← Chapters

အပိုင်း(၁၄၉)

Vol. 10 Ch. 149

အပိုင်း(၁၄၉)

Vol. 10 Ch. 149

ရှမြန်သည် ရှောင်ဖုန်းကိုဖက်ထားပြီး ပြတင်းပေါက် အပြင်ဘက်ကဖြတ်သွားသည့် ရှုခင်းများကို ကြည့်နေလိုက်၏။ ဒါသည် ရထားစီးသည်မှာ ကလေး၏ပထမဦးဆုံးအကြိမ် ဖြစ်လေသည်။ သူသည် ပြတင်းပေါက်ကို မှီထားပြီး စိတ်ဝင်စားခြင်းကြီးစွာဖြင့် ရှုခင်းကိုကြည့်နေ၏။ သူသည် လုံးဝကို မပျင်းမရိချေ။

ရှမြန်သည်လည်း မငြီးငွေ့ချေ။ သူမသည် အိပ်ရာပေါ်တွင် ပြန်ထိုင်ချလိုက်သည့် အခိုက်အတန့်တွင် သူမ၏ မျက်နှာချင်းဆိုင်အိပ်ရာပေါ်က သားအမိ၂ယောက်က နဉ်ရှောက်ပိုင်အကြောင်းကို ပုံစံအမျိုးမျိုးဖြင့် မေးမြန်းတော့သည်။

ဒါသည် သယ်ယူပို့ဆောင်ရေးက နှေးကွေးပြီး စာပေးစာယူကလည်း ဝေးကွာလွန်းကာ ဆက်ဆံရေးကလည်း တော်တော်လေး ကြာရှည်ရသည့် စိတ်ကူးယဥ်ဆန်သည့် ခေတ်ကာလတစ်ခု ဖြစ်၏။

ရထားပေါ်တွင် လူများတွေ့ဆုံပြီး ချစ်ခင်ကြသွားကာ လက်ထပ်ကြပြီး ကလေးယူကြသည့် ဇာတ်လမ်းပေါင်းများစွာ ရှိလေသည်။ ရထားသည် မိန်းကလေးငယ်များက ချောမောလှပသည့် ကြင်ဖက်များအကြောင်း စိတ်ကူးအယဉ်ကြဆုံး နေရာတစ်ခုဖြစ်လေသည်။

ထို့ကြောင့် မျက်နှာချင်းဆိုင်က မိန်းကလေးကလည်း နဉ်ရှောက်ပိုင်၏အကြောင်းကို သိချင်သည်မှာ နားလည်နိုင်၏။

သို့သော်ငြားလည်း သူမက ဒေါက်တာနဥ်နှင့် ချိန်းဆိုထားပြီးသားဖြစ်လေသည်။ ထို့ကြောင့် သူမသည် တခြားမိန်းကလေး၏နှလုံးသားကို နာကျင်ခွင့်ပေးလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် ရှမြန်မှာ တချို့သောဘာသာ စကားအနုပညာများကို အသုံးချရတော့၏။

"ဟုတ်ပါတယ်။ သူက သူ့ဇာတိမြို့မှာ တွေ့ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်စီကို လာလည်တာလေ"

"သူက အသက်၂၅နှစ်ပါ။ ဆေးရုံမှာ အလုပ်လုပ်တယ်"

မိန်းကလေး၏ အမေသည် ချက်ချင်းဆိုသလို ဆက်မေးလိုက်၏။ "ဒါဆိုရင်တော့ သာမန်ဆရာဝန်တစ်ယောက်တော့ မဟုတ်လောက်ဘူး။ ဟုတ်တယ်မလား။ ဆေးကျောင်းသားတွေက ၈နှစ်လောက်သင်ကြားခဲ့ရတာလေ။ သူက အလုပ်သင်များလား"

"အလုပ်သင် မဟုတ်ပါဘူး"

"ဧကန္တ သူနာပြုလား ဒါမှမဟုတ် ကျန်းမာရေးလုပ်သားလား"

"နင်ကရော ဘယ်ကလာတာလဲ"

"မင်ရှီ စီရင်စုကပါ"

"စီရင်စုမြို့လား"

"ယန်မြို့မှာရော ဘယ်မှာနေတာလဲ"

"သူက အိမ်တစ်လုံး မဝယ်ရသေးပါဘူး။ ဒီအတိုင်း အငှားအိမ်တဲလေးမှာပဲ နေတာ"

မိန်းကလေးအမေ၏ စိတ်အားထက်သန်မှုများမှာ မကြာမီတွင် ပျောက်ဆုံးသွားတော့သည်။ မိန်းကလေးကို သူမ၏အမေက သတိပေးလေတော့၏။ လူများကို ဆွဲဆောင်ဖို့ရန် ထိုချောမောလှပသည့်မျက်နှာ မရှိခဲ့လျှင် သူမသည် တစ်ကြိမ်တစ်ခါသာ တွေ့ဆုံခဲ့ဖူးသည့် ထိုကိုလူချောလေးကို မကြာခင် မေ့ပျောက်သွားပေလိမ့်မည်။

ရှမြန်က စိတ်အေးသွားကာ သက်ပြင်းချလိုက်ပြီး ရုတ်တရက်ဆိုသလို ငြိမ်သက်သွားသလို ခံစားလိုက်ရလေသည်...

...လုံးဝကို တိတ်ဆိတ်သွားတာပဲ။

ရထားထွက်လာသည့်မြင်ကွင်းသည် သူမ၏စိတ်ထဲတွင် ထပ်ခါထပ်ခါ ပြန်ပေါ်လာ၏။ ဒါက တိုက်ဆိုင်မှုများလား။ ငါပဲ အမြင်မှားသွားခဲ့တာလား။

ညနေခင်းရောက်သည့်အထိပင် ရှမြန်သည် သူမ၏မျက်လုံးများကို မှိတ်လိုက်သည့်အချိန်တိုင်း နဉ်ရှောက်ပိုင်က သူ့လက်ခုံကို အနမ်းပေးနေသည့်ပုံစံကို စဉ်းစားမိနေ၏။

သူမသည် အလွန်မှ ဒေါသထွက်သွားပြီး ရုတ်တရက် ထထိုင်လိုက်ကာ အိပ်ရာကို ဒေါသတကြီး ထုနှက်တော့သည်။ "နဉ်ရှောက်ပိုင် စောင့်နေလိုက်တော့"

ရှောင်ဖုန်းက နိုးလာပြီး အိပ်ချင်မူးတူးဖြင့် မေးလိုက်သည်။

"အန်တီလေး"

"ရပါတယ် ဘာမှမဖြစ်ဘူး" ရှမြန်က မြန်မြန်ပြန်လှဲချလိုက်ပြီး သူ့ကိုပွေ့ဖက်ကာ အိပ်လိုက်တော့သည်။

လိုရင်းကိုပြောရလျှင်ဖြင့် ဒေါက်တာနဥ်၏ ကျေးဇူးကြောင့် ရှမြန်သည် တစ်ညလုံး လန်းလန်းဆန်းဆန်း ဖြစ်နေလေတော့သည်။

နောက်တစ်နေ့ မနက်ခင်းတွင် သူတို့သည် နောက်ဆုံးတော့ မင်မြို့၏ရထားဘူတာသို့ ဆိုက်ရောက်လာခဲ့ကြသည်။

ရထားပေါ်က မဆင်းခင် ၂နာရီအလိုတွင် နဉ်ရှောက်ပိုင်က ဖုန်းခေါ်လာပြီး သူမကို ကားကို စောင့်နေဖို့ပြော၏။ သူက ရှောင်လျို့ကို ရထားပေါ်တက်မည့်လက်မှတ်ကို ဝယ်ခိုင်းထားကာ သူမကို လာကြိုခိုင်းထားလေသည်။

ရှမြန်အတွက် အမှန်ပင် ဒုက္ခများ သက်သာသွားတော့၏။

ရထားဘူတာတွင် လူများကတော်တော်လေး နည်းပါးနေသည်။ သို့သော်ငြားလည်း နောက်ပိုင်းမျိုးဆက်များနှင့် ယှဉ်ကြည့်လျှင် လူများ၏အရည်အသွေးနှင့် စနစ်ကျမှုကတော့ ကျေနပ်ဖွယ်ရာမရှိချေ။

ရှမြန်သည် မီတာ၂၀မပြည့်ခင်အထိ လျှောက်လာပြီးနောက်တွင် လူ၂ယောက်က သူတို့သည် ပစ္စည်းနှင့်ငွေများ ပျောက်ရှသွားသည်ဟု အော်ဟစ်နေသည်ကို ကြားလိုက်ရ၏။

ရှမြန်သည် ငွေအများကြီး မယူလာသော်ငြားလည်း လုယက်ခံရမှာကို စိုးရိမ်မိသည်။ ရှ၀မ်ယွဲ့၏ စကားကို စဉ်းစားလိုက်မိပြီး ရှမြန်က ရှောင်ဖုန်းကို တင်းနေအောင်ဖက်ထားလိုက်ကာ မလွှတ်ရဲချေ။

နောက်ဆုံးတွင် သူမသည် သူတောင်းစား၊ သို့မဟုတ် သူခိုးနှင့်မတွေ့ဘဲ နှာဘူးတစ်ယောက်နှင့်သာ တွေ့လိုက်ရ၏။

ပထမပိုင်းတွင်တော့ ရှမြန်၏ဖင်ကို ထိကိုင်ခံလိုက်ရသည့်အချိန်တွင် သူမကဘေးဘီ၌ လူအများအပြားရှိနေသဖြင့် မတော်တဆ ဖြစ်သည်ဟုသာ ထင်လိုက်လေသည်။ သူမက ဘယ်ညာကို ကြည့်လိုက်သည့်အခါ အားလုံးက အပြစ်ကင်းစင်သည့်ရုပ်လေးဖြစ်နေ၏။

သို့သော်ငြားလည်း သူမသည် ဂရုတစိုက် ရှိလိုက်သည်တွင် မကြာမီ၌ တစ်ဖက်လူ၏ ဒုတိယချဉ်းကပ်မှုကို ခံစားမိလိုက်တော့သည်။

ရှမြန်က လက်တစ်ဖက်ကို လွှတ်လိုက်ပြီး ထိုညစ်ပတ်သည့်လက်ကို မြန်မြန်ဖမ်းဆွဲလိုက်၏။ လက်တစ်ဖက်တည်းနှင့် ရှောင်ဖုန်းကို ချီထားဖို့ရန် အဆင်မပြေသဖြင့် သူမက ဒီအတိုင်း ကိုယ်ကိုယ်လှည့်ကာ တစ်ဖက်လူ၏လက်ကို တက်နင်းလိုက်တော့သည်။ သူမက ထိုလူ၏လက်ကို ခပ်ကြမ်းကြမ်းဆွဲလိမ်လိုက်ကာ တစ်ဖက်လူ၏လက်ကောက်ဝတ်မှာ ကျိုးသွားတော့သည်။

လူအုပ်ထဲတွင် ပုန်းနေသည့် ၀ဖိုင့်ဖိုင့်လူကြီးမှာ အော်ဟစ်ပြီး ဒူးထောက်နေတော့သည်။ သူ့ပတ်ဝန်းကျင်နားက လူများက လှမ်းကြည့်လိုက်၏။ ရှမြန်က မျက်နှာကို မဲ့ကာပြောလိုက်သည်။

"ရှင်က လူလို့သာထင်ရတာ။ တကယ်တမ်းကျတော့ လူမှမဟုတ်ဘဲ။ ရှင်က သေနာကောင်ပဲ"

အဆီတဝင်းဝင်း လူဝကြီးသည် သူ့လက်ကောက်ဝတ်ကို အုပ်ထားကာ ခေါင်းငုံ့ပြီး မော့ပင်မကြည့်ရဲတော့ချေ။

ရှေ့ကလမ်းကို ဦးဆောင်သွားနေသည့် ရှောင်လျို့သည် မြန်မြန်ပြန်လှည့်လာပြီး မေးလိုက်၏။ "ရှောင်ရှ ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ပါဘူး" ရှမြန်က ပြောလိုက်သည်။ "ကျွန်မ နှာဘူးတစ်ယောက်နဲ့ တွေ့လိုက်လို့" သူမသည် မလှုပ်ရဲသည့် လူဝကြီးကို စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"နောက်တစ်ခါ ငါ နင်နဲ့ထပ်တွေ့မယ်ဆိုရင် ငါ နင့်လက်တွေကို ချိုးပစ်မယ်" ထိုသို့ပြောလိုက်ပြီးနောက် သူမက ရှောင်လျို့နှင့်အတူ ရှေ့သို့ဆက်ကာ လျှောက်သွားလိုက်လေသည်။ သို့သော်ငြားလည်း ဒီတခါတွင်တော့ ရှောင်လျို့သည် သူတို့ကိုကာကွယ်ပေးဖို့ရန် သူမနောက်မှနေ၍လျှောက်လာ၏။

ရှမြန်က ရဲကို မခေါ်ခဲ့သည် မဟုတ်ချေ။ သို့သော်ငြားလည်း နည်းပညာက ဒီခေတ်တွင် လုံးဝကိုမတိုးတက်သေးချေ။ ရဲများက ဒီလိုအသေးအဖွဲ့ကိစ္စများကို ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။ မည်သို့ဆိုစေ ရိုက်နှက်ပြီးသွားပြီဖြစ်သဖြင့် ရှမြန်ကလည်း အချိန်ကုန်ပြီး လူပင်ပန်းမခံလိုတော့ပေ။

သူမသည် ကားပေါ်သို့တက်သည်နှင့်ချက်ချင်း သူမ၏ဖုန်းက မြည်လာလေသည်။ ရှမြန်က ခေါ်ဆိုသူနံပါတ်ကို ကြည့်လိုက်ပြီး အပြုံးတစ်ခုက သူမ၏မျက်ဝန်းထဲတွင် ပေါ်ထွက်လာ၏။

သူမက မျက်လုံးကို ပင့်ထားလိုက်ပြီး ရှောင်ဖုန်းကို ဖုန်းလွှဲပေးလိုက်လေသည်။ "ပေါင်ပေါင်း သား ဖုန်းဖြေပေးလိုက်"

ရှောင်ဖုန်းသည် နားမလည်သော်ငြားလည်း ဘာမှတော့ မပြောလိုက်ချေ။ သူက ဖုန်းဖြေသည့်ခလုတ်ကို နှိပ်လိုက်ပြီး စပီကာကို ကျွမ်းကျွမ်းကျင်ကျင်ဖွင့်ကာ ပြောလိုက်၏။

"ဦးဦးနဉ်"

နဉ်ရှောက်ပိုင်သည် ခဏလောက် တုံ့ဆိုင်းသွားပြီး သူ့လေသံသည် တော်တော်လေးကို ကူကယ်ရာမဲ့နေဟန် တူ၏။

"သားတို့ရောက်ပြီလား။ သားရဲ့အန်တီလေးရော"

ရှောင်ဖုန်းက ရှမြန်ကို လှမ်းကြည့်လိုက်ပြီး ရှမြန်က ဘာမှမပြောသည်ကို တွေ့လိုက်ရသည့်အခါ သူက ဒီအတိုင်းဆက်ပြောလိုက်လေသည်။

"ဟုတ် သားတို့ ရောက်ပါပြီ။ သားတို့တွေ ဦးဦးလျိုရဲ့ကားထဲကို ရောက်နေပြီ"

သူက ရှမြန် ဖုန်းမဖြေရသည့် အကြောင်းအရင်းကိုပင် ဆင်ခြေတစ်ခုပေးလိုက်လေသည်။

"အန်တီလေးက လူဆိုးတစ်ယောက်ကို ခုနတုန်းက ရိုက်နှက်ခဲ့တာလေ။ အဲဒီလူက ငိုတောင်သွားတယ်။ အန်တီလေးရဲ့လက်က နာသွားလို့ သူက ဖုန်းမကိုင်နိုင်ဘူးလေ"

ရှမြန်!

နဉ်ရှောက်ပိုင်သည် စိုးရိမ်တကြီး ချက်ချင်းမေးတော့၏။ "ဘာဖြစ်သွားတာလဲ"

ရှမြန်ကလည်း စိုးရိမ်တကြီး ပြောလိုက်၏။ "အဆင်ပြေပါတယ် အဆင်ပြေပါတယ်"

သို့သော်ငြားလည်း နဉ်ရှောက်ပိုင်ကတော့ ဒါကိုမယုံချေ။ "မင်းရဲ့လက် ဒဏ်ရာရသွားတာလား"

ရှောင်ဖုန်းက ခေါင်းညိတ်ကာ ပြောလိုက်၏။ "အင်း"

ရှမြန်သည် သူ့ခေါင်းလေးကို အပြုံးတစ်ခုဖြင့် ထိကိုင်ပေးလိုက်ပြီး အလောတကြီး ရှင်းပြလိုက်၏။

"ဒဏ်ရာရသွားတာ ကျွန်မလက် မဟုတ်ပါဘူး။ တစ်ဖက်လူရဲ့လက်ပါ"

ရှောင်ဖုန်းကလည်း ထပ်ပြီးခေါင်းညိတ်သည်။

"ဟုတ်တယ်။ အဲဒီလူဆိုးရဲ့လက်က ဒဏ်ရာရသွားလို့ သူက ငိုသွားတယ်လေ"

နဉ်ရှောက်ပိုင်က စိတ်အေးသွားကာ သက်ပြင်းချလိုက်တော့သည်။ "ငါလေ မင်းတို့ကြောင့် လန့်လို့သေတော့မှာပဲ။ ဘာဖြစ်ခဲ့တာလဲ"

ရှမြန်က ပြုံးကာပြောလိုက်၏။ "ဘာမှမဖြစ်ပါဘူး။ ကျွန်မ ထွက်လာတဲ့အချိန်တုန်းက လူအများကြီး ရှိနေတာလေ။ ကျွန်မနှာဘူးတစ်ယောက်နဲ့ တွေ့ခဲ့တာ"

"စိတ်မပူပါနဲ့ ကျွန်မ သူ့လက်ကောက်ဝတ်ကို ချိုးခဲ့ပါတယ်"

နဉ်ရှောက်ပိုင်သည် အချိန်တော်တော်ကြာသည်အထိ ဘာတစ်ခွန်းမှမပြောဘဲ နောက်ဆုံးတော့ သက်ပြင်းချကာ ပြောလိုက်လေသည်။

"နောက်တစ်ခါဆိုရင်တော့ ငါ မင်းကိုတစ်ယောက်တည်း လွှတ်လို့မဖြစ်တော့ပါဘူး"

ရှမြန်ကလည်း တမင်သက်သက် မေးလိုက်လေသည်။ "ဘာဖြစ်လို့လဲ။ ကျွန်မ သွားလိုက်တဲ့ နေရာတိုင်းမှာ အလောင်းကောင်တွေ ရှိလာမှာစိုးလို့လား"

နဉ်ရှောက်ပိုင်က ခဏလောက် တုံ့ဆိုင်းသွားကာ ခပ်တိုးတိုးရယ်မောလိုက်၏။ "မဟုတ်ဘူး။ မင်းပြန်မရောက်လာခင် ငါ အရမ်းကြီး စိုးရိမ်နေရမှာစိုးလို့"

‘အရမ်းကြီး စိုးရိမ်နေရမှာစိုး’လို့ဟူသည့်စကားလုံးသည် နူးညံ့သည့်ခံစားချက်တစ်ခုကို တော်တော်လေး သယ်ဆောင်ထားပေးလေသည်။ ဒါက သူမကို စိုးရိမ်ခြင်းသက်သက် မဟုတ်ကြောင်း ရှင်းလင်းနေ၏။

ရှမြန်...

"ကျွန်မ ကြားဖူးတာတော့ အစိုးရိမ်လွန်သွားရင် နဖူးပြောင်သွားတတ်တယ်နော်" ရှမြန်က စိုးရိမ်တကြီးပြောလိုက်၏။ "ဒေါက်တာနဥ် ကိုယ့်ဟာကိုယ် ကျေးဇူးပြုပြီးတော့ ဂရုစိုက်ပါ။ ကျွန်မ ပြန်ရောက်လာတဲ့အခါ ရှင် နဖူးပြောင်နေတာမျိုးကို ကျွန်မ မလိုချင်ဘူးနော်"

နဉ်ရှောက်ပိုင်...

ရှောင်ဖုန်းကလည်း ရုတ်တရက် ပြောလိုက်၏။ "ဒါဆိုရင် ဆံပင်တု ဝတ်လို့ရတာပဲ"

နဉ်ရှောက်ပိုင်... ငါ နဖူးမပြောင်သေးပါဘူး။

ရှမြန်က အော်ရယ်လိုက်တော့သည်။

နဉ်ရှောက်ပိုင်က ပြောလိုက်၏။ "ဟုတ်တာပေါ့ သားရဲ့အန်တီလေးက အတွေ့အကြုံအရှိဆုံးလေ။ ရှောင်ဖုန်း သားရဲ့အန်တီလေး ကတုံးတုံးနေတဲ့အချိန်ကို မှတ်မိသေးလား။ သူ ကြည့်လို့ကောင်းတယ် မဟုတ်လား"

ရှောင်ဖုန်းကလည်း တွေဝေမနေဘဲ ပြောလိုက်၏။ "ကြည့်လို့ကောင်းတယ်လေ"

ရှမြန်...

ဒီတစ်ကြိမ်တွင်တော့ နဉ်ရှောက်ပိုင် ရယ်မောရသည့်အလှည့်ပင်။

နှစ်ယောက်သားက အပြန်အလှန် ထိခိုက်နာကျင်အောင် လုပ်ခဲ့ကြပြီးသည့်နောက် ဖုန်းချလိုက်လေ၏။

...

All Chapters