← Chapters

အပိုင်း(၁၅၁)

Vol. 11 Ch. 151

အပိုင်း(၁၅၁)

Vol. 11 Ch. 151

ရှမြန်သည် ချန်ချန်၏ ဝိုင်းစက်နေသည့် မျက်လုံးများကို မြင်လိုက်ရသည့်အခါ ဦးကြီးရှ၏ မိသားစုအတွက် မစိုးရိမ်ဘဲ မနေနိုင်အောင် ဖြစ်သွားမိတော့သည်။ ဒီကောင်ကလေးသည် စိတ်ရှုပ်စရာကောင်းသည့် အသက်၇နှစ်အရွယ်မှ ခွေးများ၊ ကြောင်များမုန်းသည့် အသက်၉နှစ်အရွယ်သို့ ကြီးပြင်းလာခဲ့သည်။ သူ၏အဆော့သန်လွန်းသည့်ပုံစံက ၂ဆတိုးတက်လာခဲ့သည်။

ရှမြန်သည် ရှောင်ဖုန်းက လူကြီးများ၏ အရိုက်အနှက်ခံရခြင်းကို ကြောက်ရွံ့နေသေးသလား မသိတော့ချေ။ နောက်ဆုံး ပြီးခဲ့သည့်၂နှစ်အတွင်း ယန်မြို့က အိမ်တွင် ကလေးများကို ဘယ်သူကမှ မရိုက်ခဲ့ချေ။

သူမသည် ကောင်ကလေး၏ဘေးတွင် ချက်ချင်းထိုင်ချလိုက်ပြီး ကောင်ကလေးက သူ့ရှေ့က ပန်းကန်လုံးကို သိချင်စိတ်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရ၏။ သူမက ပြုံးကာ ပြောလိုက်လေသည်။

"ဒါက ဦးကြီးသာ့ဟိုင်က သားအတွက် သီးသန့်လုပ်ပေးထားတာပဲ ဖြစ်ရမယ်"

ရှောင်ဖုန်း၏မျက်လုံးများက ကွေးတက်သွားပြီး သူသည် ရှဟိုင်ကိုကြည့်ကာ ပြောလိုက်၏။ "ကျေးဇူးတင်ပါတယ်နော် ဦးကြီးသာ့ဟိုင်"

ရှဟိုင်၏ ဒေါသထွက်နေသည့် နှလုံးသားသည် ချက်ချင်းဆိုသလို တည်ငြိမ်သွားပြီး သူ့အသံက ၈ဒီဂရီလောက် ပျော့ပျောင်းသွားတော့၏။

"လိမ္မာလိုက်တာ ရှောင်ဖုန်းလေးက" သူက သူ့ခေါင်းကိုလှည့်ကာ သူ၏ဆိုးသွမ်းလွန်းသည့်ကလေးကို လှမ်းကြည့်လိုက်ပြီး သူ့ကိုအမှန်ပင် ပစ်ထုတ်ချင်သွားတော့သည်။

"လက်လုပ်ခေါက်ဆွဲ ရပါပြီ" ချွေးမအငယ်လေးသည် လင်ဗန်းတစ်ခုနှင့် ဝင်လာပြီး ရှဟယ်က မြန်မြန်သွားရောက်ကာ ကူညီပေးလိုက်သည်။

ရှမြန်က ထရပ်ကာ လင်ဗန်းကို လှမ်းယူလိုက်ပြီး အပြုံးဖြင့်ပြောလိုက်လေသည်။

"ဒါကကျွန်မတို့ရဲ့ ဒုတိယယောက်မပဲ ဖြစ်ရမယ်"

ရှဟယ်က ရှက်ရှက်ဖြင့် ပြောလိုက်လေသည်။ "ဒါက နင့်ရဲ့ယောက်မ၂လေ"

ရှဟယ်သည် ပြီးခဲ့သည့် နွေဦးရာသီက လက်ထပ်ခဲ့ခြင်းဖြစ်သည်။ ရှမြန်က ထိုအချိန်တွင် ကျောင်းတက်နေပြီး ပြန်လာဖို့ရန် အချိန်မရခဲ့ချေ။ ရှ၀မ်ယွဲ့နှင့် သူမ၏ မိသားစုများကလည်း ပြန်လာလို့ မရချေ။ ထို့ကြောင့် သူတို့ထဲက ဘယ်သူကမှ သူ့မင်္ဂလာပွဲကို မတက်ရောက်ခဲ့ရပေ။

ဒီတစ်ကြိမ် သူမ ယူလာသည့် လက်ဆောင်များထဲတွင် မင်္ဂလာလက်ဖွဲ့တစ်ခုလည်း ပါခဲ့သည်။

ဟုန်ကျွမ်းသည် လှပသည့်မျက်နှာလေးတစ်ခုနှင့် တက်ကြွသည့် အကျင့်စရိုက်တစ်ခု ပိုင်ဆိုင်ထားသည်။ သူမသည် ရှမြန်က သူမကို ဆွေမျိုးတစ်ယောက်လို သက်မှတ်သည်ကို မြင်လိုက်ရသည့်အခါ ရှက်ရွံ့မနေချေ။ "မြန့်မြန် ဟုတ်တယ်မလား။ ဒီကိုလာပါဦး။ ယောက်မ၂ရဲ့ အချက်အပြုတ်လက်ရာကို လာမြည်းကြည့်ပါဦး"

ဒေါ်ကြီးသည် သူမ၏ချွေးမအသစ်လေးကို အလွန်မှ သဘောကျသည်မှာ သိသာသည်။ သူမက အပြုံးဖြင့် ပြောလိုက်၏။ "မြည်းကြည့်လိုက်ပါဦး။ ဒီနေ့ရဲ့လက်လုပ်ခေါက်ဆွဲကို ဟုန်ကျွမ်းက လုပ်ထားတာလေ" ဒေါ်ကြီး၏လက်များသည် မနှစ်ကတည်းက ဆိုးဆိုးဝါးဝါး နာကျင်လာခဲ့သည်။ ယခုတော့ သူမသည် လက်လုပ်ခေါက်ဆွဲကို ထပ်ပြီးတော့ မလုပ်နိုင်တော့ချေ။ ယောက်မ၂က အလွန်ကျွမ်းကျွမ်းကျင်ကျင်ရှိလှပြီး ဒေါ်ကြီး၏ စစ်မှန်သည့်လက်ရာကို အမွေဆက်ခံနိုင်သည်မှာ သိသာသည်။

ရှမြန်က သွားရည်ကို မျိုချမိပြီးသားဖြစ်သွား၏။ ရှောင်ဖုန်းကလည်း ထိုနည်းတူပင်။ သူနှုတ်ခမ်းလေးကို တင်းနေအောင်စေ့ထားပြီး မျှော်လင့်တကြီးဖြင့် လင်ဗန်းကို လှမ်းကြည့်နေလေသည်။

ရှချွမ်းမှာ ဒါကိုမြင်လိုက်သည့်အခါ အသံထွက်ကာ အော်ရင်တော့၏။ "ရှောင်ဖုန်းက ဗိုက်ဆာနေပြီ ထင်တယ်"

ရှမြန်ကလည်း ဘာဖြစ်နေသည်ကို သိလိုက်လေသည်။

"သူက ဒေါ်ကြီးရဲ့ လက်လုပ်ခေါက်ဆွဲကို သတိရနေတာလေ။ ကျွန်မတို့တွေ ပြီးခဲ့တဲ့တစ်ခေါက် အိမ်မှာစားခဲ့ပြီးကတည်းက ဒီလောက်အရသာရှိတဲ့ခေါက်ဆွဲကို တစ်ခါမှ မစားရတော့ဘူးလေ"

"ဒီအကြောင်းပြောလိုက်တော့ သွားရည်တွေတောင် ကျလာပြီ"

ဒေါ်ကြီး၏မျက်နှာသည် ချက်ချင်းဆိုသလို အပြုံးများဖြင့် ပွင့်လန်းသွားပြီး ဟုန်ကျွမ်းကလည်း စိတ်လှုပ်ရှားကာ ပြောလိုက်၏။

"ဒါဆိုရင် များများစားနော်။ အမေ့ဆီကနေ ဒါကိုသင်ဖို့ ၁နှစ်လောက်တောင် အချိန်ပေးခဲ့ရတာ"

ရှမြန်သည် ခေါက်ဆွဲကို သူမ၏ပါးစပ်ထဲသို့ ထည့်လိုက်သည့်အချိန်တွင် လုံးဝအမောပြေသွားသလို ခံစားလိုက်ရ၏။ အရသာက သူမ၏ဒေါ်ကြီးလုပ်ထားသည့်အရသာနှင့် အနည်းငယ် ကွဲပြားသော်ငြားလည်း အံ့သြစရာတော့ ကောင်းလှသည်။ ခေါက်ဆွဲကို အရသာခံလိုက်သည်နှင့် ချက်ချင်း ဒါက ရှမိသားစု၏ လက်လုပ်ခေါက်ဆွဲဖြစ်သည်ကိုသိနေသည်။

ရှောင်ဖုန်းကလည်း ဒါကိုသဘောကျသည်မှာ သိသာ၏။ အားရပါးရကို စားနေလေသည်။ သူ၏ဗိုက်လေးက ဖောင်းဖောင်းလေးဖြစ်နေကာ ပါးစပ်လေးကလည်း စူပုတ်ရင်း စားသောက်နေ၏။

ချန်ချန်သည် ရှောင်ဖုန်းကို သူ၏အဆောင်လက်ဖွဲ့၁ခုဟု ထင်မှတ်နေလေ၏။ ထို့ကြောင့် သူက ရှောင်ဖုန်းကို ပိုပြီးတော့ ကောင်းကောင်းမွန်မွန် ဂရုစိုက်ချင်သဖြင့် ထရပ်လိုက်ပြီး ရှောင်ဖုန်းအတွက် အသားတချို့ကို ကောက်ထည့်ပေးလိုက်၏။

သို့သော်ငြားလည်း သူ့လှုပ်ရှားမှုများက ကြမ်းတမ်းလှသည်။ သူက ကြက်ပေါင်၁ခုကို ကောက်ယူလိုက်ပြီး ရှောင်ဖုန်း၏ပန်းကန်ထဲသို့ ဗွမ်းကနဲ ပစ်ထည့်လိုက်၏။

ကြက်ပေါင်တစ်ခုက ကောင်းကင်ပေါ်မှ ကျလာသည့်အပြင် ပန်းကန်လုံးထဲက ဟင်းရည်များကလည်း ရှောင်ဖုန်း၏ မျက်နှာပေါ်သို့ စင်သွားတော့သည်။ သူသည် ငေးကြောင်ကြောင်လေးဖြင့် ရှမြန်ကို မော့ကြည့်လိုက်မိ၏။ ရှမြန်က လက်ကိုင်ပဝါတစ်ထည်ကို မြန်မြန်ထုတ်ကာ သူ့မျက်နှာလေးကို သုတ်ပေးရတော့သည်။

ရှဟိုင်၏ မျက်နှာကတော့ ရုတ်တရက် ညိုမည်းသွားကာ သူသည် မျိုသိပ်ထားဖို့ကြိုးစားပြီး ပြောလိုက်ရ၏။

"ငါ မင်းကို ဖြည်းဖြည်းလုပ်ပါလို့ ပြောထားတယ် မဟုတ်လား"

ထိုသို့ပြောပြီးသွားသည့်နောက်တွင် သူသည် ဒီအဆော့သန်လှသည့် ကောင်ကလေးကို မှတ်မှတ်ရရ ရှိစေဖို့ရန် ထိန်းသိမ်းရတော့မည်ဟု ခံစားလိုက်ရ၏။ သူက မျက်နှာသေဖြင့် ထရပ်လိုက်ပြီး ချန်ချန်ကို ကြောင်လေးတစ်ကောင်လို ကော်လံမှနေ၍ ဆွဲထုတ်ကာ ပြောလိုက်လေသည်။

"လာခဲ့ ငါနဲ့ လိုက်ထွက်လာခဲ့"

ချန်ချန်သည် ဆိုးရွားသည့်ခံစားချက်တစ်ခု ဖြစ်သွားပြီး ရှောင်ဖုန်းကို ချက်ချင်း ခုန်အုပ်လိုက်ကာ သူ့ကို တင်းကြပ်နေအောင် ဖက်ထားလေသည်။

"ရှောင်ဖုန်း ညီလေး ငါ့ကို ကယ်ပါဦး"

သူသည် အလွန်မှသန်မာလှသဖြင့် သူ၏ပွေ့ဖက်ထားခြင်းက ရှောင်ဖုန်းကို ထိုင်ခုံပေါ်မှဆွဲချသွားသလို ဖြစ်စေတော့သည်။

ရှမြန်က မြန်မြန် လှမ်းဖက်လိုက်ရ၏။

ရှောင်ဖုန်းက အလန့်တကြား ဖြစ်သွားသည်ကို တွေ့လိုက်ရသည့်အခါ ရှဟိုင်သည် သူ၏ ကြီးမားသည့်လက်ကို မြန်မြန် ဆန့်ထုတ်လိုက်ပြီး ကလေးခေါင်းကို ထိကိုင်ပေးလိုက်လေသည်။

"ဆံပင်လေးကို လှမ်းသပ်ပေးတာပါ။ မကြောက်နဲ့နော်"

သူသည် သူ့သားဖြစ်သူကို ပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင် အံကြိတ်ကာပြောလိုက်၏။ "သွားမယ်"

အို။ တကယ် မဖြစ်သေးပါဘူး။

ချန်ချန်သည် ရှောင်ဖုန်းကို ဖမ်းဆွဲထားပြီး အပြုံးတစ်ခုဖြင့် သူ့ခေါင်းကို မော့ကာပြောလိုက်သည်။

"အဖေ သား ရှောင်ဖုန်းနဲ့ ကစားချင်လို့ပါ"

ရှဟိုင်က သူမကို မျက်ရိပ်ပြလိုက်သည်ကို မြင်လိုက်သည့်အခါ ရှမြန်က ပြောလိုက်လေသည်။

"ရှောင်ဖုန်းက ခေါက်ဆွဲစားလို့ မပြီးသေးဘူးလေ။ နင်တို့၂ယောက် စားပြီးမှပဲ အတူတူ သွားကစားလို့ရမှာ"

ချန်ချန်ကိုယ်တိုင်ကလည်း ဗိုက်မပြည့်သေးချေ။ ထို့ကြောင့် သူက ပြောလိုက်၏။ "ဟုတ်တယ် ရှောင်ဖုန်းနဲ့ သား အတူတူစားကြမှာ"

ရှဟိုင်က သူ့လက်ကို လွှတ်ပေးလိုက်၏။ ချန်ချန်ကလည်း ရှောင်ဖုန်းကို လွှတ်ပေးလိုက်ပြီး သူ့ထိုင်ခုံသို့ ပြန်သွားရန် ပြင်ဆင်လိုက်လေသည်။

သို့သော်ငြားလည်း သူက ရှောင်ဖုန်းကို လွှတ်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် ရှဟိုင်က သူ့ကို မြန်မြန်ကောက်မကာ ပြေးထွက်သွားတော့သည်။

ချန်ချန်သည် ဇဝေဇဝါ ဖြစ်သွားသည့် ကြောင်ပေါက်လေးတစ်ကောင်လို သူ့ထံမှ တဖြည်းဖြည်း ဝေးကွာသွားသည့် သူ၏အဆောင်လက်ဖွဲ့လေးကို ကြည့်နေမိ၏။

ရှောင်ဖုန်းကလည်း သူ့ကိုကြည့်ကာ တိတ်တိတ်လေး ပြုံးလိုက်လေသည်။

ရှာချွမ်းက ပြုံးပြီးပြောလိုက်သည်။ "ရှောင်ဖုန်းကတော့ ဒီစိတ်ရှုပ်စရာကောင်းတဲ့ကောင်ကြောင့် တော်တော်လေးကို စိတ်ပျက်နေတော့မှာပဲ။ ဟုတ်တယ်မလား"

"သူ့ကို စိတ်မပူနဲ့။ မြန်မြန်စားတော့နော်။ ငါတို့ရဲ့ရှောင်ဖုန်းက တစ်ဝက်ပဲ စားလို့ပြီးသေးတာပဲ"

ရှမြန်သည် ရှောင်ဖုန်းကို ထိုင်ခုံပေါ်သို့ပြန်တင်ပေးလိုက်ပြီး အပြင်ဘက်က ချန်ချန်ကတော့ ‘ကယ်ကြပါဦး’ဟု အော်ပြီးနောက် အသံတိတ်သွားတော့သည်။

အခြားသူများကတော့ ဒါကိုအသားကျနေပြီးသား ဖြစ်ဟန်တူသည်။ ဘာဖြစ်နေသည်ကို သေချာပေါက် သိနေကြ၏။ ရှဟိုင်သည် ဒီအဆော့သန်သည့်ကလေးကို ဖြေရှင်းဖို့ရန်အတွက် သူ့ကိုယ်ပိုင်နည်းလမ်းတစ်ခု ရှိထားခဲ့ဟန်တူ၏။

မိနစ်အနည်းငယ် ကြာပြီးသွားသည့်နောက်တွင် ရှဟိုင်သည် မျက်နှာပေါ်တွင် အလွန်မှ ဝမ်းသာနေသည့်အမူအရာဖြင့် ပြန်ရောက်လာလေသည်။ သူက အပြုံးတစ်ခုဖြင့် သူတို့ကို နှုတ်ဆက်လိုက်၏။

"မြန်မြန်စားကြ။ အဲဒီလိုမှ မဟုတ်ရင် အဲဒီကလေး စားသောက်နေတာကို လာပြီးနှောင့်ယှက်နေဦးမယ်"

အစပိုင်းတွင်တော့ ရှောင်ဖုန်းသည် အပြင်ဘက်ကအကြောင်းကို စိုးရိမ်ပြီး အပြင်ဘက်ကို ဆက်တိုက်ကြည့်နေသော်ငြားလည်း ခေါက်ဆွဲ၏အနံ့က အရမ်းမွှေးနေသဖြင့် သူသည် ဆက်ပြီး ဂရုမစိုက်နိုင်တော့ပေ။

ခေါက်ဆွဲစားပြီးသွားသည့်အချိန်မှ ချန်ချန်သည် အချိန်တော်တော်ကြာသည်အထိ ဘာအသံမှ မလုပ်သည်ကို သတိရသွားလေသည်။

ရှောင်ဖုန်းက တစ်ဖန်စိတ်ပူလာ၏။ ရှမြန်က သူမ၏ဒေါ်ကြီးနှင့် တခြားသူများနှင့် စကားပြောနေသည့်အချိန်တွင် သူက တံခါးမှပြေးထွက်သွားပြီး ခန်းစီးကိုမကာ အပြင်သို့ လှမ်းကြည့်လိုက်လေသည်။

ဒါကိုမြင်လိုက်သည်တွင် ရှဟိုင်က တံခါးအပြင်ဘက်သို့ လျှောက်ကာထွက်သွား၏။ ရှဟယ်ကလည်း သက်ပြင်းချလိုက်သည်။ "ဒီလိုအမြဲတမ်း တိတ်ဆိတ်နေရင် ဘယ်လောက်ကောင်းလိုက်မလဲ"

ဒါက ရှမြန်ကို သိချင်စိတ်ဖြစ်သွားစေပြီး သူမသည်ရှောင်ဖုန်းကို ခြံဝင်းထဲသို့ ခေါ်ထွက်လာခဲ့တော့သည်။

ချန်ချန်၏ ရုပ်ကို မြင်လိုက်ရသည့်အခါ သူမမှာ မနေနိုင်ဘဲအော်ရယ်မိကာ ပြောတော့၏။

"ဒါက ဘယ်လိုရုပ်လေးဖြစ်နေတာလဲ"

ချန်ချန်သည် အချင်းအနည်းငယ်သေးသည့် စည်ပိုင်း၁ခုထဲတွင် သူ၏ဖင်လေးကို အထဲသို့စွပ်ကာ ထည့်ထားခံရသည်။ သူ၏ခြေထောက်လေးများက အပြင်ဘက်တွင် တွဲလောင်းကျနေသဖြင့် သူသည် ရုန်းကန်ဖို့ ကြိုးစားထားဟန်တူသည်။ တဘတ်၁ထည်ကိုလည်း သူ့ပါးစပ်ထဲတွင် ဆို့ထား၏။ ရှဟိုင်က သူ့ကိုကြိုးတစ်ချောင်းဖြင့် ချည်တုပ်ထားသည်။ ကြိုးကို ဘယ်လိုအထုံးမျိုးဖြင့် ချည်တုပ်ထားသည်ကိုတော့ မည်သူမှမသိချေ။ သို့သော်ငြား ချန်ချန်သည် ဒါကိုမဖြေနိုင်သည်မှာ သိသာသည်။

သူတို့သည် အပြင်သို့ ထွက်လာသည့်အခါ ဒါကိုမြင်လိုက်သည့်အချိန်တွင် ချက်ချင်းဆိုသလို ထခုန်သွားတော့သည်။

ရှချွမ်းက ရယ်မောကာ စနောက်တော့၏။ "ဒါက သူကိုယ်တိုင် စိတ်ကူးထားတဲ့ နည်းလမ်းလေ"

ရှဟယ်ကလည်း ရယ်မောကာ ပြောလိုက်လေသည်။ "တစ်ခါတုန်းက အဆော့လွန်သွားပြီးတော့ ဒီလိုမျိုး စွပ်မိနေတာလေ။ ငါတို့တွေ တစ်နေ့လောက်တော့ စိတ်အေးရခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒါက နည်းနည်းတော့ ဆူညံခဲ့သေးတယ်"

"ဒီတော့ မင်းက သူ့ပါးစပ်ကို ဆို့ထားခဲ့တာလား"

ဒါကတော့ တကယ့်ကို ချစ်လှစွာသောအဖေနဲ့ ချစ်လှစွာသောဦးလေးတွေပါပဲ။

ရှောင်ဖုန်းသည် သူ့ကိုသိလိုစိတ်ဖြင့် ကြည့်နေမိပြီး ရှမြန်၏ခြေထောက်လေးကိုဖက်ကာ မနေနိုင်ဘဲ အော်ရယ်နေလေသည်။

သူက မကြောက်ရွံ့သည်ကို တွေ့လိုက်ရသဖြင့် ရှဟိုင်က ချက်ချင်းဝမ်းသာသွားတော့သည်။

"စိတ်ဝင်စားဖို့ ကောင်းတယ်နော် ဟုတ်တယ်မလား။ နောက်ဆိုရင် တကယ်လို့ သားရဲ့ကိုကိုက စကားနားမထောင်ဘူးဆိုရင် သားရဲ့ဦးလေးက သူ့ကိုဒီလိုပဲအပြစ်ပေးမှာ"

ချန်ချန်သည် ဒီစကားကို ကြားလိုက်ရသည့်အခါ ကြမ်းကြမ်းတမ်းတမ်း စတင်ရုန်းကန်တော့သည်။ ရှဟယ်က ရှေ့သို့တက်သွားပြီး သူ့ပါးစပ်ထဲက တဘတ်ကို ကူညီပြီး ဖြည်ပေးလိုက်၏။ ချန်ချန်သည် ပြိုလဲသွားပြီးအော်ဟစ်ကာ ပြောတော့သည်။

"အဖေ သားကို ရိုက်ပဲ ရိုက်လိုက်ပါတော့"

ရှဟိုင်က အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ "အဖေက မင်းကို ထပ်မရိုက်တော့ဘူး"

ချန်ချန်မှာ စိတ်ပျက်သွားတော့သည်။ သို့သော်ငြားလည်း သူသည် စားစရာကိုသာ ဂရုစိုက်ပြီး ရိုက်ခံရမှာကို ဂရုမစိုက်တတ်သည့် လူမျိုးဖြစ်သည်မှာ သိသာသည်။

ရှဟိုင်က သူ့ကိုထားခဲ့ပြီးသည့်နောက်တွင် ရှမြန်သည် အားလုံးကို လက်ဆောင်များ ဝေပေးနေစဉ်တွင် သူက ရှောင်ဖုန်းကို ဆွဲထွက်သွားတော့ပြန်၏။

ရှောင်ဖုန်းသည် ချန်ချန်ကို မှတ်မိနေပြီးသားဖြစ်သည်။ ပြီးခဲ့သည်၂နှစ်အတွင်းတွင် သူသည် ချန်းချန်းနှင့် မောက်ဟွေ့ကျူးတို့နောက် လိုက်ကာ လမ်းကြားထဲတွင် ပတ်သွားခဲ့ပြီး အများကြီး ပိုပြီးလည်း သတ္တိရှိလာသည်။ သူတို့က ပုရစ်သွားဖမ်းကြမည်ဟု ကြားလိုက်သည့်အခါ သူကလည်း သူတို့နောက်သို့ လိုက်သွားတော့သည်။

သူတို့ပြေးထွက်သွားသည်မှာ ၁၀မိနစ်သာရှိသေးသည်။ သို့သော်ငြားလည်း ချန်ချန်က အပြေးအလွှား ပြန်ရောက်လာပြီး သတင်းလာပို့လေ၏။

"မြန်မြန်လုပ်ကြ။ မြန်မြန်လုပ်ကြ။ အဘိုး၂က လယ်ထဲက ပြန်လာပြီ"

သူသည် တံခါးကို မြန်မြန်ပိတ်လိုက်ပြီး ရှောင်ဖုန်းကလည်း သူ့ကိုမြင်လိုက်သည့်အခါ ပူးပေါင်းကူညီပေးလေသည်။

ရှမြန်က အော်ရယ်ကာ ပြောလိုက်၏။

"ဦးလေး၂က ချန်ချန်ကို ဘယ်လောက်တောင် လန့်ဖျပ်အောင် လုပ်သွားလဲမသိဘူး။ ကြည့်လိုက်ပါဦး"

ထိုအခိုက်အတန့်တွင် ပြာယာခတ်သွားပြီး ပစ္စည်းများကို သိမ်းဆည်းဖို့ရန်ပြင်ဆင်နေသည့် ဟုန်ကျွမ်းက ပြုံးကာ ပြောလိုက်လေသည်။

"ရပါတယ်။ ချန်ချန်သာ ဒီမှာရှိနေတယ်ဆိုရင် ဦးလေး၂က ဝင်လို့ရမှာ မဟုတ်ဘူး"

ရှဟိုင်ကလည်း အော်ရယ်လိုက်၏။ "အဲဒီကောင်လေးက အခုတော့ အသုံးဝင်တဲ့နေရာတစ်ခု ရှိလာပြီလေ"

ဦးကြီးရှကတော့ ဘာမှမကြားသလို ဘာမှမပြောလိုက်ချေ။

ရှဟယ်က ပြောလိုက်၏။ "ဒါပေမဲ့ မြန့်မြန် နင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားဖို့တော့ လိုတယ်နော်။ နင့်ရဲ့ဦးလေး၂က နင် ပြန်လာတယ်ဆိုတာ သိသွားပြီ။ နင့်ရဲ့အဘွားကလည်း သေချာပေါက် ခဏနေရောက်လာတော့မှာပဲ"

"ဒါဆိုလည်း လာပါစေပေါ့" ရှမြန်က ပြောလိုက်သည်။ သူမသည် သူမ၏တာဝန်သိစိတ်များကို ဖြည့်ဆည်းပေးဖို့ရန်သာ လိုအပ်လေသည်။

"မဟုတ်ဘူးနော်။ သူက နင်နဲ့ ယန်မြို့ကို လိုက်သွားချင်နေတာ" ရှဟယ်က ပြောလိုက်သည်။

"ပြီးခဲ့တဲ့၂နှစ်အတွင်းတုန်းက သူက နင်တို့နေရာကို ငါတို့ဆီကို ခဏခဏ လာမေးနေတာလေ။ ကြည့်ရတာ သူက လိပ်စာသိသွားပြီးရင် ကိုယ့်ဟာကိုယ် သွားရှာချင်လို့ ထင်တယ်"

သူက အခုအထိ လက်မလျော့သေးဘူးပေါ့လေ။

ရှမြန်သည် တအံ့တဩဖြစ်သွားပြီး ပြောလိုက်၏။ "သူက အသက်၇၅နှစ် ရှိနေပြီ မဟုတ်လား။ ဒီအရွယ်ဆိုရင် ကိုယ့်ရဲ့ဇာတိမြို့က နေထွက်သွားဖို့ ခက်ခဲသွားပြီလို့ လူတွေက ပြောကြတယ် မဟုတ်လား"

"ဒါမှမဟုတ်ရင် သူတို့မိသားစုတွေက သူ့ကို ဟိုဘက်မှာ ကောင်းကောင်းမဆက်ဆံကြလို့လား"

"မကောင်းတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ငါ့အထင်တော့ ယန်မြို့လောက်တော့ ကောင်းမှာမဟုတ်ဘူးလေ"

ရှမြန်က အော်ရယ်လိုက်၏။ "ရှလိလည်း ယန်မြို့ကိုသွားခဲ့တာပဲ မဟုတ်လား။ ရှလိနောက် လိုက်သွားခိုင်းလိုက်ပေါ့"

ရှလိသည် ရှမြန်နှင့် ရှောင်ဖုန်းတို့ ယန်မြို့သို့ ထွက်လာပြီးသိပ်မကြာခင်တွင် ၀မ်ထောင်နှင့် လက်ထပ်ခဲ့လေသည်။ မနှစ်က လင်မယား၂ယောက်သည် ပရောဂျက်တစ်ခုအတွက် ယန်မြို့သို့ သွားခဲ့သည်ဟု ကြားခဲ့ရသည်။ ရှလိသည် ကိုယ်ဝန်ရှိနေပြီဖြစ်၏။ သို့သော်ငြားလည်း သူမသည် ဝမ်ထောင်နောက်သို့လိုက်ကာ ဆောက်လုပ်ရေးဆိုက်တွင် သွားရောက်နေထိုင်ခဲ့သည်။

ရှချွမ်းက အပြုံးဖြင့် ပြောလိုက်၏။ "သူတို့တွေက ဆောက်လုပ်ရေးဆိုက်ထဲမှာ နေတယ်ဆိုတာ နင်လည်း သိပါတယ်။ အဘွား၂က ဘယ်လိုလုပ်ပြီးတော့ လိုက်နေချင်မှာလဲ"

ရှမြန်ကလည်း ညစ်ကျယ်ကျယ် ပြုံးလိုက်၏။ "ဒါဆိုလည်း သူ လာပါစေ။ ကျွန်မက သူ့ကို ယန်မြို့ကို တကယ် ခေါ်သွားချင်ပါတယ်။ ဒါပေမဲ့ သူ ကျွန်မနဲ့ အတူမလိုက်ချင်မှာဘဲ စိုးရိမ်ရတယ်"

ရှချွမ်းသည် ခဏလောက် ကြောင်အမ်းအမ်းဖြစ်သွားပြီးမှ သဘောပေါက်သွားလေသည်။ နှစ်ယောက်သားက အချင်းချင်း ပြုံးပြလိုက်ပြီး အဘွားကြီးရောက်လာမည့်အချိန်ကို အမှန်ပင် မျှော်လင့်စောင့်စားနေလိုက်ကြတော့သည်။

...

All Chapters