← Chapters

အပိုင်း(၁၅၇)

Vol. 11 Ch. 157

အပိုင်း(၁၅၇)

Vol. 11 Ch. 157

ဖုန်းတဖက်တွင် ရှမြန်က အပြုံးတစ်ခုဖြင့် မေးလိုက်၏။

"ဒေါက်တာနဥ် မိန်းကလေးတွေက ကိုယ်လုံးကိုယ်ထည်တွေ လှကြရဲ့လား"

နဥ်ရှောက်ပိုင်သည် ရုံရှင်းကို လက်တလောတွင်တော့ လွှတ်ထားပေးလိုက်ပြီး အားလုံးကို လက်ဝှေ့ရမ်းပြလိုက်ကာ ထရပ်လိုက်ပြီးနောက် ဖုန်းဖြင့်ထွက်လာခဲ့၏။

ရှမြန်သည် တဖြည်းဖြည်း ဝေးကွာသွားသည့်ဆူညံသံကို နားထောင်ရင်း ကျီစယ်လိုက်၏။

"မသွားပါနဲ့ ဒေါက်တာနဥ်ရဲ့။ ပျော်စရာရှိတာ ပျော်လိုက်ပါ။ ကျွန်မက လိုရင်းကိုပဲ ပြောမှာပါ"

နဥ်ရှောက်ပိုင်သည် သူမ၏ ထေ့ငေါ့နေသည့်လေသံကို မနေနိုင်ဘဲ အော်ရယ်မိလေသည်။

"မင်းက ဘာပြောချင်လို့လဲ"

"ဒါပဲနော်လို့ ပြောမလို့လေ" ရှမြန်က ပြောလိုက်ပြီး "ဘယ်လိုလဲ ဒါက တော်တော်လေးကို တိုတယ်မဟုတ်လား"

နဥ်ရှောက်ပိုင်က ရယ်မောလိုက်ပြီး သူ့လေသံက ချော့မော့နေလေသည်။ "ဟုတ်ပြီလေ မင်းက ရုံရှင်း ပြောတဲ့စကားကို ယုံတယ်ပေါ့နော်"

ရှမြန်သည် သူမက ဒီစကားကို ဘာကြောင့်မယုံရပါမည်နည်းဟု မေးမည်ပြင်လိုက်သည့်အချိန်တွင် သူက ပြောလာ၏။ "သူက ပြောသေးတယ်။ သူ့အတွက် နားပေါက် ဖောက်ပေးဖို့ လေ့လာရတာနဲ့ ငါ တော်တော်လေး ဒုက္ခများသွားတယ်တဲ့"

ရှမြန်...

ရုံရှင်း အဲဒီ ငတုံးကောင်ကတော့နော်။ သူက ဒါကို အချိန်အကြာကြီး လျှို့ဝှက်ထားမှာမဟုတ်ဘူးလို့ မျှော်လင့်မထားပေမဲ့လည်း ဒီလောက်မြန်မြန်ကြီး ပေါ်ပေါက်သွားရသလား။ ငါ သူ့ကို နဥ်ရှောက်ပိုင်ကို သွားမရှာဖို့ တမင်ပြောထားလို့ တော်ပါသေးရဲ့။

အမှန်တွင်တော့ ရှမြန်သည် နဥ်ရှောက်ပိုင်က တစ်ခုခုကို ခန့်မှန်းထားမိပြီးသားဖြစ်ရာ သူမနှင့်အတူ လိုက်ကစားပေးနေသည်ဟု ခပ်ရေးရေးလေး သဘောပေါက်နေမိသည်။

သို့သော်ငြားလည်း ခန့်မှန်းခြင်းနှင့် သက်သေအတိအကျရှိနေခြင်းက လုံးဝကိုမတူညီသည့် အကြောင်းအရာ၂ခုပင်။

ဒေါက်တာနဥ်က အရမ်းကို ကောက်ကျစ်တာပဲ။ သူက ချိုချိုသာသာ လေသံတစ်ခုနဲ့ ပြောနေပေမဲ့လည်း သူ့ကို ကစားနေတဲ့ ငါ့ရဲ့ပြစ်မှုကို အကြင်နာမဲ့ဖော်ထုတ်ပစ်ခဲ့တာပဲ။

ဒါသည် သူမကို တော်တော်လေး မလုံမလဲခံစားသွားရစေကာ အသက်ရှူကြပ်သွားစေတော့သည်။

နဥ်ရှောက်ပိုင်သည် သူမ၏ရွံ့ရွံ့ကလေး ဖြစ်နေသည့်ရုပ်ကို ခန့်မှန်းမိဟန်တူသည်။ သူက ခပ်တိုးတိုးလေး ရယ်မောလိုက်ကာ ဆက်ပြောလိုက်၏။

"သူက ပြောသေးတယ်။ ငါက သူ့အတွက် သူ့ရဲ့ဖုန်းနဲ့ ဓာတ်ပုံရိုက်ပြီး ဗီဒီယိုရိုက်ယူလို့ရတဲ့နည်းပညာကို လေ့လာဦးမယ်လို့ ပြောနေသေးတယ်"

ရှမြန်သည် အခိုက်အတန့် မှင်တက်အံ့သြသွားလေသည်။ သူမ၏သာမာန်ကာလျှံကာ သညည်းညူသည့်စကားက နဥ်ရှောက်ပိုင်ကို ဒီအချိန်တွင် စမတ်ဖုန်းတစ်လုံး လုပ်ဖို့ရန် စိတ်ကူးတစ်ခု ပေးနိုင်လိမ့်မည်ဟု ထင်မထားခဲ့မိချေ။

သူမက သူမ၏နှုတ်ခမ်းများကို တင်းနေအောင် စေ့ထားလိုက်ပြီး သူမ၏နှလုံးသားထဲတွင်တော့ ထိန်းချုပ်မရနိုင်သည့် ချိုမြမြ ခံစားချက်တစ်ခုက တိုးထွက်လာ၏။

နဥ်ရှောက်ပိုင်က ပျော့ပျောင်းစွာ မေးလိုက်လေသည်။ "ဒါက အဆင်ပြေမယ်လို့ မင်း ထင်လား"

ရှမြန်သည် မာထန်နေသည့်မျက်နှာတစ်ခုနှင့် သူ့ကို ငြင်းခုံချင်စိတ် ဖြစ်သွားတော့၏။

သို့သော်ငြားလည်း နဥ်ရှောက်ပိုင်က သူမပြောလာမည့်စကားကို သိနေသယောင် သူက "ဟင်"ဟု ထပ်မေးလိုက်ပြီး သက်ပြင်းချလိုက်လေသည်။

"ငါ့အထင်တော့ မင်းက ငါ့ညီမလေး အရမ်းဖြစ်ချင်နေတာပဲ ဖြစ်ရမယ်။ ဒါမှ မင်းလည်း ငါ့အကြောင်းကို ကောင်းကောင်းသိပြီး ကောင်းကောင်း ယုံကြည်နိုင်မှာလေ။ မင်းက ဒီလိုရိုးရှင်တဲ့ မေးခွန်းလေးတစ်ခုကိုတောင် မဖြေနိုင်ဘဲ ဖြစ်နေလိမ့်မယ်လို့ ငါ ထင်တောင်မထားဘူး"

"မင်းက ငါ့ဆီမှာ အလိုလိုက်ခံထားရတဲ့ ကလေးတယောက်လို ပြုမူချင်တယ်။ ငါ့ကို မင်းရဲ့အရှုပ်ထုပ်တွေကို လိုက်ရှင်းပေးစေချင်တယ်။ ငါ့ကို မင်းရဲ့ငွေကြေးတွေကိုလည်း ကူညီပြီးတော့ စီမံပေးစေချင်တယ်။ မင်းကို ငါ့အိပ်ရာပေါ်မှာလည်း အိပ်ခွင့်ပေးစေချင်တယ်..."

ရှင်ဟာလေ ဒီလိုအဓိပ္ပာယ်၂ခွ ထွက်တဲ့ ‘အိပ်ရာပေါ်မှာ’ဆိုတဲ့စကားကို ကျေးဇူးပြုပြီး မပြောစမ်းပါနဲ့လား။

ရှမြန်သည် သူမ၏မျက်နှာကို အုပ်ထားရတော့သည်။ သူမသည် ထိုအချိန်က အလွန် ပျော်ရွှင်ခဲ့ရသော်ငြားလည်း ယခုတော့ သူမသည် ထိုစကားကို ကြားလိုက်သည့်အချိန်တိုင်း အလွန်စိတ် ပျက်သလိုခံစားရ၏။ ဝဋ်လည်ခြင်းက ထိုမျှလောက်မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မည်ဟု အမှန်ပင် ထင်မထားခဲ့မိချေ။

နဥ်ရှောက်ပိုင်က ဝမ်းနည်းစွာဖြင့် ပြောလိုက်၏။

"မင်းက ငါ့ကို ဒီအတိုင်း အသုံးချချင်နေတာလား။ မင်းက ငါ့ရဲ့ခံစားချက်ကို လှည့်စားလိမ့်မယ်လို့ ထင်တောင်မထားဘူး..."

ရှမြန်သည် သူ့ရှေ့တွင် ဒူးထောက်ချင်စိတ် ဖြစ်သွားကာ ချက်ချင်းပြောလိုက်လေသည်။ "ကျွန်မက အဲဒါကို မယုံပါဘူး။ အစ်ကိုရုံက လူရှုပ်လေးတစ်ယောက်ပဲ။ ကျွန်မက သူ့စကားလုံးတွေကို ဘယ်လိုလုပ်ပြီးတော့ ယုံကြည်မှာလဲ"

"ကျေးဇူးပြုပြီးတော့ မပြောပါနဲ့တော့။ ကျွန်မ မှားသွားပါတယ်"

နဥ်ရှောက်ပိုင်သည် စိတ်အေးသွားကာ သက်ပြင်းချလိုက်သည့် ရုပ်လေးဖြစ်သွား၏။ "ငါ့ကို ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ထို့နောက်တွင်တော့ သူက စိတ်ပျက်သွားသည့် လေသံတစ်ခုဖြင့် ထပ်ပြောလိုက်၏။ "ဒါပေမဲ့ ငါဒီနေရာမှာ ဘာအတွက် ရောက်နေတယ်ဆိုတာကို မင်း ဂရုမစိုက်ဘူးလား။ ထင်ထားတဲ့အတိုင်းပါပဲ။ မင်းက လှည့်စားဖို့အတွက် ငါ့ညီမ ဖြစ်ချင်နေတာ..."

ရှမြန်သည် သူ့ကို အမှန်တကယ် ကြောက်ရွံ့လာသဖြင့် အပြုံးတစ်ခုဖြင့် မြန်မြန်မေးလိုက်ရတော့သည်။

"ဒေါက်တာနဥ် ရှင် ဘယ်ရောက်နေတာလဲ"

နဥ်ရှောက်ပိုင်က ပြုံးလိုက်ပြီး

"မင်းက ရေလွှာလျှော စီးရတာကိုကြိုက်ပြီး ရှောင်ဖုန်းကလည်း ရေကူးသင်ချင်တယ်လို့ ကြားလိုက်လို့ ငါဒီနေရာကို လာပြီးတော့ ကြည့်ကြည့်တာ"

"ဒီနေရာက တော်တော် ကောင်းပါတယ်။ ကလေးတွေအတွက် နေရာတစ်ခုလည်း လုပ်ထားပေးတယ်။ မင်း ဒါကို သေချာပေါက်ကြိုက်မှာ"

ရှမြန်သည် အမှန်ပင် စိတ်ဝင်စားလာတော့၏။

"အဲဒီလိုနေရာမျိုးလည်း ရှိသတဲ့လား။ ဘယ်နားမှာလဲ"

"အင်း မင်မြစ်ဘေးက အခုမှ ဖွင့်ထားတဲ့အပန်းဖြေဟိုတယ်အသစ်လေ။ သိပ်မဝေးဘူး"

"ဒါနဲ့"နဥ်ရှောက်ပိုင်က ခဏလောက် တုံ့ဆိုင်းလိုက်ပြီး"ရေခဲချောင်း ဒီနေရာမှာ ရေခဲချောင်း အဝစားလို့ရတယ်။ မင်း ဒါကိုအရမ်းကြိုက်မှာ သေချာတယ်"

သူသည် ကြိုက်မှာ ဟူသည့်စကားကို အလွန်မှဆွဲဆောင်မှုရှိသည့် နည်းလမ်းတစ်ခုဖြင့် ပြောလိုက်သည့်အပြင် ရေခဲချောင်းဟူသည့် စကားလုံးကလည်း လူများကို စိတ်ကူးပေါင်းများစွာ ဖြစ်သွားလေသည်။ ရှမြန်သည် မနေနိုင်တော့ဘဲ ရထားပေါ်က မြင်ကွင်းကို ပြန်စဉ်းစားမိသွားတော့၏။

သူမ၏ ပါးပြင်မှာ တဖြည်းဖြည်း ပူပြင်းလာတော့သည်။

"ရှမြန်" နဥ်ရှောက်ပိုင်က ထပ်ပြောလိုက်သည်။ ကျီစယ်နေသည့် လေသံတစ်ခု လုံးဝ မဟုတ်တော့ဘဲ လုံးဝကို နူးညံ့သိမ်မွေ့နေသည့် အသံတစ်ခု ဖြစ်နေ၏။

ဒီရုတ်တရက် ထိတ်လန့်မှုက ရှမြန်ကို သူမ၏နားများက ဓာတ်လိုက်ခံရသလို ခံစားသွားရစေပြီး သူမ၏စိတ်မှာ ရှုပ်ထွေးသွားတော့သည်။

"ဟင်"

ထို့နောက်တွင်တော့ မြှူဆွယ်နေသည့် ညို့ငင်သံတစ်ခုကို ကြားလိုက်ရ၏။

"ငါ မင်းကို လာကြိုလို့ရလား" လေသံက အလွန်မှ ချိုမြိန်နေ၏။ နေ့ခင်းဖက် နေရောင်ခြည်က အလွန် ပြင်းထန်သောကြောင့်လည်း ဖြစ်နိုင်သည်။ ရှမြန်၏ခေါင်းမှာ မူးနောက်သလို ဖြစ်သွားပြီး သူမသည် သတိပြန်ဝင်လာသည့်အချိန်တွင်တော့ ဟုတ်ပြီ ဟူသည့် စကားလုံးက သူမ၏ပါးစပ်ထဲက ထွက်သွားနှင့်နေပြီးသား ဖြစ်လေသည်။

နဥ်ရှောက်ပိုင်က ဖုန်းထဲတွင် ရယ်မောလိုက်သည်။ ထူးထူးဆန်းဆန်း ထိုပျော်ရွှင်မှုသည် ဖုန်းတဖက်မှ နေ၍ သူမ၏နှလုံးသား အောက်ခြေဆီသို့ ပျံ့နှံ့လာသယောင် ချိုမြိန်သည့် ခံစားချက်လေးတခုက အစပျိုးလာတော့၏။

ရှမြန်ကလည်း မနေနိုင်တော့ဘဲ ရယ်မောမိတော့သည်။

"ရှင် အလုပ်မသွားဘူးလား"

"ဒါက နှစ်ကုန်ခွင့်လေ"

"ခွင့်ရက်က ဘယ်နှစ်ရက်ရတာလဲ။ ဘယ်တော့လာမှာလဲ"

နဥ်ရှောက်ပိုင်က ခပ်တိုးတိုး ရယ်မောလိုက်ပြီး "အဲဒီကိစ္စတော့ မသေချာသေးပါဘူး။ ငါ ပြန်သွားပြီးတော့ မေးကြည့်ရဦးမယ်။ ငါ့အလုပ် အချိန်ဇယားကိုလည်း စီစဉ်ဖို့လိုသေးတယ်"

ရှမြန်က ထိုစကားကိုမယုံကြည်ချေ။ သူသည် အလုပ်လုပ်သည့်အချိန်တွင် သေချာမှသာ အမြဲတမ်း ပြောတတ်လေ့ရှိသည်။ သူသည် သူမကို မျှော်တလင့်လင့်ဖြစ်အောင် လုပ်ဖို့ ကြိုးစားနေသည်မှာ သိသာလေသည်။

ရှမြန်က အသံထွက်ကာ အော်ရယ်ပြီး ကြိမ်းမောင်းလိုက်၏။

"လူဆိုး"

သူက ဒီအတိုင်း ငါ့ကို လက်စားချေချင်နေတာပဲ။ ငါ့ကို မျှော်တလင့်လင့် ခံစားချက်အရသာ ခံစားစေချင်နေတာလေ။

နဥ်ရှောက်ပိုင်ကတော့ ကျေနပ်သွားသည်။ "အတူတူပါပဲ"

ဖုန်းချလိုက်ပြီးသည့်နောက်တွင် ရှမြန်သည် ခံစားချက် ပိုကောင်းလာတော့သည်။

ရှောင်ဖုန်းသည် ခန်းဆီးစကို ပင့်ကာဝင်လာပြီး သူ၏လက်သေးသေးလေးများဖြင့် သူမ၏ အင်္ကျီအနားကို လှမ်းဆွဲလိုက်၏။ သူ၏အိပ်ကပ်ထဲတွင်တော့ ပစ္စည်းသေးသေးလေးများ အများကြီးပါနေလေသည်။

"အန်တီလေး ဇလုံတစ်ခုလောက်"

ရှမြန်က အသီးထည့်သည့် ဇလုံတစ်ခုကို မြန်မြန်ဆွဲထုတ်လိုက်ပြီး ကလေးက သွန်ထည့်လိုက်သည့်အခါ အသီးများက အတွဲလိုက် လိမ့်ထွက်လာလေသည်။ မက်မွန်သီး၊ စွန်ပလွံသီး၊ တရုတ်ဇီးသီးနှင့် ပိုးစာသီးများပါရှိသည်...

ရှမြန်သည် သူ့အင်္ကျီ၏ မဲနေသည့် အနားစလေးကို လှမ်းကြည့်လိုက်ပြီး ဘာမှမပြောခဲ့ချေ။ သူသည် ပန်းချီဆွဲသည့်အချိန်တွင်လည်း ထိုသို့မကြာခဏ ပြုလုပ်တတ်လေသည်။ ထို့ကြောင့် သူ့အင်္ကျီက ညစ်ပတ်သွားလည်း ကိစ္စမရှိပေ။

ထိုအသီးများ အားလုံးကို ရှောင်ဖုန်းနှင့် ချန်ချန်တို့က ခူးလာခဲ့ခြင်းဖြစ်သည်။ ဇူလိုင်လနှောင်းပိုင်းတွင် အသီးများအားလုံးက မှည့်နေပြီဖြစ်၏။ ကျေးရွာများတွင် မြို့မှာကဲ့သို့ အသီးပင်များ အများကြီးမရှိသော်ငြားလည်း လူအများစုက သူတို့၏ခြံဝင်းထဲတွင် အသီးပင်၁ပင်၊ ၂ပင်တော့ စိုက်ထားတတ်ကြသည်။ ရှဲ့မိသားစုသည် ဆွေမျိုးအများအပြားရှိသည့် မိသားစုကြီးတစ်ခုဖြစ်၏။ ထို့ကြောင့် ချန်ချန်သည်ရှောင်ဖုန်းကိုခေါ်ကာ အပြင်ထွက် လမ်းလျှောက်ရင်း အသီးများစွာကို ခူးလာခဲ့ခြင်းဖြစ်သည်။

ဒါသည် ရှောင်ဖုန်း၏အကြိုက်ဆုံး လှုပ်ရှားမှုတစ်ခုဖြစ်၏။

ရှမြန်ကလည်း အနည်းငယ် ဗိုက်ဆာနေသည်။ သူမက အသီးကို ရေဆေးလိုက်ပြီး စားတော့မည် ပြင်လိုက်သည့်အချိန်တွင် လီဖန်နှင့် ဟုန်ကျွမ်းတို့က အစားအသောက်၂ပန်းကန်ကို သယ်ကာ ဝင်လာကြ၏။

ဟုန်ကျွမ်းက ပြောလိုက်သည်။ "နင်ဗိုက်မပြည့်သေးဘူး မဟုတ်လား။ ဒါကိုမြန်မြန်စားလိုက်"

လီဖန်က ရှမြန်ကို ပြောလိုက်၏။ "ဒါကို စိတ်ထဲမှာမထည့်ပါနဲ့။ အဖေဒီမှာ ရှိနေတုန်းကဆိုရင် ဘယ်သူကမှ နင့်အပေါ် ခေါင်းပုံဖြတ်ရဲတာ မဟုတ်ဘူး"

"တကယ်လို့ ငါတို့တွေကသာ မာမိသားစုနဲ့ လက်ထပ်ဖြစ်ခဲ့မယ်ဆိုရင် ငါတို့ရဲ့ငြိမ်းချမ်းတဲ့ဘဝက ဇာတ်သိမ်းသွားမှာ တောင်စိုးရိမ်ရတယ်" ဟုန်ကျွမ်းက သရော်ကာပြောလိုက်၏။ "ဒီလက်ထပ်ပွဲက မစီစဉ်ရသေးဘူးဆိုပေမဲ့လည်း နင် အားလုံးကို တွက်ချက်ထားပြီးပါပြီ"

သူမသည် ဒီအကြောင်းကို ပြောလိုက်သည့်အချိန်တွင် အလွန်ဒေါသထွက်လာ၏။

"သူတို့တွေက ဘယ်လိုလုပ်ပြီးအတင့်ရဲလို့ မြန့်မြန်ကို ကြံစည်ရဲရတာလဲ။ သူတို့တွေက သူတို့မိသားစုရဲ့ အပြုအမူကိုတောင် တစ်စက်ကလေးမှ ပြန်ပြီးသုံးသပ်တာမျိုး မရှိဘူး။ သူတို့တွေက မြန့်မြန်ကို သူတို့ကိုရန်မြို့ကိုတောင် ခေါ်သွားစေချင်နေသေးတယ်။ သူတို့တွေက ဘယ်လိုများ စဉ်းစားရဲကြတာလဲ"

ရှမြန်ကတော့ ဒေါသမထွက်ချေ။ သူမသည် ဒါကို ရယ်စရာကောင်းသည်ဟုသာ တွေးလိုက်လေသည်။

သူမသည် သူမ၏ဇာတိမြို့တွင် ခဏဆက်ပြီး နေချင်ရသည့် အကြောင်းအရင်းမှာ နဥ်ရှောက်ပိုင်ကို စနောက်ချင်သည့်အပြင် ရှချွမ်းလက်တွဲဖော်နှင့်လည်း တွေ့ဆုံလိုခြင်းကြောင့်ဖြစ်သည်။

ရှချွမ်းသည် ရှဟယ်ထက် ၁နှစ်ငယ်ပြီး ဦးကြီးရှက ဒီနှစ်ကုန် သို့မဟုတ် နောက်အကျဆုံး နောက်တစ်နှစ်အစောပိုင်းတွင် သူ့ကိုလက်ထပ်ပေးဖို့ စီစဉ်ထားသည်။

သေးငယ်သည့်နေရာများတွင် လက်ထပ်ဖို့ရန်အတွက်အချိန်က အခြေခံအားဖြင့် စီစဉ်နိုင်ပေသည်။ အမျိုးသားနှင့် အမျိုးသမီးတို့သည် ဘလိုင်းဒိတ်မှတစ်ဆင့် အချင်းချင်း တွေ့ဆုံကြပြီး သဘောကျသွားပြီးသည့်နောက်တွင် သူတို့မိဘများက တွေ့ဆုံကြကာ အကယ်၍ သူတို့က ဒါကိုသင့်လျော်သည်ဟုထင်လျှင် သူတို့သည်၃လမှ၅လအတွင်း လက်ထပ်ပေးပေလိမ့်မည်။

ဒါသည် ရှဟိုင်နှင့် ရှဟယ်တို့၏ လက်ထပ်ပွဲ ဖြစ်သွားခဲ့သည့်ပုံစံဖြစ်သည်။ အခုလောလောဆယ်အထိတော့ ဒါက အဆင်ပြေ နေသယောင်ရှိ၏။

သူမနှင့် ရှဝမ်ယွဲ့တို့က ရှချွမ်း၏မင်္ဂလာပွဲကို တက်ရောက်ဖို့ရန် ပြန်လာနိုင်မည် မဟုတ်သောကြောင့် ရှမြန်က ဒီအတိုင်း ဆက်နေလိုက်၏။ အနည်းဆုံးတော့ သူမ၏‌ယောက်မလောင်းကို တွေ့ဆုံဖို့ရန် ဖြစ်သည်။ အကယ်၍သူတို့ကအစီအစဉ်ကို သတ်မှတ်ပြီးသွားခဲ့လျှင် သူမကသူတို့၏ဆက်ဆံရေးကို ပိုပြီးတောင့်တင်းလာအောင် ကြိုပြုလုပ်ပေးနိုင်လိမ့်မည်။

အမှန်တွင်တော့ ရှချွမ်းသည် ရှဟယ် မင်္ဂလာဆောင်ပြီးကတည်းက ကြင်ဖက်များကို စတင်တွေ့ဆုံလာခဲ့သော်ငြားလည်း သူ၏စံနှုန်းက တော်တော်လေး မြင့်မားနေပြီး သူသည် သင့်တော်သည့် တစ်စုံတစ်ယောက်ကို ဘယ်တော့မှ မတွေ့ရှိခဲ့ချေ။

လွန်ခဲ့သည့်နှစ်ဝက်ကျော်က သယ်ယူပို့ဆောင်ရေးဗျူရိုမှ သူ၏လုပ်ဖော်ကိုင်ဖက်က မာလီလီနှင့် မိတ်ဆက်ပေးခဲ့ပြီး သူမသည် စီရင်စုဆေးရုံက သူနာပြုဆရာမ တစ်ယောက်ဖြစ်သည်။

သူတို့၂ယောက်သည် ယခုဆိုလျှင် တွဲလာကြသည်မှာ လတော်တော် ကြာနေပြီဖြစ်ပြီး အစောကြီးကတည်းက ဒီကိစ္စကို စီစဉ်ထားသင့်နေပြီဖြစ်သည်။

ဦးကြီးရှနှင့် ဒေါ်ကြီးရှတို့က သိပ်ပြီး မလိုလားခြင်းသောကြောင့်သာဖြစ်သည်။ ထို့ကြောင့် သူတို့သည် အခုအချိန်အထိ အချိန်ဆွဲလာကြပြီး ရှချွမ်းက သူ့စိတ်ကို ပြောင်းလဲလာမည်ဟု မျှော်လင့်ထားကြ၏။

မာမိသားစုသည် ဆိုးဝါးသည့်နာမည်တစ်ခု ပိုင်ဆိုင်ထားလေသည်။

စီရင်စုမြို့တွင် ဒီလိုကြင်ဖက်တွေ့သည့် လက်ထပ်ပွဲအစီအစဉ်မျိုးတွင် လူပုဂ္ဂိုလ်၏အခြေအနေများကို ထည့်သွင်းစဉ်းစားရသည့်အပြင် လူကြီးများသည် တစ်ဖက်လူ၏မိသားစုကိုလည်း ပိုပြီးတော့ စိုးရိမ်တတ်ကြလေသည်။

ယနေ့ခေတ်လူများက နာမည်ဂုဏ်သတင်းကို ဂရုစိုက်ရသည့် အကြောင်းအရင်းကလည်း ရှိသည်။ အကယ်၍ တစ်စုံတစ်ယောက်က မကောင်းသည့် နာမည်ဂုဏ်သတင်း တစ်ခုရှိနေလျှင် ကလေးနှင့် မြေးများ၏လက်ထပ်ပွဲက ကြီးကြီးမားမား ထိခိုက်သွားစေနိုင်သည်။

သေးငယ်သည့် နေရာတစ်ခုတွင် ဆွေမျိုးများနှင့် မိတ်ဆွေများအားလုံးက လက်တကမ်းအလိုတွင်သာ နေထိုင်ကြသည်။ သူမ၏ဒုတိယယောက်မဟုန်ကျွမ်းသည် မာမိသားစုနှင့် တစ်နေရာတည်းတွင် နေထိုင်သည့် ဝမ်းကွဲတစ်ယောက်ရှိ၏။ သူမသည် မာမိသားစုအကြောင်း ပြောသည့်အချိန်တွင် ခေါင်းခါမိလေသည်။

ကပ်စီးနဲခြင်း၊ ဇီဇာကြောင်ခြင်း၊ တွပ်ကပ်တတ်ခြင်းအားလုံးက အဆင်ပြေသေးသည်။ အရေးကြီးဆုံးအချက်မှာ သူတို့၏သမီးကို သူတို့၏သားများအား ထောက်ပံ့ပေးဖို့ရန်အတွက် ပြုစုပျိုးထောင်ခဲ့ခြင်းဖြစ်နေသည်။

ဒီလိုမိန်းကလေးမျိုးကို နောက်ပိုင်းတွင်အစ်ကို၊ မောင်များကို ထောက်ပံ့ပေးသည့် မိစ္ဆာမများဟု ခေါ်ကြလေ၏။

အမှန်တွင်တော့ ဒီခေတ်တွင် မြို့ကတစ်ဦးတည်းသော ကလေးများကလွဲလျှင် ကျေးရွာများက မိသားစုအများစုသည် မိန်းကလေးများထက် ယောက်ျားလေးများကို ပိုဦးစားပေးတတ်ကြသည်။ သို့သော်ငြားလည်း အများစုကတော့ ပုံမှန် သမီးများသည် သားများထက်ပိုင်ဆိုင်မှု ပိုလျော့ပြီး ရရှိသော်ငြားလည်း ပုံမှန် တန်းတူသဘောထားပေးသည့် အခြေအနေတစ်ခုရှိသည်။

သမီးတစ်ယောက်က လက်ထပ်ပြီးသွားလျှင် သူတို့အများစုသည် သူမက သူမ၏ယောက်ျားမိသားစုထဲတွင် ကောင်းမွန်သည့် ဘဝတစ်ခုတွင်နေနိုင်ပြီး အများကြီး ဝင်ရောက်စွက်ဖက်တာမျိုး မရှိဖို့ မျှော်လင့်ကြသည်။

ဦးကြီးရှနှင့် ဒေါ်ကြီးရှတို့က အလိုမတူရခြင်းမှာလည်း မာမိသားစုက တစ်ဖက်စွန်းရောက်သည့် မိသားစု ဖြစ်နေခြင်းကြောင့်ပင်။ မည်သို့ဆိုစေ မာလီလီ၏ အိမ်ထောင်ကျသွားသည့် အစ်မ၂ယောက်သည် သူတို့ယောက်ျား၏ မိသားစုများမှ ငွေများကို ခိုးယူပြီး သူတို့၏မိသားစုဆီသို့ ပေးကမ်းသည်ဟု ကောလာဟလ ထွက်ခဲ့ခြင်းကြောင့်ပင်။

သူတို့သည် ဒီလိုမိသားစုတစ်ခုနှင့် ဆွေမျိုးများ ဖြစ်မလာချင်လိုပေ။

သို့သော်ငြားလည်း ရှချွမ်းက မာလီလီကို အလွန်သဘောကျနေပြီး မာလီလီကတော့ သူ၏အစ်မ၂ယောက်နှင့် မတူသည့်အကြောင်းကို တွင်တွင်အာမခံနေ၏။ မာလီလီသည် အသိပညာ ဗဟုသုတရှိပြီး မာမိသားစုမှ အမြဲတမ်း ထွက်ပြေးလာချင်သူဖြစ်သည်။ အနာဂတ်တွင် သူနှင့် စိတ်နှလုံးပေးအပ်ကာ အတူတူ နေထိုင်သွားလိမ့်မည်။

ရှမြန်ကတော့ ရှချွမ်းက ထိုသို့ပြောသည့်အချိန်တွင် အနည်းငယ် နားမလည်နိုင်အောင် ဖြစ်ရသေး၏။

ဒေါ်ကြီးကတော့ သူမ၏စိတ်ကူးများကို တိုက်ရိုက်သာ ဖော်ပြခဲ့သည်။

"မာလီလီက ဆေးပညာကျောင်းတစ်ခုကနေ လက်မှတ်ရထားတာ မဟုတ်လား။ သူက အထက်တန်းကျောင်းပညာရေးကို အကောင်းဆုံးရရှိထားတယ်။ သူ့အတွေ့အကြုံအနေနဲ့ သူက စီရင်စုဆေးရုံက သူနာပြုဆရာမတစ်ယောက်။ သူက စီရင်စုအပြင်ဘက်တောင် ဖြတ်ဖူးသေးတာ မဟုတ်ဘူး။ သူ့မှာဘယ်လိုလုပ်ပြီးတော့ အတွေ့အကြုံ အများကြီးရှိမှာလဲ"

"သူက ကောလိပ်ကျောင်းသူတစ်ယောက်ပါလို့ နင်က ဘာဖြစ်လို့ ပြောနေတာလဲ"

ရှချွမ်းက ပြုံးကာပြောလိုက်၏။ "ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ ဒီလိုလုပ်ဖို့ အခွင့်အရေးမရခဲ့လို့လေ။ အဲဒီလိုမှမဟုတ်ဘူးဆိုရင် သူက ကောလိပ်ကျောင်းသူတစ်ယောက် တစ်ကယ် ဖြစ်လာနိုင်တယ်။ သူက အရမ်းကို ဉာဏ်ကောင်းပြီးတော့ စာတွေလည်း အများကြီး ဖတ်တယ်လေ။ သူ့ရဲ့အသိပညာ ဗဟုသုတကလည်း မြန်မြန်ထက်တောင် နိမ့်မှာမဟုတ်လောက်ဘူး"

ဒေါ်ကြီးက မျက်စောင်းထိုးလိုက်ပြီး အကြီးဆုံးယောက်မနှင့် ဒုတိယယောက်မတို့ကလည်း လုံးဝကို သဘောမတူချေ။ သို့သော်ငြားလည်း ဘယ်သူကမှ ဘာမှမပြောခဲ့ချေ။

အလှတရားဆိုသည်မှာ ကြည့်မြင်သူတို့၏မျက်လုံးထဲတွင်သာ ရှိပေသည်။ မီတာရာချီအောင်ထူထဲသည့် ရေစစ်တစ်ခုသည် အလွယ်တကူ ရှင်းထုတ်နိုင်လိမ့်မည် မဟုတ်ပေ။

ရှချွမ်း၏ ကြိုးစားအားထုတ်မှုကြောင့် ဦးကြီးရှနှင့် ဒေါ်ကြီးရှတို့သည် နှစ်ဖက်မိဘ ပထမဦးဆုံးတွေ့ဆုံဖို့ သဘောတူခဲ့ကြ၏။

သတ်မှတ်ထားသည့်ရက်ကိုတော့ ဒီနေ့ဟု သတ်မှတ်ထားသည်။ ရှမြန်သည် အစတုန်းကတော့ ဘေးတွင်ရပ်ကြည့်နေသူသာ လုပ်ချင်လေသည်။ သို့သော်ငြားလည်း ကိစ္စကနောက်ဆုံးတွင် သူမကို ပါဝင်ပတ်သက်လာစေလိမ့်မည်ဟု ထင်မထားခဲ့ချေ။

ရှမြန်သည် မာလီလီကို မြင်လိုက်သည့်အချိန်တွင် ရှချွမ်းက ဒီကောင်မလေးကို အလွန်သဘောကျရသည့် အကြောင်းအရင်းကို သိရှိသွားတော့၏။

သူမသည် တောက်ပသည့်မျက်နှာတစ်ခု၊ လှပသည့် ခန္ဓာကိုယ်ကောက်ကြောင်းတစ်ခု ပိုင်ဆိုင်ထားပြီး သာမန်ရှေးဆန်ဆန် အဝတ်အစားကပင် သူမ၏ခန္ဓာကိုယ်ပေါ်တွင် တောက်ပပြီး အရောင်သွေး စုံလင်နေလေသည်။ သူမသည် စိတ်မပါသလို အမူအရာတစ်ခုနှင့် အေးစက်စက် သဘောထားတစ်ခုရှိသည်။ ဒီဆန့်ကျင်နေသည့် အရည်အချင်း ‌၂ခုပေါင်းစပ်လိုက်သည့်အခါ တစ်ချက်လောက် ကြည့်လိုက်ရုံနှင့် အလွန်ဆွဲဆောင်မှုရှိနေ၏။ နောက်ပိုင်းမျိုးဆက်များတွင် သူမကို ရေခဲနတ်ဘုရားမလေးဟုပင် ခေါ်ဆိုနိုင်ပေသည်။

ရှချွမ်းသည် တစ်ဖက်လူကို မြင်လိုက်သည့်အချိန်တွင် သူသည် သူ့မျက်လုံးများ ကွေးတက်သွားသည့်အထိ အော်ရယ်လေ၏။ ဦးကြီးရှနှင့် ဒေါ်ကြီးရှတို့ကလည်း ပြုံးလိုက်ပြီး အောင်သွယ်တော်ကို နွေးနွေးထွေးထွေး ဖိတ်ခေါ်လိုက်ကာ အောင်သွယ်တော်နှင့် မာမိသားစုတို့ကို နွေးနွေးထွေးထွေး ဖိတ်ခေါ်ပြီး အထဲဖက်တွင် ၀င်ထိုင်ခိုင်းကြသည်။

မာလီလီက သူမသည် စကားနည်းသူဖြစ်၍လား သို့မဟုတ် တခြားအကြောင်းအရာရှိနေ၍လားတော့ မသိချေ။ သူမ၏အမူအရာက တုံဏှိဘာဝေ ရှိနေလေသည်။

မာမိသားစုဘက်မှ မာအဖေ၊ မာအမေ၊ မာလီလီနှင့် သူမ၏မောင်လေးမာဝမ်၀ူတို့ မိသားစု၄ယောက် ရောက်လာပြီး မာဝမ်ဝူသည် တစ်နှစ်သာငယ်သည်ဟု ဆိုရမည်။

ဒါကြောင့်လည်း ဦးကြီးရှက အမြဲတမ်းဆန့်ကျင်နေရသည့် အကြောင်းအရင်းဖြစ်သည်။ အကြောင်းမှာ မာလီလီ၏ မင်္ဂလာပွဲသည် မာဝမ်၀ူ၏မင်္ဂလာပွဲ၏ အထူးအခွင့်အရေးတစ်ခု သေချာပေါက် ဖြစ်လာမည်ဖြစ်သောကြောင့်ပင်။ မာဝမ်၀ူအတွက် လက်ထပ်ရန် လိုအပ်သည့်အရာအားလုံးသည် မာလီလီ၏မင်္ဂလာပွဲမှတဆင့် သေချာပေါက် အလဲလှယ် ဖြစ်လာလိမ့်မည်။

ဟုတ်ပါသည်။ အစပိုင်းတွင်တော့ သူတို့သည် ယဉ်ယဉ်ကျေးကျေးရှိပြီး မာမိသားစုကလည်း ဣန္ဒြေထိန်းထားနိုင်သေးသဖြင့် အဆင်ပြေနေသယောင်ရှိ၏။ သို့သော်ငြားလည်း သူတို့သည် အချင်းချင်း ဆုတောင်းစကားများ စတင်ပြောဆိုကြသည့် အချိန်တွင်တော့ သတင်းထွက်နေသည့် မိသားစု၏ပုံစံက အပြည့်အဝ ထွက်ပေါ်လာတော့၏။

မာအဖေ၏မျက်လုံးများသည် ရှမိသားစု၏ မိသားစုဝင်အားလုံးဆီသို့ ဝေ့ဝဲသွားပြီး ရှမြန်ဆီသို့ ကျရောက်သွားသည့်အခါ သူတို့၏မျက်လုံးများထဲက တောက်ပသည့် အလင်းရောင်သည် တဖျတ်ဖျတ် လက်သွားတော့၏။

မာအမေသည် အခန်းနှင့်ခြံဝန်းများကို မနေနိုင်ဘဲ ပတ်ကြည့်လေတော့သည်။ သူမသည် လီဖန်နှင့် ဟုန်ကျွမ်းတို့ လက်ထပ်သည့်အချိန်က သူတို့ဘာရရှိခဲ့သည့်အကြောင်း၊ မိသားစုက အနာဂတ်တွင် မည်သို့ ခွဲဝေပေးကြမည့်အကြောင်း၊ မင်္ဂလာလက်ဖွဲ့ကို ရှမိသားစုက မည်သို့ပေးခဲ့သည့်အကြောင်းကို မေးမြန်းလေသည်။

မာလီလီသည် မသိမသာ မျက်မှောင်ကြုတ်သွားပြီး သူမသည် မာအမေကို တားလိုက်ချင်သော်ငြားလည်း မာအမေ၏ ဒေါသဖြင့် အကြည့်ခံ လိုက်ရပြီးသည့်နောက်တွင် သူမသည် ကူကွယ်ရာမဲ့စွာဖြင့် ရှချွမ်းကို လှမ်းကြည့်ရုံသာ တတ်နိုင်လေသည်။

ရှချွမ်းက မျက်လုံးများဖြင့် သူမကို နှစ်သိမ့်ပေးလိုက်၏။

ဒေါ်ကြီး၏ အပြုံးကတော့ မပြောင်းမလဲ တည်ရှိနေဆဲပင်။

"ကျွန်မတို့ရဲ့မိသားစုမှာ သား၃ယောက်ရှိတယ်။ ကျွန်မက သူတို့တစ်ယောက်ချင်းစီအတွက် အားလုံးကို လုပ်ထားပေးပြီးသားပါ။ သူတို့အားလုံးမှာလည်း သူတို့နဲ့ထိုက်တန်တဲ့ ပိုင်ဆိုင်မှုတွေရှိကြပါတယ်"

"ချွေးမတွေဘက်က မိသားစု၂ခုကလည်း အရမ်းကို ကျိုးကြောင်းသင့်ကြပါတယ်။ သူတို့တွေက လက်ဖွဲ့တွေအားလုံးကို ဒီအတိုင်း ပြန်ယူသွားတယ်။ ဘာပဲဖြစ်ဖြစ်လေ ဒီလက်ဖွဲ့ပစ္စည်းတွေနဲ့ တခြားဟာတွေက သူတို့တွေ ဆက်ပြီးတော့ နေထိုင်အသက်ရှင်ဖို့အတွက်ပဲ။ ဒီတော့ စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်တာက အမြဲတမ်း မှန်ကန်ပါတယ်"

သူမ၏ဒေါ်ကြီးက ဒီစကားကို ပြောလိုက်ပြီးသည့်နောက်တွင် မာလီလီ၏ အေးစက်သည့် အမူအရာသည် ပိုလို့ပင် အေးစက်လာ၏။ သူမသည် မည်သူ့ကို မကျေမနပ် ဖြစ်နေသည်ကိုတော့ သေချာမသိနိုင်ချေ။

...

All Chapters