← Chapters

အပိုင်း(၁၅၉)

Vol. 11 Ch. 159

အပိုင်း(၁၅၉)

Vol. 11 Ch. 159

ရှမြန်နှင့် တခြားသူများသည် ချက်ချင်းဆိုသလို ငြိမ်ကြသွားတော့သည်။

ရှချွမ်းသည် လိုက်ကာကို ပင့်ကာဝင်လာပြီး ရှမြန်ကို ကို့ယို့ကားယားဖြင့် ပြောလိုက်၏။

"မြန့်မြန် ငါ တောင်းပန်ပါတယ်နော်။ စိတ်ထဲမှာမထားပါနဲ့"

မာလီလီ၏ အမူအရာက ထိုမျှလောက် မအေးစက်တော့သော်ငြားလည်း နည်းနည်းလေးတော့ ဝမ်းနည်းသယောင် ရှိနေ၏။

"ရှမြန် ကျွန်မ တောင်းပန်ပါတယ်နော်။ ဒီလို မိဘမျိုး ရှိနေတာက ကျွန်မရဲ့အမှားပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မလည်း မတတ်နိုင်လို့ပါ..."

ရှမြန်သည် ရုတ်တရက်ဆိုသလို လင်းသိုက်ယွိကို တွေ့လိုက်ရသည်ဟု ခံစားရတော့၏...

ရှချွမ်းကလည်း ရှင်းပြလေသည်။

"နင်တို့အားလုံးလည်း လီလီရဲ့အခြေအနေကို သိကြပါတယ်။ အခု သူ့ရဲ့မိဘတွေက သူ့ရဲ့မင်္ဂလာပွဲကို ထိန်းချုပ်ထားတာလေ။ လီလီကလည်း သူတို့စကားကို နားထောင်ရတာကလွဲပြီး တခြားရွေးစရာမရှိလို့ပါ"

ရှမြန်က ပြုံးကာပြောလိုက်၏။ "ရပါတယ်။ ဒီကိစ္စက အစ်မလီလီနဲ့ ဘာမှမဆိုင်ပါဘူး"

"ကျွန်မ တကယ် တောင်းပန်ပါတယ်နော်" မာလီလီသည် ကူကယ်ရာမဲ့စွာ ပြောလေ၏။ "ကျွန်မ သူတို့တွေကို ဘယ်လောက်တောင် ဖယ်ရှားပစ်ချင်တယ်ဆိုတာ ဘုရားရှင်ကပဲ သိမှာပါ"

ရှချွမ်းက ချက်ချင်းဆိုသလို စိတ်မကောင်းဖြစ်သွားလေသည်။ "ရပါတယ်။ မင်းကိုယ့်ကို လက်ထပ်ပြီးတဲ့အထိသာ စောင့်လိုက်ပါ"

မာလီလီသည် မသိမသာ ရှက်သွေးဖြာသွားပြီးပြုံးကာ ရှချွမ်းကို လှမ်းရိုက်လိုက်၏။ "ရှင်ကလည်း ဘာတွေ လျှောက်ပြောနေတာလဲ"

ရှချွမ်းသည် ရှက်ရှက်နှင့် သူ့ခေါင်းကိုထိကိုင်လိုက်ကာ ခပ်တိုးတိုး ရယ်မောလိုက်လေသည်။ မာလီလီသည် ဒီအခွင့်အရေးကို သုံးကာထိုင်ချလိုက်ပြီး ရှမြန် ကိုပြောလိုက်လေ၏။

"ကျွန်မ ဒီမှာ ရှင်နဲ့ခဏလောက်နေပါဦးမယ်"

ရှချွမ်းက ပြုံးကာပြောလိုက်သည်။

"ဟုတ်တာပေါ့။ နင်တို့မိန်းကလေး၂ယောက် အဆင်ပြေကြမှာပါ။ မြန့်မြန်က စာဖတ်အရမ်း နာတဲ့သူတစ်ယောက်လေ"

"တကယ်လား" မာလီလီက ပြုံးလိုက်ပြီးနောက် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ထူးဆန်းလာသလို ဖြစ်သွားပြီး သူမသည် သူမကိုယ်သူမ ရှမြန်နှင့်နှိုင်းယှဉ်ချင်သွားသယောင် ဖြစ်သွား၏။

နောက်ဆုံးသာမန်လူများသည် မကြာခဏ အချင်းချင်း စကားပြောဆိုကြသည်ဖြစ်ရာ "ဝတ္ထုရှည်ကြီး ၄အုပ်ကို ဖတ်ပြီးပြီလား"ဟု မည်သူက တမင်တကာမေးပါမည်နည်း။

"ဘာကိုဖတ်ရတာ အကြိုက်ဆုံးလဲ"

"ခန်းဆောင်နီအိမ်မက်ကို ကြိုက်တယ်။ ကျွန်မ အကြိုက်ဆုံးဇာတ်ကောင်က လင်းသိုက်ယွိလေ..."

ရှမြန်သည် သူမကိုယ်သူမ ပြန်စဉ်းစားလိုက်လေသည်။ သူက ငါ့ရဲ့အပြုအမူနဲ့ စကားပြောပုံတွေကို လေ့လာချင်နေတာ ငါ သိပါတယ်။ ဒါပေမဲ့ နှမြောစရာကောင်းတာက သူက အခြေခံအချက်တွေကိုပဲ လေ့လာထားပြီး လင်းသိုက်ယွိရဲ့ အတွင်းပိုင်း ဇာတ်ကောင်စရိုက်ကို ဘာတစ်ခုမှ မသိထားဘူးလေ။

လီဖန်နှင့် ဟုန်ကျွမ်းတို့က အနည်းငယ် ရှက်ရွံ့သွားသည့် ရုပ်လေးဖြစ်သွားသည်ကို မြင်လိုက်ရသည့်အခါ ရှမြန်က မနေနိုင်တော့ဘဲ ပြုံးကာပြောလိုက်တော့သည်။

"ဟုတ်တယ်။ ကျွန်မလည်း လင်းသိုက်ယွိကို ကြိုက်တယ်။ သူ့ရဲ့ကဗျာ ပန်းတွေကို မြှုပ်နှံပေးခြင်းတေးသံက အရမ်းလှပတယ်လေ။ ပန်းပွင့်တွေက မှေးမှိန်သွားပြီး ကောင်းကင်တစ်ခွင်လုံးကို ပျံသန်းသွားတဲ့အချိန်မှာ သူတို့ရဲ့အနီရောင်လေးတွေက မှေးမှိန်သွားပြီး သူတို့ရဲ့မွှေးရနံ့က ပျောက်ဆုံးသွားတဲ့အချိန်မှာတော့ ဘယ်သူက သနားစဖွယ် ရှိနိုင်ပါမည်နည်းတဲ့။ အစ်မလီလီ သူ့ရဲ့ကဗျာတွေထဲက ဘယ်တစ်ခုကို ကြိုက်လဲ"

ကျာမိသားစု၏ အနောက်ဘက်ခြံဝင်းထဲတွင် နေထိုင်ကြသည့် လင်းသိုက်ယွိနှင့် မိန်းကလေးများ၏ဘဝကိုသာ ပြောဖို့စဉ်းစားထားသည့် မာလီလီသည် တစ်ဖက်လူက သူမကို ကဗျာတစ်ပုဒ် ချက်ချင်းရွတ်ခိုင်းလိမ့်မည်ဟု မျှော်လင့်မထားမိချေ။ သူမက ချက်ချင်းဆိုသလို အေးခဲသွားတော့၏။

ရှချွမ်းက သူမကို အပြုံးဖြင့် ကြည့်လိုက်ပြီး သူ့ချစ်သူလေး၏ ရုပ်သွင်ပြင်ကို သိချင်စိတ် ဖြစ်နေလေသည်။

မာလီလီက ရယ်မောကာ ပြောလိုက်၏။ "လင်းသိုက်ယွိက ကဗျာတွေ အများကြီး ရေးခဲ့တာလေ။ ကျွန်မ ကဗျာတွေ အားလုံးကို ကြိုက်ပါတယ်... ဒီအခိုက်အတန့်မှာ ဘယ်ကဗျာကို ပြောရမယ်မှန်းတောင် မသိတော့ဘူး"

"ဟုတ်တာပေါ့။ ၁ပုဒ်၊ ၂ပုဒ်လောက်ရွေးဖို့ကတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ ဒီကဗျာတွေ အားလုံးကို ချရေးဖို့ဆိုရင်တော့ တကယ်ပဲ မလွယ်ကူပါဘူးလေ" ရှမြန်ကလည်း အပြုံးဖြင့်ပြောလိုက်၏။

"ကျွန်မကတော့ သုံးပြည်ထောင်အချစ်ဇာတ်လမ်းကို ဖတ်ရတာ အကြိုက်ဆုံးပဲ။ အစ်မ ရှင်က အရမ်းထက်မြက်တာပဲ။ အစ်မလည်း သုံးပြည်ထောင်ဇာတ်လမ်းကို ကြိုက်မှာပေါ့ ဟုတ်တယ်မလား"

"ကျူးကယ်လျန့်ကလည်း အရမ်းအံ့ဩဖို့ကောင်းတယ်လေ။ သူ မသေခင်မှာ ဝေယန်က ပုန်ကန်တော့မယ်ဆိုတာကို ကြိုတင်ခန့်မှန်းနိုင်ခဲ့ပြီး မာဆိုတဲ့နာမည်ပါတဲ့ အဲဒီလူကို သူ့ကိုသတ်ခိုင်းဖို့ အမိန့်ပေးခဲ့တယ်လေ..."

"အဲဒီလို မာမျိုးရိုးနာမည်ကလည်း အစ်မတို့ရဲ့မျိုးရိုးနာမည်နဲ့ တူတယ်နော်။ ကျွန်မ သိပ်တော့မသိဘူး။ သူ့ရဲ့နာမည်က မာ ဘာပါလိမ့်"

မာလီလီသည် အပြုံးတစ်ခုကို အားတင်းထားရကာ ပြောလိုက်၏။

"သုံးပြည်ထောင်ဇာတ်လမ်းထဲမှာလည်း လူတွေ အများကြီးပဲလေ။ အဲဒါတွေကို သေသေချာချာတောင် မမှတ်မိတော့ပါဘူး။ ကျွန်မက တိုက်ခိုက်သတ်ဖြတ်တာတွေကို ကြည့်ရတာ တကယ် သဘောမကျလို့လေ"

"ဪ" ရှမြန်သည် စိတ်ပျက်သွားကာ ပြောလိုက်၏။ "ဒါဆိုရင် အနောက်သို့ခရီးသွားခြင်း၊ ရေကြောနယ်နိမိတ်၊ သုံးပြည်ထောင်အချစ်ဇာတ်လမ်း ဒါတွေအားလုံးက တိုက်ခိုက်သတ်ဖြတ်တဲ့ အကြောင်းအရာတွေပဲလေ။ ကျွန်မတို့မှာ ပြောစရာစကား မရှိတော့ဘူးပဲ"

လီဖန်နှင့် ဟုန်ကျွမ်းတို့မှာ မနေနိုင်ဘဲ ရယ်မောမိတော့သည်။

သူမသည် ဝတ္ထုရှည်ကြီး၄ခု အကြောင်းကို မေးခဲ့သည့်အချိန်က သူမက တစ်ပုဒ်တည်းကိုသာ ဖတ်ထားပြီး ထိုအရာ၏ အခြေခံအကြောင်းအရာကိုသာ ဖတ်ထားလေသည်။ သူမသည် အလွန်မှ ဗဟုသုတပြည့်ဝပါသည်ဟု ထင်ရလောက်အောင် မည်သည့်နေရာက ယုံကြည်ချက် ရရှိထားမှန်းပင် မသိတော့ချေ။

မာလီလီ၏ မျက်နှာသည် အနည်းငယ် လေးနက်လာပြီး သူမက ရှမြန်ကို မေးလိုက်၏။

"ရှင် အခု ဘယ်အတန်းရောက်ပြီလဲ။ စာလေ့လာရတာ အလုပ်မများဘူးလား။ စာအုပ်တွေ အများကြီး ဖတ်ဖို့ အချိန်ရှိသေးတာလား"

"ဪ အထက်တန်း ရောက်လာတော့ အချိန်အများကြီး တကယ် မရှိတော့ပါဘူး။ ဒါတွေကို အလယ်တန်းမှာတုန်းက ဖတ်ထားခဲ့တာလေ။ အထက်တန်းကျောင်း ရောက်လာတော့ ကျွန်မက အင်္ဂလိပ်စာ လေ့လာတဲ့နေရာမှာ အကူအညီဖြစ်စေမဲ့ ဂျိမ်းနဲရ်လို နိုင်ငံခြား ဝတ္ထုတိုလေးတွေကိုပဲ အများဆုံး ဖတ်ဖြစ်တယ်လေ"

မာလီလီသည် နောက်ဆုံးတော့ အချိန်ကုန်ဆုံးလာပြီး သူမ၏ နေ့စဉ်ဝတ္တရားများဆီသို့သာ ပြန်လည်ရောက်ရှိလာတော့သည်။

"ရှင်က အရမ်းကို အလွယ်တကူ လေ့လာသင်ယူနိုင်တာ တွေ့ရတယ်။ အခု ဘယ်အတန်း ရောက်သွားပြီလဲ။ အဆင့်ကရော ဘယ်လောက်လဲ။ တောလိပ်ဝင်ခွင့်စာမေးပွဲ ပြင်ဆင်နေပြီလား"

ရှချွမ်းသည် သူ့ချစ်သူလေး၏ ကိုယ့်ဟာကိုယ်လေးစားမှုကို ထိပါးခံလိုက်ရမှန်း သတိမထားမိချေ။ ရှမြန်က သူ့ကို အမှန်ပင် ဂုဏ်ယူရအောင် လုပ်ပေးနေသည်ဟု ထင်လိုက်မိပြီး ဂုဏ်ယူ၀င့်ကြွားစွာဖြင့် ကြွားဝါလေတော့သည်။

"ငါတို့ရဲ့မြန့်မြန်က အထက်တန်း တတိယနှစ်ရောက်ပြီလေ။ သူက ယန်တက္ကသိုလ် တွဲဖက်အထက်တန်းကျောင်းမှာ ကျောင်းတက်နေတာ။ ယန်မြို့ရဲ့ အကောင်းဆုံးကျောင်းတွေထဲက တစ်ခုပေါ့။ သူက ကျောင်းမှာလည်း အမြဲတမ်း အဆင့်၁ရတယ်လေ။ နောက်၁နှစ်ဆိုရင် သူက ယန်တက္ကသိုလ်ကျောင်းသူ တစ်ယောက်တောင် ဖြစ်လာချင် ဖြစ်လာလောက်တယ်"

"အကောင်းဆုံးကျောင်းပဲ" မာလီလီသည် အားကျစွာဖြင့် ပြောလိုက်သည်။ "အဲဒီလူချမ်းသာက ရှင့်ကို ကျောင်းဝင်ခွင့်ရအောင် ကူညီပေးခဲ့တာလား"

"ရှင်က စာမေးပွဲမှာ တကယ်ပဲ ပထမရသင့်ပါတယ်။ စာလေ့လာတာကပဲ ကျွန်မတို့လို လူတွေအတွက် တစ်ခုတည်းသော ထွက်ပေါက်တစ်ခုလေ။ တကယ်လို့ ကျွန်မမှာသာ ရှမြန် ရှင့်လိုအခွင့်အရေးတစ်ခု ရနိုင်ခဲ့မယ်ဆိုရင် ကျွန်မလည်း ဒါကို စိတ်နှလုံးသားထဲကနေ သေချာပေါက် တန်ဖိုးထားမိမှာပဲ"

ဒီအချိန်တွင်တော့ မာလီလီက နှမြောတသစွာ ပြောလေ၏။

"တကယ်လို့ ကျွန်မသာ မာမိသားစုမှာ မွေးဖွားလာတာ မဟုတ်ဘူးဆိုရင် ကျွန်မကို စာလေ့လာဖို့ ခက်ခဲစေမဲ့ သာမန်မိသားစုတစ်ခုမှာပဲဆိုရင်တောင် ကျွန်မက တက္ကသိုလ်ကောင်းတစ်ခုကို ဝင်နိုင်ပါသေးတယ်"

သူမသည် ထိုစကားကို ကြီးစွာသော ကိုယ့်ဟာကိုယ် ယုံကြည်မှုတစ်ခုဖြင့် ပြောလိုက်၏။ သူမသည် ဝင်ကောင်းဝင်နိုင်လိမ့်မည်ဟူသည့်စကားကိုပင် မပြောခဲ့ချေ။ သူမတွင် ဒီလိုအခြေအနေများ ရှိနေသရွေ့ တက္ကသိုလ်ကောင်းတစ်ခုသို့ ဝင်နိုင်လိမ့်မည်ဟု အသည်းအသန် ယုံကြည်နေမိ၏။

ရှချွမ်းကလည်း မြန်မြန် ထောက်ခံလိုက်၏။

"ဒါပေါ့ မင်း လုပ်နိုင်ပါတယ်။ မင်းက အရမ်းကို ထက်မြက်တဲ့သူပဲ။ ဆေးပညာကျောင်းမှာလည်းပဲ အမြဲတမ်း ပထမရတာပဲ မဟုတ်လား"

မာလီလီက သက်ပြင်းချလိုက်ကာ "ဆေးပညာကျောင်းမှာ ပထမရတာက ဘာတွေ အဲဒီလောက် ကောင်းနေလို့လဲ။ သူတို့တွေက အလုပ်တစ်ခုကို စောစောရှာဖွေချင်ကြတဲ့ မိန်းကလေးတွေပဲလေ။ သူတို့က အထက်တန်းကျောင်းကနေ ဘွဲ့လက်မှတ်တစ်ခု ရနေသရွေ့ အဲဒီကိုဝင်လို့ရတာပဲ"

ရှမြန်ကတော့ ရိုးအစွာဖြင့် ပြောလိုက်၏။ "အစ်မ အစ်မလည်း အထက်တန်းကျောင်းကို တက်ခဲ့တာပဲလေ။ ဘာဖြစ်လို့ ကောလိပ်ကို မသွားခဲ့တာလဲ"

မာလီလီသည် ခဏလောက် တောင့်တင်းသွားကာ ဝမ်းနည်းစွာဖြင့် ပြောလိုက်၏။

"ကျွန်မ တတ်နိုင်တာလည်း ဘာမှမရှိဘူးလေ။ သူတို့တွေက အထက်တန်းကျောင်း တက်တဲ့အချိန်တုန်းက သူတို့မိသားစုတစ်ခုလုံးက သူတို့တွေကို ဂရုတစိုက် ထောက်ပံ့ပေးကြတယ်လေ။ ကျွန်မ အထက်တန်းကျောင်း တက်တဲ့အချိန်တုန်းကတော့ ကျွန်မ ကကျောင်းဆင်းလာရင် နေ့တိုင်း အိမ်အလုပ်တွေကို ကူညီပေးရတယ်။ အဲဒီလိုမှမဟုတ်ရင် ကျွန်မ မိဘတွေက ကျွန်မကို အထက်တန်းကျောင်းတောင် တက်ခွင့်မပေးဘူးလေ"

"ဪ ဒီလိုဆိုတော့လည်း တစ်ခါတလေကျတော့ ဒါက တကယ့်ကို ကံတရားနဲ့ဆိုင်တာပဲ"

"ရှင်တို့ရဲ့ကျောင်းမှာ လူချမ်းသာတွေ အများကြီးပဲလား။ သူတို့တွေကရော သူတို့ရဲ့သင်ကြားရေးမှာ အရမ်းကိုပုံမှန်ပဲလား"

ရှမြန်က ပြောလိုက်၏။ "ချမ်းသာတဲ့မိသားစုတွေက ကလေးကလည်း စာကြိုးစားကြပါတယ်။ သူတို့အားလုံးကလည်း ကျောင်းသူ ကျောင်းသားတွေပဲလေ။ ပညာရေးနဲ့ ပတ်သက်လာရင် လူချမ်းသာ လူဆင်းရဲကြားမှာ ဘာခွဲခြားမှုမှ မရှိပါဘူး"

မာလီလီက ချက်ချင်းပြောလိုက်၏။ "ဟုတ်တာပေါ့။ လူချမ်းသာ မိသားစုက ကလေးတွေအတွက် ဆရာငှားရမ်းခက ကျောင်းလခထက်တောင် ပိုပြီးတော့ များနိုင်သေးတယ်လေ။ သူတို့တွေက ဘာပဲဖြစ်ဖြစ် ဒီအတွက် ဖြည့်ဆည်းပေးသင့်ပါတယ်"

မည်သို့ဆိုစေ တခြားသူများ၏ အောင်မြင်မှုများသည် ကံကောင်းခြင်း၊ ချမ်းသာခြင်းနှင့် အခြေအနေ ကောင်းမွန်ခြင်းများကြောင့်သာ ဖြစ်ပေသည်။ သူမ၏ ကျရှုံးခြင်းကတော့ သူမကို နောက်ပြန်ဆွဲထားသည့် မာမိသားစုကြောင့်သာ ဖြစ်ပေ၏။

ရှမြန်မှာ သူမကို စနောက်ကျီစယ်ဖို့ရန်ပင် အလွန်မှ ငြီးငွေ့လာတော့သည်။ ဒီမိန်းကလေးသည် အလွန်မှ ပြဿနာများသည့် စိတ်ကူးတစ်ခု ထားရှိလေ၏။

ချစ်သူတစ်ယောက်၏ ရေစစ်တစ်ခုနှင့်ပင်လျှင် ရှချွမ်းသည် သူ၏ချစ်သူက မည်သည့်နည်းလမ်းနှင့်မဆို အတော်ဆုံးဖြစ်သည်ဟု ခံစားနေလေ၏။

သို့သော်ငြားလည်း ဒီရေစစ်ကို အသုံးပြုလို့လည်း သူ့အတွက်တော့ အပိုပင်။ ထိုနေ့က အောင်သွယ်ပေးခြင်းသည် မအောင်မြင်ခဲ့ချေ။ မာမိသားစုက တရားလွန်သည့် လက်ဖွဲ့ကို တောင်းဆိုခဲ့သည့်အပြင် မာဝမ်၀ူကို ယန်မြို့သို့ခေါ်သွားပြီး သူ့ကိုရုံးတစ်ခုတွင် အလုပ်တစ်ခုရှာပေးဖို့ပင် ထပ်ပြီးတောင်းဆိုခဲ့သေးသည်။

ဟုတ်ပါသည်။ ဦးကြီးရှက ဒါကို သဘောမတူနိုင်ဘဲ ချက်ချင်းငြင်းဆန်လိုက်၏။ မိသားစု၂ခုသည် အလိုလို မကောင်းသည့် ဆက်ဆံရေးတစ်ခုအဖြစ် ခွဲခွာသွားတော့သည်။

သို့သော်ငြားလည်း ရှချွမ်းနှင့် မာလီလီတို့ကတော့ လက်လျှော့သေးဟန်မတူချေ။ သူတို့သည် နောက်ကွယ်တွင် ဆက်ပြီး တွေ့ဆုံနေကြလေ၏။

အထူးသဖြင့် မာလီလီသည် အကြောင်းတချို့ကြောင့် ရှမြန်နှင့်ပင် စကားအချေအတင် ဖြစ်ခဲ့သေးသည်။ သူမသည် အချိန်ရှိတိုင်း သူမဆီသို့ စကားလာပြောတတ်၏။ တစ်ဖက်တွင်တော့ သူမသည် သူမ၏ကိုယ်ပိုင် အရည်အချင်းများကို ထုတ်ဖော်ပြသလိုခြင်းဖြစ်ကာ ကျန်သည့်တစ်ဖက်တွင်တော့ သူမက ရှမြန်ကို ဆွဲချလိုခြင်းဖြစ်သည်။ ရှမြန်ကို ဆွဲချလိုက်ခြင်းကသာ သူမသည် သူမ၏ထူးခြားမှုကို ဖော်ပြနိုင်လိမ့်မည်ဟု ထင်နေသယောင်ရှိ၏။

ရှမြန်ကတော့ ကံကောင်းသည်ဟူသည့် စကားလုံးကြောင့်ပင် နားရည်ဝလာတော့သည်။

"တကယ်လို့ ကျွန်မကသာ ယန်မြို့ကိုသွားဖို့ အခွင့်အရေးတစ်ခု ရလာမယ်ဆိုရင် အဲဒီမှာ အခြေချနိုင်အောင် သေချာပေါက်လုပ်မှာ"

"သူတို့တွေက ပြောကြတယ်။ စီရင်စုဆေးရုံကို ဝင်ဖို့ခက်ခဲတယ်တဲ့။ ကျွန်မကတော့ အဲဒီလို လုံးဝမထင်ပါဘူး။ ကျွန်မက အဲဒီကို ဝင်နိုင်ခဲ့တယ်လေ"

"ရှင်က ကံကောင်းလိုက်တာ။ ကျွန်မမှာအပြင်ထွက်ဖို့ အခွင့်အရေး မရတာတော့ နှမြောစရာပဲ။ ရွှေက တောက်ပနိုင်တယ်ဆိုရင်တောင် အဲဒါက မြေကြီးထဲမှာ မြုပ်နေရင် ဘယ်သူက မြင်နိုင်မှာလဲ"

ရှမြန်သည် သူမ၏ကံတရားကို လက်ခံဖို့ရန် မလိုလားနေသည့်သူမကို နားလည်ပေသည်။ သို့သော်ငြားလည်း ကံတရားအပေါ်သို့ မတရားမှုအားလုံးကို ပုံချနေသည့် အပျက်သဘောဆောင်သည့် စွမ်းအင်ကိုတော့ အမှန်ပင် မလက်ခံလိုပေ။

ထိုနောက်တွင်တော့ မာလီလီ အလုပ်ဆင်းလာသည့်အချိန်တိုင်း ရှမြန်သည် ပုန်းအောင်းနေတော့ကာ ရှောင်ဖုန်းနှင့် ချန်ချန်ကိုခေါ်ပြီး ရေချောင်းနားသို့သွားကာ ရေကူးသင်ပေးလေတော့သည်။

ရလဒ်အနေဖြင့် သူမသည် မာဝမ်၀ူနှင့်ထပ်ပြီး မတော်တဆ တွေ့ပြန်၏။ ပြောရမည်ဆိုလျှင်တော့ မာဝမ်၀ူက သူမကို မတော်တဆ လာတွေ့သည်ဟုပင် ပြောရမည်။ တစ်ဖက်လူက သူမအတွက် အထူးတလည် ငှားရမ်းထားဟန်တူသည်။

"ရှမြန် မင်း ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ။ ငါ မင်းကို ရှာလိုက်ရတာ အကြာကြီးပဲ" မာ၀မ်၀ူက ဝမ်းသာအားရဖြင့် အပြေးရောက်လာ၏။

အကောင်းဖက်က ပြောရလျှင်တော့ မာဝမ်၀ူသည် ရုပ်ဆိုးသည့်သူ မဟုတ်ချေ။ သို့သော်ငြားလည်း သူ့မိဘများ၏ အကြွင်းမဲ့ အလိုလိုက်ခြင်းခံရသည့်ပုံစံမျိုးနှင့် လောကကြီး၏ ကြီးမားကျယ်ပြန့်ပုံကို လျစ်လျူရှုထားသည့်ပုံစံကြောင့် အလွန်မှ ရွံရှာဖွယ်ကောင်းနေတော့၏။

လောကကြီးက လူအားလုံးက သူ့အမေဖြစ်နေသည့်နှယ်။ ဒီလောကထဲက သူပြောသည့် စကားအားလုံးက အမှန်တကယ် ဖြစ်နေသည့်နှယ် ပြောလေ၏။

"ဒါနဲ့လေ နင် ဘယ်တော့ ယန်မြို့ကို ပြန်ဖို့စဉ်းစားထားလဲ။ နင့်ကို အဲဒီအခါကျရင် လိုက်ပို့ပေးမယ်လေ"

"နင်က ဘယ်သူလဲ" ရှမြန်က မျက်စောင်းဖြင့် ကြည့်လိုက်ပြီး "ငါနင့်ကို သိလို့လား။ ငါနဲ့ ဝေးဝေးနေစမ်းပါ"

"ရှမြန် နင်က တကယ့်ကို ရယ်စရာကောင်းတာပဲ" မာဝမ်၀ူသည် ပြုံးဖြီးကာဖြင့် အနားသို့ ရောက်လာ၏။

"ငါ့အစ်မနဲ့ နင့်အစ်ကို လက်ထပ်ပြီးသွားရင် ငါက ယန်မြို့ကိုလာပြီး နင့်ကို လာရှာမှာပဲလေ"

"ငါက စာတော်တဲ့ ကျောင်းသားတစ်ယောက် မဟုတ်ဘူးဆိုပေမဲ့ စာကို မသင်ယူချင်တာတော့ မဟုတ်ပါဘူး။ ငါ့မှာ တက်ကြွတဲ့ ဦးနှောက်တစ်ခုရှိပြီး အကြောင်းအရာတွေကိုလည်း အရမ်းကို မြန့်မြန်ဆန်ဆန် သင်ယူ တတ်မြောက်နိုင်တယ်လေ။ ရုံးတစ်ခုခုမှာ အလုပ်လုပ်ဖို့အတွက် ငါ့မှာ လုံးဝ ပြဿနာရှိမှာ မဟုတ်ဘူး"

သူသည် သူ့ကိုယ်သူ စကားပြောပုံက အလွန်မှ ကိုယ့်ဟာကိုယ် ဘဝင်မြင့်နေသည့်ပုံက သူနှင့် မာလီလီတို့သည် မောင်နှမများ ဖြစ်ထိုက်ပါပေသည်။

ကြည့်ရသည်မှာ မာမိသားစုက လက်လျှော့သေးဟန် မတူတာဖြစ်နိုင်သည်။ သို့မဟုတ်လည်း သူတို့သည် မာလီလီအပေါ် အလွန်မှ ယုံကြည်မှုရှိနေသည့်ပုံပင်။

ဦးကြီးရှ၏မျက်နှာကို ထောက်ထားပေးစရာ မလိုတော့ချေ။ ရှမြန်၏ ဒီလိုယင်ကောင်များကို ဖြေရှင်းသည့်နည်းလမ်းက ရိုးရှင်းပြီး သဘာဝကျပေ၏။ ဒီအတိုင်း ရိုက်ထုတ်ဖို့သာ ဖြစ်လေသည်။

သူမက ကိုယ်ကို ကုန်းလိုက်ပြီး စမ်းချောင်းထဲက လက်တစ်ဆုပ်စာ ကျောက်ခဲများကို ကောက်ယူလိုက်သည်။

မာဝမ်၀ူက ဒါကို သတိမထားမိဘဲ အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ "ငါ နင့်ကို တကယ် သဘောကျတာပါ...အား"

သူသည် တအံ့တဩ သူ့နှာခေါင်းကို အုပ်ထားလိုက်ပြီး မသဲမကွဲလေသံတစ်ခုဖြင့် မေးလိုက်၏။

"ရှမြန် နင် ဘာလုပ်နေတာလဲ"

ရှမြန်က ကျောက်တုံးတစ်တုံးကို မြှောက်ကာ ပင့်လိုက်ပြီး ပြောလိုက်၏။

"နင် ကိုယ့်ဟာကိုယ် လစ်မလား။ ဒါမှမဟုတ် နင်လစ်သွားအောင် ငါ နင့်ကို ရိုက်ပေးရမလား"

"နင် နင် ငါ့နှာခေါင်းကို သွေးထွက်အောင် လုပ်နေတယ်..." မာဝမ်၀ူသည် ကြောက်လန့်တကြား အော်ဟစ်ပြီး ရှမြန်ကို လက်ညှိုးထိုးကာ ပြောတော့၏။ "နင် နင် ငါ့ကို တကယ်ပဲ ရိုက်ရဲတယ်နော်"

ရှမြန်သည် နောက်ထပ်ကျောက်ခဲတစ်လုံးကို ပစ်ပေါက်လိုက်ပြီး ထိုကျောက်ခဲသည် သူ့ပခုံးကို သွားထိမိ၏။

"ငါက နင့်ကို ရိုက်မှာပဲ။ တကယ်လို့ နင် ငါ့အနားကို ကပ်လာရဲရင် ကပ်လာကြည့်လေ။ ငါ နင့်ကို တွေ့တဲ့အခါတိုင်း သေချာပေါက် နင့်ကို ရိုက်ပစ်မယ်။ ဒီနေရာကနေ အခု ချက်ချင်းထွက်သွား"

မာဝမ်၀ူသည် သူ့ပခုံးကို ထပ်ခါထပ်ခါ အုပ်ထားလိုက်ရ၏။ ရှမြန်က အတည်ပေါက်ကြီး ဖြစ်နေသည်ကို တွေ့လိုက်ရသည့်အခါ သူသည် သူမကိုထပ်ပြီး မတွယ်ကပ်ရဲတော့ချေ။ သူသည် ကိုယ်ကိုလှည့်ကာ ထွက်ပြေးသွားရင်းက ကြမ်းကြမ်းတမ်းတမ်း စကားကို ပြောဖို့ရန်မမေ့ခဲ့ချေ။

"ငါ့ကို စောင့်နေလိုက်"

ရှမြန်သည် သူ့ကိုကျောက်ခဲတစ်လုံးဖြင့် လှမ်းပစ်လိုက်ပြီး သူ့ခေါင်းပေါ်သို့ တန်းတန်းမတ်မတ် သွားထိမှန်တော့သည်။

"နင် သေမှာမကြောက်ဘူးဆိုရင် လာလေ။ နံစော်နေတဲ့ယင်ကောင်"

မာဝမ်၀ူကို မောင်းထုတ်ပြီးသွားသည့်နောက်တွင် ရှမြန်သည် အိမ်ပြန်ကာ ဦးကြီးရှကို တောင်းဆိုဖို့ ဆုံးဖြတ်လိုက်တော့၏။ မာဝမ်၀ူက လုံးဝကို သေချာနေသည်။ မာမိသားစုသည် လှည့်ကွက်တခုခုကို ဖုံးကွယ်ထားဟန်တူ၏။ ထို့ကြောင့် သူသည် သေချာပေါက် သတိထားရပေတော့မည်။

သို့သော်ငြားလည်း သူမသည် သူမ၏လမ်းခရီးတစ်ဝက်မှာပင် ဒီကိစ္စကို ဖြေရှင်းခဲ့လေသည်။

ဟုတ်တာပဲလေ။ သူတို့တွေက ဒီအတိုင်း သာမန်လူတွေပဲ။ ဘာတတ်နိုင်မှာမလို့လဲ။ သူတို့တွေက မာလီလီအပေါ် ရှချွမ်းရဲ့အချစ်ကို ဒီအတိုင်းအသုံးချနေတာ။

ရှမြန်သည် ဖြတ်လမ်းက လိုက်လာချိန်တွင် ၂ယောက်သား ရန်ဖြစ်နေသည့်လမ်းကြားကို တိုက်တိုက်ဆိုင်ဆိုင် ဝင်လာခဲ့မိ၏။ ခိုးနားထောင်ခြင်းက မယဉ်ကျေးရာ ကျသော်ငြားလည်း ဒီကိစ္စက သူမကို ဖြေရှင်းပေးနိုင်သည်။ ထိုကြောင့် ရှမြန်က တွေဝေမနေတော့ဘဲ မြေနံရံနောက်တွင် ပုန်းနေလိုက်၏။

"...မာဝမ်၀ူကို ယန်မြို့ကို ခေါ်သွားပေးဖို့ ကတိပေးတာနဲ့ ကျွန်မရဲ့မိဘတွေကလည်း သူတို့ရဲ့သတို့သမီးကြေးကို လျော့ပေါ့ပေးမယ်လို့ သဘောတူပါလိမ့်မယ်"

"ဒါတော့ မဖြစ်နိုင်ဘူး။ မင်းရဲ့မိဘတွေက အစီအစဉ်ရှိနေတာ ငါတို့အားလုံး သိနေတာပဲ။ မြန့်မြန်က ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေရတော့မှာ။ ပြီးတော့ ငါတို့တွေက မာဝမ်၀ူက သူ့ကို သွားနှောင့်ယှက်မှာ လုံးဝခွင့်မပြုနိုင်ဘူး။ ဒီအပြင် မင်းရဲ့မောင်လေးကလည်း အဲ့ဒီလိုပဲလေ။ ငါ အဲဒီလို ပြောချင်တာတော့ မဟုတ်ဘူးဆိုပေမဲ့..." ရှချွမ်း၏မျက်နှာသည် အထင်သေးမှု အပြည့်ဖြစ်နေ၏။

မာလီလီ၏ မျက်နှာကလည်း လုံးဝမကောင်းချေ။

"စိတ်မပူပါနဲ့။ ကျွန်မ မာဝမ်၀ူအကြောင်းကို သိပါတယ်။ တကယ်လို့ ကျွန်မတို့တွေ ယန်မြို့ကို တကယ်ပဲ သွားနိုင်ခဲ့မယ်ဆိုရင် ကျွန်မက သူ့ကို သေချာပေါက် ထိန်းချုပ်နိုင်ပြီး ရှမြန်ကိုလည်း သေချာပေါက် ဒုက္ခပေးခွင့်ပြုမှာ မဟုတ်ပါဘူး။ အရင်ဆုံး ကျွန်မမိဘတွေကို လှည့်စားထားလိုက်မယ်လေ"

ရှချွမ်းက မျက်မှောင်ကြုတ်လိုက်၏။ "မင်း သူ့ကို ထိန်းချုပ်ထားနိုင်တယ်ဆိုတာက ဘာအဓိပ္ပာယ်လဲ။ ငါတို့တွေက အိမ်နဲ့ အဝေးကြီးမှာ ရှိနေတာလေ။ ငါတို့တွေက သူ့ကို ဘယ်လိုလုပ်ပြီးတော့ ထိန်းချုပ်ထားနိုင်မှာလဲ"

မာလီလီကတော့ လက်တွေ့ကျကျ ပြောလေ၏။ "ဒါပေါ့။ ကျွန်မတို့တွေ ယန်မြို့ကို အတူတူ သွားသင့်တယ်လေ။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ကျွန်မတို့ ဒီနေရာမှာ လက်ထပ်ပြီးသွားရင်တောင် ကျွန်မတို့က ကျွန်မမိဘတွေရဲ့ ထိန်းချုပ်မှုကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ သူတို့တွေက ကျွန်မကို မနားတမ်း ပြဿနာရှာကြလိမ့်မယ်"

"တကယ်လို့ ကျွန်မတို့တွေ ယန်မြို့ကို သွားမယ်ဆိုရင်တော့ သူတို့တွေ ကျွန်မတို့ကို လက်လှမ်းမီနိုင်မှာ မဟုတ်ဘူးလေ။ ရှင်ရော အပြင်ထွက်ပြီးတော့ ရှင့်ရဲ့ကံတရားကို မစမ်းကြည့်ချင်ဘူးလား"

"ကျွန်မတို့တွေ အဲ့ဒီအချိန်ကျရင် ယန်မြို့မှာအလုပ်တစ်ခုကို ရှာရလိမ့်မယ်။ ဒီတော့ တစ်ချိန်တည်းမှာပဲ ရှမြန်နဲ့ ရှောင်ဖုန်းတို့ကိုလည်း စောင့်ရှောက်ပေးနိုင်လိမ့်မယ်လေ"

"မရဘူး" ရှချွမ်းက ပြတ်ပြတ်သားသား ငြင်းပယ်လိုက်၏။ "ငါ့မိဘတွေကဒီကိစ္စကို လုံးဝသဘောတူမှာ မဟုတ်ဘူး"

"ရှမြန်နဲ့ ရှောင်ဖုန်းတို့က ယန်မြို့က တခြားသူတွေရဲ့ အမိုးအောက်မှာ နေနေရတာ။ ငါတို့တွေက ဘာဖြစ်လို့ ပိုက်ဆံသွားတောင်းရမှာလဲ။ ဒါက သူတို့ကို ဆွဲချတာနဲ့အတူတူပဲ"

"ကျွန်မတို့တွေက သူ့ကို အခွင့်အရေးယူမယ်လို့ ဘယ်သူက ပြောလို့လဲ" မာလီလီက ဒေါသတကြီးပြောလိုက်၏။

"ကျွန်မက အလုပ်တစ်ခုရဖို့ သူ့ကို အားကိုးချင်နေတာလို့ ရှင်ထင်နေတာတော့ မဟုတ်ပါဘူးနော်"

မာလီလီက ဒေါသတကြီး ပြောလိုက်သည်။

"ကျွန်မက ဆေးပညာကျောင်းမှာ နှစ်တိုင်း အဆင့်တစ် ရထားခဲ့တဲ့သူပါ။ စီရင်စုဆေးရုံထဲကို ဝင်နိုင်ဖို့ ကျွန်မအတွက် လွယ်ကူခဲ့တယ်။ တကယ်လို့ ယန်မြို့က မြို့ကြီးတစ်ခု ဖြစ်ခဲ့တယ်ဆိုရင်တောင် ကျွန်မက ဆေးရုံကောင်းတစ်ခုကို ဝင်နိုင်မှာသေချာတယ်။ ကျွန်မက ရှမြန်ကို အားကိုးစရာ လိုသေးလို့လား"

"ရှင့်စိတ်ထဲမှာ ကျွန်မကို အဲဒီလောက်တောင် အထင်သေးနေတာလား"

ရှချွမ်းက မြန်မြန်တောင်းပန်လိုက်၏။

"မဟုတ်ဘူး။ လီလီ အပြင်ဘက်မှာ အလုပ်တစ်ခုရှာဖို့ဆိုတာ အဲဒီလောက် လွယ်ကူတာ မဟုတ်ဘူး။ တကယ်လို့ ငါတို့တွေ ယန်မြို့ကိုသွားမယ်ဆိုရင် ငါတို့တွေ ဘယ်မှာနေကြမှာလဲ"

"ကျွန်မတို့တွေ အိမ်တစ်လုံး ငှားလို့ရတယ် မဟုတ်လား" မာလီလီက မေးလိုက်သည်။

"အိမ်တစ်လုံးငှားဖို့ အဲဒီလောက်တောင် ခက်ခဲလို့လား။ ဧကန္တ ယန်မြို့မှာနေနေတာက ရှမြန်ရဲ့တိုးတက်မှုကို နှောင့်နှေးနေလို့လား"

"ရှင်က မေးတောင် မမေးကြည့်ရသေးဘဲနဲ့ ရှမြန်က မလိုချင်ပါဘူးလို့ ရှင် ဘယ်လိုလုပ်သိလဲ"

မာလီလီက ပြောလိုက်သည်။ "သူက တခြားတစ်ယောက်ရဲ့ အမိုးအောက်မှာ နေနေတယ်လို့ ရှင် ပြောခဲ့တယ် မဟုတ်လား။ ဒါက သူ့အတွက် ဘယ်လောက်တောင် ခက်ခဲလိမ့်မယ်ဆိုတာ ရှင် မသိပါဘူး။ ရှင့်မှာ သူနဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုရှိတယ်။ သူကလည်း သူ့မိသားစုအနားမှာ ရှိနေရရင် ပျော်ရွှင်နေမှာပဲလေ"

"တကယ်လို့ သူက မာ၀မ်၀ူကို စိုးရိမ်နေတာဆိုရင် သူ့ကို မစိုးရိမ်ဖို့ပြောလိုက်ပါ။ ကျွန်မက သူ့ကို ကျွန်မ ထိန်းချုပ်မှုအောက်မှာ ထားနိုင်တဲ့အပြင် ကျွန်မ သူ့ကို စိတ်ပျက်လာတဲ့အခါ လအနည်းငယ်လောက်နေရင် ကျွန်မသူ့ကို ပြန်ပို့လိုက်လို့တောင်ရတယ်။ ကျွန်မတို့အားလုံး ယန်မြို့မှာ ကောင်းမွန်တဲ့ဘဝတစ်ခုနဲ့ နေလို့ရပြီလေ"

ရှမြန်က ရယ်စရာလို့ ထင်မိတော့သည်။ ဒီမိန်းကလေးက အမှန်ပင် ရိုးအ,သည်လား သို့မဟုတ် ယုံကြည်ချက် ရှိနေသည်ဟု ဟန်ဆောင်နေသည်လားပင် မသိတော့ချေ။ အကယ်၍ သူတို့သည် ယန်မြို့သို့ အမှန်တကယ်သွားခဲ့ပြီး နေထိုင်စရာနေရာ၊ အလုပ်မရှိခဲ့လျှင် ရှမြန်က သူတို့လမ်းပေါ်တွင် အိပ်နေသည်ကို ဒီအတိုင်း စောင့်ကြည့်နေပါမည်တဲ့လား။

ဒီဇာတ်အိမ်နှင့် မာမိဘများ၏ ဇာတ်အိမ်များက ဘာကွာခြားချက်ရှိပါမည်နည်း။

ကံအားလျော်စွာ ရှချွမ်း၏ IQက ဇီးရိုးအထိ ကျမသွားခဲ့ချေ။ သူက ငြင်းဆန်နေသေး၏။

"အဲဒီအကြောင်းကို မစဉ်းစားနဲ့တော့။ လက်ဖွဲ့ပစ္စည်းကိစ္စကို ငါ့မိဘတွေနဲ့ တိုင်ပင်လိုက်မယ်။ စိတ်မပူနဲ့ ငါ မင်းကို သေချာပေါက် လက်ထပ်မှာပါ"

"ငါက မာဝမ်၀ူကိုလည်း စိုးရိမ်နေတာ မဟုတ်ပါဘူး" ရှချွမ်းသည် တင်းမာနေသည့်အခြေအနေကို ဖြေလျှော့ဖို့ရန်အတွက် တစ်ခုခု ပေါ့ပေါ့ပါးပါး ပြောချင်ဟန်တူသည်။ အပြုံးတစ်ခုဖြင့် ပြောလိုက်၏။

"မြန့်မြန်က ချောလှတာ ဟုတ်ချင်ဟုတ်မယ်။ ဒါပေမဲ့ သူက အရမ်းကိုသန်မာတာ။ မာဝမ်၀ူ ၁၀ယောက်ရှိရင်လည်း သူ့ကိုကို င်တွယ်ဖို့ မဖြစ်နိုင်ဘူး"

"ငါ့အဖေက ပြောထားသေးတယ်။ ငါတို့မျိုးဆက်တွေက မြန့်မြန်ကိုပဲ တကယ် မှီခိုအားထားနေရတာတဲ့"

သို့သော်ငြားလည်း ထိုစကားလုံး ထွက်လာသည်နှင့်ချက်ချင်း ပဒူကောင် အသိုက်ကြီးကို သွားမွှေလိုက်သလို ဖြစ်သွားတော့သည်။ မာလီလီ၏လေသံက ရုတ်တရက် မြင့်တက်လာ၏။

"ဟုတ်တယ်။ ရှင့်ရဲ့ဝမ်းကွဲက အကောင်းဆုံးပဲ"

"သူက ကောင်းကင်ပေါ်က ကျလာတဲ့ နတ်သမီးတစ်ယောက်လေ။ ဘယ်သူကမှ သူနဲ့မထိုက်တန်ဘူး"

"ဘာဖြစ်လို့လဲ။ သူလည်း စီရင်စုမြို့ငယ်လေးကပဲ မဟုတ်ဘူးလား။ သူက ဘယ်လိုလုပ်ပြီးတော့ တခြားလူထက် ပိုပြီးမြင့်မြတ်နိုင်မှာလဲ"

"ဒါက လူချမ်းသာတစ်ယောက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကံကောင်းရုံသက်သက်ပဲ မဟုတ်ဘူးလား။ အဲဒီလိုကိစ္စမျိုးနဲ့ တွေ့ကြုံခဲ့ရတဲ့သူတိုင်း ဘယ်သူက တစ်စုံတစ်ယောက်ကို မကယ်တင်ပေးဘဲနဲ့ နေမှာလဲ။ ကျွန်မသာ အဲဒီလို တွေ့ကြုံခဲ့ရတယ်ဆိုရင်လည်း ကျွန်မလည်း သူ့အတွက် ရပ်တည်ပေးမှာပဲလေ ဟုတ်ပြီလား"

"တကယ်လို့ ကျွန်မလည်း သူ့လို ကျွန်မရဲ့မိဘတွေကို ဆုံးရှုံးခဲ့ရမယ်။ ကျွန်မကို ပြန်ဆွဲထားမဲ့ ဘယ်သူမှ မရှိခဲ့ဘူးဆိုရင် ကျွန်မလည်း အခုချိန်လောက်ဆိုရင် သူ့ထက်သေချာပေါက် ကောင်းမွန်နေလောက်ပြီ"

ရှချွမ်း၏ မျက်နှာသည် နီရဲသွားပြီး သူက ဒေါသတကြီး ပြောလိုက်၏။

"လီလီ မင်း ဘာစကား ပြောနေတယ်ဆိုတာကိုရော သိရဲ့လား"

"ဘာလဲ။ ကျွန်မ ပြောတာမှားလို့လား" မာလီလီက ဒေါသတကြီး ပြောလိုက်၏။ "ဟုတ်ပါတယ်။ ကျွန်မမှာ ဒီလိုကောင်းမွန်တဲ့ဘဝတစ်ခု မရှိပါဘူး။ ဒါပေမဲ့ ကျွန်မက ဒါကို လက်မခံချင်ရုံ သက်သက်ပါ။ ကျွန်မက အဲဒီအတွက် တိုက်ခိုက်ချင်တယ်။ ကျွန်မ မှားလို့လား"

"ရှင် ကျွန်မကို အထင်သေးပြီးတော့ ရှင်က အဲဒီအဆင့်အတန်းကိုပဲ လက်ခံဖို့လိုလားတယ်။ ဒါဆိုရင်လည်း ထားလိုက်ပါ။ ကျွန်မတို့တွေက ပုံစံတူတဲ့လူတွေမှမဟုတ်ပဲ" ထိုသို့ ပြောလိုက်ပြီးသည့်နောက်တွင် သူမသည်လှည့်ကာ ပြေးထွက်သွားလေတော့သည်။

...

All Chapters