← Chapters

အပိုင်း(၁၆၀)

Vol. 11 Ch. 160

အပိုင်း(၁၆၀)

Vol. 11 Ch. 160

ရှချွမ်းသည် ဒေါသအပြည့် ဖြစ်သွားလေသည်။ သို့သော်ငြားလည်း သူသည် သူမနောက် လိုက်မသွားခဲ့ချေ။ ကိုယ်ကိုလှည့်ကာ ဒေါသထွက်ထွက်ဖြင့် အိမ်ပြန်လာခဲ့၏။

ရှမြန်က နောက်မှနေ၍ တိတ်တိတ်လေး လိုက်လာသည်။ မာလီလီက ဆုံးဖြတ်ချက်တစ်ခု ချပြီးသွားပြီဖြစ်သဖြင့် ရှမြန်သည် ဦးကြီးရှနှင့် တခြားသူများကို ဘာမှထပ်မပြောလိုက်တော့ချေ။ ယခုတော့ သူမသည် အခြေအနေမည်သို့ တိုးတက်လာမည်ကို စောင့်ကြည့်ရန်သာ လိုတော့သည်။

ဒေါသထွက်သွားပြီးသည့်နောက်တွင် ရှချွမ်းသည် နောက်တစ်နေ့တော့ မာလီလီကို စိတ်ပူနေသေး၏။ ထို့ကြောင့် သူသည် သူမကို သွားရှာဖို့ရန်အတွက် စီရင်စု ဆေးရုံသို့ အပြေးအလွှားသွားခဲ့သည်။ သို့သော်ငြားလည်း သူသည် ပျာယာခတ်ကာဖြင့် အိမ်ပြန်လာခဲ့လေ၏။

"လီလီက ဆေးရုံကနေ အလုပ်ထွက်သွားပြီတဲ့"

"စီရင်စုဆေးရုံက ဒီလောက်ကောင်းတဲ့ အလုပ်တစ်ခုကို။ လူတွေက အလုပ်ရဖို့တိုး ဝှေ့နေကြတာ။ သူက ဘာဖြစ်လို့ အလုပ်ထွက်ပြီးတော့ ပျောက်သွားတာလဲ။ သူတစ်ယောက်တည်း ထွက်သွားတာတော့ မဟုတ်ဘူးမလား"

ပဲသီးခူးနေသည့်ဒေါ်ကြီးက ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်လေသည်။

"စိတ်မပူပါနဲ့။ အဲဒီကလေးမက သူ ဘာလုပ်နေတယ်ဆိုတာကို သိပါတယ်။ တကယ်လို့ သူက သူ့ရဲ့အလုပ်ကို ထွက်ရဲတယ်ဆိုမှတော့ သူ့မှာ ပိုကောင်းတဲ့အလုပ်တစ်ခု ရှာတွေ့ထားလို့ပဲ ဖြစ်ရမယ်"

ရှချွမ်းကတော့ ဒါကို မယုံကြည်နိုင်သေးချေ။ သူသည် အလွန်စိုးရိမ်နေသဖြင့် မာမိသားစုကို ဖုန်းခေါ်ဖို့ရန် မြန်မြန်ဝင်လာလေသည်။ သို့သော်ငြားလည်း တစ်ဖက်လူကတော့ သူ့အသံကို ကြားလိုက်သည်နှင့် ချက်ချင်းဖုန်းချပစ်လေသည်။

ရှချွမ်းက မာမိသားစုသို့သွားကာ ကိုယ်တိုင်မေးမြန်းမည်ဟု ပြင်ဆင်လိုက်၏။

ရှမြန်ကတော့ ဒါကို ဆက်ပြီး မကြည့်ရက်နိုင်တော့ချေ။

"သူ တကယ်ထွက်သွားတာဆိုရင် မာမိသားစုက အစိုးရိမ်ဆုံး ဖြစ်နေမှာပေါ့။ မာမိသားစုက မစိုးရိမ်ဘူးဆိုမှတော့ ဒေါ်ကြီးပြောသလိုပဲ ဖြစ်ရမယ်။ နောက်တစ်နေရာမှာ ပိုကောင်းတဲ့ အလုပ်တစ်ခု ရလို့ပဲဖြစ်ရမယ်"

"အစ်ကိုချွမ်း မာမိသားစုဆီကို သွားမဲ့အစား ရိုက်ကူးရေးလုပ်နေတဲ့နေရာကို သွားကြည့်ပါလား"

ဒီအချိန်တွင် သူမသည် မတတ်သာတော့ဘဲ ရှချွမ်းကို ထိပ်တိုက်ရင်ဆိုင်ရမည့် နည်းလမ်းတစ်ခုသာ ပေးရတော့သည်။

"သူက ညတွင်းချင်း အလုပ်ထွက်လိုက်တာမျိုးတော့ လုံးဝမဖြစ်နိုင်ဘူး။ သူက ဒါကို အစောကြီးကတည်းက ပြင်ဆင်ထားတာပဲ ဖြစ်ရမယ်။ သူက ဘယ်ဟာက ပိုပြီးသင့်တော်လဲဆိုတာကို စောင့်ကြည့်ချင်နေတာပဲ"

ရှချွမ်းသည် ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် မြို့တောင်ပိုင်းက ရိုက်ကူးရေးအဖွဲ့ဆီသို့ တန်းတန်းမတ်မတ် မြန်မြန်သွားလိုက်တော့သည်။

တကတည်း ဘာဖြစ်ခဲ့သည်ကိုတော့ မသိခဲ့ကြချေ။ သို့သော်ငြားလည်း ရှချွမ်းသည် ငေးငေးငိုင်ငိုင်ဖြင့် ညနေပိုင်းတွင် ပြန်ရောက်လာပြီး အခန်းထဲတွင် တစ်ယောက်တည်း ပိတ်လှောင်နေကာ စားသောက်ဖို့ရန်ပင် ငြင်းဆန်နေလေသည်။

သို့သော်ငြားလည်း ဒေါ်ကြီးနှင့် ဟုန်ကျွမ်းတို့ကတော့ အရသာရှိသည့် ဟင်းလျာတချို့ကို ချက်ပြုတ်ပေးပြီး ဦးကြီးရှကတော့ စိတ်အခြေအနေ ကောင်းမွန်နေ၏။

"ငါ့ကို တစ်ပန်းကန်လောက်ပေး"

ရှောင်ဖုန်းက ပုရစ်ကြော်များကို စားနေပြီး ရှမြန်၏ခြေထောက်လေးကို မှီထားကာ မကြာခဏဆိုသလို စိုးရိမ်စိတ်ဖြင့် အိမ်ထဲသို့ လှမ်းကြည့်နေလေသည်။ "ဦးဦးရှောင်ချွမ်း"

"ရပါတယ်" ရှမြန်က သူ့ခေါင်းသေးသေးလေးကို ထိကိုင်လိုက်ကာ "သားရဲ့ ဦးဦးရှောင်ချွမ်းက အသည်းကွဲနေတာလေ။ သူ့စိတ်အခြေအနေကို ထိန်းညှိဖို့လိုသေးတယ်"

ချန်ချန်ကတော့ အသည်းကွဲသည် ဆိုသည့်အဓိပ္ပာယ်ကို မသိချေ။ သို့သော်ငြားလည်း အားလုံးက ရွှင်ရွှင်လန်းလန်းဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူက ခြံထဲတွင် အားရပါးရအော်ဟစ်ကာ ဂုဏ်ပြုနေလေသည်။

"ဦးလေး၃က အသည်းကွဲနေတယ်။ ဦးလေး၃က အသည်းကွဲနေတယ်တဲ့။ ဟားဟားဟားဟား ကောင်းလိုက်တာ"

ဒီစကားကြောင့် ရှချွမ်းသည် အိမ်ထဲကထွက်လာပြီး သူ့ကိုရိုက်နှက်ဖို့ ကြိုးစားလေတော့၏။ သို့သော်ငြားလည်း ချန်ချန်ကတော့ ထွက်ပြေးသည့်နေရာတွင် ကျွမ်းကျင်သူ တစ်ယောက်ပင်။ သူတို့၂ယောက်သည် ခြံထဲတွင် ပြေးတိုင်းလိုက်တိုင်း ကစားနေကြပြီး အားလုံးကို ရယ်မောရစေတော့သည်။

ဒါကို မြင်လိုက်သည့်အခါ နည်းနည်းလေး ဆွပေးလိုက်သည်နှင့် ကြွချင်သည့် ကောင်ဆိုးလေးချန်ချန်သည် ပိုလို့ပင် ဆူညံလာတော့သည်။ ရှချွမ်းမှာ အလွန်ဒေါသထွက်သွားသဖြင့် ငိုပင်မငိုနိုင်တော့ချေ။

ဒီကိစ္စကပြီး သွားပြီဟု အစတုန်းကထင်ခဲ့ကြသည်။ အားလုံးကလည်း ရှချွမ်းက စိတ်တည်ငြိမ်လာပြီး နောက်ထပ်လက်တွဲဖော်အသစ်ကို ရှာဖွေပေးဖို့ရန် စောင့်ဆိုင်းနေကြ၏။

သို့သော်ငြားလည်း သူတို့သည် မာဝမ်၀ူနှင့် မာလီလီ၏ လက်စားချေလိုသည့်ဆန္ဒကို လျှော့တွက်ခဲ့မိလေသည်။

ထိုနေ့တွင် ရှမြန်နှင့် ရှောင်ဖုန်းတို့သည် ရေခဲမုန့်စားရင်း လမ်းဘေးဆိုင်ရှေ့တွင် တန်းစီပြီးထိုင်နေကာ နဥ်ရှောက်ပိုင်ကို စောင့်နေကြ၏။

နဥ်ရှောက်ပိုင်နှင့် ရှမြန်တို့သည် နေ့တိုင်း ဖုန်းပြောဖြစ်ကြသည်။ သူတို့၏ဇာတိမြို့တွင် ဖြစ်သွားခဲ့သည့် ရယ်စရာ ထူးဆန်းသည့် အကြောင်းအရာများ အားလုံးကို ပြောသည့်အပြင် သူတို့သည် နဥ်ရှောက်ပိုင် ရောက်လာမည့်အချိန်ကိုလည်း မေးမြန်းကြ၏။

ယခုတော့ အခြေအနေက လုံးဝကိုပြောင်းပြန်ဖြစ်သွားပြီး ရှမြန်က မေးခွန်းများကို ဆက်တိုက်မေးရသည့်သူ ဖြစ်လာကာ နဥ်ရှောက်ပိုင်က သူမကို ဘာမဆို ပြောပြဖို့ရန် ငြင်းဆန်လာခဲ့သည်။ သူသည် သူမကို အလကားနေရင်း စောင့်ဆိုင်းနေရခြင်း၏ နှိပ်စက်မှု အတွေ့အကြုံကို ခံစားခိုင်းထားလေသည်။

မနေ့တုန်းက ရထားပေါ်တက်သည့်အချိန်မှသာ သူသည် ထွက်လာပြီဖြစ်သည့်အကြောင်း ရှမြန်ကို ပြောပြခဲ့သည်။

"ဘာဖြစ်လို့ ရထားစီးလာတာလဲ" ရှမြန်က စဉ်းစားလိုက်၏။ "ကျွန်မက ရှင် ဒီကို ကားနဲ့လာမယ်လို့ ထင်ထားတာ"

နဥ်ရှောက်ပိုင်က ခဏလောက် တုံ့ဆိုင်းကာ သက်ပြင်းချလိုက်သည်။

"ကားကို ပြင်ဆင်ဖို့အတွက် ပို့ထားရတယ်လေ။ မင်းက ငါ့ကို အရမ်းကြီး လောဆော်နေတာဆိုတော့ ငါလည်း မတတ်သာတော့ဘဲ ရထားနဲ့ လာရတော့တာပေါ့"

"ဒေါက်တာနဥ်ကတော့ တကယ့်ကို နစ်နာရပါပြီ" ရှမြန်က အော်ရယ်လိုက်၏။

နေ့ခင်းဘက်တွင် သူမသည် နဥ်ရှောက်ပိုင်ထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို ရရှိခဲ့သည်။ သူသည် မင်မြို့မှနေ၍ မင်ရှီမြို့သို့ လာသည့်လမ်းပေါ်တွင် ရောက်နေပြီဟုဆို၏။

အချိန်ကို တွက်ချက်ကြည့်လိုက်တော့ ၂နာရီခန့်ရှိ လိမ့်မည်ဖြစ်သည်။

အချိန်မှာ ရုတ်တရက်ဆိုသလို မစောင့်ဆိုင်းချင်လောက်အောင်ပင် ဖြစ်လာတော့သည်။ ရှမြန်သည် မနေနိုင်တော့ဘဲ မိနစ်အနည်းငယ်တိုင်း လမ်းဆုံဆီသို့ အပြေးအလွှား သွားချင်မိတော့၏။ နောက်ဆုံးတော့ သူမသည် ကိုယ့်ဟာကိုယ် ဆက်ပြီးမထိန်းနိုင်တော့ဘဲ ရှောင်ဖုန်းကို ဒီအတိုင်းခေါ်ကာ လမ်းဘေးက ဆိုင်ငယ်လေးတစ်ခု၏ တံခါးရှေ့တွင် ထိုင်ရင်း စောင့်ဆိုင်းနေလိုက်သည်။

ကုန်စုံဆိုင်ထဲက ၂၄လက်မရောင်စုံတီဗီသည် နာမည်ကြီးသည့် သိုင်းဇာတ်လမ်းတွဲတစ်ခုကို ပြသနေပြီး အချိန်ကုန်ဆုံးဖို့ရန် ကောင်းမွန်သည့်နည်းလမ်းတစ်ခု ဖြစ်နေသည်။

ဒီအချိန်တွင် လူအများအပြားက အိမ်ထဲတွင် စုဝေးနေကြပြီး တံခါးနားတွင်လည်း ရှိနေကြ၏။ ဒါသည် ကုန်စုံဆိုင်၏ စျေးကွက်စီးပွားရေးဗျူဟာတစ်ခု ဖြစ်ပေသည်။ အားနေကြသည့်လူများသည် တီဗီ ကြည့်ပြီးသွားသည့်နောက်တွင် မပြန်ချင်သေးကြချေ။ ထို့ကြောင့် သူတို့က လမ်းကြုံပစ္စည်းတချို့ကို ဝယ်ယူသွားသည်။

ရှောင်ဖုန်းက တီဗီထဲက ကောင်းကင်ပေါ်က ဆင်းသက်လာသည့် သူရဲကောင်းကို ကြည့်လိုက်ပြီး ရှမြန်၏ နားနားသို့ကပ်ကာ တိုးတိုးလေးပြောလိုက်သည်။ "အဘိုး၂ပဲနော်"

ရှမြန်က ရယ်မောကာ တိုးတိုးလေးပြန်ပြောလိုက်သည်။ "ဟုတ်တာပေါ့"

ဒီဇာတ်လမ်းတွဲတွင် မောက်ကျစ်ရှန်းသည် ဂူအောင်းကျင့်ကြံနေသည့် အဓိကဇာတ်လိုက်၏ ဦးလေးနေရာတွင် သရုပ်ဆောင်ရသည်။ သူသည် အဓိကဇာတ်လိုက်က အသတ်ခံရတော့မည့်ဆဲဆဲ အရေးပေါ်အခြေအနေတွင် ဇာတ်လိုက်ကို ကယ်ဆယ်ဖို့ရန် ထွက်လာရပြီး နောက်ဆုံးတော့ အဓိကဇာတ်လိုက်ကို ခေါ်ပြန်လာကာ သူ့ကို သိုင်းပညာသင်ပေးရသည်။ သူ့ဇာတ်ကောင်သည် ရသေ့တစ်ယောက်နှင့် တော်တော်လေး ဆင်တူ၏။

အဓိက အကြောင်းအရင်းမှာ မောက်ကျစ်ရှန်းသည် ကျွမ်းကျင်သူတစ်ယောက် မဟုတ်ခြင်းကြောင့်ပင်။

သူသည် သက်လတ်ပိုင်းအရွယ် ရောက်မှသာ ဒီလောကထဲသို့ မတော်တဆ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ သူသည် သရုပ်ဆောင်ရမည့်လမ်းကြောင်းနှင့် အစီအစဉ်များကိုလည်း ဂရုမစိုက်ချေ။ သူသည် သူ့လမ်းပေါ်သို့ ရောက်လာသည့် ဘယ်ဇာတ်ဝင်ခန်းကိုမဆို လက်ခံပေးပြီး ဇာတ်လမ်းရိုက်ကူးရင်း ကိုယ့်ဟာကိုယ် တိုးတက်အောင်လုပ်ကာ သူ တတ်နိုင်သမျှကို လုပ်ဆောင်သည်။ လက်တလောတွင်တော့ သူသည် ဒီလိုဇာတ်ကားမျိုးတွင် အရည်အချင်းအရှိဆုံးသူဖြစ်လာ၏။

အသည်းကွဲနေသည့် အခြေအနေထဲတွင် ရောက်နေသည့် ရှချွမ်းသည် ဇာတ်လမ်း၏ဆွဲဆောင်ခြင်းကို ခံလိုက်ရပြီး ရုတ်တရက်ဆိုသလို ရှမြန်ကို မေးလိုက်၏။

"မြန့်မြန် ဒီလူကလေ ငါတို့ရဲ့ဦးလေး၂နဲ့ တော်တော်လေး တူတယ်လို့ နင် မထင်ဘူးလား"

ရှမြန်မှာ ခဏလောက် မှင်တက်အံ့သြသွားပြီး ရှောင်ဖုန်းကို ကြည့်လိုက်ကာ အော်ရယ်တော့၏။

"အင်း နည်းနည်းလေးတော့ ဆင်တဲ့ပုံပဲ"

ရှ၀မ်ယွဲ့သည် သူမ၏မိသားစုကို စက်ရုံတစ်ခု ဖွင့်ထားသည့်အကြောင်းကို ပြောပြထားသော်ငြားလည်း မောက်ကျစ်ရှန်းက သရုပ်ဆောင်တစ်ယောက် ဖြစ်လာသည့်သတင်းကိုတော့ မပြောဖို့ရန် တောင်းဆိုထားသည်။ အဓိကအကြောင်းအရာကလည်း မောက်မိသားစုကြောင့် ဖြစ်ပေ၏။ မောက်မိသားစုသည် ရှ၀မ်ယွဲ့က စက်ရုံတစ်ခုဖွင့်ထားသည်ကို သိနေသည့်တိုင် သူတို့သည် သူမကို ဘာမှလုပ်နိုင်မည် မဟုတ်ချေ။ ယန်မြို့သည် အလွန်ကြီးမားပြီး သူတို့သည် ရှ၀မ်ယွဲ့ကို လုံးဝရှာဖွေနိုင်မည်မဟုတ်ပေ။ သူတို့သည် သူမကိုရှာတွေ့ခဲ့လျှင်ပင် ယခုအချိန်တွင်တော့ သူမကိုဘာမှလုပ်နိုင်မည်မဟုတ်ပေ။

သို့သော်ငြားလည်း သရုပ်ဆောင်တစ်ယောက်အနေဖြင့် မောက်ကျစ်ရှန်း၏ အခြေအနေကတော့ ကွာခြားပေသည်။ ကြယ်ပွင့်များသည် ပစ်မှတ်တစ်ခုဖြစ်ဖို့ရန် လွယ်ကူပေ၏။ ယနေ့ခေတ် ဖျော်ဖြေရေးသတင်းထောက်များက နောက်ပိုင်းမျိုးဆက်များလောက် အကျယ်ချဲ့ ပြောကြသည် မဟုတ်သော်ငြားလည်း မီးစာသေးသေးလေး တစ်ခုနှင့်တင် လူတစ်ယောက်ကို ဖျက်စီးဖို့ရန် လုံလောက်ပေသည်။

အထူးသဖြင့် မောက်ကျစ်ရှန်းသည် အစားထိုးလို့မရနိုင်သည့် ပထမအဆင့် ကြယ်ပွင့်တစ်ယောက် မဟုတ်ချေ။ အကယ်၍မောက်မိသားစုက သူ့အပေါ် အခွင့်အရေးယူလာခဲ့လျှင် သူ၏အလုပ်အကိုင်သည် သေချာပေါက် ပျက်စီးသွားပေလိမ့်မည်။ ထို့ကြောင့် မောက်ကျစ်ရှန်းက သရုပ်ဆောင်တစ်ယောက် လုပ်နေသည့်အချက်ကိုတော့ သူ၏ဇာတိမြို့တွင် တတ်နိုင်သလောက်ကြာအောင် လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းရပေမည်။

ရှမိသားစုကိုတော့ မယုံကြည်၍ မဟုတ်ချေ။ သို့သော်ငြားလည်း နောက်ဆုံး လူအများအပြားရှိနေရာ အတင်းအဖျင်းကလည်း များပြားလိမ့်မည်။ အကယ်၍ မတော်တဆသာ တစ်ခုခုပေါက်ကြားသွားခဲ့လျှင် ဒါက မလိုအပ်သည့်ပြဿနာများ ဖြစ်လာလိမ့်မည်။

ရှချွမ်းကတော့ ဒီအခိုက်အတန့်တွင် သာမန်ကာလျှံကာ ပြောလိုက်သော်ငြားလည်း တချို့လူများကတော့ ထိုအကြောင်းကို စတင်ဆွေးနွေးနေကြ၏။

"သူက ရင်းနှီးနေပါတယ်လို့ စဉ်းစားနေတာ။ အမှန်ပဲ။ သူက မောက်လောင်အာ့ ငယ်ငယ်တုန်းကပုံစံနဲ့ တစ်ရုပ်တည်းပဲနော်"

သရုပ်ဆောင်များ၏ နာမည်စာရင်း ထွက်လာသည်နှင့် လူတစ်ယောက်က ပြောလိုက်လေသည်။ "ဟေ့ ဒီသရုပ်ဆောင်ရဲ့ နာမည်ကလည်း မောက်ကျစ်ရှန်းပဲတဲ့။ တိုက်ဆိုင်လိုက်တာ။ ဧကန္တ မင်းရဲ့ဦးလေး၂များလား"

ရှကျွမ်းသည် ချက်ချင်းဆိုသလို လက်ခုပ်တီးလိုက်ပြီး အော်ရယ်တော့သည်။ "ဟုတ်တာပေါ့ ကျွန်တော့်ရဲ့ဦးလေး၂က နာမည်ကြီးတဲ့ ကြယ်ပွင့်တစ်ယောက်လေ။ ကျွန်တော်လည်း အခွင့်အရေးရရင် သူ့ကိုသွားရှာပြီးတော့ ကျွန်တော့်ကို သရုပ်ဆောင်တစ်ယောက်နဲ့ မိတ်ဆက်ခိုင်းရမယ်"

"ချန်နန်က အဲဒီရိုက်ကူးရေးအဖွဲ့က အလကားပါ။ အဲဒီမှာ နာမည်ကြီးကြယ်ပွင့်တွေ ရှိတာမဟုတ်ဘူး"

အင်း။ မာလီလီက သူ့ကို ဖြတ်သွားပြီး သရုပ်ဆောင်တစ်ယောက်လုပ်ဖို့ ဟောက်ရွှီဖုန်းကို သွားရှာတဲ့ကိစ္စကို တအုံနွေးနွေး ဖြစ်နေတာပဲ။

ဒီနေရာက လူအများစုက အိမ်နီးချင်းများ ဖြစ်ကြသည်။ သူတို့သည် ရှချွမ်း၏ကိစ္စနှင့်ပတ်သက်ပြီး တချို့အကြောင်းအရာကိုတော့ သိချင်သိနေလိမ့်မည်။ သူတို့သည် ဒီစကားကို ကြားလိုက်သည့်အခါ အသံထွက်ကာ ဝါးလုံးကွဲရယ်လိုက်ကြပြီး ဒါက ရယ်စရာတစ်ခုလား ဆိုသည်ကိုပင် မသိတော့ချေ။

တီဗီထဲက ချောမောပြီး ဣန္ဒြေကြီးတဲ့သူက ဘယ်လိုလုပ်ပြီးတော့ မောက်မိသားစုရဲ့ ဒုတိယသား ဖြစ်နိုင်မှာလဲ။ ပခုံးကလည်း လျှောလျှောနဲ့ ခေါင်းကိုတောင်မော့ရဲတဲ့ သူမဟုတ်ဘူးလေ။

သို့သော်ငြားလည်း လူတချို့ကတော့ သက်ပြင်းချနေဆဲပင်။

"ကြည့်ပါဦး။ သူက တီဗီပေါ်မှာ ဒီလိုသရုပ်ဆောင်တဲ့ အချိန်ကျတော့လည်း တော်တော်လေးကို ကြည့်ကောင်းတာပဲ။ ဒါပေမဲ့ မောက်လောင်အာ့ကျတော့ ဘာဖြစ်လို့ ဒီလို ဆူဆဲခံနေရတာလဲ။ တကတည်း ဘာလို့လဲ"

အကြောင်းအရင်းကို ပြောဖို့ရန်တော့ ခက်ခဲပေသည်။ သို့သော်ငြားလည်း ဒါက ကျောင်းတွင်းအကြမ်းဖက်မှုများနှင့် အလွန်မှ ဆင်တူသည်။ အမှန်တွင်တော့ အနိုင်ကျင့်ခံရသည့် ကလေးများသည် ဘာအမှားမှ မလုပ်ထားခဲ့ချေ။ သို့သော်ငြားလည်း သူတို့အတန်းဖော်၏ မသိမသာ ထူးခြားသည့် အခြေအနေကြောင့် ဒါသည် အားလုံးက သူတို့ကိုတိုက်ခိုက်ဖို့ရန် အကြောင်းအရင်းတစ်ခု ဖြစ်လာတော့၏။

မောက်ကျစ်ရှန်းနှင့်ပတ်သက်ပြီး ထူးခြားသည့် အကြောင်းအရာမှာ သူသည် အလွန်မှ ချောမောနေခြင်းပင်။

မောက်သခင်မကြီး၏ ဒီထူးထူးခြားခြား အထင်သေးတတ်သည့် သဘောတရားကို ထည့်ပေါင်းလိုက်လျှင် ဒါသည် ဒီလူကို စိတ်တိုင်းကျ အနိုင်ကျင့်နိုင်ပြီး ဘယ်သူကမှ ဂရုစိုက်မှာ မဟုတ်ဘူးဟူသည့် သတင်းစကားကို အပြင်လူများထံ သယ်ယူသွားပြီးသည်နှင့် အတူတူပင်။ တဖြည်းဖြည်းနှင့် သူ့ကို လှောင်ပြောင် အနိုင်ကျင့်ခြင်းက အကျင့်စရိုက်တစ်ခုသာ ဖြစ်လာတော့၏။

မောက်ကျစ်ရှန်းအကြောင်း ပြောလိုက်သည့်အချိန်တွင် အားလုံးသည် မောက်မိသားစုအကြောင်း အလိုလို စပြောမိကြလေသည်။ နှမြောတသစွာနှင့် အပြောဖြစ်ဆုံးသူမှာ မောက်ဟွေ့ဟယ်အကြောင်းသာ ဖြစ်၏။

"အဲဒီကလေးမရဲ့ဘဝကတော့ ပျက်စီးသွားပါပြီ"

"မောက်မိသားစုက သူတို့ရဲ့သမီးတွေကို လူသားတွေလို ဆက်ဆံတာ မဟုတ်ဘူးလေ။ အဲဒီလိုဆိုရင်တောင် မောက်မိသားစုရဲ့ မြေးတွေကလည်း ကြယ်ပွင့်တွေ ဖြစ်လာချင်ကြတာနဲ့ ဟောက်ရွှီဖုန်းနဲ့ ရင်းနှီးဖို့ တော်တော်လေးကို ကြိုးစားနေကြတာပဲ"

"သူတို့ရဲ့အစ်မ ဘယ်လိုနှိပ်စက်ခံနေရတယ်ဆိုတာကို မမြင်ကြလို့လား"

"အိုက်ယိုး... ဒါက ဝဋ်ကြွေးတစ်ခုပဲလေ။ မောက်မိသားစုက အနှေးနဲ့အမြန် အပြစ်ပေးခံရမှာပဲ"

အားလုံးက တိုင်ပင်ဆွေးနွေးနေကြသည်တွင် တကယ့်လူစစ်စစ်သည် သူတို့ရှေ့သို့ ရောက်လာလေ၏။

မာဝမ်၀ူက ဒီနေရာသို့ သူမကို ခေါ်လာလေ၏။ "ကြည့်လိုက် သူပဲလေ။ သူက မောက်လောင်အာ့ရဲ့အိမ်ကို သေချာပေါက်သိရမယ်။ မောက်ဟွေ့မေကလည်း ယန်မြို့မှာ ရှိတာသေချာတယ်"

ရှမြန်သည် ရုတ်တရက်ပေါ်လာသည့် မာဝမ်၀ူကို ကြည့်လိုက်ပြီး ဇဝေဇဝါဖြစ်သွား၏။ ဒီလူက ဘာလုပ်ချင်နေတာပါလိမ့် ဟု စဉ်းစားနေသည်တွင် သူ့နောက်က လူ၂ယောက် ပြောလိုက်သည့် စကားကို ကြားလိုက်ရလေသည်။

"တကယ်လို့ သူ့ကိုသာ စစ်ပြီးတော့ ထိန်းထားနိုင်မယ်ဆိုရင် မောက်လောင်အာ့ရဲ့အိမ်ကို သေချာပေါက် ရှာဖွေနိုင်လိမ့်မယ်။ သူတို့တွေ ပြန်လာတဲ့အထိ သူ့ကို မလွှတ်နဲ့"

ရှချွမ်းသည် ဆူညံသံကို ကြားလိုက်သည့်အခါ ဆိုင်ထဲမှ ထွက်လာလေသည်။ သူသည် မာဝမ်၀ူကို မြင်လိုက်သည့်အချိန်တွင် မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ "မင်းက ဒီမှာဘာလုပ်နေတာလဲ"

"ဘာမှမဟုတ်ပါဘူး" မာဝမ်၀ူက မျက်နှာကိုမဲ့ကာ သရော်လိုက်လေသည်။ "မင်းတို့ရှမိသားစုက ငါ့ကို အထင်သေးနေတာ မဟုတ်ဘူးလား။ မင်းတို့တွေက ငါ့ကို ယန်မြို့ကို မခေါ်သွားချင်ဘူး မဟုတ်လား။ ဒါဆိုရင်တော့ ရှမြန်လည်း သွားရမယ်မထင်နဲ့။ သူ့ကို သွားခွင့်ပေးမှာ မဟုတ်ဘူး"

သူ့စကားမဆုံးသေးခင်မှာပင် သူသည် ရုတ်တရက်ဆိုသလို သူ့နှာခေါင်းကို အုပ်ပြီးအော်ဟစ်ကာ ရှမြန်ကို မော့ကြည့်ပြီး ဒေါသတကြီး ပြောလိုက်၏။

"မင်း မင်း ငါ့ကိုရိုက်ရဲတယ်"

ရှမြန်က ကျောက်တုံးတစ်တုံးကို ပစ်ပေါက်လိုက်ကာ မျက်နှာမဲ့ပြီး ပြောလိုက်လေသည်။

"ငါ့အနား ကပ်မလာပါနဲ့လို့ ငါ နင့်ကို သတိပေးထားတယ် မဟုတ်လား"

"ငါ နင့်ကို တွေ့တဲ့အချိန်တိုင်း ငါ နင့်ကို သေအောင်ရိုက်မှာလို့ ပြောထားတယ် မဟုတ်လား"

ရှမြန်သည်သူ့ကို ကျောက်တုံးများဖြင့် ဆက်တိုက်ပေါက်ရင်းက ပြောနေ၏။ "ငါ ပြောခဲ့တဲ့စကားတွေက သောက်ရေးမပါဘူးလို့များ နင်က ထင်နေတာလား"

မာဝမ်၀ူသည် နာကျင်စွာဖြင့် ပတ်ပြီးခုန်ပြေးနေ၏။ သို့သော်ငြားလည်း ရှမြန်ကတော့ ချိန်ရွယ်ရာတွင် အလွန်မှတော်ပြီး သူ့မှာတစ်ခုမှ မရှောင်ရှားနိုင်ချေ။ သူသည် "ငါ့ကိုစောင့်နေလိုက်"ဟူသည့် စကားတစ်ခွန်းသာ အလောတကြီးပြောပြီး ပြေးထွက်သွားရတော့သည်။

ဆိုင်ထဲက လူများကထွက်လာပြီး ပွဲကြည့်ကြတော့သည်။ ရှမြန်က မာဝမ်၀ူကို သင်ခန်းစာ ပေးနေသည်ကို မြင်လိုက်ရသည့်အခါ ရှမိသားစုနှင့် ပတ်သက်ကြသည့်လူတချို့သည် ထိုယောက်ျား၂ယောက်ကို ရင်ဆိုင်နေနှင့်ပြီးသားဖြစ်နေ၏။

"မောက်လောင်သာ့ မောက်လောင်သာ့ ခင်ဗျား ဒီကိုလာပြီးတော့ ထပ်ပြီး ရန်လာဖြစ်တာလား။ ဘာဖြစ်လို့လဲ ခင်ဗျားက ထပ်ပြီးတော့ ရန်ဖြစ်ချင်လို့လား"

မောက်လောင်သာ့မှာ မျက်မှောင်ကြုတ်လိုက်ပြီး "ငါတို့တွေက လောင်အာ့ကို လာရှာကြတာပါ။ ငါတို့တွေက ဘယ်လိုလုပ်ပြီးတော့ ပြဿနာရှာတယ် ဖြစ်ရမှာလဲ"

မောက်လောင်စန်းက ရှမြန်ကို ကြည့်ကာ မေးလိုက်၏။ "နင့်ရဲ့အဒေါ်၂နဲ့ သူ့မိသားစုက နင်နဲ့ ယန်မြို့ကို လိုက်သွားခဲ့တာလား"

ရှမြန်သည် သဘောကျသွားသည့်ဟန်ဖြင့် "ငါက တခြားသူတွေရဲ့အိမ်မှာ နေနေရသေးတာ။ ဒါပေမဲ့ ငါ့ရဲ့အဒေါ်၂မှာတော့ လူ၅ယောက်ပါတဲ့ မိသားစုတစ်ခု ရှိတယ်လေ။ ဒါက ဖြစ်နိုင်တယ်လို့ နင်က ထင်နေတာလား"

မောက်လောင်သာ့နှင့် မောက်လောင်စန်းတို့သည် တစ်ချိန်တည်းတွင် မျက်မှောင် ကြုတ်လိုက်ကြလေသည်။ ရှမြန်ပြောလိုက်သည့်စကားက အဓိပ္ပာယ်ရှိသည်ဟု သေချာပေါက် ခံစားမိလိုက်ကြသော်ငြားလည်း သူမက တစ်ခုခုတော့ သေချာပေါက် သိနေရမည်ဟုလည်း ခံစားနေမိကြ၏။

သူတို့သည် ချီတုံချတုံ ဖြစ်နေသည့်အချိန်တွင် ပုံရိပ်တစ်ခုသည် အားအပြည့်ဖြင့် ရှေ့သို့တစ်ဟုန်ထိုး ပြေးဝင်လာရာ ရှမြန်မှာ အမှတ်တမဲ့ နောက်သို့ဆုတ်လိုက်မိ၏။

"နင် သေချာပေါက် သိတယ်။ နင် သေချာပေါက် သိရမယ်" ပိန်ပိန်ပါးပါး အမျိုးသမီးငယ်တစ်ယောက်သည် သူမကို မဖမ်းမိလိုက်သဖြင့် မြေကြီးပေါ်သို့ လဲကျသွားတော့၏။ သူမက မော့ကြည့်လိုက်ကာ ရှမြန်ကို တောင်းပန်တိုးလျှိုးနေလေသည်။

"ငါ နင့်ကို တောင်းပန်ပါတယ်။ ငါ့ဦးလေးရဲ့အိမ် ဘယ်နားမှာ ရှိတယ်ဆိုတာကို ကျေးဇူးပြုပြီးတော့ ပြောပြပေးပါ။ တကယ်လို့ သူတို့တွေ ပြန်မလာဘူးဆိုရင် ငါ သေရတော့မယ်"

လူအားလုံးသည် သူမကိုတွေ့ လိုက်ရသည့်အခါ အထိတ်တလန့် ဖြစ်သွားတော့၏။ တစ်စုံတစ်ယောက်က မေးလိုက်၏။ "ဒါက မောက်ဟွေ့ဟယ် မဟုတ်လား"

မောက်လောင်သာ့က မျက်မှောင်ကြုတ်လိုက်ပြီး သူမကို တွဲထူပေးဖို့ရန် ရှေ့သို့သွားလိုက်လေသည်။ သို့သော်ငြားလည်း မောက်ဟွေ့ဟယ်က သူ့လက်ကို ရှောင်လိုက်ကာ ရှမြန်ဆီသို့ လေးဘက်ထောက်ကာ လာခဲ့လေသည်။ "ငါ နင့်ကို တောင်းပန်ပါတယ်။ မောက်ဟွေ့မေ ဘယ်နားမှာရှိတယ်ဆိုတာ ငါ့ကို ပြောပြပါ။ သူ ဘယ်မှာရှိလဲဆိုတာကို ငါ့ကိုပြောပြပါ"

နောက်ဆုံးတွင်တော့ သူမ၏လေသံက စူးရှသွားတော့၏။

အမှန်အတိုင်းပြောရလျှင် ရှမြန်သည် အမှန်ပင် ထိတ်လန့်သွားလေသည်။ မောက်ဟွေ့ဟယ်သည် အရင်တုန်းက မည်သည့်ရုပ်ရည်မျိုး ရှိသည်ကို မသိသော်ငြားလည်း ယခုတော့ သူမသည် သရဲတစ္ဆေတစ်ကောင်လို ဖြစ်နေ၏။

သူမ၏မျက်နှာသည် ဖြူဆုတ်နေကာ သူမ၏ပါးရိုးများကလည်း ချိုင့်ဝင်နေပြီး နွေလယ်ခေါင်ခေါင်မှာပင် သူမသည် ဘောင်းဘီရှည်ကြီးနှင့် အင်္ကျီလက်ရှည်ကို ဝတ်ဆင်ထား၏။ ရှမြန်သည် သူ၏လက်ကောက်ဝတ်၊ ကော်လံနှင့် တခြားပေါ်နေသည့် အစိတ်အပိုင်းများသည် အညိုအမဲ ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသည်ကို မြင်နေရလေသည်။

ရှချွမ်းက ရှောင်ဖုန်းကို ကောက်ချီနေနှင့်ပြီးဖြစ်ရာ ရှမြန်ကို ဆွဲကာ သူတို့ကို ပိတ်ဆို့ထား၏။

"ငါတို့ရဲ့အဒေါ်၂အိမ် ဘယ်မှာရှိတယ်ဆိုတာ မသိဘူးလို့ ပြောပြီးပြီပဲ။ မာဝမ်၀ူက ဒီနေရာမှာ ခံလိုက်ရလို့ နင့်ကို ဓားပြတစ်ယောက်လို အသုံးချခဲ့တာ။ နင်က အဲဒီလောက်တောင် တုံးအရလား"

သူသည် စကားပြောပြီးသွားသည့်နောက်တွင် သူ့ဘေးက လူတော်တော်များများက ရှေ့သို့ တက်လာကြ၏။

"ယောက်ျားရင့်မာကြီး၂ယောက်က မိန်းကလေးငယ်လေး တစ်ယောက်ကို အကြပ်တွေ့အောင် လုပ်နေတာ။ ဘာဖြစ်နေတာလဲ"

"မြန်မြန်ပြန်ကြတော့။ ရှမိသားစုက ငါတို့တွေက မောက်လောင်အာ့ရဲ့ကိစ္စ တွေကို မသိဘူး။ ထပ်ပြီး မလိုက်နဲ့တော့-"

မောက်မိသားစုက ညီအစ်ကို၂ယောက်သည် အလုပ်မဖြစ်မှန်း သိလိုက်ကြသဖြင့် မောက်ဟွေ့ဟယ်ကို အရင်ဆုံးခေါ်ပြန်ဖို့ရန် ပြင်ဆင်လိုက်ကြလေသည်။

သို့သော်ငြားလည်း မောက်ဟွေ့ဟယ်ကတော့ ဒါကို သူမ၏ နောက်ဆုံးမျှော်လင့်ချက်ဟု သတ်မှတ်ထားဟန်တူပြီး ကြမ်းကြမ်းတမ်းတမ်း ရုန်းကန်လေ၏။

"မဟုတ်ဘူး သူ သိတယ်။ မောက်ဟွေ့မေ ရှိနေတဲ့နေရာကို သူ သေချာပေါက် သိတယ်။ ကျွန်မ မောက်ဟွေ့မေကို ရှာချင်တယ်"

ရှချွမ်းက ပြောလိုက်သည်။ "ဟောက်ယိုထိုကို ကွာရှင်းမဲ့နည်းလမ်းတစ်ခုကိုပဲ ရှာစမ်းပါ။ ငါ့အစ်မဟွေ့မေကို ရှာလို့ဘာ အဓိပ္ပာယ်ရှိမှာလဲ။ ဟောက်ယိုထိုက ငါ့အစ်မကို မေ့နေတာဖြင့် ကြာလှပြီ"

"အလုပ်ဖြစ်တယ်။ အလုပ်ဖြစ်တယ်။ သူ မမေ့သေးဘူး။ သူ လုံးဝမမေ့သေးဘူး" မောက်ဟွေ့ဟယ်သည် ရှမြန်ကို ဖမ်းဖို့ရန် ရုန်းကန်နေ၏။

"သူ ငါ့ကို နှိပ်စက်တယ်ဆိုတာကလည်း မောက်ဟွေ့မေ ထွက်ပြေးသွားလို့ပဲ။ သူ မောက်ဟွေ့မေကို သဘောကျတယ်။ သူ ပြန်လာတယ်ဆိုရင်လည်း သူက မောက်ဟွေ့မေကို လက်ထပ်မှာ"

သူမ၏စိတ်အခြေအနေသည် လုံးဝပုံမှန်မဟုတ်သည်မှာ ထင်ရှားနေ၏။

သို့သော်ငြားလည်း ဒါက မောက်မိသားစုကို ဒေါသထွက်ရစေတော့သည်။ ရှချွမ်းက ဒေါသတကြီး ပြောလိုက်၏။ "ဒါကနင့်ကိစ္စပဲ။ နင်တို့ရဲ့မောက်မိသားစုကိစ္စ။ နင့်ကို ဟောက်ယိုထိုဆီ ရောင်းစားလိုက်တာ နင့်မိဘနဲ့ နင့်အဘွားပဲ။ နင် သတ္တိရှိတယ်ဆိုရင် သူတို့ကို သွားရှာလေ။ ဘာဖြစ်လို့ ငါတို့ကို လာပြီးတော့ တွယ်ကပ်နေတာလဲ"

မောက်ဟွေ့ဟယ်ကတော့ ဂရုမစိုက်ချေ။ သူမသည် ရှမြန်ကို ဖမ်းဖို့ရန် ဆုံးဖြတ်ထားပြီး မောက်လောင်သာ့ကို ပြောလိုက်၏။ "အဖေ သူ့ကိုဖမ်းပြီးတော့ သူ့နောက်လိုက်သွား။ ကျွန်မတို့တွေ သူ့ကိုရှာဖွေရလိမ့်မယ်။ မောက်ဟွေ့မေက သူ့နောက်လိုက်သွားတာ သေချာတယ်"

...

All Chapters