← Chapters

ကြည့်လို့ကောင်းရဲ့လား

Vol. 198 Ch. 2956

ကြည့်လို့ကောင်းရဲ့လား

Vol. 198 Ch. 2956

သားရဲဧကရီအမြီးကိုးချောင်းက ဆက်လက်၍ ဟန်မဆောင်တော့ဘဲ တုန်လှုပ်ကာ ဒေါသချောင်ချောင်းထွက်လာ၏။

တကယ်တမ်းမှာ သူမသည် သိုင်းတာအိုပင်မခန္ဓာကို သူမ၏ ညှို့ငင်ဖမ်းစားလောကထဲသို့ ဆွဲခေါ်သွင်းပြီး သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ကို စိုးမိုးခြယ်လှယ်ရန် လောကအကြီး၏ ဓမ္မတာအိုနှင့် စွမ်းအားကို အသုံးချခဲ့ခြင်းဖြစ်သည်။

သူမ၏ ထင်မြင်ချက်အရ အထီးကျန်သိုင်းသခင်သည် ကြီးမားသည့်တိုက်ပွဲတစ်ခုကို မကြာသေးခင်ကမှ ဆင်နွှဲထားပြီး စွမ်းအင်အမြောက်အမြားကို သုံးစွဲထားရသည်။ သူက သူမ၏ ညှို့ငင်ဖမ်းစားလောကကို ခုခံနိုင်စရာ အကြောင်းမရှိပေ။

ဒါ့အပြင် အထီးကျန်သိုင်းသခင်သည် စစချင်းမှာ အနည်းငယ်ရုန်းကန်နေခဲ့သည်။

သို့သော်လည်း ဘာ့ကြောင့်ရယ်မသိ အထီးကျန်သိုင်းသခင်က ရုတ်တရက်နိုးထလာပြီး သူမ၏ လွှမ်းမိုးမှုကနေ လုံးဝရုန်းထွက်လာနိုင်ခဲ့၏။

ယခု သူတို့နှစ်ယောက်က အရမ်းကိုနီးကပ်နေသည်။

သားရဲဧကရီအမြီးကိုးချောင်းသည် စဦးအရေးနိမ့်မှုကို ဆုံးရှုံးသွားပြီး သိုင်းတာအိုပင်မခန္ဓာ၏ ထိန်းချုပ်ခြင်းကိုခံရကာ မဆင်မခြင်မပြုမူရဲပေ။

“နင် ငါ့ရဲ့ ညှို့ငင်ဖမ်းစားလောကကနေ ဘယ်လိုလုပ်ပြီး လွတ်လာနိုင်ခဲ့တာလဲ”

သားရဲဧကရီအမြီးကိုးချောင်းက မချင့်မရဲဖြစ်နေပြီး မည်သည့်ဖျားယောင်းမှုမှမရှိတော့ဘဲ သူမ၏ အမူအရာက အေးစက်နေ၏။

“ငါမေးတာကိုပဲ ဖြေစမ်းပါ”

သိုင်းတာအိုပင်မခန္ဓာက သူ၏ လက်ဖဝါးဆီသို့ ခွန်အားကို နောက်တစ်ဖန်ပို့လွှတ်လိုက်ပြီး သိပ်မကြာခင် သားရဲဧကရီအမြီးကိုးချောင်း၏ မျက်နှာက နာကျင်နေသော အမူအရာနှင့်အတူ နီရဲလာ၏။

သားရဲဧကရီအမြီးကိုးချောင်းသည် မြေခွေးလေး၏ ဆရာ ဖြစ်နေခြင်းကြောင့်မဟုတ်လျှင် သိုင်းတာအိုပင်မခန္ဓာက သူမကို သတ်မိကောင်းသတ်မိပေလိမ့်မည်။

ဒါ့အပြင် အမြီးကိုးချောင်းသားရဲမြေခွေးက သူ့အပေါ် ဘာ့ကြောင့် ဤမျှအထိ ရန်လိုလာသည်ကို မသိရဘဲ တွေဝေရှုပ်ထွေးနေ၏။

“အစ်မသွေးလိပ်ပြာက ငါ့အပိုင်ပဲ… ဘယ်သူကမှ သူ့ကိုလုယူလို့မရဘူး”

သားရဲဧကရီအမြီးကိုးချောင်းက အံကိုကြိတ်ကာ ပြောလိုက်၏။

“နင်တောင်မှ မရဘူး”

သိုင်းတာအိုပင်မခန္ဓာက ထိုစကားကိုကြားသောအခါ နေရာမှာတင် မှင်တက်သွား၏။

ဒါက ဘာအဓိပ္ပါယ်လဲ။

သားရဲဧကရီအမြီးကိုးချောင်းက သူ့ကိုတိုက်ခိုက်လာသည့်အကြောင်းအရင်းမှာ တျဲယွဲ့ကြောင့်တဲ့လား။

ဒါ့အပြင် အဲဒါက ဤကဲ့သို့သော အကြောင်းပြချက်အတွက်တဲ့လား။

ဆူဇီမိုသည် ဆင်တူသော အခြေအနေတချို့ကို တစ်ခါက စဉ်းစားမိခဲ့ဖူးသည်။

တျဲယွဲ့၏ ပြိုင်ဘက်ကင်းပုံအရ သူမကို မဟာအရိုင်းကမ္ဘာမှာ စွမ်းအားကြီးမားသော ပိုးပန်းသူတချို့ ရှိနေနိုင်လေသည်။

သူက တျဲယွဲ့နှင့်အတူ ရှိချင်သည်ဆိုလျှင် သူသည် ဤကဲ့သို့သော ပြဿနာများကို သေချာပေါက် ကိုင်တွယ်ရပေလိမ့်မည်။ သို့သော်လည်း သူ၏ ပြိုင်ဘက်သည် သားရဲဧကရီအမြီးကိုးချောင်းဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ချက်ချင်းပင် သိုင်းတာအိုပင်မခန္ဓာသည် မယုံရခက် ယုံရခက်ဖြစ်လာခဲ့သည်။

အခြားသော အကြောင်းအရင်းကြောင့်သာဆိုလျှင် သူသည် အမြီးကိုးချောင်းသားရဲမြေခွေးကို မသတ်လျှင်တောင် သင်ခန်းစာတချို့ပေးမိပေလိမ့်မည်။

သို့သော်လည်း သားရဲဧကရီအမြီးကိုးချောင်းပေးသည့် အကြောင်းပြချက်နှင့်အတူ သူက မည်သို့မည်ပုံ ကိုင်တွယ်ရမလဲ တကယ်ပင်မသိတော့ပေ။

“အဲဒါက နဲနဲတော့ ဒုက္ခများပြီ”

သိုင်းတာအိုပင်မခန္ဓာက ခေါင်းကိုက်လာခဲ့သည်။

ဤအခြေအနေသည် သူတွေးထင်ထားသည်ထက်ပင် များစွာပို၍ ဒုက္ခများနေ၏။

တကယ်ဆို စွမ်းအားကြီးမားသော ရန်သူတချို့ ရုတ်တရက်ပေါ်ထွက်လာမည်ဆိုလျှင် ကိစ္စများက ပိုမိုလွယ်ကူပေလိမ့်မည်။ အလွန်ဆုံး သူက စိတ်ကျေနပ်အားရသည်အထိ သူတို့နှင့် တိုက်ခိုက်လိုက်ရုံသာ ဖြစ်သည်။

သို့သော် ယခု သားရဲဧကရီအမြီးကိုးချောင်းနှင့် ရင်ဆိုင်ရချိန်မှာ သူက သူမနှင့် မတိုက်ခိုက်နိုင်သလို သူမကိုလည်း လွှတ်မပေးနိုင်ပေ။

သိုင်းတာအိုပင်မခန္ဓာ၏ လက်ဖဝါးက တဖြည်းဖြည်းပြေလျှော့သွား၏။

သားရဲဧကရီအမြီးကိုးချောင်းက အသက်ရှူခွင့် ပြန်ရလာပြီး သူမ၏ လှပသောမျက်ဝန်းထဲမှာ အေးစက်စက်အလင်းတစ်ချက်လက်လာခဲ့၏။ သူမ၏ နောက်ဘက်မှာရှိသော အမြီးကိုးချောင်းက ယိမ်းနွဲ့သွားပြီး သိုင်းတာအိုပင်မခန္ဓာ၏ လက်ကို အဆက်မပြတ်ဆွဲယူရစ်ပတ်ကာ သူ၏ ခြေလက်များနှင့် ခန္ဓာကိုယ်ကိုပင် ချုပ်နှောင်ချင်နေ၏။

ထိုစဉ်မှာပင် ရွက်ဖျင်တဲထဲမှာ ပုံရိပ်တစ်ခု ရုတ်တရက်ပေါ်ထွက်လာသည်။

သူမက သွေးနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ အနက်ရောင်ဆံပင်ကို ရေတံခွန်တစ်ခုကဲ့သို့ ဖြန့်ချထား၏။

တျဲယွဲ့…။

အမြီးကိုးချောင်းသားရဲမြေခွေးက တျဲယွဲ့ကို တွေ့မြင်သောအခါ ချက်ချင်းပင် သူမက သနားချင့်စဖွယ်ဖြစ်သွားလေသည်။ အစက သိုင်းတာအိုပင်မခန္ဓာကို ရစ်ပတ်ထားသော သူမ၏ မြေခွေးအမြီးကိုးချောင်းကို လျင်မြန်စွာရုပ်သိမ်းပြီး သူမက တျဲယွဲ့၏ ရင်ခွင်ထဲသို့ ပစ်ဝင်ကာ စိတ်ထိခိုက်ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။

“အစ်မသွေးလိပ်ပြာ… ရှင်ရှာတွေ့ထားတဲ့ ဒီလူက တကယ့်ကို ဆိုးယုတ်တာပဲ”

“သူက မကြားသေးခင်က မဟာအကျိုးဆောင်မှုတစ်ခုကို ပြုလုပ်ထားတာနဲ့ သူက ကြွစောင်းစောင်းနိုင်ပြီး ချင်ချိုးတောင်ကြောရိုးကို ရောက်လာခဲ့တယ်လေ.. သူက ကျွန်မပေါ်အမြတ်ထုတ်ပြီး ကျွန်မရဲ့ အသွေးအသားခန္ဓာကိုယ်ကိုတောင်မှ…”

“အစ်မ… ကြည့်စမ်းပါဦး.. ကျွန်မရဲ့လည်ပင်းကတောင် သူဆွဲညှစ်ထားလို့ ပွန်းကုန်ပြီ”

သားရဧကရီအမြီးကိုးချောင်း၏ ဖြူဖွေးသေးသွယ်သော လည်တိုင်မှာ သိုင်းတာအိုပင်မခန္ဓာ၏ လက်ဝါးရာက တကယ်ပင်ရှိနေပြီး ထိုနေရာက ပြာနှမ်းနေ၏။

သိုင်းတာအိုပင်မခန္ဓာသည် အမြီးကိုးချောင်းသားရဲမြေခွေး၏ အဓိပ္ပါယ်မရှိစကားများကို ကြားသောအခါ သူက ရှင်းပြမနေပေ။

တျဲယွဲ့က သူမ၏ ခေါင်းကို ကူကယ်ရာမဲ့စွာ ခါယမ်း၍ သူမ၏ လက်ညှိုးကို ဆန့်ထုတ်ပြီး သားရဲဧကရီအမြီးကိုးချောင်း၏ နဖူးကို ခပ်ပြင်းပြင်းတောက်ကာ အော်ငေါက်လိုက်၏။

“ဆက်ပြီးတော့ အရူးလုပ်မနေနဲ့”

ဤကဲ့သို့သော လှည့်ကွက်များက တျဲယွဲ့ကို အရူးမလုပ်နိုင်ပေ။

သူမက တံခါးပိတ်ကျင့်ကြံမှုသို့ ဝင်ရောက်တော့မည့်ဆဲဆဲမှာပင် ဆူဇီမိုက ချင်ချိုးတောင်ကြောရိုးသို့ သွားရောက်ချင်နေသည်ကို သူမက ရုတ်တရက်အမှတ်ရသွား၏။ ထိုအခါမှသာ သူတို့ကြားမှာ နားလည်မှုလွဲစရာတချို့ ရှိလာနိုင်သည်ကို ရုတ်တရက်နားလည်သဘောပေါက်သွားပြီး အလောတကြီး ပြေးလာခဲ့သည်။

“အစ်မ… ရှင်ကျွန်မပြောတာကို မယုံဘူးလား”

သားရဲဧကရီအမြီးကိုးချောင်းက ထပ်မေးလိုက်သည်။

“ဘယ်ယုံပါ့မလဲ”

တျဲယွဲ့က ရိုးရှင်းစွာ ပြန်ဖြေလိုက်သည်။

“ဟွန့်…”

သားရဲဧကရီအမြီးကိုးချောင်းက နှာတစ်ချက်မှုတ်ပြီး သိုင်းတာအိုပင်မခန္ဓာကို စူးစူးဝါးဝါးကြည့်လိုက်၏။

“နင် သူ့ကို နောက်ပြဿနာမရှာနဲ့တော့”

တျဲယွဲ့က နောက်ထပ်စကားတစ်ခွန်းပြောပြီးနောက် ဆူဇီမိုကို လှည့်ကြည့်လိုက်၏။ သူမ၏ မျက်လုံးနှင့် အချက်ပြပြီးနောက် သူတို့နှစ်ယောက်က ရွက်ဖျင်တဲထဲကနေ ဘေးချင်းယှဉ်ထွက်ခွာသွားကြသည်။

သူတို့နှစ်ယောက်သည် ခပ်လှမ်းလှမ်းသို့ လျှောက်လှမ်းလာပြီးနောက် တစ်ချိန်တည်းမှ တစ်ယောက်ကို တစ်ယောက် တိတ်တဆိတ်ကြည့်လိုက်ကြ၏။

အတန်ကြာအောင် တစ်ယောက်နှင့်တစ်ယောက်ကြည့်ပြီးနောက် သူတို့နှစ်ယောက်က တစ်ချိန်တည်းမှာ ရယ်မောလိုက်ကြ၏။

“ဘာတွေဖြစ်နေတာလဲ”

ဆူဇီမိုက ပြုံး၍ မေးလိုက်၏။

တျဲယွဲ့က ပြောလိုက်သည်။

“ငါက သူငယ်ငယ်တုန်းကတည်းက သူ့ကို ကယ်တင်ထားခဲ့တယ်.. အဲဒါကြောင့် ငါ့အပေါ် သူ့ရဲ့ခံစားချက်က နဲနဲထူးခြားတယ်.. သူက ငါ့အပေါ်ကို ပိုပြီးတော့ မှီခိုတတ်တယ်”

ဆူဇီမိုကို မြေခွေးလေးကို အမှတ်ရသွားပြီးနောက် ခေါင်းညိတ်လိုက်၏။

“ငါကိုယ်ချင်းစာပေးနိုင်ပါတယ်”

တျဲယွဲ့က ဆူဇီမိုကို နောက်တစ်ဖန်စေ့စေ့စပ်စပ်ကြည့်လိုက်၏။

“နင်က တိုက်ပွဲပြီးကတည်းက အနားမယူရသေးဘူး… ဒါတောင် နင်က အမြီးကိုးချောင်းရဲ့ ညှို့ငင်ဖမ်းစားမှုကို ခုခံနိုင်ခဲ့တာလား”

“ငါကံကောင်းသွားလို့ပါ”

ဆူဇီမိုက တကယ်ပင်ကြောက်ရွံ့နေဆဲဖြစ်သည်။

အဖြူရောင်ကျောက်စိမ်းဆွဲသီးကြောင့်မဟုတ်လျှင် သူသည် အမြီးကိုးချောင်းသားရဲမြေခွေး၏ ညှို့ငင်ဖမ်းစားလောကမှာ ကျဆင်းသွားပြီး ရုန်းထွက်လာနိုင်လိမ့်မည်မဟုတ်ပေ။ တျဲယွဲ့က ထိုသည်ကို တွေ့မြင်သွားမည်ဆိုလျှင် သူ့အနေဖြင့် ရှင်းပြဖို့က ခက်ခဲသွားပေလိမ့်မည်။

“တော်တော်မှ ကြည့်ရကောင်းရဲ့လား”

ရုတ်တရက် တျဲယွဲ့က မေးလိုက်သည်။

ထိုမေးခွန်းက ဆိုင်းမဆင့်ဗုံမဆင့် ထွက်ပေါ်လာခဲ့သည်။ ဆူဇီမိုက အလိုလိုခေါင်းညိတ်ပြတော့မည့်ဆဲဆဲမှာပင် သူက တစ်စုံတစ်ရာလွဲမှားနေသည်ကို ရုတ်တရက် နားလည်သဘောပေါက်သွား၏။ သူက သူ့ကိုယ်သူ ခပ်မြန်မြန်ဣန္ဒြေဆယ်ပြီး တွေဝေရှုပ်ထွေးသယောင်ဟန်ဆောင်လိုက်၏။

“ဘာကိုပြောတာလဲ”

တျဲယွဲ့က သူမ၏ မျက်လုံးကို အနည်းငယ်မှေးကျဉ်း၍ ဆူဇီမိုကို ခဏကြာစိုက်ကြည့်ပြီးနောက် ရယ်မောကာ လက်ကာပြလိုက်၏။

“ငါဒီတစ်ခေါက်တော့ နင့်ကိုချမ်းသာပေးလိုက်မယ်”

ဆူဇီမိုက စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

စောစောက ထိုတဒင်္ဂအခိုက်အတန့်သည် အမြီးကိုးချောင်းသားရဲမြေခွေးနှင့် သူရင်ဆိုင်ခဲ့ရစဉ်ကထက်ပင် ပို၍ အန္တရာယ်များနေခဲ့သည်။

ရွက်ဖျင်တဲထဲမှာ။

အမြီးကိုးချောင်းသားရဲမြေခွေးက ဘေးချင်ယှဉ်ထွက်ခွာသွားသော သူတို့နှစ်ယောက်ကိုကြည့်ပြီး သူမ၏ လက်သီးနှစ်ဖက်ကို ညင်သာစွာဆုပ်ထား၏။ ရုတ်တရက် သူမ၏ ရင်ထဲတွင် စိတ်ထိခိုက်ဝမ်းနည်းမှုက လှိုက်တက်လာပြီး သူမ၏ မျက်လုံးများက စိုစွတ်ခဲ့သည်။

ဤတစ်ခေါက်မှာ သူမသည် လုံးဝဟန်ဆောင်နေခြင်း မဟုတ်ပေ။

သူမသည် တကယ်ပင် စိတ်ထိခိုက်ခံစားနေရသည်။

အထီးကျန်သိုင်းသခင်ပေါ်ထွက်မလာခင်က တျဲယွဲ့သည် သူမကို အော်ငေါက်ခြင်း သို့မဟုတ် တင်းတင်းမာမာပြောဆိုခြင်း ဘယ်တုန်းကများ ရှိခဲ့ဖူးလို့လဲ။ သို့သော် စောစောက တျဲယွဲ့သည် အထီးကျန်သိုင်းသခင်အတွက် သူမကိုပင် လက်ဖြင့်တောက်ခဲ့လေသည်။

အဲဒါက နာကျင်ခံစားရသော တောက်ချက်ဖြစ်သည်။

ရုတ်တရက် သူမနှလုံးသားထဲမှလူက အမှန်တကယ်ပင် လုယူခံသွားရပြီကို နားလည်သဘောပေါက်လာခဲ့သည်။

“အထီးကျန်သိုင်းသခင်… နင် ကြပ်ကြပ် သတိထားနေ”

သားရဲဧကရီအမြီးကိုးချောင်းက အဲဒါကို တွေးရင်း ပို၍ဒေါသထွက်လာကာ ပို၍စိတ်ထိခိုက်ခံစားလာရသည်။

အထီးကျန်သိုင်းသခင်ကို ညှို့ငင်ဖမ်းစားဖို့အတွက် သူမသည် သူမ၏ ညှို့ငင်ဖမ်းစားလောကကို ဆင့်ခေါ်ပြီး သူမ၏ အဝတ်အစားများကိုပင် ခွာချကာ သူမ၏ ခန္ဓာကိုယ်တစ်ပိုင်းကို ကြည့်ခွင့်ပေးခဲ့ရလေသည်။

ထိုသို့ဆိုလျှင်တောင် သူမက အသားစီးမရရှိခဲ့ပေ။

သူမသည် ကြီးမားစွာ ထိခိုက်နစ်နာဆုံးရှုံးရပြီး အထီးကျန်သိုင်းသခင်ကတော့ သက်တောင့်သက်သာနှင့် အသာစီးရယူသွားသည်ဟု ဆိုလိုသည်မဟုတ်ပါလား။

ထိုသို့အတွေးဖြင့် သားရဲဧကရီအမြီးကိုးချောင်း၏ မျက်နှာက နီရဲလာခဲ့သည်။ သူမက စိတ်ကျဉ်းကျပ်မှု၊ အမျက်ဒေါသ၊ မကျေမချမ်းဖြစ်မှုနှင့် ရှက်ရွံ့မှုတို့ကို ခံစားလာရသည်။

ရွက်ဖျင်တဲ၏ အပြင်ဘက်မှာ ခြေသံများထွက်ပေါ်လာသည်။

သားရဲဧကရီအမြီးကိုးချောင်းက သူမကိုယ်သူမက အလျင်အမြန်ဣန္ဒြေဆယ်ပြီး သူမ၏ သိုလှောင်အိတ်ထဲကနေ အဝတ်အစားများကို ပျာပျာသလဲထုတ်ယူကာ နောက်တစ်ဖန်ဝတ်ဆင်လိုက်၏။

ဤကိစ္စပြေလည်သွားပြီးနောက် တျဲယွဲ့က ဆက်လက်၍ တံခါးပိတ်ကျင့်ကြံရန် လိပ်ပြာတောင်ကြားသို့ ပြန်သွားခဲ့သည်။

တျဲယွဲ့နှင့် နှုတ်ဆက်ခွဲခွာပြီးနောက် ဆူဇီမိုက ပြန်လည်ရောက်ရှိလာသည်။ သူက ကျားနှင့်အခြားနှစ်ယောက်ကိုရှာကာ မြေခွေးလေးဘယ်မှာရှိသည်ကို မေးမြန်းချင်လေသည်။

ရွက်ဖျင်တဲထဲသို့ ဝင်ရောက်လာပြီးနောက် သားရဲဧကရီအမြီးကိုးချောင်းက သေသပ်စွာဝတ်ဆင်ထားပြီး သူမ၏ ခန္ဓာကိုယ်ကို တင်းကျပ်စွာဖုံးအုပ်ထားသည်ကို တွေ့မြင်သောအခါ ဆူဇီမိုက မှင်တက်သွား၏။

သူ့မှာ အခြားသောမည်သည့်အတွေးမှမရှိပေ။ သို့သော်လည်း ယခုအချိန်မှာ သားရဲဧကရီအမြီးကိုးချောင်းသည် သူမ၏ ယခင်ပုံစံနှင့် အရမ်းကိုကွာခြားနေပြီး သူက ချက်ချင်းမတုံ့ပြန်နိုင်ပေ။

သို့သော်လည်း သားရဲဧကရီအမြီးကိုးချောင်း၏ မျက်လုံးထဲမှာ ဆူဇီမို၏ အကြည့်က နောက်ထပ်အဓိပ္ပါယ်တစ်ခုကို ဆောင်နေ၏။ သားရဲဧကရီအမြီးကိုးချောင်းသည် ဆူဇီမို၏ အကြည့်အောက်မှာ သူမက မလုံ့တလုံအခြေအနေမှာရှိနေဆဲဖြစ်ပြီး သူမ၏ ခန္ဓာကိုယ်က ခပ်ရေးရေးထွင်းဖောက်မြင်ခံနေရသည်ဟု ခံစားလာရလေသည်။

All Chapters