ပြီးပြည့်စုံသော လုပ်ကြံသတ်ဖြတ်ကြိုးပမ်းမှု
Vol. 198 Ch. 2969
အင်မော်တယ်ဘုရင်မယိုလန်က ခဏကြာနှုတ်ဆိတ်နေပြီးနောက် အသံတစ်ခုကို ပို့လွှတ်လိုက်၏။
ကျွန်မက ဘုရင်ကမ္ဘာမြေခွန်နဲ့ ဘုရင်စန္ဒာစုန်းကို ကျွန်မရဲ့ ခွန်အားအပြည့်အဝနဲ့ဆို ထိန်းထားကောင်းထိန်းထားနိုင်လိမ့်မယ် ဒါပေမဲ့ ကျွန်မက သူတို့ကို သေချာပေါက် သိပ်ကြာကြာထိန်းထားနိုင်မှာ မဟုတ်ဘူး
ထိုစကားလုံးများသည် အင်မော်တယ်ဘုရင်မယိုလန်က တိုက်ခိုက်ဖို့ပြင်ဆင်ထားပြီးပြီဖြစ်သည်ဟု ဆိုလိုလေသည်။
ဤဆုံးဖြတ်ချက်က သူမအတွက် မလွယ်ကူလှပေ။
“ခင်ဗျား ဘယ်လောက်ကြာကြာထိန်းထားနိုင်မလဲ”
ဆူဇီမိုက ထပ်မေးလိုက်သည်။
ထိုအချိန်က ဆူဇီမိုအတွက် ဘယ်လောက်အသုံးဝင်သည်ကို အင်မော်တယ်ဘုရင်မယိုလန်က နားမလည်ပေ။
သူမက သိပ်ကြာကြာထိန်းမထားနိုင်သည်ကို အသာထား။ သူမက ဘုရင်ကမ္ဘာမြေခွန်နှင့် ဘုရင်စန္ဒာစုန်းကို ကောင်းကောင်းထိန်းထားနိုင်သည်ဆိုလျှင်တောင် တောင်ထွတ်သခင်ဆူသည် အခြားသောဘုရင်လေးဦး၏ စောင့်ကြည့်မှုအောက်ကနေ လူငယ်အမျိုးသားကို ကယ်တင်ပေးနိုင်မှာလား။
အင်မော်တယ်ဘုရင်မယိုလန်က မေးမြန်းနေခြင်းမရှိဘဲ ခေါင်းကိုသာခါပြလိုက်၏။
“အဲဒါက အသက်နှစ်ဆယ်ရှိုက်စာလောက် ဒါမှမဟုတ် အဲထက်ပိုပြီးနည်းနိုင်တယ်”
ဆူဇီမိုသည် ရှောင်းယောင်ကို ကယ်တင်လိုသည်ဆိုလျှင် သူသည် အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်အမျိုးသားကို သေချာပေါက် သတ်ဖြတ်ရပေလိမ့်မည်။
ဘုရင်ကမ္ဘာမြေခွန်က အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်အမျိုးသာ အန္တရာယ်ကျရောက်လာသည်ကို တွေ့မြင်သည်နှင့် သေချာပေါက် သူ့မှာရှိသမျှကို အကုန်ထုတ်ဖော်ပေလိမ့်မည်။
ထို့ကြောင့် သူမသည် အသက်နှစ်ဆယ်ရှိုက်စာထက် ပိုကြာပြီး တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
“အဲလောက်ဆို လုံလောက်ပါတယ်”
ဆူဇီမိုက တီးတိုးရေရွတ်လိုက်၏။
“ဘာဖြစ်တယ်”
သူမသည် နားကြားမှားသွားသည်ဟု အင်မော်တယ်ဘုရင်မယိုလန်က ခံစားလိုက်ရ၏။ သူမက ဆူဇီမိုကို လှည့်ကြည့်ပြီး ထပ်မေးလိုက်၏။
ဆူဇီမိုက ရှင်းပြမနေဘဲ ကြယ်ပေါ်မှာရှိသော အခြေအနေကိုသာ လေ့လာအကဲခတ်ကြည့်နေ၏။
သူက တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့ပြီးပြီဆိုလျှင်တောင် အရမ်းကာရော ပြုမူလှုပ်ရှားလိမ့်မည် မဟုတ်ပေ။
ဤတိုက်ခိုက်မှုက အရမ်းကို အရေးပါပြီး မည်သည့် အမှားအယွင်းကမဆို စဉ်းစားကြည့်၍မရနိုင်သော အကျိုးဆက်ကို ဖြစ်ပေါ်စေနိုင်သည်။
ကြယ်ပေါ်မှာ တခြားမည်သူမှမရှိတော့ဘဲ တခြားမည်သည့်အပြောင်းအလဲမှမရှိနိုင်သည်ကို သူက အတည်ပြုရပေမည်။ သူသည် မတိုက်ခိုက်ခင် အသေးစိတ်အချက်အလက်တစ်ခုချင်းစီကို ဂရုတစိုက်တွက်ချက်ရပေမည်။
နေ့နှင့်ညကုန်းမြေကနေ သိပ်မကွာဝေးသော အနီးနား ရှေးဟောင်းကြယ်တစ်စင်းပေါ်မှာ။
အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်အမျိုးသားက ကျင့်ကြံဖို့အတွက် ရှောင်းယောင်ကို အသုံးချနေဆဲဖြစ်ပြီး ယင်နှင့်ယန်စွမ်းအားကို ဝါးမျိုကာ ခွန်ဖန်းမျိုးဆက်သွေးကို အတင်းအဓမ္မယူဆောင်နေ၏။
သူ၏ အော်ရာက ဖြည်းဖြည်းချင်း မြင့်တက်လာနေသည်။
“ဒီခွန်ဖန်းရဲ့ မျိုးဆက်သွေးက နည်းနည်းတော့ ထူးခြားသားပဲ”
ဘုရင်စန္ဒာစုန်းသည် ရှောင်းယောင်၏ ခန္ဓာကိုယ်ကနေ ဖြည်းဖြည်းချင်းစီးထွက်နေသော သွေးနီရောင်ချီမျှင်များကိုကြည့်ပြီး သူ၏ အစိမ်းရင့်ရောင်မျက်လုံးများက တဖျတ်ဖျတ်လက်နေရင်း သူက ပြောလိုက်၏။
“ညီကိုစန္ဒစုန်း မင်းရဲ့ အမြင်အာရုံက ထက်ရှသားပဲ”
ဘုရင်ကမ္ဘာမြေခွန်က ညင်သာစွာခေါင်းညိတ်ပြလိုက်၏။
“ဒီခွန်ဖန်းရဲ့ မျိုးဆက်သွေးက ဘိုးဘေးဗီဇရဲ့လက္ခဏာကိုပြနေပြီ”
“အိုး... ဟုတ်လား”
ဘုရင်စန္ဒာစုန်း၏ မျက်လုံးက ဝင်းလက်သွား၏။ ထို့နောက် သူက ရှောင်းယောင်ကို အလေးအနက်တစ်ချက်ကြည့်ပြီး သူ၏ နှုတ်ခမ်းကို စုဝိုင်းကာ ပြောလိုက်၏။
“နှမြောစရာပဲ”
“ဘာနှမြောစရာရှိလဲ”
ဘုရင်ကမ္ဘာမြေခွန်က သာမန်ကာလျှံကာ ပြောလိုက်သည်။
“မင်းသားက ဒီတစ်ခေါက်အောင်မြင်ပြီး သူ့ရဲ့ခွန်ဖန်းမျိုးဆက်သွေးကို ဆက်ခံရရှိနိုင်တာနဲ့ ဘာမှနှမြောစရာရှိမနေဘူး”
ဘုရင်းစန္ဒာစုန်းကပြောလိုက်သည်။
“သူက ခွန်ဖန်းမျိုးဆက်သွေးကို ဆက်ခံရရှိနိုင်မယ်ဆိုရင်တောင် ဘိုးဘေးဗီဇကို ထိန်းထားနိုင်မှာ မဟုတ်ဘူး”
ဘုရင်ကမ္ဘာမြေခွန်က ခေါင်းညိတ်လိုက်၏။
“ဒီခွန်ဖန်းက အောက်ဘုံလောကကနေ လာခဲ့တာပဲ... သူက ခွန်ဖန်းမျိုးဆက်သွေးအဖြစ် အသွင်ပြောင်းလဲဖို့ ဘယ်လိုအခွင့်အလမ်းတွေကို ရခဲ့သလဲ ငါမသိဘူး... သူ့ကိုစောင့်ရှောက်ပေးနေတဲ့တစ်ယောက်ယောက်မရှိဘဲ သူက ဒီမျိုးဆက်သွေးကို လုံးဝကာကွယ်နိုင်မှာ မဟုတ်ဘူး”
“ဒီခွန်ဖန်းက တော်တော်လေးတော့ ပါးရည်နပ်ရည်ရှိသားပဲ... သူတက်လှမ်းလာပြီးတဲ့နောက် သူက သူ့ရဲ့ခွန်ဖန်းမျိုးဆက်သွေးရဲ့ ဘယ်ဝိသေသလက္ခဏာကိုမှ မထုတ်ဖော်ခဲ့ဘူး... သူက ခွန်မျိုးနွယ်ရဲ့မျိုးဆက်သွေးအော်ရာကိုပဲ ထုတ်ဖော်ထားတယ်... ဟဲဟဲ”
ဘုရင်ကမ္ဘာမြေခွန်က ရယ်မောကာပြောလိုက်၏။
“ကံဆိုးတာကေတာ့ သူက နောက်ဆုံးမှာ အဲဒါကို ဧကရာဇ်ပညာရှင်တွေရဲ့ အာရုံခံစိတ်ကနေ ဖုံးကွယ်မထားနိုင်တာပဲ”
ထိုစဉ်မှာပင် ဘုရင်စန္ဒာစုန်းက တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး တစ်ချက်ဝေ့ကြည့်ကာ အသံနှိမ့်၍ပြောလိုက်၏။
“ဒီနားမှာတစ်ယောက်ယောက်ရှိနေတယ်”
နောက်ခဏ၌ ပုံရိပ်လေးခုက လေဟာနယ်ကို ဆုတ်ဖြဲပြီး ရှေးဟောင်းကြယ်ပေါ်သို့ ဆင်းသက်ရောက်ရှိလာ၏။ သူတို့ထဲမှတစ်ယောက်က အင်မော်တယ်ဘုရင်မယိုလန်ဖြစ်သည်။
ဆင်းသက်လာပြီးနောက် အင်မော်တယ်ဘုရင်မယိုလန်က သူမ၏ ပကတိကောင်းကင်လိုဏ်ဂူကို တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ မြှောက်တင်ကာ ဘုရင်ကမ္ဘာမြေခွန်နှင့် ဘုရင်စန္ဒာစုန်းကို လွှမ်းခြုံစေလိုက်သည်။
သူတို့လေးယောက်ဆင်းသက်လာပြီးနောက် သူတို့သည် အုပ်စုနှစ်စုခွဲထွက်လိုက်၏။
အင်မော်တယ်ဘုရင်မယိုလန်က ဘုရင်ကမ္ဘာမြေခွန်နှင့် ဘုရင်စန္ဒာစုန်းရှိရာသို့ ပြေးဝင်လာပြီး တခြားသုံးယောက်ကတော့ လေထဲမှာရှိသော အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်အမျိုးသားထံ ပြေးဝင်သွားလေသည်။
“ဟမ်...”
ဘုရင်ကမ္ဘာမြေခွန်က မျက်မှောင်ကြုတ်လိုက်လေသည်။
သူတို့လေးယောက်ထဲမှာ အင်မော်တယ်ဘုရင်မယိုလန်သာ ပကတိကောင်းကင်လိုဏ်ဂူပညာရှင်တစ်ဦးဖြစ်သည်။ တခြားသုံးယောက်က ပကတိဧကနယ်ပယ်မှာသာရှိပြီး အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်အမျိုးသားကို လုံးဝမခြိမ်းခြောက်နိုင်ပေ။
အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်အမျိုးသားကို ခွန်မျိုးနွယ်မှ ဘုရင်လေးဦးက ကာကွယ်ပေးနေသည်။
ပကတိစိတ်ဝိညာဥ်သုံးဦးက အနက်ချပ်ဝတ်တန်ဆာဝတ်အမျိုးသားထံသို့ လုံးဝချဥ်းကပ်နိုင်မည် မဟုတ်ပေ။
သူ့ရှေ့မှ အထွတ်အထိပ်အင်မော်တယ်ဘုရင်ပညာရှင်နှင့် ရင်ဆိုင်ရချိန်မှာ ဘုရင်ကမ္ဘာမြေခွန်၏ နှုတ်ခမ်းက အေးစက်စက်အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားလေသည်။
သူ့ဘေးမှာ စုန်းမျိုးနွယ်မှ အထွတ်အထိပ်အင်မော်တယ်ဘုရင်တစ်ပါးရှိနေသည်ကို မပြောနှင့် သူတစ်ဦးတည်းကပင် အင်မော်တယ်ဘုရင်မယိုလန်ကို ဖိနှိမ်ဖို့အတွက် လုံလောက်လေသည်။
“မင်းတို့တွေက သေချင်နေကြတာပဲ”
ဘုရင်ကမ္ဘာမြေခွန်ကလည်း တွေးဝေတုံ့ဆိုင်းမနေပေ။ သူ၏ နောက်ဘက်မှာရှိသောလေဟာနယ်က ပြိုကျသွားပြီး ဧရာမကောင်းကင်လိုဏ်ဂူတစ်ခုပေါ်ထွက်လာ၏။ မှောင်မိုက်၍ နက်ရှိုင်းသော သမုဒ္ဒရာတစ်စင်းက အထဲမှာ တရုန်းရုန်းထကြွနေပြီး အေးစက်နေသောအော်ရာတစ်ခုကို ထုတ်ဖော်ထားသည်။
“ပန်းကမ္ဘာက အင်မော်တယ်ဘုရင်မယိုလန်ပဲ”
ဘုရင်စန္ဒာစုန်းက အင်မော်တယ်ဘုရင်မယိုလန်ကို မှတ်မိသိရှိသွားပြီး မျက်ခုံးပင့်လိုက်၏။
သူကလည်း ကောင်းကင်လိုဏ်ဂူတစ်ခုကိုမြှောက်တင်ကာ သူမကိုကြိုဆိုလိုက်သည်။
ဝုန်း... ဝုန်း...
ပကတိကောင်းကင်လိုဏ်ဂူသုံးခုက ကျယ်လောင်သောမြည်သံနှင့်အတူ တိုက်ရိုက်ထိတွေ့ရိုက်ခတ်ပြီး ကြယ်တာရာကောင်းကင်နှင့် မြေပြင်ကို လှုပ်ခါသွားစေသည်။
အခြားတစ်ဘက်မှာ ပုံရိပ်သုံးခုက လေထဲမှာရှိသော အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်အမျိုးသားထံ ခုန်ဝင်လာကြသည်။
အမှောင်ထဲမှပုန်းကွယ်နေသောခွန်ဘုရင်လေးဦးက ချက်ချင်းပင်ပေါ်ထွက်လာကြ၏။ သူတို့ထဲမှတစ်ယောက်သည် အထင်အမြင်သေးသောအမူအရာနှင့်အတူ သူတို့သုံးယောက်ရှေ့မှာ မတ်တတ်ရပ်လိုက်၏။ ရုတ်တရက် သူက ပါးစပ်ကိုဖွင့်ဟပြီး သူတို့ရှိရာဘက်သို့ အသံပိုင်းလျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်လိုက်သည်။
သူတစ်ယောက်တည်းကပင် ပကတိစိတ်ဝိညာဥ်သုံးဦးကို ကိုင်တွယ်ဖို့ လုံလောက်နေပြီဖြစ်သည်။ တကယ်ဆို သူသည် သူ၏ ကောင်းကင်လိုဏ်ဂူကိုပင် ဆင့်ခေါ်နေခြင်းမရှိပေ။
အခြားသောခွန်ဘုရင်သုံးဦးက ဤမြင်ကွင်းကို တည်ငြိမ်စွာ စောင့်ကြည့်နေကြသည်။
ခွန်မျိုးနွယ်၏ ကြီးမားသောခန္ဓာကိုယ်နှင့် သူတို့၏ အကန့်အသတ်မဲ့သောသွေးချီကြောင့် အသံပိုင်းလျှို့ဝှက်အတတ်တစ်ခုသည် အလွန်တရာကြောက်စရာကောင်းသော အဖျက်စွမ်းအားကို ထုတ်ဖော်ပေလိမ့်မည်။
အခြားမျိုးနွယ်များမှ ကျင့်ကြံမှုနယ်ပယ်တူသော ဘုရင်များပင်လျှင် မထိမခိုက်လွတ်မြောက်နိုင်ချင်မှ လွတ်မြောက်နိုင်ပေလိမ့်မည်။
ပကတိစိတ်ဝိညာဥ်များနှင့် ရင်ဆိုင်ရချိန်မှာ ခွန်ဘုရင်၏ အသံပိုင်းလျှို့ဝှက်အတတ်က ပကတိစိတ်ဝိညာဥ်သုံးဦး၏ ခန္ဓာကိုယ်များနှင့် အမြုတေစိတ်ဝိညာဥ်များကို သွေးမြူများအဖြစ် ပြောင်းလဲပြီး သူတို့ကို ချက်ချင်းသတ်ဖြတ်ဖို့ လုံလောက်လေသည်။
ဖောက်... ဖောက်... ဖောက်...
ထင်မှတ်ထားသည့်အတိုင်းပင်။
အသံပိုင်းလျှို့ဝှက်အတတ်ထွက်ပေါ်လာပြီးနောက် ထိုသူသုံးယောက်က ထိတွေ့ရိုက်ခတ်မှုဒဏ်ကို ခံနိုင်ရည်မရှိဘဲ သူတို့၏ ခန္ဓာကိုယ်များက ချက်ချင်းပင် ပေါက်ကွဲထွက်သွားသည်။
သို့သော်လည်း သူတို့သုံးယောက်၏ ခန္ဓာကိုယ်က ကြေမွသွားပြီးနောက် မည်သည့်သွေးကမှ ထွက်မလာခဲ့ပေ။
လေထဲမှာလွင့်မျောနေသော ကျောက်စိမ်းစာလိပ်သုံးခုသာလျှင် ကျန်ရစ်ခဲ့ပြီး ခရမ်းရောင်၊ အနီရောင်နှင့် အစိမ်းရောင်အလင်းတို့ကို ဖြာထုတ်ပေးနေ၏။
“ဟမ်...”
ခွန်ဘုရင်က ခဏမျှမှင်တက်သွားသည်။
“ဒါက...”
“သူတော်စင်သုံးပါးကျောက်စိမ်းကျမ်း”
တခြားသောခွန်ဘုရင်သုံးဦးကလည်း ကျောက်စိမ်းကျမ်းသုံးခုကို တွေ့မြင်သောအခါ မယုံကြည်နိုင်စွာဖြင့် အံ့အားတသင့်ရေရွတ်လိုက်သည်။
ယခုတင်တိုက်ခိုက်လိုက်သောခွန်ဘုရင်သည် တစ်စုံတစ်ရာလွဲမှားနေသည်ကို အာရုံခံမိသွားပုံရသည်။
သို့သော်လည်း သူသည် ထိုအခိုက်အတန့်မှာ အဲဒါကို ချက်ချင်းစဥ်းစားမကြည့်နိုင်ပေ။
ထိုစဥ် အင်မော်တယ်ဘုရင်မယိုလန်နှင့် အခြားသူများခုန်ထွက်ခဲ့သော လေဟာနယ်က ပိတ်ဆို့တော့မည့်ဆဲဆဲမှာပင် ပုံရိပ်တစ်ခုက လှစ်ခနဲပြေးထွက်လာ၏။
သူ၏ လှုပ်ရှားမှုက အရမ်းကို မြန်ဆန်လေသည်။
ခွန်ဘုရင်က သူ၏ အသံပိုင်းလျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်ပြီး တစ်ချိန်တည်းနီးပါးမှာပင် ထိုပုံရိပ်က ခုန်ထွက်လာခဲ့သည်။
ခွန်ဘုရင်သည် သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းကို တွေ့မြင်ပြီး အနည်းငယ်စိတ်အာရုံပျံ့လွင့်နေသည့်ခဏမှာပင် ထိုသူက ခွန်ဘုရင်၏ ရှေ့သို့ ရောက်ရှိလာပြီး မြစိမ်းရောင်ဓားတစ်လက်နှင့်အတူ ရှေ့သို့ခုတ်ပိုင်းချလိုက်၏။
ဓားအလင်းက ဖျတ်ခနဲလက်ပြီး ခွန်ဘုရင်၏ နှာရောင်ထဲသို့ ဝင်ရောက်သွားသည်။
ထိုခုတ်ချက်က ခွန်ဘုရင်၏ အသက်ဓာတ်ကို လုံးဝဖြတ်တောက်ပစ်လိုက်သည်။
ဘုရင်တစ်ပါး၏ အမြုတေစိတ်ဝိညာဥ်က ဘယ်လောက်ပင်သန်မာသည်ဖြစ်စေ ၎င်းသည် ချင်းဖျင်ဓား၏ ထက်ရှမှုကို ခုခံနိုင်မည် မဟုတ်ပေ။
ခွန်ဘုရင်၏ မျက်လုံးက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွားသည်။
ဓားအလင်းဖျတ်ခနဲလက်လာသည့်ခဏမှာပင် သူက နောက်ဆုံးတစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားခဲ့သည်။
သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းကို အင်မော်တယ်ဘုရင်မယိုလန်ပိုင်ဆိုင်သည်ဆိုလျှင် စုဖွဲ့ထားသည့်ကိုယ်ပွားများက ပကတိဧကနယ်ပယ်မှာမဟုတ်ဘဲ ဘုရင်နယ်ပယ်မှာရှိနေရပေမည်။
တစ်နည်းအားဖြင့်ဆိုသော် သူတော်စင်သုံးပါးကျောက်စိမ်းကျမ်း၏ ပိုင်ရှင်က အခြားတစ်ယောက်ဖြစ်သည်။
ထိုကိုယ်ပွားသုံးခုအပြင် အဲဒီမှာ နောက်ထပ်အစစ်အမှန်ခန္ဓာတစ်ခုရှိနေရပေမည်။
သို့သော်လည်း သူက ထိုအချက်ကို နားလည်လိုက်သည်ဆိုလျှင်တောင် ပကတိစိတ်ဝိညာဥ်တစ်ဦးက သူ့ကို ချက်ချင်းသတ်ဖြတ်ဖို့ ကြိုးပမ်းလာလိမ့်မည်ဟု ခွန်ဘုရင်က သေချာပေါက် မျှော်လင့်ထားလိမ့်မည် မဟုတ်ပေ။
ဤသည်က ပြီးပြည့်စုံသော လုပ်ကြံသတ်ဖြတ်ကြိုးပမ်းမှုတစ်ရပ်ဖြစ်သည်။
ခွန်ဘုရင်က သူ၏ အသံပိုင်းလျှို့ဝှက်အတတ်ကို ထုတ်ဖော်ပြီး သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းကို တွေ့မြင်ကာ ငေးငိုင်နေသည့်ခဏမှာပင် ဆူဇီမို၏ ချိန်သားကိုက်တိုက်ခိုက်မှုက ထွက်ပေါ်လာခဲ့သည်။
ထိုတိုက်ခိုက်မှုက အနည်းငယ်ပိုမိုမြန်ဆန်သွားလျှင်ဖြစ်စေ သို့မဟုတ် ပိုမိုနှေးကွေးသွားလျှင်ဖြစ်စေ ဤကဲ့သို့သောသက်ရောက်မှုတစ်ခုကို ရရှိလာနိုင်မည် မဟုတ်ပေ။