အခန်း (၁၀၃)
Vol. 9 Ch. 103
အမယ်လေး ဘုရားသခင်ရေ၊ အဲ့ဒါ နတ်သမီးလေးလား။"
ပုသေးသေး စစ်သားဇနီးတစ်ဦးသည် သူမ၏ မျက်လုံးများ မယုံနိုင်လောက်အောင် ပြူးကျယ်လျက် အော်ဟစ်လိုက်သည်။
"သူမက အရမ်းလှတာပဲ။ ငါ သူ့ကို ဘယ်လိုလုပ် အစ်မကြီးလို့ ခေါ်ရမှာလဲ။ ငါကတော့ ချန်တာ့ဟွားလို မရဲတင်းဘူး။"
သူမဘေးရှိ ဝတုတ်တုတ်စစ်သည်ဇနီးက ပြောလိုက်သည်။
"နင်တို့ ဘာတွေပြောနေတာလဲ။”
သူတို့ထဲမှ စိတ်တည်ငြိမ်မှု ပြန်ရလာသော တစ်ဦးတည်းသောသူ၊ ဟူမေ့ဟုအမည်ရသော ဆံပင်တိုနှင့် စစ်သည်ဇနီးက ဖြတ်ပြောလိုက်သည်။
“ပါးစပ် စည်းစောင့်ကြစမ်း။"
"ငါပြောတာ မမှားပါဘူး။” ဝတုတ်တုတ်စစ်သားဇနီး လျိုအာ့နျိုသည် နှုတ်ခမ်းစူကာ ပြောသည်။
“လက်ထောက်တပ်ရင်းမှူးအသစ်ရဲ့ ဇနီးက ဘယ်လောက်ငယ်လဲဆိုတာ ကြည့်လိုက်ဦး။ ချန်တာ့ဟွားက သူ့ထက် အနည်းဆုံး ခုနစ်နှစ်၊ ရှစ်နှစ်လောက်ကြီးပြီး သူ့ကို အစ်မလို့ခေါ်တာတောင် မထစ်ဘူး။ ငါတို့ကတော့ မယှဉ်နိုင်ပါဘူး။" ချန်တာ့ဟွား အကြောင်းပြောရင်း လျိုအာ့နျို သည် မကျေနပ်မှုများဖြင့် ပြည့်နှက်နေသည်။
"သူမက အရမ်းကို စိတ်အားထက်သန်နေတာ။ လက်ထောက်တပ်ရင်းမှူးရဲ့ဇနီး ခုမှရောက်တာကို သူမက မျက်နှာလုပ်ဖို့ ကြိုးစားနေပြီ၊ ငါတို့ကို အရှက်ရစေတယ်။ သူက ဘာတွေကြံစည်နေတာလဲ။ ငါသာ မမြင်ခဲ့ရင် ငါတို့က ဘာတွေဖြစ်ကုန်မလဲ။"
"နင် နည်းနည်းလောက် လေသံလျှော့လို့မရဘူးလား။"
ပုသေးသေး ဝမ်ရှိုကျစ်သည် မျက်မှောင်ကြုတ်လိုက်သည်။
လျိုအာ့နျိုသည် ဒေါသထွက်နေဆဲဖြစ်သည်။ "ငါကတော့ အောင့်မထားနိုင်ဘူး။ ချန်တာ့ဟွားက သူ့ကိုယ်သူ ဘာထင်နေလဲမသိဘူး။ သူမက ဟိုဟာကို မထီမဲ့မြင်လုပ်၊ ဒီဟာကို မထီမဲ့မြင်လုပ်နဲ့။ ဆရာမစွင်းက သူ့နာမည်ကို ချန်ဟွားလို့ပြောင်းပေးလိုက်တာနဲ့ပဲ သူ့ကိုယ်သူ ပညာတတ်ကြီးထင်နေတာလား။ ဟွန်း၊ သူလည်း ငါ့လိုပဲ စာမတတ်ပေမတတ်ပဲ။ ငါ့ရှေ့မှာ လူတတ်ကြီးပုံစံလာဖမ်းနေတယ်။ တစ်နေ့ကျရင် သူ့ရဲ့ဟန်ဆောင်မျက်နှာဖုံးကို ဆွဲခွာပြလိုက်ဦးမယ်။"
ဟူမေ့သည် လျိုအာ့နျိုကို အဝေးမှနေ၍ ညင်သာစွာ ဆူပူလိုက်သည်။ "တစ်နေ့ကျ နင် နင့်ရဲ့ အဲ့ဒီ့ပါးစပ်ကြောင့် ဒုက္ခရောက်ဦးမယ်။ ချန်ဟွားက နင့်ကို ဘာမှမလုပ်ဘဲနဲ့ ဘာလို့ သူ့ကိုပဲ ဒီလောက် အာရုံစိုက်နေရတာလဲ။"
လျိုအာ့နျိုသည် လက်မခံသော်လည်း ဟူမေ့ ပြောသည်မှာ မှန်ကြောင်းသိသည်။ သူမသည် ထိုအကြောင်းကို ထားလိုက်ရန် ဆုံးဖြတ်ကာ ပြောလိုက်သည်။
"တော်ပြီ၊ သူ့အကြောင်းမပြောတော့ဘူး။ ကံဆိုးတယ်။ ငါ အခု 'အစ်မကြီး' ကို နှုတ်ဆက်ရတော့မယ်၊ ဒါကြောင့် ဘာမှမပြောနဲ့။"
ဟူမေ့/ဝမ်ရှိုကျစ် - "…"
ဟူမေ့နှင့် ဝမ်ရှိုကျစ်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး လျိုအာ့နျိုက ချန်ဟွားကို မျက်နှာပြောင်တိုက်သည်ဟု ခေါ်နေပါက သူမကိုယ်တိုင်လည်း သိပ်မထူးကြောင်း တွေးမိကြသည်၊ အထူးသဖြင့် သူမသည် တစ်စုံတစ်ယောက်ကို 'အစ်မကြီး' ဟု အလွယ်တကူ ခေါ်ဆိုပုံဖြစ်သည်။
လျိုအာ့နျိုသည် ဒုတိယထပ်ရှိ ပြတင်းပေါက်မှ လုနန်၏ အာရုံကို ရရန် တံခါးဝမှနေ၍ အကျယ်ကြီးအော်ခေါ်လိုက်သည်။
"အစ်မကြီး။"
လုနန် လှမ်းကြည့်သောအခါ လျိုအာ့နျို၊ ဟူမေ့နှင့် ဝမ်ရှိုကျစ် တို့အားလုံး လက်ဝှေ့ယမ်းပြကြသည်။
လုနန်က ပြန်ဖြေလိုက်သည်။ "စောင့်ပါဦး၊ ကျွန်မ ချက်ချင်းဆင်းလာခဲ့မယ်။"
ခဏအကြာတွင် အန်တီဝူသည် သူတို့သုံးယောက်အတွက် တံခါးလာဖွင့်ပေးသည်။ "ဝင်ခဲ့ကြပါ။ နန်နန်က နောက်မှာရှိတယ်။ ကျွန်မ တံခါးအရင်ဖွင့်ပေးမယ်။"
"အာ၊ အန်တီက ဒုတိယတိုင်းမှူးဖေးရဲ့ အမေလား။" လျိုအာ့နျိုက မေးလိုက်သည်။
မိသားစုသည် ဒီပြဿနာကို မပေါ်ပေါက်မီကပင် ရှင်းလင်းဆွေးနွေးခဲ့ပြီးဖြစ်သည်။ အန်တီဝူသည် ပြုံးကာ ပြန်ဖြေသည်။ "ကျွန်မက သူ့ရဲ့ယောက္ခမပါ။ ကျွန်မမျိုးရိုးနာမည်ကဝူ ပါ။"
အန်တီဝူ နောက်သို့လိုက်ဝင်ရင်း လျိုအာ့နျိုနှင့် အခြားသူများက အလျင်အမြန်ပြောလိုက်ကြသည်။ "ကောင်းသောနေ့ပါ၊ အန်တီဝူ။ ကျွန်မတို့ အကူအညီလိုမလားလို့ လာကြည့်တာပါ။ လိုအပ်တာရှိရင် ပြောပါ။ ကျွန်မတို့ ကူညီဖို့ ဒီမှာရှိပါတယ်။"
"ကျေးဇူးတင်ပါတယ်။”အန်တီဝူသည် ပြုံးကာပြန်ဖြေရင်း သူတို့ကို အိမ်ထဲသို့ ခေါ်သွားခဲ့သည်။
“ကျွန်မတို့ ခုမှပြောင်းလာတာဆိုတော့ အိမ်က အရမ်းရိုးရှင်းပါတယ်။ ဧည့်ဝတ်မကျေပွန်တာကို ခွင့်လွှတ်ပေးကြပါ။"
လျိုအာ့နျိုသည် ဤအဘွားကြီးက ဤမျှစကားကြွယ်အောင် ပြောနိုင်သည်ကို အံ့ဩတကြီးဖြင့် မှင်သက်သွားသည်။ သူမသည် ဟူမေ့နှင့် ဝမ်ရှိုကျစ်တို့နှင့် အကြည့်ချင်းဖလှယ်လိုက်ပြီး ဘယ်လိုပြန်ပြောရမှန်းမသိဖြစ်နေသည်။
လုနန်သည် အပေါ်ထပ်မှ ဆင်းလာပြီး သူတို့သုံးယောက်သည် တစ်ဖန် မှင်သက်သွားကြပြန်သည်။ ဟူမေ့ အလျင်အမြန် တုံ့ပြန်ကာ ပြောလိုက်သည်။
"အစ်မက တကယ်လှတာပဲ။ ကျွန်မတို့ကို မှင်သက်သွားအောင် လုပ်နိုင်တာ နှစ်ခါတောင်ရှိပြီ"
လုနန်သည် ချန်ဟွားကြောင့် ဤသို့သောအာရုံစိုက်မှုမျိုးနှင့် ရင်းနှီးပြီးဖြစ်သဖြင့် တည်ငြိမ်စွာပြောလိုက်သည်။
"ကျေးဇူးပြုပြီး ကျွန်မကို အစ်မကြီးလို့ မခေါ်ပါနဲ့။ ကျွန်မက အစ်မတို့သုံးယောက်ထက် ငယ်ပါတယ်။ ကျွန်မကို လုနန် ဒါမှမဟုတ် ရဲဘော် လုနန်လို့ ခေါ်နိုင်ပါတယ်။"
လုနန်သည် ဟန်လုပ်နေခြင်းမဟုတ်ကြောင်း သိရှိသောအခါ သူတို့အားလုံး သက်ပြင်းချလိုက်ကြသည်။ အကယ်၍ သူမသည် အစ်မကြီးဟု ခေါ်ရန် အခိုင်အမာတောင်းဆိုခဲ့ပါက အနေရခက်စရာဖြစ်မည်ဖြစ်သော်လည်း ယခုအခါ သူမက မလိုအပ်ကြောင်းပြောသောကြောင့် လူတိုင်း ပို၍စိတ်အေးလက်အေးဖြစ်သွားကြသည်။
လျိုအာ့နျိုသည် အလွယ်တကူ သဘောတူလိုက်သည်။
"ရဲဘော် လုနန်၊ ကျွန်မက လျိုအာ့နျိုပါ။ ကျွန်မကို အာ့နျို ဒါမှမဟုတ် ရဲဘော် အာ့နျို လို့ ခေါ်နိုင်ပါတယ်။"
ထို့နောက် သူမသည် ဟူမေ့နှင့် ဝမ်ရှိုကျစ်တို့ကို လုနန်နှင့် မိတ်ဆက်ပေးခဲ့သည်။ "ဒါက ရဲဘော် ဟူမေ့နဲ့ ရဲဘော် ဝမ်ရှိုကျစ် ပါ။"
နှုတ်ဆက်စကားများဖလှယ်ပြီးနောက် သူတို့သုံးယောက်သည် ချန်ဟွားနှင့် အလားတူ စကားများကို ထပ်ခါတလဲလဲပြောကြသော်လည်း လုနန်သည် ယဉ်ကျေးစွာငြင်းဆိုပြီးနောက် သူတို့သည် ကြာရှည်မနေဘဲ နှုတ်ဆက်ထွက်ခွာသွားကြသည်။
ညနေပိုင်းတွင် နေစဝင်သည်နှင့်အမျှ တောင်တန်းများတွင် လျှပ်စစ်မီးမရှိသောကြောင့် မိသားစုသည် ဆီမီးခွက်များ ထွန်းညှိကြသည်။ အလင်းရောင်ရှိနေသေးစဉ် အန်တီဝူသည် ညစာပြင်ဆင်ပြီး ဖေးကျီအန်း အိမ်ပြန်လာသည်ကို စောင့်နေခဲ့သည်။
နှစ်နာရီနီးပါးအကြာတွင် ဖေးကျီအန်းသည် နောက်ဆုံးအလင်းရောင် ပျောက်ကွယ်သွားသည်နှင့် ရောက်ရှိလာသည်။ လုနန်သည် စားပွဲပေါ်တွင်မှီကာ ငိုက်မျဉ်းနေသည်။
"ပြန်လာပြီလား။"
ရှောင်ရှ၊ ရှောင်ဟွိုက်နှင့် ခွေးဖြူလေးတို့သည် သူတို့၏ ညနေစာများကို စားသောက်ပြီး အိပ်ပျော်နေကြပြီဖြစ်သည်။
"မြန်မြန်စား။ တစ်နေ့လုံး ပင်ပန်းထားတာ။ ညစာစားပြီးရင် အခန်းထဲပြန်ပြီး အိပ်တော့။"
အန်တီဝူသည် ပြန်နွှေးထားသောဟင်းများကို ထုတ်ယူလာရင်း ပြောလိုက်သည်။
ဖေးကျီအန်းသည် ဤသည်ကိုမြင်သောအခါ အန်တီဝူ ကို အစားအစာများတည်ခင်းရာတွင် ကူညီပေးခဲ့သည်။
"နောက်ဆိုရင် ကျွန်တော့်ကို စောင့်စရာမလိုပါဘူး။ ဒီနေ့ ကျွန်တော်စောစောပြန်လာတာ၊ ဒါပေမဲ့ နောက်ဆို ဒီလောက်စောစောပြန်လာနိုင်မှာ မဟုတ်တော့ဘူး။" ဖေးကျီအန်းက ပြောလိုက်သည်။
မိသားစုသည် ကိုယ့်ထမင်းကိုယ် တိတ်ဆိတ်စွာ စားသောက်ပြီးဆုံးခဲ့သည်။ ဆေးကြောပြီးနောက် ဖေးကျီအန်းနှင့် လုနန်တို့သည် သူတို့၏အိပ်ခန်းသို့ အနားယူရန် ပြန်လာခဲ့ကြသည်။
ကုတင်ပေါ်ရောက်သည်နှင့် လုနန်သည် ပိုလန်းဆန်းလာပြီး သူမ နေ့ခင်းဘက်က မှတ်တမ်းတင်ထားသော မိသားစုအိမ်ပြုပြင်ရေးစာရင်းကို ဖေးကျီအန်းဆီသို့ ကမ်းပေးလိုက်သည်။
"ဒါက ဘာလဲ။"
ဖေးကျီအန်းသည် လုနန်၏မှတ်စုစာမျက်နှာများကို လှန်လှောကြည့်လိုက်သည်။ ပထမဆုံးဖော်ပြထားသော အရာမှာ အိမ်သာဖြစ်ပြီး ဒီဇိုင်းပုံစံအပြင် လိုအပ်မှုနှင့် အရေးပါမှုတို့ကို ရှင်းပြချက်များပါဝင်သော သီးသန့်စာမျက်နှာတစ်ခု ရှိသည်။
လုနန် မည်မျှစေ့စပ်သေချာသည်ကို မြင်သောအခါ ဖေးကျီအန်း အထင်ကြီးသွားသည်။
လုနန်သည် သူမ၏လက်နှစ်ဖက်ကို ပူးကပ်ကာ ရိုးသားစွာတောင်းဆိုလိုက်သည်။
"ကျေးဇူးပြုပြီး သေချာကြည့်ပေးပါ။ ဒါတွေက အိမ်အတွက် မရှိမဖြစ်လိုအပ်တာတွေ၊ အထူးသဖြင့် ရေဆွဲအိမ်သာပဲ။ ဒါက အရေးအကြီးဆုံး။ ဒါမရှိရင် ကျွန်မ တကယ်ကို ရုန်းကန်နေရလိမ့်မယ်။"
"ရုန်းကန်နေရမယ်?" ဖေးကျီအန်း မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။
"ဟုတ်တယ်။" လုနန် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
"ညှိုးတော့မယ့် ပန်းတစ်ပွင့်လိုမျိုးပေါ့။"
ဖေးကျီအန်း ပြုံးကာ တိတ်တိတ်လေးသာ နေနိုင်တော့သည်။
လုနန်သည် မျက်တောင်ခတ်လိုက်ပြီး ဖေးကျီအန်း၏ ပေါင်ပေါ်သို့ တက်ကာ သူ့လည်ပင်းကို ဖက်လိုက်ပြီး သူ့ကို အမြန်နမ်းလိုက်သည်။ ထို့နောက် သူ့နားနားသို့ ကပ်ကာ တိုးတိုးလေးပြောလိုက်သည်။ "ကောကော၊ ကျွန်မ ရှင့်ကိုပဲ အားကိုးနေတာနော်။"
ဖေးကျီအန်း တောင့်တင်းသွားပြီး သူ့အကြည့်သည် နက်ရှိုင်းသွားကာ သူ့အသံသည်လည်း ဩရှသွားသည်။ သူသည် လုနန် ခါးကို လက်တစ်ဖက်ဖြင့်ဖက်ကာ သူမကို ပိုနီးကပ်အောင် ဆွဲလိုက်သည်။ "မင်း နမ်းတာ နေရာမှားနေတယ်။"
သူပြောနေစဉ်တွင် ဖေးကျီအန်းသည် ကိုယ်ကိုကိုင်းညွှတ်ကာ လုနန်ကို ကုတင်ပေါ်သို့ ပြန်ဖိချလိုက်သည်။
ခဏတာမျှ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသော နူးညံ့သည့်လက်တစ်ဖက်သည် ကုတင်ဘေးတွင် တွဲကျနေလေသည်။ ထွက်ခွာသွားရန် နှမြောနေသော လရောင်သည် တွဲကျနေသော လက်ကလေးကို တိတ်တဆိတ် နမ်းရှိုက်လိုက်သည်။ ကံမကောင်းစွာဖြင့် ကုတင်ပေါ်ရှိ ယောက်ျားသည် အနိုင်ကျင့်တတ်သူဖြစ်ပြီး သူ့ချစ်သူ၏ စိတ်ပြင်းပြသော အမူအရာများကို လရောင်အား မြင်တွေ့စေလိုခြင်းမရှိပေ။
နောက်တစ်ခဏတွင် သူသည် သူမ၏သွယ်လျသောလက်ကို ဆုပ်ကိုင်ရန် လက်လှမ်းလိုက်သည်။ သူတို့၏ လက်များသည် တစ်ယောက်ချင်းစီတွင် တူညီသောလက်စွပ်များ ဆင်မြန်းထားပြီး ညင်သာစွာယှက်နွယ်ကာ တစ်ယောက်ကိုတစ်ယောက် ပွတ်သပ်ပြီးနောက် အတူတကွ ပြန်ရုပ်သိမ်းသွားကြသည်။
လရောင်က သာယာလှပြီး ညက ပိုနက်ရှိုင်းလာသည်။ အခန်းထဲတွင် နွေဦးရာသီကဲ့သို့သော လေထုဖြင့် ပြည့်နှက်နေသော်လည်း ညဉ့်မနက်သေးပေ။
အချို့က ပျော်ရွှင်နေကြသော်လည်း အချို့ကမူ ဝမ်းနည်းပူဆွေးနေကြသည်။ ဖေးမိသားစုသည် ညစာစားပြီးနောက် အိပ်ရာစောစောဝင်ခဲ့ကြ၏။ သူတို့ ရောက်ရှိလာခြင်းသည် အခြားသူတို့အိမ်၏ ငြိမ်သက်နေသော ရေပြင်ကို လှုပ်ခတ်သွားစေခဲ့ပြီး ထိုဂယက်များက အချိန်အတော်ကြာအောင် တည်ရှိနေမည်ကိုမူ သူတို့မသိခဲ့ကြချေ။
ညစာစားပြီး ကလေးများကို အိပ်ရာဝင်စေပြီးနောက် လျိုအာ့နျိုသည် အိပ်ယာထဲတွင် ဟိုဘက်ဒီဘက်လူးလွန့်နေပြီး အိပ်မပျော်နိုင်ဖြစ်နေခဲါသည်။ သူမ၏ ခင်ပွန်းဖြစ်သူ ကပ္ပတိန် ကျောက်ဟူမှာမူ အိပ်မောကျနေလေပြီ။ လျိုအာ့နျိုသည် စိတ်တိုလာသဖြင့် ကျောက်ဟူကို တွန်းနှိုးလိုက်သည်။
"မစ်ရှင်ရှိလို့လား" ကျောက်ဟူ ရုတ်တရက် အတွန်းခံလိုက်ရ၍ လန့်နိုးသွားပြီး မျက်လုံးများ ပွင့်ကျယ်သွားကာ ပြောလိုက်သည်။
သူသည် အင်္ကျီပင် မဝတ်ရသေးဘဲ အပြင်ထွက်ရန်အတွက် ခါးပတ်ကို လှမ်းယူနေလေသည်။
"ပြန်လာခဲ့စမ်းပါ! ဒီအချိန်ကြီးမှာ ဘာတွေ ရုတ်ရုတ်သဲသဲလုပ်နေတာလဲ။ ကလေးတွေ အိပ်နေကြပြီ"
လျိုအာ့နျိုက ဒေါသထွက်နေသလို ရယ်လည်းရယ်ချင်နေပြီး အော်ငေါက်လိုက်သည်။
ယခုအခါ လုံးဝနိုးသွားပြီဖြစ်သော ကျောက်ဟူသည် မျက်နှာကို ပွတ်သပ်လိုက်ပြီး ပြောလိုက်သည်။ "မင်းကတော့ တကယ်ကို ဖြုန်းတီးတဲ့မိန်းမပဲ။ လယ်ထဲမှာ အလုပ်လုပ်ထားတဲ့ အားတွေအကုန်လုံးကို မင်းယောက်ျားပေါ်မှာ လာသုံးနေတယ်။ မင်းမှာ ဘယ်လောက်အားရှိလဲဆိုတာ မင်းမသိဘူးလား"
"ဘာတွေလျှောက်ပြောနေတာလဲ"
လျိုအာ့နျို ပြောလိုက်ပြီးနောက် ကျောက်ဟူ၏ ကျောကုန်းကို ပုတ်လိုက်ရာ နေလောင်ထားသော အသားအရေပေါ်တွင် အနီရောင်အရာတစ်ခု ထင်ကျန်သွားသည်။
ကျောက်ဟူ စိတ်ပျက်စွာဖြင့် မာန်ဖီလိုက်ပြီး ညည်းညူလိုက်သည်။
"ငါနောက်ဆုံးတော့ နားလည်သွားပြီ။ မင်းက နူးညံ့သိမ်မွေ့တယ်ဆိုတာ ဘာမှန်း ဘယ်တော့မှ သိမှာမဟုတ်ဘူး။ ဒုတပ်ရင်းမှူးရဲ့ ဇနီးဆီကနေ သင်ယူသင့်တယ်။ သူ့ကိုကြည့်ပြီးမှ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်။ မင်းက အမြဲတမ်း ပြဿနာရှာနေတာပဲ"
ကျောက်ဟူက ချန်းတာ့ဟွား အကြောင်းမပြောခင်အထိ လျိုအာ့နျိုသည် အဆင်ပြေနေသေးသည်။ ထိုနာမည်ကို ကြားလိုက်သည်နှင့် သူမ၏ မကျေနပ်မှုများအားလုံး ပေါက်ကွဲထွက်လာပြီး ပြန်အော်လိုက်သည်။
"နေ့တိုင်း ကျွန်မက အဝတ်တွေလျှော်၊ ထမင်းဟင်းတွေချက်ပြီး ရှင့်ကို ကောင်းကောင်းမွန်မွန် ပြုစုနေတာ။ ရှင့်ကို ကလေးသုံးယောက်တောင် မွေးပေးထားပြီးပြီ၊ အခု ရှင်က ကျွန်မကို ချန်းတာ့ဟွား လို ဖြစ်စေချင်တယ်ဟုတ်လား။ သူ့ဆီကနေ ဘာတွေသင်ယူရမှာလဲ။ စုန်းမလို ဝတ်စားပြီး ယောကျ်ားတွေကို ပရောပရည်လုပ်ဖို့လား။ ရတယ်။ မနက်ဖြန်ကစပြီး ကျွန်မ ထမင်းလည်းမချက်ဘူး၊ အဝတ်လည်းမလျှော်ဘူး၊ ကလေးတွေကိုလည်း မထိန်းတော့ဘူး။ တံခါးဝမှာထိုင်ပြီး အတင်းပြောနေမယ်။ အဲ့ဒီအခါကျမှ ရှင်ဘယ်လိုလုပ်မလဲ ကြည့်ကြသေးတာပေါ့!"
ကျောက်ဟူသည် မျက်နှာပေါ်မှ တံတွေးများကို သုတ်လိုက်ပြီး စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ပြောလိုက်သည်။
"ငါက ဘာပြောလိုက်လို့လဲ။ ငါက စကားတစ်ခွန်းပဲ ပြောလိုက်တာပါ။ မင်းက ငါ့ကို နောက်ထပ် ဆယ်ခွန်းလောက် ပြောစေချင်လို့ စောင့်နေတာလား။ ထားလိုက်ပါတော့၊ အားလုံးငါ့အမှားပဲ။ ကလေးတွေကို မနှိုးသင့်ဘူးလို့ ပြောခဲ့တာ မင်း မဟုတ်ဘူးလား။ ဒါဖြင့် အခု ဘာလို့ အော်နေတာလဲ"
"မင်းကြောင့် ငါစိတ်တိုနေတာ" ကျောက်ဟူက ဝန်ခံလိုက်သည်။
လျိုအာ့နျို၏ ဒေါသသည် အနည်းငယ်ပြေလျော့သွားသော်လည်း သူမက ဆက်ပြီး မြည်တွန်တောက်တီးနေဆဲဖြစ်သည်။ "ဒီကိုလာ၊ ရှင့်ကျောကို ကျွန်မကြည့်မယ်"
"မင်း ငါ့ကျောကို ရိုက်လိုက်တာ တော်တော်ပြင်းတယ်နော်" ကျောက်ဟူသည် သူ့ကျောကို လှည့်ပြရင်း ညည်းညူလိုက်သည်။ ထို့နောက် သူက မေးလိုက်သည်။ "မင်း ငါ့ကို ညကြီးမင်းကြီး နှိုးလိုက်တာ ငါ့ကို ရိုက်ပြီး ရန်ဖြစ်ဖို့သက်သက်လား"
"အော် ငါ့နှယ်…” လျိုအာ့နျိုသည် သူမ၏ ပေါင်ကို ရိုက်ပြီး အာမေဋိတ်သံပြုလိုက်သည်။
“ရှင် ကျွန်မကို စိတ်တိုအောင်လုပ်လို့ မေ့သွားတာ။ ကျွန်မ ရှင့်ကို မေးချင်တာက လက်ထောက်တပ်ရင်းမှူးအသစ်က ဘယ်လိုလူစားမျိုးလဲလို့"
ကျောက်ဟူသည် လှည့်လာပြီး လျိုအာ့နျိုကို ခေါင်းအစခြေအဆုံး ကြည့်လိုက်သည်။
"မင်း နေကောင်းရဲ့လား။ ညကြီးမင်းကြီး ငါ့ကိုနှိုးပြီး လက်ထောက်တပ်ရင်းမှူးအသစ်အကြောင်း လာမေးနေတယ်။ မင်း ငါ့ကို ရူးအောင်လုပ်ပြီး နောက်အိမ်ထောင်ပြုဖို့ ကြံနေတာလား။ ငါပြောပြမယ်၊ သူက ဘယ်လောက်ပဲချောချော၊ သူက သူများယောက်ျားပဲ။ သူ့မှာ ဒီနေ့ တပ်ထဲကို သူနဲ့အတူလိုက်လာတဲ့ ဇနီးရှိတယ်။ မင်းယောက်ျားက မသေသေးဘူး။ မင်း ဘာတွေစဉ်းစားနေတာလဲ"
လက်ထောက်တပ်ရင်းမှူး ဖေးသည် ဤနေရာသို့ ရောက်လာသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း တပ်ကတော်များသည် သူတို့၏ သမီးများ၊ တူမများနှင့် ဆွေမျိုးများနှင့် လက်ထပ်ပေးရန် ကြိုးစားနေကြသည်ကို ကျောက်ဟူ မသိဟု မထင်လိုက်ပါနှင့်။ ယဉ်ကျေးမှုတပ်ဖွဲ့မှ မိန်းကလေးငယ်များမှာ ပိုဆိုးသည်၊ သူ့ပတ်လည်တွင် အုပ်စုလိုက် ဝိုင်းနေကြသည်။
ကံကောင်းစွာဖြင့် လက်ထောက်တပ်ရင်းမှူးဖေးသည် အိမ်ထောင်ရှိပြီးသားဖြစ်သည်။ သို့မဟုတ်လျှင် သူသည် ထိုမိန်းမများ၏ အစားခံလိုက်ရလောက်ပြီဖြစ်သည်။
လျိုအာ့နျိုသည် ကျောက်ဟူကို နောက်တစ်ချက်လောက် ရိုက်ချင်စိတ်ပေါက်သွားသည်။ သူမ သူ့ကို မျက်စောင်းထိုးလိုက်ပြီး ပြောလိုက်သည်။
"အသုံးမဝင်တဲ့ စကားတွေ လာမပြောနဲ့။ ကျွန်မမေးနေတာက လက်ထောက်တပ်ရင်းမှူးက မြှောက်ပင့်ပြောဆိုတာတွေကို ကြိုက်ပြီး ချီးမွမ်းခံရတာကို သဘောကျတဲ့ လူစားမျိုးလားလို့"
"ကျွန်မ ရှင့်ကို ပြောပြမယ်၊ ချန်းတာ့ဟွားနဲ့ သူ့ယောက်ျားက ချိုချိုသာသာပြောတတ်တဲ့သူတွေပဲ။ ဒီနေ့ ချန်းတာ့ဟွားက တခြားသူတွေကို ထားခဲ့ပြီး လက်ထောက်တပ်ရင်းမှူးအသစ်ရဲ့ ဇနီးကို မြှောက်ပင့်နေတာ ကျွန်မတွေ့လိုက်တယ်။ ကံကောင်းလို့ ကျွန်မက ဉာဏ်ကောင်းကောင်းနဲ့ လူတိုင်းကို အသိပေးလိုက်လို့သာ သူတစ်ယောက်တည်း အကျိုးအမြတ်တွေ မရသွားတာ…"
"ဒါပေမဲ့ လက်ထောက်တပ်ရင်းမှူးက မြှောက်ပင့်တာကို သဘောကျတယ်ဆိုရင်ရော။ ရှင့်ရဲ့ စကားပြောပုံက မသေမသပ်နဲ့၊ ချီးမွမ်းစကားတစ်ခွန်းတောင် ကောင်းကောင်းမပြောတတ်ဘူး။ ဒါဆို ချန်းတာ့ဟွားက ရှင့်ကို ကျော်တက်သွားမှာ မဟုတ်ဘူးလား"
ကျောက်ဟူသည် လက်ထောက်တပ်ရင်းမှူး၏ ဇနီးဘက်သို့ အာရုံပြောင်းလိုက်ပြီး သူ့ဇနီးကို စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ "လက်ထောက်တပ်ရင်းမှူးရဲ့ဇနီးက နတ်သမီးလေးလိုပဲလို့ ငါကြားတယ်။ သူ့ကို မြင်ဖူးတဲ့လူတိုင်းက သူ့အလှကို ချီးကျူးကြတယ်တဲ့။ အဲ့ဒါတကယ်ပဲလား"
"သူမကတော့ နတ်သမီးလေးလိုပဲပေါ့။ ရှင် သူ့ကို မမြင်ဖူးသေးဘူးမလား…"
လျိုအာ့နျိုသည် စကားတစ်ဝက်အရောက်တွင် သတိထားမိသွားပြီး ခါးထောက်ကာ ကျောက်ဟူကို မျက်စောင်းထိုးလိုက်သည်။ "သူမက လှတယ်ဆိုတော့ရော ဘာဖြစ်လဲ။ ဘယ်လောက်ပဲ လှလှ၊ သူမက ရှင့်မိန်းမမှ မဟုတ်တာ။ အဲ့ဒီစိတ်ကူးကို လက်လျှော့လိုက်တာ ပိုကောင်းမယ်"
"မင်းက ဘာတွေပြောနေတာလဲ။ ငါက စပ်စုလိုက်တာပါ"
ကျောက်ဟူက သူ့ကိုယ်သူ ကာပြောလိုက်သည်။
လျိုအာ့နျိုသည် သူ့ကို ဆက်ပြီး မျက်စောင်းထိုးနေဆဲဖြစ်သည်။
“ထားလိုက်တော့” ကျောက်ဟူသည် အရှုံးပေးလိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည်။ သူတို့သာ ဆက်ပြီး ရန်ဖြစ်နေမည်ဆိုလျှင် ဒီည သူအိပ်ရတော့မည်မဟုတ်။ သူသည် အကြောင်းအရာကို အမြန်ပြောင်းလိုက်ပြီး ပြောလိုက်သည်။ "စိတ်မပူပါနဲ့။ လက်ထောက်တပ်ရင်းမှူး ဖေးက ငယ်ရွယ်သလိုထင်ရပေမယ့် သူ့မှာ ငါ့ထက် တိုက်ပွဲအတွေ့အကြုံ ပိုများတယ်။ သူက မင်းထင်သလို လူစားမျိုးမဟုတ်ဘူး"
ထိုသို့ပြောပြီးနောက် သူသည် တစ်ဖက်သို့လှည့်အိပ်လိုက်ပြီး သုံးစက္ကန့်အတွင်းမှာပင် ဟောက်သံကျယ်ကျယ်ဖြင့် အိပ်ပျော်သွားရာ လျိုအာ့နျိုမှာ သူတကယ်အိပ်နေလား၊ ဟန်ဆောင်နေလားဟု တွေးတောကျန်ရစ်ခဲ့သည်။
လျိုအာ့နျိုသည် စကားမပြောနိုင်တော့ချေ။
ထိုအချိန်တွင် ဟူမေ့သည်လည်း စတုတ္ထတပ်ရင်းမှူး စုန့်မြောင်နှင့် အလားတူစကားမျိုး ပြောဆိုနေခဲ့သည်။ လျိုအာ့နျို၏ ပွင့်လင်းရိုးသားမှုနှင့် နှိုင်းယှဉ်လျှင် ဟူမေ့၏ မေးခွန်းများသည် ပို၍ ပါးနပ်သိမ်မွေ့လှသည်။
"လက်ထောက်တပ်ရင်းမှူးအသစ်က ဘယ်လိုလူစားမျိုးလဲ"