← Chapters

စိတ်ခံစားမှုများ ထုတ်ပြခြင်း

Vol. 14 Ch. 196

စိတ်ခံစားမှုများ ထုတ်ပြခြင်း

Vol. 14 Ch. 196

တင်းကျန်းရီသည် လင်းရှန်ကို ကြည့်လိုက်ရာ သူမ၏ မျက်လုံးများတွင် ရှက်ရိပ်တစ်ခု ဖျတ်ခနဲပေါ်သွားသည်။ သို့သော် သူမသည် လျင်မြန်စွာပင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လိုက်ပြီး အသက်ပြင်းပြင်း ရှူသွင်းကာ မေးလိုက်သည်၊

“ကျွန်မနဲ့အတူအိပ်ချင်လို့လား”

“မဟုတ်ပါဘူး”

လင်းရှန်က ခေါင်းယမ်းလိုက်သည်။ ယခုလို ညအခြေအနေမျိုးတွင် အချစ်ရေးဆိုင်ရာ အတွေးများသည် သူ့စိတ်ထဲ၌ လုံးဝမရှိပေ။

“အသံကြားလို့ မင်းတစ်ခုခုများ ဖြစ်နေသလားလို့ လာစစ်ဆေးတာပါ”

သို့သော် တင်းကျန်းရီ၏ အမူအရာကို ကြည့်ရသည်မှာ တစ်ခုခုတော့ ဖြစ်ပျက်ခဲ့သည်... သို့သော် သူမျှော်လင့်ထားသည့် အရေးပေါ်အခြေအနေမျိုးတော့ မဟုတ်ပေ။

သူမ၏ပါးပြင်များ နီမြန်းလာပြီး အသံကိုလည်း နှိမ့်ကာ ပြောလိုက်သည်၊၊

“တောင်းပန်ပါတယ်... ကျွန်မ... စိတ်ဖိစီးမှုတွေ ဖြေလျှော့နေတာပါ။ ရှင့်ကို အနှောင့်အယှက်ပေးမိရင် စိတ်ရင်းနဲ့ တောင်းပန်ပါတယ်။ ဒါကြောင့် ရှင် ကျွန်မအပေါ် အမြင်မစောင်းစေချင်ဘူး”

လင်းရှန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

“ဟမ်”

တင်းကျန်းရီသည် မျက်မှန်ကို ပင့်တင်လိုက်ပြီး ထိုအတိုင်းပင် အတည်ပေါက်ဖြင့် ရှင်းပြရန် ကြိုးစားလိုက်သည်၊၊

“ကျွန်မ အရင်က ပြောဖူးတယ်လို့ ယုံကြည်ပါတယ်။ အသက်အန္တရာယ်ရှိတဲ့ အခြေအနေတွေက ကျွန်မကို ပြင်းထန်တဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်လှုပ်ရှားမှုပေးတယ်။ ဒါက ကျွန်မရဲ့ ဖိစီးမှုနဲ့ စိတ်ခံစားမှုတွေကို ပုံမှန် ထုတ်လွှတ်တဲ့နည်းလမ်းပဲ”

သူမသည် စကားပြောရင်း လှည့်ကာ အိပ်ရာပေါ်မှ ထူးဆန်းသော ခရမ်းရောင်အရာဝတ္ထုကို ကောက်ယူလိုက်ပြီး လင်းရှန်ကို ပြန်ကြည့်လိုက်သည်။ “ဒါပေမဲ့ စိတ်မပူပါနဲ့— ကျွန်မက ဆက်ဆံရေးတွေမှာ အရမ်းရှေးရိုးဆန်တယ်။ ကျွန်မ ရှင်နဲ့ တစ်ခါအတူနေဖူးတဲ့အတွက် ရှင့်ကို ကျွန်မရဲ့ တစ်ဦးတည်းသော အမျိုးသားလက်တွဲဖော်လို့ သတ်မှတ်တယ်။ ရှင့်ရဲ့ လက်ရှိ စိတ်ခံစားမှုအခြေအနေအရ ရင်းနှီးဖို့ အချိန်မဟုတ်မှန်း ကျွန်မသိလို့ ကိုယ့်ဘာသာကိုယ် ဖြေရှင်းလိုက်တာပါ။ ကျွန်မက သန့်ရှင်းရေးကို အရမ်းဂရုစိုက်ပါတယ်... ဒီအခန်းက အသံသိပ်မလုံတာပဲ ရှိတယ်။ စိတ်ရင်းနဲ့ တောင်းပန်ပါတယ်”

“...ဒါက အရမ်းရှေးရိုးဆန်တာပဲ”

လင်းရှန်၏ မျက်ခွံများ တဆတ်ဆတ်တုန်ခါသွားသည်။ သူ့အကြည့်သည် သူမ၏လက်ထဲရှိ ခရမ်းရောင်ကိရိယာပေါ်သို့ အလိုအလျောက် ရောက်သွားသည်။ ထိုအရာက ထူးဆန်းစွာ ရင်းနှီးနေသော်လည်း သူ ဘယ်မှာမြင်ဖူးသည်ကိုတော့ အတိအကျ ပြန်မမှတ်မိပေ။

“ကျေးဇူးတင်ပါတယ်”

တင်းကျန်းရီက ဆက်ပြောသည်။

“ကျွန်မ သစ္စာဖောက်မှာကို စိတ်မပူပါနဲ့— ရုပ်ပိုင်းအရရော၊ စိတ်ပိုင်းအရရော။ အဲဒီလိုကိစ္စမျိုးကို ကျွန်မ စိတ်ပိုင်းဆိုင်ရာအရ ရွံရှာတယ်”

စိတ်ပိုင်းဆိုင်ရာစင်ကြယ်ခြင်း ဝါဒလား...

လင်းရှန် ရုတ်တရက် ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။ အနန္တရထားသည် ချဲ့ထွင်နေပြီး လူတိုင်းတွင် ကိုယ်ပိုင်သီးသန့်နေရာများ ရှိနေပြီ။ လို့ရှားရှားမှလွဲ၍ ရထားပေါ်ရှိ လူတိုင်းသည် အရွယ်ရောက်ပြီးသူများဖြစ်ပြီး၊ ဤကဲ့သို့သောအရာမျိုးသည် ဘဝ၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။ သူ ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိသည့်အတွက် ခဏတာ စဉ်းစားပြီးနောက်တွင် ရိုးရှင်းစွာ ပြောလိုက်သည်၊ “ရပါတယ်။ မင်း အန္တရာယ်ရှိမရှိ စစ်‌ဆေးချင်လို့ပါ။ နောက်ပြီး... မင်းကို ငါ အော်လိုက်မိတဲ့အတွက် အစောပိုင်းကတည်းက တောင်းပန်ချင်နေခဲ့တာ။ အခြေအနေက အရေးပေါ်ဖြစ်နေလို့ပါ...”

“မလိုပါဘူး”

တင်းကျန်းရီက သူ့စကားကို ဖြတ်ပြောလိုက်ပြီး သူမ၏ အလေးအနက်ထားသော အကြည့်က သူ့အပေါ်မှာ စူးစိုက်နေသည်။ ထို့နောက်၊ မမျှော်လင့်ဘဲ သူမ၏ လေသံက ပြောင်းလဲသွားပြီး ပို၍ လေးနက်လာသည်။

“ရှင် ကျွန်မကို အသံကျယ်ကျယ် ပြောလို့ရပါတယ်” သူမက ပြောသည်။

“ရှင် ကျွန်မအပေါ် ကြမ်းတမ်းတာကိုလည်း ကျွန်မ ဂရုမစိုက်ပါဘူး— ကျွန်မ ဒီပုံစံကို လိုက်လျောညီထွေဖြစ်အောင် နေနိုင်ပါတယ်။ တကယ်တော့... အဲဒါက ကျွန်မကို ပိုကောင်းတယ်လို့ ခံစားစေတယ်”

ဒါ ဘာတွေလဲ သောက်ကျိုးနဲ— သူမက hardcore လား။

လင်းရှန်၏ မျက်လုံးသူငယ်အိမ်များ တုန်ယင်သွားသည်။ သူ စကားလုံး လုံးဝပျောက်ဆုံးသွားသည်။ တင်းကျန်းရီ၏ “ရှေရိုးဆန်သော” ဟူသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ရှင်းရှင်းလင်းလင်းပင် သူမ၏ ကိုယ်ပိုင် အဆင့်တစ်ခုတွင် ရှိနေပြီး သူမည်သို့ တုံ့ပြန်ရမည်ကို လုံးဝ မသိတော့ပေ။

“အမ်— ဟုတ်ပါပြီ။ နားလိုက်တော့”

ထိုသို့ပြောပြီးသည်နှင့် သူလှည့်ကာ ထွက်ပြေးသွားသည်။

တင်းကျန်းရီသည် ပြန်လည် ဆုတ်ခွာသွားသော သူ့ပုံသဏ္ဌာန်ကို ကြည့်နေရင်း သူမ၏ မျက်နှာသည် ပူလောင်နေသည်။ သူမသည် ကိုယ်တိုင် နီမြန်းနေသော ပါးပြင်များကို ထိလိုက်ပြီးနောက် တဒိတ်ဒိတ်ခုန်နေသော ရင်ဘတ်ပေါ် လက်ဖြင့် ဖိထားရင်း တိုးတိုးလေး ရေရွတ်လိုက်သည်–

“ရှင် ကျွန်မကို အော်တဲ့အခါ...အတော်လေး ယောက်ျားပီသတယ်”

လင်းရှန်သည် လို့ဟွာနှင့် ရှားရှားတို့ လက်နက်များ စုစည်းနေကြသော အတွဲ (၅) ဆီသို့ ဦးတည်သွားသည်။ ထို့နောက် သူတို့အားလုံးသည် ရှုချင်း စောင့်ကြပ်တာဝန် ယူထားသော အတွဲ (၁၀) သို့ ရွှေ့ပြောင်းခဲ့သည်။

သူမသည် အစပိုင်းတွင် အနားယူရန် ငြင်းဆိုခဲ့သော်လည်း လင်းရှန်က သူမ အလွန်အမင်းပင် ပင်ပန်းနွမ်းနယ်နေသည်ကို မြင်သောကြောင့် နံနက်မိုးလင်းသည်အထိ အိပ်ရန် အမိန့်ပေးခဲ့ပြီး ရွေးချယ်ခွင့်မပေးတော့ပေ။

အနန္တရထားသို့ မဝင်မီက ရှုချင်းသည် Bigfoot ယာဉ်တန်းတွင် အိပ်ရေးပျက်ခံကာ ကြီးမားသော တာဝန်ကို ထမ်းဆောင်ခဲ့ရသည်။ ဤနှစ်ရက်တာအတွင်းလည်း မထူးခြားဘဲ အရေးကြီးသော မစ်ရှင်တစ်ခု ရှေ့တွင်ရှိနေသည့်အတွက် နောက်ဆုံးတွင် သူမသည် လက်ခံပြီး အနားယူရန် သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် အတွဲ (၁၁) တွင် လင်းရှန်သည် ခဲယမ်းမီးကျောက်များ ထုတ်လုပ်ခြင်းဖြင့် အလုပ်များနေခဲ့သည်။ သူသည် မိုးကြိုးမုန်တိုင်း A1 ဗုံးပစ်လောင်ချာ တစ်လက်ကိုပင် အပိုထုတ်လုပ်ခဲ့ပြီး လို့ရှားရှားအား မြောင်လုကို လေ့ကျင့်ပေးရန် တာဝန်ပေးခဲ့သည်။

လုချန်နှင့် ပတ်သက်၍ လင်းရှန်က သူရော မြောင်လုပါ သိသာထင်ရှားသော ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်မှုများ ခံယူထားသည်ကို သတိထားမိခဲ့သည်။ ၎င်းတို့၏ အမြန်နှုန်းနှင့် တိုက်ခိုက်ရေးစွမ်းရည်သည် အနက်ရောင်ကျီးလေးကောင်ထဲမှ ဆံပင်အဖြူ လူဆိုးကို လျင်မြန်စွာ ဖမ်းမိခဲ့သည်။ လုချန်သည် အထူးသဖြင့် အလွန်လျင်မြန်ပြီး သဘာဝအတိုင်း အနီးကပ်တိုက်ခိုက်ရေးသမားဖြစ်သည်။

ထို့ကြောင့် လင်းရှန်သည် GK03 လျှပ်စစ်ဓားကို လက်နက်တစ်ခုအဖြစ် သူ့အတွက် ဖန်တီးပေးခဲ့သည်။

ပြင်ပပါဝါရင်းမြစ်မပါဘဲ ဓားကို အသုံးပြုနိုင်သည့် လင်းရှန်နှင့်မတူဘဲ လူချန်သည် ရထား၏ ပါဝါကို အသုံးပြု၍ ဓားကို အချိန်အခါအလိုက် အားသွင်းရန် လိုအပ်မည်ဖြစ်သည်။

သူတို့၏ လက်နက်အသစ်များ ရရှိသောအခါ မြောင်လုနှင့် လုချန်တို့သည် အလွန်ဝမ်းသာအားရ ဖြစ်ခဲ့ကြသည်။

“ဝိုး...အစ်ကိုလင်း ရှင့်ရဲ့ စွမ်းရည်က မယုံနိုင်စရာပဲ” မြောင်လု၏ မျက်လုံးများက သူမ၏ လက်ထဲရှိ ဗုံးပစ်လောင်ချာကို အံ့သြစွာ ကြည့်ရင်း တောက်ပနေသည်။

လို့ရှားရှားက ပြုံးပြသည်။

“ဟုတ်တာပေါ့...ကျွန်မ အစ်ကိုလင်းက အကောင်းဆုံးပဲ။ လာ၊ ဘယ်လိုသုံးရမယ်ဆိုတာ ငါ သင်ပေးမယ်”

လုချန်ကတော့ အရောင်တောက်နေသော ဓားကို စိုက်ကြည့်ရင်း တံတွေးမျိုချလိုက်သည်၊၊

“အစ်ကိုလင်း... ဒီဓားက အတော်ကြောက်စရာကောင်းတယ်”

လင်းရှန်သည် ဓားလက်ကိုင်ရှိ ခလုတ်တစ်ခုဆီသို့ လက်ညှိုးထိုးပြလိုက်သည်။

“ဒီခလုတ်ကို နှိပ်ကြည့်လိုက်”

လုချန်သည် ခေါင်းညိတ်ပြီး ခလုတ်ကို ဖွင့်လိုက်သည်။

လျှပ်စစ်သံ တိုးတိုးလေးက လေထဲတွင် ပြန့်လွင့်သွားပြီး ငွေရောင်စွမ်းအင်များက ဓားသွား၏ အနားသတ်တစ်လျှောက်တွင် ကခုန်နေသည်။ လက်နက်သည် မှိန်ဖျော့ဖျော့ အလင်းရောင်ကို ထုတ်လွှတ်ပြီး ၎င်း၏ မျက်နှာပြင်ပေါ်တွင် လျှပ်စီးငယ်လေးများ တဖျပ်ဖျပ်ထနေသည်။

“အံ့ဩစရာပဲ...”

လုချန်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုနှင့်အတူ တောက်လောင်နေသည်။ ၎င်းသည် အလွန်အစွမ်းထက်သော အနီးကပ်တိုက်ခိုက်ရေးလက်နက် ဖြစ်လာလိမ့်မည်။

အပြင်ဘက်တွင် အနန္တရထားသည် မိုးရေမြို့ ပလက်ဖောင်းတွင် ရပ်နားနေဆဲဖြစ်ပြီး ရထားတွဲများအတွင်း၌ ပြင်ဆင်မှုများ ပိုမိုပြင်းထန်လာသည်။

ရထားတွဲ (၁၂) တွင် PX05 အင်ဂျင်နီယာစက်ရုပ်သည် ကျည်ဆံသေတ္တာများကို မရပ်မနား တပ်ဆင်နေသည်။

ရထား၏ အဓိကလက်နက်ပံ့ပိုးသူဖြစ်သည့် လင်းရှန်က မနက်ဖြန်တွင် ကြမ်းတမ်းသော တိုက်ပွဲကို ရင်ဆိုင်ရမည်ကို သိသည်။ သူသည် မည်သည့်အရာအတွက်မဆို အသင့်ဖြစ်နေရမည်။ ဓာတုစက်ရုံမှ မွန်းစတားသည် ပေါက်ကွဲမှုမှ အသက်ရှင်ကျန်ခဲ့ပါက ၎င်းအား ချေမှုန်းရန် ရထား၏ အင်အားကြီးမားသော လက်နက်များကို အားထားရမည်ဖြစ်သည်။

သူ၏ ယန္တရားထုတ်လုပ်မှု စွမ်းရည်သာ ပိုမိုမြင့်မားသော အဆင့်တွင် ရှိခဲ့ပါလျှင်— သူသည် လျှပ်စစ်သံလိုက်အမြောက်ကို ယခုအချိန်တွင် ဆောက်ထားပြီး ဖြစ်လိမ့်မည်။

သို့သော် နောင်တရရန် အချိန်မရှိပေ။ မိနစ်များသည် တရွေ့ရွေ့ ကုန်ဆုံးနေပြီး စက္ကန့်တိုင်းသည် ၎င်းတို့အား မိုးလင်းချိန်နှင့် ပိုမို နီးကပ်လာစေသည်။

နံနက် (၇:၀၀) နာရီတွင် အမှောင်ဒီရေများ ဆုတ်ခွာသွားပြီး မိုးကောင်းကင်သည် လင်းလာသည်။

အတွဲ (၁) တွင် လင်းရှန်သည် ချန်ဆီရွှမ်ကို မြင်လိုက်ရသည်။ သူမသည် အပြည့်အဝ အသင့်ပြင်ဆင်ထားပြီး လေးလံသော A33K အကြီးစား တင့်ဖျက် စနိုက်ပါရိုင်ဖယ်ကို သူမ၏ ကျောဘက်တွင် လွယ်ထားသည်။

“အဆင်သင့်ဖြစ်ပြီလား”

သူက မေးလိုက်ပြီး သူ့လေသံတွင် လေးစားချီးကျူးမှု အရိပ်ယောင်များ ပါဝင်နေသည်။ သူသည် သူမ၏ တိုးတက်မှုကို ခြေလှမ်းတိုင်း စောင့်ကြည့်ခဲ့ရသည်။

ချန်ဆီရွှမ်သည် ခိုင်မာစွာ ခေါင်းညိတ်လိုက်သည်။ “နေရာကို ကျွန်မ ကြိုစောင့်ကြည့်ပြီးပြီ။ ကီကီရဲ့ ဒရုန်းတွေကလည်း ကျွန်မ လမ်းကြောင်းကို အတည်ပြုပြီးပြီ— ကျွန်မ အဆင်ပြေမှာပါ”

လင်းရှန်သည် မှန်ဘီလူးတစ်ခုကို ဖန်တီးပြီး သူမအား ပေးလိုက်သည်။

“ကောင်းပြီ။ သတိထား။ တစ်ခုခု ဖြစ်ရင် လို့ရှားရှားနဲ့ လို့ဟွာတို့က ရထားပေါ်ကနေ ကာဗာပေးလိမ့်မယ်”

“သိပါတယ်”

ချန်ဆီရွှမ်သည် သူ့ကို ကြည့်လိုက်သည်။

“ရှင်တို့တွေက တကယ့် အန္တရာယ်ထဲမှာ ရောက်နေတာ။ ကျွန်မကို စိတ်မပူပါနဲ့”

လင်းရှန်သည် သူ၏ ဆက်သွယ်ရေးကိရိယာကို ပုတ်လိုက်သည်။

“ငါတို့ ဆက်သွယ်နေမယ်”

ချန်ဆီရွှမ်သည် ရထား၏ ထွက်ပေါက်သို့ လျှောက်သွားပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်ကာ တံခါးကို ဖွင့်၍ ပလက်ဖောင်းတစ်လျှောက် လျှင်မြန်စွာ ပြေးထွက်သွားသည်။

သူမသည် လျင်မြန်စွာ လှုပ်ရှားပြီး ဂိုဒေါင်လမ်းကြားထဲမှ တစ်ဆင့် နောက်တံခါးမှ ဝင်ရောက်ခဲ့သည်။ သိုလှောင်ရုံ စင်များကို ကျော်ဖြတ်ပြီး မီးသတ်လှေကားအတိုင်း တက်ကာ သတ္တုလေဝင်လေထွက်ပေါက်တစ်ခုသို့ ရောက်ရှိခဲ့သည်။

ထိုလေဝင်လေထွက်ပေါက်သည် သော့ခတ်ထားသည်။

သူမသည် သွားကို တင်းတင်းကြိတ်ပြီး သော့ဖွင့်ကိရိယာကို ထုတ်ကာ သော့ခတ်ထားသော ယန္တရားထဲသို့ ထိုးထည့်လိုက်သည်။

ကလစ်

သော့သည် အစိတ်စိတ်အမြွှာမြွှာ ကွဲသွားသည့် တင်းကျပ်သောအသံ ဂိုဒေါင်တစ်ခုလုံး၌ ပဲ့တင်ထပ်သွားသည်။

ချန်ဆီရွှမ်၏ မျက်လုံးများ တောက်ပလာသည်။ သူမသည် လေဝင်လေထွက်ပေါက်ကို လျင်မြန်စွာ ဖွင့်ပြီး စနိုက်ပါရိုင်ဖယ်ကို ခေါင်မိုးပေါ်တင်ကာ လျင်မြန်သွက်လက်စွာ တွားတက်သွားသည်။ သူမသည် နောက်မှ လေဝင်လေထွက်ပေါက်တံခါးကို ပိတ်လိုက်ပြီး တာဝါတစ်ခုပေါ်သို့ တက်ကာ နေရာယူလိုက်သည်။

သူမသည် စနိုက်ပါဒေါက်များကို စတင်တပ်ဆင်ပြီး ကိုယ်ဟန်အနေအထားကို ချိန်ညှိကာ အကွာအဝေးနှင့် လေတိုက်နှုန်း တွက်ချက်မှုများအတွက် မှန်ပြောင်းကို စစ်ဆေးသည်။

သူမ၏ ယာဉ်တန်းတွင် ပါဝင်ခဲ့သော စစ်မှုထမ်းဟောင်း စနိုက်ပါထံမှ သင်ယူခဲ့သည့် အရာအားလုံးကို ယခု လက်တွေ့ စမ်းသပ်နေပြီဖြစ်သည်။

“နေရာယူပြီးပြီ”

သူမသည် ဆက်သွယ်ရေးမှတစ်ဆင့် သတင်းပို့လိုက်သည်။

အနန္တရထားပေါ်တွင် လင်းရှန်သည် မော့ကြည့်လိုက်သည်။

အပေါ်စီးတွင် တည်ငြိမ်ပြီး စိတ်လှုပ်ရှားနေသော အမျိုးသမီး စနိုက်ပါတစ်ဦး ရှိနေသည်။ ထိုမြင်ကွင်းသည် သူ့ကို ခဏတာမျှ အသက်ရှူ မှားသွားစေခဲ့သည်။

“ဆရာမချန်... ဆရာမက ငါ့ရဲ့ နတ်သမီးပဲ”

ချန်ဆီရွှမ်၏ အသံသည် ဆက်သွယ်ရေးမှတစ်ဆင့် ထွက်ပေါ်လာသည်။ တည်ငြိမ်ပြီး ခိုင်မာသော လေသံဖြင့်–

“မစ်ရှင် လုပ်ဆောင်နေစဉ်အတွင်း ပုဂ္ဂိုလ်ရေးခံစားချက်တွေ ထုတ်မပြပါနဲ့”

All Chapters