← Chapters

ကောင်းကင်လိုဏ်ဂူပုံရိပ်ယောင်

Vol. 198 Ch. 2966

ကောင်းကင်လိုဏ်ဂူပုံရိပ်ယောင်

Vol. 198 Ch. 2966

ပေမင်ရွှယ်နှင့် မူလျန်သည် လူချင်းခွဲပြီး ငရဲကြည်လင်အေးမြစိမ့်စမ်း၏ သဲလွန်စကို အနီးနားဝန်းကျင်မှာရှာဖွေနေသည်။ ဒါ့အပြင် နေ့နှင့်ညကုန်းမြေက နောက်တစ်ဖန်ပြောင်းလဲသွား၏။

ညက ဆင်းသက်ရောက်ရှိလာသည်။

ပေမင်ရွှယ်နှင့် မူလျန်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

ည၏ ဖုံးလွှမ်းမှုအောက်မှာ သူတို့၏ အမြင်အာရုံနှင့် စိတ်ဝိညာဉ်အသိစိတ်က ဟန့်တားနှောက်ယှက်ခံရပြီး သူတို့အနေဖြင့် ငရဲကြည်လင်အေးမြစိမ့်စမ်းကို ရှာဖွေဖို့က ပို၍ပင် ခက်ခဲသွားပေလိမ့်မည်။

ထိုစဉ်မှာပင်က ညက တဖြည်းဖြည်းဆုတ်ခွာသွားပြီး နေ့အလင်းက ဆင်းသက်ရောက်ရှိလာ၏။

သူတို့နှစ်ယောက်က မှင်တက်သွားသည်။

ဤနေရာမှာ နေ့နှင့်ည၏ ကူးပြောင်းမှုက အတည်တကျမရှိသော်လည်း အဲဒါက ဤမျှအထိ အပြောင်းအလဲမြန်ဆန်လိမ့်မည် မဟုတ်ပေ။

သူတို့နှစ်ယောက်က မတုံ့ပြန်နိုင်ခင် ညက နောက်တစ်ဖန်ဆင်းသက်ရောက်ရှိလာ၏။

နေ့နှင့်ညသည် တိုက်ပွဲနယ်မြေတစ်ခုလုံး၏ အပျက်အစီးပုံများအထက်မှာ မှန်းဆမရသောပုံစံဖြင့် အဆက်မပြတ် ပြောင်းလဲနေ၏။ သူတို့သည် တစ်စုံတစ်ရာဖြင့် နှိုးဆွခံလိုက်ရပြီး ရာသီဥတုက ပြောင်းလဲနေသည့်အလားပင်။

မသိလိုက်မသိဘာသာအချိန်တစ်ခု ကြာသွားပြီးနောက် နေ့နှင့်ညကုန်းမြေက နောက်ဆုံးမှာ တည်ငြိမ်သွားသည်။

သူတို့နှစ်ယောက်သည် ဖြစ်ပျက်နေသည့်အရာကို မသိရှိဘဲ ဆူဇီမိုရှိရာဘက်သို့ အလိုလိုကြည့်လိုက်ကြသည်။

သူတို့နှစ်ယောက်က မှင်တက်၍ ကြက်သေသေသွားကြသည်။

ဆူဇီမိုက သူတို့ကိုကျောပေးထားပြီး တင်ပျဉ်ခွေထိုင်နေ၏။ သူ့ခန္ဓာကိုယ်၏ ဘယ်ဘက်တစ်ခြမ်းက အမှောင်ထုထဲမှာ ပုန်းကွယ်နေသည့်အလား ပိန်းပိတ်အောင်နက်မှောင်နေ၏။ သို့သော်လည်း သူ့ခန္ဓာကိုယ်၏ ညာဘက်တစ်ခြမ်းက အလျှံလျှံညီးညီးအလင်းရောင်တစ်ခုနှင့် တောက်ပနေသည်။

ဆူဇီမို၏ ဆံပင်ရှည်များကပင် သိသိသာသာပိုင်းခြားခံထားရသည်။

ဘယ်ဘက်တစ်ခြမ်းသည် မင်များကဲ့သို့ ပိန်းပိတ်အောင်နက်မှောင်နေပြီး ညာဘက်တစ်ခြမ်းက ပကတိဖြူဖွေးနေ၏။

သူသည် နေ့နှင့်ညကုန်းမြေ၏ အုပ်ချုပ်သူသခင်ကဲ့သို့ဖြစ်နေ၏။ အလင်းနှင့်အမှောင်က လုံးလုံးလျားလျားကွဲပြားခြားနားပြီး ဆန့်ကျင်ဘက်စွမ်းအားနှစ်ခုက သူ၏ ခန္ဓာကိုယ်ပေါ်မှာ လိုက်ဖက်ညီစွာ ပေါ်ထွက်လာ၏။ သူ၏ ဘယ်ဘက်လက်က အမှောင်ထုဖြင့် လွှမ်းခြုံခံထားရသော်လည်း သူ၏ ညာဘက်လက်က နေ့အလင်းလိုတောက်ပနေ၏။

နေ့နှင့်ညကုန်းမြေသည် သူ့ကို ဗဟိုပြု၍ လောကနှစ်ခုအဖြစ် ပိုင်းခြားခံထားရသည်။

သို့သော်လည်း အလင်းနှင့်အမှောင်စွမ်းအာသည် မည်သို့ပင်ဆိုစေ မီးနှင့်ရေကဲ့သို့ဖြစ်သည်။ သို့သော်လည်း ဆူဇီမို၏ ခန္ဓာကိုယ်က သိပ်သည်းပြင်းထန်သောနာကျင်မှုကို ကြိတ်မှိတ်ခံစားနေရသည့်အလား အဆက်မပြတ်တုန်ယင်နေ၏။

တကယ်တမ်းမှာလည်း ကိစ္စက ထိုသို့ပင်ဖြစ်သည်။

အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာက သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးကို ထောက်ပံ့ပေးထားခြင်းကြောင့်မဟုတ်လျှင် သူ့ခန္ဓာကိုယ်သည် ဤကဲ့သို့ ပြင်းထန်ကြမ်းတမ်းသည့် ပဋိပက္ခတစ်ခုကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။

အချိန်ကြာလာသည်နှင့်အမျှ ပဋိပက္ခက ထပ်မံ၍ ပြင်းထန်ကြမ်းတမ်းလာ၏။

အဲဒါသည် သူ့အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ အထက်စည်းကို ကျော်လွန်သွားသည်နှင့် သူ့ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားပြီး သူက သေရပေလိမ့်မည်။

သို့သော်လည်း သူက ကျင့်ကြံခြင်းကို မရပ်တန့်လိုက်ဘဲ ဆက်လက်၍ နားလည်ဆင်ခြင်နေသည်။

သူက ယခုအချိန်မှာ ရပ်တန့်မည်ဆိုလျှင်‌ စောစောက ဖြစ်ပျက်ခဲ့သည့် အရာရာတိုင်းက အချည်းနှီးဖြစ်သွားရပေလိမ့်မည်။

ဤသည်မှာ သူ့အနေဖြင့် အလင်းနှင့်အမှောင်ကို နားလည်ဆင်ခြင်ကာ ယင်နှင့်ယန်ကို ထိန်းချုပ်ဖို့အတွက် အကောင်းဆုံးအခွင့်အလမ်းဖြစ်သည်။

သူတက်လှမ်းလာစဉ်က နဂါးဖီးနစ်အမြုတေစိတ်ဝိညာဉ်နှင့် အစိမ်းရောင်ကြာပန်းအမြုတေစိတ်ဝိညာဉ်တို့ ပေါင်းစည်းခဲ့စဉ် သူသည် ဆင်တူသော အခြေအနေတစ်ရပ်ကို တွေ့ကြုံခံစားခဲ့ရသည်။

ထိုအချိန်တုန်းက သူသည် တဗူးဂမ္ဘီရကျင့်စဉ် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို အသုံးချကာ ထိုအကျပ်အတည်းကို ဖြေရှင်းခဲ့သည်။

သို့သော်ယခု သူ့မှာ ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ရှိနေရုံသာမက သူ့မှာ ယင်ယန်အဆောင်သုတ္တန်လည်းရှိနေသည်။ ဤနှစ်များအားလုံးမှာ သူ၏ ကျင့်ကြံမှုနှင့် ယင်ယန်ဓမ္မတာအို၏ နားလည်ဆင်ခြင်မှုနှင့်အတူ သူသည် ယင်ယန်ဓမ္မတာအိုမှာ နောက်တစ်ဆင့်သို့ ထပ်မံတက်လှမ်းဖို့ မြင့်မားသောအခွင့်အရေးတစ်ခုရှိနေသည်။

မသိလိုက်မသိဘာသာအချိန်တစ်ခု ကြာသွားပြီးနောက် ဆူဇီမို၏ ခန္ဓာကိုယ်မှာရှိသော အလင်းနှင့်အမှောင်၏ စွမ်းအားက တဖြည်းဖြည်းပြောင်းလဲလာသည်။

အလင်းနှင့်အမှောင်၏ ကန့်သတ်အစပ်များက တဖြည်းဖြည်းဝေဝါးလာနေ၏။

စွမ်းအားနှစ်ခုသည် အဆက်မပြတ်လည်ပတ်ပြီး စတင်၍ပင် ပေါင်းစည်းလာခဲ့သည်။

ပေမင်ရွှယ်နှင့် မူလျန်၏ ရှေ့မှာပင် ဆူဇီမို၏ နောက်ဘက်မှာ ပုံရိပ်ယောင်တစ်ခု တဖြည်းဖြည်းပေါ်ထွက်လာ၏။

ဧရာမအနက်ရောင်ငါးနှင့် အဖြူရောင်ငါးက သူတို့၏ ဦးခေါင်းများနှင့် အမြီးများကို ချိတ်ဆက်ထားပြီး အဆက်မပြတ် လိုက်ရင်းပြေးရင်းလှည့်ပတ်နေကြ၏။ သူတို့နှစ်ကောင်သည် တစ်ကောင်တည်းအဖြစ် ပေါင်းစည်းသွားပုံရပြီး သူတို့သည် လောက၏ အဆုံးမဲ့ လေးနက်သိမ်မွေ့မှုများဖြင့် ပြည့်နှက်နေသည်။

ယင်ယန်ပုံရိပ်ယောင်ပေါ်ထွက်လာသည်နှင့် ဆူဇီမို၏ အော်ရာကလည်း လျင်မြန်စွာ မြင့်တက်လာသည်။

ပေမင်ရွှယ်နှင့် မူလျန်က ထိုပုံရိပ်ယောင်ကနေ ဖြာထွက်နေသော စွမ်းအားကို အာရုံခံမိစဉ်မှာ သူတို့၏ မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်လာကြသည်။

“ဒါက…”

“ကောင်းကင်လိုဏ်ဂူ”

သူတို့နှစ်ယောက်စလုံးက တုန်လှုပ်နေကြ၏။

ပုံရိပ်ယောင်ကနေ ထုတ်ဖော်လိုက်သောစွမ်းအားသည် ပကတိဧကနယ်ပယ်ကို အပြတ်အသတ်ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ အဲဒါသည် ကောင်းကင်လိုဏ်ဂူတစ်ခု၏ စွမ်းအားဖြစ်သည်။

“ဖြစ်နိုင်တာက…”

မူလျန်က ဖြစ်နိုင်ခြေတစ်ခုကို ခန့်မှန်းမိသွားပြီး သူမ၏ အမူအရာက တုန်လှုပ်နေ၏။

“တောင်ထွတ်သခင်ဆူက ကောင်းကင်လိုဏ်ဂူတစ်ခုကို စုဖွဲ့ပြီး ဘုရင်တစ်ပါးဖြစ်လာချင်တာလား”

အဲဒါက အရမ်းကိုကြောက်စရာကောင်းလွန်းလေသည်။

လွန်ခဲ့သည့်နှစ်ရှစ်ရာက ဆူကျူးသည် ဗလာနယ်ဝိညာဉ်နယ်ပယ်မှာသာရှိနေခဲ့သည်။

သို့သော်ယခု သူသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဝင်ရောက်တော့မည်ဖြစ်သည်။

ပေမင်ရွှယ်က မျက်မှောင်အနည်းငယ်ကြုတ်ကာ ပြောလိုက်၏။

“မဟုတ်လောက်ဘူး… ဆရာက သုခဘုံလေဟာနယ်နယ်ပယ်ကို ဝင်ရောက်လာတာ မကြာသေးဘူး.. သူက အခုချိန်ထိ ပကတိသုခဘုံလေဟာနယ်ကို မကျင့်ကြံရသေးဘူး.. သူက ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို ဘယ်လိုလုပ်တိုက်ရိုက်တက်လှမ်းနိုင်မှာလဲ”

ဤသည်မှာ ကျင့်ကြံမှုနယ်ပယ်ကြီးတစ်ခုကို အဆင့်ကျော်ကာ တက်လှမ်းဖို့ ကြိုးပမ်းနေသည်နှင့်တူလေသည်။

သမိုင်းတစ်လျှောက်မှာ ဤကဲ့သို့သောအခြေအနေတစ်ရပ် ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးပေ။

တကယ်တမ်းမှာ ပကတိစိတ်ဝိညာဉ်ပညာရှင်များသည် အဆင့်ချိုးဖျက်တက်လှမ်းပြီး ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို ဝင်ရောက်ဖို့အတွက် ပကတိသုခဘုံလေဟာနယ်နယ်ပယ်ထိ ကျင့်ကြံစရာ မလိုအပ်ပေ။

သို့သော်လည်း ကောင်းကင်လိုဏ်ဂူတစ်ခုကို စုဖွဲ့ရန် လူတစ်ယောက်၏ တာအိုသစ်သီးကို ခြေမွှဖျက်ဆီးရမည်ဖြစ်သည်။

သူတို့သည် လေဟာနယ်ကို ခြေမွှဖိုအတွက် ကြေမွသွားသော သူတို့၏ တာအိုသစ်သီးကနေ ထွက်ပေါ်လာသည့် စွမ်းအားကို အသုံးချကာ နယ်ပယ်အကြီးတစ်ခု တက်လှမ်းရန် ကောင်းကင်လိုဏ်ဂူတစ်ခုကို စုဖွဲ့ရမည်ဖြစ်သည်။

သို့သော်လည်း ဤဖြစ်စဉ်သည် အတော်လေးအန္တရာယ်များပြီး ကျရှုံးနိုင်ခြေမြင့်မားလေသည်။

လူတစ်ယောက်က ပြီးပြည့်စုံသော သုခဘုံလေဟာနယ်နယ်ပယ်ထိ မကျင့်ကြံရသေးလျှင် တာအိုသစ်သီးကြေမွခြင်းကနေ ထွက်ပေါ်လာသော စွမ်းအားသည် လေဟာနယ်ကို ခြေမွှဖျက်ဆီးပြီး ကောင်းကင်လိုဏ်ဂူတစ်ခုကို စုဖွဲ့ဖို့အတွက် လုံလောက်ချင်မှလုံလောက်ပေလိမ့်မည်။ ထို့ကြောင့် ပကတိစိတ်ဝိညာဉ်ပညာရှင်များအားလုံးသည် ပြီးပြည့်စုံသော ပကတိသုခဘုံလေဟာနယ်နယ်ပယ်ထိ ကျင့်ကြံပြီး စွမ်းအားကို အဆက်မပြတ်စုဆောင်းပြီးမှသာ အဆင့်ချိုးဖျက်တက်လှမ်းဖို့ ကြိုးပမ်းကြပေလိမ့်မည်။

ဒါ့အပြင် ဤဖြစ်စဉ်အတွင်း စုဆောင်းထားသောစွမ်းအင်က ပိုမိုများပြားလေ အောင်မြင်နိုင်ခြေက ပိုမိုမြင့်မားလေဖြစ်သည်။

ယခုအချိန်မှာ ဆူဇီမိုသည် သုခဘုံလေဟာနယ်နယ်ပယ်သို့ ဝင်ရောက်ခါစဖြစ်သော်လည်း သူ၏ တာအိုသစ်သီးမှာ တဗူးဂမ္ဘီရကျင့်စဉ်များစွာနှင့် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကိုးခု၏ ဓမ္မတာအိုလေးနက်သိမ်မွေ့မှုများ ပါဝင်နေသည်။

ဤကဲ့သို့ အလွန်တရာကြီးမား၍ ကြောက်စရာကောင်းသော စွမ်းအားများကို စုဆောင်းထားခြင်းသည် မကြုံစဖူးထူးခြားအံ့မခန်းတစ်ရပ်ဖြစ်သည်ဟု ဆိုနိုင်သည်။

ဤကဲ့သို့သောအခြေအနေမှာ သုခဘုံလေဟာနယ်နယ်ပယ်သို့ ဝင်ရောက်ခါစဖြစ်သော တာအိုသစ်သီးတစ်လုံးကို ခြေမွှလိုက်မည်ဆိုလျှင်တောင် အဲဒါသည် လေဟာနယ်ကိုချိုးဖျက်ပြီး ကောင်းကင်လိုဏ်ဂူတစ်ခုကို စုဖွဲ့ဖို့အတွက် လုံလောက်လေသည်။

တစ်နည်းအားဖြင့်ဆိုသော် ယခုအချိန်မှာ ဆူဇီမိုအလိုရှိသည်နှင့်အမျှ သူသည် ဤအခွင့်အလမ်းကို ချိန်ဆကာ သုခဘုံလေဟာနယ်နယ်ပယ်ကို ဖြတ်ကျော်ပြီး ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဝင်ရောက်ကာ ဘုရင်တစ်ပါးဖြစ်လာနိုင်မည်ဖြစ်သည်။

“မဟုတ်သေးဘူး”

ထိုစဉ်မှာပင် မူလျန်က တစ်စုံတစ်ရာကို တွေးမိသွားပြီး အလောတကြီးပြောလိုက်၏။

“ဒါက နေ့နှင့်ညကုန်းမြေဘဲ… တောင်ထွတ်သခင်ဆူက ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို ဝင်ရောက်မယ်ဆိုရင် သူက နေ့နှင့်ညကုန်းမြေရဲ့ စွမ်းအားနဲ့ သေချာပေါက် ဖိနှိမ်ခံရလိမ့်မယ်”

ဆူဇီမိုသည် မူလျန်၏ သတိပေးသံကို ကြားသွားသောကြောင့်လား မပြောတတ်ပေ။ သူ၏ နောက်ဘက်မှာရှိသော ကောင်းကင်လိုဏ်ဂူပုံရိပ်ယောင်က ထပ်မံ၍ အသွင်မပြောင်းတော့ဘဲ သူ၏ အော်ရာက တဖြည်းဖြည်းတည်ငြိမ်လာခဲ့သည်။

နောက်ဆုံးအခိုက်အတန့်မှာ ဆူဇီမိုသည် အဆင့်ချိုးဖျက်တက်လှမ်းပြီး ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဝင်ရောက်ဖို့ မရွေးချယ်ခဲ့ပေ။

တကယ်တော့ အဲဒါသည် မူလျန်၏ စကားကြောင့်မဟုတ်ပေ။

သူ့မှာ မီးပဒေသာကျောက်တုံးနှင့် တမလွန်မီးရောင်ကျောက်တုံးတို့ရှိနေသည်။ သူက ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းမည်ဆိုလျှင်တောင် ဤနေရာမှာရှိသော အလင်းနှင့်အမှောင်၏ စွမ်းအားက သူ့ကို ထိခိုက်စေလိမ့်မည် မဟုတ်ပေ။

သူသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဝင်ရောက်ဖို့ မရွေးချယ်သည်မှာ အကြောင်းအရင်းတစ်ခုသာရှိသည်။

အချိန်မကျသေးပေ။

ယခုအချိန်မှာ သူသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ တက်လှမ်းပြီး ဘုရင်တစ်ပါးဖြစ်လာနိုင်သည်။ သို့သော်လည်း သူ၏ တိုက်ခိုက်ရည်ခွန်အားက သူမျှော်မှန်းထားသည်နှင့် အလှမ်းကွာဝေးနေပေလိမ့်မည်။

သူ၏ တာအိုသစ်သီးကို ပြီးပြည့်စုံသောအခြေအနေထိ ယခုအချိန်ထိ မကျင့်ကြံရသေးပေ။ သူက ယခုအချိန်မှာ အဆင့်ချိုးဖျက်တက်လှမ်းမည်ဆိုလျှင် သူကျင့်ကြံထားသည့် အမျိုးမျိုးသော ဓမ္မတာအိုလေးနက်သိမ်မွေ့မှုများကို ယင်ယန်ကောင်းကင်လိုဏ်ဂူက ဝါးမျိုသွားပေလိမ့်မည်။

တာအိုသစ်သီးကို ကျင့်ကြံရခြင်းသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို ရောက်ရှိလာခြင်းနှင့် တူညီလေသည်။

တာအိုသစ်သီးက ပိုမိုပြေပြစ်ပြီး ပြီးပြည့်စုံလေလေ ၎င်းမှာပါဝင်သော ဓမ္မတာအိုက ပိုများလေလေဖြစ်ပြီး လူတစ်ယောက်၏ နားလည်ဆင်ခြင်မှုကလည်း ပိုမိုနက်ရှိုင်းလာပေလိမ့်မည်။

ထိုအခါ နောက်ပိုင်းမှာစုဖွဲ့မည့် ကောင်းကင်လိုဏ်ဂူကလည်း ပိုမိုသန်မာလာပေလိမ့်မည်။

ဆူဇီမိုမှာ နောက်ထပ်စိတ်ကူးတစ်ခုရှိနေသည်။

ထိုစိတ်ကူးသည် အလွန်တရာရဲတင်းပြီး တုန်လှုပ်စရာကောင်းသည်ဟုပင် ဆိုနိုင်သည်။

သို့သော်လည်း သူက အဲဒါကို စမ်းကြည့်ချင်နေ၏။

တာအိုသစ်သီးကို ပြီးပြည့်စုံပြီး ချို့ယွင်းချက်မရှိသည့်အခြေအနေထိ ကျင့်ကြံခြင်းဖြင့်သာ သူက အဲဒါကို နားလည်ဆင်ခြင်မည့် အခွင့်အရေးတစ်ခုရရှိလာပေလိမ့်မည်။

သူအောင်မြင်သွားသည်နှင့် သူသည် နောက်တစ်ဖန်ပြန်လည်မွေးဖွားပြီး နောက်ထပ်ပကတိအသွင်ပြောင်းလဲခြင်းတစ်ရပ်ကို တွေ့ကြုံရပေလိမ့်မည်။

တကယ်တော့ သူသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဤတစ်ခေါက်မှာ မဝင်ရောက်သေးသော်လည်း ဆူဇီမိုက မည်သည့်အရာကိုမှ မရရှိခဲ့ခြင်း မဟုတ်ပေ။

နေ့နှင့်ညကုန်းမြေ၏ အကူအညီနှင့်အတူ သူသည် ကောင်းကင်လိုဏ်ဂူပုံရိပ်ယောင်တစ်ခုကို ကြိုတင်၍ နားလည်ဆင်ခြင်နိုင်ခဲ့သည်။

ထိုကောင်းကင်လိုဏ်ဂူပုံရိပ်ယောင်ကတော့ အဲဒါသည် နေ့နှင့်ညကုန်းမြေ၏ အလင်းနှင့်အမှောင်စွမ်းအား၊ မီးပဒေသာကျောက်တုံးနှင့် တမလွန်မီးရောင်ကျောက်တုံးထဲရှိ ယင်နှင့်ယန်၏ စွမ်းအားနှင့် ယင်ယန်အဆောင်သုတ္တန်ကို ပေါင်းစည်းထားခြင်းဖြစ်သည်။

၎င်း၏ စွမ်းအားသည် ကောင်းကင်လိုဏ်ဂူအသေးများနှင့်ပင် ဆန့်ကျင်တိုက်ခိုက်နိုင်လေသည်။

All Chapters