော်"

ရှောင်ဖုန်းက သူ့လက်လေးကို မြှောက်ကာ ရှမြန်၏နှာခေါင်းကို ဂရုတစိုက် ကိုင်ကြည့်ပြီးနောက် ပြုံးလိုက်လေသည်။ "အဆင်ပြေပါတယ်"

ရှမြန်သည် သူ၏မျက်နှာသေးသေးလေးကို အနမ်းပေးလိုက်ပြီး "ဟုတ်တယ် အဆင်ပြေပါတယ်"

နဉ်ရှောက်ပိုင်သည် ရှမြန်၏ချစ်စနိုး အမူအရာလေးကို ကြည့်ပြီး သူ့အကြည့်က ရှောင်ဖုန်းဆီသို့ ရောက်သွားကာ သူသည် တစ်ခုခုကို စဉ်းစားနေမိသယောင် သူ့မျက်လုံးများကို အနည်းငယ် ကျဉ်းထားလိုက်မိ၏။

ရှောင်ဖုန်းသည် သူ့အကြည့်ကို ချက်ချင်း သတိထားမိသွားကာ ခေါင်းကိုမော့လိုက်၏။ "ဦးဦးနဉ်"

ရှမြန်သည် သူက သူမ သတိမထားမိသည့်အချိန်တွင် ဝင်သွားတော့မည်ဟု ထင်လိုက်သဖြင့် သူ့ကို မြန်မြန် လှမ်းတားလိုက်ကာ ပြောလိုက်လေသည်။

"ဒေါက်တာနဉ် ဝင်သွားပြီးတော့ ပြဿနာမရှာပါနဲ့"

နဉ်ရှောက်ပိုင်က ခုခံမနေဘဲ သူမကို ဆွဲခွင့်ပေးထားလိုက်သည်။ သူက ရှောင်ဖုန်း၏ခေါင်းလေးကို ဒီအတိုင်း ပွတ်သပ်ပေးလိုက်ပြီး ပြောလိုက်၏။

"သိုင်းလေ့ကျင့်တဲ့အခန်းကိုလာဖို့ ချန်းချန်းနဲ့ဟွေ့ကျူးတို့ကို သွားပြောလိုက်"

ရှောင်ဖုန်းက သံသယဖြင့် မေးလိုက်၏။

"ဦးဦးဟန်က ခွင့်ယူထားတယ် မဟုတ်လား"

နဉ်ရှောက်ပိုင်က ပြောလိုက်သည်။ "ငါ ဒီနေ့ မင်းတို့ကို သင်ပေးမှာ။ သိုင်းပညာကို ဒီအတိုင်း ပစ်မထားနဲ့"

ရှောင်ဖုန်းသည် ဘာကိုမှ သံသယမဖြစ်တော့ဘဲ လိမ်လိမ်မာမာဖြင့် သွားခေါ်လိုက်တော့သည်။

ရှမြန်က သူ့ကို မသင်္ကာသလို စိုက်ကြည့်လိုက်ပြီး

"တကယ်ပဲ ရှင် ဘာတွေ ကြံစည်နေတာလဲ။ နည်းပြဟန်က ၅ရက်၊ ၆ရက်လောက် ခွင့်ယူထားတယ် မဟုတ်လား။ ရှင် အရင်က ကလေးတွေကို သင်ပေးတာကိုလည်း ကျွန်မ မတွေ့ဖူးပါဘူး"

"ဘာဖြစ်လို့လဲဆိုတော့ ငါ သန်ဘက်ခါအထိ အားလပ်ရက် ရတယ်လေ။ ဒီတော့ ငါ အားနေတယ်"

နဉ်ရှောက်ပိုင်က ပြောလိုက်သည်။ "သူတို့ကို သွားမနှောင့်ယှက်နဲ့လို့ မင်းပဲ ပြောထားတယ် မဟုတ်လား။ ဒါပေါ့။ ငါတို့တွေက မီးသီးလုံးလေးဖြစ်နေတဲ့ ချန်းချန်းကို ခေါ်ရမယ်လေ"

ထိုစကားကို ပြောလိုက်သည်တွင် ရှမြန်သည် နဉ်ရှောက်ပိုင်က ထိုမျှလောက် စိတ်အားထက်သန်လှသူ မဟုတ်ဟု အမြဲတမ်း ခံစားမိနေ၏။

သူမက ထိုအကြောင်းကို စဉ်းစားမိနေသည်တွင် သူပြောလာသည့်စကားကို ကြားလိုက်ရလေသည်။

"ငါနဲ့လိုက်ခဲ့"

နဉ်ရှောက်ပိုင်က အေးအေးဆေးဆေးသာ ပြောလိုက်သည်။

"မင်း သန်ဘက်ခါကျရင် ခရီးထွက်တော့မှာ မဟုတ်လား။ ရှောင်ဖုန်း လေ့ကျင့်ဖို့လိုအပ်တဲ့ အခြေခံပညာရပ်တွေကို ချရေးထားဖို့ အခွင့်အရေးကောင်း တစ်ခုပဲလေ။ မင်း ပြန်သွားတဲ့အခါကျရင် သူနဲ့အတူတူ လေ့ကျင့်လို့ရတာပေါ့။ ဒါက အခြေခံချဖို့ အချိန်ကောင်းပဲ။ အချိန်အကြာကြီး နောက်မှာ ကျန်ခဲ့ရအောင် မလုပ်နဲ့။ အဲ့ဒီလိုမှ မဟုတ်ဘူးဆိုရင် မင်းရဲ့အစောပိုင်းအားထုတ်မှုတွေ အလကား ဖြစ်သွားလိမ့်မယ်"

ရှမြန်...

ဒီတော့ သူက ငါ့ကို သူ့အိမ်ထဲကို ပြန်ပေးဆွဲချင်နေတာပေါ့လေ။

အဟမ့်။ ငါကတော့ မသွားပါဘူး။

ရှမြန်က အပြုံးဖြင့် ပြောလိုက်လေသည်။

"ရပါတယ်။ ကျွန်မက အခြေခံလေ့ကျင့်ခန်းတွေ အားလုံးကို သိတယ်။ ဒါမှမဟုတ်လည်း ရှင် ရှောင်ဖုန်းကိုပဲ ပြောပြလိုက်ပါ။ သူက ကိုယ့်ဟာကိုယ် မှတ်ထားလို့ရပါတယ်။ အဲဒီလိုဆိုရင် ကျွန်မ ကြီးကြပ်ပေးစရာ မလိုတော့ဘူးပေါ့။ သူက ကျွန်မထက်တောင် ပိုပြီးတော့ ကောင်းကောင်း မှတ်နိုင်သေးတယ်"

"ကျွန်မတို့တွေ သန်ဘက်ခါ ခရီးထွက်တော့မှာလေ။ ဒီတော့ ကျွန်မ ပစ္စည်းတွေ ထုပ်ပိုးရဦးမယ်"

ရှမြန်သည် ထိုသို့ပြောလိုက်ပြီးနောက် နဉ်ရှောက်ပိုင် ပြောလာမည့်စကားကို စောင့်မနေတော့ဘဲ လက်ဝှေ့ရမ်းကာ ထပ်ပြောလိုက်လေသည်။ "ဒေါက်တာနဥ် မနက်ဖြန်မှ တွေ့မယ်နော်"

ခရီးဆောင်အိတ်များကို ထုပ်ပိုးဖို့ရန်အတွက် မနက်ဖြန် တစ်နေ့လုံး အချိန်ယူရလိမ့်မည်။ ရှ၀မ်ယွဲ့နှင့် တခြားသူများက မကြာမီ ပြန်လာကြ၏။ သူတို့တွင်လည်း သူမကို ပြောစရာ အကြောင်းအရာ အများကြီး ရှိနေလိမ့်မည်ဟု ထင်သည်။ ထို့ကြောင့် ဘာကိုကြည့်ရှုဖို့ရန် လိုအပ်ပါမယ်နည်း။

သူမသည် ဒီအကြောင်းကို တွေးလိုက်သည်နှင့်ချက်ချင်း ရှမြန်သည် လက်ခုပ်တီးကာ ပြောလိုက်၏။

"ဪ ဟုတ်သားပဲ။ ဒေါက်တာနဥ် မနက်ဖြန်ကျရင် အလုပ်သွားမှာ မဟုတ်ဘူးပေါ့နော်။ ဒါဆိုရင် ကျွန်မက ရှင့်အတွက် မနက်စာနဲ့ နေ့လယ်စာ မယူလာပေးတော့ဘူးနော်"

"သန်ဘက်ခါမှ တွေ့ကြမယ်နော်"

နဉ်ရှောက်ပိုင်...

"ဦးဦးနဉ်"

"ဦးဦး"

နဉ်ရှောက်ပိုင်သည် လက်တွဲကာ ပြေးထွက်လာကြသည့် ကလေး၂ယောက်ကို လှမ်းကြည့်လိုက်ပြီး သူ့မျက်လုံးများကို ကျဉ်းမြောင်းထားမိ၏...

ရှမြန်သည် အစတုန်းကတော့ ယနေ့တော့ ထိုနေရာသို့ မသွားတော့ဖို့ ဆုံးဖြတ်ထားပြီးသားဖြစ်သည်။ သို့သော်ငြားလည်း သူမသည် နဉ်ရှောက်ပိုင်၏ ဆုံးဖြတ်ချက်ကို လျှော့တွက်နေမိခဲ့၏။

ကလေး၃ယောက်မှာ ဘေးအိမ်တွင် ၉နာရီအထိရှိနေကြကာ ပြန်မလာကြချေ။

ကလေးတွေကိုတောင်မှ အခွင့်ကောင်းယူတာ တော်တော်လေးကို ကောက်ကျစ်တာပဲ ဒေါက်တာနဥ်ရဲ့။

ရှမြန်သည် အလုပ်များချင်ဟန်ဆောင်ပြီး မောက်ဟွေ့မေအား ကလေးကို သွားခေါ်ခိုင်းလိုက်၏။ သို့သော်ငြားလည်း သူမသည် ခဏအကြာတွင် တစ်ယောက်တည်း ပြန်ရောက်လာလေသည်။

"ငါ သူတို့ကို ခေါ်ပြန်လာလို့ မရပါဘူး။ ဒီနေ့တော့ သူတို့ကို အဲဒီမှာပဲ ပေးကစားထားလိုက်တော့။ ဒေါက်တာနဥ်က သူတို့ကို စောင့်ရှောက်ပေးပါလိမ့်မယ်။ သူတို့တွေ သေသေချာချာ အိပ်ကြပါလိမ့်မယ်"

ရှမြန်???

နဉ်ရှောက်ပိုင်က ဘာနည်းလမ်းတွေ သုံးထားပြန်ပြီလဲ။

ရှမြန်သည် သူမ၏သိလိုစိတ်ကို မလွန်ဆန်နိုင်တော့ဘဲ နောက်ဆုံးတော့ ဘေးအိမ်သို့ သွားလိုက်ရတော့သည်။

သူမသည် တံခါးကို ဖွင့်လိုက်သည့်အခါ ချန်းချန်းကို လာကြိုသည့် ဒေါ်ဒေါ်ဝေနှင့် တွေ့ဆုံခဲ့သည်။ သို့သော်ငြားလည်း ဒေါ်ဒေါ်ဝေကတော့ လက်ဗလာဖြင့် ပြန်လာခဲ့ရ၏။

သို့သော်ငြားလည်း သူမကတော့ ဖြစ်ပျက်နေသည့်အခြေအနေကို မြင်ရသည်ကို ဝမ်းသာနေသယောင် ရှိသည်။ ပြုံးကာဖြင့် ပြောလိုက်၏။ "ရှောင်ပိုင်က ကလေးတွေကို အဲဒီလောက်အထိ ကောင်းကောင်း ထိန်းတတ်မယ်လို့ ထင်တောင်မထားဘူး။ သူတို့ကို ဒီမှာပဲအိပ်ခိုင်းလိုက်ပါ"

ရှမြန်မှာ ပိုလို့ပင် သိချင်စိတ်ဖြစ်လာတော့သည်။

ချွေးဟွာတံခါးကို ဝင်လာပြီးသည့်နောက်တွင် ခြံဝင်းအလယ်ဘက်တွင် ဖြန့်ခင်းထားသည့် ဖျာကြီးတစ်ခုကို တွေ့လိုက်ရပြီး ဖျာပေါ်တွင်တော့ ခြင်ထောင်တစ်ခု ထောင်ထားလေသည်။ ထောင့်၄ခုတွင် ခြင်ယင်များကို မောင်းထုတ်ဖို့ရန်အတွက် သစ်နံကိုင်းများကို အစည်းလိုက် မီးရှို့ထားသည်။

ခြံဝင်းထဲတွင် မှိန်ပြပြအလင်းရောင်တစ်ခုကို ထွန်းထားသည်။ ကလေးများသည် ခြင်ထောင်ထဲတွင် လေးဘက်ထောက်သွားကာ ကစားနေကြလေ၏။

သရုပ်ဆောင်ရခြင်းကို အထူးတလည် စွဲလန်းနေသည့် မောက်ဟွေ့ကျူးသည် ရှ၀မ်ယွဲ့၏ပဝါနှင့် ကောက်ရိုးဦးထုပ်တစ်လုံးကို ဆောင်းထားကာ ချန်းချန်းနှင့်အတူ အလွန်မှ ရယ်စရာကောင်းသည့် လက်ရည်ချင်း ယှဉ်နေကြလေသည်။

သိုင်းလောက၏ ခေါင်းဆောင်ရာထူးအတွက် တိုက်ပွဲသည် ၂နှစ်ကြာလာခဲ့သော်ငြားလည်း ယခုအထိ အနိုင်ရရှိသူ ထွက်မလာခဲ့သေးချေ။

သို့သော်ငြားလည်း အစောပိုင်းက တပည့်ငယ်လေးဖြစ်နေသည့် ရှောင်ဖုန်းသည် ယခုတော့ လျှို့ဝှက်ဆရာတယောက် ဖြစ်လာခဲ့သည်။ အကြောင်းမှာ ဟွေ့ကျူးနှင့် ချန်းချန်းတို့သည် ဇာတ်လိုက်များအားလုံးတွင် ရသေ့ဆရာတစ်ယောက်ရှိသည်ကို သိခဲ့ကြခြင်းကြောင့်ပင်။

ထို့နောက်တွင်တော့ ရှုံးနိမ့်သည့် သူတိုင်းက ဆရာ့ထံလာပြီး သိုင်းပညာကို လာရောက်သင်ယူရသည်။ ထို့နောက်တွင်တော့ တဖန် ပြန်ထွက်သွားကာ တိုက်ခိုက်ကြလေသည်။ နောက်တစ်ခါတွင် သိုင်းပညာလာသင်သည့်သူက နောက်တစ်ယောက် ဖြစ်လာလိမ့်မည်။

သူတို့၂ယောက်က တိုက်ခိုက်နေကြသည့်အချိန်တွင် ရှောင်ဖုန်းကတော့ ငေးမောစွာဖြင့် ကြယ်ရောင်ကောင်းကင်ကြီးကို မော့ကြည့်နေကာ ချန်းချန်းနှင့် ဟွေ့ကျူးတို့အတွက်တော့ ဒါက တရားထိုင်နေသည့် အခြေအနေဟု ခေါ်လေသည်။

ကစားနည်းကတော့ တော်တော်လေးကို စုံလင်လှ၏။

ရှောင်ဖုန်းသည် ရှမြန်ဝင်လာသည်ကို မြင်လိုက်သဖြင့် သူက ခြင်ထောင်ကို မ,ကာထွက်လာပြီး "အန်တီလေး"

ရှမြန်က အပြုံးဖြင့် လျှောက်လာခဲ့သည်။

"ပျော်နေတာလား"

ရှောင်ဖုန်းက သူမကို ပွေ့ဖက်ဖို့ရန် ထမလာခဲ့ချေ။ သို့သော်ငြားလည်း ဖျာပေါ်တွင် ခြေပစ်လက်ပစ် လဲလျောင်းနေပြီး အပြုံးမျက်လုံးများဖြင့် ကြည့်နေလေသည်။ "အန်တီလေး အန်တီလေးက အရမ်းလှတာပဲ"

ကောင်းကင်ထဲက ကြယ်ရောင်များက သူ၏ဝိုင်းစက်နေသည့် မျက်၀န်းထဲတွင် ရောင်ပြန်ဟပ်နေ၏။

သူက သူ၏လက်သေးသေးလေးများဖြင့် သူ့ဘေးကနေရာကို ပုတ်ပြလိုက်သည်။

"အန်တီလေး ဒီကိုလာ" ရှမြန်က သူမ၏ဖိနပ်ကိုချွတ်ကာ လှဲချလိုက်လေသည်။ ကြယ်များ အပြည့်ဖြစ်နေသည့် ကောင်းကင်သည် သူမ၏မြင်ကွင်းထဲသို့ ဝင်ရောက်လာ၏။ သူမသည် ချက်ချင်းဆိုသလို တအံ့တသြပြောမိလေသည်။

"တကယ်လှတာပဲ"

ရှောင်ဖုန်းသည် ပြန်မလာချင်သည်မှာလည်း မဆန်းတော့ချေ။

နွေရာသီတွင် ဒီလိုကြယ်များ ပြည့်နှက်နေသည့်နေရာတစ်ခုသည် ကျယ်ပြောသည့် ခံစားချက်တစ်ခုကို အမှန်တကယ် ဖန်တီးပေးပြီး ခေါင်းပေါ်တွင်လည်း တောက်ပသည့် ကြယ်ရောင်ကောင်းကင်များ ရှိနေ၏။ ဒီနေရာတွင် လဲလျောင်းနေရခြင်းက ကြယ်ရောင်ကောင်းကင်ထဲတွင် တည်ရှိနေသလို ခံစားနေရသည်။ အံ့ဩစရာကောင်းသည့် ခံစားချက်ကို ဖော်ပြဖို့ရန်ပင် မလွယ်ချေ။

ရှောင်ဖုန်းက ကိုယ်ကို စောင်းလိုက်ပြီး သူ၏ခေါင်းသေးသေးလေးကို ရှမြန်၏လက်မောင်းပေါ်တွင် တင်ထားလိုက်ကာ မျက်နှာပေါ်တွင်လည်း သက်သောင့်သက်သာ ဖြစ်နေသည့် အကြည့်တစ်ခုဖြင့် တောက်ပသည့် ညကောင်းကင်ကို ကြည့်နေသည်။

ဟွေ့ကျူးနှင့် ချန်းချန်းတို့ကတော့ အခုလေးတင်မှ တစ်ချီတိုက်ခိုက်ပြီးသွားသည်ဖြစ်ရာ သူတို့၏ဆရာက လဲလျောင်းနေသည်ကို မြင်လိုက်သည့်အချိန်တွင် သူတို့ကလည်း လိုက်ပြီး လဲလျောင်းလိုက်ကြသည်။ နေရာက မလုံလောက်သဖြင့် သူတို့၏ခန္ဓာကိုယ်ကို ခြင်ထောင်ထဲတွင် ထည့်ထားကြပြီး သူတို့၏ခေါင်းလေးကိုသာ ကြယ်များကို ကြည့်ဖို့ရန် ထုတ်ထားကြသည်။

"နဂါးငွေ့တန်းပဲ" ရှောင်ဖုန်းသည် တလက်လက် တောက်ပနေသည့် ငွေရောင်ကြယ်မြစ်ကြီးကို လက်ညှိုးထိုး ပြလိုက်သည်။

"ဟုတ်တယ်။ နဂါးငွေ့တန်းပဲ" ရှမြန်က သူ့ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ကာ သူ့ကိုနွားကျောင်းသားနှ င့်ရက္ကန်းမယ်ပုံပြင်ကို ပြောပြလေသည်။

စွမ်းအင်ကုန်ဆုံးလာသည့် ကလေး၂ယောက်ဖြစ်သည့် ချန်းချန်းနှင့် ဟွေ့ကျူးတို့ကတော့ ဘယ်အချိန်ကပင် အိပ်ပျော်သွားသည် မသိချေ။ အသက်ရှူသံများကို ပုံမှန်အတိုင်းကြားနေရ၏။

ရှောင်ဖုန်းက ရှမြန်၏ပခုံးကို မှီထားပြီး အိပ်ချင်မူးတူးဖြင့် ပြောလိုက်လေသည်။

"အန်တီလေး မေမေလည်း ဒီနေရာမှာပဲနော်"

ရှမြန်သည် ခဏလောက် မှင်တက်အံ့သြသွားကာ သူမ၏ခေါင်းလေးကို စောင်းလိုက်ပြီး သူ့နဖူးလေးကို အနမ်းပေးလိုက်လေသည်။

"ဟုတ်တယ် မေမေလည်း အဲ့ဒီနေရာမှာပဲ။ မေမေက သားအိပ်နေတာကို စောင့်ကြည့်ပေးနေတာလေ"

ရှောင်ဖုန်းသည် ပျော်ရွှင်သွားကာ သူ့မျက်လုံးများကို ကွေးတင်ထားလိုက်ပြီး ပက်လက်လှန် လဲလျောင်းလိုက်ရင်း သူ့ခေါင်းပေါ်က ကြယ်ရောင်ကောင်းကင်ကို ကြည့်လိုက်ပြီးနောက် သူ့မျက်လုံးများသည် တဖြည်းဖြည်း မှိတ်သွားတော့သည်...

ရှမြန်သည် ည၏အေးမြလှသည့်လေပြေကို ခံစားရပြီး အိပ်ချင်စိတ် ဖြစ်လာတော့သည်။

သူမသည် အိမ်အပြင်သို့ ထွက်လာသည့် နဉ်ရှောက်ပိုင်ကို သတိထားမိလိုက်၏။ သူက ဟွေ့ကျူး၊ ချန်းချန်းနှင့် ရှောင်ဖုန်းတို့ကို တစ်ယောက်ချင်းစီ ခြင်ထောင်ထဲသို့ ဂရုတစိုက် သယ်ထည့်ပေးလိုက်ပြီးနောက် စောင်ခြုံပေးလိုက်သည်။

ခဏအကြာတွင် ရှမြန်သည်လည်း နွေးထွေးသလို ခံစားလိုက်ရပြီး စောင်၁ထည်ကို သူမအပေါ်တွင် ခြုံပေးလာ၏။

သူမက မျက်လုံးကို ဖွင့်လိုက်သည့်အခါ သူတို့၏မျက်လုံးများမှာ အကြည့်ချင်း ဆုံသွားတော့သည်။

ရှမြန်သည် နဉ်ရှောက်ပိုင် သူမကို ဘယ်လိုတွေးထင်သည်ကို မသိချေ။ သို့သော်ငြားလည်း ညအမှောင်ထဲတွင် သူမ၏အပေါ်က ချောမောလှပသည့် မျက်နှာလေးသည် အနည်းငယ် ပိုပြီးသိမ်မွေ့နေသယောင် ရှိ၏။ သူ့မျက်လုံးထဲတွင် တစ်ခုတည်းသော ရှိသည့်အရာမှာ သူမ ဖြစ်နေသယောင်ပင်။

ရှမြန်၏နှလုံးမှာ ထိန်းမရအောင် စတင်ခုန်လာတော့သည်။

၂ယောက်သားက မလှုပ်မယှက် ထိုကိုယ်ဟန် အနေအထားအတိုင်း ဆက်ပြီးရှိနေသည်။ နဉ်ရှောက်ပိုင်သည် တစ်ခုခုကို နှောင့်ယှက်မိမှာစိုးရိမ်သလို သူ့လက်များကို သူမ၏ မျက်လုံးများပေါ်တွင် အုပ်ထားလိုက်ပြီး ဖြည်းဖြည်းချင်း သပ်ချလိုက်လေသည်။

ရှမြန်မှာ ရယ်ချင်စိတ် ဖြစ်သွားတော့၏။ သူမက သူမ၏လက်ကိုမြှောက်ကာ သူ့လက်ကို ဖမ်းဆုပ်ထားလိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။

"ကျွန်မက မျက်လုံးအဖွင့်လိုက် သေသွားပြီလို့ ရှင်က ထင်နေတာလား"

နဉ်ရှောက်ပိုင်...

နဉ်ရှောက်ပိုင်မှာ မရယ်ဘဲ မနေနိုင်တော့ချေ။

"ငါ့ကို အဲဒီလို စိုက်ကြည့်နေပါလို့ ဘယ်သူက မင်းကို ပြောထားလို့လဲ။ ငါက မင်း အိပ်ပျော်နေတယ်လို့ ထင်သွားတာ"

ရှမြန်ကလည်း ပြောလိုက်၏။ "ရှင်သာ ကျွန်မကို စိုက်ကြည့်မနေဘူးဆိုရင် ကျွန်မ ရှင့်ကို စိုက်ကြည့်နေတာကို ရှင်က ဘယ်လိုလုပ်ပြီးတော့ သိမှာလဲ။ ခုနတုန်းက ရှင့်ရဲ့ကိုယ်နေဟန်ထားက ကျွန်မနဲ့ တစ်ပုံစံတည်းပဲနော် ဟုတ်ပြီလား"

"ဘာလဲ ရှင်က ကျွန်မရဲ့အလှမှာ ဆွဲဆောင်ခံလိုက်ရတာလား"

နဉ်ရှောက်ပိုင်က ရယ်မောလိုက်ပြီး သူမဘေးက ဖျာပေါ်တွင် ဒီအတိုင်းထိုင်ချလိုက်လေသည်။

"ဟုတ်ပါတယ် မင်းက အလှပဆုံးပဲ။ ကမ္ဘာပေါ်ကို ဆင်းသက်လာတဲ့ နတ်သမီးလေးတစ်ယောက်လိုပဲ"

ရှမြန်သည် အမြဲတမ်း ယဉ်ယဉ်ကျေးကျေးရှိလာပြီး အပြုံးတစ်ခုဖြင့် ချက်ချင်းပြောလိုက်လေသည်။

"အင်း ဒေါက်တာနဥ် ရှင်ကလည်း အရမ်းကိုချောပါပေတယ်။ ကျွန်မလည်း ရှင့်ရဲ့အလှအပကြောင့် မှင်တက်အံ့ဩသွားရတယ်လေ။ ခုနတုန်းက ကျွန်မက သေမျိုးလောကထဲမှာ ရောက်နေတယ် ဆိုတာကိုတောင် မယုံတော့ဘူး။ ကျွန်မက ဘယ်နတ်သမီးလောကထဲကို ခရီးသွားလိုက်ပြီး ဒီလိုချောမောတဲ့နတ်သားလေးနဲ့ တွေ့ဆုံနေရပါလိမ့်လို့တောင် စဉ်းစားမိသွားတာ"

နဉ်ရှောက်ပိုင်မှာ သူမ၏စကားကြောင့် သဘောကျသွားပြီး သူက သူ့လက်ကို မြှောက်လိုက်ပြီး သူမ၏ခေါင်းကို လှမ်းပုတ်လိုက်ပြီး ပြောလိုက်၏။

"မင်းဟာလေ ဘယ်ကနေ ဒီလောက်များပြားတဲ့ ဉာဏ်နီညဏ်နက်တွေကို ရလာတာလဲ"

ရှမြန်က မျက်စောင်းထိုးလိုက်ကာ သူ့လက်ကိုဖမ်းဆွဲလိုက်ပြီး ဆွဲခါလိုက်လေသည်။

"ဒေါက်တာနဥ်..."

"အင်း"

ညအမှောင်ယံကြောင့်လားတော့ မသိချေ။ သူ့အသံသည် အလွန်မှနူးညံ့ပြီး ချိုသာနေလေ၏။

ရှမြန်က သူ့လက်ကို တင်းနေအောင်ကိုင်ထားကာ ခပ်တိုးတိုးလေး ပြောလိုက်လေသည်။

"ရှင်ကလေ တကယ် အရမ်းကောင်းတယ်လို့ ကျွန်မ ထင်တယ်။ ရှင်က ချောလည်းချောတယ်။ ကောင်းမွန်တဲ့ အကျင့်စရိုက်တစ်ခုလည်း ပိုင်ဆိုင်ထားတယ်။ ဘာမဆိုလည်း လုပ်နိုင်တယ်..."

နဉ်ရှောက်ပိုင်၏လည်ဇလုပ်မှာ လိမ့်တက်သွားပြီး သူက တိုးတိုးလေး ပြောလိုက်၏။

"ပြီးတော့ရော"

ရှမြန်သည် သူမ၏လက်ထဲကလက်ကြီးမှာ တုန်ရင်နေသလို ခံစားလိုက်ရ၏။ ဒါသည် ထိန်းချုပ်ထားဟန် တူသော်ငြားလည်း ကိုယ့်ဟာကိုယ် ထိန်းချုပ်ဖို့ရန် ခက်ခက်ခဲခဲကြိုးစားနေရဟန် တူသည်။

ထိုလက်ကြီးက နီးကပ်လာတော့မည့်ဆဲဆဲတွင် ရှမြန်၏မျက်လုံးများသည် ဆိုးညစ်စွာဖြင့် ဖျတ်ခနဲ လက်သွားပြီး သူမက ရုပ်တည်ကြီးဖြင့် ပြောလိုက်၏။

"ကျွန်မက ရှင့်ကို ကျွန်မရဲ့အစ်ကိုတစ်ယောက်လိုပဲ သဘောထားရမယ်။ ကျွန်မတို့တွေ အခုအချိန်ကစပြီး မိသားစုတစ်ခုလို ရင်းနှီးသွားကြပြီနော်"

နဉ်ရှောက်ပိုင်၏နှလုံးမှာ ခုန်ထွက်တော့မလို ဖြစ်သွားတော့သည်။ သို့သော်ငြားလည်း ဒီအခိုက်အတန့်တွင် သူသည် ရုတ်တရက် ရပ်တန့်ထားလိုက်ပြီး အသက်ပင် မရှုနိုင်တော့သလောက်ပင်။ သူ့လက်ကြီးမှာ နောက်ဆုံးတော့ ပြန်ဆုတ်သွားလေ၏။ သို့သော်ငြားလည်း အားက အမှန်ပင် ကြောက်စရာကောင်းလှပေသည်။ ရှမြန်သည် ကလေးများကို နှိုးမိမှာစိုးရိမ်သဖြင့် နာကျင်မှုကို အံကြိတ်ထားရကာ မအော်ရဲ‌ချေ။ သူက ဒီအတိုင်း တိုးတိုးလေး ပြောလိုက်ရသည်။

"နာတယ်။ နာတယ်"

နဉ်ရှောက်ပိုင်သည် သူမထက်ပင်ပို၍ ဒေါသထွက်လာ၏။

"အနာခံသင့်တယ်လေ"

သူသည် မကျေနပ်သေးချေ။ ထို့ကြောင့် သူကလက်ကိုဆန့်ကာ သူမ၏နဖူးကို လှမ်းရိုက်လိုက်ပြီး အထင်သေးစွာ ပြောလိုက်လေသည်။

"အဲဒီကိစ္စကို လုံးဝမစဉ်းစားနဲ့။ ငါသာ မင်းလို ညီမတစ်ယောက် ရခဲ့မယ်ဆိုရင် အသက်တိုသွားလိမ့်မယ်"

ရှမြန်က နှာခေါင်းရှုံ့ကာ ထထိုင်လိုက်လေသည်။

"တကယ်လို့ ရှင်က မလိုချင်ဘူးဆိုရင်လည်း မယူနဲ့ပေါ့"

ထို့နောက်တွင်တော့ ဒရမ်မာ ဆန်ဆန်စိတ်ဝိညာဉ်တစ်ခု ဝင်စားခံလိုက်ရသလို သူမက ဝမ်းနည်းနေသည့် မျက်နှာလေးဖြင့် ပြောလိုက်ပြန်သည်။

"ကျွန်မက ဒီအတိုင်း နေ့ခင်းဘက် အိပ်မက်မက်နေတာပါလေ။ တကယ်လို့များ ကျွန်မကသာ ဒေါက်တာနဥ်ရဲ့ ညီမအရင်းဖြစ်မယ်ဆိုရင် ဘယ်လောက်တောင် ပျော်စရာကောင်းလိုက်မလဲလို့ စဉ်းစားမိလို့ပါ"

"ကျွန်မက စိတ်ရှင်းရှင်းနဲ့ ရှင့်နားမှာ ကလေးဆိုးလေးတစ်ယောက်လို နေလို့ရတယ်။ အရှုပ်အထွေးတွေကိုလည်း ကူညီပြီးတော့ သန့်ရှင်းပေးလို့ရတယ်။ ရှင့်နားမှာလည်း လာပြီးတော့ စားသောက်လို့ ရသေးတယ်လေ" သူမကသူ့အောက်ကဖျာကို ပုတ်လိုက်ပြီးပြောလိုက်လေသည်။

"ကျွန်မက ရှင့်ရဲ့အိပ်ရာကိုတောင် သုံးလို့ရဦးမှာ..."

နဉ်ရှောက်ပိုင်မှာ နင်မလို ဖြစ်သွားတော့၏။

"မင်းဟာလေ ဘာပေါက်ကရတွေ ပြောနေတာလဲ။ မင်းက ဒါတွေအားလုံးကို ခံစားဖို့ ရှင်းလင်းတဲ့အသိစိတ်တစ်ခု မရှိသလို ပြောနေတာပဲ"

ရှမြန်၏ မျက်လုံးများမှာ လင်းလက်သွားပြီး သူမက အနားသို့ကပ်လာကာ ပြောလိုက်လေသည်။

"ဒါဆိုရင် ဒေါက်တာနဥ် ကျေးဇူးပြုပြီးတော့ ကျွန်မကို ရှင့်ရဲ့ညီမလေး လုပ်ခိုင်းလိုက်ပါ။ ဒီအခြေအနေက အရမ်းကို အရေးကြီးတယ်"

"နောက်ဆုံး စိတ်အေးလက်အေး ရှိတာနဲ့ မှန်ကန်ကြောင်း သက်သေအထောက်အထားက မတူညီတဲ့ကိစ္စနှစ်ခုပဲလေ။ ရှေ့တစ်ခုကတော့ ကျွန်မအတွက် အရှက်မဲ့စရာပါ။ ဒါပေမဲ့ နောက်တစ်ခုကြတော့ ကျွန်မအတွက်ပိုပြီးတော့ တရားမျှတပြီး မှန်ကန်တယ်လေ"

နဉ်ရှောက်ပိုင်က သူမကို တွန်းထုတ်လိုက်ကာ ပြတ်ပြတ်သားသား ပြောလိုက်၏။

"အဲဒီကိစ္စကို မစဉ်းစားလေနဲ့"

တစ်နှစ်နေပြီးသွားရင်တော့ မင်းက တရားမျှတတဲ့အချိန်တွေ ခံစားရမှာပါ။

အဲဒီအချိန်ကျရင် မင်းလည်းလူတွေကိုရိုက်နိုင်မဲ့ အခွင့်အရေးရလာလိမ့်မယ်။

ရှမြန်သည် မျက်နှာပေါ်တွင် မတရားစွပ်စွဲခံရသည့် အကြည့်တစ်ခုဖြင့် ဖျာပေါ်တွင် ထိုင်ချလိုက်လေသည်။

နဉ်ရှောက်ပိုင်က ခဏလောက် မှင်တက်အံ့သြသွား၏။ "မင်း ဘယ်သွားမလို့လဲ"

"ပြန်အိပ်တော့မလို့လေ" ရှမြန်က ပြောလိုက်သည်။ "ကျွန်မက ရှင့်ညီမလေးမှ မဟုတ်ပဲ။ ဘယ်လိုလုပ်ပြီးတော့ စိတ်ရှင်းရှင်းနဲ့ ရှင့်အိပ်ရာပေါ်မှာ အိပ်လို့ရမှာလဲ"

နဉ်ရှောက်ပိုင်မှာ သူ့နဖူးကို ပွတ်သတ်လိုက်ကာ ပြောလိုက်လေသည်။

"ဒါက ဘယ်လိုတောင် ပေါက်ကရစကားလဲ။ ငါ့ညီမလေးက ငါ့အိပ်ရာပေါ်မှာတောင် အိပ်လို့မရဘူးတဲ့"

သူ့စကားဆုံးသွားသည်တွင် သူသည် ခဏလောက် တုံ့ဆိုင်းသွားလေသည်။ သူသည် ဒီကလေးမကို တော်တော်လေး ဒေါသထွက်မိနေ၏။ ဒီကိစ္စက အိပ်ရာနှင့်မည်သို့များ သက်ဆိုင်နေပါသနည်း။

ရှမြန်ကတော့ ထရပ်နေနှင့်ပြီးဖြစ်ကာ ထွက်သွားလိုက်လေသည်။

"အိုက်ယိုး ကျွန်မက ကိုယ့်ဟာကိုယ်တစ်ဖက်သက် စိတ်ကူးယဉ်ပြီး တွေးတောနေတာပဲ။ အခုအချိန်ကစပြီးတော့ ကျွန်မ ဒေါက်တာနဥ်ကို လေးလေးစားစား ဆက်ဆံမှဖြစ်မှာပါ"

"ဒီလိုပဲ ဖြစ်သင့်ပါတယ်လေ။ ကျွန်မက ရှင့်ရဲ့သည်းခံမှုကို အခွင့်ကောင်းယူခဲ့ပြီး ကိုယ့်ဟာကိုယ်လည်း အရမ်းကြီး အထင်ကြီးနေခဲ့မိတာပဲ" ထိုသို့ပြောလိုက်ပြီးနောက် သူမသည် သူမ၏မျက်နှာကိုအုပ်ကာ ပြေးထွက်သွားတော့သည်။ "ကျွန်မ နောက်တစ်ခါကျရင် ပိုပြီးတော့သတိထားပါမယ်"

နဉ်ရှောက်ပိုင်...

မင်းမှာလေ မင်းရဲ့တုံးအလှတဲ့ ဒီခေါင်းထဲမှာ တတိယ ရွေးချယ်မှုဆိုတာ မရှိတော့ဘူးလား။

...

All Chapters