← Chapters

အလင်းဆီသို့ ဦးတည်နေသောနှလုံးသား

Vol. 198 Ch. 2962

အလင်းဆီသို့ ဦးတည်နေသောနှလုံးသား

Vol. 198 Ch. 2962

ဆူဇီမိုသည် ပေမင်ရွှယ်နှင့် မူလျန်နောက်သို့ လိုက်ပါပြီး အဆက်မပြတ်ရှေ့တက်သွားလေသည်။

သိပ်မကြာခင် ဆူဇီမို၏ အကြည့်က ရွှေ့ပြောင်းသွား၏။ သူ့ဘယ်ဘက်မျက်လုံးထဲရှိ တမလွန်မီးရောင်ကျောက်တုံးကနေတစ်ဆင့် သူသည် သူတို့သုံးယောက်ရှိရာဘက်သို့ ဦးတည်လာနေသော ခပ်လှမ်းလှမ်းအမှောင်ထုထဲမှ မဟူရာချပ်ဝတ်တန်ဆာဝတ် မြင်းစီးစစ်သည်ရာချီပါဝင်သည့် အုပ်စုတစ်စုကို တွေ့မြင်လိုက်ရသည်။

ဤတစ်ခေါက်မှာ အဲဒါက ထင်ယောင်ထင်မှားမြင်နေခြင်း မဟုတ်ပေ။ ထိုအစား အရင်တုန်းက ဤနေရာမှာသေဆုံးခဲ့သော အလောင်းတချို့သည် ဤနေရာမှာရှိသော မှောင်မိုက်စွမ်းအားဖြင့် ထိန်းချုပ်ခံရပြီး တစ်ယောက်ပြီးတစ်ယောက် နိုးထလာကြသည်။

မဟူရာချပ်ဝတ်တန်ဆာဝတ်မြင်းစီးစစ်သည်များက ယိုယွင်းပျက်စီးနေကြ၏။ သူတို့ထဲမှအချို့က ဦးခေါင်းများမရှိဘဲ အချို့က ခြေလက်များပြတ်တောက်နေကာ အချို့က ကိုယ်တစ်ပိုင်းသာရှိတော့လေသည်။

သူတို့သည် ချေးတက်နေသောလှံများနှင့် ကျိုးနေသောဓားများကို ကိုင်ဆွဲထားကြသည်။

သူတို့၏ အောက်ဘက်မှာရှိသော မြင်းများကလည်း စကာပေါက်ဖြစ်နေပြီး စုတ်ပြတ်နေသော အရိုးစုများနှင့် ဖွတ်ဖွတ်ညက်ညက်ကြေနေသော ချပ်ဝတ်တန်ဆာများသာ ကျန်တော့သည်။

မဟူရာချပ်ဝတ်တန်ဆာဝတ်စစ်သည်များ၏ ဝတ်စားဆင်ယင်ပုံအရ သူတို့သည် အရင်တုန်းက အမှောင်ကမ္ဘာမှ ကျင့်ကြံသူများဖြစ်လောက်သည်။

မဟူရာချပ်ဝတ်တန်ဆာဝတ် မြင်းစီးစစ်သည်များက သူတို့သုံးယောက်ရှိရာသို့ အဆက်မပြတ်ချဉ်းလာနေကြသည်။ သူတို့၏ မြင်ကွင်းနှင့် စိတ်ဝိညာဉ်အသိစိတ်က ဟန့်တားနှောက်ယှက်ခံထားရသည့်အတွက် ပေမင်ရွှယ်နှင့် မူလျန်က မည်သည့်အရာကိုမှ သတိမထားမိကြပေ။

မဟူရာချပ်ဝတ်မြင်းစီးစစ်သည်များ၏ ချဉ်းကပ်လာသောအသံများကပင် ဘေးပတ်လည်ရှိမှောင်မိုက်စွမ်းအားကြောင့် ပျက်ပြယ်သွားလေသည်။

မဟူရာချပ်ဝတ်မြင်းစီးစစ်သည်များက အဆက်မပြတ် ချဉ်းကပ်လာနေပြီး သူတို့က တစ်ဖက်နှင့်တစ်ဖက် ပေတစ်ထောင်သာ ကွာဝေးတော့စဉ် မဟူရာချပ်ဝတ်မြင်းစီးစစ်သည်များက တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိသွားပုံရပြီး ဆူဇီမိုကို စိုက်ကြည့်ကာ သူတို့၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ကြ၏။

မဟူရာချပ်ဝတ််မြင်းစီးစစ်သည်များက သူတို့၏ လက်နက်များကို တဖြည်းဖြည်းအောက်သို့ချပြီး သူတို့၏ ပါးစပ်များကို အနည်းငယ်ဖွင့်ဟကာ တစ်စုံတစ်ရာကို ရေရွတ်ပြောဆိုနေသည့်အလားပင်။

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်ပြီး မဟူရာချပ်ဝတ်မြင်းစီးစစ်သည်များ၏ အနီးသို့ ချဉ်းကပ်လာခဲ့၏‌။

“ခန္ဓာကိုယ်က အမှောင်ထုနဲ့ လွှမ်းခြုံခံထားရပေမဲ့ နှလုံးသားကအလင်းဆီသို့ ဦးတည်နေတယ်....”

မဟူရာချပ်ဝတ်မြင်းစီးစစ်သည်များက ရိုကျိုးခယသောအမူအရာများနှင့်အတူ ထပ်တလဲလဲရွတ်ဆိုနေကြသည်။

ထိုစကားလုံးများသည် ဖော်မပြတတ်သောစွမ်းအားကို ပိုင်ဆိုင်ထားပြီး လွန်ခဲ့သည့်နှစ်ပေါင်းများစွာက သေဆုံးခဲ့သော မဟူရာချပ်ဝတ်မြင်းစီးစစ်သည်များက ရွတ်ဆိုနေသည့်အတွက် ချောက်ချားဖွယ်ရာနှင့် အဆုံးမဲ့ဝမ်းနည်းညှိုးငယ်မှုနှင့် ပြည့်နှက်နေ၏။

‘ခန္ဓာကိုယ်က အမှောင်ထုထဲမှာလွှမ်းခြုံခံထားရပေမယ့် နှလုံးသားက အလင်းဆီသို့ဦးတည်နေတယ်’

ဆူဇီမိုက တီးတိုးရေရွတ်လိုက်၏။

အရင်တုန်းက အမှောင်ကမ္ဘာနှင့် အလင်းကမ္ဘာကြားမှာ အတိအကျဘာတွေဖြစ်ခဲ့တာလဲ။

ဆူဇီမိုက မဟူရာချပ်ဝတ်မြင်းစီးစစ်သည်များကိုကြည့်ပြီး လက်နှစ်ဖက်ကို အနည်းငယ်ယှက်ဖြာ၍ လှည့်ထွက်လာခဲ့၏။

သူက ပေမင်ရွှယ်နှင့် မူလျန်နောက်သို့ ဆက်လက်လိုက်ပါလာခဲ့သည်။

လမ်းတစ်လျှောက်မှာ သူတို့သုံးယောက်သည် လှည့်လည်သွားလာနေသော မဟူရာချပ်ဝတ်မြင်းစီးစစ်သည်များစွာနှင့် ကြုံတွေ့ခဲ့ရသည်။ သို့သော်လည်း မဟူရာချပ်ဝတ်မြင်းစီးစစ်သည်များက အမှောင်ထုထဲမှာ ပုန်းကွယ်နေသည့် ဆူဇီမိုက သတိထားမိသောအခါ သူတို့က တိုက်ခိုက်ဖို့အတွက် ရှေ့ဆက်တက်မလာကြပေ။ ထိုအစား သူတို့က သူတို့ဘာသာသူတို့ ရှောင်ကွင်းသွားကြသည်။

မဟူရာချပ်ဝတ်မြင်းစီးစစ်သည်များသည် သူတို့ကို ပြဿနာမရှာသော်လည်း ပေမင်ရွှယ်နှင့် မူလျန်သည် တခြားကမ္ဘာမှသက်ရှိများ၏ တိုက်ခိုက်မှုများနှင့် ကြုံတွေ့ရဆဲဖြစ်ပြီး သတ်ဖြတ်ခြင်းတိုက်ပွဲတချို့ ဖြစ်ပွားခဲ့သည်။

မူလျန်က မည်သို့ပင်ဆိုစေ အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးဖြစ်သည်။ သူတို့၏ ပြိုင်ဘက်များက အန္တိမပကတိစိတ်ဝိညာဉ်များ သို့မဟုတ် ဘုရင်တစ်ပိုင်းအဆင့်များ မဟုတ်သရွေ့ သူတို့အနေဖြင့် သူမကို ခြိမ်းခြောက်နိုင်ဖို့ မလွယ်ကူပေ။

ပေမင်ရွှယ်သည် သိုင်းတာအိုမှာ အဆင့်မြင့်ကျွမ်းကျင်မှုကိုသာ ရောက်ရှိထားသော်လည်း သူမသည် အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦး၏ တိုက်ခိုက်ရည်ခွန်အားမျိုးကို ထုတ်ဖော်ပြသခဲ့ပြီးပြီဖြစ်သည်။

ပေမင်ရွှယ်သည် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သော်လည်း သူမ၏ အော်ရာက သိသိသာသာ ပြောင်းလဲခဲ့လေသည်။

ဓားတာအို၏ သတ်ဖြတ်စွမ်းအားနှင့် သိုင်းတာအို၏ ရဲစွမ်းသတ္တိက တဖြည်းဖြည်းထွက်ပေါ်လာ၏။

အထူးသဖြင့် ဤကဲ့သို့ ရှုပ်ထွေး၍ ရုန့်ရင်းကြမ်းတမ်းသော ပတ်ဝန်းကျင်က ပေမင်ရွှယ်အတွက် ကြီးမားသော စမ်းသပ်ချက်တစ်ခုဖြစ်သည်။

သူမရင်ဆိုင်နေရသော အရာရာတိုင်းက ဘာမှန်းမသိရဘဲ သူမသည် အသက်အန္တရာယ်နှင့် အချိန်မရွေးကြုံတွေ့ရနိုင်သည်။

သူမသည် ကမ္ဘာအမျိုးမျိုးမှ စွမ်းအားကြီးမားသော ရန်သူများနှင့်ပင် ရင်ဆိုင်ရလေသည်။

အစကနေ ယခုအချိန်ထိ ဆူဇီမိုက ပေါ်ထွက်မလာခဲ့ပေ။ ပေမင်ရွှယ်က အန္တရာယ်ကျရောက်နေသည်ကို တွေ့မြင်ချိန်မှာတောင် သူက အရမ်းကာရော ဝင်ရောက်တိုက်ခိုက်ပေးခြင်းမရှိပေ။ ထိုအစား သူသည် သူမကို သူမဘာသာသူမ ဖြေရှင်းခိုင်းထားသည်။

ပေမင်ရွှယ်နှင့် မူလျန်က သူတို့မကိုင်တွယ်နိုင်သည့် စွမ်းအားကြီးမားသော ရန်သူတစ်ဦးနှင့် ကြုံတွေ့မှသာ သူက တိုက်ခိုက်ပေလိမ့်မည်။

ဆူဇီမိုက စေ့စေ့စပ်စပ်အကဲခတ်ကြည့်နေ၏။

လမ်းတစ်လျှောက်မှာ ပေမင်ရွှယ်နှင့် မူလျန် တိုက်ခိုက်ခဲ့ရသော သက်ရှိအများစုသည် ကမ္ဘာသုံးခုဖြစ်သော သွေးကမ္ဘာ၊ အုတ်ဂူကမ္ဘာနှင့် အဆိပ်ကမ္ဘာတို့မှ ဖြစ်ကြသည်။

သူတို့ကြားမှာ တစ်ဦးချင်းစီပြန့်ကျဲနေသော စုန်းကမ္ဘာမှ ကျင့်ကြံသူတချို့လည်းရှိလေသည်။

ဒါ့အပြင် အချိန်ကြာလာသည်နှင့်အမျှ အမှောင်ထုထဲမှာ စုဝေးရောက်ရှိလာသော သွေးကမ္ဘာ၊ အဆိပ်ကမ္ဘာနှင့် အုတ်ဂူကမ္ဘာများမှ လူများက ပို၍ပို၍ များပြားလာပြီး သူတို့နှစ်ယောက်ကို ဝိုင်းပတ်တော့မည့်လက္ခဏာများပင် ပြလာလေသည်။

သွေးကမ္ဘာ၊ အဆိပ်ကမ္ဘာနှင့် အုတ်ဂူကမ္ဘာများမှ လူများက နေ့နှင့်ညကုန်းမြေမှာ ပေါ်ထွက်လာသည်မှာ အနည်းငယ်ထူးခြားလေသည်။

“ကြည့်ရတာ.. မူလျန်က ဒီနေရာမှာ သွေးကမ္ဘာကလူတွေနဲ့ ကြုံတွေ့ခဲ့ရတာ တိုက်ဆိုင်မှုတစ်ခု မဟုတ်လောက်ဘူး”

ဆူဇီမိုသည် ခပ်လှမ်းလှမ်းစုဝေးနေသော လူအုပ်ကိုကြည့်ပြီး အလေးအနက်စဉ်းစားတွေးတောနေ၏။

ပန်းကမ္ဘာ၏ တမလွန်ကပ်ဘေးအဆိပ်သည် အဆိပ်ကမ္ဘာကနေ လာသည်ဆိုလျှင်..။

သွေးကမ္ဘာနှင့် အုတ်ဂူကမ္ဘာသည် ဤကိစ္စမှာ ဘယ်နေရာကနေ ပါဝင်ပတ်သက်နေတာလဲ။

အဲဒါက စုန်းကမ္ဘာနဲ့ကော တစ်နည်တစ်ဖုံပတ်သက်နေမလား။

နေနှင့်ညကုန်းမြေသို့ ပန်းကမ္ဘာကနေ စေလွှတ်လိုက်သော အဖွဲ့ကိုးဖွဲ့သည် အပြတ်ရှင်းလင်းခံလိုက်ရသည်။ ကြည့်ရသည်မှာ အဆိပ်ကမ္ဘာ၊ သွေးကမ္ဘာနှင့် အုတ်ဂူကမ္ဘာတို့က ဤကိစ္စမှာ ပါဝင်ပတ်သက်နေသည်။ ဆူဇီမိုက စဉ်းစားတွေးတောနေစဉ် ပေမင်ရွှယ်နှင့် မူလျန်သည် အုတ်ဂူကမ္ဘာမှ လူများ၏ နောက်တစ်ဖန် ဝိုင်းပတ်ပိတ်ဆို့ခြင်း ခံလိုက်ရသည်။

အုတ်ဂူကမ္ဘာမှ ကျင့်ကြံသူဆယ်ယောက်ကျော်ကျော်က လူသေကောင်နံ့ဖြာထွက်နေသည့် ဆိုးယုတ်၍ကြောက်စရာကောင်းသော တိုက်ပွဲဝင်အလောင်းများကို ထိန်းချုပ်ကာ ပေမင်ရွှယ်နှင့် မူလျန်ကို အဆက်မပြတ်တိုက်ခိုက်နေကြသည်။

အုတ်ဂူကမ္ဘာမှ ကျင့်ကြံသူများသည် အမှောင်ထုထဲမှာ အားသာချက်ရယူနိုင်ကြသည်။

အုတ်ဂူကမ္ဘာမှလူများ၏ ကျင့်ကြံရေးနည်းလမ်းများနှင့် တိုက်ခိုက်ခြင်းနည်းလမ်းများက ပုံမှန်မဟုတ်ပေ။

သူတို့က သူတို့ဘာသာသူတို့ ကျင့်ကြံသော်လည်း သူတို့သည် သူတို့၏ တိုက်ပွဲဝင်အလောင်းများကို ပြုစုပျိုးထောင်ခြင်းနှင့် သူတို့ကို ထိန်းချုပ်တိုက်ခိုက်ခြင်းမှာ ပိုမိုအလေးပေးလေသည်။

သိပ်သည်းပြင်းထန်သော ခွန်အားနှင့် အဆိပ်ဓာတ်ပြည့်လျှမ်းနေသော သူတို့၏ တိုက်ပွဲဝင်အလောင်းများနှင့်ယှဉ်လျှင် အုတ်ဂူကမ္ဘာမှ ကျင့်ကြံသူများက အတော်လေးအားနည်းကြသည်။ ထိုသည်က သူတို့၏ အကြီးမားဆုံးအားနည်းချက်ဖြစ်သည်။

သို့သော်လည်း နေ့နှင့်ညကုန်းမြေမှာ အမှောင်ထု၏ လွှမ်းခြုံမှုအောက်တွင် ထိုအားနည်းချက်ကို ပြီးပြည့်စုံစွာဖုံးကွယ်နိုင်လေသည်။

အုတ်ဂူကမ္ဘာကျင့်ကြံသူများ၏ အစစ်အမှန်ခန္ဓာများက အမှောင်ထုထဲမှာ ပုန်းကွယ်နေပြီး ပေမင်ရွှယ်နှင့် မူလျန်ကို အဆက်မပြတ်တိုက်ခိုက်ဖို့အတွက် သူတို့၏ တိုက်ပွဲဝင်အလောင်းများကို အဆက်မပြတ်ထိန်းချုပ်နေ၏။

ပေမင်ရွှယ်နှင့် မူလျန်က လုံးဝပြန်လည်မတိုက်ခိုက်နိုင်တော့ပေ။

အုတ်ဂူကမ္ဘာကျင့်ကြံသူများ၏ နှစ်ပေါင်းများစွာ သန့်စင်မွမ်းမံမှုနှင့်အတူ သူတို့၏ တိုက်ပွဲဝင်အလောင်းများသည် အလွန်တရာမာကျောကျစ်လစ်ပြီး နတ်ဘုရားလက်နက်များထက် မနိမ့်ကျပေ။

တိုက်ပွဲဝင်အလောင်းများသည် မည်သည့်အရာကိုမှ အာရုံမခံနိုင်ဘဲ အကြောက်အလန့််ကင်းမဲ့ခြင်းနှင့်အတူ သူတို့သည် ပေမင်ရွှယ်၏ ဓားချက်ဖြင့် ဒဏ်ရာများ ဗရပွရရှိထားသည်ဆိုလျှင်တောင် ထိတ်လန့်ကြောက်ရွံ့ခြင်းမရှိကြပေ။

သူတို့က မည်သည့်အရာကိုမှ ဂရုမစိုက်ဘဲ သူတို့၏ ကြမ်းကြုတ်ခက်ထန်မှုက လျော့ကျမသွားပေ။

ပေမင်ရွှယ်နှင့် မူလျန်သည် တိုက်ပွဲဝင်အလောင်းဆယ်လောင်းကျော်ဖြင့် ဝိုင်းပတ်ပိတ်ဆို့ခံထားရသည်။ သူတို့က အန္တရာယ်ကို မဖြေရှင်းနိုင်သော်လည်း သူတို့က ခုခံရင်း နောက်သို့ဆုတ်ခွာနိုင်ကြသည်။

“ဂါး…”

ထိုစဉ်မှာပင် နောက်ထပ်အနီရောင်အမွေးများနှင့် တိုက်ပွဲဝင်အလောင်းက တိုက်ပွဲကွင်းထဲသို့ ဝင်ရောက်လာပြီး ပေမင်ရွှယ်နှင့် မူလျန်ဘက်ကို ဟိန်းဟောက်လိုက်၏။

၎င်း၏ ပြူထွက်နေသော မျက်လုံးများက စိမ်းညစ်ညစ်အရောင်ဖြစ်ပြီး ၎င်း၏ သွားစွယ်များက ထက်ရှကာ ပါးစပ်တစ်ခုလုံးက သွေးများဖြင့်စွန်းထင်းနေ၏။

တိုက်ပွဲဝင်အလောင်းထံကနေ ဖြာထွက်နေသော အော်ရာသည် ဘေးပတ်လည်မှာရှိသော တိုက်ပွဲဝင်အလောင်းဆယ်လောင်းကျော်ထက်ပင် ပိုမိုရုန့်ရင်းကြမ်းတမ်းပြီး သိသိသာသာပိုမိုသာလွန်နေ၏။

“အခြေအနေမကောင်းတော့ဘူး”

မူလျန်က အံ့အားတသင့်ရေရွတ်လိုက်၏။

“အုတ်ဂူကမ္ဘာက ဘုရင်တစ်ပိုင်းအဆင့်တစ်ဦး တိုက်ခိုက်လာပြီ”

သူတို့နှစ်ယောက်သည် အဆက်မပြတ် တိုက်ခိုက်ပြီးနောက် စွမ်းအင်မြောက်အမြားသုံးစွဲခဲ့ရပြီး ယခုအချိန်မှာ ဒဏ်ရာရရှိထားကြသည်။

သူတို့သည် ဘုရင်တစ်ပိုင်းအဆင့်တစ်ဦး သန့်စင်မွမ်းမံထားသော တိုက်ပွဲဝင်အလောင်းကို ဆန့်ကျင်တိုက်ခိုက်နိုင်တော့မည်မဟုတ်ပေ။

မွေးနီတိုက်ပွဲဝင်အလောင်းက ဟိန်းဟောက်ပြီး ပေမင်ရွှယ်နှင့် မူလျန်ရှိရာသို့ သိပ်သည်းပြင်းထန်သော အော်ရာနှင့်အတူ ပြေးဝင်လာ၏။

ပေမင်ရွှယ်၏ ဓားသည် ကပ်ဘေးကိုးခု သန့်စင်ယန်စိတ်ဝိညာဉ်ရတနာတစ်ခုဖြစ်သည်။ သို့သော်လည်း ထိုဓားသည် မွေးနီတိုက်ပွဲဝင်အလောင်းနှင့် ထိခတ်သောအခါ တိုက်ပွဲဝင်အလောင်းပေါ်ရှိ ထူထဲသော အမွေးနီနီများက ၎င်းကို ပိတ်ဆို့တားဆီးထားပြီး သူက ထိခိုက်ဒဏ်ရာလုံးဝမရရှိပေ။

သူမသည် တန်ပြန်တိုက်ခိုက်မှုများကို ဆက်တိုက်ထုတ်ဖော်ပြီး ဓားအရိပ်များက အေးစက်စွာဖြင့် တဖျတ်ဖျတ်လက်လာ၏။ သို့သော်လည်း ပေမင်ရွှယ်သည် မွေးနီတိုက်ပွဲဝင်အလောင်းကြောင့် နောက်သို့ဆုတ်ပေးနေရပြီး သူမ၏ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတစ်ခုပေါ်ထွက်လာ၏။

ဒဏ်ရာ၏ ဘေးပတ်လည်မှာရှိသော အသားက တဖြည်းဖြည်းအရောင်ပြောင်းလဲသွားပြီး ညှီစို့စို့အော်ရာတစ်ခုဖြာထွက်နေ၏။ ၎င်းက အဆိပ်ဓာတ်ဖြစ်ပြီး ပေမင်ရွှယ်၏ အစစ်အမှန်သိုင်းတာအိုခန္ဓာကိုယ်ကပင် မခုခံနိုင်သည်မှာ သိသာလေသည်။

အမှောင်ထုထဲမှာ အုတ်ဂူကမ္ဘာမှ အဖိုးအိုတစ်ဦးက စိတ်လှုပ်ရှားတက်ကြွသောအမူအရာဖြင့် ပုန်းကွယ်နေ၏။

အဖိုးအိုက ပေမင်ရွှယ်နှင့် မူလျန်ကို အဆက်မပြတ်တိုက်ခိုက်ရန် တိုက်ပွဲဝင်အလောင်းကိုထိန်းချုပ်ရင်း သူက မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်၏။

“မင်းတို့ခလေးမနှစ်ယောက်က ငါ့ကို ဘယ်လိုတောင်စိန်ခေါ်ရဲတာလဲ… မင်းတို့နှစ်ယောက်ကို ငါ့ရဲ့စွမ်းအားကို မြည်းစမ်းကြည့်ခိုင်းမယ်”

ထိုစဉ်မှာပင် အဖိုးအို၏ နောက်ဘက်အမှောင်ထုထဲမှာ ပုံရိပ်တစ်ခုက တဖြည်းဖြည်းပေါ်ထွက်လာ၏။

All Chapters