← Chapters

အပိုင်း(၁၅၅)

Vol. 11 Ch. 155

အပိုင်း(၁၅၅)

Vol. 11 Ch. 155

ရုံရှင်းသည် နဥ်ရှောက်ပိုင်က သူ၏လက်ရှိအခြေအနေကို ပြောနေသည်ဟု ထင်လိုက်သဖြင့် သက်ပြင်းချလိုက်၏။

"ဟုတ်ပ။ အစ်ကို့မှာ လက်တွဲဖော်တစ်ယောက်တောင် မရှိသေးဘူးလို့ ကျွန်တော် အဖေ့ကို ပြောပြီးပြီလေ။ အစ်ကိုက မိန်းမတွေကို လုံးဝမစဉ်းစားဘူး။ အစ်ကိုက ကြေးများတယ်လို့... အစ်ကိုက အသက်၄၀ရောက်ရင်တောင် လက်ထပ်နိုင်ဦးမှာ မဟုတ်ဘူးလို့ ပြောလိုက်တယ်။ တကယ်လို့အစ်ကိုသာ လက်မထပ်နိုင်ဘူးဆိုရင် ကျွန်တော်က ဘာဖြစ်လို့ အလျင်လိုနေဦးမှာလဲ"

နဥ်ရှောက်ပိုင်က မျက်နှာသေဖြင့်ပြောလိုက်၏။

"အဲဒီတော့ သူကဘာပြောလဲ"

"အဖေက ဒီလိုပြန်ပြောလာတယ်လေ။ မင်းက ရှောင်ပိုင်နဲ့ ယှဥ်လို့ရလို့လား။ မင်းသာ သူ့တစ်ဝက်လောက် ကောင်းမယ်ဆိုရင် မင်းကျန်တဲ့တစ်ဘဝလုံး တစ်ယောက်တည်း နေချင်တယ်ဆိုရင်လည်း ငါတော့ ဂရုမစိုက်ပါဘူးတဲ့"

"သူပြောတဲ့စကားကိုလည်း နားထောင်ကြည့်ပါဦး။ သူက ကျွန်တော် လက်ထပ်ပြီး မိသားစုတစ်ခု တည်ထောင်မှာကို စိုးရိမ်နေတာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်က အသုံးမကျဘူးလို့ထင်ပြီး မြေးတစ်ယောက် လိုချင်နေတာလေ။ ဒါမှသူက အကောင်းဆုံးဆက်ခံသူကို လေ့ကျင့်ပေးနိုင်မှာ မဟုတ်လား"

"အခု သူ ဘယ်လောက်အထိ ကြောက်စရာကောင်းတယ်ဆိုတာ အစ်ကို မသိလို့နော်။ ကျွန်တော် အိမ်ပြန်ရောက်လာတယ်ဆိုရင် သူက ကျွန်တော့်ကို နေ့တိုင်း ဘူးသီးညီအကိုတွေအကြောင်းကို ကြည့်ဖို့ ဆွဲခေါ်သွားတတ်တယ်။ အဲဒီအရောင်စုံဘူးသီးတွေက ကျွန်တော့်ကို အဖိုးလို့ခေါ်တာကို ဒီအတိုင်း နားထောင်ခိုင်းနေတာလေ"

သူသည် ထိုစကားကို ကြားလိုက်သည့်အခါ ပခုံးတွန့်သွားပြီး ကျေးဇူးတင်စိတ်ဖြင့် ပြောလိုက်လေသည်။

"တကယ်ပါ အစ်ကိုပိုင်ရယ်။ အစ်ကို အခုအထိ ရည်းစားမရသေးတာပဲ ကောင်းတဲ့ကိစ္စပါ"

"ကျွန်တော့်အဖေက ပြောထားတယ်။ တကယ်လို့ အစ်ကို လက်တွဲဖော်ရတဲ့အချိန်မှာတောင် ကျွန်တော် အိမ်ထောင်မပြုနိုင်သေးဘူးဆိုရင် သူက ကျွန်တော့်ခြေထောက်ကို ရိုက်ချိုးပြီးတော့ ကျွန်တော့်ကို အတင်း အိမ်ထောင်ပြုခိုင်းတော့မှာတဲ့"

"အစ်ကို သူ့ရဲ့ရည်မှန်းချက်ကို မသိလို့ပါ" ရုံရှင်းက ကြောက်‌ကြောက်လန့်လန့်ဖြင့် ပြောလိုက်၏။

"သူက တကယ်တမ်းကျတော့ ကောင်းချုံးယင်းထက် ပိုပြီးတော့ကြောက်စရာကောင်းတဲ့ ထန်မိသားစုက အဲ့ဒီကလေးမကို သဘောကျနေတာတဲ့လေ။ ကျွန်တော့်ထက် ပိုပြီး သန်မာတဲ့လူတစ်ယောက်ကပဲ ကျွန်တော့်ကို ထိန်းချုပ်နိုင်မှာလို့ သူကပြောလိုက်သေးတယ်"

"အဲဒါက ကျွန်တော့်ကို ထိန်းချုပ်နေတာပဲ မဟုတ်ဘူးလား။ ဒါက ကျွန်တော့်ကို သတ်နေတာပဲ"

ရုံရှင်းသည် နဥ်ရှောက်ပိုင်၏လက်မောင်းကို လှမ်းဆွဲလိုက်ပြီး ပြောလိုက်၏။ "အစ်ကို အစ်ကို ရည်းစားထားလို့ မရဘူးနော်။ အဲဒီလိုမှမဟုတ်ဘူးဆိုရင် အစ်ကိုရည်းစားရသွားတဲ့တစ်နေ့ ကျွန်တော်သေမဲ့နေ့ပဲ"

နဥ်ရှောက်ပိုင်...

သူက အပြုံးတုတစ်ခုကို ထုတ်ပြလိုက်ပြီး "ဒါဆိုရင်တော့ မင်း ဒီအချိန်ကို ကောင်းကောင်းအသုံးချပြီး တစ်နှစ်တာအတွင်း မင်းကိုယ်မင်း ပျော်ရွှင်အောင်နေသင့်တယ်။ ငါနောက်နှစ်ဆိုရင် ရည်းစားထားတော့မှာ။ အဲ့ဒီနောက်တစ်နှစ် ထပ်ကုန်သွားရင် ငါ လက်ထပ်ဖို့ စဉ်းစားထားတယ်"

ရုံရှင်းမှာ ခဏလောက် မှင်တက်အံ့ဩသွားပြီးမှ ပြောလိုက်လေသည်။ "အစ်ကိုပိုင် အစ်ကိုက အစီအစဉ်အတိုင်း ရည်းစားထားပြီးတော့ လက်ထပ်မလို့လား"

"မဟုတ်သေးပါဘူး။ ကျွန်တော် ဒီကိစ္စကို ဂရုစိုက်မနေသင့်ဘူး" ရုံရှင်းက ပြောလိုက်သည်။ "အစ်ကို အစ်ကို ကျွန်တော့်ကို ဒီလိုလုပ်လို့မရဘူးလေ။ နောက်ထပ်၂နှစ်လောက်တော့ အချိန် ရွှေ့ဆိုင်းထားလိုက်ဦး။ မဟုတ်ဘူး။ နောက်ထပ်၅နှစ်လောက် အချိန်ရွှေ့ဆိုင်းထားလိုက်..."

နဥ်ရှောက်ပိုင်က မျက်နှာကိုမဲ့ထားလိုက်ပြီး "မင်းငါ့ကိုထပ်ပြီးကျိန်ဆဲနေမယ်ဆိုရင် သတိထားနော်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ငါဒီနှစ်မှာပဲ ရည်းစားစထားလိုက်တော့မယ်"

ရုံရှင်းမှာ ရုတ်တရက် စကားမပြောရဲတော့ချေ။

သူသည် နဥ်ရှောက်ပိုင်၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲလို့မရမှန်း သိနေသဖြင့် ရုံရှင်းသည် အဖြေတစ်ခုကို စဉ်းစားထားလိုက်ပြီး လက်ခုပ်တီးကာပြောလိုက်၏။

"ဘာကြောက်စရာလိုလဲ။ တစ်နှစ်ဆိုတာ ကျွန်တော့်ရဲ့နတ်ဘုရားမလေးကို လိုက်ဖို့အချိန်ရပါတယ်။ အဲဒီအချိန်ကျရင် နတ်ဘုရားမလေးကို လက်ထပ်ရင်လည်း ကောင်းတဲ့ကိစ္စပဲ မဟုတ်လား"

သူသည် ယုံကြည်ချက်ရှိရှိဖြင့် သူ့ခေါင်းကို ပွတ်သပ်လိုက်ပြီး "ကျွန်တော့်လို ချောမောတဲ့ ကောင်ကလေးကပဲ..." ဒီအချိန်တွင် သူသည်မှန်ထဲက သူ၏တစ်ခုတည်းသောနားကပ်ကို တွေ့လိုက်ရပြီး အပြုံးတစ်ခုဖြင့် နဥ်ရှောက်ပိုင်ကို တိုင်ပင်လိုက်၏။

"အစ်ကိုပိုင် အစ်ကို ကျွန်တော့်မွေးနေ့ကျရင် နောက်ထပ် နားကပ်တစ်ရံလောက် ဖောက်ပေးလို့ရလား"

နဥ်ရှောက်ပိုင်သည် ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် သူ့ခေါင်းကိုပြန်လှည့်ကာ ရုံရှင်းကို ကြည့်လိုက်၏။

"ဘာလဲ"

"ကျွန်တော်တစ်နေ့က ရှမြန်ရဲ့နားကပ်ကို တွေ့လိုက်တယ်လေ" ရုံရှင်းက အထွန့်တက်လေ၏။

"အစ်ကိုပိုင် အစ်ကို အရမ်းမျက်နှာလိုက်တာနော်။ ရှမြန်ကိုကျတော့ နားဖောက်ပေးတဲ့အပြင် သူ့ကို အလှဆုံးနားကပ်လည်း ပေးလိုက်သေးတယ်"

ဒီအချိန်တွင် သူက ရက်ရက်ရောရောဖြင့် သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီးပြောလိုက်၏။ "ဪ ထားလိုက်ပါလေ။ ဒါက ကျွန်တော် လုပ်သင့်တဲ့အရာပဲ။ နောက်ဆုံး ဒါက သူ့ရဲ့မွေးနေ့ဆိုတော့..."

ထို့နောက်တွင်တော့ သူကရယ်မောလိုက်ပြီး "အစ်ကိုပိုင် အစ်ကိုရဲ့စိတ်ကူးက တကယ်ကောင်းတာနော်။ အစ်ကိုက ရှမြန်ကို သူ့မွေးနေ့မှာ အသေးစားခွဲစိတ်မှုလေးတစ်ခု လုပ်ပေးခဲ့တာပဲ"

နဥ်ရှောက်ပိုင်၏ အမူအရာက အန္တရာယ်ရှိလာသည်ကို တွေ့လိုက်ရသည့်အခါ ရုံရှင်းကချက်ချင်းဆိုသလို သူ့ကိုလက်မထောင်ပြလိုက်၏။

"ဒါက အစ်ကိုရဲ့ဆရာဝန်ဆိုတဲ့ အချက်အလက်နဲ့ တကယ့်ကို အရမ်းကိုက်ညီပါပေတယ်။ လက်တွေ့လည်းကျသလို ထူးထူးခြားခြားလည်းဖြစ်တယ်။ ဒါက ဘယ်သူမှအစားမထိုးနိုင်တဲ့ လက်ဆောင်တစ်ခုပဲ။ ရှမြန်ကတော့ သူ့ရဲ့ကျန်တဲ့ဘဝတစ်ခုလုံး ဒါကိုမှတ်မိနေမှာ သေချာတယ်"

လျှို့ဝှက်ချက်က ဒီနေရာကနေ ပေါ်သွားတာကိုး...

နဥ်ရှောက်ပိုင်သည် သူ့မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်ပြီး သူသည် ဒီကိစ္စကို ဦးလေးရုံနှင့် ချက်ချင်း တိုင်ပင်သင့်လေသလားဟု စဉ်းစားလိုက်ပြီးနောက် လူများကို နေရာတိုင်းလိုက်ရှုပ်နေသည့် ရုံရှင်းကို ဖယ်ရှားဖို့အတွက် ထန်မိသားစု၏ သမီးဆီသို့ သူ့ကိုတတ်နိုင်သလောက် မြန်မြန်ဆန်ဆန် ပေးရမည်ဟု စဉ်းစားလိုက်မိလေသည်။

ရုံရှင်းသည် အန္တရာယ်က နီးကပ်လာသည်ကို သတိမထားမိသေးဘဲ အပြုံးတစ်ခုဖြင့် ဆက်ပြောလိုက်၏။

"ဒီတော့ ကျွန်တော်လည်း ဒီလိုလက်ဆောင်မျိုးကို လိုချင်တယ်လေ။ ဟုတ်ပြီလား"

သူသည် နားမဖောက်ရသေးသည့် ကျန်သည့်နားတစ်ဖက်ကို လှမ်းကိုင်လိုက်ပြီး "တစ်ခုတည်းဆိုရင်တောင် အဆင်ပြေပါတယ်။ အနည်းဆုံးတော့ ဒါကညီမျှသွားတာပေါ့..."

နဥ်ရှောက်ပိုင်က သူ့မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်ကာ ပြုံးလိုက်လေသည်။

"ရပါတယ်။ မင်းရဲ့မွေးနေ့အထိ စောင့်စရာမလိုဘူး။ ငါ မင်းကို အခုပဲ ဝတ်ရအောင် လုပ်ပေးမယ်"

"တကယ်လား" ရုံရှင်းက တအံ့တဩဖြစ်သွား၏။

"တကယ်တဲ့လား" နဥ်ရှောက်ပိုင်က ပြောလိုက်၏။ "လူတွေကို မသေခင် ထမင်းတစ်နပ် အဝကျွေးရတယ်တဲ့။ ငါတို့တွေက နှစ်ပေါင်းများစွာ သူငယ်ချင်းဖြစ်လာခဲ့တာပဲ။ ပြီးတော့ မင်းလည်း သိပ်မကြာခင် သေတော့မှာပဲ။ ငါက မင်းရဲ့ဒီဆန္ဒသေးသေးလေးကို ဘာဖြစ်လို့ မဖြည့်ဆည်းပေးနိုင်ရမှာလဲ"

"အစ်ကို ကျေးဇူးပြုပြီးတော့ အဲဒီလိုကြက်သီးထစရာကောင်းအောင် မပြောပါနဲ့လား" ရုံရှင်းသည် သူ့လက်မောင်းကို ပွေ့ဖက်လိုက်ပြီး ၎င်းတို့ကို ပွတ်သပ်လိုက်လေသည်။ "အနည်းဆုံးတော့ အစ်ကိုအိမ်ထောင်မကျခင် ကျွန်တော့်မှာ ရုန်းကန်ဖို့အချိန် ရှိသေးတယ်လေ"

နဥ်ရှောက်ပိုင်က သူ့နှုတ်ခမ်းကို ကွေးထားလိုက်ပြီး ဘာမှမပြောတော့ချေ။

၅မိနစ် ကြာသွားပြီးသည့်နောက်တွင် ရုံရှင်း၏အော်သံသည် ပင်မဧည့်ခန်းထဲတွင်ဟိန်းကာ ထွက်လာတော့၏။

"အစ်ကို အသာအယာလုပ်ပါ။ ကျွန်တော် ဒါကိုထပ်ပြီးတော့ မဝတ်ချင်တော့ပါဘူး"

"မင်း ဒါကို ဝတ်မှပဲဖြစ်မယ်။ မြား ပစ်လိုက်ပြီဆိုတာနဲ့ ဒါကိုပြန်သိမ်းလို့မရတော့ဘူး"

နဥ်ရှောက်ပိုင်သည် အင်မတန်မှ ကျွမ်းကျင်လှပေသည်။ ပြီးခဲ့သည့်တစ်ခေါက်က သူ့နားကို ဖောက်ပေးဖို့ရန် နာရီဝက်ကျော်ကျော်လောက် အချိန်ယူလိုက်ရသည်။ သို့သော်ငြားလည်း ဒီတစ်ကြိမ်တွင်တော့ ၁၀မိနစ်ပင် မပြည့်သေးခင်တွင် ပြီးမြောက်သွားလေ၏။

ရုံရှင်းသည် မျက်လုံးထဲတွင် မျက်ရည်များဖြင့် သူ့နားကိုအုပ်ထားလိုက်ပြီး "အစ်ကို ကျွန်တော်မသေခင် ကျွန်တော်ရဲ့ဆန္ဒကို ဘယ်လိုပုံစံနဲ့ ဖြည့်ဆည်းပေးနေတာလဲ။ အစ်ကို ကျွန်တော့်ကို ချက်ချင်းသေမင်းဆီကို ပို့နေတာလား"

နဥ်ရှောက်ပိုင်က ဆေးသေတ္တာကိုသိမ်းဆည်းကာ ပြုံးပြပြီးပြောလိုက်၏။

"မွေးနေ့ကျရင် ငါ မင်းကိုနောက်ထပ်တစ်စုံ လက်ဆောင်ပေးမယ်"

ရုံရှင်းက သူ့ခေါင်းကို မြန်မြန်ခါပြလိုက်တော့သည်။ "မလိုဘူး မလိုတော့ဘူး။ ကျွန်တော် အသက်ရှင်နေတာတင် ဟုတ်နေပါပြီ"

သူသည် ပူပင်ကြောင့်ကြမဲ့သူတစ်ယောက် ဖြစ်သည်မှာ သိသာသည်။ နာကျင်မှု ပျောက်ဆုံးသွားပြီးသည့်နောက်တွင် သူသည်မှန်ထဲတွင် ကိုယ့်ဟာကိုယ် ပြန်ကြည့်လိုက်ပြီး ပြောလိုက်လေသည်။

"မဆိုးဘူး။ ဒီတစ်ရံက ပိုပြီးတော့တောင် ကြည့်လို့ကောင်းနေသေးတာပဲ"

"ဪ ဒါနဲ့လေ ဒါကိုတပ်ပြီးသွားရင် ကျွန်တော်တို့တွေ ရေထိလို့မရဘူး မဟုတ်လား"

နဥ်ရှောက်ပိုင်က ပြောလိုက်၏။ "မင်းနာမှာ မကြောက်ဘူးဆိုရင်တော့ မင်းသဘောပဲလေ"

သူ၏ထူပူနေသည့်နာသီးကို ထိကိုင်ကြည့်လိုက်ပြီး ရုံရှင်းက နောင်တရစွာဖြင့်ပြောလိုက်၏။

"နှမြောစရာပဲ။ ကျွန်တော် မနက်ဖြန်ကျရင် ကျွန်တော်ရဲ့နတ်ဘုရားမလေးနဲ့ ရေလွှာလျှောစီးဖို့ ကြိုးစားချင်နေတာ"

နဥ်ရှောက်ပိုင်သည် သူ၏ဆေးသေတ္တာကိုချထားလိုက်ပြီး ခဏလောက် တုံ့ဆိုင်းသွားကာ မေးလိုက်၏။

"ရေလွှာလျှောစီးဖို့ ဟုတ်လား"

ရုံရှင်းက ပြောလိုက်၏။ "ဟုတ်တယ်လေ။ ကျူးမိသားစုရဲ့အပန်းဖြေဟိုတယ်က နောက်တစ်လကျရင် ဖွင့်တော့မှာ။ သိပ်မကြာခင်က သူတို့တွေအဲ့ဒီမှာ အရင်ဆုံးသွားပြီးတော့ကစားဖို့ လူအများကြီးကို ဖိတ်ကြားခဲ့သေးတယ်လေ။ သူတို့တွေကဒါကို အတွေ့အကြုံရစေချင်လို့လို့ ပြောတယ်"

"ဒါက တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ။ မင်မြစ်ကမ်းဘေးမှာ ဆောက်ထားတာလေ။ တော်တော်လေး စည်ကားတဲ့မြို့တစ်မြို့ပဲ။ အနောက်တိုင်း အပန်းဖြေဟိုတယ်တစ်ခုရဲ့ အယူအဆကို မိတ်ဆက်ပေးထားတာ"

"အဲဒီမှာအစားအသောက်နဲ့ ဖျော်ဖြေရေးကဏ္ဍတွေလည်း အားလုံးထည့်ထားပေးတယ်။ ပထမထပ်ရဲ့ အနောက်ဖက်ခြံဝင်းထဲမှာ ရေကူးကန်ကြီးတစ်ခုလည်း ရှိသေးတယ်။ အဲဒီမှာ ရေလွှာလျှောတစ်ခုလည်း ရှိတယ်။ ကျွန်တော့်အထင်တော့ မိန်းကလေးတွေက အဲဒီလျှောပေါ်မှာ ကစားရတာ ကြိုက်တဲ့ပုံပဲ"

ဒီအချိန်တွင် သူ့မျက်နှာသည် ပီတိဖြာသွားတော့၏။

"ကျွန်တော့်ရဲ့နတ်ဘုရားမလေး ဆက်စီဆန်ဆန် ရေကူးဝတ်စုံလေးတစ်ခုနဲ့ အပေါ်ကနေလျှောစီးပြီး ဆင်းလာတာကို စိတ်ကူးကြည့်လိုက်ရင်... ပြီးတော့ရေရဲ့သိမ်သိမ်မွေ့မွေ့နဲ့ ဝါးမျိုခံလိုက်ရတာကို စိတ်ကူးကြည့်လိုက်မိရင်... ပြီးရင် တည်ငြိမ်နေတဲ့ရေလှိုင်းနဲ့အတူ သူ့ရဲ့ ရှည်လျားနက်မှောင်တဲ့ ဆံနွယ်လေးက သူ့ပခုံးပေါ်မှာ စင်းပြီးတော့ ပေါ်ထွက်လာခဲ့မယ်ဆိုရင်... ဒါကရေထဲမှာပွင့်လန်းလာတဲ့ ကြာပွင့်လေးတစ်ပွင့်လိုဖြစ်နေမှာပဲ..."

သူသည် အမှတ်တမဲ့ တံတွေးမျိုချလိုက်ပြီး သူ၏မျက်လုံးထောင့်မှနေ၍ နဥ်ရှောက်ပိုင်က ပြုံးနေသည်ကို တွေ့လိုက်ရလေသည်။ ရုံရှင်းသည် ခဏလောက် မှင်တက်အံ့သြသွားပြီးမှ တအံ့တဩ ပြောလိုက်လေသည်။

"အစ်ကိုပိုင် အစ်ကို ဘာတွေစဉ်းစားနေတာလဲ။ အစ်ကို ကျွန်တော့်ရဲ့နတ်ဘုရားမလေးအကြောင်း စဉ်းစားနေတာလား။ အဲဒီအကြောင်းတော့ မစဉ်းစားနဲ့နော်"

နဥ်ရှောက်ပိုင်က သူ့ကိုလှမ်းကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။

"ငါစဉ်းစားနေတာက ဒါကိုချောမွေ့နေအောင်အပေါ်ကနေ မုန့်နှစ်နဲ့ သုံးပြီးဒယ်အိုးထဲမှာ ချက်ချင်း ကြော်ရမယ်လို့ပါ"

ရုံရှင်း...

ဥပမာသည် အလွန်မှ ကြောက်ရွံ့စရာကောင်းနေသဖြင့် ရုံရှင်း၏ပထမဦးဆုံးတုံ့ပြန်မှုမှာ သူ၏ နတ်ဘုရားမလေးသည် စေးကပ်ကပ်ကြက်ဥမုန့်နှစ်ထဲသို့ လျှောကျသွားပြီး အကြော်ခံလိုက်ရပြီးနောက်တွင် ရွှေဝါရောင်ကျွတ်ကျွတ်လေး သေချာပေါက်ပြောင်းသွားလိမ့်မည်ဟု မြင်ယောင်မိတော့သည်။

သူသည် သူ၏စိတ်ထဲက ကြောက်စရာကောင်းသည့်ပုံရိပ်ကို မြန်မြန်လှုပ်ခါလိုက်ပြီး ကပျာကယာ ပြောလိုက်၏။

"အစ်ကို အစ်ကို မိန်းမတွေကို သဘောမကျဘူးဆိုရင်တောင် အဲဒီလောက်အထိတော့ ယုတ်မာစရာလိုလို့လား။ အစ်ကိုက မိန်းမလှလေးတစ်ယောက်ကို ဆီအိုးတစ်ခုထဲမှာကြော်ဖို့ စဉ်းစားနေတာလား"

နောက်ဆုံးတွင်တော့ ဒီစကားနှင့် ပတ်သက်ပြီး ဘာကရယ်စရာကောင်းနေသည်ကိုပင် သေချာမသိတော့ချေ။ နဥ်ရှောက်ပိုင်၏နှုတ်ခမ်းများမှာ တစ်ဖန်ကွေးတက်သွားပြီး မေးလိုက်လေသည်။

"မင်း ငါ့ကို ဖိတ်စာတစ်ခု ပို့လိုက်သေးလား"

ရုံရှင်းသည် အစပိုင်းတွင်တော့ သတိမထားမိချေ။ ခဏအကြာမှ သူက မယုံမကြည်ပြောလိုက်၏။

"အစ်ကို အစ်ကို တကယ်သွားမလို့လား"

အားလုံးလည်း သိပါတယ်။ နဥ်ရှောက်ပိုင်က ဒီလိုစားသောက်ပွဲပျော်ပွဲရွှင်ပွဲမျိုးကို ဘယ်တုန်းကမှ မတက်ခဲ့ဖူးဘူးလေ။ လူတွေက သူ့ကိုဘယ်လိုပဲဖိတ်ချင်ပါစေ သူတို့တွေက ဖိတ်လို့တောင်မရနိုင်ဘူး။

"ကျူးကျားတုန်းကတော့ အစ်ကိုသာ သွားမယ်ဆိုတဲ့အကြောင်းသိသွားရင် သေချာပေါက် ပျော်နေတော့မှာပဲ" ရုံရှင်းသည် ချက်ချင်းဆိုသလို ဖုန်းကိုကောက်ကိုင်လိုက်ပြီး ဖုန်းခေါ်လိုက်တော့သည်။

ဒီအသိုင်းအဝိုင်းထဲတွင် လျှို့ဝှက်ဆန်းကြယ်ဆုံးလူတစ်ယောက်ဟု ပြောလိုက်လျှင် ဒါက နဥ်ရှောက်ပိုင်သာ ဖြစ်ပေသည်။

ဒီလိုသည် ပြီးခဲ့သည့်၂နှစ်က ပေါ်လာသည့်အချိန်က သူ၏လက်တစ်ဖက်တည်းဖြင့် မိုးခြိမ်းသံလို နည်းလမ်းများဖြင့် ဟော်မိသားစုနှင့်နဥ်မိသားစုကို ဖြုတ်ချခဲ့သည်။ ဒါကဆူဆူညံညံဖြစ်သွားသေး၏။

ထိုနောက်တွင်တော့ လူအများအစုသည် နဥ်ရှောက်ပိုင်၏ အစီအစဉ်များ၏အဆင့်တိုင်းကို ဖော်ထုတ်ဖို့ ကြိုးစားခဲ့ကြသည်။ နောက်ဆုံးတွင်တော့ ဒီလူနှင့် မိတ်ဆွေဖြစ်ရခြင်းက အကောင်းဆုံး ဖြစ်သည်ဟုသာ အဖြေထွက်လာခဲ့သည်။ လုံးဝ မလိုအပ်သရွေ့တော့ ရန်သူတစ်ယောက်မလုပ်သည်က ပိုကောင်းသည်။

သူက သူ့အရည်အချင်းများကို ထုတ်ပြနေသည့်အချိန်တွင် အားလုံးက သူနှင့် မိတ်ဆွေဖွဲ့ဖို့ရန် အသည်းအသန် ကြိုးစားကြလေသည်။ ဒီလူကတော့ ဆေးရုံသို့ တိတ်တိတ်လေး ပြန်သွားကာ ဆရာဝန်အလုပ်ကိုသာ ဆက်လုပ်နေခဲ့သည်။

အတိတ်ကဆိုလျှင် လိုအပ်သည့်အစည်းအဝေးနှင့် စားသောက်ပွဲများကလွဲလျှင် သူသည် ဒီလိုအပျော်သဘောသက်သက် လုပ်သည့်ပွဲအခမ်းအနားများတွင် ဘယ်တုန်းကမှပေါ်မလာခဲ့ဖူးချေ။

သူနှင့် မိတ်ဆွေဖွဲ့ချင်ကြသည့်လူများကလည်း ဘယ်ကနေစတင်ရမည်မှန်း မသိကြချေ။ အထူးသဖြင့် ပြီးခဲ့သည့်၂နှစ်အတွင်းက မော့ဟယ်၏ မြန်မြန်ဆန်ဆန်ကြီးထွားလာခြင်းက သူ့အကြောင်းကို ပြောလိုက်သည့်အချိန်တိုင်း လူအများကိုစိတ်ပျက်ကာ သက်ပြင်းချစေရတော့၏။

"ကျူးကျားတုန်းကတော့ တကယ်ဝမ်းသာနေတော့မှာပဲ" ရုံရှင်းသည် ဖုန်းချလိုက်ပြီးနောက် ပြောလိုက်၏။ "သူကအစ်ကို့ကို ဖိတ်စာတစ်ခုပို့ချင်တယ်လို့ ရှင်းပြလိုက်သေးတယ်။ ဒါပေမဲ့ အစ်ကိုက ဒါကို သဘောမကျမှာ စိုးရိမ်နေတာတဲ။ ဒါကြောင့် သူကလည်း အစ်ကို့ကို မနှောင့်ယှက်ခဲ့တာတဲ့။ တကယ်လို့ အစ်ကိုကသွားချင်တယ်ဆိုရင် သူ့ကို အချိန်မရွေးဖုန်းခေါ်လိုက်ပါတဲ့"

နဥ်ရှောက်ပိုင်က မှတ်ချက်မပေးပေ။

သို့သော်ငြားလည်း ရုံရှင်းသည် သူ့လက်ကိုမေးစေ့ပေါ်တင်လိုက်ပြီး သူ့ကိုမျက်မှောင်ကြုတ်ကာ ကြည့်နေကာ သူ့ခေါင်းပေါ်တွင်လည်း ??? များအပြည့် ဖြစ်နေတော့သည်။

"အစ်ကိုက ရုတ်တရက်ကြီး ဘာဖြစ်လို့ အပြင်ထွက်ကစားချင်ရတာလဲ။ ဒါကအစ်ကို့စတိုင် လုံးဝမဟုတ်ဘူးနော် အစ်ကို"

နဥ်ရှောက်ပိုင်သည် သူ့ကိုဂရုစိုက်ဖို့ရန် အလွန်မှငြီးငွေ့လာခဲ့၏။

"စောစောအိပ်တော့။ ငါ့ကိုလာမနှောင့်ယှက်နဲ့"

"ရေလွှာလျှောစီးတဲ့အကြောင်းကို ပြောလိုက်တုန်းက သူ ရုတ်တရက် စိတ်ဝင်စားလာခဲ့တာပဲ... ရေကူးကန်... မိန်းကလေးတွေ..." ရုံရှင်းသည် ရေရွတ်လိုက်ပြီး ရုတ်တရက်လက်ခုပ်ထတီးကာ ပြောလိုက်လေသည်။ "ကျွန်တော်သိပြီ။ အစ်ကိုက မိန်းကလေးတချို့နဲ့ သွားတွေ့ချင်နေတာပဲ ဟုတ်တယ်မလား"

"အစ်ကိုက နောက်တစ်နှစ် ရည်းစားထားပြီး နောက်လာမဲ့နှစ်မှာ လက်ထပ်ဖို့ အစီအစဉ်ရှိတယ်ဆိုတော့ အစ်ကို့ရဲ့အကျင့်အရဆိုရင် အစ်ကိုက အခုအချိန်မှစပြီးတော့ စုံစမ်းထားဖို့လိုတယ်လေ" ရုံရှင်းက ဝမ်းသာအားရပြောလိုက်၏။ "ကျွန်တော်ပြောတာ မှန်တယ်မဟုတ်လား"

နဥ်ရှောက်ပိုင်...

...

All Chapters