အပြီးသတ်ဖျက်ဆီးခြင်း
Vol. 14 Ch. 204
“ရိုင်းစိုင်းတဲ့ သတ္တဝါစုတ်… မီးနတ်ဘုရားရဲ့ အမျက်ဒေါသကို ခံစားလိုက်စမ်း”
လုရှင်းချန်သည် လေထဲသို့ မြင့်မားစွာ ခုန်တက်လိုက်သည်။ သူ၏ လက်နှစ်ဖက်မှ မီးတောက်များ ထွက်ပေါ်လာပြီး ပလက်ဖောင်းပေါ်သို့ တိုက်ရိုက် ဆင်းသက်လိုက်သည်။
သူသည် သူ၏ လက်နှစ်ဖက်ကို ကျယ်ပြန့်စွာ ဖြန့်ကားလိုက်ရာ သူ၏ မီးတောက်များသည် ပြင်းထန်စွာ အော်ဟစ်နေပြီး သူ့ပတ်ဝန်းကျင်ရှိ လေဟာနယ်ကိုပင် တုန်ခါသွားစေသည်။ သူ့အနီးတွင် ကျဆင်းနေသည့် မိုးစက်များသည် ရုတ်တရက် အငွေ့ပျံသွားကာ ပူလောင်သော အပူလှိုင်းတစ်ခုသည် အပြင်ဘက်သို့ လွင့်စဉ်သွားသည်။
“နတ်ဘုရားကောင်းကင်မီးလက်ချောင်း”
သူ၏ လက်ချောင်းကို ရမ်းလိုက်ရာ သူ့နောက်ရှိ မီးတောက်များသည် လည်ပတ်သွားပြီး သူ၏ လက်ချောင်းထိပ်များမှ ရှေ့သို့ ပစ်လွှတ်လိုက်သည်။ ကြီးမားသော မီးတောက်သည် သတ္တဝါကြီး၏ ကွေးနေသော မီးခိုးရောင်လက်တံများကို လင်းထိန်စေပြီး ၎င်း၏ မျက်နှာကို တိုက်ရိုက် ထိမှန်သွားသည်— ပေါက်ကွဲတတ်သော မီးလျှံတစ်ခုသည် ထွက်ပေါ်လာသည်၊၊
တစ်ချိန်တည်းမှာပင် လင်းရှန်နှင့် ကီကီတို့သည် အနန္တရထား၏ အကာအကွယ်ဧရိယာထဲသို့ အလျင်အမြန် ဝင်ရောက်သွားပြီး ချက်ချင်း ပြန်လည်တိုက်ခိုက်မှု စတင်ခဲ့သည်။
ကီကီသည် လေထဲသို့ ပျံတက်သွားသည်။ သူမ၏ ဆံပင်များသည် လေထဲတွင် ရိုက်ခတ်နေပြီး သူမသည် လက်တစ်ဖက်ကို မြှောက်လိုက်ရာ သူမ၏ စိတ်စွမ်းအင်သည် လုရှင်းချန်၏ မီးတောက်များနှင့် ကပ်ပါးကောင်၏ ကိုယ်ပိုင်မီးတောက်များအပါဝင် နှစ်ခုလုံးကို ဝန်းရံကာ လှည့်ပတ်သွားသည်။ သူမ၏ လက်သီးကို တစ်ချက်တည်း ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်—
ရှဲ
လည်ပတ်နေသော မီးတောက်များသည် ပြင်းထန်သော မုန်တိုင်းတစ်ခုအဖြစ် စုစည်းသွားပြီး ဧရာမကပ်ပါးကောင်၏ ခန္ဓာကိုယ်ကို ရိုက်ခတ်သွားကာ ၎င်း၏ အပူချိန်ကို အမြင့်ဆုံးအထိ မြှင့်တင်လိုက်သည်။
နောက်တစ်စက္ကန့်တွင် ကီကီသည် အံကြိတ်ပြီး သူမ၏ လက်သီးကို တင်းကျပ်စွာ ဆုပ်ထားလိုက်သည်၊၊
ဝုန်းးးးး
လည်ပတ်နေသော မီးမုန်တိုင်းသည် ထိုသတ္တဝါ၏ ကိုယ်ပေါ်တွင် ပေါက်ကွဲထွက်လာသည်။ ၎င်း၏ လောင်ကျွမ်းနေသော အသားစများသည် ကွဲအက်ကာ ပြိုကွဲသွားသည်။ မီးသွေးခဲများကဲ့သို့ နီရဲတောက်ပနေပြီး လောင်ကျွမ်းသွားသည့် အပိုင်းအစများ ကြေမွသွားသည်။
စွမ်းအားမြှင့်ဝတ်စုံ ဝတ်ဆင်ထားသော လင်းရှန်သည်လည်း လျင်မြန်စွာ လှုပ်ရှားနေသည်။ လေအမြောက် အချက်ရေအနည်းငယ် ပစ်ခတ်လိုက်ပြီး ပလက်ဖောင်းတံခါးဝများမှ အလျင်အမြန် ဝင်လာသော အယောင်ဆောင်ကပ်ပါးအချို့ကို ချေမှုန်းလိုက်သည်။ ထို့နောက် သူ၏ လက်များကို လှုပ်ရှားလိုက်ရာ သံမဏိ စက်သေနတ်တပ်ဆင်ထားသော သံချပ်ကာတစ်ခုသည် ဝင်ပေါက်တွင် ပေါ်ထွက်လာသည်။
ဓာတုဗေဒစက်ရုံတွင် လင်းရှန် ဖန်တီးခဲ့သော ဂတ်တလင်သေနတ်ကို သယ်ဆောင်လာသော PX05 စက်ရုံစက်ရုပ်သည် ၎င်းကို နေရာတကျ လုံခြုံစွာ ချထားလိုက်သည်။
ဒက် ဒက် ဒက် ဒက်
ကျည်ဆန်များသည် အဆက်မပြတ်ထွက်ပေါ်လာသည်၊၊
ယခုအခါ တစ်ဝက်တစ်ပျက် လောင်ကျွမ်းနေသော ဧရာမ ကပ်ပါးကောင်သည် နောက်သို့ ဆုတ်သွားသည်။ 1130 CIWS မှ သတ္တုမုန်တိုင်းသည် ၎င်း၏ မီးကျွမ်းနေသော လက်တံများထဲမှ တစ်ခုကို အရင်းမှ ဖြတ်တောက်ပစ်လိုက်သောကြောင့် ဖြစ်သည်၊၊
ဂယားးးး
၎င်းသည် နားကွဲလုမတတ် အော်ဟစ်လိုက်ပြီး ၎င်း၏ ကြီးမားသော၊ အစွယ်ပါသော ပါးစပ်သည် ဖြည်းဖြည်းချင်း ပွင့်လာကာ ပြင်းထန်စွာ တဆတ်ဆတ် တုန်နေသည်။
အတွင်းမှ မရေတွက်နိုင်သော သေးငယ်သည့် အရိုးကပ်ပါးကောင်များ စတင်ထွက်ပေါ်လာသည်—
၎င်းသည် ကပ်ပါးကောင်အုံကြီးတစ်ခုကို အန်ထုတ်တော့မည် ဖြစ်သည်၊၊
စက်ရုပ်အတွက် ကျည်ဆန်များကို လျင်မြန်စွာ ဖန်တီးပေးနေသော လင်းရှန်သည် ဤအရာကို မြင်သောအခါ သူ၏ သံလိုက်ထိန်းချုပ်စနစ် အနက်ရောင် ရိုင်ဖယ်ကို ချက်ချင်း ဆွဲယူလိုက်သည်။
ဝှီးးးး
ဖောင်းး
အနက်ရောင် ရိုင်ဖယ်သည် ရှေ့သို့ ပြေးထွက်သွားပြီး ၎င်း၏ သံလိုက်စွမ်းအားဖြင့် မောင်းနှင်သော အင်ဂျင်သည် အရှိန်အပြည့်ဖြင့် အယောင်ဆောင်တစ်တန်းလုံးကို ဖြတ်တောက်သွားပြီး အသားချောင်းများကဲ့သို့ ၎င်းတို့၏ ဦးခေါင်းခွံများကို ဖောက်ထွင်းသွားသည်။ ထို့နောက် လေထဲတွင် အရှိန်မြှင့်တင်ကာ အပေါ်သို့ တက်သွားသည်၊၊
ထိုကပ်ပါးကောင်သည် ၎င်း၏ ကပ်ပါးကောင်အုံကြီးကို ထုတ်လွှတ်တော့မည့်အချိန်တွင် လင်းရှန်၏ အနက်ရောင် ရိုင်ဖယ်သည် ၎င်း၏ ဟနေသော ပါးစပ်ထဲသို့ လှံတစ်စင်းအလား တိုးဝင်လာသည်—
ဘန်းးး
သွေးနှင့် အသားများ စမ်းချောင်းတစ်ခုပမာ ပန်းထွက်လာပြီး ကပ်ပါးကောင်ကြီး၏ တိုက်ခိုက်မှုကို ရပ်တန့်သွားစေသည်၊၊
“ကီကီ၊ မီးနတ်ဘုရား သူ့ပါးစပ်ကို ပိတ်ထားလိုက်….အဲဒီကောင်တွေကို အပြင်ထွက်ခွင့် မပြုနဲ့”
လင်းရှန်သည် ဆက်သွယ်ရေးကိရိယာမှ အော်ပြောလိုက်သည်။
သူသည် ဤ အရိုးကပ်ပါးကောင်များကို ယခင်က မြင်ဖူးသည်။ အနန္တရထား၏ အဖွဲ့သားများ ရှုပ်ထွေးစွာ တိုက်ပွဲတွင် ပါဝင်နေချိန်၌ ထို ကပ်ပါးကောင်များသည် ရထားပေါ်သို့ ရောက်ရှိလာပါက မိတ်ဆွေနှင့် ရန်သူကို ခွဲခြားရန် မဖြစ်နိုင်တော့ပေ။
ကီကီနှင့် လုရှင်းချန်တို့သည် ချက်ချင်း အန္တရာယ်ကို သဘောပေါက်လိုက်သည်။
ကီကီသည် ရှေ့သို့ ပျံသန်းကာ သူမ၏ စိတ်စွမ်းအားကို အသုံးပြု၍ ထိုသတ္တဝါ၏ မေးရိုးများကို ပိတ်ပစ်ရန် ပြင်ဆင်လိုက်သည်၊ သို့သော် ထိုအချိန်တွင်—
ဝှစ််
ကြီးမားသော လက်တံတစ်ခုသည် လေထဲတွင် ရိုက်ခတ်လာသည်၊၊
သူမသည် ချက်ချင်း ပိုမိုမြင့်မားစွာ တက်သွားလိုက်ပြီး ထိုသေစေနိုင်သော တိုက်ခိုက်မှုကို ကပ်၍ ရှောင်ရှားလိုက်သည်။
ထိုလက်တံသည် ဂိုဒေါင်၏ အမိုးပေါ်သို့ ရိုက်ခတ်သွားပြီး အမိုးကို လုံးဝ ဆုတ်ဖြဲပစ်လိုက်သည်။
လုရှင်းချန်သည် အချိန်မီ ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ပေ—
ဝုန်းး
လက်တံသည် သူ့ကို ဦးခေါင်းနှင့် တိုက်ရိုက် ရိုက်ခတ်လိုက်ရာ သူ၏ ခန္ဓာကိုယ်သည် မီးတောက်များဖြင့် ဝန်းရံလျက် ဝေးလံသော တောအုပ်ထဲသို့ ဥက္ကာခဲတစ်လုံးကဲ့သို့ လွင့်စင်သွားသည်၊၊
ဂါးးး
ဧရာမကပ်ပါးကောင်သည် အော်ဟစ်လိုက်သည်။
ယခုအချိန်တွင် ၁၁၃၀ CIWS သည် ကျည်ဆန် ကုန်သွားခဲ့ပြီ။ အနန္တရထား အဖွဲ့သားများသည် ပြေးဝင်လာသော အယောင်ဆောင်များကို ပြင်းထန်စွာ ပစ်ခတ်နေရသည်။
ထို ကြောက်မက်ဖွယ်ရာ သတ္တဝါကြီးသည် ၎င်း၏ ပါးစပ်ကို ကျယ်လောင်စွာ ဖွင့်လိုက်သည်—
ဖွမ်းးးး
ကပ်ပါးကောင်များသည် အဖြူရောင်ရေတံခွန်သဖွယ် ပန်းထွက်လာသည်၊၊
ကီကီသည် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ၎င်းတို့ကို ပေါက်ကွဲပစ်ရန် တုန်ခါမှုလှိုင်းကို ထုတ်လွှတ်ရန် ပြင်ဆင်လိုက်သည်—
သို့သော် ထိုအခိုက်—
သစ်တောများထဲမှ မီးတောက်တစ်ခုသည် ကောင်းကင်သို့ ထိုးထွက်လာသည်၊၊
လုရှင်းချန် ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မီးရှူးတိုင်တစ်ချောင်းကဲ့သို့ လောင်ကျွမ်းနေသည်။ သူ၏ ရှပ်အင်္ကျီသည် လုံးဝ လောင်ကျွမ်းသွားပြီး သူ၏ မျက်နှာသည် ရေခဲကဲ့သို့ အေးစက်နေကာ သူ၏ မျက်လုံးများသည် သတ်ဖြတ်လိုသော စိတ်ဖြင့် ပြည့်နှက်နေသည်။
“နိမ့်ကျတဲ့ သတ္တဝါ….မင်းက သေခြင်းကို ရွေးချယ်လိုက်ပြီပဲ”
သူသည် လေထဲရှိ ကီကီကို တစ်ချက်ကြည့်လိုက်ပြီး အော်ဟစ်လိုက်သည်-
“ငါ့ကို မင်းရဲ့ စိတ်စွမ်းအင်ငှားပြီး အဲဒီကောင်ရဲ့ ပါးစပ်ထဲ ပို့ပေး”
ဘာ…
ကီကီ၏ မျက်လုံးများ အံ့သြတုန်လှုပ်စွာ ပြးးကျယ်လာသည်၊ သို့သော် လုရှင်းချန်၏ ခိုင်မာသော ဆုံးဖြတ်ချက်ကို မြင်သောအခါ သူမသည် အံကြိတ်လိုက်ကာ—
သူမ၏ လက်ကို ရမ်းလိုက်ရာ သူမ၏ စိတ်စွမ်းအင်သည် သူ့ကို ဝန်းရံလိုက်သည်။
ဝှစ်
သူမသည် ရှေ့သို့ ပစ်လွှတ်လိုက်သည်— သတ္တဝါ၏ ဟနေသော ပါးစပ်ထဲသို့ တိုက်ရိုက်ပင်….
တစ်ချိန်တည်းမှာပင် သူမသည် သူမ၏ စွမ်းအင်အားလုံးကို စုစည်းကာ ကပ်ပါးကောင်များ၏ ရေစီးကြောင်းကို ထိန်းချုပ်ရန် အတားအဆီးတစ်ခုကို ဖန်တီးလိုက်ပြီး ၎င်းတို့ကို ပလက်ဖောင်းသို့ မရောက်အောင် တားဆီးထားသည်။
အဖွဲ့သားများ၏ အမြင်အရ—
သေးငယ်သော၊ မီးလောင်နေသော ပုံသဏ္ဌာန်တစ်ခုသည် ထိုသတ္တဝါ၏ ပါးစပ်ထဲသို့ ပျောက်ကွယ်သွားသည်။
လင်းရှန်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားသည်။ သူ၏ အနက်ရောင်လှံကို ပြန်ရုပ်သိမ်းလိုက်ပြီး ရုတ်တရက် သူ၏ GK03 လျှပ်စစ်ဓားကို ဆွဲထုတ်လိုက်သည်။
ကျည်ဆန်မုန်တိုင်းကြားတွင် သူသည် ရှေ့သို့ အရှိန်ပြင်းစွာ ပြေးသွားသည်—
သူ၏ စွမ်းအားမြှင့်ဝတ်စုံ၏ အမြန်နှုန်းစနစ်ကို ဖွင့်လိုက်သည်။
သူ၏ ဖိနပ်ရှိ လျှပ်စစ်မော်တာများသည် အရှိန်မြင့်လာပြီး သူ့ကို အရှိန်လွန်မြန်နှုန်းအထိ မြှင့်တင်လိုက်သည်—
သူသည် မှုန်ဝါးဝါး ပုံသဏ္ဌာန်တစ်ခု ဖြစ်သွားသည်။
သူသည် ထိုကပ်ပါးကောင်၏ ထောက်ကန်နေသော လက်တံဆီသို့ ရောက်ရှိသွားသည့် အခိုက်အတန့်တွင်….ရွှပ်…လျှပ်စီးလက်သွားသည်။
ဘုန်းးးးးး
ကြီးမားသော မဲနက်နေသည့် လက်တံသည် ပြတ်တောက်သွားသည်၊၊
ဝှစ်
အနက်ရောင်လှံသည် လင်းရှန်၏ လက်ထဲတွင် ပြန်လည်ပတ်လာသည်။ ထို့နောက် လတ်လတ်ဆတ်ဆတ် ဖြတ်ထားသည့် ဒဏ်ရာထဲသို့ ထိုးသွင်းလိုက်ကာ သူ့ကိုယ်သူ လေထဲသို့ မြှောက်တင်လိုက်သည်။
လေထဲတွင် ပျံသန်းနေစဉ် သူသည် ကြိုတင်ပြုလုပ်ထားသော သတ္တုဗုံးနှစ်လုံးကို ထုတ်ယူပြီး နက်ရှိုင်းစွာ ထိုးသွင်းလိုက်သည်။
ထို့နောက် သူသည် လေထဲတွင် လှည့်ပတ်ကာ လှပစွာ ဆင်းသက်လိုက်သည်။
သူ၏ လက်ကို ရမ်းလိုက်ရာ—
အနက်ရောင်လှံသည် သံလိုက်စွမ်းအားထိန်းချုပ်မှုဖြင့် သူ၏ လက်ထဲသို့ အသံမြည်ကာ ပြန်ရောက်လာသည်၊၊
သူသည် အပေါ်သို့ လှည့်ကြည့်လိုက်သောအခါ—
ထိုသတ္တဝါ၏ ဟနေသော ပါးစပ်အတွင်းမှ—
မျက်စိစူးရှဖွယ် အဖြူရောင်အလင်းတန်းတစ်ခုသည် တောက်ပလာသည်။
အတွင်း၌ လုရှင်းချန်သည် ရပ်နေပြီး သူ၏ ဆံပင်များသည် မီးတောက်များဖြင့် ဝန်းရံလျက် ရှိသည်။
သို့သော် မီးသည် သူ့ကို မထိခိုက်ပေ။
သူ၏ မျက်လုံးများသည် ဖြည်းဖြည်းချင်း ဖွင့်လာသည်—
သူ၏ မျက်ဆံများအတွင်း၌ အနီရောင်မီးတောက်သည် လောင်ကျွမ်းနေသည်။
“အနုပညာ… ဆိုတာ ပေါက်ကွဲမှုပဲ”
သူ တိုးတိုးလေး ပြောလိုက်သည်။
ထို့နောက်— သူသည် သူ၏ လက်နှစ်ဖက်ကို ကျယ်ပြန့်စွာ ဖြန့်ကားလိုက်သည်။
အုံးးးး
အနီရောင် မီးလျှံကြီးတစ်ခုသည် ကြယ်တစ်လုံးပေါက်ကွဲမှုကဲ့သို့ ပေါက်ကွဲထွက်လာပြီး ထိုသတ္တဝါ၏ ပါးစပ်နှင့် ကိုယ်လုံးကို ဝါးမျိုလိုက်သည်၊၊
အစောပိုင်းက ရေတံခွန်တစ်ခုအလား စီးဆင်းနေသော အဖြူရောင် ကပ်ပါးကောင်များသည် ချက်ချင်း မီးခိုးများအဖြစ်သို့ အငွေ့ပျံသွားသည်၊၊
ပလက်ဖောင်း၏ အထက်တွင် မီးမုန်တိုင်းသည် သေးငယ်သော နေတစ်လုံးကဲ့သို့ တောက်လောင်နေသည်။ မိုးရေသည် မီးတောက်များကိုပင် မထိမီ အငွေ့ပျံသွားသည်။
ကီကီသည် စိတ်စွမ်းအင်အတားအဆီးကို လျင်မြန်စွာ ဖန်တီးကာ အပူလှိုင်းမှ အဖွဲ့ကို ကာကွယ်ပေးလျုင်သည်။
ထို့နောက်— သူမသည် အဖျက်စွမ်းအားကြီးမားသော စိတ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။
“လဲကျလိုက်စမ်း မသာကြီး”
ဧရာမကပ်ပါးကောင်သည် နောက်သို့ လူးလိမ့်သွားပြီး ၎င်း၏ လက်တံများသည် အသည်းအသန် ရမ်းခါနေသည်။
ထို့နောက်—
အုန်း အုန်း
သတ္တုဗုံးများ ပေါက်ကွဲသွားသည်၊၊
၎င်း၏ အဓိက ထောက်ကန်နေသော လက်တံများထဲမှ တစ်ခုသည် ပေါက်ကွဲ၍ ပြတ်တောက်သွားသည်၊၊
သူ့ကိုယ်သူ ထိန်းထားနိုင်ခြင်း မရှိတော့ဘဲ—
ကြီးမားသော သတ္တဝါကြီးသည် လဲကျသွားပြီး ၎င်း၏ ကိုယ်အလေးချိန်အောက်တွင် အယောင်ဆောင်ဒါဇင်ပေါင်းများစွာကို ကြေမွသွားစေသည်။
သို့တိုင် ၎င်း၏ ကျန်ရှိသော လက်တံများသည် ပြင်းထန်စွာ တဆတ်ဆတ် တုန်နေဆဲဖြစ်သည်။
လုရှင်းချန် ဆင်းသက်လာသည်၊ သူသည် မီးတောက်နေဆဲဖြစ်သည်။ တုံ့ဆိုင်းခြင်းမရှိပဲ—
“နတ်ဘုရားမီးတောက်”
မီးတောက်နှစ်ခုသည် သူ၏ လက်များမှ ထွက်ပေါ်လာပြီး ကပ်ပါးကောင်ကြီးကို အရှင်လတ်လတ် ကင်ပစ်လိုက်သည်၊၊
ကီကီသည် သူ့ဘေးတွင် ဆင်းသက်လာပြီး မီးတောက်များကို သူမ၏ စိတ်စွမ်းအင်ဖြင့် ဝန်းရံလိုက်ကာ သတ္တဝါ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လောင်ကျွမ်းစေရန် သေချာစေလိုက်သည်၊၊