← Chapters

အပိုင်း(၁၅၈)

Vol. 11 Ch. 158

အပိုင်း(၁၅၈)

Vol. 11 Ch. 158

ရှချွမ်းသည် မာလီလီအတွက် အစားအသောက်များကို ဂရုတစိုက် ထည့်ပေးလေ၏။

အရက်ကို၁ငုံ၊ ၂ငုံလောက် သောက်ပြီးသွားသည့်အချိန်တွင် အဖေမာက သက်ပြင်းချကာ ပြောလိုက်၏။

"ကျွန်တော်ရဲ့ တတိယသမီးကလေ ကြွားပြောတာတော့ မဟုတ်ဘူး။ သူက ကလေးဘဝကတည်းက အရမ်းကို လုပ်ရည်ကိုင်ရည်ရှိတာ။ သူက စာကြိုးစားလို့ပဲ ကျွန်တော်ကလည်း သူ့ရဲ့ပညာရေးကို ထောက်ပံ့ပေးဖို့ ကျွန်တော့်မှာရှိသမျှ အရာအားလုံးကို ရောင်းချခဲ့တယ်လေ။ သူက နှစ်တိုင်းဆေးပညာကျောင်းစာမေးပွဲမှာ အဆင့်၁ရခဲ့တယ်။ သူက လက်မှတ်ရပြီးတဲ့ နောက်မှာပဲ စီရင်စုဆေးရုံကို ချက်ချင်းဝင်ခဲ့တယ်လေ။ သူ့ရဲ့လစာကလည်း ယောက်ျားတစ်ယောက်ရဲ့ လစာနဲ့ ညီမျှတယ်"

"ရလဒ်အနေနဲ့ သူက စာသင်ယူလေ့လာပြီးတော့ ကိုယ့်ဟာကိုယ် နာမည်တစ်လုံး လုပ်ပြီးသွားတဲ့နောက်မှာပဲ တစ်စုံတစ်ယောက်ရဲ့ အခွင့်ကောင်းယူတာနဲ့ အဆုံးသတ်သွားတယ်လေ"

မာအဖေက ဝမ်းနည်းစွာ ပြောလိုက်၏။ "ဒီတော့ သားတစ်ယောက်ရှိတာက ပိုကောင်းတာပေါ့။ တကယ်လို့ သမီးတစ်ယောက် မွေးထားမယ်ဆိုရင် သူ့ကိုပြုစုပျိုးထောင်ဖို့ အကောင်းဆုံး ကြိုးစားရလိမ့်မယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူ့ကို တခြားတစ်ယောက်ကပဲ ဆက်ပြီးတော့ ပြုစုပျိုးထောင်သွားမှာပဲလေ"

"အဲဒီလိုမထင်ဘူးလား"

အောင်သွယ်တော်က ပြုံးလိုက်ပြီး အခြေအနေကို ဖျန်ဖြေပေးလေသည်။

"လီလီက ဒီနယ်ပယ်မှာ တကယ့်ကို ရှားပါးတဲ့ မိန်းမကောင်းလေး တစ်ယောက်ပါ။ မာမိသားစုက မိန်းကလေးတွေကို ပြုစုပျိုးထောင်တဲ့နေရာမှာ တကယ်ကို တော်ပါပေတယ်"

မာအဖေက အဓိပ္ပာယ်မရှိသည့်အရာများ ပြောနေသည်ကို အားလုံးက သိပေသည်။ သူသည် သူ၏အဆင့်အတန်းကို မြှင့်ဖို့ကြိုးစားနေသည်မှာ သိသာပြီး သတို့သမီးတန်ကြေးကို ငွေပမာဏ အမြောက်အများ တောင်းဆိုဖို့ ပြင်ဆင်နေခြင်းဖြစ်သည်။

မာဝမ်၀ူကလည်း သူ့အစ်မကို တွန်းတင်ပေးလေသည်။

"မဟုတ်လို့လား။ ဟောက်ရွှီဖုန်းက ကျွန်တော့်အစ်မကို ရုပ်ရှင်ရိုက်ဖို့ နန်ချန်က ရိုက်ကူးရေးအဖွဲ့ဆီ ပို့ပေးမယ်လို့ ကတိပေးထားခဲ့သေးတယ်လေ"

"ဒါရိုက်တာက သူ့ကိုမြင်သွားပြီး ကျွန်တော့်အစ်မမှာ ငယ်ရွယ်နုပျိုတဲ့ မိန်းမလှလေးတစ်ယောက်ရဲ့ ကိုယ်နေဟန်ထား ရှိတယ်လို့ ပြောတယ်လေ။ သူက နောက်ဆိုရင် နာမည်ကြီး ကြယ်ပွင့်တစ်ယောက် ဖြစ်လာနိုင်တယ်တဲ့"

"နာမည်ကြီး ကြယ်ပွင့်တွေက အနည်းဆုံးတစ်လကို ယွမ်ထောင်ချီတော့ ရတယ်မဟုတ်လား"

သူသည် ဒီစကားကို ပြောလိုက်သည့်အချိန်တွင် ရှမြန်ကို ပြုံးကာ ပြောလိုက်၏။

"မင်းလည်း အရမ်းကို ချောတာပဲ။ တကယ်လို့ မင်းသာ ရုပ်ရှင်တစ်ခုမှာ သရုပ်ဆောင်ချင်တယ်ဆိုရင် ငါ မင်းအတွက် တောင်းဆိုပေးလို့ရပါတယ်"

"မလိုပါဘူး" ရှမြန်က အေးစက်စက်ပြောလိုက်၏။ "ကျွန်မက ကြယ်ပွင့်တစ်ယောက် မဖြစ်ချင်ဘူး"

မာလီလီသည် ရှမြန်ကို မော့ကြည့်လိုက်၏။

ရှချွမ်းက မျက်မှောင်ကြုတ်လိုက်ကာ မာလီလီကို ကြည့်လိုက်လေသည်။ "ဟောက်ယိုထိုက မင်းကို ရုပ်ရှင်တစ်ခုနဲ့ မိတ်ဆက်ပေးတာ ဟုတ်လား"

မာလီလီသည် သူမ၏နှုတ်ခမ်းထောင့်ကို ချိုးနှိမ်ဖို့ကြိုးစားရင်း တည်ငြိမ်ချင်ဟန်ဆောင်ပြီး ပြောလိုက်၏။

"အခုထိတော့ မဆုံးဖြတ်ရသေးပါဘူး။ နန်ချန်က ရုပ်ရှင်ရိုက်ကူးနေတဲ့ဒါရိုက်တာက အမျိုးသမီး သရုပ်ဆောင်တွေကို ရွေးချယ်ချင်သေးတယ်လို့ ပြောထားတယ် မဟုတ်လား။ ကျွန်မ လူရွေးပွဲ သွားခဲ့သေးတယ်လေ။ ဒါရိုက်တာကတော့ ကျွန်မက အဆင်ပြေတယ်လို့ ပြောတာပဲ"

အဓိက အကြောင်းအရာကို ဒီအတိုင်း ရှောင်ချင်တာဆိုရင်တော့ အဆင်ပြေသေးတယ်လေ။ ဒါပေမဲ့ ဒါကတော့ အဓိပ္ပာယ်မရှိပါဘူး။

ရှမြန်သည် ရှချွမ်းနှင့် မာလီလီတို့၏ဆက်ဆံရေးက အောင်မြင်လိမ့်မည်မဟုတ်ဟု စိတ်ထင်နေမိ၏။ ပြဿနာက မာမိသားစုကြောင့် မဟုတ်ဘဲ ဒီမိန်းကလေးကြောင့်သာ ဖြစ်လေသည်။ သူသည် ဒီအဆင့်အတန်းတွင် ကျေနပ်မည့်သူတစ်ယောက် မဟုတ်သည်မှာ သိသာသည်။

ရုပ်ရှင်တစ်ခုကို နန်ချန်တွင် ရိုက်ကူးရေးလုပ်နေသည်ကို မင်ရှီစီရင်စုက လူအားလုံးသိကြသည်။ နောက်ဆုံး အလွန်လက်လှမ်းမမှီဟန်တူသည့် တစ်စုံတစ်ခုလို ဖြစ်နေသည့် တီဗီရိုက်ကူးရေးတစ်ခုသည် သူတို့၏မျက်စိရှေ့တည့်တည့်တွင် တိုက်တိုက်ဆိုင်ဆိုင် ရောက်နေပြီဖြစ်ရာ မြို့ငယ်လေးတစ်ခုက လူများသည် မည်သို့များ စိတ်မလှုပ်ရှားဘဲနေပါမည်နည်း။

ရိုက်ကူးရေးအဖွဲ့သည် ဗိသုကာလက်ရာဝင်းတစ်ခုကို ငှားရမ်းထားပြီး ရိုက်ကူးရေးအဖွဲ့သည် ကျာမိသားစု၏ ဗိသုကာလက်ရာနှင့် ဘိုးဘေးခန်းမတစ်ခုကို ငှားရမ်းထားခဲ့သည်။ ဒါသည် မင်ရှီစီရင်စုက သက်တမ်းအရင့်ဆုံး မိသားစုတစ်ခုဖြစ်၏။ သူတို့သည် ရှေးခေတ်တရုတ်ပြည် အကြောင်းရိုက်ကူးထားသည့် ဇာတ်လမ်းတစ်ခုကို ရိုက်ကူးနေဟန်တူသည်။

ရိုက်ကူးရေးအဖွဲ့ ပထမဦးဆုံးရောက်လာသည့်အချိန်တွင် မြို့ထဲက အလုပ်အားနေသူများက တစ်နေ့လုံး အုံလိုက်ကျင်းလိုက် သွားရောက်ကြည့်ရှုကြပြီး အခြေအနေကို တဖြည်းဖြည်း တည်ငြိမ်အောင်လုပ်ဖို့ရန် လဝက်လောက် အချိန်ပေးလိုက်ရသည်။

ရှမြန် ပြန်ရောက်လာသည့်အချိန်တွင် ရှချွမ်းကာ သူမနှင့် ရှောင်ဖုန်းတို့ကိုခေါ်ကာ ထူးဆန်းသည့် အရာများကို သွားကြည့်မည်ဟုပင် စဉ်းစားထားသေးသည်။

သို့သော်ငြားလည်း ထိုအရာများက အရမ်းကြီး စိတ်ဝင်စားဖို့ ကောင်းနေသည်တော့ မဟုတ်ချေ။ မောက်ကျစ်ရှန်းသည် ယန်မြို့တွင် ရိုက်ကူးရေးလုပ်နေစဉ်အချိန်က သူ့မိသားစုဝင်များကလည်း ထိုအကြောင်းကို စိတ်ဝင်စားကြပြီး ရိုက်ကူးရေးနေရာသို့ သွားရောက်လည်ပတ်ရန် အချိန်ပေးခဲ့ကြသေးသည်။

မာဝမ်၀ူပြောသည့် ဟောက်ရွှီဖုန်းနှင့် ရှချွမ်းပြောသည့် ဟောက်ယိုထိုတို့သည် မောက်ဟွေ့မေကို လက်ထပ်ဖို့ရန် ကြိုးစားခဲ့ကြသူများဖြစ်ပြီး မင်ရှီစီရင်စုက အချမ်းသာဆုံးလူ၏ သားများဖြစ်သည်။

မောက်ဟွေ့မေ၏မိသားစု ပျောက်ဆုံးသွားခဲ့ပြီးနောက်တွင် ဟောက်မိသားစုသည် မောက်မိသားစုကို ကောင်းကောင်းလေး ပညာပေးခဲ့ပြီး မောက်မိသားစု၏ အကြီးဆုံးသမီးဖြစ်သူ မောက်ဟွေ့ဟယ်ကို မောက်ဟွေ့မေကိုယ်စား ဟောက်ရွှီဖုန်းနှင့် လက်ထပ်ဖို့ရန် ဖိအားပေးခဲ့သေးသည်။

ရှမြန်သည် ထိုအကြောင်းကို ပထမဦးဆုံး ကြားလိုက်သည့်အချိန်က အံ့သြသွားမိသေးသည်။ သူမက ရှချွမ်းကို မေးလိုက်၏။

"ဟောက်မိသားစုက ဘာဖြစ်လို့ ဒါကိုလုပ်နေတာလဲ။ အဲဒီ မောက်ဟွေ့ဟယ်ကရော အရမ်းလှလို့လား"

ရှချွမ်းက ပြောသည်။ "သာမာန်လေးပါပဲ။ အစ်မဟွေ့မေကိုတော့ လုံးဝမမှီဘူးလေ"

ဒါကြောင့်ပင် ရှမြန်က နားမလည်နိုင်ခြင်းဖြစ်သည်။

"သူ့မိသားစုက အချမ်းသာဆုံး မိသားစုပဲလေ။ အဆင့်အတန်းတူတဲ့ တစ်စုံတစ်ယောက်ကို လက်ထပ်တာက သူ့အတွက် ပိုကောင်းတယ် မဟုတ်လား။ အနည်းဆုံးတော့ ဒါက အကူအညီ ဖြစ်နိုင်ဦးမယ်"

ရှချွမ်းကပြောလိုက်သည်။ "ဟောက်ယိုထိုက အဲဒီလိုလူပဲလေ။ တကယ်လို့ သူက အဆင့်အတန်းတူတဲ့ တစ်စုံတစ်ယောက်ကို တကယ်တမ်း လက်ထပ်ခဲ့မယ်ဆိုရင် သူက ရန်သူတစ်ယောက် သေချာပေါက် ဖြစ်လာလိမ့်မယ်"

"သူက ဟောက်လင်မယားရဲ့ အလိုလိုက်ခံထားရတာလေ။ သူက စီရင်စုထဲမှာ လုံးဝကိုဥပဒေမဲ့ပြုမူပြီး သူ လိုချင်တဲ့မိန်းမတိုင်းကို ရအောင်ယူထားတာ"

"ဟောက်သခင်ကြီးဖြစ်တဲ့ အချမ်းသာဆုံးသူကလည်း ဒီကိစ္စကို ထပ်ပြီးတော့ ဂရုမစိုက်နိုင်တော့ဘူးလေ။ ဒီတော့ သူကလည်း ဟောက်ယိုထိုကို အိမ်ထောင်ပြုစေချင်ပြီး မြေး တယောက်ရချင်တာ။ ပြီးတော့ အဲဒီမြေးကို ပြုစုပျိုးထောင်ပြီး မိသားစုစီးပွားရေးကို လက်လွှဲယူစေချင်တာ"

"ဟောက်ယိုထိုရဲ့ အကျင့်စရိုက်နဲ့ဆိုရင် သူက နောက်ခံတောင့်တင်းတဲ့ မိန်းမတစ်ယောက်ကို လုံးဝလက်ထပ်လို့ မဖြစ်ဘူးလေ။ အဲဒီလိုမှမဟုတ်ဘူးဆိုရင် သူ ပြဿနာရှာမှဖြင့် ဒုက္ခရောက်သွားလိမ့်မယ်"

ရှမြန်သည် အနည်းငယ် ကြောက်ရွံသလို ခံစားလိုက်ရ၏။ "ဒီတော့ သူတို့တွေက ကလေးမွေးဖို့ တစ်စုံတစ်ယောက်ကို ဒီအတိုင်း လက်ထပ်ချင်တာပေါ့ ဟုတ်လား"

"အမှန်ပဲ" ရှချွမ်းက မနေနိုင်ဘဲ ကိုယ်ချင်းစာမိလေသည်။ "အဲဒီမောက်ဟွေ့ဟယ်က တော်တော်လေး သနားစရာ ကောင်းပါတယ်။ ဟောက်မိသားစုက မောက်မိသားစုကို ဖိအားပေးခဲ့တယ်လေ။ ဟောက်ယိုထိုကလည်း သူ စိတ်ရှိတဲ့အချိန်တိုင်း သူ့ကို ရိုက်နှက်နိုင်တယ်။ မောက်ဟွေ့ဟယ်ကလည်း စကားတစ်ခွန်းမှတောင် မပြောရဲဘူး။ တစ်ချိန်တုန်းက သူဆေးရုံပေါ်မှာ တစ်လကျော်လောက်တောင် နေလိုက်ရတယ်လို့ ကြားခဲ့တယ်"

"ဟောက်ယိုထိုက သူ့ကို ဒီအတိုင်းအမည်ခံသက်သက်ပဲ ဆက်ဆံတာပါ။ အပြင်မှာ လှည့်ပြီးပျော်ပါးဖို့ မိန်းမတွေကို ပတ်ရှာနေတတ်တယ်လေ"

"မောက်ဟွေ့ဟယ် ကလေးမွေးပြီး မီးတွင်းထဲမှာတုန်းက အဲ့ဒီဟောက်ယိုထိုက မိန်းမတွေကို အိမ်ခေါ်လာပြီးတော့ အိပ်ခန်းထဲမှာ ကျီစယ်ပျော်မြူးခဲ့သေးတယ်တဲ့လေ။ မောက်ဟွေ့ဟယ်နဲ့ မောက်မိသားစုက စကားတစ်ခွန်းမှတောင် မပြောရဲခဲ့ဘူးတဲ့"

ရှမြန်မှာ တအံ့တဩ ဖြစ်ရတော့သည်။ "သူဌေးကြီးဟောက်ကရော ဂရုမစိုက်ဘူးလား"

ရှချွမ်းက ပြောလိုက်သည်။ "ဒါက ကိုင်တွယ်ဖြေရှင်းလို့ရတဲ့ ကိစ္စပဲလေ။ သူက ဟောက်ယိုထိုကို ရက်ရက်စက်စက် အပြစ်မပေးချင်ဘူး။ ဒီတော့ နောက်ဆုံးကျတော့လည်း သူကဒီအတိုင်းပဲ ကျော်သွားပေးလိုက်ရတာပဲ မဟုတ်လား"

"ဘယ်သူ့သမီးကို ဒီလိုလက်ထပ်ပြီးတော့ ဆိုးဆိုးဝါးဝါး ဆက်ဆံနိုင်မှာမလို့လဲ။ မောက်ဟွေ့ဟယ်က သူ ဆန္ဒရှိတယ်ဆိုရင်တောင် ကွာရှင်းနိုင်မှာ မဟုတ်ဘူးလေ။ ဟောက်မိသားစုက သူ့ကို အလွတ်ပေးမှာမဟုတ်သလို ဟောက်ယိုထိုကလည်း

အဲ့ဒီလို မလုပ်ချင်ဘူးလေ"

ဒီကိစ္စသည် ရှမြန်ကို အမှန်တကယ်ပင် အထိတ်တလန့် ဖြစ်ရစေသော်ငြားလည်း နောက်ပိုင်းတော့ ထိုအကြောင်းအရာကို သူမ စိတ်ထဲက ထုတ်ထားလိုက်တော့သည်။ မည်သို့ဆိုစေ ထိုဟောက်ယိုထိုသည် မောက်ဟွေ့မေအကြောင်းကို မေ့သွားလောက်ပြီဖြစ်၏။

မောက်မိသားစုကလည်း သူတို့လုပ်ခဲ့သည့်အရာအတွက် ကိုယ်တိုင် ပြန်ခံစားဖို့ရန်ထိုက်တန်သည်။ အကယ်၍ မောက်ဟွေ့ဟယ်သည် အမှန်တကယ် လက်စားချေဖို့ရန် စိတ်ဆန္ဒရှိခဲ့လျှင် သူမသည် အဘွားကြီးမောက်ကို သွားရှာသင့်ပေသည်။

ဒီကိစ္စနှင့်ပတ်သက်ပြီး ဟောက်ရွှီဖုန်းအကြောင်းကိုလည်း ကြားရလိမ့်မည်ဟု မျှော်လင့်မထားမိချေ။

သူဌေးကြီးဟောက်သည် ရိုက်ကူးရေးအဖွဲ့ ဒါရိုက်တာနှင့် အဆက်အသွယ်များရှိရမည်။ နောက်ဆုံး ဟောက်မိသားစုသည် ချမ်းသာပြီး ဒါရိုက်တာက ငွေလိုအပ်သည်။ ထို့ကြောင့် သူသည် မှန်ကန်သည့် ရင်းနှီးမြှုပ်နှံမှုကို လက်လွတ်ခံလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် ဟောက်ရွှီဖုန်းက သရုပ်ဆောင်မင်းသမီး ရွေးချယ်ဖို့ အစီအစဉ်တစ်ခုကို အသုံးချပြီး နေရာတိုင်းက ငယ်ရွယ်သည့်မိန်းကလေးများကို မျှားခေါ်ဖို့ရန် နာမည်ကြီးကြယ်ပွင့်များကို ပြုစုပျိုးထောင်မည်ဟု ဆိုခြင်းဖြစ်၏။

မာဝမ်၀ူက ဟောက်ရွှီဖုန်းအကြောင်းကို ထုတ်ပြောလိုက်ပြီး မာလီလီကလည်း သူမသည် ဒါရိုက်တာနှင့် တွေ့ဆုံပြီးဖြစ်ခဲ့သည်ဟု ပြောသည်။ ဒါသည် သူမက ဟောက်ရွှီဖုန်းနှင့် အဆက်အသွယ် ရှိနှင့်ပြီးသားဟူသည့် အဓိပ္ပာယ်ပင်။

ဒီမိန်းကလေးက မာမိသားစုမှ ထွက်ပြေးချင်သည်ကလည်း အမှန်ပင်ဖြစ်သည်။

သို့သော်ငြားလည်း သူမသည် သူမကိုယ်တိုင်အတွက် လမ်းပေါင်းများစွာကို ပြင်ဆင်ထားသင့်ပေသည်။ ရှချွမ်းက သူမ၏နောက်ဆုံးလမ်းလား။ ပထမဦးဆုံးရွေးချယ်မှုလား။ သို့မဟုတ် ခြေနင်းတုံးတစ်ခု သက်သက်လားဆိုသည်ကိုတော့ မသိနိုင်ချေ။

ချစ်စိတ်မွှန်နေသည့် ရှချွမ်းကတော့ ဒီကိစ္စများကို သေချာပေါက် စဉ်းစားမိလိမ့်မည် မဟုတ်ချေ။ သူသည် ဒီအတိုင်းပြုံးကာ အကြံပေးလိုက်၏။ "ရုပ်ရှင်ရိုက်ကူးတယ်ဆိုတာ အဲဒီလောက် မရိုးရှင်းပါဘူး။ ဒါက အတတ်ပညာဆိုင်ရာ လေ့ကျင့်မှုတွေလည်း လိုအပ်သေးတယ်။ အခု ဟောက်ယိုထိုက နေရာတိုင်းက မိန်းမလှလေးတွေကို လှည့်စားနေတယ်လို့ သိထားကြတယ်။ လီလီ မင်း ပိုပြီးတော့ ဂရုစိုက်သင့်တယ်နော်။ သူနာပြုဆရာမ တစ်ယောက်လုပ်တာက ပိုပြီးတော့ကောင်းတာပဲ မဟုတ်လား"

မာဝမ်၀ူက ချက်ချင်းဆိုသလို ဒေါသတကြီးဖြင့် ပြောလိုက်၏။ "မင်းက ဘာအဓိပ္ပာယ်လဲ။ ငါ့အစ်မကို အဲ့ဒီမိန်းမတွေနဲ့ ဘယ်လိုလုပ်ပြီးတော့ နှိုင်းယှဉ်ရတာလဲ။ ငါအစ်မက ဒါရိုက်တာနဲ့တောင် တွေ့ပြီးသွားပြီ။ ဒါရိုက်တာကတောင် ပြောတယ်။ အစ်မမှာ ကောင်းမွန်တဲ့စိတ်နေသဘောထားနဲ့ ကိုယ်နေဟန်ပန်တွေ ရှိတယ်တဲ့"

မာလီလီသည် နှုတ်ဆိတ်ကာ ဆက်နေပြီး မငြင်းပယ်ခဲ့ချေ။ သူမသည် ကိုယ့်ဟာကိုယ် အလွန်ယုံကြည်မှု ရှိနေသည်မှာ သိသာ၏။

အောင်သွယ်တော်သည် ဦးကြီးရှနှင့် ဒေါ်ကြီးရှတို့၏အမူအရာက ညှိုးငယ်သွားသည်ကို မြင်လိုက်ရသည့်အခါ ချက်ချင်းဆိုသလို စကားလမ်းကြောင်း ပြောင်းလိုက်တော့၏။

"ဒီအကြောင်းတွေ မပြောကြရအောင်ပါ။ ဒါက အဓိပ္ပာယ်မရှိတဲ့ ကိစ္စတစ်ခုပဲလေ။ ကျွန်မတို့တွေက ကလေး၂ယောက်ရဲ့ မင်္ဂလာပွဲအကြောင်း ပြောနေကြတာမဟုတ်လား"

"မင်္ဂလာပွဲကိစ္စကိုတော့ အလျင်လိုစရာမလိုပါဘူး" အဖေမာသည် မာလီလီအပေါ်တွင် ကြီးစွာသော ယုံကြည်ချက် ရှိဟန်တူ၏။ သူသည် အလွန်ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်လေသည်။

"ကျွန်တော်တို့တွေက ဒီအတိုင်းအလည်လာပြီးတော့ စကားစမြည် ပြောရုံသက်သက်ပါပဲ"

သူက ရှမြန်ကို ကြည့်ကာ ပြုံးလိုက်လေသည်။

"ဒါက ယန်မြို့ကို စာသင်ဖို့ခေါ်သွားခံရတဲ့ ခင်ဗျားတို့ရဲ့တူမလေး မဟုတ်လား။ လူချမ်းသာ တစ်ယောက်ကို ကယ်တင်ပေးခဲ့တာဆို"

လေသံက တော်တော်လေးကို ထူးဆန်းနေသည်။

ရှမိသားစုဝင်များသည် ဘာတစ်ခုမှ မပြောချေ။ ဒေါ်ကြီးကတော့ ပြုံးကာ ပြောလိုက်၏။ "သူက ကျွန်မရဲ့တူမလေးပါ။ သူက ယန်မြို့မှာ ကျောင်းတက်နေတာ"

မာအမေသည် စိတ်ဝင်တစားဖြ င့်ရှမြန်ကို ချက်ချင်းမေးမြန်းတော့သည်။

"ယန်မြို့က အဲဒီလူချမ်းသာမိသားစုနဲ့ အတူတူနေတာလား"

"သူတို့တွေက တီဗီထဲမှာပြသလို စားသောက်ကြတာလား။ အစားအသောက်တွေကိုလည်း ပန်းကန်ထဲမှာ တည်ခင်းပြီးတော့ စားကြတာလား"

"ယန်မြို့မှာ ကျောင်းတက်တယ်ဆိုတော့ စျေးသက်သာမှာ မဟုတ်ဘူးနော် ဟုတ်တယ်မလား။ တစ်နှစ်ကို ကျောင်းလခ ဘယ်လောက်ပေးရလဲ"

"အထက်တန်းကျောင်းမှာ ဘယ်နှစ်ရောက်ပြီလဲ။ အထက်တန်းကျောင်း ပြီးတော့မှာလား"

ရှမြန်က ဘာမှမပြောဘဲ ဒီအတိုင်းသာ စားသောက်နေလိုက်သည်။ ဒေါ်ကြီးကတော့ မာအမေအတွက် အသားတစ်တုံးကို ကောက်ထည့်ပေးလိုက်ကာ အပြုံးဖြင့် ပြောလိုက်၏။

"အစ်မကြီး များများစားနော်"

အသားကို ပါးစပ်အပြည့် စားလိုက်ပြီးသည့်နောက်တွင် မာအမေက ဆက်ပြောပြန်သည်။

"ရှင့်ရဲ့တူမလေးက အရမ်းကံကောင်းတာပဲ။ သူက လူချမ်းသာတစ်ယောက်ကို ကယ်တင်ပေးခဲ့တယ်။ ကျန်တဲ့ဘဝတစ်လျှောက်လုံးအတွက် အစားအသောက်နဲ့ ပတ်သက်ပြီး လုံးဝစိတ်ပူစရာမလိုတော့ဘူး"

ရှမြန်သည် မည်သို့ ညည်းညူရမည်မှန်း မသိတော့ချေ။ ကြည့်ရသည်မှာ တခြားလူများ၏ ကံဆိုးခြင်းက လူချမ်းသာတစ်ယောက်ကို မတော်တဆတွေ့ဆုံရသည့် သူမ၏ကံကောင်းခြင်း ဖြစ်လာဟန်တူသည်။

ဒါက မပြီးသေးချေ။ မာအမေကပြုံးကာ သက်ပြင်းချလိုက်၏။

"ဒီမိန်းကလေးက အရမ်းကို ချောမောတာပဲ။ သူက ကျွန်မတို့ရဲ့လီလီထက် လုံးဝမနိမ့်ဘူး။ သူက ကောင်းမွန်တဲ့ ချမ်းသာမှုတစ်ခုကို သေချာပေါက်ရလိမ့်မယ်"

မာဝမ်၀ူသည် သူမဘေးကနေ၍ တဆတ်ဆတ် ခေါင်းညိတ်ကာ သဘောတူနေပြီး မညီညာသည့်သွားများ အပြည့်ဖြင့် သူမကို သွားဖြီးပြပြီး ပြုံးနေကာ ရှမြန်မှာ အမှန်ပင် သွားယားလာတော့သည်။

ရှချွမ်းအတွက်ကြောင့်သာ မဟုတ်လျှင် သူမသည် ပန်းကန်လုံးဖြင့် သူ့ကို အမှန်ပင် ပစ်ပေါက်ချင်နေမိ၏။

"ဒါနဲ့စကားမစပ် ဒီဟင်းလျာ၂မျိုးကိုလည်း ဒီမိန်းကလေးက လုပ်ထားတာလို့ အခုပဲ ကြားလိုက်သလားလို့" မာအမေသည် လုံးဝကို ကျေနပ်နေသည့်လေသံတစ်ခုဖြင့် ပြောလိုက်၏။

"သူက တော်တော်လေးကို လုပ်ရည်ကိုင်ရည်ရှိတာပဲ။ ဒါကိုလည်း ချမ်းသာတဲ့မိသားစုတစ်ခုကနေ သင်ယူထားခဲ့တာလား"

"နင်က အရမ်းကို အရည်အချင်းရှိတာပဲ။ တခြားသူတွေကို ဘယ်လို ဧည့်ခံပေးရမလဲဆိုတာကိုလည်း သိတယ်။ ကိစ္စတွေကိုလည်း ကိုင်တွယ်နိုင်တဲ့ပုံပေါ်တယ်။ လူတွေကတော့ နင့်ကို ကျိန်းသေပေါက် သဘောကျမှာသေချာတယ်"

"နင် အထက်တန်းကျောင်းကနေ ဘွဲ့လက်မှတ်ရတဲ့အချိန်ကျရင် ယန်မြို့မှာ နင့်အတွက် အလုပ်တစ်ခု ရှာပေးမယ်လေ။ အဲဒီအချိန်ကစပြီး နင်လည်း ယန်မြို့က တိုက်ခန်းတစ်ခုမှာ နေလို့ရတာပေါ့"

"ဒါပေမဲ့ ယန်မြို့မှာ မိန်းကလေးတစ်ယောက်တည်း နေထိုင်ရတာတော့ မကောင်းပါဘူး။ ဆွေမျိုးဖြစ်ဖြစ် မိတ်ဆွေသူငယ်ချင်းဖြစ်ဖြစ် ကူညီပေးတာက ပိုပြီးတော့ ကောင်းမွန်လိမ့်မယ်"

အဖေမာက ပြောလိုက်၏။ "ဟုတ်တယ် သိတယ်မဟုတ်လား။ အပြင်မှာ အလုပ်လုပ်နေကြတဲ့သူတွေက အတူတူတွဲပြီးတော့ ပူးပေါင်းနေသင့်တယ်လေ။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် တခြားလူတွေရဲ့ အနိုင်ကျင့်ခံရဖို့ ပိုပြီးတော့ လွယ်ကူတယ်"

"ငါတို့မိသားစုရဲ့ဝမ်ဝူက..."

ဦးကြီးရှက မာအမေ၏စကားကို ဖြတ်ပြောလိုက်၏။

"မြန့်မြန် နင့်မှာ တခြားလုပ်စရာ ကိစ္စတွေရှိသေးတယ် မဟုတ်လား။ အရင်ဆုံး သွားပြီးတော့ လုပ်လိုက်တော့လေ"

ဒေါ်ကြီးကလည်း ပြောလိုက်သည်။ "ဟုတ်တယ် မြန်မြန်သွားတော့"

မာအမေက ပြောလိုက်၏။ "ဘာဖြစ်နိုင်မှာမလို့လဲ။ ငါတို့တွေက စားသောက်လို့တောင် မပြီးသေးပါဘူး။ ဝမ်၀ူကို ကူညီခိုင်းလိုက်မယ်ဆိုရင်ရော..."

"မလိုပါဘူး" ရှဟယ်သည် ထရပ်လိုက်ကာ မာဝမ်၀ူရှေ့တွင် ရပ်လိုက်ပြီး သူ့ပခုံးကိုဖိကာ ပြန်ထိုင်ချခိုင်းလိုက်၏။ "ခင်ဗျားတို့တွေက ဧည့်သည်တွေပဲ။ ဘယ်လိုလုပ်ပြီးတော့ အလုပ်လုပ် ခိုင်းလို့ရမှာလဲ။ စားကြပါ"

မာဝမ်၀ူသည် မလှုပ်နိုင်တော့ဘဲ ရှမြန်ထွက်သွားသည်ကိုသာ ဒီအတိုင်းကြည့်နေရ၏။

ရှမြန် အိမ်ပြန်သွားပြီးသည့်နောက်တွင် သူမသည် ဒီကိစ္စကိုစဉ်းစားလေလေ ပိုပြီးအဓိပ္ပာယ်မဲ့လာသလို ခံစားရလေလေဖြစ်သဖြင့် သူမက နဉ်ရှောက်ပိုင်ကို ဖုန်းခေါ်ဖို့ ဆုံးဖြတ်လိုက်၏။

သို့သော်ငြားလည်း သူမ၏ဒေါက်တာနဥ်က သူမကို လာကြိုပေးနေသည့်အကြောင်းကို သိနေသည့်အတွက် သူမသည် ယခုတော့ အများကြီး ပိုပြီးစိတ်ခံစားချက် ကောင်းမွန်လာလေသည်။

ဟုန်ကျွမ်းက ရှမြန်ရှေ့သို့ ပန်းကန်လုံးများကိုယူလာပြီး သက်ပြင်းချလိုက်၏။

"ဒီမာမိသားစုက တကယ့်ကို မကောင်းတာပဲ။ မာလီလီက တော်တော်လေး လှတယ်လို့ ငါ ထင်ထားတာ။ ဒါပေမဲ့ ကြည့်ရတာ သူကလည်း ရည်ရွယ်ချက်ကြီးတဲ့ပုံပဲ"

လီဖန်ကလည်း ဒါကိုတွေ့လေသည်။ "တတိယမောင်လေးကို နားချလို့မရမှာဘဲ စိုးရိမ်မိတယ်"

ဟုန်ကျွမ်းက ပြောလိုက်သည်။ "သူ့ကို တကယ်နားချလို့ရမှာ မဟုတ်ဘူး။ တခြားလူတွေကတော့ သူ့ကိုအသုံးချပြီး ပိုပြီးမြင့်တဲ့ကိုင်းကို ရွှေ့ချင်နေတာလေ"

"ဟောက်ရွှီဖုန်းကလည်း အားကိုးလို့ရတဲ့သူ မဟုတ်ဘူးဆိုတာ သူ သိပုံပေါ်တယ်။ ဒါကြောင့်မလို့ သူက ငါတို့ရဲ့တတိယမောင်လေးဆီကို လာတာပေါ့"

မျှော်လင့်ထားသည့်အတိုင်းပင် အားလုံးက တစ်ပုံစံတည်း ခန့်မှန်းမိကြသော်ငြားလည်း အချစ်ကြောင့် မျက်ကန်းဖြစ်နေပြီး ချစ်စိတ်မွှန်နေသည့် ရှချွမ်းကတော့ မပါချေ။

"သူ့ရဲ့အတွေးတွေကလည်း မြန့်မြန်နဲ့ လိုက်သွားဖို့ စဉ်းစားနေတာပဲ ဖြစ်ရမယ်"

ဟုန်ကျွမ်းက မေးလိုက်၏။ "ပြောချင်တာက သူက မြန့်မြန်ကို သူ့ကို ယန်မြို့ကိုခေါ်သွားဖို့ ပြောချင်နေတာလား"

သူတို့၃ယောက်က စကားပြောနေသည့်အချိန်တွင် ရှချွမ်းသည် မာလီလီကို အိမ်တံခါးဆီသို့ ခေါ်လာခဲ့တော့၏။

...

All Chapters