အဆိပ်
Vol. 14 Ch. 198
ဝှစ်
အဖွဲ့တစ်ခုလုံး ကြောင်အနေစဥ်—
ဘန်းးး
မမြင်ရသော အင်အားတစ်ခုက သူတို့၏ သေနတ်များကို ရုတ်တရက် ဆောင့်ဆွဲလုယူလိုက်ရာ လေထဲသို့ မြင့်တက်ပျံသန်းသွားသည်။
ထို့နောက်—
ကလစ်။ ကလစ်။ ကလစ်။
လုယူခံရသော လက်နက်များသည် လေထဲတွင် ဝဲပျံကာ မူလပိုင်ရှင်များဆီသို့ ပြန်လှည့်လာပြီး သူတို့အား တည့်တည့်ချိန်ထားလိုက်ကြသည်။
လင်းရှန်သည် ဖြစ်ပျက်နေသည်ကို ချက်ချင်း နားလည်လိုက်သည်။
မဆိုင်းမတွပင် သူ၏ မော်တော်ဆိုင်ကယ်ကို ရပ်ကာ ရှေ့သို့ ခြေလှမ်းလှမ်းလိုက်ပြီး လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်သည်—
ဝုန်းးး
ကြီးမားသော ကျည်ကာဒိုင်းကြီးတစ်ခုသည် သူ့ရှေ့တွင် ကျလာပြီးနောက် မြည်ဟည်းသံနှင့်အတူ Roarer K23 လျှပ်စစ် ဂတ်လင်သေနတ်တစ်ခုပါ လိုက်ပါလာသည်။
လင်းရှန်သည် သေနတ်၏ ပူနွေးနေသော မျက်နှာပြင်ကို လက်ဖြင့် ပွတ်သပ်လိုက်ပြီးနောက် အေးစက်သော အကြည့်ဖြင့် ထိုအဖွဲ့ကို ကြည့်လိုက်သည်။
“မင်းတို့ ငါ့ကို စောင့်ဖို့အတွက် အမှောင်ညရဲ့ အန္တရာယ်တွေကို စွန့်စားခဲ့ကြတာလား”
သူသည် သံချပ်ကာကို ပုတ်လိုက်ပြီး သူ့အသံက လှောင်ပြောင်မှုဖြင့် ပြည့်နေသည်။
“မင်းတို့ ငါ့ကို နိုင်မယ်လို့ ထင်နေတာလား”
လက်နက်ကိုင်များ၏ မျက်နှာများသည် ထိတ်လန့်မှုဖြင့် ပျက်ယွင်းသွားကြသည်၊၊
လေထဲကနေ ကြီးမားသော ဂတ်တလင်သေနတ်ကို ဆင့်ခေါ်နိုင်သူ၊ ထို့အပြင် သတ္တုကျည်ကာတစ်ခုလုံးကို မြေပြင်ပေါ်မှာ ချထားနိုင်သူကို သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ပေ။
“ဒီ သစ္စာဖောက်တွေနဲ့ စကားပြောနေလို့ ဘာအကျိုးရှိမှာလဲ”
ကီကီသည် လက်ပိုက်လျက် ကောင်းကင်မှ ဆင်းသက်လာပြီး သူမ၏ တောက်ပနေသော မျက်လုံးများက အမှောင်ထုကို ထိုးဖောက်ကြည့်နေသည်။
သူမ၏ စိတ်စွမ်းအင် ကျွမ်းကျင်မှုသည် အဆင့်သစ်သို့ ရောက်ရှိလာပြီ— သာမန်လက်နက်များကို ရင်ဆိုင်ရာတွင် သူမ၏ စွမ်းအားသည် ၎င်းတို့ကို လုံးဝ အသုံးမဝင်အောင် ပြုလုပ်ပစ်နိုင်သည်။
တစ်ချက်တည်းနှင့် စစ်မြေပြင်သည် ပြောင်းပြန်လှန်သွားသည်။
ယခုအခါ မုဆိုးများသည် အမဲလိုက်ခံရသူများ ဖြစ်လာခဲ့ကြသည်။
ကျွမ်မီ၏ မျက်နှာသည် ပျက်သွားသည်၊၊
သူမ၏ လက်ထဲရှိ သေနတ်သည် လုယူခံခဲ့ရပြီး သူမ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုတစ်ခု ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် တင်းချီသည် မှောင်မိုက်ပြီး တွက်ချက်နေသော မျက်လုံးများဖြင့် အေးစက်စွာ ရပ်နေသည်။
“အဆင့်မြင့် စွမ်းအားရှင်တစ်ယောက်ဆီက မျှော်လင့်ထားတဲ့အတိုင်းပဲ”
သူက တိုးတိုးလေး ရေရွတ်သည်။
“မင်းရဲ့ လှည့်ကွက်တွေကို ငါ အရင်က မြင်ဖူးပေမဲ့၊ ငါ မင်းကို အထင်သေးမိတုန်းပဲ ထင်တယ်”
သူ၏ အကြည့်သည် လင်းရှန်အပေါ်တွင် စူးစိုက်သွားသည်။
“မင်း တစ်ခါ ထွက်ပြေးခဲ့ပြီး၊ အခု ပြန်လာခဲ့တယ်”
“ဒါဆို... မင်း အမှောင်ညကျိန်စာရဲ့ အမှန်တရားကို သိသွားပြီပေါ့”
သူသည် တိုးလျသော ရယ်မောသံ ထုတ်လွှတ်လိုက်သည်။
“မင်း အခု အသာစီးရနေတယ်လို့ ထင်ကောင်းထင်လိမ့်မယ်”
“ဒါပေမဲ့ အဲဒီအရာကို စိတ်ဆိုးအောင် လုပ်မိရင် မင်းရဲ့ ယာဉ်တန်းက တစ်ယောက်မှ မိုးရေမြို့ကနေ အသက်ရှင်ထွက်သွားမှာ မဟုတ်ဘူးဆိုတာ ကျိန်းသေတယ်”
လင်းရှန်၏ နှလုံးသားသည် တင်းကျပ်သွားသည်။
ဒါဆို တင်းချီက “အမှတ်အသား” အကြောင်းကို တကယ်သိနေတာပဲ။
“ကျိန်စာ”
ကီကီ၏ မျက်ခုံးများ တွန့်ချိုးသွားသည်။
“နင် အစကတည်းက အကုန်သိခဲ့တာလား၊၊ ပြီးတော့ လူတွေကို သတိမပေးဘဲ သေဖို့ ဒီမှာ ထောင်ချောက်ဆင်ခဲ့တာလား”
သူမ၏ လက်သီးများ ဆုပ်သွားပြီး စိတ်စွမ်းအင်သည် သူမပတ်ပတ်လည်တွင် လှိုင်းထလာသည်၊၊
“နင် မျိုးမစစ်ကောင်...”
ဘုန်းးးး
မြေပြင်တွင် ရုတ်တရက် တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာသည်။
တင်းချင်း၏ နောက်ရှိ ဓာတုစက်ရုံမှ ထူးဆန်းသော ဖျစ်ဖျစ်မြည်သံ ပဲ့တင်ထပ်လာသည်။
ထို့နောက်—
ဝှစ်
မှိန်ဖျော့သော လိမ္မော်ရောင် မီးခိုးလှိုင်းတစ်ခုသည် ဓာတ်ကူပစ္စည်းအခန်း အမှတ် (၁) မှ ထွက်ပေါ်လာပြီး တောမီးကဲ့သို့ ဓာတုစက်ရုံပတ်ဝန်းကျင်တစ်ခုလုံးတွင် ပျံ့နှံ့သွားသည်။
“အဲ့ဒါ ဘာဖြစ်တာလဲ—”
တင်းချီ၏ လူများသည် သူတို့၏ ခေါင်းကို ဖက်ကိုင်ထားရင်း ဝေဒနာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားကြသည်။
ကျွမ်မီလည်း ယိမ်းယိုင်သွားပြီး မြေပြင်ပေါ်သို့ ပုံကျသွားသည်။
လင်းရှန်၏ မျက်လုံးသူငယ်အိမ်များ ကျုံ့ဝင်သွားသည်—
တင်းချီ၏ အမူအရာ ပြောင်းလဲမှုကို သူ သတိထားမိချိန်တွင် နောက်ကျသွားပြီဖြစ်သည်။
မီးခိုးသည် သူတို့အားလုံးကို ဝါးမျိုလိုက်သည်။
ထိတွေ့လိုက်သည့် ခနအတွင်း—
လင်းရှန်သည် သူ၏ ကြွက်သားများအားနည်းသွားသည်ကို ခံစားလိုက်ရသည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်သွားသည်။
လေထဲတွင် ဝဲပျံနေသော လက်နက်များပင်လျှင် စိတ်စွမ်းအင် ထိန်းချုပ်မှု လျော့ကျသွားသဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျကုန်သည်။
ကီကီသည် လင်းရှန်၏ ဘေးတွင် လဲကျသွားပြီး သူမ၏ မျက်နှာသည် ဖြူဖျော့နေသည်။
“လင်း... ရှန်...”
သူမ၏ အသံသည် အားနည်းနေပြီး ခန္ဓာကိုယ် တုန်ယင်နေသည်။
“ကျွန်မရဲ့ စွမ်းအားတွေ... ပျောက်သွားပြီ”
လင်းရှန် အံကြိတ်လိုက်သည်။
သူ၏ အာရုံကြောစနစ်သည် ပိတ်ပစ်ခံနေရသည်။
ဓာတုစက်ရုံရှေ့တွင်— လူတစ်ယောက်မှလွဲ၍— အားလုံး မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲကျနေသည်။
ကျန်ရစ်သူ တစ်ဦးတည်းသောသူမှာ...
...တင်းချီ ဖြစ်သည်။
“အား—"
တင်းချီသည် နာကျင်သောအသံတစ်ခု ထုတ်လွှတ်လိုက်ပြီး သူ၏ သွေးပြန်ကြောများ ဖောင်းကြွလာကာ သူ၏သံချပ်ကာ အတွင်းသို့ လက်လှမ်းကာ ဆေးထိုးအပ်ငယ်တစ်ခုကို ဆွဲထုတ်လိုက်သည်။
ဝှစ်
သူသည် ၎င်းကို သူ၏ လည်ပင်းထဲသို့ တိုက်ရိုက် ထိုးသွင်းလိုက်သည်။
ရှီးးး...
ထူးဆန်းသော စွမ်းအင်တစ်ခုသည် သူ၏ သွေးပြန်ကြောများအတွင်းသို့ စီးဆင်းသွားပြီး သူ၏ အသားအရေသည် နီမြန်းလာကာ သူ၏ မျက်လုံးများသည် ရှင်းလင်းမှုဖြင့် ထက်မြက်လာသည်။
လင်းရှန်သည် မယုံနိုင်စွာ စိုက်ကြည့်နေသည်။
ဒီကောင်က ဘယ်လို နည်းလမ်းမျိုးလဲ။
တင်းချီက စွမ်းအားရှင်တစ်ဦးလား။
သို့သော် ထိုသို့ဆိုလျှင်— အဘယ်ကြောင့် သူ၏ လူများက သူတို့နှင့်အတူ လဲကျသွားရသနည်း။
သူက ဒါကို အစကတည်းက ကြိုတင်စီစဉ်ထားခဲ့တာလား။
တင်းချီသည် နာကျင်မှုကြားမှ မျက်နှာရှုံ့ကာ သူ့အသံသည် တင်းမာနေသည်၊၊
“မင်းတို့ရဲ့ စွမ်းရည်တွေက အားကောင်းတယ်ဆိုတာ ငါသိတယ်... ဒါပေမဲ့ စိတ်မပူပါနဲ့”
“မင်းတို့ အခုချက်ချင်း သေရမှာ မဟုတ်ဘူး”
သူသည် ပြင်းထန်စွာ အသက်ရှူလိုက်သည်။
“အဲဒီ မီးအိမ်ပန်းပွင့်ရဲ့ အူတိုင်က အပြင်းအထန် တိုက်ခိုက်ခံရတဲ့အခါ အမှောင်သတ္တဝါ အာရုံကြောအဆိပ်ကို ထုတ်လွှတ်တယ်—”
“အဲဒါက ဗဟိုအာရုံကြောစနစ်ကို လေဖြတ်စေပြီး စွမ်းရည်တွေကို ဖိနှိမ်ပစ်တယ်”
“စက်ဝန်းက သေးငယ်တယ်၊ ဒါပေမဲ့...”
သူ၏ နှုတ်ခမ်းများသည် ရက်စက်စွာ တွန့်သွားသည်။
“မင်းတို့ကို ကိုင်တွယ်ဖို့ လုံလောက်တယ်”
လင်းရှန်၏ စိတ်သည် အပြေးလွှားလှုပ်ရှားနေသည်။
ဒါ သတင်းဆိုးပဲ။
သူနှင့် ကီကီတို့သည် လက်ဦးမှုယူကာ တိုက်ခိုက်ခဲ့ပြီး သူတို့၏ ပြိုင်ဘက်များကို လက်နက်များကို လုယူခဲ့သော်လည်း—
တင်းချီသည် ထောင်ချောက်ကို ကြိုတင် ဆင်ထားခဲ့သည်။
သူတို့သည် သူ့ကို ချက်ချင်း သတ်လိုက်လျှင်ပင် ဓာတုစက်ရုံမှ အဆိပ်ထုတ်လွှတ်ရန် ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။
ပြီးတော့ အခု—
အပြင်ဘက်က ချုံခိုတိုက်ခိုက်သူများက သူတို့ကို ရှင်းလင်းဖို့ စောင့်ဆိုင်းနေဖွယ်ရှိသည်။
တင်းချီသည် ရက်စက်သည်။
ဒါပေမဲ့ ဘာကြောင့်လဲ။
မွန်းစတားတစ်ကောင်ကို အလုပ်ကျွေးပြုဖို့ ဆန္ဒရှိတဲ့ ဒီလူဟာ ဘာကြောင့် ကိုယ့်အသက်ကိုတောင် စွန့်စားရဲတာလဲ။
လင်းရှန်၏ အသံသည် တင်းမာသော တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်၊၊
“မင်း တကယ်ပဲ ငါတို့ ဒီကို တစ်ယောက်တည်း လာခဲ့တယ်လို့ ထင်နေတာလား”
တင်းချီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
“အရေးမကြီးပါဘူး”
သူသည် သူ၏ ရိုင်ဖယ်နက်ကို မြှောက်လိုက်ပြီး သူ၏ အမူအရာသည် အေးစက်သွားသည်။
“မင်း ညက ထွက်ပြေးဖို့ ကြိုးစားခဲ့ပြီးပြီ”
“မင်း မိုးရေမြို့ကနေ လွတ်မြောက်နိုင်မယ်လို့ တကယ်ထင်နေတာလား”
သူ၏ အသံသည် မာကျောလာသည်။
“မင်း သန္ဓေပြောင်း မွန်းစတားကပ်ပါးကောင်ကြီးကို ဘယ်လိုပဲဖြစ်ဖြစ် သတ်နိုင်ခဲ့ရင်တောင် ငါ့လူတွေက မင်းကို လွှတ်ပေးလိမ့်မယ်လို့ ထင်နေတာလား”
ကီကီသည် ထထိုင်ဖို့ ရုန်းကန်နေပြီး သူမ၏ အသက်ရှူသံများ မှားယွင်းနေသည်၊၊
“ရှင် ရူးနေတာ... အဲဒီ သတ္တဝါကို စောင့်ရှောက်တဲ့ နတ်ဘုရားတွေလို သဘောထားပြီး လူသားတွေကို ယဇ်ပူဇော်နေတာ...”
သူမ၏ ရင်ဘတ်သည် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။
“ရှင်က ဓားပြတွေထက် ပိုဆိုးတယ်”
တင်းချီ၏ မျက်နှာရှုံ့တွသွားသည်၊၊
“ငါ့ကို ရူးနေတယ်လို့ ခေါ်ချင်ရင် ခေါ်ပါ”
သူက စူးစူးဝါးဝါး ပြောလိုက်သည်။
“ငါ့ကို ခွေးလို့ ခေါ်ချင်လည်း ရတယ်”
သူသည် မိုးရေမြို့ဆီသို့ လက်ညှိုးထိုးပြလိုက်သည်။
“ဒီမှာ လူဘယ်နှစ်ယောက် နေထိုင်တယ်ဆိုတာ မင်းသိလား။ ၂၅၇ ယောက်”
“ငါ့ ယာဉ်တန်းက ၆၆ ယောက်”
“ကျင်းတန်က အသက်ရှင်ကျန်ရစ်သူ ၁၉၁ ယောက်”
သူ၏ အသံသည် တုန်ယင်နေသည်။
“သူတို့က အသက်ရှင်ချင်ရုံလေးပဲ”
“ပြောပါ— သူတို့ ဘာပြစ်မှု ကျူးလွန်ခဲ့လို့လဲ”
လင်းရှန်သည် အေးစက်သော ရယ်သံတစ်ခု ထုတ်လွှတ်လိုက်သည်။
“ဒါဆို မင်း မွန်းစတားကို ကျွေးခဲ့တဲ့ ရာပေါင်းများစွာသော လူတွေ—”
“အဲဒါတွေက လက်ခံနိုင်တဲ့ ယဇ်ပူဇော်မှုတွေလား”
တင်းချီ၏ မျက်နှာသည် မည်းမှောင်သွားသည်။
“စကားပြောတာ တော်လောက်ပြီ”
သူ၏ ကိုယ်ထည်သံချပ်ကာသည် ကျယ်လောင်စွာ မြည်သွားပြီ သူ၏ လှံရှည်ကို လင်းရှန်ဆီသို့ ချိန်ရွယ်လိုက်သည်။
“မင်း အမှတ်အသားပြုခံထားရပြီးပြီ”
“မင်း ထွက်ပြေးလို့ မရဘူး”
“ငါ မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး”
ဝှစ်--
ရှည်လျားသောအနက်ရောင်လှံသည် ရှေ့သို့ ပစ်လွှတ်သွားပြီး ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် လေထဲတွင် ဖြတ်သန်းသွားသည်။
“လင်းရှန်”
ကီကီသည် ရှေ့သို့ ခုန်တက်ပြီး လက်များကို မြှောက်လိုက်သည်—
သူမ၏ စွမ်းရည်ကို အသက်သွင်းရန် ကြိုးစားသော်လည်း—
ဘာမှဖြစ်မလာခဲ့ပေ။
သူမ၏ နှလုံးသားတစ်ခုလုံး နစ်မြုပ်သွားသည်။
အနက်ရောင်လှံရှည်သည် သူတို့ဆီသို့ အရှိန်ပြင်းစွာ—
ထို့နောက်—
ကလန်..
စက်ရုပ်လက်တစ်ခုက ၎င်းကို လေထဲတွင် ဖမ်းဆုပ်လိုက်သည်။
ကီကီ၏ အသက်ရှူသံ ရပ်တန့်သွားသည်။
လင်းရှန်သည် ခိုင်မာစွာ ရပ်တည်နေပြီး သူ၏ HG55 ယန္တရားလက်တုကို ဆန့်တန်းကာ လှံရှည်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
“ဘယ်လို—”
တင်းချီ၏ မျက်လုံးများ ထိတ်လန့်မှုဖြင့် ပြူးကျယ်သွားသည်။
ဒက် ဒက် ဒက် ဒက်
အပြင်ဘက်တွင် သေနတ်ပစ်သံများ ပေါက်ကွဲလာသည်။
အရိပ်တစ်ခုသည် တောက်ပသော လျှပ်စစ်ဓားကို ကိုင်ဆောင်လျက် အထဲသို့ ပြေးဝင်လာသည်။
တင်းချီ၏ လူများသည် ကောက်ပင်များ ရိတ်သိမ်းခံရသလို အတုံးအရုံး လဲကျသွားကြသည်။
ထို့နောက်—
ဓားတစ်ချောင်းသည် လေထဲမှ ပျံသန်းလာသည်။
တင်းချီ တုံ့ပြန်နိုင်ခြင်း မပြုမီ—
ရွှပ်
ဓားသွားသည် သူ၏ ရင်ဘတ်ကို ထိုးစိုက်သွားသည်။