← Chapters

ဘုရင်ခြောက်ပါး

Vol. 198 Ch. 2968

ဘုရင်ခြောက်ပါး

Vol. 198 Ch. 2968

“ဘယ်လောက်တောင် ရက်စက်ကြမ်းတမ်းတဲ့နည်းလမ်းလဲ”

အင်မော်တယ်ဘုရင်မယိုလန်က လေဟာနယ်ထဲမှာ ပုန်းကွယ်ပြီး အသံတစ်ခုကို ပို့လွှတ်လိုက်၏။

ဆူဇီမို၏ အကြည့်က အေးစက်နေပြီး သူက နှုတ်ဆိတ်နေ၏။

အစီအရင်ဝင်္ကပါ၏ အထက်မှာ ချိန်းကြိုးများဖြင့် ရစ်ပတ်တုတ်နှောင်ခံထားရသောလူငယ်သည် ရှောင်းယောင်ဖြစ်လေသည်။ အင်မော်တယ်ဘုရင်မယိုလန်က ပြောလိုက်သည်။

“အနက်ရောင်ချပ်ဝတ်အမျိုးသားက ခွန်မျိုးနွယ်ရဲ့ လျှို့ဝှက်အတတ်တစ်ခု ပေမင်ကားချပ်ကို ထုတ်ဖော်ထားတာပဲ… အဲဒါက အရမ်းကို သန်မာတဲ့ ဝါးမျိုစွမ်းအားတစ်ခုပဲ… သူ့ရဲ့အကန့်အသတ်ထိ ကျင့်ကြံတဲ့အခါ အဲဒါက အရာရာတိုင်းကို ဝါးမျိုနိုင်တယ်လို့ဆိုတယ်”

ပေမင်ကားချပ်ဟုခေါ်ဆိုသောအရာမှာ အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်အမျိုးသား၏ နောက်ဘက်မှာ ပေါ်ထွက်နေသော ဧရာမခွန်ဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်က မရေမတွက်နိုင်သောအလင်းစက်များဖြင့် တောက်ပနေပြီး လျှို့ဝှက်အတတ်၏ အစီအရင်လမ်းကြောင်းများဖြစ်သော လျှို့ဝှက်ဆန်းကြယ်သည့် အလင်းရောင်များကို ဖြစ်ပေါ်လာစေသည်။

ခွန်မျိုးနွယ်၏ မျိုးဆက်သွေးကသာ ဤပေမင်ကားချပ်ကို ကျင့်ကြံနိုင်လေသည်။

ခွန်မျိုးနွယ်၏ ခန္ဓာကိုယ်သည် အရမ်းကို ကြီးမားပြီး ကီလိုမီတာထောင်ဂဏန်းတချို့ထိ ဖြန့်ကြက်နိုင်လေသည်။ ခန္ဓာကိုယ်အရွယ်အစားအားဖြင့် မျိုးနွယ်စုတစ်သောင်းကြားမှာ သူတို့သည် နံပါတ်တစ်မှာ ရပ်တည်နိုင်ကြသည်။

ခွန်မျိုးနွယ်၏ ကြီးမားသောခန္ဓာကိုယ်ကသာ ဤမျှများပြားသောအလင်းစက်များကို ဝင်ဆံ့စေပြီး သိပ်သည်းပြင်းထန်ကြီးမားသော ဝါးမျိုစွမ်းအားတစ်ခုကို ထုတ်ဖော်ထားသည့် ပကတိကားချပ်တစ်ခုကို ဖြစ်ပေါ်စေပေလိမ့်မည်။

“သူက ရှောင်းယောင်ရဲ့ ခွန်ဖန်းမျိုးဆက်သွေးကို ဝါးမျိုနေတာပဲ”

ပေမင်ရွှယ်က အေးစက်နေသောအမူအရာနှင့်ပြောပြီး သူမ၏ လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ထားသည်။

“အဲဒါက မျိုးဆက်သွေးတင်မကဘူး”

ဆူဇီမိုက သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။

သူသည် ရှောင်းယောင်၏ မျိုးဆက်သွေးကို စုပ်ယူဖို့သာဆိုလျှင် သူက အဲဒါကို မည်သည့်နေရာမှာမဆို ပြုလုပ်နိုင်လေသည်။ သူတို့အနေဖြင့် နေ့နှင့်ညကုန်းမြေ၏ အနီးနားဝန်းကျင်ထိ ကီလိုမီတာပေါင်းများစွာကို ဖြတ်ကျော်လာစရာ လိုမည်မဟုတ်ပေ။

မြေပြင်ပေါ်မှာရှိသော အစီအရင်ဝင်္ကပါသည် နေ့နှင့်ညကုန်းမြေ၏ အလင်းနှင့်အမှောင်စွမ်းအားကို ဆွဲယူပေးနိုင်သည်။

အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်အမျိုးသားသည် ခွန်မျိုးနွယ်၏ မျိုးဆက်သွေးကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း သူသည် ယင်စွမ်းအားကိုသာ ထိန်းချုပ်နိုင်ပြီး အလင်းနှင့်အမှောင်စွမ်းအားကို တိုက်ရိုက်စုပ်ယူနိုင်ခြင်း သို့မဟုတ် စွမ်းအားနှစ်ခုကို မျှခြေမှာထိန်းထားနိုင်ခြင်း မရှိပေ။

သို့သော်လည်း ရှောင်းယောင်သည် တဗူးခွန်ဖန်းတစ်ကောင်ဖြစ်သည်။ သူသည် ယင်စွမ်းအားကိုသာမက ယန်စွမ်းအားကိုပါ ထိန်းချုပ်နိုင်လေသည်။

အစီအရင်ဝင်္ကပါထဲမှာ ရှောင်းယောင်ကို ချုပ်နှောင်ထားခြင်းသည် အလင်းနှင့်အမှောင်စွမ်းအားကို နေ့နှင့်ညကုန်းမြေကနေစုစည်းပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ သွန်းလောင်းပေးနေခြင်းဟု ဆိုလိုလေသည်။

ရှောင်းယောင်၏ ခွန်ဖန်းမျိုးဆက်သွေးကသာ ဤကဲ့သို့ သန့်စင်သိပ်သည်းသည့် အလင်းနှင့်အမှောင်စွမ်းအားကို စုပ်ယူချေဖျက်ပြီး ၎င်းကို သူ့ခန္ဓာကိုယ်ထဲမှာ ယင်ယန်စွမ်းအားအဖြစ် အသွင်ပြောင်းလဲနိုင်ပေလိမ့်မည်။

အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်အမျိုးသားသည် ပေမင်ကားချပ်၏ လျှို့ဝှက်အတတ်ကို အသုံးချကာ ရှောင်း​ယောင်၏ ခွန်ဖန်းမျိုးဆက်သွေးနှင့်အတူ ယင်ယန်စွမ်းအားကို အတူတကွဝါးမျိုလိုနေခြင်းဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုသော် အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်အမျိုးသားသည် ကျင့်ကြံဖို့နှင့် မျိုးဆက်သွေးပကတိအသွင်ပြောင်းလဲခြင်းတစ်ရပ်ကိုပင် ပြုလုပ်ဖို့အတွက် ရှောင်းယောင်ကို အသုံးချနေခြင်းဖြစ်သည်။

ပကတိဧကနယ်ပယ်ထိကျင့်ကြံပြီး တာအိုသစ်သီးတစ်လုံးကို စုဖွဲ့ပြီးနောက် ပူးကပ်သိမ်းပိုက်ခြင်းကဲ့သို့ကိစ္စများကို ပြုလုပ်ဖို့ ခဲယဥ်းလာခဲ့ပြီဖြစ်သည်။

တာအိုသစ်သီး၊ ကိုယ်ကာယ၊ မျိုးဆက်သွေးနှင့် အမြု​တေစိတ်ဝိညာဥ်​တို့က တစ်သားတည်းကျသွားခဲ့ပြီဖြစ်ပြီး ခွဲခြားလို့မရအောင် ဆက်စပ်မိလာခဲ့သည်။

ရှောင်းယောင်၏ အမြုတေစိတ်ဝိညာဥ်ကိုသတ်ဖြတ်ပြီး အနက်ရောင်ချပိဝတ်တန်ဆာဝတ်အမျိုးသား၏ အမြုတေစိတ်ဝိညာဥ်က ရှောင်းယောင်၏ အသိစိတ်ထဲမှာ ဝင်ရောက်နေရာယူမည်ဆိုလျှင်တောင် သူ့အနေဖြင့် ရှောင်းယောင်၏ ခွန်ဖန်းမျိုးဆက်သွေးနှင့် ကိုက်ညီဖို့လွယ်ကူလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့်ပင် အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်အမျိုးသားသည် သူ့ကိုယ်သူ ပကတိအသွင်ပြောင်းလဲခြင်းတစ်ရပ်ဖြစ်စေပြီး ဘဝသစ်တစ်ခုကိုရရှိလာဖို့ ဤကဲ့သို့ရက်စက်ကြမ်းတမ်းသောနည်းလမ်းတစ်ခုကို ကြံဆခဲ့ခြင်းဖြစ်သည်။

သူ၏ ဘဝအသစ်က ရှောင်းယောင်၏ သေဆုံးမှုကို ရည်ရွယ်သည်။

ဒါ့အပြင် ဤလူသည် အလွန်တရာရည်မှန်းချက်ကြီးမားသည်။ သူသည် သုခဘုံလေဟာနယ်နယ်ပယ်၏ အထွတ်အထိပ်ထိ ကျင့်ကြံထားခဲ့ပြီး ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ အချိန်မရွေးတက်လှမ်းနိုင်နေသည်မှာ သိသာလေသည်။

သူသည် ရှောင်းယောင်၏ ခွန်ဖန်းမျိုးဆက်သွေးကို လိုချင်ရုံသာမက သူသည် တစ်ခါတည်းအဆင့်ချိုးဖျက်တက်လှမ်းပြီး ကောင်းကင်လိုဏ်ဂူတစ်ခုကို စုဖွဲ့ဖို့အတွက်ပါ ဤကျင့်ကြံမှုကို အသုံးချလိုလေသည်။

“ဘုရင်ကမ္ဘာမြေခွန်ပါလား”

အင်မော်တယ်ဘုရင်မယိုလန်၏ အကြည့်က အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်အမျိုးသားနှင့် မလှမ်းမကမ်းမှာရှိသော လူအိုကြီးတစ်ယောက်ပေါ် ဆင်းသက်ရောက်ရှိသွားပြီး သူမက တီးတိုးရေရွတ်လိုက်၏။

“သူက တကယ်အသက်ရှင်နေသေးတာပဲ”

လူအိုကြီးသည် ဆံပင်များဖြူဖွေးနေပြီး အလွန်တရာအိုစာသည့်ပုံပေါ်နေသည်။

လူအိုကြီး၏ မျက်လုံးများက ပင်လယ်ကဲ့သို့ နက်ရှိုင်းနေပြီး သူ၏ လက်နှစ်ဖက်ကို နောက်ပစ်ထား၏။

ထိုနေရာမှာ မလှုပ်မယှက်မတ်တတ်ရပ်နေရုံဖြင့် သူက ခံ့ညားထည်ဝါသောစွမ်းပကားတစ်ခုကို ထုတ်ဖော်ထားသည်။

“အဲဒီလူက တော်တော်သန်မာလား”

ဆူဇီမိုက မေးလိုက်သည်။

သူတို့လေးယောက်သည် လေဟာနယ်ထဲမှာ ပုန်းကွယ်နေကြသည်။ သူက တစ်ဘက်သူ၏ ကျင့်ကြံမှုကို စစ်ဆေးဖို့အတွက် သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို အရမ်းကာရောထုတ်ဖော်မည်ဆိုလျှင် သူတို့၏ လမ်းကြောင်းက ပေါက်ကြားသွားဖို့ ဖြစ်နိုင်​ခြေများသည်။

“အရမ်းကို သန်မာတယ်”

အင်မော်တယ်ဘုရင်မယိုလန်က လေးနက်သောအမူအရာဖြင့် ပြောလိုက်သည်။

ဘုရင်ကမ္ဘာမြေခွန်က အထွတ်အထိပ်ဘုရင်တစ်ပါးဖြစ်နေခဲ့တာကြာခဲ့ပြီ... သူက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက နာမည်ကြီးကျော်ကြားနေခဲ့တာ... သူက ကောင်းကင်လိုဏ်ဂူနယ်ပယ်မှာ နှစ်ပေါင်းသိန်းချီကြာအောင် စိုးမိုးခြယ်လှယ်ခဲ့ဖူးတယ်”

“သူက သူ့ဘဝရဲ့နှောင်းပိုင်းအရွယ်ကို ဝင်ရောက်နေပြီဆိုပေမယ့် ခွန်မျိုးနွယ်ရဲ့အသက်ဓာတ်အားက ပေါကြွယ်ဝတယ်... သူတို့မှာ ခံ့ညားထည်ဝါတဲ့မျိုးဆက်သွေးလည်းရှိတယ်... ကျွန်မက အခုချိန်မှာ သူနဲ့ ဆန့်ကျင်တိုက်ခိုက်ရမယ်ဆိုရင် ကျွန်မမှာ အနိုင်ရဖို့အခွင့်အရေးသိပ်မရှိဘူး”

ပကတိကောင်းကင်လိုဏ်ဂူများနှင့်သူများကိုသာ အထွတ်အထိပ်ဘုရင်များဟုခေါ်ဆိုနိုင်လေသည်။ အင်မော်တယ်ဘုရင်မယိုလန်က ဆက်ပြောလိုက်၏။

“သူ့ကို ဘုရင်ကမ္ဘာမြေခွန်က ကိုယ်တိုင်လိုက်ပါပြီး ကာကွယ်ပေးနေတယ်ဆိုတော့ ဒီအနက်ရောင်ချပ်ဝတ်တန်ဆာဝတ်အမျိုးသားရဲ့သရုပ်သကန်က အရမ်းကိုမြင့်မြတ်ထည်ဝါနေတာဖြစ်ရမယ်”

အင်မော်တယ်ဘုရင်မယိုလန်၏ အကြည့်က ရွေ့လျားသွားပြီး သူက အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်အမျိုးသား၏ ဘေးပတ်လည်ကို ကြည့်ရှုလိုက်၏။

“နောက်ပြီး ဒီနေရာမှာရှိနေတာက ဘုရင်ကမ္ဘာမြေခွန်တစ်ဦးတည်းမဟုတ်ဘူး... အမှောင်ထဲမှာပုန်းကွယ်နေတဲ့ တခြားဘုရင်လေးဦးရှိတယ်”

ဆူဇီမိုက သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဥ်းလိုက်၏။

အင်မော်တယ်ဘုရင်မပြောသလိုပင် ဘုရင်ငါးဦး ကာကွယ်စောင့်ရှောင်ပေးနေသည့်အတွက် အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်အမျိုးသား၏ သရုပ်သကန်က သေချာပေါက် သာလွန်ထူးခြားနေသည်။

“အဲဒီဘုရင်တွေအားလုံးက ဘယ်နယ်ပယ်မှာရှိလဲ”

ဆူဇီမိုက မေးလိုက်၏။

အင်မော်တယ်ဘုရင်မယိုလန်က ပြောလိုက်သည်။

“သူတို့လေးယောက်ရဲ့အော်ရာက ဘုရင်ကမ္ဘာမြေခွန်ထက် အတော်လေးပိုပြီးအားနည်းတယ်... သူတို့တွေက ကောင်းကင်လိုဏ်ဂူအသေးနဲ့ သာမန်ဘုရင်တွေပဲဖြစ်လိမ့်မယ်”

ဆူဇီမို၏ မျက်လုံးက သတ်ဖြတ်လိုစိတ်ဖြင့် တဖျတ်ဖျတ်လက်သွား၏။

အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်အမျိုးသား၏ သရုပ်သကန်က မည်သို့ပင်ဖြစ်စေ သူကရှောင်းယောင်ကို ကယ်တင်ရပေမည်။

တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား အင်မော်တယ်ဘုရင်မယိုလန်က လေးနက်သောအမူအရာဖြင့် တစ်ချက်ကြည့်ပြီး အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“တာအိုရောင်းရင်းဆူ ရှင်က ရှင့်တပည့်ကို ဂရုစိုက်တယ်ဆိုတာ ကျွန်မသိပါတယ်... ဒါပေမဲ့ အရမ်းကာရော မလုပ်ပါနဲ့”

အင်မော်တယ်ဘုရင်မယိုလန်သည် ဆူဇီမို၏ ရည်ရွယ်ချက်ကို ပြောနိုင်ပြီး သူက စိတ်ခံစားချက်များကြောင့် အခြေအနေကို ကောင်းကောင်းအကဲမဖြတ်နိုင်မှာ စိုးရိမ်နေသည်။

“ကျွန်မက ကူညီမပေးချင်လို့ပြောတာ မဟုတ်ဘူး”

အင်မော်တယ်ဘုရင်မယိုလန်က အတော်လေးတည်ငြိမ်နေပြီး ဝေဖန်ဆန်းစစ်ပြလိုက်၏။

“ကျွန်မတိုက်ခိုက်မယ်ဆိုရင် ကျွန်မက ဘုရင်ကမ္ဘာ​မြေခွန်ကို သေချာပေါက်တားဆီးနိုင်လိမ့်မယ်... ရှင်တို့သုံးယောက်ကတော့... ဘုရင်လေးပါးရဲ့ ဝိုင်းပတ်ပိတ်ဆို့မှုအောက်မှာ သူ့ကိုကယ်တင်ဖို့မဖြစ်နိုင်ဘူး”

မူလျန်က ခေါင်းညိတ်ပြလိုက်သည်။

ပေမင်ရွှယ်က သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထား၏။ သူမက ရှောင်းယောင်ကို စိုးရိမ်ပူပန်နေသော်လည်း အင်မော်တယ်ဘုရင်မယိုလန်၏ စကားက မမှားသည်ကို သူမသိထားသည်။

ဘုရင်လေးဦးကို မပြောနှင့် သာမန်ဘုရင်တစ်ပါးပင်လျှင် သူတို့၏ အသက်များကို ကောင်းကောင်းနုတ်ယူနိုင်လေသည်။

သူတို့က မဆင်မခြင်တိုက်ခိုက်မည်ဆိုလျှင် သူတို့သည် အင်မော်တယ်ဘုရင်မယိုလန်ကို ဒုက္ခရောက်စေမည်သာမက သူတို့သုံးယောက်ကပါ သေရပေလိမ့်မည်။

အင်မော်တယ်ဘုရင်မယိုလန်က ပြောလိုက်သည်။

“ဓားကမ္ဘာကို အခုချက်ချင်း သတင်းပေးလိုက်ပါလား... တောင်ထွတ်သခင်တချို့ရောက်လာမယ်ဆိုရင် ရှောင်းယောင်ကို ကယ်တင်နိုင်လိမ့်မယ်”

“အဲဒါက နောက်ကျသွားလိမ့်မယ်”

ဆူဇီမိုက ခေါင်းခါပြလိုက်၏။

သူက ယခုအချိန်မှာ သတင်းပေးပို့မည်ဆိုလျှင်တောင် ကြန့်ကြာမှုတချို့ ရှိနေပေလိမ့်မည်။ ဒါ့အပြင် တောင်ထွတ်သခင်များရောက်လာဖို့က တစ်လလောက်အချိန်ယူရပေလိမ့်မည်။ ရှောင်းယောင်၏ လက်ရှိအခြေအနေအရ သူသည် နေ့တစ်ဝက်ပင် ခံနိုင်ရည်ရှိတော့မည့်ပုံမပေါ်ပေ။ ဆူဇီမိုအနေဖြင့် ယခုအချိန်မှာ သိုင်းတာအိုပင်မခန္ဓာကို ဆင့်ခေါ်မည်ဆိုလျှင်လည်း နောက်ကျသွားပေလိမ့်မည်။

ထိုစဥ်မှာပင် ကြယ်၏အထက် လေဟာနယ်ထဲမှာ စွမ်းအင်အတက်အကျတစ်ခုထွက်ပေါ်လာပြီးနောက် အာကာသဥမင်တစ်ခုထဲကနေ မကောင်းဆိုးဝါးဆန်ဆန်အမူအရာနှင့် အစိမ်းရင့်ရောင်မျက်လုံးများနှင့်အတူ သင်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက် လျှောက်လှမ်းထွက်လာ၏။

“စုန်းမျိုးနွယ်”

ဆူဇီမိုသည် တစ်ချက်ကြည့်ရုံနှင့် ထိုလူ၏ နောက်ခံကို မှတ်မိသိရှိသွား၏။

“ဘုရင်စန္ဒာစုန်းပဲ”

အင်မော်တယ်ဘုရင်မယိုလန်က တိတ်တဆိတ်တုန်လှုပ်သွားပြီး အသံတစ်ခုကိုပို့လွှတ်လိုက်၏။

“သူကလည်း အထွတ်အထိပ်ဘုရင်တစ်ပါးပဲ”

ပို၍အရေးကြီးသည်မှာ ဘုရင်စန္ဒာစုန်းသည် ဘုရင်ကမ္ဘာမြေခွန်နှင့် သိရှိထားသည့်ပုံပင်။ သူက ပေါ်ထွက်လာပြီးနောက် ဘုရင်ကမ္ဘာ​မြေခွန်နှင့် အခြားသူများက အံ့အားသင့်သွားသည့်ပုံမရှိပေ။

ထိုအစား သူတို့နှစ်ယောက်က အတူစုဝေးပြီး အေးအေးဆေးဆေးစကားပြောဆိုနေကြသည်။

တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား ဆူဇီမိုက ရှောင်းယောင်၏ ဘေးပတ်လည်မှာ ရစ်ပတ်ထားသောချိန်ကြိုးများကို ကြည့်လိုက်သည်။

အစိမ်းရောင်မှော်စာလုံးများကို ချိန်းကြိုးများပေါ်မှာ ခတ်နှိပ်ထားလေသည်။

အဲဒါက စုန်းမျိုးနွယ်မှလျှို့ဝှက်အတတ်တစ်ခုနှင့်တူသည်။ ကြည့်ရသည်မှာ အစိမ်းရောင်မှော်စာလုံးများကို ဘုရင်စန္ဒာစုန်းက စီမံပြုလုပ်ပေးထားခြင်းဖြစ်နိုင်သည်။

အထွတ်အထိပ်ဘုရင်နှစ်ပါးနှင့် သာမန်အင်မော်တယ်ဘုရင်လေးပါး...။ အဲဒါက တကယ့်ကို ကိုင်တွယ်ရခက်ခဲမည့်ပုံရှိသည်။

ခဏမျှနှုတ်ဆိတ်နေပြီးနောက် ဆူဇီမိုက ရုတ်တရက်မေးလိုက်၏။

“တာအိုရောင်းရင်းယိုလန်... ခင်ဗျားက ဘုရင်ကမ္ဘာ​မြေခွန်နဲ့ ဘုရင်ကမ္ဘာမြေစုန်းကို တားဆီးပေးထားနိုင်မလား”

အင်မော်တယ်ဘုရင်မယိုလန်က ရင်တစ်ချက်ထိတ်သွားပြီး မေးလိုက်၏။

“ရှင်သူ့ကို ကယ်ချင်သေးလို့လား”

ဆူဇီမိုက နှုတ်ဆိတ်နေ၏။

ရှောင်းယောင်၏ ဆရာအနေဖြင့် သူ့တပည့်က သူ့ရှေ့မှာသေရမည်ကို သူက စောင့်ကြည့်နေစရာ အကြောင်းမရှိပေ။

ဒါ့အပြင် သူ၏ တွက်ချက်မှုအရ သူအတတ်နိုင်ဆုံးကြိုးစားမည်ဆိုလျှင် အခွင့်အရေးတစ်ခုရှိနေနိုင်သည်။

အင်မော်တယ်ဘုရင်မယိုလန်က ညင်သာစွာ သက်ပြင်းချလိုက်၏။

သူမ၏ ထင်မြင်ချက်အရ ဆူဇီမို၏ စိတ်ကူးသည် အရမ်းကိုရူးသွပ်ပြီး ဆင်ခြင်တုံတရားမဲ့ရာကျလေသည်။ သူက သူ့ကိုယ်သူ သတ်သေနေခြင်းသာဖြစ်ပေလိမ့်မည်။

ကယ်တယ်မှုက ကျရှုံးသွားမည်ဆိုလျှင် ဆူဇီမို၏ အခြားနှစ်ယောက်က သေချာပေါက်သေရလိမ့်မည်ဖြစ်ပြီး သူမသည်လည်းပဲ ဘုရင်ကမ္ဘာမြေခွန်နှင့် ဘုရင်ကမ္ဘာမြေစန္ဒာစုန်း၏ လိုက်လံတိုက်ခိုက်မှုကနေ ထွက်ပြေးလွတ်မြောက်နိုင်ချင်မှ လွတ်မြောက်နိုင်ပေလိမ့်မည်။

အဲဒီမှာ ရှောင်းယောင်ကိုကယ်တင်နိုင်မည့် မဖြစ်နိုင်လောက်သော သေးငယ်သည့်အခွင့်အရေးတစ်ခုရှိနေလျှင်တောင် ဤကိစ္စက ဤကဲ့သို့ပင် ပြီးဆုံးသွားမည်လား။

သူတို့လေးယောက်က ဘယ်လိုထွက်ပြေးလွတ်မြောက်နိုင်မှာလဲ။

သူတို့က ထွက်ပြေးလွတ်မြောက်နိုင်ခဲ့မည်ဆိုလျှင်တောင် အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်အမျိုးသားက မည်ကဲ့သို့သောအဆင့်အတန်းကို ပိုင်ဆိုင်ထားသလဲ။ သူက အလွယ်တကူဘယ်လိုလုပ်လက်လျှော့နိုင်ပါ့မလဲ။ နောက်ပိုင်းမှာ အတောမသတ်နိုင်သည့် ပြဿနာများက သေချာပေါက်ပေါ်ထွက်လာပေလိမ့်မည်။

All Chapters