← Chapters

အပိုင်း(၁၆၁)

Vol. 11 Ch. 161

အပိုင်း(၁၆၁)

Vol. 11 Ch. 161

"မာဝမ်၀ူက သူ့ကို ဒီမှာထိန်းသိမ်းထားဖို့ ပြောထားတယ်" မောက်ဟွေ့ဟယ်က အရူးတစ်ယောက်လို ပြောလေသည်။ "သူက ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေရဦးမှာလေ။ တကယ်လို့ မောက်ဟွေ့မေသာ ပြန်မလာဘူးဆိုရင် သူ ယန်မြို့ကို ပြန်သွားပြီး ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေမဲ့ကိစ္စကိုလည်း မေ့ထားလိုက်တော့..."

ဒီစကားကို ကြားလိုက်သည့်အခါ ရှမြန်၏မျက်လုံးများသည် မသိမသာ ကျဉ်းမြောင်းသွား၏။

မာဝမ်၀ူက ငါ ကောလိပ်သွားလိမ့်မယ်လို့ လုံးဝစဉ်းစားမိမှာ မဟုတ်ဘူး။ မာလင်မယားနဲ့ မာဝင်း၀ူတို့ရဲ့စိတ်ထဲမှာ မိန်းကလေးတွေက အထက်တန်းကျောင်း အောင်ပြီးသွားရင် လက်ထပ်ရလိမ့်မယ်လို့ပဲ စဉ်းစားထားတာ။ မိန်းကလေးတွေက ကောလိပ်သွားရမယ်ဆိုတဲ့ အယူအဆ လုံးဝမရှိဘူး။

ငါ ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ဖြေမယ်လို့ သိထားတဲ့ တစ်ဦးတည်းသောသူက မာလီလီပဲ...

ရှမြန်က သရော်လိုက်၏။ မာလီလီက အစကတည်းက မိသားစုနဲ့ သူ့မောင်ကို မုန်းနေတာ။ ဒါပေမဲ့ သူ လုပ်တဲ့အရာတိုင်းကတော့ သူတို့ရဲ့ လွှမ်းမိုးမှုခံထားရတဲ့ဟာတွေချည်းပဲ။ အတ္တကြီးပြီးတော့ ရက်စက်တယ်။

မောက်ဟွေ့ဟယ် ပြောလိုက်သည့်စကားကို ကြားလိုက်ရသည့်အခါ မောက်လောင်သာ့သည် လှုပ်လှုပ်ရှားရှား ဖြစ်သွားလေသည်။ သူတို့၏မိသားစုသည် ဟောက်မိသားစု၏ စည်းကမ်း တင်းကျပ်ခံရမည်ကို အမှန်ပင် ကြောက်ရွံ့လေသည်။ အထူးသဖြင့် မောက်ဟွေ့ဟယ်ပင်။ သူသည် သူမကို ဘယ်လိုပင် ဂရုမစိုက်သည်ဖြစ်စေ။ သူမသည် သူ၏သမီးအရင်း ဖြစ်နေသေးသည်။ သူသည် သူမက ထိုမျှလောက် ဒုက္ခခံစားနေရသည်ကို မကြည့်ရက်နိုင်ပေ။

အကယ်၍ မောက်လောင်အာ့သာ ပြန်လာခဲ့မည်ဆိုလျှင် လူကြီးမင်းဟောက်၏ဒေါသများသည် မောက်လောင်အာ့ဆီသို့ ပြောင်းလဲသွားနိုင်မည်ဖြစ်ကာ သူတို့သည်လည်း ထိုအရာအားလုံးကို ဖယ်ရှားပစ်နိုင်လိမ့်မည်...

သူက တွက်ချက်နေဆဲမှာပင် တစ်စုံတစ်ယောက်က ထပြီး ပြောလိုက်၏။

"ဟေး အဲ့ဒါက ဟောက်ရွှီဖုန်းရဲ့ကား မဟုတ်လား။ သူက မိန်းကလေးတစ်ယောက်ကို သွားကြိုဖို့ ဘေးကမြို့ကို သွားခဲ့တယ် မဟုတ်လား။ သူ ဘာဖြစ်လို့ အခုပြန်လာတာလဲ"

မောက်ဟွေ့ဟယ်သည် ဟောက်ရွှီဖုန်း၏ နာမည်ကို ကြားလိုက်ရသည့်အချိန်တွင် တစ်ခုခု ဆိုးဆိုးရွားရွားကို ကြားလိုက်ရသည့်နှယ် တုန်ယင်သွားပြီး မောက်လောင်သာ့ကို အလောတကြီး လှမ်းဆွဲကာ ပြေးတော့၏။ "သူ သူလာနေပြီ။ မြန်မြန်... မြန်မြန်ပြေး..."

မောက်မိသားစုက ညီအကို၂ယောက်သည် ဒီနေရာတွင် ဟောက်ရွှီဖုန်းနှင့် တွေ့ဆုံခဲ့လျှင် ဒုက္ခရောက်လိမ့်မည်ကို သေချာပေါက် သိနေကြ၏။ ထို့ကြောင့် သူတို့သည် မောက်‌ဟွေ့ဟယ်ကို မြန်မြန်တွဲထူကာ ထွက်သွားကြလေတော့၏။

ရှချွမ်းက စကားပြောလိုက်သည့် လူငယ်လေးကို လက်မထောင်ပြလိုက်ပြီး ပြောလိုက်၏။ "ဖြစ်သားပဲ"

လူငယ်လေးက မေးလိုက်သည်။ "ငါက ဘာတတ်နိုင်မှာလဲ"

ရှမြန်က ပြောလိုက်၏။ "သူတို့ကို ခြောက်လှန့်ဖို့ ဟောက်ယိုထိုကို ဘယ်လို အသုံးချရမလဲဆိုတာ သိသားပဲ"

လူငယ်လေးက သူ့ခေါင်းကို ကုတ်လိုက်ပြီး "ငါက သူတို့ကို ခြောက်လှန့်ဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး"

"ဟမ်" ရှချွမ်းသည် သူ့အကြည့်နောက် လိုက်ပါသွားသည်တွင် ဟောက်ယိုထို၏ကားကို မြင်လိုက်ရ၏။

"ဟော သူ တကယ် ပြန်ရောက်နေတာပဲ"

တစ်ဖက်လူက သူတို့ကို ဒီအတိုင်းဖြတ်သွားသည်ဟု ထင်လိုက်သည့်အချိန်တွင် ကားသည် သူတို့ရှေ့တွင် ရပ်သွားလေ၏။

နောက်ခန်းကားတံခါးသည် အရင်ဆုံးပွင့်လာပြီး မာဝမ်၀ူက ခုန်ဆင်းလာသည်။

သူသည် ရှမြန်ကို လက်ညှိုးထိုးကာပြောလိုက်၏။ "အစ်ကို သူပဲ။ မောက်ဟွေ့မေရှိနေတဲ့နေရာကို သူ သေချာပေါက် သိတယ်။ ဪ သူက အစ်ကို့ကို ဟောက်ယိုထိုလို့ တောင်မှ ခေါ်လိုက်သေးတယ်"

ဒါက လမ်းမှာ တွေ့ခဲ့ပုံရတယ်။

ဒီမာဝမ်၀ူက တကယ့်ကို အရှုံးသမားတစ်ယောက်ပဲ။ သူက ငါ့ကိုဖြေရှင်းဖို့ ဟောက်ယိုထိုကို အသုံးချချင်တယ်ပေါ့လေ။

အဲဒီလိုပြောတော့ ဟောက်ယိုထိုက သူ့အတွက်ရပ်တည်ပေးဖို့ ဆန္ဒရှိတယ်ဆိုတဲ့အချက်က မာလီလီနဲ့ တခြားသူရဲ့ဆက်ဆံရေး ရှိတယ်ဆိုတာ သက်သေပြနေတာပဲ။ အနည်းဆုံးတော့ အပေါ်ယံမှာ အနည်းငယ် ကောင်းမွန်တာပဲဖြစ်ရမယ်။

ရှမြန်သည် ရှချွမ်းကို ကြည့်လိုက်လေသည်။

လမ်းခွဲသွားပြီးသည့်နောက်တွင် ရှချွမ်း၏IQသည် ပုံမှန်ပြန်ဖြစ်လာပြီး ဒီကိစ္စကို သေချာပေါက် စဉ်းစားမိလေ၏။ သူသည် ရှုံ့မဲ့နေသည့်အမူအရာတစ်ခုဖြင့် သူ့ရှေ့ကကားကို ကြည့်နေမိသည်။

ကားတံခါးက ပွင့်လာပြီး အရပ်အမြင့်ပုံမှန်ရှိသည့် လူငယ်တစ်ယောက်က ဆင်းလာခဲ့သည်။ သူသည် သာမန်ရုပ်သွင်တစ်ခုရှိပြီး အနည်းငယ် အဝလွန်နေ၏။ မှေးမှိန်နေသည့်မျက်လုံးများဖြင့် မတည်ငြိမ်သည့် ခြေလှမ်းများရှိကာ သူသည် ကိုယ့်ဟာကိုယ် ပင်ပန်းနွမ်းနယ်နေသည်မှာ သိသာလေသည်။

သူ့ဆံပင်ပုံစံကလည်း ခေါင်းလိမ်းဆီဖြင့်နောက်သို့ ပြောင်နေအောင် လှန်တင်ထား၏။ သူသည် ဆီကို ဘယ်လောက်သုံးခဲ့မှန်းပင် မသိတော့ချေ။ သို့သော်ငြားလည်း လောင်းကစားနတ်ဘုရားဆီမှာတော့ သူက ၂မီတာ၈၀လောက်ရှိည့် အရောင်အဝါတစ်ခု ပိုင်ဆိုင်ထားပေသည်။ သူ့အတွက်တော့ သူ့ကို ဟောက်ယိုထိုလို့ပဲ ခေါ်လို့ရတော့မှာပေါ့။

ရှမြန်သည် ဒါရိုင်ဘာဘေးထိုင်ခုံတွင် ထိုင်နေသည့် မာလီလီကို တွေ့လိုက်ရပြီး ရှချွမ်းက အမှတ်တမဲ့ လှမ်းခေါ်လိုက်၏။ "လီလီ"

မာဝမ်၀ူက ချက်ချင်းဆိုသလို ဂုဏ်ယူသွားတော့သည်။

"ဒီမယ် မင်း ဘာတွေအော်နေတာလဲ။ အခု ငါ့အစ်မက မင်းနဲ့ဘာမှမဆိုင်တော့ဘူး"

"သူက နာမည်ကြီး ကြယ်ပွင့်တစ်ယောက် ဖြစ်လာတော့မှာ။ ဒီတော့ ငန်းသားကို စားချင်တာနဲ့ပဲ အဲဒီလောက်အထိ တုံးအပြမနေနဲ့"

မာလီလီသည် ကားပေါ်က ဆင်းလာလေသည်။ သူမသည် ဘောလုံးအပြောက် အဆင်အင်္ကျီတစ်ထည်နှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားပြီး နုနယ်လှပနေလေသည်။

ရှချွမ်းနှင့် မျက်နှာချင်းဆိုင်လိုက်သည့်အခါ သူမ၏အမူအရာသည် ခပ်တန်းတန်းနှင့် အေးစက်နေ၏။

"ကျွန်မ ရှင့်ကို ပြောစရာရှိတာတွေ အားလုံးပြောထားပြီးပြီ။ ရှင် ကျွန်မကို အထင်သေးနေတယ်ဆိုမှတော့ ကျွန်မလည်း ကျွန်မရဲ့ကိုယ်ပိုင်အနာဂတ်ကို ရယူရမှာပဲ။ ကျွန်မကို ထပ်ပြီးတော့ မနှောင့်ယှက်နဲ့တော့"

ရှချွမ်းက အံကြိတ်ကာ ပြောလိုက်၏။

"စကားကို အဲဒီလောက်အထိ နားကြားကောင်းအောင် မပြောပါနဲ့။ မင်းငါ့ ဆီလာတဲ့ အကြောင်းအရင်းက ငါ့အကူအညီကို ငှားပြီး ငါနဲ့အတူ ယန်မြို့ကို သွားချင်လို့ပဲ။ မင်းက ယန်မြို့ကို မသွားနိုင်ဘူးဆိုတော့ ချက်ချင်းပဲ ဟောက်ရွှီဖုန်းကို သွားရှာခဲ့တာ မဟုတ်လား"

"မဟုတ်ပါဘူး။ မင်း ဒါကို တွေးထားပြီးသားပါ ဟုတ်တယ်မလား"

ဟောက်ရွှီဖုန်းက လုံးဝဂရုမစိုက်ချေ။ သူသည် မိန်းမများနှင့် ကစားရသည်ကို သဘောကျခြင်းသာ ဖြစ်လေသည်။ တခြားသူဆီမှ လုယူထားသည့်အရာများက ပိုလို့ပင် အရသာရှိပေ၏။

မာလီလီက ကြီးကြီးမားမား စော်ကားခံလိုက်ရဟန်တူသည်။ "ရှင် ဘာတွေမဟုတ်တာ လျှောက်ပြောနေတာလဲ။ တိုးတက်မှုကို မလုပ်ချင်တဲ့သူက ရှင်ဆိုတာ သိသာနေတာပဲ။ ကျွန်မတို့တွေက ဒီအတိုင်း ဖြတ်သွားဖြတ်လာတွေမှ မဟုတ်ပဲ"

ရှချွမ်းသည် သူမကိုကြည့်လိုက်ပြီး ရလဒ်နှင့်ပတ်သက်ပြီး ဆက်ပြီးငြင်းခုံနေလို့ အဓိပ္ပာယ်မရှိဟု ရုတ်တရက် ခံစားလိုက်ရ၏။

သို့သော်ငြားလည်း သူသည် ဒါကိုလက်မခံနိုင်ဘဲ သရော်ကာ ပြောလိုက်လေသည်။

"ငါ့မိသားစုက မင်းနဲ့ပြတ်သွားတဲ့အတွက် ဂုဏ်ပြုပွဲလုပ်ချင်နေတာလည်း မဆန်းတော့ပါဘူး။ ငါ ပြန်သွားတဲ့အချိန်ကျရင်လည်း ဂုဏ်ပြုပွဲတစ်ခု သေချာပေါက် လုပ်ရမယ်။ ငါ့ကို အထင်သေးခဲ့တဲ့အတွက် မင်းကို ကျေးဇူးတင်ပါတယ်"

မာလီလီသည် အေးစက်စက်မျက်နှာတစ်ခုဖြင့် အံကြိတ်ထားလိုက်၏။

မာဝမ်၀ူက အော်ပြောလိုက်သည်။ "စပျစ်သီးက ချဥ်တယ်ဆိုပြီးတော့ ညည်းညူမနေပါနဲ့။ ငါ့အစ်မက နောက်ဆိုရင် နာမည်ကြီး ကြယ်ပွင့်တစ်ခုဖြစ်လာပြီး လူချမ်းသာတစ်ယောက်နဲ့ လက်ထပ်မှာ။ မင်းက ဒီအတိုင်း မနာလိုဖြစ်နေတာပါ"

ထို့နောက်တွင်တော့ သူသည် ရှမြန်ကို ဆက်တိုက်ကြည့်နေသည့် ဟောက်ရွှီဖုန်းကို လှုံ့ဆော်လေ၏။

"အစ်ကို သူပဲ။ မောက်ဟွေ့မေက သူနဲ့လိုက်သွားတာပဲ ဖြစ်ရမယ်။ ကျွန်တော်တို့တွေ သူ့ကို ဖမ်းထားသရွေ့ မောက်ဟွေ့မေက သေချာပေါက် ပြန်လာလိမ့်မယ်"

ရှချွမ်းမှာ ဒေါသတကြီး ပြောလိုက်၏။ "မာဝမ်၀ူ"

သူတို့သည် မာမိသားစုကို မကြောက်ပေ။ သို့သော်ငြားလည်း ဟောက်မိသားစုကတော့ စီရင်စုထဲတွင် တော်တော်လေး အာဏာရှိသည်။ အကယ်၍ ဟောက်ရွှီဖုန်းသာ ရှမြန်ကို အမှန်တကယ် ထိန်းသိမ်းထားချင်လျှင် သေချာပေါက် ဒုက္ခများပေတော့မည်။ အနည်းဆုံးတော့ ဟောက်မိသားစုကို မပြစ်မှားမိဖို့ရန်အတွက် စီရင်စုမှထွက်ခွာမည့် ဘတ်စ်ကားပေါ်သို့ ဘယ်သူကမှ သူမကို ခေါ်သွားရဲလိမ့်မည် မဟုတ်ချေ။

ဟောက်ရွှီဖုန်းက ဘာတစ်ခုမှ မပြောရသေးခင်မှာပင် ရှမြန်က ရှေ့သို့တစ်လှမ်းလှမ်းလာပြီး မာဝမ်၀ူကို ကော်လံမှဖမ်းဆွဲကာ မျက်နှာတည့်တည့် ထိုးထည့်လိုက်တော့သည်။

မာ၀င်းဝူသည် အလွန်မှ မှင်တက်အံ့ဩသွားပြီး အရင်ဆုံးအော်ပင် မအော်နိုင်တော့ချေ။

ရှမြန်က မာဝမ်၀ူကို သူမ၏ခြေထောက်တွင် ဖိထားလိုက်ပြီး သူ့မျက်နှာကို စတင်ထိုးနှက်တော့သည်။ ဒါသည် မနာကျင်သည့် ရိုက်နှက်မှုတစ်ခုမဟုတ်ဘဲ တကယ့် လက်သီးချက်တစ်ခုဖြစ်၏။

၂ချက်လောက် ထိုးထည့်ခံရပြီးသည့်နောက်တွင် မာဝမ်၀ူ၏မျက်နှာသည် ချက်ချင်းဆိုသလို သွေးများဖြင့် ဖုံးလွှမ်းသွားတော့သည်။ သူသည် နောက်ဆုံးတော့ ဖြစ်ပျက်နေသည်ကို သတိဝင်လာပြီး အော်ဟစ်လေတော့၏။ "ကူညီကြပါဦး။ တစ်ယောက်ယောက်က ကျွန်တော့်ကို သတ်နေပါတယ်။ အမလေး..."

ဟောက်ရွှီဖုန်းကလည်း မှင်တက်အံ့သြသွားသည်။ ရှချွမ်းက ဝင်ရောက် ဖြန်ဖြေလာမည့် ဘေးကလူများကို ချက်ချင်း တားထားလိုက်သည်။ အားလုံးသည် ခဏလောက် မှင်တက်အံ့ဩသွားပြီးနောက် သတိပြန်ဝင်လာကာ ချက်ချင်းဆိုသလို အားပေးကြတော့၏။

"ချတာကောင်းတယ်"

"မိန်းကလေး ကြိုးစားထား"

"အမလေး ချွန်းကျီရယ်။ နင်က တကယ့်ကိုတော်တဲ့ မိန်းကလေးတစ်ယောက်ပဲ"

"မိုက်တယ် နင် ရှုံးလို့မဖြစ်ဘူးနော်"

မာလီလီတစ်ယောက်ကသာ ထိုနေရာတွင် စိုးရိမ်တကြီး ရပ်နေလေသည်။ "ရှမြန် နင် ဘာလုပ်နေတာလဲ။ သူ့ကို လွှတ်လိုက်"

"ရှချွမ်း သူ့ကို ရပ်ဖို့ပြောလိုက်လေ"

ရှချွမ်းကတော့ ခနဲ့ကာပြောလိုက်၏။ "ငါ သူ့ကို မကူညီပေးတာကိုဘဲ နင် ကျေးဇူးတင်လိုက်ဦး" သူသည် ထိုသို့ပြောလိုက်ပြီးသည့်နောက်တွင် မနေနိုင်တော့ဘဲ ရှေ့ကိုတက်သွားကာ မာဝမ်၀ူကို ကန်ကျောက်လေတော့၏။

"ရှချွမ်း" မာလီလီ၏အော်ဟစ်သံ ထွက်လာပြီးသည့်နောက်တွင် သူမသည် ဆက်ပြီးမပြောရဲတော့ဘဲ စိုးရိမ်တကြီးဖြင့် ခြေဆောင့်နေရုံသာ တတ်နိုင်တော့၏။

မာဝမ်၀ူသည် သွားတစ်ချောင်းကျိုးလာသည့်အချိန်ကျမှသာ ရှမြန်က သူ့ကိုကိုင်ထားသည့် သူမ၏လက်ကို ရွံရွံရှာရှာဖြင့် သုတ်လိုက်ပြီး ဖြည်းဖြည်းချင်း ထရပ်လိုက်ကာ သူမ၏အဝတ်အစားများကို ဆွဲဆန့်လိုက်ပြီးနောက် ပြောလိုက်၏။ "ငါ နင့်ကို ၂ခါပြောထားပြီးပြီ။ ငါ့နားကို မလာပါနဲ့။ ငါ့နားကိုမလာပါနဲ့လို့ ပြောထားတယ်လေ။ အဲ့ဒီလိုမှမဟုတ်ရင် ငါ နင့်ကို တွေ့တဲ့အချိန်တိုင်း နင့်ကို ရိုက်ရလိမ့်မယ်လို့ ပြောထားတယ်လေ"

"နင်က လူစကားနားမလည်ဘူးဆိုတော့ ငါ နင့်ကို သင်ခန်းစာပေးရမှာပေါ့"

မာဝမ်၀ူမှာ ခဏလောက် မှင်တက်အံ့သြသွား၏။ ထို့နောက်တွင်တော့ သူ့မျက်နှာကို အုပ်ထားလိုက်ကာ မြေကြီးပေါ်တွင် စတင်လူးလိမ့်ပြီး အသံအကျယ်ကြီး ငိုယိုတော့သည်။ ခဏအကြာတွင် သူသည် မာလီလီကို စတင်ကြိမ်းမောင်းတော့၏။ သူမက သူ့ကိုဂရုမစိုက်ကြောင်း ပြောဆိုရင်း သူသည် သူ့မိဘများကို တိုင်တန်းရမည်ဟုလည်း ပြောသေးသည်။

သူသည် ရှမြန်ကို ကျိန်ဆဲချင်နေတာ ဖြစ်နိုင်သည်။ သို့သော်ငြားလည်း သူသည် မပြောရဲချေ။ ထို့ကြောင့် သူသည် သူ့ဒေါသများကို မာလီလီကို ကြိမ်းမောင်းရင်းသာ ဖွင့်ချနိုင်တော့၏။

အားလုံးမှာ ဆွံ့အသွားတော့သည်။ မာလီလီကလည်း အေးစက်စက် ကိုယ်ကိုလှည့်ကာ သူ့ကို လျစ်လျူရှုထားလိုက်တော့၏။

ရှမြန်က သူမရှေ့တွင်ရပ်နေသည့် ဟောက်ရွှီဖုန်းကို မော့ကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ "ငါ မောက်ဟွေ့မေကိစ္စကို မသိဘူး။ နင်ကရော မာဝမ်၀ူ ဓားပြတိုက်တာကို ခံခဲ့ရတာလား"

"မဟုတ်ပါဘူး" ဟောက်ရွှီဖုန်းက လေးစားအားကျစွာဖြင့် လက်ခုပ်တီးလိုက်၏။ "ငါတို့စီရင်စုမှာ မင်းလို မိန်းကလေးတစ်ယောက် ရှိတယ်ဆိုတာကို ဒီအတိုင်း ထင်မထားမိလို့ပါ။ မင်းက ဇာတ်လိုက်မလေးနေရာမှာ သရုပ်ဆောင်ဖို့ အရမ်းကို လိုက်ဖက်တယ်လေ။ ငါ မင်းကို တီဗီအစီအစဉ်တစ်ခုနဲ့ မိတ်ဆက်ပေးမယ်။ မင်းကို ခေါင်းဆောင်တစ်ယောက် ဖြစ်လာအောင် လုပ်ပေးမယ်"

မာလီလီ၏ မျက်နှာမှာ မသိမသာ ပြောင်းလဲသွား၏။ "အစ်ကိုဟောက်"

ရှမြန်က သူမ၏နှုတ်ခမ်းထောင့်ကို ပင့်တင်ထားလိုက်ကာ သူ ပြောလိုက်သည့်စကားကို အထွန့်မတက်ချင်တော့ဘဲ ဒီအတိုင်းသာ ပြောလိုက်လေသည်။

"အားနာပါတယ်။ ကျွန်မက ကျောင်းတက်နေသေးတယ်။ ကျွန်မ စာကိုပဲ ကြိုးစားချင်တယ်။ ရုပ်ရှင်ရိုက်ရတာကိုလည်း မကြိုက်ဘူး။ ကြယ်ပွင့်တစ်ယောက်လည်း ဖြစ်မလာချင်ဘူး"

သူမသည် စကားပြောပြီးသွားသည်နှင့်ချက်ချင်း သူမ၏အိတ်ကပ်ထဲကဖုန်းက မြည်လာတော့သည်။

ခေါ်ဆိုသူနံပါတ်ကို မြင်လိုက်သည့်အခါ ရှမြန်သည် တောက်ပစွာ ပြုံးလိုက်ပြီး ဖုန်းဖြေသည့်ခလုတ်ကို နှိပ်လိုက်၏။

"ဟယ်လို ဒေါက်တာနဥ် ရှင် ဘယ်ရောက်ပြီလဲ"

ဟောက်ရွှီဖုန်း၏ ညစ်ညမ်းနေသည်မျက်လုံးများသည် ထိုလှပသည့် မျက်နှာလေးတွင် ချက်ချင်း တွယ်ကပ်သွားပြီး အမှတ်တမဲ့ နောက်မှလိုက်သွားချင်လေသည်။

မာလီလီက သူ့ကိုလှမ်းဆွဲထားလိုက်ကာ ပြောလိုက်လေသည်။ "အစ်ကိုဟောက် သတိထားနော်။ အဲ့ဒီကောင်မလေးက လူတွေကို ရိုက်တတ်တယ်"

"ကျွန်မတို့တွေ တခြားလုပ်စရာ ရှိသေးတယ် မဟုတ်လား။ မြန်မြန်သွားကြရအောင်ပါ။ ကျွန်မ ဗိုက်ဆာနေပြီ။ ဒီနေရာက ကိစ္စတွေကိုတော့ အစ်ကို့ရဲ့ညီလေးကိုပဲ ဖြေရှင်းခိုင်းလိုက်လို့ မရဘူးလား"

ဟောက်ရွှီဖုန်းသည် ရုပ်တရက်ဆိုသလို ရယ်မောလိုက်၏။ "ဟုတ်တယ်။ ဒီကောင်မလေးက လူတွေကို ရိုက်တတ်တယ်"

သူသည် ရှချွမ်းကို ထပ်ကြည့်လိုက်ပြီး ပြောလိုက်၏။ "ငါတို့တွေ လူနည်းနည်းလေး ထပ်ခေါ်ဖို့ တကယ်လိုနေတာပဲ"

ထိုသို့ပြောလိုက်ပြီးသည့်နောက်တွင် သူသည်သူ့ ဆဲလ်ဖုန်းကို ထုတ်ကာ ခေါ်ဆိုမှုတစ်ခုကို ပြုလုပ်လိုက်၏။

ထိုနောက်တွင်တော့ သူသည် မာလီလီကို ဝတ်ကျေတန်းကျေ ပြောလိုက်၏။ "ငါ မင်းကို ဒီနေ့ညနေစာတော့ မကျွေးနိုင်တော့ဘူး။ ငါ့မှာ လုပ်စရာရှိသေးတယ်။ အရင်ဆုံး ပြန်သွားလိုက်။ အားတဲ့အချိန်ကျမှ နောက်ရက်ကျမှ မင်းနဲ့ စကားပြောလိုက်တော့မယ်"

မာလီလီ၏မျက်နှာမှာ အလွန်မှ ရှုံ့တွသွားတော့သည်။ သူမသည် ရှမြန်ကိုင်ထားသည့်ဖုန်းကို ကြည့်လိုက်ပြီး လုံးဝကို မပျော်မရွှင် ခံစားလိုက်ရ၏။ ဘာဖြစ်လို့လဲ။ သူက တစ်စုံတစ်ယောက်ရဲ့ အမိုးအောက်မှာ နေနေတဲ့ မိဘမဲ့တစ်ယောက်ပဲ။ သူက တကယ်တမ်း ဖုန်းတစ်လုံးတောင် ပိုင်ဆိုင်နေပြီတဲ့လေ။

ဒါက လူချမ်းသာတစ်ယောက်ကို ကယ်တင်ပေးဖို့ လုံလောက်တဲ့ ကံတရားကြောင့်ပဲ မဟုတ်လား။

မာလီလီ၏ တင်းကျပ်နေသည့် လက်သီးများသည် ဟောက်ရွှီဖုန်း၏ ညစ်ညမ်းသည့်အကြည့်ကို မြင်လိုက်ရသည့်အခါ ပြေလျော့သွားတော့သည်။ သူမသည် မောက်မာထောင်လွှားသည့် ဟောက်ရွှီဖုန်းနှင့် ရင်ဆိုင်ရသည့်အချိန်တွင် ကျောင်းသူမလေးတစ်ယောက် ဖြစ်နေတော့ရော ဘာအသုံးဝင်ပါမည်နည်းဟု မြင်ချင်စိတ် ဖြစ်သွားတော့၏။

ဒီစီရင်စုငယ်လေးမှာ ဟောက်ရွှီဖုန်းရဲ့ ထိန်းသိမ်းထားတာခံရရင် သူက ကောလိပ်သွားနိုင်ဦးမှာလား။

ရှမြန်သည် သူမ၏နောက်ကလူ၂ယောက်က ဘာတွေစဉ်းစားနေသည်ကို မသိချေ။ သူမ၏ စိတ်ထဲတွင်တော့ အတွေးတစ်ခုသာ ရှိလေသည်။ ဒေါက်တာနဥ်က နောက်ဆုံးတော့ ရောက်လာပြီ။ ဟားဟားဟား။

သူမသည် ရှောင်ဖုန်း၏လက်ကိုတွဲထားကာ ကားဂိတ်ရှိရာဘက်သို့ လှမ်းမျှော်ကြည့်လိုက်ပြီး ဒေါက်တာနဥ်က မည်သည့်ကားဖြင့် ဝင်လာပါမည်နည်းဟု စဉ်းစားနေမိလေသည်။

ရုတ်တရက်ဆိုသလို သူမ၏ဘေးတွင် လူတချို့ကို သတိထားမိလိုက်၏။

သူမနှင့် အဖော်လိုက်လာသည့် ရှချွမ်းကလည်း ဟောက်ရွှီဖုန်းကို မြင်လိုက်ရသည့်အချိန်တွင် မှင်တက်အံ့သြသွားလေသည်။ ခုနတုန်းကမှ ဟောက်ရွှီဖုန်းနှင့် မာလီလီတို့ကအတူတူရပ်ပြီး စကားပြောနေသည်ကို သူက မြင်ခဲ့သေးသည်။ သူတို့က ထွက်သွားပြီဟုပင် သူက ထင်မိ၏။

သူ့အမူအရာကို မြင်လိုက်ရသည့်အခါ ရှချွမ်း၏ မျက်နှာမှာ ရုတ်တရက်ဆိုသလို ညိုမည်းသွားတော့သည်။ "ဟောက်ရွှီဖုန်း မင်း ဘာလုပ်နေတာလဲ"

"ဘာမှမဟုတ်ပါဘူး" ဟောက်ရွှီဖုန်းက ရှမြန်၏လမ်းကိုပိတ်ထားကာ သူမကို ပေါ်ပေါ်တင်တင် စိုက်ကြည့်နေလေ၏။

"ငါက ကြယ်ပွင့်လေးတစ်ခုရဲ့ မျိုးစေ့ကောင်းလေးတစ်ခုကို အခုလေးတင် ရှာတွေ့ထားတာလေ။ ငါက မင်းကို ရုပ်ရှင်တစ်ခုရိုက်ဖို့ ဖိတ်ခေါ်ချင်လို့ပါ"

သူသည် ထိုသို့ပြောလိုက်ပြီးနောက်တွင် သူ့လက်ကို ရှမြန်ဆီသို့ လှမ်းလိုက်၏။

ရှမြန်က သူမ၏မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်ကာ လှုပ်ရှားတော့မည့်ဆဲဆဲတွင် သူမသည် လီဗာသံတစ်ခု ဟိန်းထွက်လာသည်ကို ကြားလိုက်ရ၏။ ထို့နောက်တွင်တော့ အနက်ရောင် ကားတစ်စီးသည် ရုတ်တရက်ဆိုသလို အရှိန်ဖြင့် ပြေးဝင်လာကာ ဟောက်ရွှီဖုန်း၏ခန္ဓာကိုယ်ကို ပွတ်မိသွားတော့မတတ် ရပ်တန့်သွား၏။

ဟောက်ရွှီဖုန်းသည် အလွန်မှ အထိတ်တလန့် ဖြစ်သွားပြီး ခဏလောက်နောက်သို့ ခြေတစ်လှမ်း ဆုတ်မိသွားတော့သည်။ သူခေါ်လာခဲ့သည့်လူများကလည်း ရှမြန်ကို ဂရုမစိုက်နိုင်တော့ချေ။ ရှေ့သို့အပြေးအလွှားသွားပြီး သူ အဆင်ပြေရဲ့လားဟု စစ်ဆေးလိုက်တော့သည်။

ဟောက်ရွှီဖုန်းသည် အနည်းငယ် သတိပြန်ဝင်လာပြီးသည့်နောက်မှ သူ့သွေးများက ဆူပွက်လာတော့သည်။ သူက သူ့အင်္ကျီလက်ကို လိပ်တင်လိုက်ကာ ကားဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားပြီး ကျိန်ဆဲလေတော့၏။

"မင်းက သေချင်နေတာလား။ ကားပေါ်ကဆင်းခဲ့။ ငါ မင်းကို မသတ်ရရင် ငါက ဟောက်မျိုးနွယ် မဟုတ်တော့ဘူး"

သူသည် ကားတံခါးနားသို့ အရှိန်ဖြင့်အရောက်တွင် တံခါးသည် ရုတ်တရက် တွန်းဖွင့်ခံလိုက်ရပြီး ဂျိမ်းခနဲမြည်သံတစ်ခုက နောက်မှနေ၍ လိုက်ပါလာသည်။ ဟောက်ရွှီဖုန်း၏မျက်နှာသည် တံခါးဘက်သို့ မျက်နှာမူထားပြီး တံခါး၏ဝင်တိုက်ခြင်းကို ခံလိုက်ရ၏။ သူ့မှာ အမှတ်တမဲ့ နာကျင်စွာအော်ဟစ်ပြီး မထိန်းနိုင်တော့ဘဲ နောက်သို့ခြေ၂လှမ်း ဒယိမ်းဒယိုင် ဆုတ်သွားကာ မြေကြီးပေါ်သို့ လဲကျသွားလေသည်။

သူ့နဖူးမှာ နီရဲသွားပြီး သွေးများကလည်း သူ့နှာခေါင်းမှနေ၍ စတင်စီးဆင်းလာတော့၏။ သူသည် ဒီလိုကိစ္စမျိုးကို အရင်ကတစ်ခါမှ မတွေ့ကြုံခဲ့ဖူးသယောင်ပင်။ သူသည် ဖြစ်ပျက်နေသည့်အရာကို လုံးဝသတိမထားမိဘဲ ငေးကြောင်ကြောင် ဖြစ်သွားတော့သည်။

"လောင်သာ့"

"အစ်ကို"

"..."

သူ့ညီလေးများသည် ရှေ့သို့အလောတကြီး တက်လာပြီး ကပြာကယာဖြင့် သူ့ကို တွဲထူဖို့ကြိုးစားလိုက်၏။

ရှမြန်ကတော့ သူမရှေ့က ဖြစ်သွားသည့်အရာအားလုံးကို မမြင်သလိုသာ နေလိုက်လေသည်။ သူမ၏မျက်လုံးများသည် ကားပေါ်က တည်တည်ငြိမ်ငြိမ်ဆင်းလာသည့် လူငယ်လေးဆီသို့သာ အာရုံရောက်နေတော့၏။

"ဒေါက်တာနဉ်"

နဉ်ရှောက်ပိုင်သည် သူမကို ကြည့်လိုက်ပြီး အပြုံးတစ်ခုက ရုတ်တရက်ဆိုသလို သူ့မျက်နှာပေါ်တွင် ထွက်ပေါ်လာလေတော့သည်။

...

All Chapters