← Chapters

လူများ

Vol. 14 Ch. 201

လူများ

Vol. 14 Ch. 201

“ယောကျ်ား”

ဓာတုစက်ရုံ အပြင်ဘက်တွင် မှိန်ဖျော့သော လိမ္မော်ရောင်ရှိသည့် အာရုံကြောအဆိပ်ငွေ့တို့သည် လွင့်ပျယ်သွားရာ လူတိုင်း၏ ကိုယ်ခန္ဓာများလည်း မလှုပ်မယှက်ဖြစ်နေရာမှ တဖြည်းဖြည်း ပြန်လည် လှုပ်ရှားလာကြ၏။

လုချန်၏ လျှပ်စစ်ဓားသည် တင်းချီ၏ ရင်ဘတ်ကို ဖောက်ထွင်းသွားခဲ့လေပြီ။ ကျွမ်မီသည် ဝမ်းနည်းစွာ အော်ဟစ်လိုက်ပြီး လဲကျနေရာမှ ပြန်ထရန် ရုန်းကန်နေ၏။

လင်းရှန်သည် တွန့်ဆုတ်မနေဘဲ သူ့လက်ထဲမှ အနက်ရောင်လှံကို ပစ်ချကာ သေနတ်ကိုမြှောက်၍ ထိုဇနီးမောင်နှံကို အဆုံးသတ်ရန် ရှေ့သို့ တိုးလာလေသည်။

“မလုပ်ပါနဲ့”

ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ကျွမ်မီသည် တင်းချင်း၏ ရှေ့တွင့် ချက်ချင်း ပစ်လှဲချလိုက်ကာ တောင်းပန်လိုက်သည်။

“ငါတို့ကို ချမ်းသာပေးပါ။ ငါတို့ ယာဉ်တန်းက ပစ္စည်းတွေနဲ့ လက်နက်တွေ အားလုံးကို

နင်ယူနိုင်ပါတယ်”

“အခုမှ ပြောဖို့ နောက်ကျလွန်းမနေဘူးလား”

“ကပ္ပတိန်လင်း”

ထိုအချိန်တွင် မြောင်လုသည် ရှေ့သို့ တက်လာပြီး သတင်းပို့လိုက်သည်။

“ကျွန်မတို့ ရထားကို တိုက်ခိုက်တဲ့ ယာဉ်တန်းကို လုံးဝ ချေမှုန်းလိုက်ပါပြီ။ ခန့်မှန်းခြေ လူလေးဆယ်ကျော် ရှိပါတယ်။ ကျန်တဲ့ ကျန်ရစ်သူတွေကိုလည်း ရှုချင်းနဲ့ တခြားသူတွေက ရှင်းလင်းပြီးပါပြီ”

ဤစကားကို ကြားသောအခါ တင်းချီ၏ မျက်နှာအမူယာသည် လုံးဝ ပြောင်းလဲသွားပြီး မယုံနိုင်သော အကြည့်ဖြင့် လင်းရှန်အား ကြည့်လိုက်၏။

“မဖြစ်နိုင်ဘူး”

သူ့ဘေးနားရှိ ကျွမ်မီသည်လည်း ပါးစပ်အဟောင်းသား ဖြစ်သွားပြီး “ကျွန်မတို့ မဟုတ်…”

သူမ စကားမဆုံးသေးမီ သူမ၏ မျက်နှာသည် ရုတ်တရက် တောင့်တင်းသွားပြီး တင်းချီဘက်သို့ အလျင်အမြန် ကြည့်လိုက်သည်။

လုရုံ..

ထိုအဖြစ်အပျက်ကို နှစ်ဦးစလုံး နားလည်သွားကြသည်။

အနန္တရထားသည် လုံခြုံသော အနေအထားကို ရရှိပြီဖြစ်ကြောင်း လင်းရှန် သိလိုက်သောအခါ စိတ်သက်တောင့်သက်သာ ဖြစ်သွားသည်။ သူသည် သေနတ်ကို ကျည်ထိုးလိုက်ပြီး တင်းချီ၏ နဖူးကို ချိန်လိုက်ပြီး သူ၏ အသံသည် အေးစက်နေ၏။

“သတင်းကောင်းကတော့ အထဲက သတ္တဝါကို ရှင်းလိုက်တာနဲ့ မင်းတို့နှစ်ယောက်က အရေခွံခွာပြီး အယောင်ဆောင်ဖြစ်စရာ မလိုတော့ဘူးပေါ့”

“ခဏလေး”

ကျွမ်မီသည် ထိတ်လန့်တကြားအမူယာဖြင့် အသည်းအသန် ရှင်းပြရန် ကြိုးစားနေ၏။

“ငါတို့က နင့်ရထားကို တိုက်ခိုက်ဖို့ အမိန့်မပေးခဲ့ပါဘူး၊ တကယ်တော့—”

“ကျွမ်မီ”

တင်းချီ၏ ပါးစပ်မှ သွေးများ ယိုစီးကျလာပြီး သူမ၏ စကားကို ဖြတ်ပြောလိုက်သည်။ သူမ၏ ရှုပ်ထွေးနေသော မျက်နှာအမူယာကို မြင်သောအခါ သူသည် အားအင်ချိနဲ့စွာဖြင့်

“ရှင်းပြစရာ မလိုတော့ဘူး။ ငါတို့က အရင် တိုက်ခိုက်ခဲ့တာပါ။ အင်အားကြီးသူက အသက်ရှင်ပြီး အားနည်းသူက ပျက်စီးရတယ်။ အခု ညှိနှိုင်းနေလည်း အဓိပ္ပာယ်မရှိတော့ဘူး”

သူ့မျက်နှာသည် ဖြူဖတ်ဖြူလျော် ဖြစ်နေပြီး သူ၏ အသက်စွမ်းအားသည် အလျင်အမြန် ကုန်ဆုံးနေလေသည်။ သူသည် လင်းရှန်ဘက်သို့ လှည့်ကာ တီးတိုးပြောလိုက်၏။

“ငါသိချင်တာက မင်း တကယ်ပဲ အဲဒီကောင်ကို လူနည်းနည်းနဲ့ ချေမှုန်းနိုင်မယ်လို့ ထင်တာလား”

လင်းရှန်၏ အကြည့်သည် တဖျတ်ဖျတ် လက်သွားသည်၊၊

“မင်း အမှောင်ညကျိန်စာအကြောင်းကို ပြောခဲ့ပြီးတဲ့နောက် ငါတို့မှာ ရွေးစရာ မရှိဘူးဆိုတာ သိသင့်တယ်”

တင်းချီက မျက်မှောင်ကြုတ်လိုက်၏။

“မင်းက လူတွေရဲ့ အသက်ကို စွန့်ပစ်နေတာပဲ၊၊ ဘာကြောင့် လုံခြုံတဲ့ ခိုလှုံနေရာကို လက်ခံပြီး ပြန်တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်တဲ့အထိ မစောင့်တာလဲ”

လင်းရှန်သည် သူ့အကြည့်ကို ပြန်ကြည့်လိုက်၏။ “မင်းတို့ရဲ့ ခိုလှုံနေရာဆိုတာ နေ့တိုင်း လူတွေကို မွန်းစတားဆီကို အစာကျွေးနေတာပဲ မဟုတ်လား”

တင်းချီသည် ခဏတာ ပြန်မပြောနိုင်ဖြစ်သွားပြီးနောက် သက်ပြင်းချကာ မိမိကိုယ်ကို သရော်သည့် အပြုံးတစ်ခု သူ့မျက်နှာပေါ် ပေါ်လာ၏။ လင်းရှန်၏ သေနတ်ပြောင်းကို ရင်ဆိုင်ရင်း သူ၏ မျက်နှာသွင်ပြင်တွင် သက်သာရာရမှု အရိပ်ယောင်များ ထွက်ပေါ်လာသည်၊၊

“ပစ်လိုက်ပါ”

“မင်းတို့ရဲ့ ခိုလှုံနေရာဆိုတာ ဘယ်မှာလဲဆိုတာ ငါ့ကို မပြောရသေးဘူး”

တင်းချီသည် မျက်လုံးများကို ဖွင့်လိုက်ပြီး မထီမဲ့မြင် ရယ်မောကာ “ဘာလဲ၊ အဲဒီမှာရှိတဲ့ လူတိုင်းကို မင်းက သတ်ပစ်ဖို့လား။ မင်းတို့ရထားကို တိုက်ခိုက်ခဲ့တဲ့ လူတွေအားလုံးက ငါ့ယာဉ်တန်းရဲ့ အစိတ်အပိုင်းတွေပဲ၊၊ သူတို့က မင်းလက်ထဲမှာ သေကုန်ကြပြီ။ ကျန်တဲ့သူတွေက အပြစ်မဲ့သူတွေပဲ။ ဘာလို့ သွေးချောင်းစီးအောင် လုပ်ချင်ရတာလဲ”

လင်းရှန်၏ အသံသည် အေးစက်နေသည်။

“လူသားစားဖူးတဲ့သူတွေကို လူလို့ ခေါ်လို့ ရနိုင်သေးသလား”

တင်းချီသည် ဘာမှ မပြောတော့ပေ။ သူသည် မျက်လုံးများ မှိတ်လိုက်ပြီး ငိုကြွေးနေသော ကျွမ်မီကို တင်းတင်းဖက်ထားကာ သေခြင်းတရားအတွက် ပြင်ဆင်နေလိုက်သည်။

ဆွီဇ်ဇ်—

ထိုအချိန်တွင် ယန္တရားလည်ပတ်သံသည် လေထဲတွင် ပျံ့လွင့်လာ၏။ PX-05 အင်ဂျင်နီယာစက်ရုပ်သည် လင်းရှန်၏ နောက်ဘက်တွင် ဆင်းသက်လာသည်၊၊

တင်းချီ၏ မျက်လုံးများ ချက်ချင်း ပွင့်သွားပြီး သူ့မျက်နှာသည် ထိတ်လန့်မှုဖြင့် တုတ်လှုပ်ချောက်ချားဖြစ်သွားသည်။

“မင်း ဘာလုပ်ခဲ့တာလဲ”

ကီကီသည် ရှေ့သို့ တိုးလာပြီး သဘောကျစွာ ပြုံးကာ လက်ခုပ်တီးလိုက်သည်။

“တခြား ဘာလုပ်ရမလဲ၊ ဗုံးတွေ တပ်ဆင်တာပေါ့။ ဒီဓာတုစက်ရုံက ဧရာမယမ်းအိုးကြီးဖြစ်နေတာကို မသိဘူးလို့ မပြောနဲ့နော်”

လင်းရှန်သည် တည်ငြိမ်စွာ ပြောလိုက်သည်။

“မင် မပြောရင်တောင် ဘာမှမဖြစ်ဘူး။ ဒီစက်ရုံနဲ့ သတ္တဝါကို ဖောက်ခွဲလိုက်ရင် မြို့ထဲက လူတွေ ညရောက်တာနဲ့ သူတို့ရွေးချယ်ထားတဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်”

တင်းချီ၏ မျက်ဆံများသည် ကျုံ့ဝင်သွားပြီး သူသည် ရုတ်တရက် သွေးအန်လိုက်သည်။ သူ၏ အသက်ရှူသံသည် ပြင်းထန်လာပြီး လင်းရှန်အား ထိတ်လန့်စွာ စိုက်ကြည့်နေ၏။

“မလုပ်နဲ့၊ မင်း ဒီလို မလုပ်ရဘူး၊၊ မင်းက လူတိုင်းကို သတ်ပစ်လိမ့်မယ်”

အခြေအနေ၏ ဆိုးရွားမှုကို နောက်ဆုံးတွင် သဘောပေါက်သွားသော တင်းချီသည် သူ၏ တည်ငြိမ်မှုကို လုံးဝ ဆုံးရှုံးသွားလေသည်။ သူ၏ မျက်လုံးများက အသည်းအသန် ဖြစ်နေပြီး ချပ်ကာဝတ်စုံကို လက်ညှိုးထိုးပြလိုက်၏။

“နားထောင်ပါ ညီလေး၊၊ မင်း ဒီဝတ်စုံကို လိုချင်တယ်ဆိုတာ ငါသိတယ်။ ဒါက အသံမှတ်သားမှုရှိတယ်—ငါပဲ ဖွင့်လို့ရတယ်၊၊ ငါ မင်းအတွက် လော့ခ်ဖွင့်ပေးမယ်… ငါ့ကို ကတိ တစ်ခုပဲ ပေးပါ”

ကီကီက လှောင်ရယ်လိုက်သည်။

“ဟ ဟ အသံမှတ်သားမှုတဲ့လား။ ရယ်စရာပဲ၊ ငါက—"

သို့သော် သူမ စကားမဆုံးမီ လင်းရှန်သည် လက်မြှောက်၍ သူမကို တားလိုက်၏။ သူသည် တင်းချီဘက်သို့ လှည့်လိုက်သည်။

“ပြောပါ”

တင်းချင်းသည် သွေးများ ပိုမို အန်ချလိုက်ပြီး သူ၏ အသံသည် အက်ကွဲနေ၏။

“ငါ့ယာဉ်တန်းက ပစ္စည်းတွေ အကုန်ယူပါ၊ ငါ ဂရုမစိုက်ဘူး… အသက်ရှင်ကျန်ရစ်သူတွေအတွက် ကားအချို့ပဲ ချန်ထားခဲ့ပါ။ သူတို့က သာမန်လူတွေပါ။ သူတို့ကို အသက်ရှင်ခွင့်ပေးပါ။ ကျေးဇူးပြုပြီး…”

သူ့နှုတ်ခမ်းတွင် သွေးအမြှုပ်များ တက်လာပြီး နောက်ဆုံးစကားများကို အစွမ်းကုန် အော်ဟစ်လိုက်၏။

“ယောကျ်ား…”

ကျွမ်မီ၏ မျက်နှာပေါ်မှ မျက်ရည်များ စီးကျလာပြီး တင်းချင်းကို ပွေ့ဖက်ထားကာ တောင်းပန်သော မျက်လုံးများဖြင့် လင်းရှန်အား မော့ကြည့်လိုက်၏။

“အမှားလုပ်ခဲ့တာ ငါတို့ပါ။ ရုပ်ရှင်ရုံရဲ့ မြေအောက် ကားပါကင်မှာ လူ ၁၉၁ ယောက် ရှိပါတယ်။ သူတို့ထဲက အများစုက အမျိုးသမီးတွေနဲ့ ကလေးတွေပါ။

ကျေးဇူးပြုပြီး… သူတို့ကို ချမ်းသာပေးပါ”

လင်းရှန်သည် သူ၏ သေနတ်ကို မြှောက်လိုက်ရာ သူ၏ အကြည့်သည် အေးစက်နေ၏။

“မင်းရဲ့ စကားတစ်ခုက မှန်တယ်”

ကျွမ်မီသည် မျှော်လင့်ချက်များ တဖျတ်ဖျတ် လင်းလက်နေသော မျက်လုံးများဖြင့် မော့ကြည့်လိုက်သည်။

ဒိုင်း

ဓာတုစက်ရုံအတွင်း သေနတ်သံတစ်ခု ပဲ့တင်ထပ်သွား၏။

လုချန်၊ မြောင်လုနှင့် ကီကီတို့သည် ထိုအသံကြောင့် တင်းမာသွားကြသည်။

လင်းရှန်သည် သူ၏ သေနတ်ကို ချလိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

“မွန်းစတားကို ငါ ဆက်ရှင်းရဦးမယ်”

ဓာတုစက်ရုံ အပြင်ဘက်…

မော်တော်ဆိုင်ကယ်နှစ်စီးသည် အရှိန်ပြင်းပြင်းဖြင့် မောင်းထွက်လာကြသည်။ လင်းရှန်သည် ကီကီနှင့်အတူ စီးနင်းလိုက်ပါလာပြီး လုချန်နှင့် မြောင်လုတို့က နောက်မှ ကပ်လိုက်လာကာ မြို့ထဲသို့ တန်းတန်းမတ်မတ် ဦးတည်သွားကြ၏။

ထိုအတောအတွင်း ရှုချင်းနှင့် လုရှင်းချန်တို့သည် တိုက်ပွဲမြေပြင် ရှင်းလင်းမှုကို အဆုံးသတ်ခဲ့ကြပြီးခဲ့လေပြီ။ သူတို့သည် လင်းရှန်နှင့် တွေ့ဆုံရန် မြို့ထဲသို့ မောင်းဝင်လာကြ၏။

ယာဉ်ပေါ်မှ ဆင်းလာစဉ် ရှုချင်းက သတင်းပို့လိုက်သည်။ “ကပ္ပတိန်လင်း၊ ကျွန်မတို့ ဧရိယာကို စစ်ဆေးပြီးပါပြီ။ ကင်းကောင်ယာဉ်တန်းရဲ့ အဓိကအဖွဲ့ဝင်တွေ အကုန် သေသွားပြီ။ ပုန်းနေတဲ့သူတွေ ရှိနိုင်ပေမဲ့ ကျွန်မတို့ မတွေ့သေးပါဘူး”

လင်းရှန်သည် အဝေးရှိ ဓာတုစက်ရုံကို လှည့်ကြည့်လိုက်သည်။

“အသင့်ပြင်ထားကြ။ ပေါက်ကွဲမှုက ကြီးမားလိမ့်မယ်။ မြို့ကို သက်ရောက်မှု ရှိမှာ သေချာတယ်၊၊ အယောင်ဆောင်ကပ်ပါးတွေကိုပါ အပြင်ထွက်လာစေနိုင်တယ်”

လုရှင်းချန်က ပြုံးလိုက်သည်။

“ကောင်းတာပေါ့။ တစ်ကောင်ချင်း လိုက်ရှာရတဲ့ ဒုက္ခမရှိတော့ဘူးပေါ့”

“လင်းရှန်၊ အဲဒီကောင် မသေရင် ဘယ်လိုလုပ်မလဲ” ကီကီက မေးသည်။

“အဲဒီကောင်က C-အဆင့် မွန်းစတားတွေထက် ပိုသန်မာတာ သေချာတယ်။ သူ့ရဲ့ ခံနိုင်ရည်က အံ့မခန်းပဲ”

“ပေါက်ကွဲမှုက သူ့ကို မသတ်နိုင်ရင် အပြင်ကို ဆွဲထုတ်ရမယ်”

လင်းရှန်၏ လေသံသည် ခိုင်မာနေ၏။

“ဒါရိုက်တာတင်း ပြောသလို သူတကယ် မလှုပ်ရှားနိုင်ဘူးဆိုရင်တော့ အချိန်ယူပြီး တဖြည်းဖြည်း ချေမှုန်းရမယ်။ မဟုတ်ဘူးဆိုရင်လည်း… အနည်းဆုံးတော့ အခု နေ့ခင်းဘက်ဆိုတော့ မနေ့ညကလို အကာကွယ်မဲ့ ဖြစ်နေမှာ မဟုတ်တော့ဘူး”

လူတိုင်း ခေါင်းညိတ်သဘောတူကြ၏။ ဤသည်မှာ အဆင့်မြင့်မွန်းစတားကို တိုက်ခိုက်ခြင်းဖြစ်ပြီး ယခင်က သူတို့ မကြိုးစားဝံ့ခဲ့သော အရာပင်။ စိတ်လှုပ်ရှားနေသော်လည်း တိုက်ပွဲအတွက် စိတ်ကို တင်းထားကြသည်။

လင်းရှန်သည် တင်းချင်း၏ သံချပ်ကာဝတ်စုံကို ပြန်ယူပြီး ယန္တရားစကင်ဖတ်မှုကို ဖွင့်လိုက်သည်။

【စကင်ဖတ်မှု ပြီးဆုံးသည်။ TRP-4 အထူး စက်မှုလုပ်ငန်းသုံး လှုပ်ရှားနိုင်သော Exoskeleton စွမ်းအားမြှင့်ဝတ်စုံ (အခြေခံပုံကြမ်း) ကို ရရှိသည်။】

သူသည် တင်းချီ၏ ကိုယ်ပိုင်မှတ်တမ်းများကို ဖတ်နေစဉ် သူ၏ မျက်လုံးများ လင်းလက်သွား၏။

[၂၁ ရက်: ကျဲကျဲလေးက မြေအောက်မှာ သူ့ရဲ့ ၈ နှစ်ပြည့် မွေးနေ့ကို မကျင်းပချင်ဘူး။ သူ့ကို တစ်နာရီလောက် နေရောင်မြင်ခွင့်ပေးဖို့ စီစဉ်နေကြတယ်…]

[၂၅ ရက်: ဓာတုစက်ရုံထဲက သတ္တဝါက ဂနာမငြိမ် ဖြစ်လာပြီ။ လုရုံက အဖွားကျန်း ပိုဆိုးလာပြီလို့ ပြောတယ်။ သူ ဘာကို ဆိုလိုတာလဲဆိုတာ ငါသိတယ်…]

လင်းရှန်သည် ဖြည်းညှင်းစွာ အသက်ရှူထုတ်လိုက်ပြီးနောက် ဖျက်ရန် ခလုတ်ကို နှိပ်လိုက်သည်။

【အသုံးပြုသူ တင်းချင်း၏ မှတ်တမ်းအချက်အလက်များကို ပယ်ဖျက်နေသည်…】

【ပယ်ဖျက်ခြင်း ပြီးဆုံးသည်။】

ထို့နောက် လင်းရှန် လှည့်ထွက်လိုက်သည်။

“သွားကြစို့”

All Chapters