← Chapters

အကြမ်းဖက်လုယက်ခြင်း

Vol. 14 Ch. 200

အကြမ်းဖက်လုယက်ခြင်း

Vol. 14 Ch. 200

တိတ်ဆိတ်မှု။

လုရုံ၏ အော်သံပြီးနောက် ဘူတာရုံသည် ထူးဆန်းစွာ တိတ်ဆိတ်နေပြီး ထိုရထားပေါ်တွင် လူတစ်ဦးတစ်ယောက်မျှ မရှိသကဲ့သို့ ဖြစ်နေသည်။

ဘယ်သူမှ တုံ့ပြန်မှုမရှိသည်ကို မြင်သောအခါ လုရုံသည် စိတ်မရှည်တော့ပေ။ ရန်သူ၏ အဓိကတပ်ဖွဲ့ ပြန်ရောက်မှ လှုပ်ရှားရန် စိတ်ကူးမရှိတော့ချေ။ မဆိုင်းမတွပင် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

“ညီအစ်ကိုတို့၊ ရထားကို ဝိုင်းလိုက်”

သူ၏ အမိန့်အရ ခန္ဓာကိုယ်တောင့်တင်းသော လူတစ်ယောက်သည် ချက်ချင်း စက်သေနတ်စင်ပေါ်သို့ တက်ကာ မောင်းတင်ပြီး ရထားကို တည့်တည့်ချိန်ကာ မောင်းခလုတ်ကို ဆွဲညှစ်လိုက်သည်။

ဒက် ဒက် ဒက် ဒက်

ကြီးမားသော စက်သေနတ်သည် နားကွဲလုနီးပါး မြည်ဟည်းလာပြီး မရေမတွက်နိုင်သော ကျည်ဆံများသည် အနန္တရထား၏ သံချပ်ကာဘေးသို့ မိုးသီးများကဲ့သို့ ရွာကျကာ မီးပွားများ လွင့်စင်ကုန်သည်။

နေထိုင်ရေးတွဲအတွင်း၌ အမျိုးသမီးများစွာ ထိတ်လန့်တကြား အော်ဟစ်ကာ ကြမ်းပြင်ပေါ်သို့ လဲကျကုန်သည်။

ပစ်ခတ်သံရပ်သွားသည်နှင့် အင်ဂျင်သံများသည် ရုတ်တရက် လေထဲတွင် ပြည့်သွားသည်။ ယာဉ်များစွာသည် ပလက်ဖောင်း၏ ဘေးနှစ်ဖက်စလုံးမှ ထွက်ခွာလာပြီး အရိပ်ထဲတွင် ပုန်းနေသော လူအနည်းငယ်သည် ရထားဆီသို့ မီးခိုးဗုံးနှင့် မီးလောင်ဗုံးများကို ပစ်ပေါက်လိုက်သည်။

ဝုန်း ဝုန်း အုန်း

ထူထပ်သော မီးခိုးများသည် လွင့်ပျံသွားပြီး မြင်ကွင်းကို ကွသွားစေသည်။ မီးလောင်ဗုံးများသည် ရထားလမ်းတစ်လျှောက်နှင့် ရထား၏ ဘေးဘက်တွင် ပေါက်ကွဲကာ ပြင်းထန်စွာ လောင်ကျွမ်းနေသည်။

ရထားအတွင်း၌ တွဲ (၂) မှ ရှားရှားသည် ရန်သူများ နောက်ဆုံးတွင် လှုပ်ရှားလာသည်ကို ကြည့်နေသည်။ သူမသည် အံကြိတ်လိုက်ပြီး ဆက်သွယ်ရေးကိရိယာကို ဆွဲကိုင်လိုက်သည်။

“အစ်မရှုချင်း တိုက်ခိုက်မှု စတင်ပြီ။ နေရာယူပြီး သူတို့ မြို့ထဲကို ဆုတ်ခွာတာကို ဖြတ်တောက်လိုက်ပါ”

“ကောင်းပြီ”

ရှုချင်း၏ အသံသည် ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် ထွက်ပေါ်လာသည်။

ရှားရှားသည် သက်ပြင်းချလိုက်ပြီး သူမ၏ လက်များကို နွေးသွားအောင် ပွတ်သပ်ကာ ခလုတ်တစ်ခုကို နှိပ်လိုက်သည်။

ဒက် ဒက် ဒက် ဒိုင်း ဒိုင်း

ဘူတာရုံတစ်ခုလုံး ပရမ်းပတာ ဖြစ်သွားသည်။ သေနတ်သံများ ဆူညံလာပြီး ကျည်ဆံများသည် ရထားကို အရပ်မျက်နှာအားလုံးမှ ဝိုင်းရံလာသည်။ တိုက်ခိုက်သူအချို့သည် ယာဉ်များနောက်တွင် ပုန်းနေကြပြီး၊ အချို့မှာ ဘူတာရုံ အဆောက်အအုံများတွင်၊ အချို့မှာ သစ်တောထဲတွင် ရှိနေသည်။ သူတို့သည် ရထား၏ သံမဏိသံချပ်ကာကို ဖောက်ထွင်းရန် ကြိုးစားနေခြင်း မဟုတ်ပေ— သူတို့၏ အဖော်များ ပိုမိုနီးကပ်စွာ ချဉ်းကပ်နိုင်ရန် ကာဗာပေးနေခြင်းဖြစ်သည်။

ဖက်တီးတစ်ကောင်နှင် သူ၏ အဖွဲ့သည် မီးခိုးများကြားမှ သတိထား၍ လှုပ်ရှားလာသည်။ တစ်ဦးချင်းစီသည် ရွံရှာဖွယ်ရာ အဖြူရောင် ကပ်ပါးကောင်များဖြင့် ပြည့်နေသော ဖန်အိုးများကို သယ်ဆောင်ကာ ရထားဆီသို့ ဖြည်းဖြည်းချင်း တိုးဝင်လာသည်။

“ဖက်တီးနဲ့ သူ့အဖွဲ့ကို ကာဗာပေး”

လုရုံက သူ၏ ဝါယာလက်စက်ထဲသို့ အော်လိုက်သည်။

ထိုအချိန်တွင် မြို့ထဲရှိ ကင်းထောက်တစ်ဦးက သတင်းပို့လိုက်သည်–

“အစ်ကိုရုံ မြို့ထဲက အဖွဲ့ ပြန်လာနေပုံရတယ်”

လုရုံက ပြုံးလိုက်သည်။

“အကောင်းဆုံးပဲ၊၊ ငါ သူတို့ကို အကုန်ရှင်းပစ်မယ်၊၊ တင်းချီ မလုပ်ရဲတာကို ငါ ကိုယ်တိုင် ကိုင်တွယ်မယ်၊၊ စွမ်းအားရှင်နှစ်ယောက်ပဲမလား။ သူတို့က ကျည်မတိုးနိုင်တဲ့သူတွေ မဟုတ်ရင် ငါ့ရဲ့ ၁၂၇ မီလီမီတာ စက်သေနတ်ကြီးက သူတို့ကို သင်ခန်းစာ ပေးလိမ့်မယ်”

“အစ်ကိုလု ရထားပေါ်မှာ လှုပ်ရှားမှု ရှိတယ်”

လုရုံ၏ သွေးဆာမှုနှင့် စိတ်လှုပ်ရှားမှုများ အထွတ်အထိပ်သို့ ရောက်နေစဉ် သူ၏ နောက်လိုက်က ရုတ်တရက် အော်လိုက်သည်။

ဟိုက်ဒရောလစ် ယန္တရားတစ်ခုက နက်ရှိုင်းသော သတ္တုသံ မြည်ဟည်းလာချိန်တွင် သူ၏ မျက်လုံးများ ရထားဆီသို့ ပစ်ရောက်သွားသည်။

ရထား၏ ခေါင်မိုးတစ်စိတ်တစ်ပိုင်း စတင် ပွင့်လာသည်။

ထို့နောက် ကြီးမားသော လက်နက်တစ်ခုသည် မြင်ကွင်းထဲသို့ ဖြည်းဖြည်းချင်း မြင့်တက်လာသည်။

ဒက် ဒက် ဒက်...

ထိုအခိုက်၌ ပစ်ခတ်မှုအားလုံး ရပ်တန့်သွားသည်။

တိုက်ခိုက်သူများသည် ကြက်သေသေစွာ စိုက်ကြည့်နေကြသည်။

တချို့က ရှုပ်ထွေးနေပြီး၊ တချို့က ပဟေဠိဆန်စွာကြည့်နေကြသည်။ တချို့က သေချာမြင်နိုင်ရန် မျက်လုံးများကို မှေးလိုက်ကြသည်။ တချို့က ကယောင်ကတမ်း ရေရွတ်နေကြသည်။

“ဒါ... ဒါ ဘာကြီးလဲ”

လုရုံ၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်၊၊ သူ၏ တိုက်ပွဲဝင်စိတ်သည် တစ်စုံတစ်ယောက်က ရေခဲရေနှင့် လောင်းချလိုက်သကဲ့သို့ ပျောက်ကွယ်သွားသည်။

“အစ်ကိုလျို့”

သည် သူ၏ ဘေးရှိ မျက်မှန်နှင့် လူကို ဖမ်းဆွဲလိုက်ပြီး ထွက်လာသော လက်နက်ကို မျက်လုံးပြူးကြည့်ကာ ညွှန်ပြသည်။

“ဒီဟာကြီးက ဘာလို့ ငါတို့ သတင်းအချက်အလက်ထဲမှာ မပါတာလဲ”

“ကျွ-ကျွန်တော်... ကျွန်တော်တို့လည်း မသိဘူးလေ၊၊ အဲဒါက အမြောက်လား”

ဝူးးးး—

လေထဲတွင် တုန်ခါမှု ဖြစ်ပေါ်လာသည်။ 1130 CIWS ၏ ကြီးမားသော အောက်ခြေသည် ၎င်း၏ မော်တာ လည်ပတ်လာသည်နှင့်အမျှ အသံတစ်ခု တိုးညင်းစွာ ထွက်ပေါ်လာသည်၊၊

အပေါ်တွင် လျှပ်စစ်-ပစ်မှတ်ချိန်ညှိမှုစနစ်နှင့် ရေဒါသည် လျင်မြန်စွာ စကင်ဖတ်နေသည်။ ပစ်မှတ်ထိန်းချုပ် ရေဒါသည် စတင် အသက်ဝင်လာသည်။

လုရုံ မျက်နှာတစ်ခုလုံး ဖြူဆုတ်သွားသည်၊၊ သူ၏ နှုတ်ခမ်းများ တဆတ်ဆတ် တုန်ယင်နေသည်။

“ငါ... ငါတော့ သေပြီ...”

နောက်တစ်စက္ကန့်တွင် သူ၏ ဝါယာလက်စက်ကို ဆွဲကိုင်လိုက်သည်။

“ပြေးကြဟ”

ဝှီးး

၁၁၃၀ အနီးကပ် လက်နက်စနစ် (CIWS) သည် အသံထွက်လာသည်၊၊

၃၀ မီလီမီတာ ပြောင်း ၁၁ ခုသည် မျက်စိဖြင့် မမြင်နိုင်သည့် အမြန်နှုန်းဖြင့် လည်ပတ်လာပြီး စစ်မှန်သောဖျက်ဆီးမှုကို ထုတ်လွှတ်လိုက်သည်၊၊

အမြန်နှုန်းမြင့် ရေဒါသည် စက္ကန့်ပိုင်းအတွင်း ရန်သူတိုင်းကို လော့ခတ်လိုက်ပြီး သေခြင်းတရား၏ မုန်တိုင်းကဲ့သို့ စစ်မြေပြင်တစ်လျှောက် လှဲကျင်းသွားသည်၊၊

ကားများနောက်တွင် ပုန်းအောင်းကာ အလုအယက် ချီတတ်လာသော တိုက်ခိုက်သူများလား။ သွေးအမှုန့်အမွှားများအဖြစ် စုတ်ပြတ်သတ်ကုန်သည်။

ယာဉ်များလား။ ပျော့ညံ့သော ပလတ်စတစ် အရုပ်များကဲ့သို့ စုတ်ပြဲသွားသည်။

လုရုံ၏ ဆုတ်ခွာရန် အမိန့်သည် သူ့လူများ၏ ခြေထောက်များ ပျော့ခွေမသွားမီ နှုတ်ခမ်းမှ မထွက်နိုင်သေးပေ— သူတို့သည် အသက်အတွက် ပြေးလွှားနေကြရသည်။

နောက်ကျသွားပြီ။

CIWS ၏ ခြေရာခံစနစ်သည် စက္ကန့်ပိုင်းအတွင်း အလုပ်လုပ်နိုင်ပေသည်။

ဘူတာရုံ အဆောက်အအုံများအတွင်း ပုန်းနေသူများပင် လွတ်မြောက်ရန် လမ်းမရှိပေ။ နံရံများ ကိုယ်တိုင်ပင် အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားသည်။

တစ်ချိန်တည်းမှာပင် တွဲ (၅) ၏ အလိုအလျောက် တံခါးသည် ရှဲခနဲ အသံဖြင့် ပွင့်လာသည်။

အထဲမှ ထွားကျိုင်းသော လို့ဟွာသည် ဂတ်လင်သေနတ်တစ်လက်ကို ဆွဲကိုင်ကာ ထွက်လာသည်။

သေနတ်၏ လျှပ်စစ်မော်တာသည် စတင်လည်ပတ်လာသည်။

ဒက် ဒက် ဒက်

အရှိန်မြင့် သတ္တုကျည်ဆံများသည် အဆက်မပြတ်ထွက်ပေါ်လာကာ တကွဲပြားစီပျံ့နှံ့နေသော ရန်သူများကို ဖြတ်သန်းသွားသည်၊၊

ရထား၏ ထိန်းချုပ်ခန်းတံခါးသည် ပွင့်လာသည်။

လို့ရှားရှားသည် သူမ၏ မိုးကြိုးမုန်တိုင်း A1 ဗုံးပစ်လောင်ချာကို ပိုက်ကာ ထွက်လာသည်။

သူမသည် တွန့်ဆုတ်ခြင်းမရှိပဲ…

ဖောင်း ဖောင်း ဖောင်း

ဗုံးသုံးလုံးသည် ကွေးညွှတ်ကာ ထွက်သွားသည်။

ဝုန်း ဝုန်း ဝုန်း

ပေါက်ကွဲမှုများက စစ်မြေပြင်ကို လှုပ်ခါစေသည်။

အော်ဟစ်သံများ။ ငိုသံများ၊၊ ကားများနှင့် အဆောက်အအုံများ ပေါက်ကွဲသွားသည်။

သစ်ပင်များ လဲကျကုန်သည်။

သစ်တောထဲတွင် လုရုံနှင့် သူ၏ အဖွဲ့သည် သူတို့၏ ယာဉ်များပေါ်သို့ အလုအယက် ခုန်တက်ကြသည်။

သူတို့ထဲမှ တစ်ဦးသည် လက်များ တုန်ယင်နေရင်း ရော့ကတ်လောင်ချာတစ်ခုကို မြှောက်ကာ CIWS ၏ သေနတ်ပြောင်းက သူ့ဆီသို့ လှည့်လာစဉ် လုံခြုံရေးခလုတ်ကို အသည်းအသန် ဖွင့်နေသည်။

ဘန်းးးး

စနိုက်ပါ သေနတ်သံတစ်ချက် ထွက်ပေါ်လာသည်။

ရော့ကတ်လောင်ချာနှင့် ၎င်းကို ကိုင်ထားသော လူသည် သွေးအအမှုန့်များအဖြစ် ပေါက်ကွဲသွားသည်။

သွေးနှင့် အသားများသည် လုရုံ၏ လေကာမှန်ကို စင်ကုန်သည်။

ထိတ်လန့်တကြားဖြင့် သူသည် လီဗာကို နင်းကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

နောက်ဆုံးတွင် သူ နားလည်သွားသည်—

ဒီရထားက ပြေးစရာမရှိလို့ မပြေးခဲ့တာ မဟုတ်ဘူး။

ဒီရထားက ရွေ့ပြောင်းခံတပ်ကြီးပဲ၊၊

အုန်းးး

သူ၏ SUV သည် နောက်ထပ် ကားတစ်စီးကို ဝင်တိုက်မိပြီး ထွက်ပြေးလမ်းကြောင်းကို ပိတ်ဆို့သွားသည်။

လုရုံ ဒေါသဖြင့် ပေါက်ကွဲသွားသည်။

“ငါ့လမ်းကနေ ဖယ်ကြစမ်း”

အဝေးမှ ခေါင်မိုးတစ်ခုပေါ်တွင် ချန်ဆီရွှမ်သည် သူမ၏ တင့်ဖျက် စနိုက်ပါရိုင်ဖယ်ကို တည်ငြိမ်စွာ ချိန်ညှိနေသည်။

သူမ၏ အကြည့်တွင် အေးစက်သော ဆုံးဖြတ်ချက်နှင့်ပြည့်နေပြီး လုရုံ၏ ကားရှေ့ခန်းကို ပစ်မှတ်ထားလိုက်သည်။

ရိုင်ဖယ်၏ ကြီးမားသော စွမ်းအားက သူမကို ပုံမှန်မဟုတ်သော လုံခြုံမှု ခံစားချက်ကို ယူဆောင်လာသည်။ သူမ၏ ရန်သူများ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးနေသည်ကို ကြည့်ပြီးနောက် သူမ၏ စိတ်ခံစားမှုများ မတုန်လှုပ်တော့ပေ။

သူမ၏ လက်ချောင်းသည် မောင်းခလုတ်ကို ညှစ်လိုက်သည်။

ခရက်

စီစဉ်ထားသော ချုံခိုတိုက်ခိုက်မှုဟု ယူဆရသည့်အရာသည် စက္ကန့်ပိုင်းအတွင်း တစ်ဖက်သတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအဖြစ် ပြောင်းလဲသွားခဲ့သည်။

“အစ်ကိုလု အစ်ကိုလု”

ခပ်လှမ်းလှမ်းမှ ရထားလမ်းကို ဖောက်ခွဲရန် တာဝန်ယူခဲ့သော ကွေ့ရှန်သည် သွေးချောင်းစီးမှုကို မြင်တွေ့ရသောအခါ ဖြူဖျော့သွားသည်။

သူသည် သူ၏ ဝါယာလက်စက်ကို ဆွဲကိုင်ကာ အသည်းအသန် အော်ခေါ်နေသည်။

တုံ့ပြန်မှု မရှိ။

လုရုံ..ဖက်တီး... အဖွဲ့တစ်....အဖွဲ့နှစ်။

ဘာမှ မရှိတော့ပေ။

“ဒီကိစ္စကို ဂရုမစိုက်တော့ဘူး၊၊ ငါတို့ ဒီကနေ ထွက်ပြေးရမယ်”

အခြေအနေသည် မျှော်လင့်ချက်မဲ့သွားပြီကြောင်း သဘောပေါက်သောအခါ ကွေ့ရှန်နှင့် သူ၏ အဖွဲ့သည် မော်တော်ဆိုင်ကယ်များပေါ်သို့ ခုန်တက်ကာ ဓာတုစက်ရုံဆီသို့ ထွက်ပြေးသွားကြသည်။

သို့သော် သူတို့ ထွက်ပြေးနိုင်ခြင်း မပြုမီ—

ကျွီ

ဆိုင်ကယ်ခြောက်စီးလုံး ဘရိတ်အုပ်လိုက်ကြသည်။

သံချပ်ကာယာဉ်တစ်စီးသည် လမ်းကို ပိတ်ဆို့ထားသည်။

ထိုယာဉ်ပေါ်တွင် ဆံပင်များ လေထဲတွင် လွင့်နေသော လူငယ်တစ်ဦးသည် သူတို့ကို ကျောခိုင်းပြီး ရပ်နေသည်။

“မင်း ဘယ်သူလဲ”

ကွေ့ရှန်သည် ထိတ်လန့်စွာ အော်လိုက်ပြီး သူ၏ သေနတ်ကို အသည်းအသန် ရှာဖွေနေသည်။

ကလစ်။

အနက်ရောင် Remington M96 တစ်လက်သည် သူ၏ ဦးခေါင်းနောက်ဘက်တွင် ဖိထားပြီးသား ဖြစ်သည်။

ဒိုင်း

ဒက် ဒက် ဒက် ဒက်

ရှုချင်းနှင့် သူမ၏ အဖွဲ့သည် ထွက်ပေါ်လာပြီး စက္ကန့်ပိုင်းအတွင်း သူတို့ကို ရှင်းလင်းပစ်လိုက်သည်။

လုရှင်းချန်သည် လှည့်လာပြီး ပွစိပွစိ ပြောလိုက်သည်။ “ရှုချင်း၊ အနည်းဆုံး သူတို့ကို မိတ်ဆက်ခွင့်လေးတော့ ပေးလေဟာ”

ရှုချင်းသည် သူမ၏ သေနတ်ကို ပြန်သိမ်းလိုက်သည်။

“စကားများမနေနဲ့။ ငါတို့ ဓာတုစက်ရုံကို သွားပြီး ကပ္ပတိန်လင်းကို အကူအညီပေးဖို့ လိုတယ်။”

All Chapters